Q/A No. 10. Why there are a lot of Islamophobia around the world?

Islamophobia is not about Islam—it is about fear, politics, and prejudice. By recognizing its roots in history, media, and power struggles, societies can move toward justice and understanding.

Islamophobia exists worldwide because of a mix of political narratives, media framing, historical prejudice, and fear amplified by extremist violence. It is not rooted in Islam itself, but in stereotypes and power struggles that misrepresent Muslims.

Key Causes of Global Islamophobia

  • Historical prejudice: The term Islamophobia was first coined in 1910 to describe Western prejudice against Islam, later tied to Orientalist stereotypes portraying Muslims as backward or dangerous.
  • “War on Terror” narrative: After 9/11, U.S. and European policies framed terrorism as primarily an Islamic problem. This narrative spread globally, linking Muslim identity with violence.
  • Media amplification: News outlets often highlight the religion of Muslim perpetrators but downplay or omit the faith of non-Muslim extremists. This selective framing reinforces stereotypes.
  • Political exploitation: Leaders in countries like India, Myanmar, and China have used Islamophobia to consolidate power, scapegoating Muslims (e.g., Rohingya persecution, Uyghur internment camps).
  • Cultural unfamiliarity: In societies with little direct contact with Muslims, fear and misinformation fill the gap, making stereotypes harder to challenge.
  • Global crises: Wars in the Middle East, refugee movements, and extremist propaganda have been weaponized to portray Muslims as threats, even though most victims of terrorism are Muslims themselves.

Sources: The Nation – Causes and Consequences of Islamophobia Middle East Eye – How Islamophobia Became a Global Scourge

Consequences of Islamophobia

  • Discrimination: Muslims face profiling, surveillance, and exclusion in workplaces, schools, and public life.
  • Violence: Hate crimes against Muslims have risen in Europe, the U.S., and South Asia.
  • Marginalization: Policies targeting Muslim minorities (e.g., bans on hijab, mosque restrictions) deepen social divides.
  • Psychological impact: Constant suspicion erodes trust, belonging, and mental health in Muslim communities.

Path Forward

  • Education: Highlight Islam’s teachings of peace and compassion, countering extremist misrepresentations.
  • Interfaith dialogue: Building bridges between communities reduces fear and fosters mutual respect.
  • Media responsibility: Balanced reporting that avoids sensationalism can dismantle harmful stereotypes.
  • Policy reform: Governments must resist scapegoating minorities and uphold human rights universally.

၁၀/ ကမ္ဘာ့ နေရာတော်တော်များမှာ အစ္စလာမ် မုန်းတီးရေးတွေလုပ်နေကြတယ် ဘာကြောင့်လဲ?


