Dr Ko Ko Gyi
I agree with the Shan Herald. In “The Peace That Isn’t” (October 18), Sai Wansai explains why China’s current approach to Myanmar cannot bring peace.
What the article says
On October 15, at the 11th anniversary of the Nationwide Ceasefire Agreement (NCA), Chinese Special Envoy Deng Xijun urged ethnic armed organizations to reach agreements with the junta in exchange for “self-administration.” He also spoke of a “shared future” and of peace as a prerequisite for development. It sounds reasonable, but Sai Wansai argues it rests on three weak assumptions:
- The military is permanent. Asking the EAOs to bargain with the junta gives the coup regime a veto over Myanmar’s future. It also accepts the military supremacy that triggered the 2021 Spring Revolution.
- Autonomy can be separated from democracy. Ethnic nationalities are asked to run their own townships while unelected generals still rule the country. Without constitutional guarantees, that autonomy lasts only as long as the military allows.
- Economic ties can replace political legitimacy. Talk of corridors and shared futures reflects Beijing’s real interests: border security, resources and project continuity, not what the people of Myanmar want.
The article also argues that the resistance no longer accepts this frame. The NUG wants the 2008 Constitution replaced, not a seat at the junta’s table. The Arakan Army has refused to be bought off with administrative concessions. And the PDFs, who emerged after the coup, have no trust in ceasefire ceremonies brokered by the junta’s chief patron.
History supports this. The 17-year Kachin ceasefire collapsed in 2011, and the KNU negotiated for decades before being bombed out of its headquarters. Ceasefires that leave power structures untouched produce pauses, not peace. The article concludes that lasting peace needs a federal democratic union, with the NUG, PDFs and civil disobedience movement treated as principals rather than obstacles. Otherwise, the region keeps paying through refugees, scam centres and instability.
My view
China has real influence over both the junta and the EROs. If it has genuine cetana (goodwill) toward Myanmar, it can use that influence to end the war rather than manage it. If Beijing wished, it could give the Wa and the Three Brotherhood Alliance a green light, and the military balance would shift dramatically, perhaps even to the point of threatening Naypyidaw within weeks.
A better path is to negotiate openly with the NUG, EROs, PDFs and the junta, so that China’s legitimate interests, including its Belt and Road projects and many other investments, are protected inside a settlement rather than by one side’s guns.
A model for how
A second article, by Dr. Ko Ko Gyi @ Abdul Rahman Zafrudin (“From Cambodian Parallels to a Myanmar Strategic Peace Roadmap”), points to the 1991 Paris Peace Agreements for Cambodia. Rival forces signed a deal witnessed by nineteen countries, including the US, China, Russia, Japan and ASEAN members. The UN deployed over 22,000 personnel to oversee the transition, factions were disarmed into one national army, and UN-supervised elections led to power-sharing. Cambodia has had peace for over thirty years since. The author notes real differences, especially on accountability and on whether Myanmar’s current military leadership has the courage Hun Sen showed, so we should not get carried away yet.
My ranking
The Shan Herald’s analysis is No. 1: it shows why a China-only, junta-centred deal cannot work. My suggestion is No. 2: China joining ASEAN, the UN and the US, with Japan, India and others, in one real peace deal. If China is willing, it can work with everyone and also benefit in the long term from a stable Myanmar.
