In Islam, Muslims are taught to live with others through kindness, justice, and respect, fostering unity and harmony in society.
The Qur’an and Hadith emphasize communal responsibility, compassion, and fairness, guiding Muslims to be good neighbors, supportive citizens, and contributors to the common good.



Key Principles for Living Among Others
- Unity and Brotherhood Islam stresses that all believers are part of one Ummah (community). This unity extends beyond Muslims, encouraging reconciliation and avoiding division.
- Justice and Fairness Muslims are commanded to uphold justice, even if it is against themselves or their families. Fair dealings in business, social relations, and governance are central to Islamic ethics.
- Kindness and Compassion The Prophet Muhammad (peace be upon him) taught that a true believer is one who loves for others what they love for themselves. Acts of charity, empathy, and care for neighbors—Muslim or non-Muslim—are highly valued.
- Respect for Diversity The Qur’an acknowledges that humanity is created in diverse nations and tribes so that people may know one another, not despise one another (Surah Al-Hujurat 49:13). This calls Muslims to embrace coexistence and mutual respect.
- Service to Society Helping the poor, supporting the weak, and contributing positively to communal life are seen as acts of worship. Islam encourages Muslims to be active in building a just and prosperous society.
Practical Guidance in Daily Life
- Be a good neighbor: Islam emphasizes neighborly rights, regardless of faith.
- Avoid arrogance and hostility: Humility and patience are virtues in interactions.
- Promote peace: Greeting others with peace (As-salamu alaykum) reflects the Islamic spirit of harmony.
- Engage in dialogue: Respectful communication helps bridge differences and build trust.
- Support communal welfare: Volunteering, charity, and civic participation strengthen bonds.
