Neither statement is true: Muslims are not all terrorists, nor are all terrorists Muslims. Terrorism is a complex issue driven by various factors, and individuals should be judged on their actions, not their religion or group affiliation.
Facts for consideration:
- Vast Majority of Muslims are not Terrorists: There are an estimated 1.5 billion Muslims worldwide. The number of individuals belonging to extremist organizations represents less than 0.001% of all Muslims.
- Most Terrorist Attacks are Committed by Non-Muslims:
- In the United States, an FBI study found that 94% of terrorist attacks on U.S. soil between 1980 and 2005 were committed by non-Muslims.
- In Europe, official Europol data for the years 2011 to 2014 showed only 1% of terrorist attacks were religiously-inspired (which includes extremists from various religions, not solely Muslims), while the vast majority were ethno-nationalist or separatist attacks.
- Islam Condemns Terrorism: Islam, as a faith, promotes peace, understanding, and justice, and explicitly forbids the killing of innocent people. Major Muslim leaders and organizations globally have consistently and strongly condemned acts of terror committed by extremist groups like ISIS, Al-Qaeda, and others.
- Terrorism Has Multiple Causes: People commit acts of terrorism for a wide range of reasons, including political, nationalist, economic, and social grievances, not solely religious ones.
Generalizing the actions of a tiny extremist minority to the entire Muslim population is inaccurate and harmful.
၁၁/ မွတ်စလင်အားလုံးဟာ အကြမ်းဖက်သမားလား?
အကြမ်းဖက်သမားအားလုံးဟာ မွတ်စလင်တွေလား?
နှစ်ခုစလုံးမှန်ကန်မှုမရှိပါ- မွတ်စလင်အားလုံးဟာ အကြမ်းဖက်သမားတွေမဟုတ်သလို၊ အကြမ်းဖက်သမားအားဟာလည်း မွတ်စလင်တွေမဟုတ်ကြပါ။
