Israel’s 2026 plan to relocate approximately 6,000 Bnei Menashe members from Northeast India (Manipur and Mizoram) by 2030 is driven by a combination of religious, demographic, and strategic motivations. Known as “Operation Wings of Dawn,” the initiative was approved by Prime Minister Benjamin Netanyahu’s cabinet in November 2025 as a “Zionist decision” to fulfill the community’s ancestral dream of returning to Israel.
The primary reasons cited for the relocation include:
- Demographic Engineering: The Israeli government aims to strengthen and repopulate the Galilee region in northern Israel, which has seen significant displacement and security tensions.
- Labour Shortages: The move follows labour shortages exacerbated by the conflict since October2023, which limited Palestinian labour and increased reliance on immigrant workers.
- Security & Militancy: Many Bnei Menashe have shown strong commitment to Israeli defense; for instance, over 200 community members reportedly joined the IDF to fight following recent conflicts.
- Family Reunification: The plan intends to reunite families split by previous smaller waves of immigration over the last three decades.
- Relief from Local Conflict: The community in India has faced significant ethnic violence and displacement in states like Manipur, prompting a more urgent push for relocation.
- Target Population
~6,000 members (primarily from Manipur and Mizoram) - Timeline
1,200 annually starting in 2026, with completion by 2030 - Budget
~90 million shekels ($27–30 million) - Requirements
Formal Orthodox conversion to obtain full citizenship - Settlement Areas
Nof HaGalil and other northern frontier towns
Myanmar Muslims News Network
onotrSpdser812r5muaa42by6a1uhh1043t66 89h19eFh7058ag1mlut046 ·
ချင်း-မီဇို တွေဟာ အစ္စရေးက ပျောက်ဆုံးသွားတဲ့ ဂျူးမျိုးနွယ်တွေလား ၊ ဗမာတွေကယေား သာကီဝင် မျိုးနွယ်တွေလား
—-
