The Law of the State Counsellor, which U Ko Ni drafted at the cost of his life ဦးကိုနီအသက်ပေးရေးဆွဲခဲ့သောနိုင်ငံတော်အတိုင်ပင်ခံဥပဒေ

Dr Ko Ko Gyi

ဦးကိုနီအသက်ပေးရေးဆွဲခဲ့သောနိုင်ငံတော်အတိုင်ပင်ခံဥပဒေ (The Law of the State Counsellor, which U Ko Ni drafted at the cost of his life).

This historical record was written by U Tin Aye (Advocate, License No. 2845, co-founder of Laurel Law Firm alongside U Ko Ni) on October 30, 2020.

Daw Aung San Suu Kyi, U Ko Ni, and how the position of State Counsellor came to be.

An Important Historical Record

Shortly after the 2015 general election—when the NLD won a landslide victory over the USDP—one evening around 3:00 PM, before the new government had even been formed, my younger brother in the law (five years younger than me), U Ko Ni, called me on my landline.

U Ko Ni: “Saya, I tried calling your hand phone, but couldn’t get through, so I used the landline. It’s actually better because I now know you’re at home. Are you free, Saya?”

U Tin Aye: “Yes, I am free.”U Ko Ni continued:”I am coming over to your place, Saya. Take a look at Section 217 at the very top of page 80 in our big green book (referring to the 2008 Constitution). I am heading out right now. Please take a look at it in advance.”

As he instructed, I pulled the book from the stack on my desk, opened it to page 80, and read Section 217 at the top:Section 217:

Subject to the provisions of the Constitution, the executive power of the Union shall be vested in the President. Nothing in this Section shall prevent the Pyidaungsu Hluttaw from conferring functions and powers upon any authoritative body or person, or be deemed to transfer to the President functions and powers vested in any administrative body or person concerned under the existing laws.

(Myanmar translation provided in text:

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌တည်ရှိသည်။ ဤစကားရပ်ကြောင့်ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ...)

Soon after, U Ko Ni arrived. There were only the two of us in the living room on the sofa.

U Tin Aye: “Ko Ni, take a breather. What would you like to drink?”

U Ko Ni: “It’s fine, Saya, I’ll just have water. Based on that Section, since they unjustly drafted the constitution to block our Amay (referring to Daw Aung San Suu Kyi) from becoming President using Section 59(f), I can now arrange for her to become an official, lawful authority within the legal framework.

I want you to look at this from impossible angles and discuss it with me from all perspectives.”In the end, we discussed and thought it through from every possible angle. Those who drafted this Section likely did so with a specific intent, but my younger brother U Ko Ni, who knew the constitutional book almost by heart, spotted the loophole. What a brilliant legal mind Ko Ni was!U Ko Ni deeply wanted Amay (his affectionate term for Daw Aung San Suu Kyi) to be the supreme leader of the country.

Look at his speeches: During the massive public gathering at the Bo Sein Hman Ground attended by tens of thousands of people, U Ko Ni told the public:”If someone who cares this much for the public, who is respected this much internationally, and who possesses such wisdom and vision—if a person like this leads and governs, our country will leap forward into rapid development. If she isn’t given leadership, it’s not Daw Aung San Suu Kyi who will suffer; the ones who will truly suffer are you and us—the public.”Loud, rolling waves of applause erupted from the public. The Bo Sein Hman Ground was completely packed. That day, Patron U Tin Win (U Tin Oo) served as chairman, and U Win Tin (who was still alive at the time) sat smiling in the front row. The overflowing crowd extended all the way back into the rear streets in front of the giant video screens.

As night fell, the audience—enjoying the speeches and finding them deeply engaging—kept shouting for U Ko Ni to continue speaking. Anyone who attended back then or watched the recordings will remember this.[Drafting the Title: “State Counsellor”]Later, this matter was discussed intensely and privately among four people: Amay Daw Aung San Suu Kyi, U Win Myint (currently the President), Dr. Zaw Myint Maung (currently the Chief Minister of Mandalay Region), and U Ko Ni. (U Ko Ni swore to me that only us two outside of that inner circle knew about it at the time: “Don’t worry, Saya.”) We had wonderful and deep discussions together.A few days later, we discussed what title would be best for Amay:U Tin Aye: “Ko Ni, how about taking inspiration from Germany and calling her ‘State Autocrat/Chancellor’ (နိုင်ငံတော်အဓိပတိ)?”U Ko Ni: “Amay wouldn’t like a overly grand title, Saya.”Later, according to what Ko Ni reported back to me, someone suggested the term “Advisor”.U Tin Aye: “Ko Ni, I think something higher than that word would be better for Amay.”After thinking it over with Ko Ni, we both liked the word “Consultant”. When U Ko Ni went to Naypyidaw and suggested this to Amay:Daw Aung San Suu Kyi preferred “Counsellor” over “Consultant”. (As U Ko Ni recounted: Amay checked a book in her office, then went next door to her house to retrieve another book, and once she verified it, she officially approved: “State Counsellor – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်”.)