အကြမ်းဖက်ဝါဒဟာ အမျိုးမျိုးသော အချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးတဲ့ပြဿနာဖြစ်ပြီး၊ လူတစ်ဦးချင်းစီကို သူတို့ရဲ့လုပ်ရပ်တွေနဲ့ တယောက်ချင်း အမှုတစ်ခုချင်း အဖြစ်အပျက်တခုချင်းအပေါ် စိစစ်အကဲဖြတ်သင့်ပါတယ်။ သူတို့ ကိုးကွယ်တဲ့ဘာသာသာသနာရေး ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ မသက်ဆိုင်ပါ။
စဉ်းစားရန် အချက်အလက်များ-
- မွတ်စလင်အများစုဟာ အကြမ်းဖက်သမားတွေမဟုတ်ပါ- ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင် ၁.၅ ဘီလီယံခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အစွန်းရောက်အဖွဲ့အစည်းတွေမှာပါဝင်သူတွေရဲ့ အရေအတွက်ဟာ မွတ်စလင်အားလုံးရဲ့ ၀.၀၀၁% ထက်နည်းတာကို တွေရမှာဖြစ်ပါတယ်။
- အကြမ်းဖက်တိုက်ခိုက်မှုအများစုကို မွတ်စလင်မဟုတ်သူတွေက ကျူးလွန်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ( FBI အက်ဖဘီအိုင် ) ရဲ့ လေ့လာမှုတစ်ခုအရ ၁၉၈၀ မှ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင်းရှိ အကြမ်းဖက်တိုက်ခိုက်မှု ၉၄% ကို မွတ်စလင်မဟုတ်သူများက ကျူးလွန်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
ဥရောပမှာလည်း၊ ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွက် ဥရောပသမဂ္ဂလုံခြုံရေးဌာန/ရဲအဖွဲ့ (Europol, the European Union Agency for Law Enforcement Cooperation) ရဲ့ တရားဝင် အချက်အလက်တွေအရ အကြမ်းဖက်တိုက်ခိုက်မှု ၁% သာ ဘာသာရေးကြောင့် ဖြစ်ပွားခဲ့ပါတယ် (ဘာသာရေးအမျိုးမျိုးက အစွန်းရောက်သမားတွေ ပါဝင်ပြီး မွတ်စလင်တွေပဲမဟုတ်ကြပါ)၊ အများစုမှာ-လူမျိုးရေး၊ အမျိုးသားရေး ဒါမှမဟုတ် ခွဲထွက်ရေး တိုက်ခိုက်တွေ ဖြစ်ပါတယ်။
အစ္စလာမ်သာသနာက အကြမ်းဖက်ဝါဒကို ရှုတ်ချသည်-
အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းရေး၊ နားလည်မှု နဲ့ တရားမျှတမှုကို မြှင့်တင်ပြီး၊ အပြစ်မဲ့သူတွေကို သတ်ဖြတ်တာ တိကျပြတ်သားစွာ တားမြစ်ထားပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အဓိက မွတ်စလင်ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ အိုင်အက်စ အိုင်အက်စ/ အလ်ကိုင်ဒါ ISIS/ Al-Qaeda နဲ့အခြားအစွန်းရောက်အဖွဲ့တွေက ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမြဲတန်း တသမတ်တည်း အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။
