Early Life and Political Awakening
- Birth: Born on June 2, 1921, in Mandalay, Myanmar, to U Solaiman and Daw Ti. He was the eldest of ten siblings.
- Activism: At age 17, while studying at the Anglo-Vernacular Middle School in Kawlin, he witnessed the historic “1300 Revolution” (the 1300 ME anti-colonial uprising). This sparked his political consciousness, leading him to join the Dobama Asiayone (We Burmans Association) as a striking student activist.
Wartime Leadership and National Defense
- Anti-Colonial Militia: During the struggle for national liberation, he mobilized over 40 young and middle-aged Pathi (Burmese Muslim) men in Kawlin to form the Burma Muslim Town and Village Defense Force, serving as its secretary and leader.
- BIA Era: When the Burma Independence Army (BIA) led by General Aung San arrived in Kawlin in 1942, U Ko Ko Lay joined the town administration and served as a platoon commander in the local armed security force, successfully suppressing local banditry. He was also appointed as one of the nine members of the local judicial tribunal.
- Anti-Fascist Resistance: During the Japanese occupation, he joined the anti-fascist resistance under the AFPFL (Anti-Fascist People’s Freedom League). He covertly gathered intelligence on Japanese troop movements and secretly stockpiled abandoned British ammunition to supply Major Ba Htoo’s resistance forces.
Post-War Politics and Public Service
- Burma Muslim Congress (BMC): Following World War II, he served as a Mandalay District executive member of the BMC, led by U Razak under the guidance of General Aung San.
- Move to Yangon: In 1950, he relocated to Yangon, where he served as the Secretary of the Yangon District BMC and an executive representative for the AFPFL. Between 1952 and 1955, he actively contributed to local governance, serving on the Yangon Municipal Central Advisory Committee, the Yangon Model Prison Administration Board, and the Yangon General Hospital Advisory Board.
- Later Political Career: After the original BMC was dissolved in 1956, he became the General Secretary of the reformed BMC (which later became the All Burma Pathi National Congress). He eventually retired from active politics after the collapse of the 1963 internal peace talks hosted by the Revolutionary Council.
Literary Career and Historical Research
U Ko Ko Lay transitioned from political activism to literature and history, using several pen names including Ko Ko Lay, Shwe Nyar Thar, Hmyar Net, and Pathi Ko Ko Lay.
- Focus Areas: He authored around 50 articles and over two dozen books, primarily focusing on social class issues, socialist economics, internal political struggles, and Burmese Muslim history.
- Notable Publications: * The Burma Muslim Ethnic Problem (1960)
- U Nu and the Power Problem
- Capitalism Explained from a Socialist Perspective
- Myanmar and the Islamic Faith (A comprehensive 4-chapter historical treatise)
- Cultural Advocacy: He fought heavily against the erasure of Muslim writers from mainstream Burmese literary history. Through magazines like Moe Sin Kyal and Moe Thaung Kyal, he uncovered and highlighted the contributions of classical Burmese Muslim poets and legal scholars from the Konbaung dynasty, such as Shwe Taung Tharyargathu U Nu, Haji Hman, and U Shwe Youn (Myeik).