Why This Matters Today
In a world often marked by division, Islam’s emphasis on communal life offers a balance between personal growth and social responsibility.
By living with justice, compassion, and respect, Muslims not only fulfill their religious duties but also contribute to a more peaceful and inclusive society.
၁၆/ မွတ်စလင်များနေနဲ့ လူ့မှုပတ်ဝန်းကျင်မှာဘယ်လို ပြုမူနေထိုင်သင့်ပါသလဲ?
အစ္စလာမ်ဘာသာတွင် မွတ်စလင်များသည် အခြားသူများနှင့်-
- ကြင်နာမှု၊ တရားမျှတမှုနှင့် လေးစားမှုတို့ဖြင့် အတူနေထိုင်ကြရန် သင်ကြားထားပြီး
- လူ့အဖွဲ့အစည်းတွင် စည်းလုံးညီညွတ်မှုနှင့် သဟဇာတဖြစ်မှုကို ဦးစားပေးရန် သွနသင်ပေးထားသည်။
ကုရ်အာန်ကျမ်းမြတ်နှင့် ဟာဒစ်ခေါ် တမန်တော်မြတ်၏ အဆိုအမိန့်မှတ်တမ်းကျမ်းများ၌ လူမှုအသိုင်းအဝိုင်းဆိုင်ရာ လူမှုရေးတာဝန် အဖြစ်-
- သနားကြင်နာမှုနှင့်
- တရားမျှတမှုတို့ကို အလေးပေးဖော်ပြထားပြီး
- မွတ်စလင်များအား ကောင်းမွန်သောအိမ်နီးချင်းများ၊
- ပံ့ပိုးကူညီတတ်သော နိုင်ငံသားများနှင့်
- အများအတွက်အကျိုးကိုဆောင်၍ ပံ့ပိုးကူညီတတ်သူများ ဖြစ်လာရန် လမ်းပြပေးပါသည်။
အခြားသူများနှင့် ညီရင်းအစ်ကိုစိတ်ဓာတ်မှုနှင့် လူမှုအသိုင်းအဝိုင်းပတ်ဝန်ကျင်၌ ငြိမ်းချမ်းစွာ ယှဥ်တွဲအတူနေထိုင်ရန် အဓိကမူများအဖြစ်-
- မွတ်စလင်များသည် ညီရင်းအစ်ကိုစိတ်ဓာတ်နှင့် အချင်းချင်း စည်းလုံးညီညွတ်ကြရမည်ဖြစ်သည်။
- လိုအပ်သူများကို ကူညီ၍ နာမကျန်းသူများကို ကြည့်ရှုစောင့်ရှောက်ရန် နှင့် ဝမ်းစာမလုံလောက် ချို့တဲ့သူများကို ကျွေးမွေးပြုစုရန်။
- တပါးသူ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးပါက အလ္လာဟ်အသျှင်မြတ်က သင့်ကို လည်းလိုအပ်ချက်အားလုံးဖြည့်စီးပေးပါလိမ့်မည်။
တရားမျှတခြင်းနှင့် ကိုယ်ချင်းစာနာမှု
- သင် သို့မဟုတ် သင့်မိသားစုကို အကျိုးကိုထိခိုက်လာနိုင်လျင်ပင် တရားသောဘက်ကရပ်ပါ။
- တပါးသူကို မတရားဖိနှိပ် လှည့်ဖြားခြင်း မတရားအခွင့်အရေးယူခြင်း မပြုရ။
- လူမျိုးဘာသာ မခွဲခြားပဲ လူတိုင်း ၏ရပိုင်ခွင့်ကိုလေးစားပါ။
ကြင်နာသနား ညှာတာကရုဏာထားပါ
- တမန်တော်မြတ်က ကမ္ဘာ့လူသတ္တဝါအားလုံးအတွက် ကရုဏာထားတော်မူသည်။
- အားနွဲ့သူ ဆင်းရဲသားများ၊ ကလေးသူငယ်များ နှင့် သစ်ပင်ပန်းမာန် များ အားလုံးကို မေတ္တာဂရုဏာထားပါပါ။