Sources:
- “THE PEACE THAT ISN’T: Why Deng Xijun’s Myanmar Strategy Is a Dead End,” by Sai Wansai, Shan Herald Agency for News, October 18, 2026: https://english.shannews.org/archives/30381
- “From Cambodian Parallels to a Myanmar Strategic Peace Roadmap: A Vision for Inclusive Transition (Version 2.0),” Myanmar Muslims News Network, October 17, 2026: https://myanmarmuslim.news/en/2026/10/17/from-cambodian-parallels-to-a-myanmar-strategic-peace-roadmap-a-vision-for-inclusive-transition-version-2-0-%e1%80%a1%e1%80%99%e1%80%b1%e1%80%9b%e1%80%ad%e1%80%80%e1%80%94/
Hla Soewai
တရုတ်အထူးသံ တင်ရှီကျွင်း၏ ငြိမ်းချမ်းရေး အတုအယောင်နှင့် ရွာလည် နေသော မဟာဗျူဟာ
*****************
THE PEACE THAT ISN’T: Why Deng Xijun’s Myanmar Strategy Is a Dead End ဆိုသော ရှမ်း သံတော်ဆင့် သတင်း အေဂျင်စီ ဆောင်းပါး သည် ဘီဂျင်းအား မြန်မာပြည်သူတရပ်လုံး၏ သဘောထားကို ရှင်းလင်းစွာ ဖြင့် ထုတ် ဖေါ် ပြသ လိုက်ခြင်း ပင် ဖြစ်သည်။
တရုတ်အထူးသံတမန် တင်ရှီကျွင်းသည် အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ သံတမန်စကားများကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးနှုန်းပြောဆိုသွားခဲ့သည်။ “ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြှင့်တင်ပေးရေး”၊ “သင့်တော်လျောက်ပတ်သည့် သဘောတူညီချက်များ” နှင့် “အနာဂတ်ကို အတူတကွ မျှဝေခံစားမည့် အသိုက်အဝန်း” စသည့် စကားလုံးများကို သုံးနှုန်းခဲ့ရာ အပေါ်ယံကြည့်လျှင် ငြိမ်းချမ်းရေးအတွက် ယုတ္တိရှိပြီး လက်ခံနိုင်ဖွယ်ရှိသော ကမ်းလှမ်းချက်တခုကဲ့သို့ ထင်မှတ်ရသည်။
သို့သော်လည်း ယင်းသည် အနှစ်သာရအားဖြင့်မူ ပြဿနာကို ပြေလည်အောင် ဖြေရှင်းသည့် အသွင်ဖန်တီးထားပြီး မပြီးဆုံးနိုင်သော ပဋိပက္ခများကိုသာ ဆက်လက် ဖြစ်ပွားစေမည့် နည်းလမ်းတခု ဖြစ်နေသည်ကို တွေ့လာရသည်။
အကွဲကွဲ အပြားပြား ဖြစ်နေ သော နိုင်ငံထံ တင်ရှီကျွင်း ပေးပို့လိုက်သည့် သဝဏ်လွှာသည် စေ့စပ် ရင်ကြားစေ့ရေး အတွက် မဟုတ်။ ယင်းသည် အပေးအယူဆန်ဆန် စီးပွားတွက် တွက်ချက်လာသော သဘောတူညီချက်တခုသာ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စု ၏ နေပြည်တော် မှ အာဏာ ချုပ်ကိုင်ထားမှုကို လက်ခံရမည်ဖြစ်ပြီး၊ ထိုသို့ လက်ခံ သည့်အတွက် စစ်အုပ်စု က စွန့်ကြဲလာမည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အစအန အကြွင်းအကျန်များကို လိုက်လံ ကောက်ယူ လက်ခံရမည် ဟူ၍ဖြစ်သည်။
ဘီဂျင်းကမူ ယင်းသဘောတူညီချက်ကို အာမခံပေးမည်၊ ကုန်သွယ်ရေး စင်္ကြန် လမ်းများကို ကာကွယ်ပေးမည်ဖြစ်ပြီး ထိုအခြေအနေကို တည်ငြိမ်ရေးဟု အမည်တပ်လိမ့်မည်။ လွန်ခဲ့သော ၇၉ နှစ်တာ မြန်မာ့သမိုင်းကို အလေးထား စောင့်ကြည့်ခဲ့ဖူးသူ မည်သူမဆို ယခုကမ်းလှမ်းချက်၏ အနှစ်သာရကို အထင်အရှား သိမြင်နိုင်ပေသည် – ယင်းသည် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သမျှ လုံးဝ မအောင်မြင်ခဲ့ သော မဲပြာပုဆိုး ဟောင်းကြီးကိုပင် နောက်တကြိမ် ထပ်မံ ထုတ်ပြ လိုက်ခြင်းသာ ဖြစ်သည်။
တင်ရှီကျွင်း ဘာတွေ ဈေးဗန်း ခင်းနေပေသနည်း
သံတမန်ရေးရာ အလှဆင်စကားများကို ခွာချကြည့်လိုက်ပါက တင်ရှီကျွင်း၏ မိန့်ခွန်းသည် အချက် သုံးချက်အပေါ် အခြေခံထားသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း ပေါ်လွင်နေပြီး၊ အဆိုပါ အချက်တခုချင်းစီသည် တခုထက်တခု ပိုမိုယုံကြည်ရခက်ခဲလှသည်။
ပထမအချက်မှာ စစ်တပ် အာဏာဆုပ်ကိုင်ထားခြင်းသည် ဖြေရှင်းရမည့် ပြဿနာတခု မဟုတ်ဘဲ ၎င်းတို့ နှင့်အလိုက်သင့် ပေါင်းသင်းဆက်ဆံရမည့် အမြဲတမ်း တည်ရှိနေသော အရာ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စစ်အုပ်စု နှင့် ညှိနှိုင်းကြရန် တိုက်တွန်းခြင်းအားဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် စစ်အုပ်စု လုပ်ချင်သလို ဖန်တီးနိုင်ခွင့် တချက်လွှတ် အာဏာကို ပေးအပ်လိုက်ခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကို စတင်မီးမွှေးပေးခဲ့သော စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်ထားလို မှုကိုပင် သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံအတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဒီမိုကရေစီနှင့် လားလားမျှ မဆိုင်ဟု ယူဆထားခြင်း ဖြစ်သည်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် မည်သည့် တောင်းဆိုချက်မျှ မပါရှိဘဲ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ရရှိရေးကိုသာ တင်ရှီကျွင်းက အတင်းအကျပ် အလေးပေးပြောဆိုနေခြင်းသည် ရွေးကောက်ခံမဟုတ်သော စစ်ဗိုလ်ချုပ်များက နေပြည်တော် ကို အုပ်ချုပ်နေစဉ် တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ မြို့နယ်များကို မိမိတို့ဘာသာ အုပ်ချုပ်နိုင်ရုံ လောက်ဖြင့် ကျေနပ်ရောင့်ရဲကြလိမ့်မည်ဟု ယူဆထားခြင်းဖြစ်သည်။ ယင်းသည် စိုက်ပျိုးရေးခြံပိုင်ရှင် ဖြစ်သူ စစ်အုပ်စု က ခြံအလုပ်သမားများဖြစ် သော တိုင်ရင်းသား အဖွဲများ ကို ၎င်းတို့ ခွဲဝေပေးမည့် သီးနှံများကိုသာ ကျေနပ်သည် ဖြစ်စေ၊ မကျေနပ်သည် ဖြစ် စေ လက်ခံကြရမည်ဟူ သော အတွေးအခေါ် မျိုးသာ ဖြစ်သည်။