[Finalizing the Bill]

U Ko Ni traveled back and forth to Naypyidaw repeatedly. Sometimes, when he arrived at the desk outside Amay’s room and asked Dr. Tin Mar Aung (whom Ko Ni affectionately called “young one”) if Amay was available, Daw Aung San Suu Kyi would call out to him from inside. Other times, just as U Ko Ni was about to reach Yangon on his way back, Amay would urgently recall him, forcing his car to turn around.Finally, during the Thingyan holidays in April 2016, inside the office at U Ko Ni’s house near the top of 42nd Street—with no one else allowed inside, and without even having time to finish our coffee—we finalized the draft until around 3:30 PM. We completed the first foundational seven articles/sections for the “State Counsellor” bill.It was sent to the Bill Committee to proceed through official legislative procedures, ultimately getting approved in Parliament so that she became the State Counsellor.

[Epilogue and Reflection]

The opposing side, who clearly knew whose handiwork this was, despised him intensely.U Ko Ni was endlessly joyful on the day that law was submitted and approved.I was endlessly proud of my younger brother.The public was endlessly satisfied, happy, and smiling for their leader.In memory of my younger brother U Ko Ni—who gave his life for the country and used his intellect to pierce through the rigid “big green book”—please vote strongly and enthusiastically for the NLD, the leading party of the people, so that we can amend the unfair 2008 Constitution.As I am getting older now, I write this record with the genuine wish that future NLD members—especially in the history of the NLD and the nation—will cast aside divisive mindsets like “different religions are our enemies” and strive to be good citizens for the betterment of Myanmar.In loving memory and with deep respect for my younger brother U Ko Ni,

Bio: U Tin Aye (30-10-2020)Advocate (License No. 2845)Co-founder of Laurel Law Firm with U Ko Ni

(Via Ma Yin Nwe)

Da Ma

e͏d͏r͏o͏s͏p͏o͏S͏t͏n͏ ͏3͏c͏7͏u͏a͏3͏ ͏l͏i͏t͏5͏o͏t͏c͏0͏:͏f͏5͏3͏O͏g͏5͏6͏h͏1͏u͏l͏0͏1͏M͏c͏u͏c͏r͏4͏2͏1͏ ͏8͏9͏l͏7͏u͏1͏ ͏b͏1͏7͏P͏e͏ ·

#ဦးကိုနီအသက်ပေးရေးဆွဲခဲ့သောနိုင်ငံတော်အတိုင်ပင်ခံဥပဒေ

ဂျေလှသင်

ဒေါ်အောင်ဆန်းစုကြည်၊ ဦးကိုနီနှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာပုံ။

********************************************************************

(အရေးပါသော မှတ်တမ်းတခု)

၂၀၁၅ ရွေးကောက်ပွဲအပြီး-NLDကပြည်ခိုင်ဖြိုးကိုအပြတ်အသတ်အနိုင်ရပြီးနောက်

အစိုးရမဖွဲ့မီ တနေ့ညနေ သုံးနာရီခန့် ညီတော်မောင်(ကျွန်တော့ထက်ငါးနှစ်ငယ်​သော) ဦးကိုနီထံမှဖုံးဝင်လာသည်။

“ဆရာရေ ကျွန်တော် Hand phoneကိုခေါ်တာမရလို့ကြိုးဖုံးကိုခေါ်လိုက်တာ-ပိုကောင်းတယ် ဆရာအိမ်မှာရှိနေတာသိရတာ- ဆရာအားတယ်မဟုတ်လား”

“အားပါတယ်”

ဦးကိုနီကဆက်လက်ရျ်- ကျွန်တော်ဆရာ့ဆီလာခဲ့မယ် ဆရာစာအုပ်စိမ်းကြီး( ၂၀၀၈ ဖွဲ့စည်းပုံကိုရည်ညွှန်း) ရဲ့စာမျက်နှာ ၈၀ အပေါ်ဆုံးက ပုဒ်မ ၂၁၇ ကိုကြည့်ထား၊ ကျွန်တော်အခုထွက်လာပြီ။ ဆရာလည်းကြိုကြည့်ထား။