- ပြောဆို လုပ်ကိုင် ကြင့်ကြံ နေထိုင်ရာ၌ သိမ်မွေ့နုညံ့သူက ယုတ်ရင်ကြမ်းတမ်းခက်ထန်သူထက် အောင်မြင်ပြီး လူအများချစ်ခင်နှစ်သက်မည်။
မတူကွဲပြားခြားနားမှုမှုကို စာနာလက်ခံပါ –
ကုရ်အာန်ကျမ်းမြတ် ဆူရဟ် အယ်-ဟူဂျူရတ် ၄၉:၁၃ ၌
“လူသားတို့ကို မတူကွဲပြားသော လူမျိုးမျိုးများ လူမျိုးစုများအဖြစ် ဖန်ဆင်းထားပြီး၊ အဦးနှင့်တဦး မုန်းတီးရန်မဟုတ်ဘဲ အချင်းချင်း သိရှိနားလည်ရန် သာဖြစ်ကြောင်း” ပါရှိသည်။ ၎င်းသည် မွတ်စလင်များအား မတူကွဲပြား လူအများနှင့်အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန်လေးစားမှုကို လက်ခံရန် ဖြစ်ပါသည်။
မတူကွဲပြားလူအများကို လေးစားစွာ ဂုဏ်တင်၍ဆက်စံပါ
- မတူကွဲပြားလူအများ၏ ဂုဏ်သိက္ခာသည် အားလုံးတန်းတူညီမျှဖြစ်သည်။
- မျိုးနွယ် မျိုးရိုးကိုးကွယ်သည့်ဘာသာ မွေးဖွားရာဇာတိ နိုင်ငံသား သို့မဟုတ် အသားအရောင် ဆင်းရဲ ချမ်းသာမရွေး မည်သူမျှ မခွဲခြားပဲ တန်းတူဆက်ဆန်ပါ၊
- တဦးနှင့်တဦး ဘာသာရေးလိုက်နာမှု အကျင့်စာရိတ္တအရသာ မတူကြပါ။
- ဘာသာမတူသူများကို ကြင်နာစွာ၊ တရားမျှတစွာ ဆက်ဆံပါ။
လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှု –
- ဆင်းရဲသားများကို ကူညီခြင်း၊
- အားနည်းသူများကို ပံ့ပိုးခြင်းနှင့်
- အစ္စလာမ်သည် မွတ်စလင်များအား တရားမျှတပြီး ချမ်းသာကြွယ်ဝသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် တက်ကြွစွာ ပါဝင်ရန် အားပေးပါသည်။
လူမှုအသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများကို ဝတ်ပြုကိုးကွယ်မှုအဖြစ် အစ္စလမ်ကသတ်မှတ်သည်။
နေ့စဉ်ဘဝတွင် လက်တွေ့လမ်းညွှန်ချက်များ
- ကောင်းမွန်သော အိမ်နီးချင်းဖြစ်ပါစေ – အစ္စလာမ်က ဘာသာတရားမခွဲခြား အိမ်နီးချင်းအခွင့်အရေးများကို အလေးပေးရန်သွန်သင်ထားသည်။
- ထောင်လွှားမှုနှင့် ရန်လိုမှုကို ရှောင်ကြဉ်ပါ – နှိမ့်ချမှုနှင့် စိတ်ရှည်မှုတို့သည် အပြန်အလှန်ဆက်ဆံမှုတွင် အရည်အသွေးကောင်းများဖြစ်သည်။
- ငြိမ်းချမ်းရေးကို မြှင့်တင်ပါ – အခြားသူများကို ငြိမ်းချမ်းရေးဖြင့် နှုတ်ဆက်ခြင်း (အစ်-စလာမုအလိုင်ကွမ်) သည် သဟဇာတဖြစ်မှု၏ အစ္စလာမ်ဝိညာဉ်ကို ထင်ဟပ်စေသည်။
- ဆွေးနွေးမှုမျးတွင် ပါဝင်ပါ – လေးစားစွာ ပေါင်းသင်းဆက်ဆံခြင်းသည် မတူကွဲပြားကွာခြားမှုများကို ပေါင်းကူးဆက်သွယ်ပေးပြီး အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန် ကူညီပေးသည်။