တတိယအချက်မှာ စီးပွားရေးအရ ပေါင်းစည်းဆောင်ရွက်မှုကို နိုင်ငံရေးအရ တရားဝင်မှု နေရာတွင် အစားထိုးစရာအဖြစ် သုံးနိုင်သည်ဟု ယူဆထားခြင်း ဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းမ (CMEC) နှင့် “အနာဂတ်ကို အတူတကွ မျှဝေခံစားမည့် အသိုက်အဝန်း” ဆိုသည့် ထပ်တလဲလဲ ပြောဆိုနေသော စကားလုံးများ၏ နောက်ကွယ်တွင် ဘီဂျင်း၏ အမှန်တကယ် လိုလားတောင့်တနေသည့် အကျိုးစီးပွားများ ပါဝင်နေသည်။
ယင်းတို့မှာ နယ်စပ်ဒေသ လုံခြုံရေး၊ သယံဇာတ ရယူသုံးစွဲနိုင်ရေးနှင့် စီမံကိန်းများ မပျက်မကွက် ဆက်လက်လည်ပတ်နိုင်ရေးတို့ ဖြစ်ကြသည်။ ဘီဂျင်း၏ တွက်ချက်မှုတွင် စေတနာပါသော၊ တည်ငြိမ်သော မြန်မာနိုင်ငံဆိုသည်မှာ ပြည်သူများက မိမိတို့၏ အစိုးရကို မိမိတို့ဘာသာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံမျိုးမဟုတ်ဘဲ၊ လိုအပ်လျင် လိုအပ်သလို လူထုကို ပစ်ခတ်နှိမ်နင်း ပေးနေသည့် လုပ်ရဲကိုင်ရဲ ရှိသူ တယောက်က အုပ်ချုပ် နေသည့် နိုင်ငံမျိုးကိုသာ ဆိုလိုခြင်းဖြစ်သည်။
ဤသည်ကို တော်လှန်ရေးအင်အားစုများက ကောင်းစွာ ရိပ်စားမိကြပြီး ဖြစ်သည်။
တင်ရှီကျွင်း အတွက် လမ်းစ ပျောက်သွားရသည့် အချက်မှာ တော်လှန်ရေး အင်အားစုများ က ၎င်းကမ်းလှမ်းလာသည့် မူဘောင်အတွင်း၌ ဆက်လက် ပါဝင်လှုပ်ရှားခြင်း မရှိတော့ခြင်းကြောင့် ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်အုပ်စု၏ ဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ထိုင်ခုံတနေရာ ရရှိရန် မလိုလားဘဲ၊ အဆိုပါ စားပွဲဝိုင်းတခုလုံးကို အသစ်ပြန်လည် တည်ဆောက်ရန်သာ ဆန္ဒရှိ သည်။ NUG ၏ ဖက်ဒရယ် ဒီမိုကရေစီ ချာတာတွင် အတိအလင်း ဖော်ပြထားသည် မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်၊ စစ်တပ်သည် အရပ်ဘက် အာဏာပိုင်များ၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်၌ ရှိရမည်ဖြစ်ပြီး ပြည်နယ်များအနေဖြင့် စစ်မှန်သော အချုပ်အခြာအာဏာကို ပိုင်ဆိုင်ရမည် ဖြစ်သည်။ တင်ရှီကျွင်း အသုံးပြုခဲ့သည့် “သင့်တော်လျောက်ပတ်သည့် သဘောတူညီချက်”၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” စသည့် စကားလုံးတိုင်းသည် NUG က လုံးဝလက်မခံဘဲ ဆန့်ကျင် တော်လှန်ရမည် ဆိုသည့် စနစ်ဟောင်း၏ အကြွင်းအကျန်များအတိုင်း ကွက်တိ ဖြစ် နေပေသည်။
အရှေ့တောင်အာရှတွင် တိုက်ရည်ခိုက်ရည် အကောင်းဆုံးသော တိုက်ခိုက်ရေး အင်အားစုများထဲမှ တခုဖြစ်သည့် အာရက္ခတပ်တော် (AA) အဖို့က ပို၍ပင် လက်မခံနိုင်စရာဖြစ်ပေမည်။ AA သည် တရုတ်၏ ဖွံ့ဖြိုးရေး အစီအစဉ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ လိုက်လျောမှုများနှင့် စည်းရုံးသိမ်းသွင်းခြင်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ငြင်းဆန်လာခဲ့ပြီး ဖြစ်သည်။ အာရက္ခတပ်တော်က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုသည်မှာ စစ်တပ် ချုပ်ကိုင်ထား သည့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျိုးသာ ဖြစ်ပြီး လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မဟုတ် ဆိုသည်ကို ကောင်းစွာ သိနားလည် ထားပြီး ဖြစ်သည်။ ၎င်းတို့ ပေးလာမည် အုပ်ချုပ်ခွင့် မျိုးသည်လည်း အလိုမကျ ဖြစ်လာက လေကြောင်းတိုက်ခိုက်မှုတခုတည်း ဖြင့် အချိန်မရွေး ပြန်လည်ရုပ်သိမ်းသွားနိုင်ပေသည်။
ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များနှင့် အရပ်ရပ် ပြည်သူ့တော်လှန်ရေး အင်အားစုများလည်း ရှိသေးသည်။ အာဏာသိမ်းပြီးနောက်မှ နိုင်ငံရေးအရ နိုးကြားရင့်ကျက်လာခဲ့ကြသည့် တော်လှန် ရေး သမား သိန်းပေါင်းများစွာတို့သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် အမျိုးသားရေးအရ လှည့်စားခံထားရသည့် စာချုပ်အဖြစ်သာ ရှုမြင်ကြသည်။ အဆိုပါ အင်အားစုများကို စစ်အုပ်စု အဓိက ကျောထောက် နောက်ခံပြုပေးနေသူများက ပွဲစားလုပ်၍ ကြားမှ ယုံကြည်ရန် ပြောဆိုနေခြင်းသည် သံတမန်ရေး မဟုတ်ဘဲ ရန်လို အောင် ဆွပေးခြင်းသာ ဖြစ်သည်