ကျွန်တော်ကသူပြောသည့်အတိုင်း စားပွဲပေါ်ရှိစာအုပ်ပုံမှဆွဲထုတ်ရျ် စာမျက်နှာ ၈၀ သို့လှန်ကာထိပ်ဖက်ရှိ ပုဒ်မ ၂၁၇ ကိုဖတ်ကြည့်ဧ။်။

217. Subject to the provisions of the Constitution, the executive power of the Union shall be vested in the President. Nothing in this Section shall prevent the Pyidaungsu Hluttaw from conferring functions and powers upon any authoritative body or person, or be deemed to transfer to the President functions and powers vested in any administrative body or person concerned under the existing laws.

ပုဒ်မ – ၂၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ ြပည်ထောင်စုဧ။်အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌တည်ရှိသည်။ ဤစကားရပ်ကြောင့်ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်အား၄င်း၊ အာဏာပိုင်ပုဂ္ဂိုလ်တဦးဦးအား၄င်း တာဝန်နှင့်လုပ်ပိုင်ခွင့်များပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင်ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်တဦးဦးအားဖြစ်စေ အပ်နှင်းထားသည့်တာဝန်နှင့်လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအားလွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။

မကြာမီဦးကိုနီရောက်လာဧ။်။ အိမ်ရှေ့ခန်းဆိုဖာခုံပေါ်တွင်သူနှင့်ကျွန်တော်နှစ်ယောက်သာရှိဧ။်။

“ကိုနီရေ-ခဏအပန်းဖြေပါအုံး ဘာသောက်မလဲ”

” ရတယ်ဆရာကျွန်တော်ရေဘဲသောက်မယ် – အဲဒီပုဒ်မအရ သမ္မတမဖြစ်အောင်မတရားရေးဆွဲပြီး ပုဒ္မ၅၉(စ)နဲ့တားဆီးထားတဲ့ ကျွန်တော်တို့အစ်မ( ဒေါ်အောင်ဆန်းစုကြည်ကိုရည်ညွှန်းခေါ်ဆို) ကို ကျွန်တော် ဥပဒေဘောင်ထည်းက တရားဝင် အာဏာပိုင်တဦးအဖြစ်စီစဥ်ပေးလို့ရပြီ။

ဆရာကမဖြစ်နိုင်တဲ့ဘက်ကစဥ်းစားပြီးထောင့်စုံကဆွေးနွေးပေးပါ”

နောက်ဆုံးတွင်ကျွန်တော်တို့ရှုထောင့်ပေါင်းစုံမှဆွေးနွေးကြဧ။်။ စဥ်းစားကြဧ။်။ဤပုဒ္မကိုရေးဆွဲသူတို့ကရည်ရွယ်ချက်ရှိရှိဆွဲခဲ့ပုံရဧ။်။သို့သော် ဖွဲစည်းပုံစာအုပ်ကိုအလွတ်နီးနီး မွှေနှောက်နေသော ညီတော်မောင်ကိုနီကားသတိပြုမိသွားဧ။်။

အာဂ-ကိုနီပါတကား။

ဦးကိုနီသည်အမ(ဒေါ်အောင်ဆန်းစုကြည်ကိုသူခေါ်နေကျအတိုင်း) အားနိုင်ငံတော်ကို ဦးဆောင်သူအကြီးအကဲအလွန်ဖြစ်စေချင်ဧ။်။ သူဧ။် ဟောပြောပွဲများကိုကြည့်ပါ-

လူသောင်းချီတက်ရောက်သောဗိုလ်စိန်မှန်ကွင်းဟောပြောပွဲတွင် ဦးကိုနီကလူထုကိုပြောခဲ့သည့်စကား –

“ဒါလောက် ပြည်သူလူထုအပေါ်မှာစေတနာမေတ္တာထားတဲ့သူ၊

ဒါလောက်နိုင်ငံတကာကလေးစားတဲ့သူ၊

ဒါလောက်ဥာဏ်ပညာအမြော်အမြင်ကြီးမားတဲ့သူ –

ဒီလိုလူမျိုးသာဦးဆောင်အုပ်ချုပ်ရင်ကျွန်တော်တို့တိုင်းပြည် တရှိန်ထိုးတိုးတက်သွားမှာပေါ့။ သူ့ကိုဦးဆောင်မှုမပေးရင် – ဒေါ်အောင်ဆန်းစုကြည်ကဘာဒုက္ခမှမဖြစ်ဘူး တကယ်ဒုက္ခဖြစ်မှာက ခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေ”