Personal Life and Legacy
- Family: He married Daw Khin Swe in 1940 and had three sons and two daughters. Three of his children—Soe Moe Lwin, Moe Min Win, and Zar Zar Moe Min—became well-known radio singers.
- Demise: U Ko Ko Lay passed away on February 21, 2001.
- Commemoration: To honor his lifelong service to the nation and his community, the Pathi U Ko Ko Lay Commemorative Committee was formed in April 2001, erecting a memorial stone in his honor at the Islamic Garden in Tharkayta Township, Yangon.
IB Islamic Books အစ္စလာမ့်စာအုပ်များ : ပသီဦးကိုကိုလေး
စာရေးဆရာ သမိုင်းသုတေသီ ပသီ ဦးကိုကိုလေး
အဖ ဦးစလေမန်၊ အမိ ဒေါ်တီတို့မှ ၁၉၂၁ ခု၊ ဇွန်လ ၂ ရက်နေ့ တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မွေးချင်း ၁၀ ဦးအနက် သားကြီးဩရသ ဖြစ်သည်။
ကောလင်းမြို့၊ အင်္ဂလိပ်မြန်မာ အလယ်တန်းကျောင်းသားဘဝ အသက် ၁၇ နှစ်အရွယ်တွင် ၁၃၀ဝ ပြည့်အရေးတော်ပုံကြီးနှင့် ကြုံခဲ့သည်။ နိုင်ငံရေးအသိနိုးကြားပြီး သပိတ်မှောက် ကျောင်းသားတစ်ဦးအဖြစ် ပါဝင် ခဲ့သည်။ တို့ဗမာအစည်းအရုံးနှင့် လက်တွဲခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး ဆင်နွှဲစဉ် ကောလင်းမြို့တွင် ပသီလူလတ်ပိုင်း ၄၀ ကျော်တို့ကို စုစည်းကာ ဗမာမွတ်စလင် မြို့ရွာကာကွယ်ရေးတပ်ဟူ၍ ဖွဲ့စည်းခဲ့သည်။ တပ်ဖွဲ့တွင် အတွင်းရေးမှူးနှင့် ခေါင်းဆောင်အဖြစ် တာဝန် ယူသည်။
၁၉၄၀ ပြည်နှစ် ဧပြီတွင် ဦးစောမောင် ဒေါ်မြခဲတို့၏သမီး ဒေါ်ခင်ဆွေနှင့် အိမ်ထောင်ပြုသည်။ ဇနီးသည်က ပါရမီဖြည့်ဖက် ပီသစွာ ရပ်တည်ပေးသည်။ သား ၃ ဦး၊ သမီး ၂ ဦး ထွန်းကားသည်။ သားကြီး ရေဒီယိုအဆိုကျော် စိုးမိုးလွင်နှင့် သားလတ်ရေဒီယိုအဆိုကျော် မိုးမင်းဝင်း တို့ကို မန္တလေးမြို့ စကြာနွယ်စင်ရပ်တွင် မွေးဖွားခဲ့ပြီး သားငယ် ခင်မောင်သန်း၊ သမီးကြီး ရေဒီယိုအဆိုကျော် ဇာဇာမိုးမင်းနှင့် သမီးငယ် ကြူကြဆွေတို့ကို ရန်ကုန်မြို့ ကျောက်မြောင်းရပ်တွင် မွေးဖွားခဲ့သည်။
၁၉၄၂-ခုနှစ် ဂျပန်များဝင်ရောက်လာစဉ် ဘီအိုင်အေ က ဖွဲ့စည်း ပေးသည့် မြို့ရွာအုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ မြို့ရွာ အုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆင့်ဖွဲ့စည်းသည့် လက်နက်ကိုင်တပ်ဖွဲ့တွင်လည်း တပ်စုမှူးတစ်ဦးဖြစ်သည်။ တပ်စုမှူးဘဝတွင် ကောလင်းမြို့တစ်ဝိုက်၌ ဆိုးခိုးတိုက်ခိုက်သတ်ဖြတ်နေကြသည်များကို နှိမ်နင်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဘီအိုင်အေတပ် ကောလင်းမြို့ သို့ရောက်ရှိစဉ် မျက်နှာစုံညီတွေ့ဆုံရာ၌ မြို့ရွာအုပ်ချုပ်ရေး၊ လုံခြုံရေး ကိစ္စများအတွက် လမ်းညွှန်မှုခံယူသည်။ ထိုစဉ် ရာဇဝတ်တရားစီရင်ရေး အဖွဲ့ ၉ ဦးတွင် တစ်ဦးအဖြစ် ပါဝင်သည်။ ဒေါက်တာဘမော်အစိုးရ တက်လာသည်အထိ ပေးအပ်သည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။ အင်္ဂလိပ် အမေရိကန် ပြန်လည်ထိုးစစ်ဆင်လာသည့်အခါ မိသားစုသည် ကန့်ဘလူမြို့နယ် ဘုတ်တောကျေးရွာသို့ ရောက်သွားသည်။ ဦးကိုကိုလေး ကား စစ်ပြေးများစုဝေးရာ အမရပူရမြို့နယ် ဘုံးအိုးကျေးရွာသို့ ရောက်သွား သည်။ အာရှလူငယ်ဖွဲ့စည်းရာတွင် တွဲဖက်စာကြည့်တိုက်မှူးဖြစ်ခဲ့သည်။ ဖဆပလမှ ဂျပန်တော်လှန်ရေးတပ်သားအဖြစ် ရွေးချယ်သူများတွင် တစ်ဦး အဖြစ် ပါဝင်ခဲ့သည်။
ဖဆပလမှ ဦးကိုကိုလေးအား (၁) ဂျပန်တို့လှုပ်ရှားမှုအခြေအနေကို မျက်ခြည်မပြတ် စုံစမ်းအစီရင်ခံရန် (၂) ရနိုင်သမျှ လက်နက်စုဆောင်း ရှာဖွေရန် (၃) အထက်မှဆင်းလာသည့် အင်္ဂလိပ်တပ်ဦးနှင့် ဆက်သွယ်ပြီး (က) ဂျပန်တော်လှန်ရေးအတွက် ကူညီရန် (ခ) ဆေးဝါးထောက်ပံ့ကူညီ ရန် (ဂ) ပူးပေါင်းတိုက်ခိုက်ရန်တို့အတွက် ဆွေးနွေးအစီရင်ခံရမည်ဟူသည့် တာဝန်များပေးခဲ့သည်။
ဦးကိုကိုလေးသည် အင်္ဂလိပ်စစ်အပြေးတွင် စွန့်ပစ်ခဲ့သည့် ကျည်ဆန်များကို ကောလင်းတွင် လျှို့ဝှက်စုဆောင်းသည်။ ရရှိသည့် ကျည်ဆန်များကို ဗိုလ်မှူးဗထူးတပ်သို့ ပေးအပ်နိုင်ကြောင်းသိရသည်။