အစ္စလာမ်ဘာသာကို ကြောက်ရွံ့ခြင်း (Islamophobia) သည် အစ္စလာမ်ဘာသာနှင့် တိုက်ရိုက်မသက်ဆိုင်ပါ။ အစ္စလာမ်ကိုကြောက်တာကဟန်ပြကလေးပါ။ တကယ်ကတော့ မွတ်စလင်မုန်းတီးရေးလုပ်နေတယ်လို့ဘဲ ပြောရမှာပဲ။
အစ္စလာမ်ကိုကြောက်တယ်ဆိုတာ အစ္စလာမ်ကြောင့်မဟုတ်ဘူး၊ မွတ်စလင်ကိုမုန်းတယ်ဆိုတာကလည်း မွတ်စလင်ကြောင့် အခြေခံတာမဟုတ်ဘူး။ ဘာလဲဆိုတော့ အကြောက်အလန့်တရား ကြောက်လန့်စိတ်ကို သေသေချာချာ ရည်ရွယ်ချက်ရှိရှိနဲ့ကို ကြိုတင်ကြံစည်ပြီး စံနစ်တကျ ရိုက်သွင်းပေးနေကြလို့လေဗျာ။
နိုင်ငံရေးအရကို သေချာ ကြိုတင်ကြံစည်ပြီး လုပ်နေကြတာပါဗျာ။ အမုန်းတရားကို သိသိကြီးနဲ့ ကလေးတွေစပြီး လူကြီးတွေအထိ ခေါင်းထဲကိုအသေအချာ ကြိုတင်ကြံစည်ပြီး ရိုက်ထည့်ပေးနေတာဗျ။ ဦးဏှောက် ဆေးထားပေးထားတာ၊ အမုန်းတရားထည့်ပေးထားတာပေါ့လေ။ မွတ်စလင် မုန်းတီးရေးဘောင်ထဲမှာ တင်ရိုက်သွင်းလိုက်တာ။ ဒါ့ကြောင့် အစ္စလာမ်ကို ကြောက်ရွံ့မှုမှာ နိုင်ငံရေးအရ တလွဲအသုံးချနေသော မလိုလားအပ်သည့် ဖေါက်ပြန်သည့် လူမှုရေးအခြေခံသဘောထား တလွဲ နှင့်သာ သက်ဆိုင်ပါသည်။
အစ္စလာမ်ဘာသာကို ကြောက်ရွံ့ပြီး မွတ်စလင်ကိုမုန်းတီးခြင်းစိတ်ဓာတ်သည် ကမ္ဘာတစ်ဝှမ်းတွင် ရှိနေပါသည်။ အကြောင်းမှာ-
• နိုင်ငံရေး ခုတုန်းလုပ်ခံရခြင်း၊
• မီဒီယာ၏ တလွဲ ပုံဖော်ပြမှု ခံရခြင်း၊
• မလိုလားအပ်သော သမိုင်းဆိုင်ရာ ပုံဖေါ်မှုတလွဲသဘောထားများ၊
• လူနည်းစုမွတ်စလင်အချို့၏အစွန်းရောက်အကြမ်းဖက်မှုအချို့ နှင့်
• ၄င်းတို့ကိုပုံကြီးချဲ့ထားသော ကြောက်ရွံ့မှုတို့ ပေါင်းစပ်နေခြင်းကြောင့် ဖြစ်ပါသည်။
၎င်းသည် အစ္စလာမ်ဘာသာကိုယ်တိုင်မှ အမြစ်တွယ်နေခြင်း မဟုတ်ပါ၊ မွတ်စလင်များကို ဓားဆာခံလုပ်ပြီး စတေးရန် တလွဲပုံဖေါ် တံဆိပ်ရိုက်၍ အာဏာရရေး ကြိုးပန်းမှုများမှ စတင်လာခြင်းဖြစ်ပါသည်။
ဒီဟာ တွေကို သိအောင်လို့ဆိုရင်-
ရာဇဝင်ထဲမှာဘယ်လို တဖက်စောင်းနင်း မျက်မှန်စိမ်းတပ်ပေးပြီး တလွဲတွေစရေးလာခဲ့တာလဲ? ပြီးတော့ ရာဇဝင်အဆက် ဆက် ဟိုတုန်းကတည်းက ဗမာပြည်ဆို ကုလားဗမာ အထိကရုန်းတွေကစပြီးတော့ ဥရောတို့ မှာလည်း အရှေ့အလယ်ပိုင်းနိုင်တွေသွားပြီး ခရုဆိတ် စစ်ပွဲတို့ဘာတို့ကနေစခဲ့တာ အဲ့တော့ အစလာမ် အကြောက်တရားက အစလာမ် ကြောင့်ဖြစ် လာတာမဟုတ်ဘူး စတီဒီရို တိုက်လေ ကျနော်ပြောခဲ့ပြီးပါပြီ မျက်နှာကို အိုးမဲအသုတ်ခံရတာ ဝါးလုံးကိုမစင် သုတ်ပြီးရမ်းခံရတာ အဲ့ဒါနဲ့ အင်အားပြိုင်တာတွေ အဲဒါကြောင် မွတ်စလင်တွေကို ဒီလိုလုပ်ပြီးတော့မှ အင်အား ယူတာ ဗမာပြည်မှာဆိုရင်လည်း မ.ဘ.သ ကိုသုံးပြီးတော့ အင်အားယူခဲ့ကြတာပဲ နောက်တစ်ခု မြန်မာပြည် အထက်ပိုင်းက မြစ်ဆုံကြီး ပျက်သွားတဲ့အခါကြတော့ ဆက်ပြီးတော့တရုပ်စီမံကိန်းတွေပျက်မှာ ကြောက်တော့ ရိုဟင်ဂျာမုန်းတီးရေး အကွက်လှည့်လုပ်ပြီးတော့ ရိုဟင်ဂျာတွေကို တီးပြလိုက်တယ်။ အဲ့လိုမျိုးတွေ လုပ်လာ ကြတာ ပေါ့ဗျာ. နိုင်ငံရေးအရဖြစ်ဖြစ် မုန်းတီးရေးအရ ဒါမျိုးတွေ လုပ်တတ်ကြတယ်။
• မီဒီတွေယာတွေ ထဲမှာ ဘယ်လိုပုံ တဘက်သတ် ဇောင်းပေးပြီး ရေးလာတာလဲ?
• ကမ္ဘာနိုင်ငံရေး နဲ့ မြန်မာနိုင်ငံရေး ဇာတ်ခုံတွေမှာ ဘာအားပြိုင်မှုတွေ ဘာတွေဖြစ်နေလဲ?
အဲဒါတွေ သိတယ်ဆိုလိုက်ရင် အများပြည်သူ လူထုလူတန်းစား တွေက တရားမျှတခြင်း နားလည်ခြင်းနဲ့ နားလည် သွားနိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးကို ကြောက်ရွံ့ခြင်း၏ အဓိက အကြောင်းရင်းများကို အသေးစိတ်စမ်းစစ်ကြည့်ပါက_
သမိုင်းထဲမှာဆွဲနေတဲ့ မလိုလားအပ်သော သဘောထား-
အစ္စလာမ်ဘာသာကို ကြောက်ရွံ့ခြင်း ဟူသော ဝေါဟာရကို ၁၉၁၀ ခုနှစ်တွင် အနောက်တိုင်း၏ အစ္စလာမ်ဘာသာအပေါ် ရန်လိုသော သဘောထားအဖြစ် စတင်တီထွင်ခဲ့ပြီး၊ နောက်ပိုင်းတွင် မွတ်စလင်များကို ခောတ်နောက်ကျနေသော အန္တရာယ်ရှိသူများအဖြစ် ဖော်ပြ၍ Orientalist ပုံဖေါ် တန်ဆိပ်ရိုက် လိုက်လေ့ရှိပါသည်။
“အကြမ်းဖက်မှုကို တိုက်ထုတ်ရေး” ပြဇာတ်-
၉/၁၁ အရေးအခင်းအပြီးတွင် အမေရိကန်နှင့် ဥရောပ မူဝါဒများက အကြမ်းဖက်မှုကို အဓိကအားဖြင့် အစ္စလာမ်ပြဿနာအဖြစ် ပုံဖော် ကြလေ့ရှိပါသည်။ ဤဇာတ်ကြောင်းသည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားပြီး မွတ်စလင် တို့ကို အကြမ်းဖက်မှုနှင့် ချိတ်ဆက်ခဲ့ပါသည်။