၂၀၀၅ ခုနှစ်ဝန်းကျင်က New York Times သတင်းစာမှာ ခရစ်ယန် နဲ့ ဂျုး ဘာသာ သမာကျမ်း ထဲက ယုံတမ်းစကားတွေ အရ အစ္စရေးကန ပျောက်ဆုံးသွားတဲ့ မျိုးနွယ်စုတစ်ခုကို အိန္ဒိယနိုင်ငံ၊ မိဇိုရမ်းပြည်နယ်မှာ ပြန်တွေ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖော်ပြခဲ့တာတွ့ရပါတယ် ။၂၀၂၁ ခုနစ်လောက်မှာတော့ Glimpses of ‘Lost Tribe’ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ထပ်ဖတ်လိုက်ရပါတယ် ။ချင်း -မီဇို လူမျိုးစုတွေကို ဆိုလိုတာပါ။ ဒါတွေကို ချင်းတွေကလည်း သူတို့ဟာ တကယ်ပဲ ဂျူးတွေ အော်ကြသလို Chosen people ထည်းပါတယ်လို့ပဲ ယုံကြည်ကြပုံရပါတယ်။ ဒီယူဆချက်ဟာ ၁၉၅၁ ခုနှစ်မှာ မိဇိုရမ်းက ခရစ်ယာန်သာသနာပြု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Challianthanga ရဲ့ အိပ်မက်ကနေ စတင်ခဲ့တာလို့သိရပါတယ်။ သူက သူတို့ရဲ့ ဘိုးဘေးတွေဟာ အစ္စရေးကဖြစ်ပြီး မူလနေရပ်ကို ပြန်ရမယ်လို့ အိပ်မက်မြင်မက်ခဲ့ရာကနေ ဒီလှုပ်ရှားမှု စတင်ခဲ့တာလို့ သိရပါတယ်။
တကယ်တော့ နယ်ချဲ့ အင်္ဂလိပ်တွေရဲ့ လက်ချက်လို့ ဆိုရမှာပါ။ ကိုလိုနီခေတ်က ဗြိတိသျှတွေဟာ ဒေသန္တရ နယ်မြေတွေကို သူတို့စိတ်ကြိုက် နာမည်တွေ ပြောင်းခဲ့ကြပါတယ် ဥပမာ- ချင်းတောင်တန်းက တောင်တစ်ခုကို ဝိတိုရိယဘုရင်မ အမည်ပေးခဲ့တယ်၊ မိဇိုရမ်းမြို့တော် အိုက်ဇောက ခရစ်ယာန်ကျောင်းတွေကိုလည်း ယုံတမ်းပုံပြင်တွေထည်းက ဂျူးဘုရင် ဆော်လမွန်ရဲ့ အမည်တွေ ပေးခဲ့ကြတာ တွေ့ရပါတယ် ။ တကယ်လို့ ချင်းတွေဟာ ဂျူးမျိုးဆက်ဖြစ်တယ်ဆိုရင် မျိုးရိုးဗိဇ အရ အာရှ ရုပ်ပေါက်နေရမဲ့အစား အဖြူ ရုပ်ပေါက်နေသင့်တာပါ။ဒေသ ရာသီဥတု အနေကြာတာကြောင့် ဒါမှမဟုတ် သေဒခံတွေနဲ့ သွေးယေားခဲ့ လို့ ရုပ်ပြောင်းသွားကြတယ်လို့ အကြောင်းပြမယ်ဆိုရင် တရုတ်တွေ ကိုကြည့်ပါ အိန္ဒီယားတွေကိုကြည့်ပါ..ဘယ်မှာနေနေ ဘယ်လောက်ကြာကြာ သူတို့ လက္ခဏဟာ ပျောက်မသွားပါဖူး။ DNA စစ်ဆေးချက် အရ ၂၀၀၅ ခုနှစ် ဝန်းကျင်က လုပ်ခဲ့တဲ့ မျိုးဗီဇ (DNA) စစ်ဆေးမှုတွေအရ အမျိုးသားဘက်က ဆင်းသက်တဲ့ (Y-chromosome) မှာ အရှေ့အလယ်ပိုင်း (Middle East) မျိုးဗီဇ မတွေ့ရှိရဘဲ အရှေ့အာရှ (East Asia) မျိုးဗီဇကိုသာ တွေ့ရတယ်လို့ သိရပါတယ်။ ကျွန်တော် Racist မဟုတ်ပါ တိုက်ဆိုင်လို့ ရှင်းပြရခြင်းသာ ဖြစ်ပါတယ်..ချင်းတွေဟာ ဂျူး နွယ်တွေပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လူလူချင်းအတူတူ လို့ပဲ မြင်ပါတယ်။
အင်္ဂလိပ်တွေက ထင်ရောင်ထင်မှား ဖြစ်အောင် တောင် တွေ ချပ်စ် ကျောင်းတွေ ကို သူတို့ နာမည်တွေ ပေးသွားခဲ့တာဟာ မြန်မာပြည်က စေတီပုထိုးတွေကို ဘွဲ့အမည်တွေ ပေးတဲ့ ဓလေ့နဲ့ ခတ်ဆင်ဆင်တူနေတာ သွားတွေ့ရပါတယ် ။