- အများကောင်းကျိုးကို သယ်ပိုးပါ – စေတနာ့ဝန်ထမ်းလုပ်ခြင်း၊ ကုသိုလ်ပြုခြင်းနှင့် နိုင်ငံသားတာဝန် ဝတ္တရား လုပ်ငန်းများ၌ပါဝင်မှုတို့သည် လူမှုဆက်ဆံရေးများကို အားကောင်းစေသည်။
ဤအချက်သည် အဘယ်ကြောင့် အရေးကြီးသနည်း
ကွဲမတူပြားမှုများကို အမြဲအလေးထားဖေါ်ပြလေ့ရှိသော ကမ္ဘာကြီးတွင် အစ္စလာမ်၏ လူမှုအသိုင်းအဝိုင်း အတွက် အလေးထားမှုကြောင့် လူတဦးချင်း တသီးပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဘဝတာဝန်တို့အကြား ပေါင်းကူးမှုကို ပေးစွမ်းနိုင်သည်။
တရားမျှတမှု၊ သနားကြင်နာမှုနှင့် လေးစားမှုတို့ဖြင့် နေထိုင်ခြင်းဖြင့် မွတ်စလင်များသည် ၎င်းတို့၏ ဘာသာရေးတာဝန်များကို ပြည့်မီစေရုံသာမက ပိုမို ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းအတွက်လည်း ပံ့ပိုးကူညီသည်။
ဒီအထိက ပြောချင် အတိုချုပ်ပါပဲ။ အခုနည်းနည်း ပြန်အကျယ်ချဲ့ဆွေးနွေးကြရအောင်…
အစ္စလာမ် ဘာသာဝင်တွေကို ဘယ်လို သွန်သင်ထားသလဲဆိုတော့ တဖက်သားကို-
- ကြင်နာသနားမှုရှိရမယ်
- တရားမျှတစွာနဲ့ နေထိုင်နိုင်ရမယ်
- လေးလေးစားစား ဆက်ဆံတတ်ရမယ်
မွတ်စလင် လူ့အဖွဲအစည်းမှာ မှာပဲပြောတာမဟုတ်ပါဘူး အခြားလူ့အဖွဲအစည်းတွေမှာလည်း အဲ့လိုနေထိုင်နိုင်ရမယ်၊ တရုတ်၊ အိန္ဒိယ၊ ဗမာ၊ တိုင်းရင်းသားအားလုံးနဲ့ လူမျိုးအားလုံးနဲ့ သင့်တင့်လျှောက်ပတ်စွာ နေထိုင်နိုင်ရမယ်။ စည်းလုံး ညီညွတ်မျှတတဲ့ လူမှု့အဖွဲ့အစည်းရရှိအောင် နေထိုင်ရမယ်.။
ရပ်ကွက်ဆိုလည်းရပ်ကွက်လေးတစ်ခု၊ ရွာဆိုရင် လည်းရွာ လေး တစ်ရွာ၊ မြိုဆိုရင်လည်း မြို့နယ်လေးတစ်ခု မှာ စည်းလုံးညီညွတ် ချစ်ခင်သင့်မြတ်အောင် နေထိုင်ရမယ်။
ကုရ်အာန် ကျမ်းစာနဲ့ ဟဒိစ ဆိုတဲ့ တမန်တော်မြတ်က ပြောခဲ့ ကျင့်ခဲ့တဲ့ အကြောင်း အရာမှတ်တမ်းတွေ က ဘာသွန်သင်ထားသလဲဆိုတော့-
လူအများနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလိုမျိုး ဉပမာ ငါတို့ အသင်း၊ ငါတို့ ကျောင်း၊ ငါတို့အရပ်၊ ငါတို့ရွာ၊ ငါတို့မြို့၊ ငါတို့နိုင်ငံဆိုတဲ့ သဘောမျိုးပေါ့ အဲ့ဒါမျိုးစိတ်ဓာတ်တွေမွေးရမယ်။ရှိရမယ်။
ဘာသာခြားတွေအများစုရှိတဲ့ နိုင်ငံမို့လို့ ငါတို့မွတ်စလင်နဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူး-
- ဒါကတော့ဗုဒ္ဓဘာသာတိုင်းပြည်
- ဒါကတရုတ်တွေရှိတဲ့တိုင်းပြည်
- ဒီဟာကတော့ မလေးတွေနေရာမိုလို့
- ဒါကတော့စင်ကာပူ၊ တရုတ်တွေကြီစိုးတဲ့နိုင်ငံမိုလို့
- ဒါကတော့ အမေရိကန်တွေ