အကြမ်းဖက်ဝါဒမှာ အကြောင်းရင်းများစွာရှိပါတယ်–
လူများဟာ
- နိုင်ငံရေး၊
- အမျိုးသားရေး၊
- စီးပွားရေး
- လူမှုရေး မကျေနပ်မှုတွေနဲ့
- စိတ်ရောဂါအခံကြောင့် အပါအဝင်
အကြောင်းရင်းများစွာကြောင့် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ကြပါတယ်၊ ဘာသာရေးတစ်ခုတည်းကြောင့်ပဲ မဟုတ်ပါ။
သေးငယ်တဲ့ အစွန်းရောက်လူနည်းစုရဲ့ လုပ်ရပ်တွေအတွက် မွတ်စ်လင်လူဦးရေတစ်ခုလုံးကို ချုံပြီးသိမ်းကျုံးပြောတာတွေဟာ မှန်ကန်မှုမရှိဘဲ အန္တရာယ်ရှိပါတယ်။
ကဲ.. အစ္စလာမ်ဘာသာဝင်တွေက အကြမ်းဖက်တာလား အကြမ်းဖက်တာ အစ္စလာမ် ဘာသာဝင်တွေလား ဆိုတာကို အခုအသေးစိတ်ပြန်သုံးသပ်ကြည့်ကြစို့ –
အကြမ်းဖက်တယ်ဆိုတာ ဘယ်ဘာသာနဲ့မှမဆိုင်ဘူး ဘာသာတွေက ဘယ်တော့မှ အကြမ်းဖက်ဖို့ သင်ပေးတာမဟုတ်ဘူး။
- အုပ်ချုပ်တဲ့လူတွေ
- ခေါင်းဆောင်တွေ
- နိုင်ငံရေးသမားတွေက ဘာသာရေးကိုအသုံးချတယ်
- တခါတလေ ဘာသာရေးတတ်တဲ့လူတွေက နိုင်ငံရေးလုပ်ပြီးခေါင်းဆောင် ဖြစ်နေတာလဲရှိတယ်။
- တခါတလေ နိုင်ငံရေးသမားတွေက ဘာသာရေးသမားတွေကို ခေါပြီးအသုံးချတယ် နေရာပေးတယ်
ပြီးတော့မှ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးသမားတွေပေါင်းပြီးတော့မှ လူအုပ်စုတွေမတဲ့အောင် သတ်အောင်လို့ တိုက်ပေးနေတာကို ဘာသာရေးမျက်မှန်စိမ်းတပ်ပေးတယ်လို့ခေါ်နိုင်တယ်။
ဒါကြောင့် မိုလို့ ကွန်မြူနစ်တွေပြောတာပဲ ဘာသာရေးဆိုတာ လူတွေကို ဘိန်းကြွေးတာတဲ့ ဒါသူတို့အမြင်ကိုပြောတာပါ ကျနော့ အမြင်မဟုတ်ပါဘူး။
အကြမ်းဖက်တွေအားလုံးက အစ္စလာမ်ဘာသာဝင်တွေလို့ မှိုင်းတိုက်ပြီး အပြောခံရပါတယ်။
မွတ်စလင်တွေအားလုံးက အကြမ်းဖက်သမားမဟုတ်ရင်တောင် အကြမ်းဖက်သမားတွေအားလုံးက မွတ်စလင် တွေဆိုပြီးတော့ နိုင်ငံအများက လူတွေ မတရား လွဲမှားစွာ ပြောနေကြတာတွေရှိတယ်။