မွတ်စလင်က လုပ်မိတယ် ဆိုရင်အကြီးအကျယ်ကို ပုံကြီးချဲ့ပြီတော့ပြောကြတာပေါ့။ မွတ်စလင်‌တွေက အကြမ်းဖက်တွေ ဆိုပြီးတော့မှ ဝါးလုံး ကိုချီးသုတ်ပြီး တော့ရမ်းထည့်တာပဲ။ သူတို့ဟာသူတို့ ဘသာခြားကလုပ် တယ်ဆိုရင်တော့ ဘာသတင်းမှထွက် မလာဘူး။ ဘာဝေဖန်ချက်မှလည်း နောက်ဆက်တွဲ ထွက်မလာတော့ဘူး။ အဲ့ဒါက နိုင်ငံရေး အမြတ်ထုတ်တာ ထင်ရှားတဲ့ သာရက တွေ။
မီဒီယာ သတင်းဌာနများက တလွဲပုံဖေါ်မှု
ပြစ်မှုကျူးလွန်သူများသည် မွတ်စလင်ဖြစ်ပါက ၄င်းတို့ ၏ ဘာသာရေးကို ‌အလေးပေးပုံဖေါ် ၍ရေးသားပြကြသော်လည်း မွတ်စလင်မဟုတ်သော ပြစ်မှုကျူးလွန် သူအစွန်းရောက်များ၏ ဘာသာရေးယုံကြည်မှုကို မဖော်ပြပဲ ချန်လှပ်ထားခြင်းကို ပြုလုပ်လေ့ရှိကြပါသည်။ ဤကဲ့သို့ လူမျိုးဘာသာခွဲခြား ပုံဖော်ပြခြင်းသည် မွတ်စလင်များကို မျက်နှာအိုးမဲသုတ် အပုပ်ချခြင်းပင်ဖြစ်ပါသည်။
• နိုင်ငံရေး အမြတ်ထုတ်ခြင်း- နိုင်ငံရေးအရ ဇတ်လမ်းတွေထွင်တတ်ကြပါတယ်။။ အိန္ဒိယ၊ မြန်မာ၊ တရုတ်ကဲ့သို့သော နိုင်ငံများရှိ ခေါင်းဆောင်များသည် အာဏာကို ဆက်လက်၍တည်မြဲစေရန် အစ္စလာမ်ဘာသာကို ကြောက်တဲ့ရောဂါကို အသုံးချနိုင်ရန် မွတ်စလင်များကို အပြစ်တင်ခဲ့ကြပါသည်။ (ဥပမာ – ရိုဟင်ဂျာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ် နှင်ထုတ်မှု၊ ဇင်ကျန်ဝီဂါမွတ်စလင် ထိန်းသိမ်းရေးစခန်းများ)။
တကယ်တမ်း ကိုယ်တွေ နေထိုင်တဲ့ နေရာမှာ သာမက နေရာအတော်များ နိုင်ငံစုံမှာ ကြုံလာရတဲ့ နိုင်ငံရေးညစ်ပတ်မှု Dirty Politics အကြောင်း မြင်ရ၊ ကြားရတော့ ဝမ်းနည်းအံ့သြရတယ်။ လူတွေအများစုဟာ တကယ်ပဲဗျာ၊ နိုင်ငံရေးသမား လက်တစ်ဆုပ်စာ လူတန်းစားတွေအတွက် အသုံးချခံတွေ ဖြစ်မှန်းမသိ ဖြစ်သွားကြရတယ်။
နိုင်ငံရေးသမားတွေ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြှောက်ခြင်း ခံရတယ်ဆိုတာ ဟုတ်သလိုလို ရှိပေမဲ့ သူတို့တွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကလိမ်ကျမှု ညစ်ပတ်လှည့်စားမှုတွေ နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေလေ့ရှိပါတယ်။
ခေါင်းဆောင်အတွက် တချို့ကအနစ်နာခံတတ်ကြတာမျိုးတွေ့ရပေမဲ့ အမှန်တရားနဲ့ ပတ်သက်လာရင် တော့ ခေါင်းဆောင်ပြောသမျှမျက်စေ့မှိတ် ယုံပြီးနှာစေးနေလိုက်ကြတာများပါတယ်။ ဘက်မလိုက်တတ်တဲ့ အမှန်တရားဘက်တော်သားဖြစ်ပြီး အမုန်းခံလုပ်တဲ့သူဆိုရင် အာဏာရဖို့ အိပ်မက်တောင် မက်လို့မရတော့ဘူး။
အာဏာရခေါင်းဆောင်တွေက အာဏာတည်မြဲရေးအတွက်-
• အတိုက်အခံကို ချောက်တွန်းမယ်။
• ပြည်သူနဲ့ ရန်တိုက်ပေးမယ်။
• ဓါးခုတ်ရာ လက်ဝင်လျှိုခိုင်းမယ်။
• လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးမယ်။
• လူများစု အကြိုက်တွေ့ရင်ပြီးရော လူနည်းစုကို တရားမဲ့ နှိပ်စက်ပြမယ်။
• အတိုက်အခံတွေက လူနည်းစုဘက်က မပါရဲလောက်အောင် လူများစုကို လမ်းကြောင်းဟပေးပြီး ထိန်းထားမယ်။
ဒီမိုကရေစီ နဲ့ အတူတူ ထပ်ချပ်မကွာပါရမဲ့ ပြည့်ဝတဲ့ တရားဥပဒေစိုးမိုးရေး နှင့် လူသားတိုင်း အခွင့်အရေး သာတူညီမျှရှိရေး မပါလာလို့ကတော့ –
• ခြစား ဖေါက်ပြန်သော ခရိုနီကောင်းစားရေး နဲ့
• တိုင်းပြည်ရောင်းစားရေး ဒီမိုကရေစီ ကနေ တက်လာဖို့မရှိဘဲ
• ပြည်သူတွေဘဝသာ လုံးပါးပါးနေမှာသာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းများ-
• အရှေ့အလယ်ပိုင်းတွင် စစ်ပွဲများ၊
• ဒုက္ခသည် ရွှေ့ပြောင်းမှုများနှင့်
• အစွန်းရောက် ဝါဒဖြန့်ချိရေး စည်းရုံးမှုများကို
လက်နက်အဖြစ် အသုံးချကာ မွတ်စလင်များကို ခြိမ်းခြောက်မှုများအဖြစ် ဖော်ပြခဲ့ကြပါသည်။
အကြမ်းဖက်မှု၏ သားကောင်အများစုမှာ မွတ်စလင်များကိုယ်တိုင်ဖြစ်ကြသော်လည်း ဤသို့ ပြုလုပ်နေခဲ့ကြခြင်း ဖြစ်ပါသည်။
ဒါဆိုရင် ဘယ်လိုဖြစ်တာလဲ ငပွကြီးဘာလို့ အဖြစ်ခံရတာလဲဆိုတော့-
• အမေရိကန်နဲ့ အစ္စရေး တို့ကမှ တကဲ့ငပွကြီးအစစ်တွေလေ။
• အဲ့ဒီငပွကြီးတွေက လျှောက်ပြီးလုပ်နေတာ ဘယ်နှစ်နိုင်ငံလည်း ၇ နိုင်ငံလား ၈ နိုင်ငံကိုလား မသိဘူး ဗုံးတွေကျဲ။
• သူတို့ရဲ့ အဓိကတော့ ကတော့ မြေရယ် ရေနံရယ် ပိုက်ဆံရယ် လိုချင်တာပဲ။
မွတ်စလင် နိုင်ငံတွေကို ချနေ တာပဲ၊ ဒါပေမဲ့ သူတို့တတွေက အကြမ်းဖက်မဖြစ်ပဲနဲ့ မွတ်ဆလင်တွေကိုပဲ ထမင်းလုံးတစေခြောက်ပြီး ကြောက်အောင်လုပ်ထား ပြီးတော့ သူတို့တတွေက လုပ်ချင်တာလုပ်နေတာ။