အင်ဖာတမူးမှ ချီတက်လာသည့် ၁၄ နံပါတ်တပ်မတော်မှ ခွဲထွက် ပြီး ရွှေဘိုသို့ ဦးတည်ချီတက်မည့် တပ်ခွဲအမှတ်(၃၃) တပ်မကြီး(၂)နှင့် ကန့်ဘလူမြို့နယ် ကျွန်းလှမြို့ချောင်းကွေ့ ဇီးတောရွာတို့အနီး စခန်းချသည့် အင်္ဂလိပ်တပ်သို့ ဂျပန်များကြားမှဖြတ်၍ အရောက်သွား ဆက်သွယ် ဆွေးနွေးသည်။ ဆွေးနွေးချက်များကို ဆိုင်ရာသို့ သတင်းပို့ အစီရင်ခံခဲ့ သည်။
စစ်ပြီးခေတ် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ဖဆပလ ပေါ်ပေါက်လာသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ဆရာကြီးဦးရာဇတ်က ဦးဆောင်၍ ဗမာမွတ်စလင်မ်ကွန်ဂရက်ကို ဖွဲ့စည်းသည်။ ထိုဗမာမွတ်စလင်မ်ကွန်ဂရက် (ဗ၊မ၊က)အဖွဲ့တွင် မန္တလေး ခရိုင် အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ဗမက သည် ဖဆပလ တပ်ပေါင်းစုတွင် တပ်တစ်တပ်အဖြစ်ပါဝင်သဖြင့် ဦးကိုကိုလေးသည် မန္တလေးခရိုင် ဖဆပလ ဦးစီးကိုယ်စားလှယ် ၃-ဦးတွင် တစ်ဦးအဖြစ် ပါဝင်သည်။
ဆရာသည် ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့ခဲ့သည်။ ရန်ကုန်ခရိုင် ဗမကအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်ခရိုင် ဖဆပလဦးစီးကိုယ်စားလှယ် တာဝန်များ ယူခဲ့သည်။ ၁၉၅၂ မှ ၁၉၅၅ ခုနှစ်အတွင်း ရန်ကုန်မြူနီစီပယ်ဗဟိုအတိုင်ပင်ခံအဖွဲ့ဝင်၊ ရန်ကုန်စံပြထောင် ကြီး အုပ်ချုပ်မှုအဖွဲ့ဝင်၊ ရန်ကုန်ဆေးရုံကြီး အကြံပေးအဖွဲ့ဝင်စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၅၆ ခုနှစ် ဗမကဖျက်သိမ်းရစဉ် ပေါ်ပေါက်သည့် ဗမက(သစ်) တွင် ဌာနချုပ်အထွေထွေအတွင်းရေးမှူးဖြစ်သည်။ နောင်တွင် ဗမက(သစ်) သည် ဗမာနိုင်ငံလုံးဆိုင်ရာ ပသီအမျိုးသားကွန်ဂရက် ဗပက ဖြစ်လာသည်။ ဗပကအဖွဲ့သည် ပမညတ တပ်ပေါင်းစုတွင် ပါဝင်သည့်အခါ ပမညတ ဗဟို သဘာပတိအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ပမညတ ဌာနချုပ်မှ တာဝန်ပေးချက် အရ ၁၉၅၉ ခုနှစ် မြူနီစီပယ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အမှတ်(၁၅) (ဆူးလေဘုရားလမ်းနှင့်သိမ်ဖြူလမ်းကြား)မှ ရွေးကောက်ပွဲဝင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပသည့်အခါ ရန်ကုန် အလယ်ပိုင်း မဲဆန္ဒနယ်တွင် သန့်ရှင်းအမတ်လောင်း ဝန်ကြီးဟောင်း ဦးရာရှစ်၊ တည်မြဲအမတ်လောင်း ဝန်ကြီးဦးခင်မောင်လတ်တို့နှင့် ယှဉ်ပြိုင် ရန် ပမညတ ဗဟိုသဘာပတိအဖွဲ့မှ တာဝန်ပေးသည်။ ပမညတ အမတ် လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည်။ အရွေးမခံရပါ။
၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီ ပြည်တွင်းငြိမ်းချမ်းရေး မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်သည်။ ထိုပွဲအောင်မြင်မှုကို ရှေ့ရှုဆောင်ရွက်မည့် ဗဟိုကော်မတီကိုဖွဲ့သည့်အခါ အဖွဲ့ဝင်တစ်ဦးအဖြစ် ကျရာတာဝန်ကို ဆောင်ရွက်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ များ ပျက်ပြားသွားသည့်အခါ နိုင်ငံရေးသမားအဖြစ်မှ အနားယူခဲ့သည်။ သို့သော် ပါတီကောင်စီတို့မှ ပေးအပ်လာသည့် ရပ်ရေးရွာရေး၊ လူမှုရေး တို့ကိုကား အမြဲဆောင်ရွက်ပေးခဲ့သည်။
နောက်ပိုင်းတွင် တိုင်းရင်းမွတ်စလင်မ်တို့၏ စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာများတွင် ပိုမိုပါဝင်အားပေးသည်ကို တွေ့ရသည်။ ၁၉၇၄ ခု နိုဝင်ဘာ လတွင်ကျင်းပသည့် အစ္စလာမ်ဓမ္မဗိမာန် ဆယ်နှစ်ပတ်လည် အခမ်းအနား နှင့်ပဏာမညှိနှိုင်းပွဲတွင် ဟာဂျီဦးဘချစ်၊ ပသီဦးကျော်မြင့်တို့နှင့်အတူ အခမ်း အနားမှူးအဖြစ် တာဝန်ယူသည့်။ ဓမ္မဗိမာန်ဝန်ထမ်းအဖြစ် ၆နှစ်တာ ဆောင်ရွက်ပြီး အခါအားလျော်စွာ ဟောပြောပို့ချသည်။ ၁၉၇၃ ခု ဓမ္မဗိမာန် ၌ဟောကြားသော ဟောပြောချက် ၃-ရပ်သည် ပရိသတ် အထူးနှစ်သက် အားပေးမှု ခံယူရသည်။ ၁၉၈၄ ခုနှစ် နှစ်နှစ်ဆယ်မြောက် ဓမ္မဗိမာန် မဂ္ဂဇင်းတွင် ဟောပြောချက် ၃-ရပ်ကို ထပ်မံဖော်ပြခဲ့သည်။
ဆရာသည် ရန်ကုန်မြို့တွင် ၂၈-နှစ် နေထိုင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် မန္တလေးမြို့သို့ ပြန်လည်ပြောင်းရွှေ့ပြီး စကြာနွယ်စင်ရပ် ဟမီဒီယာ စကြာ တောင်ဗလီဝင်း၊ ၇၅ လမ်း(၃၄-၃၅ ကြား)တွင် နေထိုင်ခဲ့ပါသည်။
ဤတွင် ဆရာ၏ စာပေဘဝကို လေ့လာတင်ပြလိုပါသည်။ ဆရာ သည် ဆယ်ကျော်သက်ရွယ်ကစတင်ပြီး စာဖတ်ဝါသနာပါခဲ့သည်။ စာဖတ် သက် နှစ်နှစ်ခန့်အကြာ နဂါးနီစာအုပ်အသင်းပေါ်လာသဖြင့် အသင်းဝင် ခဲ့သည်။ နဂါးနီအသင်းထုတ် စာအုပ်များသည် နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များ တက်ြွကစေသည်။ တစ်ချိန်တည်း မှာပင် ဆရာသည် ဗန်းမော်တင်အောင်နှင့် ရင်းနှီးလာသည်။ လင်းယုန် ဂျာနယ် ဝိုင်းတော်သားဖြစ်လာသည်။ လင်းယုန်ဂျာနယ်တွင် ရေထမ်း သမားကြီး ဦးလေး ခေါင်းစဉ်ဖြင့် ဆောင်းပါးကို စတင်ရေးခဲ့သည်။