မိုလို့ ဆိုပြီး ကျနော်တို့နိုင်ငံမဟုတ်ဘူး ကျနော်တို့နဲ့မဆိုင်ဘူးလို့သဘာမထားရဘူး။ ကျနော်တို့ တွေအားလုံးဟာ စုပေါင်းပြီးတော့ နေထိုင်ကြတဲ့နေရာ ကျနော်တို့နိုင်ငံပဲဖြစ်တယ်လို့ခံယူထားရမယ်။
- နိုင်ငံသားတစ်ဉီးတစ်ယောက် ဒုက္ခရောက်နေရင်ပဲဖြစ်ဖြစ်
- နိုင်ငံသားလူအများဒုက္ခ ရောက်နေရင်ပဲ ဖြစ်ဖြစ်…
မွတ်စလင် တစ်ယောက်အနေနဲ့ ကူညီဖို့ တာဝန်ကိုရှိတယ်၊တာဝန်သိရမယ်၊ တာဝန်ယူတတ်ရမယ်၊ ဒုက္ခရောက်သူအားလုံးကို သနားဂရုဏာထားပြီး ချစ်မြတ်နိုးစွာနဲ့ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးရမယ်။
မွတ်စလင်တွေဟာ အိမ်နီးချင်းကောင်းဖြစ်ရမယ်။ တမန်တော် မြတ်မိန်ကြားထားဘူးတယ်…
“ကိုယ့်ရဲ့ အိမ်နီးချင်းက ငတ်နေတဲ့အချန်မှာ ဆာလောင် မွတ်သိတ်နေတဲ့ အချိန်မှာ ကိုယ်က ဗိုက်ဝအောင်စားနေ ရင်လည်း၊ အဲ့ဒါ မွတ်စလင်ကောင်းမဟုတ်တော့ဘူး” လို့ “ငါ့ရဲ့ဘာသာဝင် ငါ့ရဲ့အသိုက်အဝိုင်း မဟုတ်ဘူး၊ လို့ပြောထားတယ်။”
အဲ့တော့ ကူရမယ်၊ ထောက်ပံပေးရမယ်။ အခြားဘာသာဝင်ဖြစ်နေရင်လည်း အကူအညီပေးဖို့ရာ အရန်သင့်ရှိရမယ်။ အများနဲ့ နေတဲ့အချိန်မှာ သိတတ်ရမယ်။ ငါ့ဖို့ ငါဖို့ဆိုတာကြီးကို လုပ်လိုမရဘူး။ အများအတွက် အကျိုးရှိအောင် လုပ်ပေးရမယ်။ ဒါပေမဲ့ ပြစားကြွားဝါတာမျိုးမဖြစ်ရဘူး။ လှုတယ်ဆိုရင်လည်း ကိုယ်လှူလိုက်တာကို လူမသိစေနဲ့တဲ့။ အဲ့ဒါက အရေးကြီးတယ် ပြစားလိုက်တဲအခါမှာငါလှူတယ် ဘယ်လောက်လှူလိုက်တယ် လို့ပြော လိုက်ရင် ကိုယ်လှူခဲ့ တာတွေက အလကားဖြစ်သွားမယ်။ အလ္လာဟ်အသျှင်မြတ် ကကြိုက်နှစ်တော်မမူဘူးလို့မှာခဲ့တယ်။ သူများကြွားချင်ရင် လူတွေချီးမွမ်းခံရချင်ရင် ကိုယ့် နီယပ် ရည်ရွယ်ချက်အတိုင်းလူအထင်ကြီး ချီးမွမ်းခံရတဲ့အကျိုးပဲရမယ်။ အလ္လာဟ်အသျှင်မြတ် ထံတော်က ဘာဆုလဒ်ကိုမှ ရမှာမဟုတ်ဘူးတဲ့။
မွတ်ဆလင် အချင်းချင်းကညီညွတ်ရမယ်။ အဲ့ဒီလိုညီမှုကနေ ပြင်ပမှာရှိတဲ့ အခြားဘာသာဝင်တွေဆီ ကိုလည်းဖြန့် ထွက်အောင် လုပ်ပါတဲ့။ ဗုဒ္ဓဘာသာတွေ ခရစ်ယာန်တွေ တရုတ်တွေ ဟင်ဒူတွေ ဘာသာမဲ့တွေနဲ့ အခြားဘာသာ ဝင်အကုန်လုံး အတွက်မိတ်ဆွေသင်္ဂဟဖြန့် လိုက်ပါတဲ့။ ကျနော်တို့ရဲ့ စည်းလုံးမှုက အများအတွက်ဖြစ်ရမယ်၊ မွတ်စလင် တစ်ခုတည်းအတွက် သီးသန့်မဟုတ်ဘူး။
မြန်မာပြည်မှာ ဆိုလည်းကျနော်တို့ဗမာမွတ်စလင်တွေလုပ်နေကြတာပါ။
၈၈၈၈မှာလည်းပါတာပဲ
တော်လှန် ရေးအဆက်ဆက်မှာလည်း ပါတာပဲ
နယ်ချဲ့ကိုတော်လှန်တော့လည်းပါနေကြတာပဲ
ရွှေဝါရောင်တော်လှန်ရေးမှာလည်းပါနေတာပဲ