ကမ္ဘာမှာအကြမ်းဖက်ဆုံးက အမေရိကန်ပဲ၊
• အာဖဂန်နစ္စတန်မှာ သတ်လာတယ်၊
• ကိုရီယားမှာသတ်လာတယ်၊
• အရှေ့အလယ်ပိုင်း မှာသတ်တယ်၊
• ဆီရီးယားမှာသတ်တယ်၊ သူတို့သတ်လာတာ သန်းပေါင်းများစွာပဲ။ နည်းတာမဟုတ်ဘူး။
• အခုပါလက်စတိုင်းမှာသတ်တာတွေ။
ဒါတွေ အားလုံးက သူတို့အပေါ်မှာတာဝန်ရှိပေမဲ့ လွတ်နေကြတယ်။ အဲ့ဒါတွေအားလုံးကို သူဘက်အပစ်တွေမဖို့ မရောက်လာအောင် ဒိုင်းတွေနဲ့ ကာထားတယ်။ အစ္စလာမ်ကို ကြောက်တဲ့အကြောက်တရားကြီးကို ဒိုင်းလိုကာပြီးတော့ မွတ်စလင်တွေကို ပြန်လက်ညိုး ထိုးပြီးတော့ သူတို့ကအကြမ်းဖက်လို့ ၊ သူတို့က ဆဲဗင်းအောက်တိုဘာတုန်းက စလုပ်လို့ဆိုပြီးတော့ ရာဇဝင် အဆက်ဆက်ကအမုန်းတွေ အစ္စလာမ်ကိုမုန်းတဲ့ အမုန်းတရားတွေသုံးကြတယ်လေ။
• ကျနော်တို့နိုင်ငံနဲ့နီးနီးနားနားမှာဆိုရင်အိန္ဒိယ မှာဆိုရင် ဝန်ချုပ် မိုဒီက အဲ့ဒါမျိုးလုပ်တယ် ။
• ဗမာဆိုရင်လည်း ဗမာတွေ ရိုဟင်ဂျာ နဲ့လုပ်တယ်။
• တရုတ်ကတော့ဝီဂါတွေကို လုပ်တယ်
• အမေရိကန်တို့အနောက်နိုင်ငံ တွေကတော့ လူတိုင်း သိပြီးသားပဲ ဥရောပမှာဆိုရင် ခရစ်ယန် မ.ဘ.သတွေ မလေး အင်ဒိုနီးရှားမှာ မွတ်စလင် မ.ဘ.သတွေ က လုပ်လို့ ခင်ဗျားတို့ပြန်ခံနေရပြီလေ၊ ဝဋ်လည်ပြီလေ။ မမှတ်ဘူးလား?တရားမရကြသေးဘူးလား?
အကုန်လုံးပဲ အဲ့ဒီလို လုပ်ကြစတန်းဆိုရင် ဂန္ဒီကြီးပြောသလိုပေါ့ “မျက်လုံးတဖက်ကို မျက်လုံးတဖက်နဲ့ ပြန်ပြီး ဂလည့်စား‌‌ချေကြစတန်းဆိုရင်တော့ အကုန်လုံးမျက်ကန်းတွေဖြစ်ကုန်မှာပဲတဲ့။”
ကိုယ်က မွတ်စလင်တွေကို ခိုးဝင် ကုလား နိုင်ငံခြားသားဆိုပြီး တော့လုပ်ရင်။ ကိုယ့်အလှည့်ကျရင်လည်း လာမှာပဲ ။
မေရီ ရော်ဘင်ဆင်သည် ၁၉၉၇ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ကုလသမဂ္ဂလူ့အခွင့်အရေးများဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဤသို့ပြောကြားခဲ့ဖူးပါသည် –
“အကယ်၍ သူတို့၏ လူမျိုး၊ ဘာသာတရားတို့သည် ငါတို့နှင့် ကွဲပြားသောကြောင့် သူတို့အား နိုင်ငံခြားသားများအဖြစ် ငါတို့က ခွဲခြားဆက်တူဆံကြမည်ဆိုလျှင်၊ အခြားသူအားလုံးကလည်း ငါတို့သည် သူတို့အတွက် နိုင်ငံခြားသားများ ဖြစ်နေသောကြောင့် ငါတို့အား နှိမ့်ချကာ ခွဲခြားဆက်ဆံနိုင်မည်ဖြစ်ပါသည်”
အမေရိကန်မှာ သမတထရမ့်က လုပ်နေပြီလေ-
ခရစ်ယာန် အချင်းချင်းတောင်မှ ချင်း ကချင် ကရင်တွေကို ပေးလား? သူ့အတွက်က လူဖြူမဟုတ်ရင်၊ နိုင်ငံခြားသားအားလုံး လူမထင်ဘူး။
ပြဿနာ တွေဖြစ်လာအောင်လုပ် တယ်
အဲလိုပဲ အာဏာရှင်တွေကအာဏာ မြဲအောင်၊ အတိုက်အခံက အာဏာလုရအောင်လို့ နိုင်ငံခြားသားကို ခုတုန်းလုပ်တယ်။
အဲ့ဒါမျိုးက နိုင်ငံရေးအသုံးချနေတာပဲ နိုင်ငံရေး အမြတ်ထုတ်ခြင်း ပေါ့။
မွတ်စလင်များ၏ယဉ်ကျေးမှုနှင့် မရင်းနှီးမှု-
မွတ်စလင်များနှင့် တိုက်ရိုက် ထိတွေ့မှု နည်းပါးသော လူ့အဖွဲ့အစည်းများတွင် မွတ်စလင်ကြောက်ရွံ့မှု ဖြစ်လာစေရန် မှားယွင်းသော အချက်အလက်များဖြင့် မှိုင်းတိုက်ပေးပြီး အထင်လွဲ မသင်္ကာဖြစ်ရန် တလွဲဦးဏှောက်ဆေးပေးနေပါသည်။
အယူအစတွေ ထုံးတန်း စဉ်လာတွေမတူတဲ့အခါ ဓလေ့တွေမတူတဲ့ အခါအမြင်တွေ တမျိုးစီဖြစ် အထင်တွေလွဲကုန်ကြတာပေါ့ ဗျာ။
မွတ်စလင် တွေနဲ့ တွေ့တယ်ဆိုရင်-
• ခေါင်းမူးခြုံထားတာတွေရတာနဲ့ ၊ ခေါင်းမူး ခြုံထားတယ်ဆိုရင် အဲ့ဒီအထဲက သေနပ်ပဲ ထုပ်ပြီး လာတော့မလား ဘာလားညာလား
• မုတ်ဆိတ်ကြီးတွေတွေ့ ပြီးကြောက်လန့်နေတာ ဗုံးဘဲခွဲတော့မှာလား လူတွေက အဲ့လိုမျိုးတွေဖြစ်ကုန်တာ လူတွေက ကြောက်ရွံမှု့ တွေနဲ့
သတင်းမှားတွေရထားတဲ့အခံနဲ့ ၊ အဲ့ဒါတွေအရိုးစွဲနေတာကြောင့် ပြင်ဖို့ ရာခက်နေတယ်။
အဲ့ဒီတော့ တကမ္ဘာ လုံးမှာလည်းပြဿနာတွေကရှိနေတာ။ အရှေ့အလယ်ပိုင်း မှာကြည့်ပါလား ပတ်ပြီးတော့ချနေကြတာ၊ အပြန်အလှန်တွေဖြစ်နေကြတော့ အဲ့ဒါတွေက အကြမ်းဖက်မှုတွေဖြစ်ကုန်ရော။ ဒုက္ခသည်တွေကိုတောင် ဘယ်နိုင်ငံမှလည်း လက်မခံ ချင်တော့ဘူး၊ မွတ်စလင် အချင်းချင်းတောင် လက်မခံချင်တော့ဘူး။ ဒုက္ခသည် မွတ်စလင်တွေရောက်လာတာ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး အမျိုးစုံ စွတ်ဆွဲတာတွေ စာမတတ်ပေမတတ် ဆင်းရဲတဲ့ဟာတွေ ဘာမှ နားမလည်တဲ့ဟာတွေနဲ့ဆိုတော့ ပြဿနာတွေက ပိုဆိုးလာတယ်။
အဲလိုတွေကြောင့်ဘာတွေဖြစ်သလဲ ခွဲခြားပြီးလေ့လာဖို့လိုတယ်။
