Ilhan Omar says India has reached the 8th stage of genocide

Myanmar Muslims News Network Published by Aung San Oo

U.S. Congresswoman Ilhan Omar stated that India is severely oppressing its Muslim minority and has now reached the eighth stage of genocide, citing reports to support her remarks.

As a Democratic member of the U.S. House of Representatives, Omar made these comments while discussing issues concerning Muslim communities. She explained that according to reports emerging from India, the country has already entered the eighth stage of genocide. She emphasized that this is not only due to Prime Minister Modi’s government but has spread systematically throughout society, making it crucial to continue issuing warnings. Omar delivered these remarks at an event organized by the Indian American Muslim Council (IAMC) in the United States.

According to Genocide Watch, genocide develops through ten stages. Stage 8 — Persecution — involves systematic violations of minority rights, unlawful killings, confiscation of property, forced displacement, segregation, and denial of access to basic necessities such as food and medicine.

The Indian government, however, strongly rejected these claims, responding that over the past 12 years the living conditions of minorities in India have improved, and that no one has been forced to flee the country due to religion.

For more details on Ilhan Omar’s remarks and the Indian government’s response, viewers can watch the video report from Hindustan Times: YouTube link

Myanmar Muslims News Network

အိန္ဒိယဟာ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အဆင့် ၈ ကို ရောက်နေပြီလို့ အမေရိကန်လွှတ်တော်အမတ် အီလ်ဟန် အိုမာ ပြော

အမေရိကန် လွှတ်တော်အမတ် အီလ်ဟန် အိုမာ (Ilhan Omar) က အိန္ဒိယနိုင်ငံဟာ လူနည်းစု မွတ်စလင်တွေအပေါ် အကြီးအကျယ် ဖိနှိပ်ညှဉ်းပန်းနေပြီး လက်ရှိမှာ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အဋ္ဌမမြောက်အဆင့် (Eighth stage of genocide) ကို ရောက်ရှိနေပြီလို့ သတင်းအစီရင်ခံစာတွေကို ကိုးကားပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အမေရိကန်ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ်ဖြစ်သူ အီလ်ဟန် အိုမာဟာ မွတ်စလင်လူထုနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို ဆွေးနွေးပြောကြားစဉ်မှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ သူမက အိန္ဒိယကနေ ထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေအရ အိန္ဒိယဟာ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အဆင့် ၈ ကို ရောက်နေပြီလို့ ဖော်ပြနေပါတယ်။ ဒါဟာ မိုဒီအစိုးရကြောင့်တင် မဟုတ်ဘဲ စနစ်တကျနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးမှာပါ ပျံ့နှံ့လာနေတဲ့အတွက် ကျွန်မတို့အနေနဲ့ သတိပေးချက်တွေကို ဆက်တိုက်ထုတ်ပြန်သွားဖို့ တကယ်ကို အရေးကြီးပါတယ် ဟု အမေရိကန်အခြေစိုက် Indian American Muslim Council (IAMC) အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဂျန်နိုဆိုက်စောင့်ကြည့်ရေးအဖွဲ့ (Genocide Watch) ရဲ့ သတ်မှတ်ချက်အရ လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခု ဖြစ်ပွားဖို့ အဆင့် ၁၀ ဆင့်ရှိတဲ့အနက် အဆင့် ၈ (Persecution – ဖိနှိပ်ညှဉ်းပန်းခြင်းအဆင့်) ဆိုတာဟာ လူနည်းစုအုပ်စုတစ်စုရဲ့ အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်ပြီး ဥပဒေမဲ့သတ်ဖြတ်တာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ၊ နေရပ်စွန့်ခွာခိုင်းတာ၊ သီးခြားခွဲထုတ်တာနဲ့ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး စတာတွေကို ဖြတ်တောက်တာမျိုးတွေ ပါဝင်ပါတယ်။
ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရဘက်ကတော့ ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး ပြီးခဲ့တဲ့ ၁၂ နှစ်တာကာလအတွင်း အိန္ဒိယက လူနည်းစုတွေရဲ့ လူနေမှုဘဝဟာ ပိုမိုတိုးတက်ကောင်းမွန်လာကြောင်းနဲ့ ဘာသာရေးကြောင့် နိုင်ငံကနေ ထွက်ပြေးရသူ တစ်ဦးမှမရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ် အီလ်ဟန် အိုမာရဲ့ ပြောကြားချက်အသေးစိတ်နဲ့ တုံ့ပြန်မှုတွေကို ပိုမိုသိရှိနိုင်ဖို့ Hindustan Times ရဲ့ ဗီဒီယိုသတင်း မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Share This Post

More From Author

Political and Human Capital Lessons from the Vidhura Jataka ဝိဓူရဇာတ်တော်ကြီး အာဏာလောဘနှင့် မဆင်မခြင် လောင်းကစားခြင်းအန္တရာယ်

Persecution in India: The Eighth Stage of Genocide by GENOCIDE  WATCH