ပြည်သူလူထုကြီးမှလက်ခုပ်သြဘာသံတဖြောင်းဖြောင်းလျှံထွက်လာဧ။်-တာမွေဗိုလ်စိန်မှန်ကွင်းအပြည့်၊ အဲဒီနေ့က နာယကကြီးဦးတင်ဦးကသဘာပတိ၊ ဦးဝင်းတင်မသေသေး ရှေ့ဆုံးတန်းမှာ ပြုံးရျ်- ကွင်းပြည့်လျှံနေသောလူထုကြီးက-အနောက်ဖက်လမ်းတွင်- ရုပ်သံပိတ်ကားကြီးရှေ့၌တလမ်းလုံးအပြည့်။

ညကမှောင်လာသည်( လူထုကြီးက သဘောကျ -နားထောင်ကောင်းရျ် ဦးကိုနီဆက်ဟောပါ၊ ဆက်ဟောပါနဲ့တောင်းဆိုကြ- တက်ရောက်နားထောင်ဖူးသူများ- အခွေကြည့်ဖူးသူများမှတ်မိကြပါလိမ့်မည်။)

ထို့နောက်ဤကိ္စ္စကိုအမဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့် ( ယခုနိုင်ငံတော်သမ္မတကြီး)၊ဒေါက်တာဇော်မြင့်မောင်( ယခုမန္တလေးတိုင်းဝန်ကြီးချုပ်) နှင့် ဦးကိုနီတို့လေးဦး- (သိပ်သည်းစွာ)တိုင်ပင်ကြရျ်(ကိုနီ့စကားအရသစ္စာဆိုရဲပါသည်-အပြင်လူဆရာယောက်ထဲသာသိသေးတယ်ဆရာ ။ စိတ်ချပါကိုနီ ။

-ကျွန်တော်တို့နှစ်ယောက်ကားဆိုးတိုင်ပင်ကောင်းတိုင်ပင်-

ထို့နောက်ရက်အနည်းငယ်ကြာသောအခါ၊ အမရဲ့ရာထူးနံမည်ကိုဘယ်လိုပေးရင်ကောင်းမလဲဟုဆွေးနွေးကြပြန်ဧ။်။ အမျိုးစုံစဥ်းစားကြဧ။် ဂျာမနီမှနမူနာယူရျ် ” နိုင်ငံတော်အဓိပတိ”ဆိုလျင်ကောမကောင်းဘူးလားကိုနီ- အမကသိပ်ခမ်းနားတဲ့နာမည်လဲကြိုက်မှာမဟုတ်ဘူးဆရာ။ နောက်ပိုင်းတွင် ကိုနီပြန်ပြောချက်အရ တဦးကAdvisor ဟုအကြံပြုဧ။်။ ကျွန်တော်ကကိုနီ အမအနေနဲ့အဲဒီစကားလုံးထက်မြင့်တာမှကောင်းမယ်ထင်တယ်။ ကိုနီနှင့်စဥ်းစားကြဧ။် နောက်ဆုံး”Consultant”

ဆိုသောစကားလုံးကိုသဘောကျကြဧ။်။ ကိုနီနေပြည်တော်သွားရျ်အမကိုပြောပြသောအခါ။

ဒေါ်အောင်ဆန်းစုကြည်က ” Consultant” အစား ” Counsellor” ဟူသောစကားလုံးကိုကြိုက်ရျ်( ဦးကိုနီ ပြန်ပြောပြချက်အရ- အမကသူ့ရုံးခန်းထဲကစာအုပ်မှာတခါကြည့်တယ်-နောက်တခါ ကပ်ရက်သူ့အိမ်ကိုသွားပြီးတော့-စာအုပ်ယူလာပြီး၊ သေခြာပြီဆိုမှ” State Counsellor- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် “ဆိုပြီး အတည်ပြုပေးလိုက်တယ်ဆရာ။)