၁၉၅၂ ခုတွင် ဗမကဌာနချုပ်မှ နှစ်ပတ်တစ်ကြိမ်ထုတ် ဗမကအသံ စာစောင်တွင် ဆက်လက်ရေးသည်။ ထို့နောက် ပြည်သူ့ဂျာနယ်၊ ရှုဒေါင့်၊ ရောင်ခြည်ဦး၊ ရှုမဝနှင့် ကြေးမုံသတင်းစာတို့တွင် ပါဝင်ရေး သားခဲ့သည်။ ဆောင်းပါးပေါင်း ၅၀ ခန့်ရှိသည်။
လုံးချင်းအဖြစ် ဗမာမွတ်စလင် လူမျိုးစုပြဿနာ(၁၉၆၀)၊ ဆိုရှယ်လစ်စီးပွားရေးပြဿနာ၊ တွေ့ဆုံဆွေးနွေးရေးမှတ်တမ်း၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ကျွန်တော့်ကိုယ်တွေ့၊ ခေတ်ငါးခေတ်နဲ့ လူတန်းစားပြဿနာ၊ အခက်အခဲဆုံး၏ မူလဇစ်မြစ်၊ အရင်းရှင် စနစ်ဆိုတာဘာလဲ၊ ဆိုရှယ်လစ်အမြင်ဖြင့် သုံးသပ်ချက်များ၊ ဦးနုနဲ့ အာဏာပြဿနာ၊ ပါလီမန် ဒီမိုကရေစီနဲ့ တရုပ်ဖြူဗိုလ်ချုပ် စသည့် လုံးချင်းများနှင့် အခြားလုံးချင်း ၁၄ အုပ်ခန့် ရေးသားထုတ်ဝေခဲ့သည်။
လူတန်းစားပြဿနာကို အားသန်သဖြင့် လူတန်းစားအမြင်ဖြင့်သာ ရေးသားနေရာမှ မြန်မာ့သမိုင်းကြောင်းဘက်သို့ လမ်းပြောင်းခဲ့သည်။ ရုပ်ရှင်ချစ်သူမဂ္ဂဇင်း၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်နှင့် မန္တလေး ဟံသာဝတီသတင်းစာတို့တွင် ဆောင်းပါးများ ဆက်လက်ရေးသားသည်။
လင်းယုန်ဂျာနယ်တွင် ရွှေလင်းမောင်၊ ဗပကအသံတွင် မျှားနက်၊ ကြေးမုံသတင်းစာတွင် ကိုကိုလေးနှင့် ရွှေညာသား ကလောင်အမည်ဖြင့် ရေးသည်။ ပထမဆုံးလုံးချင်းစာအုပ်တွင် ကိုကိုလေး(ဗပက)သစ် ကလောင် အမည်ကိုသုံးပြီး ဒုတိယအကြိမ်လုံးချင်းတွင် ကိုကိုလေး(ဗပက)ဟု ကလောင်အမည်ကို သုံးခဲ့သည်။ ကိုယ်တိုင်ပါဝင် တာဝန်ယူနေရသည့် အဖွဲ့အစည်းအမည်များနှင့် ဝိသေသပြုခြင်းဖြစ်သည်။ ရုပ်ရှင်ချစ်သူမဂ္ဂဇင်း ပါ တို့ပိုင်တဲ့မြေ အခန်းဆက်ဆောင်းပါးမှစပြီး ပသီကိုကိုလေး ကလောင်အမည်ကို အသုံးပြုခဲ့သည်။
လက်ရာများအနက် တိုင်းရင်းမွတ်စလင်စာပေကဏ္ဍကို သီးခြား စုစည်းလျှင် ဗမကအသံစာစောင်မှ အစပြုသည်ဟု ဆိုနိုင်ပါသည်။ ၁၉၅၀ ပြည့်နှစ် ရန်ကုန်ခရိုင် ဗမကအတွင်းရေးမှူးဘဝ မြန်မာ့အသံမှထုတ်လွှင့် သည့် ၁၄၂၈ကြိမ်မြောက် တမန်တော်မုဟမ္မဒ်သခင်မွေးနေ့မိန့်ခွန်းမှ လွဲ၍ အခြားစာအုပ်စာတမ်းများသည် အမျိုးသားရေးကိုသာ ဦးတည်သည်။ နိုင်ငံရေးအမြင် ပီပြင်အောင်ဖွင့်ဆိုသည်။ ယင်းတို့အနက် ဗမာမွတ်စလင် လူမျိုးစုပြဿနာစာအုပ်သည် ထင်ရှားပါသည်။
၁၉၇၂ ခု၊ ဒီဇင်ဘာလထုတ် အစ္စလာမ့်အလင်းစာစောင် အမှတ် ၂ တွင် သမိုင်းမှ မှတ်တမ်းတစ်ခု ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသား တင်ပြသည်။ ရေစကြိုခုံတော်ဖြတ်ထုံးလာ ငမြတ်ထွေး သမီး မိရမ္ဘီနှင့် ငဦးတို့ အိမ်ထောင်မှုဖြတ်ထုံးကို အစ္စလာမ်ဘာသာအရ ဆုံးဖြတ်ခွင့်ပေး ကြောင်း ရှင်းပြထားခြင်းဖြစ်သည်။ ဗဒုံမင်းတရားကြီး လက်ထက်တော်မှ စတင်၍ ဘာသာရေးလွတ်လပ်ခွင့် သာဓကမှတ်တမ်းတစ်ရပ်ကို ဖော်ပြ ခြင်းဖြစ်သည်။
၁၉၇၆ ခုနှစ်တွင် မွတ်စလင်အမျိုးသမီးသာသနာ့ရိပ်သာ ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အရ သာသနာ့ရိပ်သာ ငွေရတုအထိမ်းအမှတ် မွတ်စလင် အမျိုးသမီးသာသနာ့ရိပ်သာ ၂၅-နှစ်မြောက် ငွေရတုစာတမ်းကို ပြုစုသည်။ သမိုင်းဝင်ဓာတ်ပုံအထောက်အထားများ ပါဝင်သည်။ အချက် အလက် စုံလင်သည်။
၁၉၇၉ ခု ဖေဖော်ဝါရီလထုတ် ၁၄၅၂ ကြိမ်မြောက် မဟာတမန် တော်နေ့ အထိမ်းအမှတ် အစ္စလာမ်နေ့မြတ်စာစောင်တွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နှင့် အစ္စလာမ်သာသနာ ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါး တင်ပြသည်။ ကျမ်းမြတ်ကုရ်အာန်သည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ပါ လမ်းညွှန်သည်။ ပစ္စုပ္ပန်နှင့်အနာဂတ်သည် သိပ္ပံခေတ် ဖြစ်သည်။ ရှေ့သို့တိုးတက်နေသည်။ မလေ့လာလျှင် ခေတ်နောက်ပြန်ဆွဲ သာသနာ ဖြစ်မည်။ သာသနာ့အမှန်တရားကို တိတိကျကျဖော်လှစ်ရန် လိုလာသည်။ ကျယ်ဝန်းလှသည့် သာသနာကို ကျဉ်းကျဉ်းကြပ်ကြပ် ဖြစ်အောင် ပြုလုပ်လျှင် အနာဂတ်မှာ ရင်လေးဖွယ်ဖြစ်လာမည်ကို သတိ ပေးတင်ပြထားသည်။