• ဒီကောင်တွေ ကုလားတွေ ဘင်္ဂါလီတွေ ရိုဟင်ဂျာတွေ
• ဒီကောင်တွေကညစ်ပတ်တယ်
• 3D jobတွေလုပ်တယ် ငါတို့ အလုပ်တွေဝင်လုပ်တယ် ဆိုပြီး
• ငါတို့ လခ တိုးမရတော့ဘူး
လို့ ဟိုးရှေ့တုန်းက ကမ္ဘာစစ်မဖြစ်ခင် တည်းပြောကြတယ်။
အဲ့ဒီတုန်းက ၉/၁၁ ဖြစ်ပြီးခါစ မုတ်ဆိတ် ပါတဲ့ ပန်ချာပီ တွေတောင်မှ အမေရိကန်မှာ ဓါးထိုးခံရတာတွေ ဗမာပြည်ဆို ရင်လည်း ကျနော့ညီမောင်မောင် ကိုယ်တိုင်တောင်ကြုံခဲ့ရသေတယ်တဲ့ လမ်းဖြတ်ကူးတာကို ဘစ်ကားပေါ်က သံတွေးနဲ့လှမ်းထွေးတယ် ဟေ့ကောင်ကုလားမကျေနပ်ဖူးလားဘာလုပ်ချင် လဲလို့မေးသေးတယ် တဲ့ အဲ့လိုတွေရန်စတာပေါ့ဗျာ အမုန်းတရားတွေပေါ့
• အဲ့တော့ ဟိဂျပ်တွေ ခေါင်းမူးခြုံ မလုပ်ရဘူးတို့ ပလီတွေများနေပြီတို့ဘာတို့ညာတို့ ပလီတွေကိုလိုက်ပိတ် တာတွေ အားလုံးသိကြပါတယ်။
• ဗမာ ပြည်မှာဖြစ်တာတွေ ပြီးတော့
• အစ္စလာမ်မဝင်ရ မွတ်စလင်မဝင်ရ
• နေရာမငှားရ
• ဘုရားစျေးမှာမရောင်းရ
• ဘုရားစောင်းတန်းမှာမရောင်းရ
• မွတ်စလင်ဆို အိမ်မငှားဘူး
• မွတ်စလင်ဆိုင်မှာမဝယ်နဲ့
ဟိုးတုန်းကတည်း ကြားဘူးပါ တယ် ကုလားဗမာ အထိကရုံးမှာ စျေးချို မှာစောင့်ပြီးတော့ကြိမ်လုံးကြီးတွေနဲ့ ရိုက်ပြီးတော့မှ ကုလား ဆိုင်က ဝယ်လာတယ်ဆိုရင် ရိုက်တာ အဲ့လိုမျိုး တွေပေါ့ဒီမှာ လူတွေက စိတ်ဓါတ်တွေကျလာတယ်အမြဲတမ်းကို မယုံသင်္ကာ ခံနေရတယ် အနှိမ်ခံ နေရတယ် အဲ့ဒီအခါကြတော့ ထွက်ပြေးတဲ့လူတွေ ထွက်ပြေးကြတယ် ထွက်ပြေး တော့ ဘာဖြစ်လဲ အခုလိုပြန်ပြောပြ လို့ရတယ် ဗမာပြည်ထဲမှာဆိုရင် ကြောက်ပြီးတော့ ပါးစပ်ပိတ်နေရမှာ တချို့ ရိုဟင်ဂျာတွေဆိုရင်လည်း စိတ်ဓါတ်တွေကျပြီး သတ်သေကြတာတွေလည်းရှိကြတယ် တချိုဆိုရင်လည်း စိတ်ဖောက်ပြန်ပြီးတော့ ကိုယ်ထိ လက်ရောက် ပြစ်မှုကျူးလွန်လိုက်တာ တွေလည်းရှိခဲ့တယ်. အကုန်လုံးထိကျတာပဲ မွတ်စလင်တွေ လည်း ထိတာပဲ။
အခုဗမာတွေကို အဲ့လိုပြန်အပြောခံနေရပြီ၊ ဗမာတွေအလှည့်ရောက်နေပြီလေ-
• လခ နည်း နည်းနဲ့ ဝင်လုပ်တယ်
• ညစ်ပတ်တယ်
• ကွမ်းတံတွေး တွေဟိုထွေးဒီထွေး လုပ်တယ်
• မလေးရှားမှာ လည်းဖြစ်တာပဲလေ ရခိုင်တွေ ချင်းတွေ အရက်တွေသောက်ပြီး တစ်ယောက်နဲ့ တစ် ယောက်ရန်တွေဖြစ် ဓါးနဲ့ထိုးကြ အများကြီးပဲဖြစ်နေကြတာ
• ချင်းတွေ ဆိုရင် အစ္စလာမ်ကို ဆန့်ကျင် တဲ့ဟာတွေခရစ်ယန်ဘာသာကိုးကွယ်တဲ့ချင်းတွေ၊ ရခိုင်တွေ လည်းလုပ် နေတယ်။ မလေးမှာ ခိုးဝင် တရားမဝင်နေနေရင်းနဲ့ ကိုယ်ချင်းမစာဘဲ လုပ်နေကြတာဗျာ။
သူတို့က ဘယ်သူက ထောက်ပံ့ သလဲ? သူတို့ အလှည့် လည်း နောက်ကျရင်ရောက် လာလိမ့်မယ်။
အခုဆိုရင် သူတို့လည်းနိုင်ငံခြား တွေမှာထိကြတာပဲ အဲ့ဒါသိသွား အောင်လို့ ထည့်ပြောလိုက်တာပါ ခင်ဗျားတိုဗမာတွေလည်းခံရတာပဲ။
အဲ့ဒီမကောင်းတဲ့ စိတ်ဓါတ်တွေကိုရပ်ကျဖို့အချိန်တန်နေပါပြီ၊ ဖြတ်ကြပါဗျာ။
အခုလိုဖြစ်နေကြရင် ဘယ်တော့မှပြီးမှာ မဟုတ်ဘူး။ ဒါက အမုန်းတရားကိုအခြခံတာ ဗုဒ္ဓကလည်းမိန့်ခဲ့တာပဲ “အမုန်းတရားကို အမုန်းတရားနဲ့ ဖျက်လို့မရဘူးတဲ့ အမုန်တရားကို ကိုယ်ချင်းစာနာစိတ် ချစ်ခြင်းမေတ္တာနဲ့ပဲဖျက်လို့ရမယ်”
ခင်ဗျားတို့ ဆီကိုလည်း တလှည့်တော့ပြန်လာမှာပဲ ဥပမာတစ်ခုပြောမယ် – အဲ့ဒါမျိုးတွေနဲ့ သမင်မွေးရင်း ကျားစားရင်းလုပ်နေတာ။ သမင်ကိုစားတော့ သမင်က ဆုတောင်းတယ် သူသားသမီးတွေအစားခံရတဲ့အခါ ကြတော့၊ နောက်ဘ၀ကျတော့ ပြောင်းပြန် ပြန်ဖြစ်သွားတယ်အဲ့ဒါ ဘုရးဟောခဲ့တာပဲ ခင်ဗျားတို့သိဖို့လိုတာပေါ့။
အခုလည်းစောင့်ကြည့် နေကြတယ်။ မလေးရှားထဲကို ဝင်လာတဲ့ ဗမာဒုက္ခသည်တွေကို စောင့်ကြည့်နေကြဖို့ မလေးရှားအစိုးရကလည်း ပြောနေတာရှိတယ်။ အရင်တုန်းကဆိုရင် ရိုဟင်ဂျာ မွတ်စလင် တွေတောင် စျေးတွေထဲမဝင်ရဘူး ဆာလာရမ်းစျေး ထဲပေးမဝင်ဘူး မွတ်စလင်နိုင်ငံမှာတောင် အဲ့လိုတွေလုပ်ထားတာ။ နောက်ပြီးတော့ နိုင်ငံခြားသားကျောင်းမထားရတို့ ကိုဗစ် ဖြစ်ပြီး ဗလီတွေပြန်ဖွင့် တုန်းက နိုင်ငံခြားသားတွေမလာရဆိုပြီး လုပ်သေးတယ်။
ဟိုဘက်မှာလည်း ထရမ့်က လုပ်နေပြီလေ-
• ဗမာတွေမလာရ ဗီဇာပိတ်တယ်
• မွတ်စလင်နိုင်ငံတွေ မလာရ
• အခုဆိုရင်လည်း မတိုးတက်တဲ့ နိုင်ငံတွေက မလာရဘူး
တိုးတက်ပြီးသာ နိုင်ငံတွေကပဲ ဗီဇာရမယ်။ အဲ့ဒါကြောင့် ပြန်ကလဲ့စားချေ အကြမ်းဖက်တာတွေ ဖြစ်လာတယ် အမုန်းကြောင့်အဲ့လိုလုပ်တယ် ရာဇဝတ်မှုတွေဖြစ်လာတယ်။