မွတ်စလင်တွေအားလုံးက အကြမ်ဖက်မဟုတ်ပါဘူး။ လူတစ်ယောက်ခြင်း တစ်ယောက်ခြင်းစီရဲ့ လုပ် ဆောင် ချက်တွေပါ။ ပြီးတော့ အချို့သောသူတို့ရဲ့ တဦးချင်းလုပ်ဆောင်ချက်တွေကို အားလုံးသိမ်းကြုံးပြီး ဒီလူကတော့အကြမ်းဖက်သမားလို့တဦးချင်းမကြည့်ပဲ၊ ဒီကောင်က အစ္စလာမ်ဘာသာ ဝင်ဖြစ်လို့ အစ္စလာမ္မစ်အကြမ်းဖက်သမား လို့သိမ်းကြုံးမှတ်ချက်ချလိုက်ရော။ အဲ့ဒီမှာကျနော်ပြောချင်တာက ဘာသာကိုလာပြီးဆွဲမထည့်နဲ့၊ ဒီလူကတော့ မွတ်စလင်အကြမ်းဖက်သမားလို့ လာမပြောနဲ့ ။
ခင်ဗျားတို့ တခြားဘာသာဝင်တွေလုပ်တယ်ဆိုရင် ပြောမှမပြောပဲနဲ့ ဗျာ-
- မိတ္ထီလာမှာ အကြမ်းဖက်သမားတွေကဘယ်သူတွေလဲ?
- တောင်ကုတ် မှာအကြမ်းဖက်သမားတွေကဘယ်ကလဲ?
- ရိုဟင်ဂျာတွေကို အကြမ်းဖက်တာက ဘယ်သူတွေလဲ?
သူတို့လုပ်တာက ဘာသာရေး လူမျိုးရေးအရ လုပ်တာကို တခြား အကြောင်းမျိုးစုံပြတယ်-
- လူမှုရေး/ စီးပွါးရေး ပဋိပက္ခ ရာဇဝတ်မှု အကြောင်းမျိုးစုံ ပြတယ်ဗျ။
- အမှန်တော့ အာဏာ နေရာလိုချင်တာရယ်
- မွတ်စလင်တွေကိုကြောက်တာ နေရာ ယူသွားမှာ ကိုကြောက်တာ
- သူတို့တွေကတဖြည်းဖြည်းနေရာတောင်းလာမှာ ကြောက်တာ
- နိုင်ငံခွဲထွက်မှာ ကြောက်တာ
- မွတ်စလင် တွေကနေပြီးတော့မှ ဗမာပြည်ကြီးကို အုပ်စိုးသွားမှာ ကြောက်တာဗျ။
မွတ်စလင်ကိုမုန်းတာ ရိုဟင်ဂျာကိုမုန်းတာ ဗမာမွတ်စလင်ကိုမုန်းတာ မဟုတ်ဘူး။
- သူတို့က အာဏာကို ဆက်ပြီးလက်ဝါးကြီးအုပ်ထားလို့ မရမှာ
- သူတို့က သူတို့နိုင်ငံကြီးပဲ့ပါသွားမှာ
- သူတို့နိုင်ငံကို အုပ်စိုးသွားမှာ ကြောက်တာ
- သူတို့တွေရဲ့ဝေစုမရမှာ
- သူတွေရဲ့စီးပွားရေးတွေထိသွားမှာ
အဲ့ဒီလိုမျိုးတွေကြောက်ကြတာ။ အမှန်တော့ ဘာသာရေးထက် နိုင်ငံရေးတွေ စီးပွားရေးတွေက ပါတာ အဲ့ဒါတွေကို မြင်ကြည့်မှရမှာ။
တခုခု အကြမ်းဖက်မှုကိုလုပ်လိုက် တယ် ဆိုလည်း အဲ့ဒါဘာလဲ ဘာသာနဲ့လူမျိုးတွေ ဘယ်အုပ်စုက ဆိုတာလာမပြောနဲ့
- အကြမ်းဖက် သမားကအကြမ်းဖက်သမားပဲ
- ဘာသာရေးက ဘာသာရေးပဲ တခြားစီပဲ
အဲ့တော့ မွတ်စလင်အများစုက အကြမ်း ဖက်သမားမဟုတ်ဘူး။
မွတ်စလင် ဘီလျှံပေါင်း၁.၃ ရှိတဲ့အထဲက အကြမ်းဖက်သမားတွေထဲမှာပါနေတဲ့ကောင်တွေတောင်မှ ၀.၀၀၁တစ်ဆိုရင် တစ်သိန်းပုံတစ်ပုံတစ်ပုံ ပဲရှိတာ။
လူတစ်သိန်းမှာတစ်ယောက်လောက်ပဲရှိပါတယ်။