အစ္စလာမ်စာစောင်တွင် သမိုင်းတစ်ကွေ့မှ တရားစီရင်မှုအချို့ ဆောင်းပါး ပါရှိသည်။ ရေစကြိုဇာတိ မြန်မာပညာရှိ ရန္တမိတ်ကျော်ထင် ဘွဲ့ခံ ခုံတော်ဦးမှိုင်း စီရင်ဆုံးဖြတ်ခဲ့သည့် အစ္စလာမ်သာသနာဝင်တို့နှင့် စပ်လျဉ်းသော တရားစီရင်မှုဖြတ်ထုံး ၂-ခုကို တင်ပြထားသည်။ ကုန်ရောင်းဝယ်မှုဆိုင်ရာ တရားစီရင်ဖြတ်ထုံးနှင့် လက်ရောက်မှု တရားစီရင်ဖြတ်ထုံးတို့ ဖြစ်သည်။ ကုန်ရောင်းဝယ်မှုဆိုင်ရာတရားသည် အစ္စလာမ်ဘာသာဝင် ငဗာဝါနှင့်ငဇိနတို့ အရောင်းအဝယ်ကိစ္စ အချင်း များမှုဖြစ်သည်။ လက်ရောက်မှုတရားသည် ကိုယ်ဝန်သည်မိကောင်းသာကို အီစမံတို့ သားအမိက ကိုယ်ထိလက်ရောက် ဆံပင်ဆွဲ ရိုက်ပုတ်သဖြင့် မိကောင်းသာ ကိုယ်ဝန်ပျက်ရသည့်အမှုဖြစ်သည်။ သက်ဆိုင်ရာဘာသာ တရားစီရင်မှုနှင့် သက်သေပြရန် မစီရင်သာလျှင် ကျမ်းကျိန်စစ်ဆေးသည့် ဓလေ့များကို သိရသည်။
၁၉၈၄-ခုထုတ် အစ္စလာမ်ဓမ္မဗိမာန် နှစ် ၂၀-မြောက် အထူးထုတ် စာစောင်တွင် ယခင်က ဓမ္မဗိမာန်၌ဟောကြားခဲ့သည့် ဟောကြားချက် သုံးရပ်အပြည့်အစုံကို တစ်ပေါင်းတည်း ပြန်လည်ဖော်ပြသည်။ ဟောကြား ချက် သုံးရပ်အနက် ပထမခေါင်းစဉ်သည် မြန်မာနိုင်ငံနှင့် အစ္စလာမ် သာသနာ ဖြစ်သည်။
မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၃၀ဝကျော်မှ စတင်ရောက်ရှိပုံ၊ တိုင်းပြည်တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ကြပုံ၊ သူကောင်းပြုခံခဲ့ကြရပုံများကို ဖော်ပြသည်။ အင်္ဂလန် နိုင်ငံ နှင်းဆီစစ်ပွဲမှ ကုန်းဘောင်ခေတ်နေဝင်ချိန်အထိ သမိုင်းကို ကမ္ဘာ့ သမိုင်းအထောက်အထား၊ မြန်မာ့သမိုင်းအကိုးအကားများဖြင့် ရှင်းပြထား သည်။ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များသည် လူမျိုးပေါင်းစုံမှ ရောနှောပေါက်ဖွားလာသော မျိုးဆက်ပွားများဖြစ်ကြောင်း နိဂုံးပြု ထားသည်။
ဒုတိယခေါင်းစဉ်သည် အစ္စလာမ်သာသနာနှင့် မြန်မာစာပေ ဖြစ်သည်။ တိုင်းရင်းမွတ်စလင်များသည် မိမိတို့သာသနာကို မြန်မာစာပေ ဖြင့် တိုးတက်အောင် ကြံဆောင်နိုင်ခဲ့သည်။ ဗဒုံမင်းတရားလက်ထက် စာဆိုတော် ရွှေတောင်သာဂသူ ဦးနု၏ ကြိုးပမ်းချက်များသည် ထင်ရှား သည့်သာဓကဖြစ်သည်။ စာဆိုသည် မင်းကြီးကိုပင် အစ္စလာမ့်အနှစ်သာရ များကို ဖော်ပြသည့် သံတော်ဦးတင်ကျမ်းဖြင့် သာသနာပြုခဲ့သည်ဟု ဖော်ပြသည်။
မင်းတုန်းမင်းတရားလက်ထက် မြတ်ဆုရလင်္ကာကျမ်းပြု ဟာဂျီမှန်၊ မြေထူးမြို့မှ သခင်ကြီးဦးရွှေတောင်၊ မှန်စီရွှေချဗလီကြီးလေးလုံးအကြောင်း ကို စပ်ဆိုသူ ဦးရွှေဖြူနှင့် ကျမ်းမြတ်ကုရ်အာန်ကို ပထမဆုံး ဘာသာပြန် ဆိုသူ ဦးကာလူတို့၏ မြန်မာမှုပြုစွမ်းအားကို ဖော်ပြသည်။ မြန်မာစာပေဖြင့် သာသနာပြုခဲ့သည်မှာ နှစ်ပေါင်း ၂၀ဝ ကျော်ခဲ့သော်လည်း မြန်မာစာပေ သမိုင်းတွင် နေရာပျောက်နေသည်။ နေရာမှန်ရရှိရန် ဝိုင်းဝန်းထိန်းသိမ်း ဖော်ထုတ်ကြရန် နိဂုံးတွင် နှိုးဆော်တင်ပြထားသည်။
တတိယခေါင်းစဉ်သည် အစ္စလာမ်သာသနာနှင့် သမိုင်းမှ မြန်မာ့ယဉ်ကျေးမှုဖြစ်သည်။ မြန်မာစာပေဖြင့် သာသနာပြုခြင်းကို ဆန့်ကျင်ရှုတ်ချထိုးနှက်ပုံများ တင်ပြထားသည်။ မြန်မာနိုင်ငံသည် သူ့ကျွန် ဘဝ ရောက်သည့်အခါ တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးခံရသည်။ သာသနာ ရေးတွင် အရှိန်အဝါအကြီးဆုံးပုဂ္ဂိုလ်က မြန်မာစာကို အလ္လာဟ် မနှစ်သက်၊ သာသနာဖျက်စာဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ အမှန်မှာ အိန္ဒိယယဉ်ကျေးမှု ထူထောင်ရေး၊ အိန္ဒိယဩဇာလွှမ်းမိုးရေး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး အရ တိုင်းတစ်ပါးသားတို့ အမြတ်ထုတ်ခြင်းဖြစ်သည်။ မြန်မာမွတ်စလင်တို့ များစွာနစ်နာခဲ့ကြရသည်။
၁၉၂၉-ခုနှစ် ပဲခူးမြို့တွင်ကျင်းပသော ပညာရေးကွန်ဖရင့်၌ မြန်မာ စာပေ အဓိကထားရန် ကြိုးပမ်းသော တိုင်းရင်းသားခေါင်းဆောင်များ ပေါ်ပေါက်ခဲ့သည်။ နိုင်ငံတစ်လွှား ဂယက်ကြီးစွာ ရိုက်ခတ်စေခဲ့သည်။ သတင်းစာများကပင် ထောက်ခံရေးသားကြသည်။ တိုင်းရင်းသား ခေါင်းဆောင်များက သာသနာရေးကို မည်သည့်ယဉ်ကျေးမှုအောက်မျှ အရောက်မခံနိုင်ကြောင်း ဖော်ထုတ်ပြောဆိုစည်းရုံးကြသည်။
ယခုသော် ပြောင်မြောက်ခဲ့သည့် အတိတ်ကသမိုင်းကြောင်းကို ပြန်လျှောက်နေကြသည်။ ကျမ်းတော်မြတ်ကုရ်အာန်ကို မြန်မာဘာသာ ပြန်ဆိုပြီးစီးခဲ့သည်။ အစ္စလာမ်သာသနာကို မြန်မာစာပေနှင့်ဆက်နွယ်ပေး သည့် ကလောင်သစ်များ တိုးတက်လာနေသည်ဟု တင်ပြသည်။ နိဂုံးတွင် အတိတ်က ဖြစ်ရပ်များမှ သင်ခန်းစာယူကြရန် ပြဿနာများ ရှိနေသေး ကြောင်း သတိပြုကြရန် နှိုးဆော်တင်ပြထားသည်။