ပုံတွင် မြင်ရသည့် အတိုင်း နေပြည်တော်၏ နှစ်ပတ်လည် ခမ်းနားထည်ဝါသော ပွဲတော်တွင် အာဏာရှင်စနစ် ကို ပုံစံမပျက် မူလအတိုင်း မသိမသာ ချန်ထားခဲ့သည့် အပစ်အခတ် ရပ်စဲရေးမှန် သမျှ သည် ငြိမ်းချမ်းရေးကို မည်သည့် အခါမျှ မှ မဖန်တီးပေးနိုင် ဆိုသည့် ခါးသီး သော အမှန်တရားက မဖုံးနိုင် မဖိနိုင် ထွက် ပေါ် လာနေပေသည်။
ယင်းတို့သည် အလွန်ဆုံး တိုက်ပွဲများကို ခေတ္တခဏ ရပ်တန့်ပေးခြင်းကိုသာ ဖန်တီးပေးနိုင်သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် စစ်အုပ်စု တို့ကြား ၁၇ နှစ်ကြာ တည်မြဲခဲ့သည့် အပစ်အခတ်ရပ်စဲရေးသည် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပျက်စီးသွားခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) သည်လည်း မိမိတို့၏ ဗဟိုဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့်အချိန်အထိ ၎င်းတို့နှင့် ဆယ်စုနှစ်များစွာ ကြာအောင် ညှိနှိုင်းဆွေးနွေးခဲ့သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အခြေခံ အဆောက်အအုံ တခုလုံးဖြစ်သော – နဝတ/နအဖ ခေတ်၏ လမ်းပြမြေပုံ ၁၄ ချက်၊ ဦးသိန်းစိန်အစိုးရခေတ်၏ NCPC နှင့် NCA စာချုပ်ကိုယ်တိုင်ကပင်လျှင် – လက်မှတ်ရေးထိုးထားသည့် စာချုပ် ရှိ စာမျက်နှာ အရေအတွက် နှင့် မကြာမီ မှာပင် ပြည်သူများ အပေါ် ကျရောက်လာသည့် ဗုံးသီးများသည် ပမာဏတူ ညီမျှစွာ ထွက်ပေါ်လာခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေရခြင်းမှာပြဿနာ၏ မူလရောဂါအရင်းအမြစ် မဟုတ်ဘဲ ရောဂါလက္ခဏာများသာ ဖြစ်သောကြောင့် ဖြစ်သည်။ မူလရောဂါအရင်းအမြစ်မှာ ဗမာလူမျိုးကြီးဝါဒ အခြေခံပြီး၊ စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားသော၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တင်းကြပ်လွန်းသော နိုင်ငံတော် တည်ဆောက်ပုံ အခြေခံမူ ကြောင့် ပင် ဖြစ်သည်။ အဆိုပါ ရောဂါအရင်းအမြစ်ကို မည်မျှပင် ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ပါစေ ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အာမခံချက်မရှိဘဲ “ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြှင့်တင်ပေးရေး” ကို လက်ခံလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) တခု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် မိမိတို့အား မျိုးဆက်ပေါင်းများစွာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော အဖွဲ့အစည်း၏ သဘောထားအပေါ်၌သာ လုံးလုံးလျားလျား မူတည်နေပေလိမ့်မည်။
ယင်းကို အမြော်အမြင်ရှိသော ပုဂ္ဂိုလ်များက ကောင်းစွာ သဘောပေါက်ကြသည်။ ထို့ကြောင့်ပင် အမြော်အမြင်ရှိသော ပုဂ္ဂိုလ်များသည် မိမိတို့၏ လက်နက်များကို ဆက်လက် ကိုင်စွဲထားကြခြင်း ဖြစ်သည်။
တရုတ်၏ ဩဇာလွှမ်းမိုးနိုင်စွမ်းသည် ဤပြဿနာကို မဖြေရှင်းနိုင်။ ဘီဂျင်း အနေဖြင့် ဝ အဖွဲ့ကို ဖိအားပေးနိုင်သည်၊ ကိုးကန့် အဖွဲ့အစည်းများကို ကြပ်မတ်နိုင်သည်၊ ကူမင်းမြို့တွင် ဓာတ်ပုံရိုက် ဟန်ပြ လက်ဆွဲ နှုတ်ဆက်ပွဲများ ကျင်းပပေးနိုင်သည်။
ထို လက်နက်ကိုင်တပ်များအပေါ် ဩဇာလွှမ်းမိုးမှုသည် တနိုင်ငံလုံး၏ နိုင်ငံရေးနိုးကြားဆန်းသစ်လာမှုအပေါ် လွှမ်းမိုးနိုင်သည့် အာဏာမဟုတ်ပေ။ ၂၀၂၁ ခုနှစ် တော်လှန်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို တိုင်းရင်းသား ရေးရာ ပြဿနာမှသည် တနိုင်ငံလုံးရှိ ပြည်သူ တရပ်လုံး၏ နိုးကြားလာမှု အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပြီး၊ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကမျှ ကိုယ်စားမပြု သော၊ မည်သည့် စီးပွားရေးစင်ကြံ ရင်းနှီးမြှုပ်နှံမှုကမျှ စည်းရုံးသိမ်းသွင်း၍မရနိုင်သော ဗမာလူမျိုးစု အများစုနေထိုင်ရာ ဒေသများအထိ ကျယ်ပြန့်စွာ လွှမ်းမိုးသွားခဲ့ပြီဖြစ်သည်။
တင်ရှီကျွင်း၏ သံတမန်သုံး စကားလုံး အလှများထဲတွင် လုံးဝကင်းမဲ့ပျောက်ကွယ်နေသည်က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို စစ်တပ်၏ အပေးအယူလုပ်စရာ အသုံးချခံအဖြစ် မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခိုင်အမာ ကတိကဝတ်အဖြစ် စနစ်တကျ တည်ဆောက် ပေးရန် ဆိုသည် ပင်ဖြစ်သည်။
စစ်တပ်၏ ကင်းလွတ်ခွင့်နှင့် သီးခြားအာဏာများကို ဖျက်သိမ်းခြင်း၊ ဘဏ္ဍာရေးအခွန်အခ ခွဲဝေမှုနှင့် လုံခြုံရေးဆိုင်ရာ ကဏ္ဍ ထိန်းချုပ်မှုများကို ပြည်နယ်/တိုင်းဒေသကြီး အစိတ်အပိုင်းများထံ အာဏာခွဲဝေပေးထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ပြန်လည်ဖွဲ့စည်းခြင်းနှင့် ယုံကြည်စိတ်ချရသော တိုင်းပြုပြည်ပြုလွှတ်တော်မှတဆင့် တရားဝင်မှု ရယူခြင်းစသည့် ဘက်စုံလွှမ်းခြုံသော ပြေလည်မှုတရပ်ကသာလျှင် တိုင်းရင်းသားနယ်စပ်ဒေသများနှင့် ဒီမိုကရေစီ အဓိက အင်အားစုများ၏ လိုလားချက်များကို တပြိုင်နက်တည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