ဘာလူမျိုး ဘယ်ဘာသာဝင်ထဲမှာမဆို လူဆိုးလူမိုက်၊ ရူးတဲ့ကောင်လဲရှိမှာပဲ မိုက်တဲ့ကောင်လဲရှိမှာပဲ လူဆိုးလဲရှိမယ် ဒါတွေကတော့ ရှိနေမှာပဲ အဲ့ဒါတွေလောက်ကတော့ပြောမနေနဲ့တော့ FBIက သူတို့အမေရိကားမှာ ရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ စာရင်းကို ၁၉၈၀ ကနေပြီးတော့ ၂၀၀၅ ခုနှစ်ထိအောင် ကြည့်လိုက်တော့ ၉၄ %က မွတ်စလင်မဟုတ်သူတွေတဲ့။ ဒါပေမဲ့ မွတ်စလင်တွေကိုပဲ မျက်စေ့မှိတ်ပြီး ဇွတ်ပြောနေကြတာ။ မွတ်စလင်ထဲကလုပ်တဲ့လူတွေက စုစုပေါင်း အကြမ်းဖက်သမားတွေ အားလုံးရဲ့ ၆% ပဲရှိပါတယ် ။
ဥရောပသမဂ္ဂလုံခြုံရေးဌာန/ရဲအဖွဲ့ ရဲ့ အချက်အလက်တွေအရ အကြမ်းဖက်တိုက်ခိုက်မှုအားလုံးရဲ့ ၁% သာ ဘာသာရေးနဲ့ ဆက်နွယ်တာ။ အဲဒါ ဘာသာရေးနဲ့ ဆက်နွယ်တာတွေကလည်းမွတ်စလင် တင်မဟုတ်ဘူး ကျန်တဲ့ဘာသာခြားတွေလည်းပါပါတယ်။
အများအားဖြင့်က ပြည်နယ်ခွဲထွက်ချင်တာတို့ နိုင်ငံရေးအရတို့ ဘာတို့ညာတို့ တခြားအမျိုးစုံ လုပ်တဲ့ဟာတွေ ပါနေတာ။
အဲ့တော့ မွတ်စလင်တွေက ဒီအကြမ်းဖက်မှု့ကို ရှုံ့ချတယ်နော်။ ပြသနာ ဖြစ်လိုက်ရင် ဘယ်နားမှာဖြစ်ဖြစ် ဗလီတွေထဲမှာတရားဟောတယ်၊ ဗမာပြည်ထဲမှာဆိုလည်းကြောက်နေရတယ်၊ ငါတို့မပါဘူး၊ ငါတို့ မထောက်ခံဘူး ဆိုပြီး။ တခြားနိုင်ငံတွေမှာလည်းအကုန်လုံးပဲဝိုင်းပြော ဝိုင်းကန့်ကွက်ကြတာဖြစ်တယ်။
မွတ်စလင်ခေါင်းဆောင်တွေ ကရော မွတ်စလင်တွေ တော်တော် မျာများကရော ပြောကြကန့်ကွက် ကြပါတယ်။ အလကားနေရင်း တွဲဖက်တာခံလိုက်ရတာ၊ နာမည်ဆိုးအတပ်ခံလိုက်ရတာဗျာ။
ISIS အိုင်အက်စ တွေ အလ်ကေဒါ တွေကိုဆိုရင် မွတ်စလင် တွေကဆန့်ကျင် တယ်။ နောက်ပြီး ISISတွေကို ဘယ်သူ ထောင်ပေးထားလဲ ဘယ်သူကထွင်ပေးထားလဲ ဘယ်သူကနေစပြီးလုပ်ပေးနေလဲ ခင်ဗျားတို့ဘာသာရှာဖတ်ကြည့်ကြပါ ကျနော်မပြောတော့ဘူး အယ်လ်ကေဒါလည်း အတူတူပဲဗျာ။
အဲ့ဒီကောင်တွေကို ဘယ်သူကပေးထားသလဲ၊ ဘယ်သူကလုပ်တာလဲ အမေရိကန် အစ္စရေး နဲ့က ဘာတွေဆက်နွယ်နေကြသလဲ? သတင်းတွေထွက်လာတော့ အများကြီးပဲဗျနော်။ ဒါကိုကျနော်က မှန်ရ မယ်လို့ပြောတာမဟုတ်ဘူး ကိုယ့်ဟာကို သုသေတနလုပ်ကြည်ကြပါဗျာ။မွတ်စလင်နာမည်ပျက်အောင်လို့ရယ် မွတ်စလင် တွေကို ချဖို့ပြန်လုပ်တာနဲ့ ။
အဲ့ဒီအဖွဲ့တွေကို ဘယ်သူက ထောင်ပေးထားတယ်၊ နောက်ကနေ ငွေ နဲ့လက်နက်ပံ့ပိုးနေတယ် ဆိုတွေ အခုပေါ်လာတာတွေ အများကြီးပါ။ ယနေ့ ကမ္ဘာမှာ အကြမ်းကြုတ် အရက်စက်ဆုံး ISIS ရဲ့ ခေါင်းကိုင်ဖခင်တွေက ခရိယာန် နဲ့ ဂျူး ဘာသာဝင်တွေဆိုတာ Jeffery Epstein ရဲ့ အမှုဖိုင်တွဲအရ အခုမှသိကြရပေမယ့် ဒေါ်နယ်ထရမ့်က ၂၀၁၆ ထဲက ကမ္ဘာသိပြောခဲ့ပြီးပါပြီ .. ( CNN ကမ္ဘာ့သတင်းဌာန၌ ဖော်ပြထားသည်)။ အစ္စရေးဝန်ကြီးကိုယ်တိုင်လည်း ISIS ကို ထောက်ပံ့မှု့ပေးထားကြောင်း ကမ္ဘာသိဝန်ခံခဲ့ကြတယ်။