၁၉၈၇-ခုထုတ် မိုးစင်ကြယ်မဂ္ဂဇင်းတွင် အနာဂတ်စာဆိုသမိုင်း တို့မှာပါစေချင်သည် ဆောင်းပါးပါရှိသည်။ ပုဂံခေတ်မှကုန်းဘောင်ခေတ် ဒုတိယပိုင်းအထိ မြန်မာစာပေသမိုင်းအကျဉ်းချုပ်ကို တင်ပြသည်။ ပြီးမှ မြန်မာစာပေသမိုင်းတွင် မှတ်တမ်းတင်ခြင်းမခံရသေးသည့် ဗဒုံမင်းတရား ကြီးလက်ထက် စာဆိုကြီးရွှေတောင်သာဂသူဦးနု၊ မင်းတုန်းမင်းတရားကြီး လက်ထက် မြတ်ဆုရလင်္ကာစာဆို ဟာဂျီမှန်၊ သီပေါမင်းတရားလက်ထက် မြေထူးမြို့ရှိ ဂိုဏ်းသခင်ကြီး ဦးရွှေတောင်စသည့် တိုင်းရင်းမွတ်စလင် စာဆိုကြီးများကို ဖော်ထုတ်တင်ပြသည်။ နောင်ပြုစုမည့် မြန်မာစာပေသမိုင်း တွင် ယခင်က ကျန်နေသေးသည့် အဆိုပါစာဆိုကြီးများအကြောင်း ပါစေ ချင်သည်ဟု စေတနာဆန္ဒ တင်ပြထားသည်။
၁၉၉၂-ခု မေလထုတ် မိုးသောက်ကြယ်မဂ္ဂဇင်းတွင် ဒိုးပတ်ဆရာ ကြီး စိန်ဒေါ်လာ ခေါ် ဦးအပ္ပဒွလ္လာ ဆောင်းပါး ပါရှိသည်။ ဦးစွာ မြန်မာ့ ဒိုးပတ်ဝိုင်းအကြောင်း ရှင်းပြသည်။ ဆက်လက်ပြီး ကောလင်းမြို့မှ နာမည်ကြီး ဒိုးပတ်ဆရာကြီး စိန်ဒေါ်လာ ခေါ် ဦးအပ္ပဒွလ္လာကို ဘက်စုံ ထူးချွန်သည့် အနုပညာရှင်ကြီးအဖြစ် ဖော်ကျူးထားသည်။ စိန်ဒေါ်လာကို ဆိုင်းမှာတော့ စိန်ဗေဒါ၊ ဒိုးပတ်မှာတော့ စိန်ဒေါ်လာ ဟု ပြောစမှတ် ပြုကြရသည့် အနုပညာရှင်ကြီးဖြစ်ကြောင်း တင်ပြသည်။
၁၉၉၅-ခု မိုးသောက်ကြယ်မဂ္ဂဇင်းတွင် ဦးရွှေယွန်း(မြိတ်)နှင့် စာပေရေစီးကြောင်း ကိုဖော်ပြသည်။ မန္တလေးခေတ် မြိတ်မြို့ ကံကောင်းရပ် သူကြီးရိုးမှ ဆင်းသက်လာသော ဥပဒေပညာရှင်ကြီး ဦးရွှေယွန်း၏ဘဝနှင့် စာပေအကြောင်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးပြုသည့် တိုင်းရင်း မွတ်စလင် ဥပဒေကျမ်းပြုပညာကျော်အဖြစ် လေ့လာတင်ပြထားသည်။
ဆရာသည် စာပေသမိုင်းဆိုင်ရာ သုတရဖွယ်ဆောင်းပါးများသာမက ဝတ္ထုရှည်ရေး၍ ရသစာပေဖန်တီးမှု ပြုခဲ့ပါသည်။ ၁၉၉၄-ခု လပြည်ဝန်း စာစောင်တွင် ခွင့်လွှတ်ပါ မလေးနွယ် အခန်းဆက်ဝတ္ထုရှည်ပါရှိသည်။ ဝတ္ထုတွင် ၁၉၃၆-၄၆ ကာလ ကောလင်းမြို့နှင့် မန္တလေးမြို့တစ်ဝိုက်ကို ကာလဒေသနောက်ခံအဖြစ် ရေးဖွဲ့သည်။ ခေတ်ယဉ်ကျေးမှုလွှမ်းမိုးမှု၊ ပတ်ဝန်းကျင်ဂယက်ရိုက်မှုကြား လှုပ်ရှားနေရရှာသော ဇာတ်ဆောင်နှင့် သူငယ်ချင်းများ၏ လူငယ်ဘာဝဇာတ်လမ်းဖြစ်သည်။ ချစ်ရ လွမ်းရ တမ်းတ ရသူတို့ လွမ်းမောဖွယ်ဘဝကို ခံစားရင်း လောကအမြင်ရစေသည့်ဝတ္ထု ဖြစ်သည်။ (ဆက်ရန်ရှိသော ဇာတ်လမ်းများဖြင့် လုံးချင်းထုတ်ရန် ရည်ရွယ် သည်ဟု သိရသည်။)
၁၉၉၆-ခုနှစ်တွင်ထုတ်ဝေသော အစ္စလာမ်ဓမ္မဗိမာန် နှစ် ၃၀ ပြည့် အထူးထုတ်စာစောင် အတ္ထုပ္ပတ္တိကဏ္ဍတွင် ပသီကိုလေးသိသော သီရိ ကိုလေးအကြောင်း တင်ပြသည်။ အမျိုးသားရေး၊ သာသနာ့အရေး၊ ရပ်ရေးရွာရေးနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် သီရိဦးကိုလေးအကြောင်း ဖြစ်သည်။ ၁၉၅၁-ခု စတင်တွေ့ဆုံသည်မှ ၁၉၈၀ ပြည့်နှစ် မန္တလေးမြို့ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးဇောတိက ပျံလွန်တော်မူသည့်ကာလအထိ အောက်မေ့တသဖွယ်များကို ထုတ်ဖော်ထားသည်။ ကျွန်တော်နှင့် သီရိ ကိုလေး စတင်တွေ့ကြခြင်း၊ ဗမကနှင့်နိုင်ငံရေး၊ ဟိန္ဒူစတန်နီစကား၊ အူရဒူစာပေနှင့် မြန်မာစာပေ၊ သူနှင့်ကျွန်တော် လမ်းခွဲကြရသည်၊ ပြန်လည် ဆုံကြရသည်၊ အစ္စလာမ်ဓမ္မဗိမာန်နှင့် သီရိကိုလေး၊ သူသည် အနုပညာ သမား၊ သူသည် တရားဟောဆရာ မလုပ်၊ ရတုဆရာ ကဗျာဆရာ သီရိကိုလေးမှ ပသီကိုလေးသို့ နောက်ဆုံးပေးစာဟူ၍ ခေါင်းစဉ်ငယ်များ ကန့်ကာ လွမ်းဆွတ်တသ သတိရဖွယ် တင်ပြထားသည်။ သီရိကိုလေး၏ ပုံရိပ်လွှာ ပေါ်လွင်စေသည်။
ဆရာသည် မြန်မာနိုင်ငံနှင့်အစ္စလာမ်သာသနာ သမိုင်းကျမ်းကို စာကူးစက်ဖြင့် မိတ္တူပွားဖြန့်ဝေသည်။ အကြံပြုဝေဖန်ချက် တောင်းသည်။ ကျမ်းတွင် (၁) ရှေးဦးမြန်မာနိုင်ငံ
(၂) အရင်းရှင်ခေတ်ဦး မြန်မာနိုင်ငံ
(၃) ကိုလိုနီခေတ် မြန်မာနိုင်ငံ
(၄) ဒုတိယကမ္ဘာစစ်ပြီးခေတ်ဟူ၍ အခန်း ၄ ခန်း ပါဝင်သည်။
အခန်း(၁)တွင် မြန်မာနိုင်ငံ ပထဝီအနေအထား၊ မြန်မာနိုင်ငံ လူ့ အဆက်အနွယ်များဟူ၍ ခေါင်းစဉ်ငယ် ၂-ခု၊ စာ ၆-မျက်နှာပါဝင်သည်။
အခန်း(၂)တွင် ဥရောပတိုက်သားတို့ရောက်ရှိလာခြင်းမှ မြန်မာ ဘုရင်များခေတ် မြှောက်စားခံရသည့် ပသီများအထိ ခေါင်းစဉ်ငယ် ၇-ခု၊ စာ ၃၃-မျက်နှာ ပါဝင်သည်။