ယင်းထက် လျော့နည်းသော မည်သည့်အစီအစဉ်မဆိုသည်လိုက်လျောညီထွေဖြစ်လာရန် ဆိုကာ အခြားအဖွဲ့အစည်းတခုကို အသုံးချ တိုက်ခိုက်ခိုင်းခြင်းမျိုးသာ ဖြစ်စေပြီး၊ ထိုသို့သောအရာများသည် ယခင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင်း အတိုက်အခံ အင်အားစုများကို စိတ်ဝမ်းကွဲပြား ပျက်စီးစေခဲ့သည့် နည်းလမ်းအတိုင်းပင် ဖြစ်သည်။
အဆိုပါ ရလဒ်ကောင်းသည် တည်ငြိမ်အေးချမ်းရေးကိုသာ ဦးစားပေးအဖြစ် သတ်မှတ်ကာ ကြားဝင်စေ့စပ်ပေးခြင်းမျိုး ဖြင့် အဘယ်သို့များ ရရှိနိုင် ပေမည်နည်း။ တင်ရှီကျွင်း အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) နှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တပ်ပေါင်းစုများကို အဟန့်အတားများဆိုကာ ဖယ်ကြဉ် ချန်လှပ်မထားဘဲ အဓိက အကျိုးတူ ပါဝင်ဖက်များ အဖြစ် အလေးအနက် တန်ဖိုးထား ဆက်ဆံရန် လိုအပ်ပါသည်။
ဘီဂျင်း အနေဖြင့် လက်ရှိ အလွန်အကျွံ ဖြစ်မလာ သော စစ်ပွဲကို စီမံခန့်ခွဲခြင်းသည် မိမိ၏ အကျိုးစီးပွားနှင့် လုံလောက်စွာ ကိုက်ညီသည်ဟု ကောက်ချက်ချကောင်း ချပေလိမ့်မည်။ စီးပွားရေးစင်္ကြန် လုံခြုံရေးနှင့် ကျောက်စိမ်း တင်သွင်းမှု ကဲ့သို့သော အကျိုးအမြတ် အနည်းငယ် ပြနေသည့် လယ်ဂျာစာအုပ်ထဲတွင်မူ ထိုသို့ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သို့သော် ဒေသတွင်းနိုင်ငံများကမူ ယင်း၏ နောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုးများဖြစ်သည့် ထိုင်းနှင့် အိန္ဒိယနိုင်ငံများအတွင်းသို့ လှိုင်းလုံးကြီး သဖွယ် စီးဝင်နေသော ဒုက္ခသည်များ၊ အုပ်ချုပ်သူမဲ့ နယ်စပ်ဒေသများတွင် ကြီးထွားနေသော ကျားဖြန့်လိမ်လည်မှု လုပ်ငန်းကြီးများ၊ ရုရှား၏ လက်နက်ရောင်းဝယ်ရေး လမ်းကြောင်းများနှင့် ဘီဂျင်းက မိမိပိုင်သည်ဟု ယူဆထားသော နိုင်ငံအတွင်း အမေရိကန်၏ မဟာဗျူဟာမြောက် ထိုးဖောက်ဝင်ရောက်လာခွင့်များ စသည့် တန်ဘိုး များကို ပေးဆပ်နေကြရသည်။
တင်ရှီကျွင်းက သူ၏ မိန့်ခွန်းကို “ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော ပထမလိုအပ်ချက် ဖြစ်သည်” ဆိုသည့် လေ့လာတွေ့ရှိချက်ဖြင့် နိဂုံးချုပ်ခဲ့သည်။ မှန်ပါသည်။ သို့သော် ယင်းနှင့် ဒင်္ဂါးပြား၏ အခြားတဖက်ခြမ်းလို ဆက်စပ်နေသော၊ ၎င်း ကျယ်လောင်စွာ ထုတ်ဖော်မပြောခဲ့သည့် အမှန်တရားတခု ရှိပါသေးသည်။ ယင်းမှာ – စစ်ပွဲကို မဖြစ်မနေ ဆက်၍ ဖြစ်ပွားစေမည့် အာဏာရှင် စနစ်ကို ဆက်လက်ထိန်းသိမ်းပေးထားသရွေ့ မည်သည့်အခါမျှ ငြိမ်းချမ်းရေး ရရှိလာမည် မဟုတ် ဆိုသည့် အချက်ပင် ဖြစ်သည်။
နေပြည်တော်မှ စစ်ဗိုလ်ချုပ်များသည် ဤအချက်ကို ကောင်းစွာ သဘောပေါက်ကြသည်။ ၎င်းတို့၏ အရင်းနှီးဆုံး မိတ်ဆွေကြီးကမူ ယင်းကို သဘောမပေါက်နိုင်သေးခြင်းမှာ ဝမ်းနည်းဖွယ်ရာပင် ဖြစ်တော့သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်
Dr. Ko Ko Gyi @ Abdul Rahman Zafrudin
ကမ္ဘောဒီးယား ငြိမ်းချမ်းရေးပုံစံမှ မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် ငြိမ်းချမ်းရေးလမ်းပြမြေပုံသို့
အားလုံးပါဝင်သော အသွင်ကူးပြောင်းရေး အမြင် (Version 2.0)
အမေရိကန်နှင့် ဂျပန်တို့၏ ကြားဝင်ပံ့ပိုးမှုဖြင့် မြန်မာ့ငြိမ်းချမ်းရေး မည်သို့ ဖြစ်ပေါ်လာနိုင်သနည်း
၁။ နိဒါန်း – မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယားပုံစံကို ပြန်လည်သုံးသပ်ခြင်း
မကြာသေးမီက တိုကျိုမြို့တွင် ကျင်းပခဲ့သည့် အမေရိကန်နှင့် မြန်မာအုပ်ချုပ်ရေးကိုယ်စားလှယ်များ အကြား ဆွေးနွေးပွဲများက နိုင်ငံတကာ ကြားဝင်ညှိနှိုင်းမှု၏ အခွင့်အလမ်းများနှင့် ကန့်သတ်ချက်များအပေါ် ပြန်လည်အာရုံစိုက်လာစေခဲ့သည်။
အမေရိကန်နှင့် ဂျပန်ကဲ့သို့သော အင်အားကြီးနိုင်ငံများ၏ ကြားဝင်ပံ့ပိုးမှုသည် မြန်မာနိုင်ငံတွင် လက်တွေ့ကျသော ငြိမ်းချမ်းရေးတစ်ရပ် တည်ဆောက်နိုင်မနိုင်ကို သုံးသပ်ရာတွင် ၁၉၉၁ ခုနှစ် ကမ္ဘောဒီးယား ပါရီငြိမ်းချမ်းရေး သဘောတူညီချက်များ (Paris Peace Agreements) ကို ပြန်လည်လေ့လာရန် လိုအပ်သည်။
ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့၏ အခြေအနေများမှာ အခြေခံအားဖြင့် မတူညီမှုများစွာ ရှိသော်လည်း ကမ္ဘောဒီးယား၏ ငြိမ်းချမ်းရေးဖြေရှင်းမှုပုံစံနှင့် ယနေ့မြန်မာနိုင်ငံ၏ အင်အားဗဟိုစုံပါဝင်သော ပဋိပက္ခအခြေအနေတို့ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် အားလုံးပါဝင်သော နိုင်ငံရေးအသွင်ကူးပြောင်းမှု မည်သို့ဖြစ်ပေါ်လာနိုင်မည်ကို အယူအဆဆိုင်ရာ လမ်းပြမြေပုံတစ်ခုအဖြစ် မြင်တွေ့နိုင်သည်။
၂။ သမိုင်းဆိုင်ရာ အချက်အလက်စစ်ဆေးမှု – ကမ္ဘောဒီးယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၁၉၉၁)