ရှိသမျှ အကြမ်းဖက်တဲ့ဟာတွေအားလုံး အကြမ်းဖက်သမားတွေကို ထောင်ပေးတာက အားကောင်းတဲ့ ပါလက်စတိုင်း ဖာတာအဖွဲ့ ကိုဖြိုဖျက်တိုက်ဖို့ဆိုပြီး၊ ဟာမတ် ကိုထောင်ပေးတာ။ ပိုက်ဆံပေးတယ် လက်နက်တွေပေးတယ်။ နောက်တော့မှ သူတို့မွေးတဲ့မျောက်ကကြီးလာပြီး ဘီလူးဖြစ်သွားတယ်။ အဲ့ဒါတောင် အောက်တိုဘာ ၇ တုံး က သူတို့ကို ဝင်တိုက်ဖို့ဟာတောင် လွှတ်ပေးထားလို့ ဟထားပေးတဲ့ သတင်းတွေထွက်လာနေပြီဗျ။
ကျနော်အရင်ကလည်းပြောထားပြီးသားပါ။ ဗမာပြည်လည်းအတူတူပဲလေ။ ရခိုင်မှာ ရဲဌာန (၃၀) ကိုဝင်စီး တယ်လို့ ပြောခဲ့ကြသလိုပေါ့။ နောက်တော့ အခုကြတော့ ပြန်ပေါင်းနေကြပြီတွေ့တယ်မဟုတ်လား? ဒီလောက် နှစ် (၇၀)လောက် သူပုန်ထ တော်လှန်ရေးလုပ်တဲ့ သိုင်းမှာ ဘယ်အဖွဲ့ကမှ ရဲဌာန (၃၀) ကိုဝင်မစီး နိုင်သေးဘူး။ ပြန်ချဘို့ အကြောင်းပြရအောင်ရယ် ရဲဌာန (၃၀) ကသိမ်းထားတဲ့ မူးယစ်ဆေးဝါးတွေ ပြန်ယူရအောင် အကွက်ဆင်လိုက်တာလေ။
အခုလည်းဟားမတ်စ်ကိုချဘို့ရာ ပါလက်စတိုင်းလူဆိုးအုပ်စုကို လက်နက်တွေပေးထားတယ်။ ရိက္ခာပို့တဲ့ကားတွေ လူတွေ ရိက္ခာလာယူတဲ့ ပါလက်စတိုင်းတွေကိုပစ် တယ်လိုက်သတ်တယ်။ ပါလက်စတိုင်းခေါင်းဆောင်တွေကို လိုက်သတ်တယ်။
သူကံကြမာနဲ့သူ ဝဋ်လည် လာမှာပဲ။ အဲ့ဒီ လူဆိုးအုပ်စုရဲ့ခေါင်းဆောင် အချင်းချင်း ပစ်သတ်ခံလိုက်ရတယ်။
အဲ့တော့ အကြမ်းဖက်တဲ့ဟာမှာအကြောင်းမျိုးစုံရှိတယ်ဗျ-
အိုင်ယာလန် ခွဲထွက်ချင်လို့တို့ အခြားဟာတွေ ဗုံးခွဲတာတွေ ဘာတွေညာတွေ တမီလ် တိုက်ဂါး တွေလဲချခဲ့တာပဲ သူတို့က အခုခေတ်သစ်မှာ အသေခံဗုံးခွဲ အကြမ်း ဖက်မှုတွေကို စခဲ့တာကို မွတ်စလင်တွေဖက်ကိုရောက်သွားတာ။ ဂျပန်က ဒုတိယကမ္ဘာစစ်မှာ ခါမီခါဇေ အသေခံပြီး အမေရိကန်သင်္ဘောပေါ် လေယာဥ်နဲ့ထိုးချကြတာတော့ သူရဲကောင်းတဲ့။ ဂျပန်က စစ်မကြေညာပဲ မတရားတဲ့စစ်ကိုစတာနော်။
အခုကြတော့ ဘယ်လိုဖြစ်နေလဲကြည့် UN ကကို ကြေညာချက်ထွက်လာတယ်။ ရခိုင်မှာဖြစ်တာ ဆေးရုံကိုသွားပြီးဗုံးကျဲတယ်၊ ကျောင်းတွေကိုသွားဗုံးကျဲတယ်၊ အဲ့တာကြတော့ အကြမ်းဖက်တာ မဟုတ်ဘူးလား?