အစ္စလာမ်ဘာသာရေးကို ကြောက်ရွံ့ခြင်း၏ အကျိုးဆက်များ
• ခွဲခြားဆက်ဆံခြင်း: မွတ်စလင်များသည် လုပ်ငန်းခွင်များ၊ ကျောင်းများနှင့် အများပြည်သူ ဘဝတွင် ပရိုဖိုင်လင်း၊ စောင့်ကြည့်ခြင်းနှင့် ဖယ်ကြဉ်ခြင်းများကို ကြုံတွေ့ရပါသည်။
• အကြမ်းဖက်မှု: မွတ်စလင်များအပေါ် မုန်းတီးမှု ရာဇဝတ်မှုများသည် ဥရောပ၊ အမေရိကန်နှင့် တောင်အာရှတွင် တိုးများလာခဲ့ပါသည်။
• ဘေးဖယ်ခြင်း: မွတ်စလင် လူနည်းစုများကို ပစ်မှတ်ထားသော မူဝါဒများ (ဥပမာ – ဟီဂျပ်ကို တားမြစ်ခြင်း၊ ဗလီကို ကန့်သတ်ခြင်း) သည် လူမှုရေးအရ ကွဲပြားမှုများကို ပို၍နက်ရှိုင်းစေပါသည်။
• စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု: အမြဲတမ်း သံသယရှိခြင်းသည် မွတ်စလင် အသိုင်းအဝိုင်းများတွင် ယုံကြည်မှု၊ သက်ဆိုင်မှုနှင့် စိတ်ကျန်းမာရေးကို ထိခိုက်စေပါသည်။
ရှေ့သို့ ဆက်သွားမည့်လမ်းကြောင်း
• ပညာရေး: အစ္စလာမ်ဘာသာ၏ ငြိမ်းချမ်းရေးနှင့် သနားကြင်နာမှု သွန်သင်ချက်များကို မီးမောင်းထိုးပြကာ အစွန်းရောက် လွဲမှားသော ကိုယ်စားပြုမှုများကို တန်ပြန်ပါ။
• ဘာသာရေးများအကြား ဆွေးနွေးမှု: အသိုင်းအဝိုင်းများကြား တံတားများ တည်ဆောက်ခြင်းသည် ကြောက်ရွံ့မှုကို လျှော့ချပြီး အပြန်အလှန် လေးစားမှုကို မွေးမြူပေးပါသည်။
• မီဒီယာတာဝန်ယူမှု: ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မဖြစ်အောင် ချိန်ညှိပြီး သတင်းပို့ခြင်းသည် အန္တရာယ်ရှိသော စတီးရီယိုတိုက်များကို ဖျက်သိမ်းနိုင်ပါသည်။
• မူဝါဒပြုပြင်ပြောင်းလဲခြင်း: အစိုးရများသည် လူနည်းစုများကို အပြစ်တင်ခြင်းကို ခုခံပြီး လူ့အခွင့်အရေးများကို အားလုံးအတွက် တညီတညွတ်တည်း ထိန်းသိမ်းရမည်။
မိတ္ထီလာ အရေးအခင်းဖြစ်ပြီးစတုန်းက အရှင်စန္ဒာဒိက မိန့်ခဲ့တာရှိတယ်- “ဒီမွတ်စလင်တွေဟာ အရင်ဘ၀တုန်းက ကျုပ်တို့ရဲ့ အဖေ အမေဖြစ် ချင်ဖြစ်မယ် ညီအကိုမောင်နှမ ဖြစ်ချင်ဖြစ်မယ် သားသမီးဖြစ်ချင်ဖြစ်မယ် နောင်ဘ၀ ဘာဖြစ် မလဲလည်းဆိုတာမပြောတတ်ဘူး” အဲ့
ဆရာတော်က သုံးထပ်ကွမ်းလူရည်ချွန် တယ်တော်တယ် ဆေးကျောင်းကို ဝင်ခွင့်အမှတ်မီရဲ့သားနဲ့ မ၀င်ပဲနဲ့ သာသနာ့ဘောင်ကို ဝင်ပြီးအခုလို ဟောတာ ပြောတာတွေက တကယ်တော်တယ်။ နောက်တော့ အဲ့လိုတွေပြော တဲ့ အခါကြတော့လည်းသူကိုပယ်ထားကြတာပေါ့။ အစိုးရကရော ဒီချုပ်ကရောပေါ့။
ကျန်တဲ့ မဘသ ဆရာတော်တချို့က ခိုင်းကောင်းတာဆိုတော့ နာဖားကြိုးတပ်ပြီး ခိုင်းထားတာလေ။ သူတို့တွေလည်းသနားပါတယ်။
အဲဒီတော့ ဘာလုပ်ရမလဲဆိုတော့-
• ပညာပေးရမယ်
• ကိုယ်ချင်း စာစိတ်ထားရှိရမယ်
• ငြိမ်းချမ်းရေးလုပ်ရမယ်
• သနားညှာတာရမယ်
• အကြမ်း ဖက် သူတွေရဲ့ ပြောတဲ့ဟာတွေကိုတလွဲကောက်ပြီးတော့ အမှားတွေ မလုပ်ရဘူး
• အမှန်ကိုလုပ်ရမယ်
• ကျနော်တို့ ပေါင်းကူးမှုတွေလုပ်ရမယ် လက်တွေတွဲရမယ်
သတင်းဌာနတွေကလည်း မျှမျှတတရေးသားတင်ပြဖို့လုပ်ရမယ် ပေါ်လစီတွေပြင်ရမယ် အစိုးရတွေက လူ့အခွင့်အရေးတွေကို သေသေချာချာ ဘက်မလိုက် ပဲနဲ့လုပ်ဖို့ အရေး ကြီးပါတယ်.
• သမိုင်းကြောင်းအမှန်ကို သိနားလည်ရန် လေ့လာသင်ကြားခြင်း၊
• မီဒီယာတို့က အမှန်တရားကိုသာရေးသားဖေါ်ပြရမယ်
• အာဏာရရှိရန် ရုန်းကန်မှု၊ အာဏာရရှိရန် နှင့် အာဏာကိုတာရှည်ထိမ်းချုပ်ထားရှိရေးတို့အတွက် ထိရှလွယ်သော အမျိုး ဘာသာ သာသနာကို ခုတုံးလုပ်ခြင်းကို တားဆီးသောဥပဒေများ ပြဌာန်းရန်လိုအပ်ပါသည်။
• အစ္စလာမ်ကိုကြောက်တာ မွတ်စလင်မုန်းတီးရေး၏အရင်းအမြစ်များကို အသိအမှတ်ပြုခြင်းဖြင့် လူ့အဖွဲ့အစည်းများသည် တရားမျှတမှုနှင့် နားလည်မှုဆီသို့ ဦးတည်နိုင်ပါသည်။