၁၉၇၀ ခုနှစ်တွင် အမေရိကန်၏ အထောက်အပံ့ဖြင့် ဗိုလ်ချုပ်ကြီး လွန်နော် (Lon Nol) က မင်းသား နိုရိုဒမ် ဆီဟာနု (Norodom Sihanouk) ကို အာဏာချခဲ့သည့် အာဏာသိမ်းမှုမှ စတင်ခဲ့သော ကမ္ဘောဒီးယား ပြည်တွင်းစစ်သည် နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ပြီးနောက် အောက်ပါ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုပုံစံမှတစ်ဆင့် အဆုံးသတ်နိုင်ခဲ့သည်။
(၁) ပါရီ နိုင်ငံတကာ ညီလာခံ
ဒီမိုကရက်တစ် ကမ်ပူးချီးယား ညွန့်ပေါင်းအစိုးရ (Coalition Government of Democratic Kampuchea) နှင့် ဖနွမ်းပင်အစိုးရ (Hun Sen ဦးဆောင်သော CPP) တို့ကို တစ်နေရာတည်းတွင် ဆွေးနွေးပွဲပြုလုပ်နိုင်အောင် စုစည်းပေးခဲ့သည်။
ဒီမိုကရက်တစ် ကမ်ပူးချီးယား ညွန့်ပေါင်းတွင် မင်းသား ဆီဟာနု ဦးဆောင်သည့် FUNCINPEC၊ ခမာနီ (Khmer Rouge) နှင့် KPNLF တို့ ပါဝင်ခဲ့သည်။
(၂) ကမ္ဘောဒီးယားဆိုင်ရာ ကုလသမဂ္ဂ အသွင်ကူးပြောင်းရေး အုပ်ချုပ်မှုအဖွဲ့ (UNTAC)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၇၄၅ အရ UNTAC ကို ဖွဲ့စည်းခဲ့ပြီး ဝန်ထမ်းနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၂၂,၀၀၀ ကျော်ကို စေလွှတ်ကာ အသွင်ကူးပြောင်းရေးကို ကြီးကြပ်ခဲ့သည်။
(၃) လက်နက်ဖြုတ်သိမ်းခြင်းနှင့် တပ်ဖျက်သိမ်းခြင်း
အင်အားစုအသီးသီး၏ တပ်ဖွဲ့များကို သတ်မှတ်နေရာများတွင် စုစည်းထားပြီး လက်နက်များ ဖြုတ်သိမ်းကာ နိုင်ငံတော်တပ်မတော်တစ်ခုတည်း အဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ရန် လမ်းခင်းပေးခဲ့သည်။
(၄) ရွေးကောက်ပွဲနှင့် အာဏာခွဲဝေမှု
၁၉၉၃ ခုနှစ် ရွေးကောက်ပွဲတွင် FUNCINPEC ပါတီ အနိုင်ရပြီးနောက် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခဲ့သည်။ မင်းသား ဆီဟာနုက ပထမ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ Hun Sen က ဒုတိယ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအတွက် ဆယ်စုနှစ် သုံးခုကျော် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အခြေခံချမှတ်နိုင်ခဲ့သည်။
၃။ နှိုင်းယှဉ်သုံးသပ်ချက် – ကမ္ဘောဒီးယားနှင့် မြန်မာ
အတိုက်အခံနှင့် တော်လှန်ရေး မဟာမိတ်အင်အားစုများ
ကမ္ဘောဒီးယား (၁၉၉၁-၁၉၉၃)
- မင်းသား ဆီဟာနု ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့
- FUNCINPEC
- Khmer Rouge
- KPNLF
မြန်မာ (၂၀၂၁ မှ ယနေ့အထိ)
- အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
- Supreme Consultative and Executive Council (SCEF) ကဲ့သို့ ဦးဆောင်ကောင်စီများ
- တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)
မြောက်ပိုင်းနှင့် ဒေသဆိုင်ရာ လက်နက်ကိုင်အင်အားစုများ
ကမ္ဘောဒီးယား
- ညွန့်ပေါင်းမဟာမိတ်အတွင်း ကိုယ်ပိုင်လွတ်လပ်စွာ လှုပ်ရှားသည့် အင်အားစုများ
မြန်မာ
- ညီနောင်မဟာမိတ်သုံးဖွဲ့ (Three Brotherhood Alliance)
- ရက္ခိုင့်တပ်တော် (AA)
- ဒေသဆိုင်ရာ မဟာမိတ်တပ်ဖွဲ့များ
ဗဟိုအုပ်ချုပ်ရေး
ကမ္ဘောဒီးယား
- Hun Sen ဦးဆောင်သော CPP အစိုးရ
မြန်မာ
- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)
နိုင်ငံတကာ အာမခံပံ့ပိုးသူများ
ကမ္ဘောဒီးယား
- အမေရိကန်
- ဆိုဗီယက်ယူနီယံ/ရုရှား
- တရုတ်
- ပြင်သစ်
- ဗြိတိန်
- ဂျပန်
- အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံ ၁၉ နိုင်ငံ
မြန်မာ
- အာဆီယံ
- ကုလသမဂ္ဂ
- အမေရိကန်
- ဂျပန်
- တရုတ်
- အိန္ဒိယ
- အခြား ဒေသတွင်း မိတ်ဖက်နိုင်ငံများ
ကွဲပြားမှုများနှင့် ပိုမိုရှုပ်ထွေးသော အချက်များ
(၁) တာဝန်ခံမှုနှင့် အသွင်ကူးပြောင်းရေး တရားမျှတမှု
ကမ္ဘောဒီးယားတွင် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းအချို့သည် နောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ခုံရုံးများ၏ စုံစမ်းစစ်ဆေးမှုနှင့် တရားစီရင်မှုကို ရင်ဆိုင်ခဲ့ရသည်။
မြန်မာနိုင်ငံတွင်မူ တာဝန်ခံမှုဆိုင်ရာ မေးခွန်းများသည် အတိတ်နှင့် ပစ္စုပ္ပန် ခေါင်းဆောင်များ အပါအဝင် ပါဝင်ပတ်သက်သူ အများအပြားနှင့် ဆက်စပ်နေသည်။
(၂) Hun Sen အချက်အလက်နှင့် လက်ရှိ ခေါင်းဆောင်မှု
Hun Sen သည် Khmer Rouge အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် အင်အားစုများမှ ပေါ်ထွက်လာခဲ့သူဖြစ်သောကြောင့် ပြည်တွင်းနိုင်ငံရေး တရားဝင်မှုကို တည်ဆောက်နိုင်ခဲ့သည်။
လက်ရှိ မြန်မာစစ်ဘက်ခေါင်းဆောင်မှုအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်သော နိုင်ငံရေးသတ္တိ၊ အလျှော့အတင်းလုပ်နိုင်စွမ်းနှင့် ပြည်သူလူထုထံမှ ယုံကြည်လက်ခံမှုတို့ကို ရရှိနိုင်မည်လားဆိုသည်မှာ အဓိကမေးခွန်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေသည်။
