Salmon fish are one of nature’s most remarkable travelers. After spending years in the vast ocean, they swim against powerful currents, leap over waterfalls, and risk their lives to return to the river where they were born. Their purpose is simple yet profound: “To continue their lineage, to give life to the next generation.”
This journey is not easy. They fight exhaustion, face predators, and some perish before reaching their destination. Yet still, they press on. For salmon, the hardest journey is not leaving home—it is returning to it.
In many ways, this mirrors the lives of Myanmar migrants scattered across the world. They leave their homeland to earn money, to uplift their families, and to secure a brighter future for their children. But deep inside, most carry a quiet promise: “One day, I will return home.”
Yet reality often makes that promise difficult. Paperwork problems, job responsibilities, travel restrictions, and countless other obstacles stand in the way. Parents are missed, children are longed for, and the familiar warmth of home feels painfully distant. Many migrants whisper to themselves: “Just wait a little longer…”
But here lies the strength of the human spirit. Just as salmon defy the currents, migrants too endure hardships with resilience. The longing for home is not a weakness—it is a testament to love, dignity, and belonging. No distance can erase that feeling.
May the day come soon when every migrant can return with peace of mind, with honor, and with fewer obstacles. May the journey home be not a struggle against impossible currents, but a gentle path back to loved ones.
Because home is not just a place. No matter how far, no matter how long… It is always the destination of the heart.
And like the salmon, we too carry within us the courage to swim against the tide—because the dream of home is worth every struggle.
ဆယ်လမွန်ငါးတွေနဲ့ တူနေတဲ့ ပြည်ပရောက်မြန်မာတွေ
ဆယ်လမွန်ငါးတွေ ဘာကြောင့် အိမ်ပြန်ကြတာလဲ သိလား။
ပင်လယ်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ဆယ်လမွန်ငါးတွေဟာ…
တစ်နေ့တော့ ရေစီးကို ဆန့်ကျင်ပြီး၊ ရေတံခွန်တွေကို ခုန်ကျော်ပြီး၊ အသက်အန္တရာယ်မျိုးစုံကို ဖြတ်ကျော်ကာ မွေးဖွားခဲ့တဲ့ ဇာတိမြစ်ကို ပြန်တက်လာကြတယ်။
အကြောင်းရင်းက တစ်ခုတည်း။
“သူတို့ရဲ့ မျိုးဆက်ကို ဆက်လက်ရှင်သန်စေဖို့၊ ဥချဖို့ပါ”
အဲဒီခရီးက လွယ်လို့ မဟုတ်ဘူး။ရေစီးကို ဆန်ရတယ်။
အင်အားတွေ ကုန်ဆုံးရတယ်။သားကောင်တွေရဲ့ အန္တရာယ်ကို ရင်ဆိုင်ရတယ်။
တချို့ဆိုရင်…ခရီးမဆုံးခင်မှာပဲ ကျဆုံးသွားကြတယ်။
ဒါပေမယ့်…သူတို့ကတော့ အိမ်ကို ပြန်တယ်။
ဆယ်လမွန်ငါးတစ်ကောင်ရဲ့ ဘဝမှာ အခက်ခဲဆုံး ခရီးက ပင်လယ်ကို သွားတဲ့ခရီး မဟုတ်ဘူး။
အိမ်ပြန်တဲ့ခရီးပဲ
ဒီအကြောင်းကို ဖတ်တိုင်း ပြည်ပရောက် မြန်မာတွေအကြောင်းကို သတိရမိတယ်။
နိုင်ငံခြားကို ထွက်လာကြတာက…
ပိုက်ဆံရှာဖို့။
မိသားစုဘဝကို တိုးတက်စေဖို့။
သားသမီးတွေရဲ့ အနာဂတ်အတွက်။
ဒါပေမယ့် ဘယ်လောက်ပဲ အဆင်ပြေနေပါစေ…
“တစ်နေ့တော့ အိမ်ပြန်မယ်။”
ဆိုတဲ့ စိတ်က လူအများစုရဲ့ ရင်ထဲမှာ အမြဲရှိနေတတ်တယ်။
ဒါပေမယ့် အခုအချိန်မှာတော့ အိမ်ပြန်ချင်ရုံနဲ့ ပြန်လို့မရတဲ့သူတွေလည်း ရှိနေတယ်။
စာရွက်စာတမ်း အခက်အခဲတွေ…
အလုပ်အကိုင်ဆိုင်ရာ တာဝန်တွေ…
ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့…
အခြားသော အခြေအနေမျိုးစုံကြောင့်…
အိမ်ပြန်ခရီးက မျှော်လင့်ထားသလောက် မလွယ်တော့ဘူး။
မိဘကို လွမ်းတယ်။သားသမီးကို တွေ့ချင်တယ်။အိမ်ကို ပြန်ချင်တယ်။
ဒါပေမယ့်…“ခဏလေး ထပ်စောင့်ဦး…”ဆိုတဲ့ စကားကိုပဲ ကိုယ့်ကိုယ်ကို ပြောနေရတယ်။
ဆယ်လမွန်ငါးတွေရဲ့ ခရီးက သဘာဝရဲ့ အံ့ဖွယ်တစ်ခု ဖြစ်သလို…
ပြည်ပရောက် မြန်မာတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ကလည်း…
ဘယ်အကွာအဝေးကမှ မဖျောက်နိုင်တဲ့ ခံစားချက်တစ်ခုပါ။
တစ်နေ့ အိမ်ပြန်ချင်တဲ့သူတိုင်း ဆယ်လမွန်ငါးတွေလို ရေစီးကို ဆန့်ကျင်ပြီး အခက်အခဲမျိုးစုံကို ကျော်ဖြတ်မှသာ အိမ်ပြန်ရတဲ့ ခရီးမျိုး မဖြစ်ပါစေနဲ့။ 🙏🙏🙏🙏
ကိုယ့်ချစ်ရတဲ့သူတွေဆီကို အတားအဆီးနည်းနည်းနဲ့စိတ်အေးလက်အေး ဂုဏ်သိက္ခာရှိရှိပြန်နိုင်တဲ့နေ့ မြန်မြန်ရောက်လာပါစေ။
အိမ်ဆိုတာ…
ဘယ်လောက်ဝေးဝေး…
ဘယ်လောက်ကြာကြာ…
လူတိုင်းရဲ့ နှလုံးသားက အမြဲပြန်ချင်နေတဲ့ နေရာပါ။
ကျတော်လည်း အိမ်ပြန်ချင်ပါသေးတယ်။
LuMaw
24-7-2026