ဗုဒ္ဓ ဟာ လုံပဏီ၊ ရာဇဂြို၊ စာရ်နတ်၊ ဂါယာ၊ ဗာရာဏသီ ၊ ဂင်းဂါ မြစ်၊ နလံဒါ ၊ ဥယုဝေလ နဲ့ ကုသေနာ ဆိုတဲ့ အိန္ဒိယမြောက်ပိုင်းနဲ့ နီပေါတောင်ပိုင်း၊ မိုင် သုံးလေးရာ ဝန်းကျင်အတွင်းမှာပဲ လှည့်လည်တရားဟောခဲ့တာဖြစ်ပါတယ် ။ အခု ပါကစ္စတန်နိုင်ငံထဲက တက္ကသီလာမြို့အထိတောင် မရောက်ခဲ့ပါဖူး ။ မြန်မာပြည်ကို ရောက်ခဲ့တယ်ဆိုတာ ဘာအထောက်အထား ဘာသက်သေမှ မရှိပါဖူး။ ရှိတဲ့လို့ပြောနေတာတွေကလည်း ခိုင်မာတဲ့အထောက်အထားမဟုတ်ပါဖူး ပုံပြင်ဆန်ဆန် နားထောင်ကောင်းအောင် ပြေားတဲ့အဆင့် ပါ။ ဒါကို မြန်မာတွေက သူတို့ဟာ သာကီဝင်မျိုးနွယ်တွေ ပါ ပြောနေကြတာဟာ သမိုင်းကို မရမက အတင်းကြီး ဆွေမျိုး လိုက်စပ်နေသလိုပါပဲ ။
ဒီဘာသာရေး အယူသည်းမှုတွေရဲ့ နောက်တဆင့်မှာ ဘာတွေဖြစ်လာလည်း ဆိုတော့ သမိုင်းကြောင်းတွေကို သူတို့လိုသလို ပုံဖော်လာကြပါတယ် နောက် အမုန်းတရား တွေ ဘာသာရေးစစ်ပွဲတွေကို ဆက်တိုက်ဖန်တီးလာကြပါတယ် ။ ဥပမာ- ဂျူးတွေရဲ့ တိုရာ (Torah) ကျမ်းစာပါ အာမလက် (Amalek) ဇာတ်လမ်းမှာ ရန်သူရဲ့ တိရစ္ဆာန်တွေကအစ သတ်ဖြတ်ဖို့ ထိ ပေါ်တင် တိုက်တွန်းထားတာမျိုးတွေ ရှိသလို၊ ဇိုင်ယွန်ဝါဒီတွေနဲ့ ခရစ်ယာန်အစွန်းရောက် အချို့ဟာလည်း သူတို့ ဘုရားသခင်ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး နယ်မြေသိမ်းပိုက်တာတွေကို လုပ်ခဲ့ကြတာ တွေ့ရပါတယ်။ကိုလိုနီခေတ်က သာသနာပြုအချို့ဆိုရင် ကရင်တိုင်းရင်းသားတွေကြားထဲမှာ ပျောက်ဆုံးနေတဲ့ ကျမ်းစာအုပ် မင်းတို့ဆီကို ဘုရားသခင် ပို့ခိုင်းတာ ဆိုတဲ့ ပုံပြင်တွေသုံးပြီး တခြားတိုင်းရင်းသားတွေ နဲ့ သွေးခွဲခဲ့တာ၊ သာသနာဖျန့် ခဲ့တာ ၊ လက်နက်တပ်ဆင်ပေးတာမျိုးတွေထိ လုပ်ခဲ့ကြတွေ့ရပါတယ်။ဒါတွေဟာ တိုင်းရင်းသားအချင်းချင်း ကြား ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းတွေထည်းက တစ်ခုဖြစ်ခဲ့ရပါတယ်။
ဒီနေ့ခေတ်မှာ ဘာသာရေး ကို အသုံးချပြီး ကိုယ်ကျိုးရှာတာ၊ အမုန်းတရားတွေ ဖန်တီးတာဟာ ဘာသာတရားရဲ့ တန်ဖိုးကို ပျက်စီးစေပါတယ်။ တကယ်တော့ ဘာသာတရားတိုင်းရဲ့ အနှစ်သာရဟာ အဓိက သုံးမျိုးပဲ ရှိပါတယ် ။ တစ်ဦးနဲ့တစ်ဦး မေတ္တာ ထားဖို့။ လူသားအချင်းချင်းသာမက သတ္တဝါတွေအပေါ်ပါ ကြင်နာ ဖို့ နဲ့ တရားမျှတပြီး လက်တွေ့ကျတဲ့ ဆင်ခြင်တုံတရား နဲ့ နေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင်…
ကျွန်တော်တို့ဟာ အတိတ်က ယုံတမ်းစကားတွေ ဒါမှမဟုတ် မှားယွင်းတဲ့ သမိုင်းအယူအဆတွေထဲမှာ ပိတ်မိနေမယ့်အစား၊ လက်ရှိမှာ တစ်ဦးကိုတစ်ဦး လေးစားချစ်ခင်ပြီး ငြိမ်းချမ်းတဲ့ လူ့ဘောင်တစ်ခုကို အတူတူ တည်ဆောက်သွားကြမယ် ဆိုရင် ကျွန်တော်တို့ရဲ့ ပူလောင်မူတွေ စိတ်ဆင်းရဲစရာတွေ နည်းသွားမှာတော့ သေချာ ပါတယ်။
Aung San Oo- MMNN
Myanmar Muslims News Network