၄။ မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၂၀၂၅-၂၀၃၀)
Version 2.0
Myanmar Muslim News Network တွင် ယခင်က ထုတ်ဝေခဲ့သော လမ်းပြမြေပုံ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာရေးရာ အာဆီယံကိုယ်စားလှယ်ထံ ကိုယ်တိုင်ပေးပို့ခဲ့သော စာတမ်း) ကို အခြေခံ၍ လက်တွေ့ကျသော အသွင်ကူးပြောင်းရေးအတွက် နိုင်ငံတကာ အထောက်အပံ့နှင့် ပြည်တွင်းဆွေးနွေးမှုကို အဆင့်လိုက် တည်ဆောက်ရမည်။
အဆင့် (၁) လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး (၂၀၂၅)
ဦးဆောင်ပံ့ပိုးသူများ
- မလေးရှားနှင့် အာဆီယံ
- ကုလသမဂ္ဂ
- တရုတ်
- အမေရိကန်
- ဥရောပသမဂ္ဂ
- ဂျပန်
- အိန္ဒိယ
- နော်ဝေ
- ဆွစ်ဇာလန်
- OIC နှင့် အခြား အဖွဲ့အစည်းများ
အဓိကလုပ်ဆောင်ချက်များ
- သတ်မှတ်ထားသော ‘‘လုံခြုံသော လူသားချင်းစာနာမှု လမ်းကြောင်းများ’’ ဖြင့် တိုက်ခိုက်မှုများ ချက်ချင်းရပ်ဆိုင်းရန်။
- အာဆီယံ-ကုလသမဂ္ဂ ပူးတွဲ အပစ်ရပ်စောင့်ကြည့်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များ ဖြန့်ကျက်ရန်။
- နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးထိန်းသိမ်းထားသော အရပ်သားများကို နှစ်ဖက်အပြန်အလှန် လွှတ်ပေးရန်။
- NUG၊ စစ်ဘက်အုပ်ချုပ်ရေးအဖွဲ့၊ EROs၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် ဘာသာရေးလူနည်းစုခေါင်းဆောင်များ ပါဝင်နိုင်သော ကြိုတင်ဆွေးနွေးပွဲ (Pre-Talks Roundtable) ကို တစ်ဖက်ဖက်က လက်နက်ချရမည်ဟူသော ကြိုတင်သတ်မှတ်ချက်မပါဘဲ ကျင်းပရန်။
အဆင့် (၂) ဖက်ဒရယ်ဆွေးနွေးရေးနှင့် အမျိုးသားညီလာခံ 2.0 (၂၀၂၆)
လမ်းညွှန်မူများ
- ၁၉၄၇ ပင်လုံစာချုပ်၏ စိတ်ဓာတ်
- ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများ
အဓိက ဆွေးနွေးရမည့် အကြောင်းအရာများ
- စစ်မှန်သော အာဏာခွဲဝေမှုကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခြင်း။
- လူနည်းစုအခွင့်အရေးများကို အားကောင်းစွာ ကာကွယ်ပေးသော ဥပဒေများနှင့် ခွဲခြားဆက်ဆံမှု တားဆီးရေးမူဘောင်များ တည်ဆောက်ခြင်း။
- ပြည်တွင်းနေရပ်စွန့်ခွာမှုများ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် လူမှုအသိုက်အဝန်း ပြန်လည်ကုစားရေးတို့ကို ကိုင်တွယ်ဖြေရှင်းရန် အသွင်ကူးပြောင်းရေး တရားမျှတမှု ယန္တရား (Transitional Justice Mechanism) ထူထောင်ခြင်း။
- ညီလာခံကာလတစ်လျှောက် နိုင်ငံတစ်ဝန်း အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခြင်း။
၅။ နိဂုံး
၁၉၉၀ ပြည့်လွန်နှစ်များက ကမ္ဘောဒီးယားအခြေအနေနှင့် ယနေ့မြန်မာနိုင်ငံ၏ အခြေအနေကို တိုက်ရိုက်နှိုင်းယှဉ်ခြင်းသည် မြေပြင်အခြေအနေများ၊ သက်ဆိုင်သူများ၏ အကျိုးစီးပွားများနှင့် စစ်တပ်ဗဟိုပြု နိုင်ငံရေးစီးပွားရေးဖွဲ့စည်းပုံများ မတူညီသောကြောင့် အလွန်အကျွံ ရိုးရှင်းသွားနိုင်သည်။
သို့သော် ကမ္ဘောဒီးယား မော်ဒယ်က အခြေခံသင်ခန်းစာတစ်ခုကို ပြသနေသည်။
ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသည် အားလုံးပါဝင်သော နိုင်ငံတကာ ပူးပေါင်းဖွဲ့စည်းမှု၊ စနစ်တကျ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုနှင့် စစ်မှန်သော နိုင်ငံရေးသတ္တိတို့ မရှိဘဲ မဖြစ်နိုင်ပါ။
တိုကျိုတွင် စတင်ပေါ်ပေါက်လာသော ဆွေးနွေးမှုများနှင့် သံတမန်ရေးရာ လှုပ်ရှားမှုများသည် သမိုင်းဝင် အလျှော့အတင်းနှင့် သင့်မြတ်မှုသို့ ဦးတည်နိုင်မနိုင် ဆိုသည်မှာ ပါဝင်သည့် အဖွဲ့အစည်းအားလုံးက မိမိတို့၏ အဖွဲ့အစည်းအကျိုးစီးပွားထက် နိုင်ငံ၏ ရေရှည်ရှင်သန်ရေးနှင့် ပြည်သူလူထု၏ အနာဂတ်ကို ဦးစားပေးနိုင်မနိုင် အပေါ် မူတည်နေမည် ဖြစ်သည်။
ရည်ညွှန်းကိုးကားချက်များ
Reference Framework: Myanmar Strategic Peace Roadmap: A Path Toward Inclusive Stability and Reconciliation Version 2.0
အမေရိကန် နဲ့ ဂျပန်က လုပ်ပေးမယ့် မြန်မာ့ ငြိမ်းချမ်းရေး ဘယ်လို ဖြစ်ပေါ်လာနိူင်သလဲ။
အမေရိကန် နဲ့ ဂျပန်က ကမ္ဘာဒီးယား မှာ ဗီယက်နမ်၊ အာဆီယံ တရုတ်နဲ့ အတူလုပ်သွားတာက
၁။ ဘုရင် သီဟာနူ ဦးဆောင်တဲ့ ထိုင်းနယ်စပ်က Khmer Rouge, KPNLF, and PRK မဟာမိတ်တပ်ပေါင်းစု နှင့် ဖနွယ်ပင် မြို့တော်က CPP ပါတီကို ပဲရစ်မှာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးစေတယ်။
၂။ the United Nations Transitional Authority in Cambodia (UNTAC) ဆိုတာကို စစ်တိုက်နေတဲ့ လက်နက်ကိုင်အဖွဲတွေပေါင်းဖွဲ့ပြီး ကြားဖြတ်အစိုးရဖွဲ့လိုက်တယ်။
၃။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် resolutiom 745 ဖြင့် ကုလသမဂ္ဂ တပ် အင်အား ၂၂၀၀၀ ကျော် ဝင်ရောက်လာတယ်။