အဲ့လိုမျိုးပြောမယ်ဆိုရင် နိုင်ငံရေးအရလုပ်တာ၊ အကြမ်းဖက်တာမဟုတ်ဘူးပေါ့။ ဒါကတော့ ဗုဒ္ဓ ဘာသာ အကြမ်းဖက်လို့ပြောရင်မတရားဘူး။
နောက်တော့သတ်..သတ်ဆိုပြီးခေါင်းကိုပစ်ခိုင်းတဲ့ ဘုန်းကြီးရော။ နောက်ကျတော့ ကရင်ကို ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကွဲ အောင်လုပ်တာနဲ့။ အိပ်မက်တယ်ဆိုပြီး ဗလီတွေရော ချာချ်တွေကိုရော ဖျက်တယ် ချာချ်ထဲကိုကျူးကျော် ပြီးတော့ ဘုရားတည်တယ်။ အဲ့လိုမျိုးနဲ့ ဘယ်သူ ကခိုင်းလို့လုပ်နေတာလဲ? ဗုဒ္ဓ ဘာသာကို ခုတုန်းလုပ်ပြီးတော့မှ အဲဒီဘုန်းကြီးက သူကိုယ်တိုင်က ထောက်လှမ်း ရေး၊ ဘုန်းကြီးဝတ်ပြီး တော့မှ အေကေ ၄၇ကြီးကို တကားကား ကိုင်ထားတာကြီး။
အဲ့လိုမျိုးပေါ့ အမျိုးစုံပေါ့ ရွှေဝါရောင် တော်လှန်ရေးပြီးတဲ့အခါကကြတော့ ဗိုလ်ချုပ် ခင်ညွန့်က ထည့်လိုက်တဲ့ ဘုန်းကြီးတွေအများကြီးပဲ။ ထောင်ထဲ ကိုသွားပြီးတော့ အဖမ်းခံထားရတဲ့ ဘုန်းကြီးတွေကို သွားပြီးတော့စည်းရုံးတာ အများကြီးပဲ။ ဒီလိုပဲပေါ့နော် အဲ့ဒါတွေကိုနိုင်ငံရေး အားဖြင့်လုပ်တာတွေရှိတယ်၊ ဘာသာရေးအကြောင်းပြပြီးလုပ်တာရှိတယ်၊ အမျိုးသားရေး အတွက်လုပ်တာရှိတယ်၊ စီးပွားရေးအတွက် လုပ်တာ ရှိတယ်။
၉/၁၁လုပ်တာကို မကျေနပ်လို့ ပြန်ပြီး ကလဲ့စား ခြေတာ၊ အာဖဂန်နစ်စတန်နိုင်ငံကြီးတစ်ခုလုံးကို ကြေသွား အောင်လုပ်လိုက်တာ။ အစ္စရေးကကိုယ့်ကိုလာပစ်လို့ဆိုပြီး ပြန်ပစ်တာတဲ့။ အဲဒီမှာ အမေရိကန် ကပါဝင်ပြီးတော့ အီရန်ကို ဗုံးကျဲလိုက်တာ။ အဲ့ဒါမျိုးကြတော့ လုပ်တဲ့ လူပေါ်မူတည်ပြီးတော့ အကြမ်းဖက်တယ်လို့ မပြောကြဘူး။ ၂ဖက်ဟာကိုကြည့်ပေါ့ လူတွေက အဆိုးတွေ အကောင်းတွေဆိုတာ ရှိကြတာပဲ။ မွတ်စလင်ကျမှ အကြမ်းဖက်သမား။ မွတ်စလင်ကျမှ အကြမ်းဖက်တယ်ပဲပြောနေရင် မဟုတ်သေးဘူး။ အခု ဂါဇာမှာလုပ်နေ သတ်နေကြတာက ဘယ်သူတွေလည်း? ထရမ့်ကဘာလဲ၊ နာတန်ညာဟူး ကဘာလဲ? အခုလုပ်နေတဲ့ဟာတွေကို ဂျူးလီးယက်မျက်စိနဲ့ ကြည့်နေကြတာလေ၊ ဗမာတွေ ရခိုင်တွေ ချင်းတွေ သြဘာပေးနေလိုက်ကြတာ မြင်မကောင်းဘူး။