အခန်း(၃)တွင် ကျူးကျော်ရန်စခဲ့သည့် နယ်ချဲ့သမားများမှ ဂျပန် ပေးသည့်လွတ်လပ်ရေးအထိ ခေါင်းစဉ်ငယ် ၂၅-ခု၊ စာ ၁၀၃-မျက်နှာ ပါဝင်သည်။
အခန်း(၄)တွင် လွတ်လပ်ရေးကြိုးပမ်းမှုမှ အဖွဲ့အစည်းများ ဖျက်သိမ်း ကြခြင်းအထိ ခေါင်းစဉ်ငယ် ၃၈-ခု၊ စာ ၁၉၇-မျက်နှာ ပါဝင်သည်။
အခန်း၄-ခန်းတွင် ခေါင်းစဉ်ငယ်ပေါင်း ၇၂-ခု၊ စာမျက်နှာပေါင်း ၃၃၉-မျက်နှာ ပါဝင်သည်။ နောက်ဆက်တွဲ က မှ စ အထိ ၆ မျိုး ဖော်ပြသည်။
နောက်ဆက်တွဲ(က)သည် ၁၉၃၅ ခု ဧပြီလထုတ် မြန်မာ့အလင်း နှစ်သစ်မင်္ဂလာသတင်းစာလာ အမတ်မင်းဦးဘိုးခိုင်ရေးသည့် မြန်မာ မွတ်စလင် ဆောင်းပါး။
နောက်ဆက်တွဲ(ခ)သည် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့သည့် ဗမာ မွတ်စလင်များနှင့် ကျဆုံးခဲ့သည် ဗမာမွတ်စလင်များ အမည်စာရင်း။
နောက်ဆက်တွဲ(ဂ)သည် ဗမာမွတ်စလင် အမျိုးသမီးလှုပ်ရှားမှု သမိုင်း။
နောက်ဆက်တွဲ(ဃ)သည် ဦးဟာရွန် ြ.ဗ ရေး ဇေဒဘာဒီတို့၏ ပြဿနာကိစ္စရပ်။
နောက်ဆက်တွဲ(င)သည် နဂါးနီတိုက်ထုတ် ကုလားဗမာတိုက်ပွဲ။
နောက်ဆက်တွဲ(စ)သည် ပေါ်ပေါက်ခဲ့ဖူးသည့် မွတ်စလင်တို့နှင့် ပတ်သက်သည့် သီချင်းများ ဖြစ်သည်။
နောက်ဆက်တွဲ (က)မှ(စ)အထိ စုစုပေါင်း စာမျက်နှာ-၅၀ ပါဝင်သည်။
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာကျမ်းသည် သမိုင်းကျမ်းဖြစ်သည် နှင့်အညီ အချက်အလက် အားပြုသည်။ အထောက်အထားများ၊ ကျမ်းကိုး များအဖြစ် မှန်နန်းရာဇဝင်၊ ကုန်းဘောင်ဇာတ် မဟာရာဇဝင်၊ ပုသိမ် ရာဇဝင်၊ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ ဦးဘသန်း၊ ဦးကြည်၊ မစ္စတာ ကောက်၊ မစ္စတာ ဟာဗေး စသူတို့၏ ရာဇဝင်ကျမ်းများ၊ ပါတီဌာနချုပ် ထုတ် စာအုပ်စာတမ်းများ၊ အသင်းအဖွဲ့မှတ်တမ်းများကို သက်ဆိုင်ရာကဏ္ဍ တိုင်းတွင် ကိုးကားဖော်ပြသည်။
တိုင်းရင်းမွတ်စလင်ကဏ္ဍတွင် မြန်မာအရဗီသိပ္ပံကျောင်း ဆရာကြီး ခွာတို့ မြန်မာနိုင်ငံတစ်ဝိုက်မှ အဆက်ဆက်စုဆောင်းခဲ့သည့် သမိုင်း အမွေ အနှစ်များနှင့် အမတ်မင်းဦးဘိုးခိုင်ထံမှ ပေးပို့သော အထောက်အထားများ ဖြင့် စီစဉ်ပြုစုထားသည့် ဆရာချယ်၏ ဗမာမွတ်စလင်တို့၏ ရှေး ဟောင်း အတ္ထုပ္ပတ္တိ၊ နှင့် အစုအဆောင်း အလေ့အလာ ဝါသနာကြီးသည့် ရာဇဝင်သုတေသီ ဦးဘဦး၏ ရွှေမန်းနှစ်တစ်ရာပြည့် ဗမာမွတ်စလင် တို့၏ အတ္ထုပ္ပတ္တိ လာ အချက်များကို အားဖြည့်ထားသည်။
အထူးသဖြင့် ကိုယ်တိုင်ပါဝင် ကပြအသုံးတော်ခံခဲ့သည့်အပိုင်း ဖြစ်သည့် အခန်း ၃၊ ကိုလိုနီခေတ်နှင့် အခန်း ၄၊ ဒုတိယကမ္ဘာစစ်ပြီးခေတ် တို့ကို ဖော်ကျူးရာ၌ ပိုမိုမြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။ ယခင်ကျမ်းများထက် စုံလင်သည်။ စုစုစည်းစည်း ရှိသည်။ ကျမ်းပြုသည် အချို့သူတို့ အကြောင်း ကြောင်းကြောင့် ချန်ခဲ့သည်များကို ဤကျမ်းတွင် ဖော်ထုတ်ထားသည်။ သမိုင်းဖြစ်ရပ်များစွာကို ပကတိအတိုင်း သိခွင့်ရသည်။ တစ်ဖက်သတ်အမြင် များကို ကျော်လွှားနိုင်သည့်အတွက် ကျေးဇူးကြီးလှသည်။
ကျမ်းပြုသည် သက်ဆိုင်ရာကဏ္ဍများတွင် သဝဏ်လွှာများ၊ မိန့်ခွန်း များ၊ ဆွေးနွေးချက်များ၊ အဆိုများ၊ ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များ ကို မူရင်းအတိုင်း အပြည့်အစုံထည့်သွင်း ဖော်ပြလေ့ရှိသဖြင့် ကျမ်းလေး နေသည်။ ရှားပါးလက်ရာကို အလွယ်တကူဖတ်ခွင့်ရသဖြင့် ကျေးဇူးများလှ သော်လည်း စာပေအကိုးများ၊ သာဓကအားဖြင့် ဗဒုံမင်းလက်ထက် စာဆို ဦးနု၏ ခရီးသွားမှတ်တမ်းကို အစအဆုံး ထည့်သွင်းတင်ပြခြင်းသည် ပြောလက်စအကြောင်းကို အာရုံလျော့သွားစေနိုင်သည်။
ဦးနုထက်စောသော ဇေယျရန်ကင်း ဦးတုံးဖြူနှင့် မန္တလေး ခေတ်ပေါ် နေမျိုးရဲတင် ရန်အောင် စသည့် စာဆိုစစ်သည်များနှင့် အလားတူ တိုင်းရင်းစာဆိုများကို နေရာပေးဖော်ထုတ်နိုင်ပါက အတိုင်း ထက်အလွန်ဟု တွေးမိပါသည်။ ကျမ်းပြု၏နိဒါန်းတွင်-
]]မည်သို့ပင်ဆိုစေ ဗမာနိုင်ငံတွင်ရှိနေကြသည့် ပသီများ (ဝါ) ဗမာမွတ်စလင်များ၏ရေးရာများနှင့် ပတ်သက်ပြီး သမိုင်း မှတ်တမ်းဟူ၍ သီးသီးခြားခြား ထိုက်ထိုက်တန်တန်ကို ရေးသား ပြုစုထားခြင်း မရှိသေးသဖြင့် အချိန်အခါ အခွင့်အရေး ရသမျှတွင် တတ်အားသရွေ့ ဗမာ့နိုင်ငံရေးနှင့် တွဲဖက် မှတ်တမ်း ပြုစုခြင်းသာဖြစ်ပါသည်။ နောင်သောအခါ အလားတူ သမိုင်းမျိုး ပြုစုမည့်ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့သော် ဤသမိုင်းစာအုပ်သည် အနည်းနှင့်အများ အထောက်အကူပြုနိုင်သည့်အပြင် ဤသမိုင်း ပါ ချို့ယွင်းမှုများကို ပြင်ဆင်မွမ်းမံ၍ အသစ် တွေ့ရှိချက်များဖြင့် ထပ်လောင်းပြုစုသူများ တစ်ယောက်မက အများအပြား ပေါ်ပေါက်လာရန် ဆန္ဒပြုတိုက်တွန်း အပ်ပါသည်။}}