အများအတွက် အကူအညီလိုတဲ့အခါမှာ အများဒုက္ခရောက်ချိန် နာဂစ် ရေဘေး လေဘေး မီးဘေး ကိုဗစ်ဘေး တွေမှာ မွတ်စလင်တွေက လက်မနှေးပဲ တော်တော်များများ နေရာတကာမှာ ပါဝင်နေကြတာပဲ။
ဟိုဘက်မှာ လည်းပါတာပဲ ဒီဘက်ကလည်းပါတာပဲ။ အဲ့ဒါမျိုးဖြစ်ရမှာ ကိုယ့်ရဲ့ ယုံကြည်ရာကို ကိုယ်လုပ်ကြတာပဲ။ အကွဲအပြဲ ဖြစ်တဲ့အခါမှာလည်း ပြန်လည်းသင့်မြတ်အောင် ပါဝင်လုပ်ဆောင်ရမယ်။ အကွဲအပြဲတွေမဖြစ်အောင် မွတ်စလင်နဲ့ အ ခြားဘာသာဝင် တွေ ဗုဒ္ဓဘာသာဝင်တွေ တရုတ်တွေ အခြားလူမျိုးစုတွေ ခရစ်ယာန်တွေစတဲ့ လူမျိုးအသီးသီး နဲ့ လည်း ရင်ကြား စေ့လုပ်ပေးရမယ်။
တရားမျှတမှုရှိရမယ်၊ ကိုယ်ကိုတိုင်ရော ကိုယ်မိသားစုနဲ့ရော ပတ်ဝန်းကျင် မှာရော တရားမျှ တမှု့ရှိရမယ်။ ခက်ခဲနေတဲ့လူတွေ ဆင်းရဲနေတဲ့ လူတွေကိုနှိမ့်ချပြီးမဆက်ဆံရဘူး။
အရောင်းအဝယ်တွေလုပ်တဲ့ အခါမှာ သမာသမတ်ရှိကြရမယ်။ ရိုးသားရမယ်။ လူမှုရေးအရ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာ လည်းရိုးသားရမယ်၊ တရားမျှတမှုရှိရမယ်။ အဲ့လိုဂုဏ်တွေကို အစ္စလာမ်ရဲ့ ကိုယ်ကျင့်တရားထဲမှာ တမန် တော်မြတ် ကအကုန်ပြောပြထားပါတယ်။
ကိုယ်က အုပ်ချုပ်တဲ့လူဖြစ်နေရင်လည်း ကိုယ့်လက်အောက် ငယ်သားကို ညှာတာရမယ်။
တမန်တော် မြတ်မိန်ကြားထားဘူးတယ်… “အစ္စလာမ်ကို ယုံကြည်တဲ့ မွတ်စလင်တစ်ယောက် ဟာဆိုရင် ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို သူအများအတွက် ပေးနိုင်ဖို့စိတ်ကိုမွေးရမယ်”
ကိုယ်ကကြိုက်တယ် ဆိုရင်သူများတွေ လည်း ကြိုက်မှာပဲပေါ့ အဲ့ဒါကြောင့် ကိုယ်ချင်းစာစိတ်ရှိရမယ်။ ကိုယ်မကြိုက်တဲ့အရာကို သူများသွားပေး လို့မရဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရာကို ကိုယ်ကမယူပဲ စွန့်လွှတ်အနစနာခံပြီး သူများကို ဉီးစားပေးနိုင်အောင်ကြိုးစားရမယ် ကိုက အနစ်နာခံနိုင်ရမယ်။ မွတ်ဆလင်ကို ပဲဖြစ်ဖြစ် အခြားဘာသာဝင်ကိုပဲဖြစ်ဖြစ် လှူတဲ့တန်းတဲ့ အခါမှာရက်ရောမှု ရှိရမယ်။ ကိုယ်ချင်းစာစိတ်ရှိရမယ်. ကိုယ်အိမ်မှာ ဟင်းကောင်းတခွင်ချက်ရင် ဘေးပတ်ဝန်းကျင်က အိမ်ကိုလည်းဟင်းတခွက်တော့ပေးပါတဲ့။ အလှူအတန်းလုပ်တဲ့ အခါမှာလည်း ကိုယ့်မွတ်စလင် အချင်းချင်းကိုပဲခေါ် ပြီး ကျွေးလို့မရဘူး ကိုယ်အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာခြားတွေကို ဖိတ်ပြီးကျွေး ရမယ်။ လူသား အားလုံးနဲ့ ဝေစားမျှစားလုပ်ရမယ်။ တစ်ကိုယ်ကောင်းဆန်လို့မရဘူး။