ဒါပေမဲ့ သူတို့ဘာသာတွေကို သွားပြောလို့မရဘူးလေ။ သူတို့ဘာသာတွေထဲမှာလည်း လူကောင်းတွေအ များကြီးဗျာ။ ဂျူးတွေဆိုလဲ လူကောင်းတွေအများကြီးပဲ။ စစ်ဆန့်ကျင်ပြီးတော့ ဆန္ဒပြကြတယ်။ ပြည်တွင်းမှာ ဆန္ဒပြတယ်၊ ပြည်ပမှာလည်းပြတာပဲ။ ထရမ့်ကိုလည်းဆန္ဒ ပြနေကြတာပဲ။ မွတ်စလင် တွေကိုထောက်ခံပြီးတော့ ဆန္ဒ ပြနေတာပဲ။ မွတ်စလင်တွေကို မဲပေးနေတာပဲ။ အားလုံးက မကောင်း တာမဟုတ်ဘူးလေ ဗမာပြည်လဲ အတူတူပဲ ဒီတော်လှန်ရေးထဲမှာလည်း တခြားဘာသာဝင်တွေ မွတ်စလင်တွေနဲ့ပေါင်းပြီးလုပ်နေကြတာပဲ။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာတွေ၊ မှာခဲ့တာ တွေကို ရှာပြီးဖတ်ကြည့်ပေါ့ဗျာ။ အဲ့ဒီတော့ အကြမ်းဖက်နဲ့ဘာသာရေးကိုခွဲပစ်လိုက် ခွဲကြည့်လိုက်ပေါ့ဗျာ။
မျက်မှန်စိမ်းတပ်ကြည့်ပြီး၊ မွတ်စလင်ဆိုတဲ့ရင် အိုးမဲသုပ်လိုက်တယ် ဝါးလုံး ချေးသုပ်ပြီးရမ်းတာနဲ့ မြင်မကောင်းဘူး။ အဲ့လိုလုပ်တိုင်းလဲ လုပ်တဲ့လူတွေလဲ ပြန်ပြီးတော့ ခံရမှာပဲ။
- ဗုဒ္ဒဘာသာ တစ်ခုတည်း မဘသ လုပ်နေနိုင်ကြတာမဟုတ်ဘူး
- ဟင်ဒူတွေလည်း မဘသလုပ်ပြီး အိန္ဒိယမှာ မိုဒီက ချနေတာပဲ
- ခရစ်ယာန်လည်း ထရမ့်က ခရစ်ယာန် မဘသ လုပ်နေတာပဲ
- မလေးရှားတို့ဘာတို့မှာလည်း မလေး မဘသ တွေလုပ်နေတာပဲ
အဲ့ဒီတော့ ခင်ဗျားတို့အလှည့်ပြန်ခံနေရပြီ၊ စိတ်မကောင်းပါဘူး။ အဲတော့ ဘာသာရေးနဲ့ နိုင်ငံရေး မရောကြပါနဲ့ ။ မှိုင်းတိုက်တာတွေကိုမြင်အောင်ကြည့်စမ်းပါ။
ခဲပစ်တယ်ဆိုရင်-
- ခဲသွားတဲ့ဘက်ကိုပဲလိုက် မကြည့်ပဲနဲ့
- ဘယ်ကောင် ဘယ်သူကပစ်တာလဲ
- ဘာကြောင့်ပစ်တာလဲ မြင်အောင်ကြည့်ပါ
ခွေးကတော့-
- ခဲကိုလိုက်ကိုက်မယ်
- ခဲနောက်ကိုလိုက်မယ်
- ရှူးတိုက်တိုင်းကိုက်မယ်ပေါ့
လူဆိုရင်တော့ ရူးတိုက် တိုင်းမကိုက်ပါနဲ့။ ဘယ်ကောင် ဘာလဲ ဘာ့ကြောင့်လဲ ဆိုတာတွေ သူ့အကြောင်းပြချက်နဲ့သူရှိတာတွေကို မြင်အောင် ကြည့်ပါ။
လုပ်တဲ့လူက မွတ်စလင်ဖြစ်နေရင်တောင် ဘာကြောင့်လုပ်တာလဲ ဟင်ဒူ ဖြစ်နေရင်လည်း ဘာကြောင့် ဆိုတာတွေ ကိုမြင်အောင် ကြည့်ဖို့လိုပါတယ်။