2026 Annual Reports presented to the UN Human Rights Council

Annual Reports

To learn more about the Mechanism’s work and findings, read its Annual Reports presented to the UN Human Rights Council and transmitted to the UN General Assembly.

2026

Highlights from the Mechanism’s eighth Annual Report

  • The Mechanism advanced its investigations into aerial attacks by the Myanmar military against civilians, identifying some of the military units responsible and their respective command structures.  
  • Its investigations into arbitrary arrests and crimes in military-run detention facilities also progressed, including cases linked to the 2025 law criminalizing criticism of the elections. The Mechanism also investigated allegations of reproductive violence affecting detained women and girls.
  • The conflict in Rakhine State intensified significantly, and the Mechanism advanced its investigations into arbitrary detention, torture, forced displacement and restrictions on humanitarian assistance committed against Rohingya, Rakhine and other communities by all perpetrators, including members of the Arakan Army.
  • The Mechanism made significant contributions to the proceedings in The Gambia v. Myanmar before the International Court of Justice by providing extensive evidence and analysis to the parties, which were widely referenced during the public hearings held in January 2026.  

Read the press release for more information.

နှစ်ပတ်လည်အစီရင်ခံစာများ

ယန္တရား၏ ဆောင်ရွက်ချက်များနှင့် တွေ့ရှိချက်များအကြောင်း ပိုမိုသိရှိလိုပါက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင်တင်ပြပြီး အထွေထွေညီလာခံသို့ပေးပို့ခဲ့သည့် ယန္တရား၏နှစ်ပတ်လည်အစီရင်ခံစာများကို ဖတ်ရှုနိုင်ပါတယ်။

၂၀၂၆

အဋ္ဌမမြောက်နှစ်ပတ်လည်အစီရင်ခံစမှ ကောက်နှုတ်ချက်များ 

  • ယန္တရားသည် မြန်မာစစ်တပ်က အရပ်သားများအား ကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှုများကို ပိုတိုး၍ စုံစမ်းစစ်ဆေးခဲ့ပြီး၊ အဆိုပါ တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည့် တပ်ဖွဲ့အချို့နှင့် ၎င်းတို့၏ အမိန့်ပေးကွပ်ကဲမှု ဖွဲ့စည်းပုံများကို ဖော်ထုတ်နိုင်ခဲ့သည်။ 
  • မတရားဖမ်းဆီးမှုများနှင့် စစ်တပ်ထိန်းချုပ်သည့် ဖမ်းဆီးထိန်းသိမ်းရေးစခန်းများအတွင်း ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရာတွင်လည်း တိုးတက်မှုများရှိခဲ့သည်။ ယင်းတို့တွင် ၂၀၂၅ ခုနှစ်တွင် ပြဌာန်းခဲ့သော ရွေးကောက်ပွဲအား ဝေဖန်ခြင်းကို ရာဇဝတ်မှုမြောက်စေသည့် ဥပဒေနှင့် ဆက်နွှယ်သည့် အမှုများလည်း ပါဝင်သည်။ ယန္တရားသည် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီးများနှင့် မိန်းကလေးများကို မျိုးဆက်ပွားမှုဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကိုလည်း စုံစမ်းစစ်ဆေးခဲ့သည်။ 
  • ရခိုင်ပြည်နယ်ရှိ ပဋိပက္ခသည် သိသိသာသာ ပိုမိုပြင်းထန်လာခဲ့သည်။ ယန္တရားသည် ရိုဟင်ဂျာ၊ ရခိုင်နှင့် အခြား လူမှုအသိုင်းအဝိုင်းများအပေါ် ကျူးလွန်သည့် မတရားဖမ်းဆီးမှု၊ အတင်းအကျပ် နေရပ်မှ‌ရွှေ့ပြောင်းစေမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ကန့်သတ်မှုတို့ နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ အဆိုပါ စုံစမ်းစစ်ဆေးမှုများတွင် အာရက္ခတပ်တော်အဖွဲ့ဝင် များအပါအဝင် ကျူးလွန်သူ အားလုံးကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ 
  • ယန္တရားသည် ဂမ်ဘီယာနှင့်မြန်မာ အမှုနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံးရှိ တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသည့် ကူညီပံ့ပိုးမှုများ ပေးခဲ့သည်။ ယန္တရားက နှစ်ဖက်နိုင်ငံမှ အဖွဲ့များအား အထောက်အထားနှင့် စိစစ် သုံးသပ်ချက် အများအပြားကို မျှဝေပေးခဲ့ပြီး ယင်းတို့ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် လူထု ကြားနာစစ်ဆေးမှုများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ကိုးကားအသုံးပြုခဲ့ကြသည်။

ထပ်မံသိရှိလိုပါက သတင်းထုတ်ပြန်ချက်ကို ဖတ်ပါ။ 

မြန်မာယန္တရား၏ စုံစမ်းစစ်ဆေးမှုများအရ အရပ်သားများကို မြန်မာစစ်တပ်က ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ကြောင်း နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြ

Body

ဂျီနီဗာ၊ ဩဂုတ် ၁၁၊ ၂၀၂၆။ ။ ယနေ့ ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ နှစ်ပတ်လည်အစီရင်ခံစာတွင် စုံစမ်းစစ်ဆေးမှုများကို ဖော်ပြထားချက်အရ မြန်မာစစ်တပ်သည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ဥပဒေနှင့် မညီဘဲ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပုံစံတစ်ရပ်ဖြင့် ကျူးလွန်နေကြောင်း ပေါ်လွင်နေသည်။

ယခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲမတိုင်မီကာလအတွင်း အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားရာဇဝတ်မှုများကို မြန်မာစစ်တပ်က တိုးမြှင့် ကျူးလွန်လာခဲ့ပြီး ယင်းတိုက်ခိုက်မှုများမှာ ယနေ့အချိန်အထိ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်။

“ဒီရာဇဝတ်မှုတွေကြောင့် လူတွေရဲ့ဘဝတွေ အကြီးအကျယ် ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့ စုဆောင်းရရှိတဲ့ သက်သေအထောက်အထား တစ်ခုချင်းစီက ထောက်ပြနေပါတယ်” ဟု ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။ “မြန်မာနိုင်ငံတဝန်းက ပြည်သူတွေဟာ အကြမ်းဖက်မှု အန္တရာယ်အောက်မှာ နေ့စဥ် ရှင်သန်နေကြရတဲ့အပြင်၊ နက်ရှိုင်းပြီး ရေရှည်ကျန်ရှိနေတဲ့ အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဒီအချက်က ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေဆီက တာဝန်ခံမှုရရှိဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာကို အလေးအနက် ဖော်ပြနေပါတယ်” ဟု ဆက်ပြောသည်။ 

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက် ကာလအပိုင်းအခြားမှ လုပ်ငန်းများကို တင်ပြသည့် အစီရင်ခံစာတွင် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် နေရပ်စွန့်ခွာထွက်ပြေးသူများ၏ ခိုလှုံရာစခန်းများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ယန္တရား၏ စုံစမ်းစစ်ဆေးမှုများကို ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုများကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ စစ်တပ်က ပါရာမော်တာ နှင့် ဒရုန်းများကို တိုး၍သုံးလာသောကြောင့် တိုက်ခိုက်မှုများကို အရပ်သားများက ကြိုတင်သတိပြုမိရန် ပိုမိုခက်ခဲလာပြီး ထွက်ပြေးရန် သို့မဟုတ် ပုန်းခိုရန် အခွင့်အလမ်းများ လျော့နည်းလာခဲ့သည်။ ယန္တရားက ယင်းတိုက်ခိုက်မှုများအတွက် တာဝန်ရှိသော တပ်ရင်းတပ်ဖွဲ့အချို့ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။

စစ်တပ်၏ ထိန်းသိမ်းရေးစခန်းများ၌ ဥပဒေနှင့် မညီဘဲ ဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် သက်ဆိုင်သည့် ကျယ်ပြန့်သော သက်သေအထောက်အထားများကိုလည်း ယန္တရားက စုဆောင်း၍ စိစစ်သုံးသပ်ခဲ့သည်။ ယင်းတွင် ၂၀၂၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲကို ဝေဖန်ခြင်းအား ရာဇဝတ်မှုမြောက်စေသည့် ဥပဒေနှင့် ဆက်စပ်သော အမှုများလည်း ပါဝင်သည်။ ထိုဥပဒေအရ လူများစွာ ဖမ်းဆီးခံခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်တွင် ရွေးကောက်ပွဲကို ဝေဖန်သည့် မှတ်ချက်များ ရေးသားခြင်းကဲ့သို့သော လုပ်ရပ်များအတွက် ထောင်ဒဏ် အနှစ် ၂၀ သို့မဟုတ် သေဒဏ်အထိ ချမှတ်ခံရနိုင်သော အမှုများကို ရင်ဆိုင်ကြရသည်။

ယန္တရားက စုဆောင်းထားသော သက်သေအထောက်အထား အများစုမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၊ ၎င်းတို့နှင့် ဆက်စပ်သည့် ပြည်သူ့စစ်များ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် သက်ဆိုင်သော်လည်း စစ်တပ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲထားသော ရက်စက်ကြမ်းကြုတ်မှုများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။ 

ယန္တရား၏ စုံစမ်းစစ်ဆေးမှုများသည် သက်သေ ၇၅၀ ကျော်၏ ထွက်ဆိုချက်များအပါအဝင် ရင်းမြစ်ပေါင်း ၁,၆၀၀ ကျော်မှ ရရှိသော အချက်အလက်များအပြင် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုဟ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် မှုခင်းဆေးပညာ အထောက်အထားများကိုလည်း အခြေခံထားသည်။

ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုဖော်ဆောင်နေသည့် တရားရေးအာဏာပိုင် အဖွဲ့အစည်းများထံ သက်သေအထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို ယန္တရားက ဆက်လက်မျှဝေလျက်ရှိပြီး ယင်းတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) နှင့် အာဂျင်တီးနားနိုင်ငံတို့လည်း ပါဝင်သည်။ ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးနေသည့် အခြားအာဏာပိုင်များ၏ အကူအညီတောင်းခံမှုများကိုလည်း ပြန်ကြားပေးခဲ့သည်။

နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) တွင် စစ်ဆေးနေသည့် ဂမ်ဘီယာနှင့် မြန်မာအမှု ၌ ပါဝင်သည့် အဖွဲ့များထံသို့လည်း ကျယ်ပြန့်သော သက်သေအထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို ယန္တရားက မျှဝေခဲ့သည်။ အဆိုပါအမှုတွင် တရားသူကြီးများသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများကို တိုက်ခိုက်ခဲ့သော ရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း မြန်မာနိုင်ငံသည် လူမျိုးပြုန်းစေမှု ကာကွယ်ရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ်ပါ ၎င်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် ဆွေးနွေးသုံးသပ်လျက်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org ကို ကြည့်နိုင်သလို  [email protected] ကို ဆက်သွယ်နိုင်ပါသည်။

Facebook: @MyanmarMechanism LinkedIn: @MyanmarMechanism

Share This Post

More From Author

1967 Sittwe Rice Crisis and Massacre in Rakhine State