ထို့နောက်ဦးကိုနီနေပြည်တော်သို့အကြိမ်ကြိမ်သွားဧ။်။တခါတရံအမအခန်းဧ။်ရှေ့စားပွဲရှိဒေါက်တာတင်မာအောင်( ကိုနီ့အခေါ်ငယ်ငယ်) အား- အမရှိလားဟုမေးသံကြားလျင် ဒေါ်အောင်ဆန်းစုကြည်က-အထဲမှလှမ်းခေါ်ဧ။်။ တခါတရံဦးကိုနီ ရန်ကုန်ရောက်ခါနီးမှ အမကအရေးတကြီးပြန်ခေါ်လျှင် ကားကိုပြန်လှည့်ရဧ။်။

ထို့နောက်နိုင်ငံတော် အတိုင်ပင်ခံနှင့်ပတ်သက်သည့်ဥပဒေကြမ်းကို ဦးကိုနီအားဦးစွာရေးဆွဲစေရျ် အချက်အလက်များရှာကြပြီးနောက် (၂၀၁၆ခုနှစ်ဧပြီလသင်္ကြန်ရက်တွင်း )ဦးကိုနီဧ။် ၄၂ လမ်းထိပ်အိမ်ရှိရုံးခန်းထည်းတွင်၊ မည်သူ့အားမျှဝင်ခွင့်မပြုဘဲ၊ ကျွန်တော်တို့ကော်ဖီပင်မသောက်ဖြစ်ဘဲ ညနေပိုင်း ၃:၃၀ ခန့်အထိ အချောသပ်- ပထမဆုံး-“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အတွက်”အခြေခံပုဒ်မ ခုနစ်ခု (အစပထမပုဒ်မခုနစ်ခုပါသောဥပဒေကြမ်းကို)ရေးဆွဲပြီးစီးရျ် – ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်းကော်မတီသို့ပေးပို့ကာ ဆက်လက်ရေးဆွဲပြီး လုပ်ထုံးလုပ်နည်းအတိုင်း လွှတ်တော်တွင်အတည်ပြုရျ် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်State Counsellor” ဖြစ်လာလေတော့သည်။

#ဘယ်သူ့လက်ချက်မှန်း ရိပ်မိသိရှိသော -တဖက်အဖွဲ့အစည်းကတော့ အလွန်မုန်း၊

**ဦးကိုနီကား ၄င်းဥပဒေတင်ရျ်အတည်ပြုသောနေ့တွင် ပျော်ရွှင်မဆုံး၊

**ကျွန်တော့မှာလည်း ညီတော်မောင်အတွက် ဂုဏ်ယူမဆုံး၊

**ပြည်သူလူထုကြီးမှာလည်း သူတို့ခေါင်းဆောင်အတွက် ကျေနပ်မဆုံး ဝမ်းသာမဆုံး တပြုံးပြုံး။

တိုင်းပြည်အတွက်အသက်ပေးရျ် -စာအုပ်စိမ်းကြီးကိုပညာဥာဏ်ဖြင့်ဖေါက်ထွက်ပြသွားသော ညီတော်မောင်ဦးကိုနီအားအမှတ်ရရျ်- တရားမျှတမှုမရှိသော၂၀၀၈ ခြေ/ဥကိုပြင်နိုင်ရန်- လူထုရှေ့ဆောင်ပါတီ NLD အား အင်တိုက်အားတိုက်မဲပေးကြပါ။

ဤမှတ်တမ်းကို -ကျွန်တော်လည်းအသက်ကြီးလာပြီြဖစ်ရျ်- နောက်ပိုင်း- NLD

ပါတီဝင်များ- အထူးသဖြင့် NLDသမိုင်း၊ နိုင်ငံ့သမိုင်းတွင်- ဘာသာမတူဒို့ရန်သူဆိုသောစိတ်ထားများကင်းစင်ရျ်- မြန်မာနိုင်ငံကောင်းကျိုးအတွက် နိုင်ငံသူ/ နိုင်ငံသားကောင်းများအဖြစ် ကြိုးစားကြစေလိုသောဆန္ဒမှန်ဖြင့်ရေးသားအပ်ပါသည်။)

ညီတော်မောင် ဦးကိုနီအား အမှတ်ရဂုဏ်ပြုလျှက်

လေးစားစွာဖြင့်-

Bio: ဦးတင်အေး (၃၀-၁၀-၂၀၂၀)

( Advocate- စဥြ ၂၈၄၅)

(ဦးကိုနီနှင့်အတူ Laurel Law Firm တည်ထောင်သူ)

Share This Post

More From Author

A Myanmar Peace Roadmap Proposed in 2025: How the U.S. Mission’s 2026 Strategy Now Converges with Its Central Ideas

USA Proposed Fiscal Federalism For Burma