၄။ စစ်ပွဲမှာ ပါဝင်ပက်သက်နေသော လက်နက်ကိုင်တွေရဲွ လက်နက်တွေ ကို ဖြုတ်သိမ်းပြီး နောက် တစ်ခုထဲသာ ကမ္ဘောဒီးယား စစ်တပ်ကို ဖွဲ့စည်းတယ်။
၅။ ရွေးကောက်ပွဲ ကျင်းပြီး ဘုရင် သီဟာနု ရဲ့ FUNCINPEC ပါတီက မဲနိုင်တယ်။ ၁၉၉၂ မတိုင်ခင်က ဖနွယ်ပင်မှာ ရုံးထိုင်တဲ့ အစိုးရလည်းဖြစ်၊ ကုလသမဂ္ဂ က အသိအမှတ်မပြုသော ဟွန်ဆန်က မဲရှူံးတယ်။
၆။ အစိုးရအဖြစ် အာဏာခွဲဝေပြီး သီဟာနု က ပထမဝန်ကြီးချူပ်၊ ဟွန်ဆန်က ပူးတွဲဝန်ကြီးချုပ်ဆိုပြီး ပေါင်း၍ အုပ်ချုပ်ကြတယ်။
ထိုနည်းအားဖြင့် ၁၉၇၀ ခုနစ်မှာ ကမ္ဘောဒီးယား စစ်ဦးစီးချူပ် ဗိုလ်ချုပ်ကြီးလွန်နွိုင် က အမေရိကန် အကူအညီဖြင့် အာဏာသိမ်းမှုကြောင့် စတင်ဖြစ်ပေါ်လာတဲ့ နှစ် ၂၀ ပြည်တွင်းစစ်က ရပ်ဆဲသွားပြီးယနေ့ ဆိုရင် ငြိမ်းချမ်းတာ နှစ်ပေါင်း ၃၀ ကျော်သွားပါပြီ။
မြန်မာပြည်မှာဆို
၁။ အမေရိကန်က ထောက်ခံတဲ့ SCEF ဆိုတဲ့ NUG + တိုင်းရင်းသား လက်နက်ကိုင်တချို့ရှိမယ်။
၂။ AA နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖော်ရှီမယ်။
၃။ နေပြည်တော်ကို အုပ်ချုပ်နေတဲ့ မင်းအောင်လှိုင်ရှိတယ်။
အကယ်၍ AA တို့မြောက်သုံးဖော် နှင့် NUG ရဲ့ SCEF ပေါင်းနိုငိရင် ကမ္ဘောဒီးယားက FUNCINPEC ပုံစံမျိုးဖြစ်လာ၍ FUNCINPEC လို ထိုင်း၊ အမေရိကန်၊ တရုတ်ထောက်ခံတဲ့ အဖွဲ့ မျိုးဖြစ်လာမယ်။
မအလ ရဲ့ ပြည်ခိုင်ဖြိုးက CCP လို ရုရှားနဲ့ ဗီယက်နမ် ထောက်ခံတဲ့ အဖွဲနဲ့ သဏ္ဍာန်တူတယ်။
ဒါကြောင့် ကမ္ဘာဒီးယားမှာ လို အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျပန် ၊ အာဆီယံ က ဦးဆောင်မယ်ဆိုရင်
Australia, Brunei, Democratic Kampuchea, State of Cambodia, Canada, China, France, India, Indonesia, Japan, Laos, Malaysia, Philippines, Singapore, Soviet Union, Thailand, United Kingdom, United States, Vietnam, and Yugoslavia နိုင်ငံတွေ သက်သေအဖြစ်လက်မှတ်ရေးထိုးတဲ့ ၁၉၉၁ ကမ္ဘောဒီးယား ငြိမ်းချမ်းရေး လမ်းစဥ်က မဝေးဘူးဆိုရမယ်။
ဒီမှာ ကမ္ဘောဒိးယားမှာ က Khmer Rouge တွေက လက်မှတ်ရေးထိုးပြီးမှ သူတို့ခေါင်းဆောင်တွေ၏ တချိန်က လုပ်ဆောင်ချက်တွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဖြစ် UN က တရားရုံးထောင်စစ်ဆေးမှာ ဖြစ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်က ခဏ သွေဖယ်ခဲ့သော်လည်းနောက်ပိုင်းမှာ ပြန်လည်ပူးပေါင်းခဲ့တာ တွေ့ရပါတယ်။
မြန်မာပြည်မှာကတော့ နိုင်ငံတကာ က လူသားမျိူးနွယ်အပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်တွေနဲ့ ပက်သက်၍ တရားစွဲ မည့် သူတွေက သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ လက်ရှိ သမ္မတနဲ့ ကာချုပိ မင်းအောင်လှိုင် ဆိုပြီး တွေ့ရပါတယ်။
ကမ္ဘောဒိးယား နဲ့ မတူတာက ဖနွယ်ပင်က ဟွန်ဆန်က Genocide လုပ်တယ်ဆိုပြီး စွပ်စွဲခံရသူတွေကို တိုက်ထုတ်ခဲ့တဲ့ အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တယ်။
ဒါဟာ ကမ္ဘောဒီယားနှင့် မြန််မာမတူတဲ့ အချက်ဖြစ်ပါတယ်။
ဒီတော့ အမေရိကန် က တိုက်ရိုက်ပါဝင်ပြီး ဂျပန်မှာ SCEF က သွားလိုက်၊ မင်းအောင်လှိုင် အုပ်စုက သွားလိုက်၊ အမေရိကန် ဝန်ကြီး က ဂျပန်လာလိုက်နှင့် ညှိနေသော မြန်မာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကတော့ အတော်စိတ်လာတာ တွေ့ရပါတယ်။
ထိုကနေ တဆင့် UN ရဲ့ ဦးဆောင်မှုမှာ စစ်တိုက်နေကြတဲ့ အဖွဲ့တွေ အကုန်လက်မှတ်ရေးထိုးကြမယ်။
NUG ဦးဆောင်သော အတိုက်အခဲ ညွန့်ပေါင်းနဲ့ မင်းအောင်လှိုင်တို့ ပြင်သစ်မှာ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမယ်။ ဒေါ်ဇင်မာအောင်တို့ နဲ့ မင်းအောင်လှိုင် တို့ ပေါင်းပြီး ကြားဖြတ်အစိုးရဖွဲ့မယ်။
ပြီးရင် နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်တွေ ဝင်လာပြီး မြန်မာ့တပ်မတော် နှင့် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖျက်သိမ်းမယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက် မြန်မာပြည်က BDA တပ်ကို ဖျက်သိမ်းပြီး မဟာမိတ်တွေက တိုင်းရင်းသားတပ်တွေ၊ ကွန်မြူနစ်တပ်တွေ၊ အင်္ဂလိပ်ရဲ့ စစ်ရဲတပ်တွေကို ပေါင်းပြီး မြန်မာ့တပ်မတော်ဖွဲ့စည်းပေးသ လို မြန်မာ့ စစ်တပ်အသစ်တစ်ခုပေါ်လာမယ်။
ထို နောက် ရွေးကောက်ပွဲ ကို UN ကြီးကြပ်မှု ဖြင့်လုပ်ပြီး ပြည်သူရွေးသူက အုပ်ချုပ်ကြမယ် ဆိုရင် မြန်မာပြည် အနာဂတ်ဟာ တောက်ပလာမှာဖြစ်ပါတယ်။
သို့သော မင်းအောင်လှိုင်က ဟွန်ဆန်လို နိုင်ငံရှေ့ရေးအတွက် သတ္တိရှိသလား။ ဟွန်ဆန်လောက် လူကြိုက်များရဲ့လား ဆိုတဲ့ အဖြေတွေမှာ မူတည်နေတာဖြစ်၍ စိတ်ကူးယဥ်ဖို့ မသင့် စောသေးတယ်ဟု သုံးသပ်မိပါတယ်။