ဒါကိုကျနော်တို့က အခုမှပြောနေကြတာ ဗိုလ်ချုပ် အောင်ဆန်းက ဟိုးအရင် ကတည်းက ပြောသွားတာနော်_ ကျနော့် လိုင်း ပေါ်မှာလည်း တင်ထား ပါတယ် ကိုယ့်ဘာသာ အတွက်ကို လုပ်ကြပါ သာသနာ ပြန့်ပွား အောင် လုပ်ကြပါ .သူများဘာသာ သာသနာကို သွားမစော်ကားနဲ့ နိုင်ငံရေးသမားတွေထဲမှာ ဆိုးရွားတဲ့ နိုင်ငံရေးသ မားတွေ ညစ်ပတ်တဲ့နို်င်ငံရေးသမားတွေအကြောင်း သူပြောခဲ့တာတော်တော်ကောင်းတယ်
ဘာသာလူမျိုးမခွဲခြားသော၊ ပြည်ထောင်စုစိတ်ဓာတ်ပဲ့ကိုင်ရှင် ဗိုလ်ချုပ်က “တစ်ခြားနိုင်ငံများလို၊ ဗမာပြည်မှာလည်း တိုင်းရင်းသား၊ လူမျိုးတွေ၊ အများကြီးရှိတာကို တွေ့နိုင်ပါတယ်။ တရုတ်ပြည်၊ ဂျပန်ပြည်နှင့် ရုရှားပြည်တို့မှာလည်း သည်အတိုင်းပဲ။ အမေရိကန်ပြည်မှာ အင်္ဂလိပ်စကားကို၊ အင်္ဂလိပ်၊ အီတလီစတဲ့၊ လူအမျိုးမျိုးတို့ စုပေါင်းပြီး၊ လူမျိုးတစ်မျိုးတည်းဖြစ်အောင် ထူထောင်ပြီးသူတို့ကိုယ်ကို အမေရိကန်လို့ ဆိုကြတာပဲ။ ဒါကြောင့် လူမျိုးရေးအားဖြင့်ကြည့်လျှင် တစ်မျိုးတည်းကို လိပ်ခဲတည်းလည်း စွဲပြီး၊ ယူလို့မဖြစ်ဘူး။
လူမျိုးရေးတရားဟောလည်း၊ ငါ့လူမျိုးမှငါ့လူမျိုး၊ တစ်ခြားလူမျိုးတွေဟာ၊ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာမှာကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့၊ လူမျိုးရေးတရားမဟုတ်ဘဲ၊ ကိုယ့်လူမျိုးကိုယ်ချစ်ခင်သော်လည်း၊ တစ်ခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်းမဖြစ်စေဘဲ ကမ္ဘာမှာတိုင်းပြည်အချင်းချင်းသင့်မြတ်စွာ တစ်ဦးအကျိုးတစ်ဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားမျိုးဖြစ်ရမယ်” ဟူ၍ လူမျိုး၊ ဘာသာ၊ သဟဇာတဖြစ်စေမည့်၊ စည်းလုံးညီညွတ်မှုဖြစ်စေမည့် ဓမ္မစကားကို မျှဝေခဲ့ပါသည်။
ဘာသာရေးယောင်ယောင်၊ နိုင်ငံရေးယောင်ယောင် လူတစ်ပိုင်းဘုန်းကြီးတစ်ပိုင်းပုံစံကို အမျိုးသားခေါင်းဆောင်ကြီးက မနှစ်မြို့ခဲ့ကြောင်းကို ၁၉၄၇ ခု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမ မိန့်ခွန်းတွင် “ဗုဒ္ဓဘာသာထဲမှ လူတစ်ပိုင်း၊ ဘုန်းကြီးတစ်ပိုင်း ဖြစ်နေတာတွေကို တပည့်တော်တို့၊ မကြိုက်နှစ်သက်ပါဘူး” ဟု ပြည်သူလူထုအား၊ သတိပေးခဲ့ဖူးပါသည်။ ထို့အပြင် ဘာသာရေးခုတုံးလုပ်၊ နိုင်ငံရေးအမြတ်ထုတ် တစ်နပ်စား၊ လူ့အတ္တသမားများနှင့် ပတ်သက်၍ “နိုင်ငံရေးကို ဘာသာ တရားဖြစ်သကဲ့သို့ ပြောဆိုနေကြသူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်ဖြစ်တယ်။ ထိုသူတို့ရဲ့ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်ပြောဆိုခြင်းအားဖြင့် ပြည်သူတို့၏စိတ်ကို ရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်နိုင်စွမ်းမရှိအောင် လုပ်ခြင်းမျှသာဖြစ်တယ်။ အမှန်မှာ ထိုသူတို့၏ပြုလုပ်မှု့သည် နိုင်ငံရေးမဟုတ်။ မိမိတို့အကောက် ဉာဏ်ကိုသုံး၍ မိမိတို့ကြီးပွားရေးအတွက် တစ်နပ်စား နိုင်ငံရေးပင်ဖြစ်သည်။ ကိုးကွယ်သည့်ဘာ သာတရားမှာ လူအသီးသီး၏သက်ဝင်ယုံကြည်မှုပင်ဖြစ်၏။ နိုင်ငံရေးမှာကား လူအသီးသီး၏ပေါင်းသင်းဆက်ဆံမှု သိပ္ပံအတက်သာလျှင်ဖြစ်၏။” ဟု နိုင်ငံရေးနှင့်ဘာသာရေးကို တစ်ကန့်စီထားရှိဖို့သတိပေးခဲ့သော၊ ရွှေစကား၊ ရွှေမိန့်ခွန်းများသည် ယနေ့မျက်မှောက်ခေတ်၊ အခြေအနေများနှင့် အံဝင်ခွင်ကျ၊ ဖြစ်နေကြောင်း အံ့ဩဖွယ်ရာ တွေ့မြင်နေရပါသည်။
၁၉၄၇ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ် ဦးဘချို က လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် သင့် ကြောင်း အဆိုတင်သွင်းသည်။
ဤအဆိုနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါ အတိုင်း ချေပပြောဆိုခဲ့ပါသည်။
“… သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ် မဟတ် ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။
ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေရှိတယ်။ အစတုန်းက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲ နေကြတာရှိတယ်။
သူတို့တစ်တွေဟာ အားလုံးနိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြ တုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။
ယခု ကျွန်တွင်းက လွတ်မည်မကြံသေးဘူး သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမည်လို့လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။
တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်၊
… ယခုအချိန်မှာလိုချင်တာက ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့်လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေးစိတ်ဓာတ် တစ်ခုတည်း ရှိအောင်သွင်းပြီး စည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာဘာသာ ဆရာကြေညာ၊ ကျွန်တော် မပါဘူး။”
၁၉၄၆ ခုနှစ် ဇန်နဝါရီလ (၂၀) ရက် ဖဆပလညီလာခံ (ရွေွှတိဂုံအလယ်ပစ္စယံ)တွင် သံဃာတော် များအား ဗိုလ်ချုပ်အောင်ဆန်း၏ သာသနာရေး သီးခြား လျှောက်ထားချက်။
“ဘာသာရေးသည် ကျွန်ုပ်တို့လူမှုကို ရှုပ်ထွေးစေသည်မဟုတ်။ ဘာသာတရားကို မှီ၍ အသက် မွေးကြကုန်သော သူတို့သာလျှင် ရှုပ်ထွေးစေကြ၏။ ဘာသာတရားကို ကြည့်ပြန်မူ ဤကဲ့သို့သော သူမျိုးကို အားပေးခြင်း မရှိသည်ကို တွေ့မြင်ကြရပေမည်။ သို့သော်လည်း အသီးအသီးသော ဘာသာတရားတို့ကို မှီ၍ အသက်မွေးကြကုန်သော သူများရှိခဲ့ဖူးလေပြီ။
ဥရောပတိုက်၌ ရဟန်းမင်းကြီးများနှင့် ဧကရာဇ်မင်းတို့ အချင်းဖြစ်ပွားခဲ့ပုံ၊ ကျွန်ုပ်တို့ နိုင်ငံ၌ အရည်းကြီးများနှင့် အနော်ရထာမင်းမြတ်အရေးတွေ့ရပုံ၊ အနောက်နိုင်ငံကြီးများ နယ်ချဲ့ရာတွင် သမ္မာကျမ်းစာကိုင်သူတို့က ရှေ့သွားလုပ်၍ အလံကိုင်သူနှင့် ကုန်သည်တို့က နောက်မှ လိုက်ရပုံ အကြောင်းစုံတို့ကို ထောက်ထားလျက် မည်သည့်ကာလဒေသ၌ မဆို ဘာသာတရားကို မှီ၍ အသက်မွေးကြသူများ ရှိခဲ့ဖူးကြောင်းကို ကျွန်ုပ်တို့ သတိရကြပေလိမ့်မည်။
ယခု ဘာသာတရားကို မှီ၍ အသက်မွေးသူများဟု ဆိုရာ၌ ရှင်းလင်းရန်လိုပေသေး၏။ ဘုန်းကြီးပင်ခေါ်ခေါ် ရဟန်းပင်ခေါ်ခေါ် နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ဘာသာတရားကို မှီ၍ အသက်မွေးသူများသာဖြစ်၍ ဘာသာတရားပြန့်ပွားတိုးတက်မှုကို သတိပြုခြင်း အားထုတ်ခြင်း မရှိချေ။ ဘာသာတရားနှင့် ဆန့်ကျင်သောအမှုကိုပင် ပြုကြ၏။ တစ်မျိုးမှာကား ဘာသာတရား တိုးတက်ပြန့်ပွားမှုကို လေးစား၍ လောကီသားတို့၏ အမှုကို ရှေ့ရှုခြင်းမရှိချေ။
ယခုလက်ရှိ တုတ်တွေ၊ ဓါးတွေကိုင်ထားတဲ့ ဘုန်ကြီးပုံတွေတွေ့ရတော့ များစွာ စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဦးနုရဲ့ ငါးနှစ်ရာသီ ဗမာပြည်စာအုပ်ထဲက စာသားတချို့ကို ပြန်လည်ဝေမျှလိုက်ပါတယ်….
“ကျွန်တော်မှားချင်လည်း မှားမည်။ ကျွန်တော်၏ ယုံကြည်ချက်တစ်ခုမှာ အခြားမဟုတ်။ ဘုန်းကြီးအားကိုးနှင့် နိုင်ငံရေးလုပ်သူများမှာ အချောင်သမားများဖြစ်ကြသည် ဟူသော အချက်ပင် ဖြစ်လေသည်။ ကိုယ်တိုင်က အပင်ပန်းလည်း မခံနိုင်၊ အနစ်နာလည်း မခံနိုင်သဖြင့် ကိုယ်တော်များကို တစ်ပတ်ရိုက်ပြီး နိုင်ငံရေးထဲ ဆွဲသွင်းခြင်း ဖြစ်သည်ဟု ကျွန်တော် ယုံကြည်သည်။
ရဟန်းများသည် လူနှင့်မတူ။ သိက္ခာပုဒ်ပေါင်း အကျဉ်းအားဖြင့် ၂၂၇ပါး၊ အကျယ်အားဖြင့် ကုဋေ ကိုးထောင်ကျော်မျှ ထိန်းထားရသဖြင့် ရဟန်း၏ ဘဝသည် အပ်ဖျားပေါ်တွင် မုန်ညင်းစေ့ တင်ထားရသလို အလွန်နူးညံ သိမ့်မွေ့လှသည်ဟု ဘုရားဟောရှိ၏။
ထိုသို့ နူးညံသိမ့်မွေ့သော ဘဝရှိသည့် ကိုယ်တော်များသည် အလွန်ကြမ်းတမ်းသည့် လောကီအလုပ်များတွင် အကြမ်းတမ်းဆုံးဟု ဆိုအပ်သည့် နိုင်ငံရေးလုပ်ငန်းကို အဘယ်မှာလျင် လုပ်၍ဖြစ်နိုင်ပါအံနည်း။
ကိုယ့်ကျောင်း၊ ကိုယ့်သင်္ကန်းနှင့် လူသူအတွေ့မခံဘဲ နူးညံသိမ့်မွေ့စွာ ပရိယက် ပဋိပတ် လုပ်ငန်းများကိုသာ အားထုတ်နေသည့် ကိုယ်တော်များပင်လျှင် အာပတ် မကြာခဏသင့်၍ အာပတ်ဖြေရခြင်း၊ ဥပုဒ်ပြုရခြင်း ၀တ်စောင့်ရခြင်း အစရှိသော ဆေးကြောရသည့် လုပ်ငန်းများကို မကြာခဏ လုပ်ရသေးသည်။
လူအလုပ်ကို ၀င်၍လုပ်ကြသော ကိုယ်တော်များမှာမူကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံနည်း။ ထိုကိုယ်တော်များကို နိုင်ငံရေးထဲဆွဲသွင်းသော လူများသည် ကုယ့်အပြစ် ဘယ်လောက်ကြီးသည်ကို မသိကြသဖြင့် သနားစရာပင် ဖြစ်တော့၏။”
ဦးနုရေး ငါးနှစ်ရာသီ ဗမာပြည်မှ-
လူတွေသတ်၊ မီးတွေရှို့နေတဲ့ ကိုယ်တော်တွေရော လူတွေသတ် မီးတွေရှို့ဖြစ်အောင် လှုံဆော်ခဲ့တဲ့ ကိုယ်တော်တွေရော ဘယ်လို အာပတ်ဖြေမလဲ သိချင်မိတယ်။ အာပတ်ရော ဖြေလို့ ရပါ့မလား…..

Share This Post

More From Author

Q/A No. 9. Why did numerous countries think that Muslims are TERRORISTS?

Q/A No. 11. Are Muslims terrorists or all the terrorists are being Muslims?