မတူကွဲပြားတာကို လက်သင့်ခံရမယ်။ အဲ့ဒါကို လေးစားရမယ်။ ကုရ်အာန် ဆူရာ ၄၉-၃၀ မှာဖော်ပြထားတယ် ၊ တမန်တော်မြတ်ရဲ့ နောက်ဆုံး ဟာဂျ် ရဲ့ မိန့်ခွန်းမှာလည်းပါတယ်…
“လူတွေကိုဖန်တီးတာက နိုင်ငံတွေ လူမျိုးစုတွေ အမျိုးစုံကို ဖန်တီးလိုက်တာက တစ်ယောက်ကို ပြိုင်ဆိုင်ဖို့ ဂုဏ်တုဂုဏ်ပြိုင် လုပ်ဖို့မဟုတ်ဘူး ငါသာတယ် မင်းညံ့တယ်ဆိုပြီး ပြိုင်ဆိုင်ဖို့ မဟုတ်ဘူး တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းဖို့ ဆက်ဆံဖို့ စုပေါင်းနေထိုင်မှု အပြန်အလှန် လေးစားမှုပြုဖို့” ပြော ထားတာပါ။
နောက်တခုက လူမှုအဖွဲ့အစည်း ပတ်ဝန်းကျင်ကို အလုပ်အကျွေးပြုရမယ်။ ကျနော်တို့ အစ္စလာမ်မှာက သေဆုံးသွားတဲ့ သင်္ဂြိုဟ် ပေးမဲ့သူမရှိဘူးဆိုရင် ကိုယ်က ဝင်ပြီး သင်္ဂြိုဟ် ပေးပါတဲ့ ဒီအတိုင်းပြစ်ထားလို့ မရဘူးတဲ့။ အဲ့ဒီလို ဒုက္ခ ရောက် နေပြီဆိုရင် ကူညီပေးရမယ် မကူညီခဲ့ရင် အဲဒီဒေသမှာနေတဲ့ မွတ်စလင် တွေအားလုံးမှာ တာဝန်ရှိတယ်၊ အပစ်ကျမယ်။ တယောက်ယောက်က ကူညီသင်္ဂြိုဟ် ပေးလိုက်ရင် ကျန်တဲ့တရပ် တရွာ တမြို့ခုံးရဲ့တာဝန်ကျသွာတယ်။
မွတ်စလင်တွေဟာ လူ့အဖွဲ့အစည်းကို တရားမျှတပြီးတော့မှ ကြွယ်ဝချမ်းသာတဲ့ လူအဖွဲ့ အစည်းဖြစ်အောင် ကြိုးပန်းပေးရမယ့် တာဝန်တွေရှိတယ်။ ကိုယ်လုပ်နိုင်တဲ့ အပိုင်းလုပ်ပေါ့။ လူမှု့အဖွဲ့ အစည်းတွေထဲမှာလဲ လူမျိူးပေါင်းစုံရှိနေကြတာပဲ။
မွတ်စလင် တွေဟာ အိမ်နီးချင်းကောင်းဖြစ်အောင်နေရမယ်။ ကိုယ့်ကြောင့် ပတ်ဝန်းကျင်ကို အနှောက်အယှက် မဖြစ်စေရဘူး။
- ရန်လိုမှုတွေမလုပ်ရဘူး။
- မောက်မာတာတွေ မလုပ်ရဘူး။
- လူသားဆန်ရမယ်။
- စိတ်ရှည်ရမယ်။
- ငြိမ်းချမ်းမှုကို ဉီးစားပေးရမယ်။
ငြိမ်းချမ်းရေးအတွက် ဝိုင်ဝန်းလုပ်ဆောင်ပေးရမယ်။
ငြိမ်းချမ်းမှ လူမှု့ ဘဝတွေတိုးတက်ဖွံဖြိုး လာမယ်
ငြိမ်းချမ်းမှကိုယ့်အလုပ်ကို လုပ်နိုင်မယ်
ငြိမ်းချမ်းမှ ကိုယ့်အိမ်ကိုပြန်နိုင်မယ်
ကိုယ့်အိမ်ကို ပြန် ဆောက်နိုင်မယ်
နောက်ပြီးတိုင်းပြည်ငြိမ်းချမ်းမယ် တိုးတက်လာမယ်
အဲ့ဒါပဲလုပ်ကြပါလို့ တိုက်တွန်းအပ်ပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးစကား ပြောကြပါ။ လေးလေးစားစားနဲ့ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ကြပါ။ ယုံကြည်မှု့ တည် ဆောက်ကြပါ။ အများ အ တွက် အကျိုးရှိမဲ့ ပရဟိတ အလုပ်တွေကို ဝိုင်းဝန်းလုပ်ဆောင်ကြပါ။ အဲ့လိုလုပ်ဆောင်တာကြောင့် တစ်ဖက်နဲ့ တစ်ဖက်ချစ်ကြည် မှုတွေပိုရနိုင်ပါတယ်။