ဟုဖော်ပြထားသည်။
ကျမ်းပြု၏စေတနာမွန်မြတ်ပါသည်။ ဗမာ့နိုင်ငံရေးသမိုင်းနှင့် ယှဉ်တွဲ ပါလာသည့် ဗမာမွတ်စလင်များ၏သမိုင်းကို ပေါ်လွင်ပါသည်။ နှောင်းခေတ် သုတေသီတို့အတွက် ကြီးစွာအထောက်အကူပြုသည်ဟု ဆိုရပါမည်။
ဆရာသည် အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ နာယကကြီးတစ်ဦးဖြစ်သည်။ ၁၉၉၉ခု၊ ဇူလိုင်လ ၂၅ရက်နေ့မှ ၃၀ရက် နေ့အထိ ရန်ကုန်မြို့တွင်လည်းကောင်း၊ ၂၀ဝဝြပည့်နှစ် ဧပြီလ ၃ ရက်နေ့ မှ ၉ ရက်နေ့အထိ မော်လမြိုင်မြို့တွင်လည်းကောင်း၊ အစ္စလာမ်သာသနာ ရေးရာကောင်စီက ကျင်းပသည့် အဆင့်မြင့်သင်တန်းများတွင် ပါဝင်ပို့ချ သည်။ ဆရာသည် သုတေသီတစ်ဦးပီသစွာ ခြေခြေမြစ်မြစ်ပို့ချပေးခဲ့ သည်။
အလားတူပင် ၂၀ဝဝြပည့်နှစ်၊ မေလ ၁၂ရက်နေ့မှ ၂၀ရက်နေ့အထိ မြစ်ကြီးနားမြို့တွင် ကျင်းပသော ၄၈-ကြိမ်မြောက် အန်ဆွာရီသင်တန်း တွင် လည်းကောင်း၊ ၂၀ဝဝြပည့်နှစ်၊ မေလ ၂၃ရက်မှ ၃၀ရက်နေ့အထိ ပြင်ဦးလွင်မြို့တွင်ကျင်းပသော ၄၉ ကြိမ်မြောက် အန်ဆွာရီသင်တန်းတွင် လည်းကောင်း အစ္စလာမ့်သမိုင်းဖြစ်စဉ်များကို အားကျဂုဏ်ယူဖွယ် သတိပြု ဆင်ခြင်ဖွယ်ပို့ချခဲ့သည်။
ဆရာ့ပို့ချမှုများတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်သည် ကြောင်း ကျိုးဆက်စပ်ဖြစ်တည်နေသည်။ သို့ဖြင့်ခေတ်အလျဉ်သည် တသွင်သွင် စီးဆင်းနေသည်။ မိမိတို့ခေတ်ကို မိမိတို့တည်ဆောက်နိုင်ရမည်ဟူသော ဘဝအသိကိုရရှိစေသည်။ ရွက်သစ်တွေ ဝေလာစေချင်သည်ဟူသော (ဘဝနေဝင်ဆည်းဆာအချိန်၏)စေတနာကို သိရှိခံစားလာစေသည်။
ထို့ကြောင့် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်က ဆရာ့ အဆိုအမိန့်များကို တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင် တို့အတွက် ခေါင်းစဉ်(၄)ရပ် အမည်ဖြင့် အစ္စလာမ်စာစဉ်အမှတ်၅၄ အဖြစ် ပုံနှိပ်ဖြန့်ချိဟန်တူသည်။
စာအုပ်ပထမပိုင်းတွင် တိုင်းရင်းသားနိုင်ငံသား အစ္စလာမ် သာသနာ ဝင်တို့အတွက် ခေါင်းစဉ်လေးရပ်ကို ဘယ်ကလာခဲ့ကြသလဲ၊ ဘယ်မှာ နေခဲ့ကြသလဲ၊ ဘာတွေလုပ်ခဲ့ကြသလဲ၊ ဘယ်ကိုသွားကြမှာလဲ ဟူသော ခေါင်းစဉ်လေးရပ်ဖြစ်သည်။ ဒုတိယပိုင်းတိုင် မြန်မာနိုင်ငံနှင့် အစ္စလာမ်သနာခေါင်းစဉ်ဖြင့် သမိုင်းဖြစ်စဉ် အကျဉ်းချုပ်ကို ဖော်ထုတ် သည်။ နောက်ဆုံးပိုင်းတွင် သင်တန်းပို့ချသည့် အကြောင်းရပ်များအတွက် အထောက်အကူဖြစ်စေမည့် အကိုးအကားများ မှတ်စုများဖော်ညွှန်းသည်။ ကျမ်းကိုးကျမ်းကား ခိုင်ခိုင်မာမာ စုံစုံလင်လင်ညွှန်းဆိုထားသည်။ မွတ်စလင်ပီသရေး တိုင်းရင်းသားပီသရေး အတွက် ကိုယ်တိုင် အလေး ထား လေ့လာရန်လိုအပ်ရုံမျှမက အဆင့်ဆင့်လက်ဆင့်ကမ်းထိုက်သည့် လက်ရာစုဖြစ်ပါသည်။
စာရေးဆရာ သမိုင်းသုတေသီကြီး ဆရာသည် ၂၀ဝ၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အလ္လာဟ်အရှင့်အမိန့်တော် ခံယူခဲ့သည်။ အမျိုးသားအကျိုးစီးပွားကို အသက်ထက်ဆုံး စွမ်းဆောင်သူအဖြစ် ဂုဏ်ပြု ထိုက်သဖြင့် ၂၀ဝ၁ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် ပသီကိုကိုလေး အထိမ်းအမှတ်ကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။ ကော်မတီက သာကေတမြို့ လယ်ရွာ အစ္စလာမ့်ဥယျာဉ်တွင် အထိမ်းအမှတ်ကျောက်စာ ကမ္ဗည်းမော်ကွန်း ရေးထိုးစိုက်ထူခဲ့သည်။ ဆရာကား ကွယ်လွန်ခဲ့ပါပြီ။ မြဲသောဌာနေသို့ ြွကမြန်းခဲ့ပါပြီ။
ပသီမျိုးရိုး၊ မနွမ်းမညှိုး
အဓွန့်ရှည်မည် ငါဆိုသည်
ဟူသော ဆရာ့၏ရင်တွင်းဖြစ်စကားကား နှောင်းလူတို့၏ နှလုံးသားတွင် ကျောက်ထက်အက္ခရာပမာ စွဲလျက်သာ ရှိရစ်မည်ဖြစ်ပါသည်။
ပါမောက္ခ ဒေါက်တာ အောင်ဇော်
(နာယက-အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်)
ပသီ ဦးကိုကိုလေး ရေးသားသော စာအုပ်များ အောက်ပါ လင့်တွင် ဖတ်ရှု/Downloadနိုင်ပါသည်။
မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ
http://iracmyanmar.org/2012-12-04…/304-2015-02-13-21-23-38
တိုင်းရင်သား နိုင်ငံသား အစ္စလာမ်သာသနာ၀င်တို့အတွက် ခေါင်းစဉ်(၄)ရပ်