“86 47” is a political phrase interpreted by some, particularly in the context of a 2026 criminal charge against former FBI Director James Comey, as a threat to “86” (remove or get rid of) the 47th US President, Donald Trump. The phrase combines restaurant slang “86” (to remove/refuse service) with “47” to signify removing the 47th President.
Context and Interpretation (as of April/May 2026):
- The Incident: Former FBI Director James Comey was charged with threatening the life of President Trump after briefly posting a photo of seashells on a beach arranged to read “8647”. [1]
- “86” Meaning: A slang term often used in hospitality to mean removing an item from the menu (sold out) or ejecting a person.
- “47” Meaning: Refers to Donald Trump, the 47th President of the United States. [1]
- Controversy: Critics and prosecutors labeled the post a threat to the president’s life, while supporters of Comey argued it was a political message urging Trump to be voted out, rather than a threat of violence.
- Comey’s Response: Comey stated he was unaware the numbers were interpreted as a violent threat and that he was told they were a “political message,” stating he opposes all violence. [1, 2]
The phrase is sometimes seen as a parallel to similar political slogans used against other politicians, such as “8645” (against 45th President Trump) or “8646” (against 46th President Joe Biden), used to signify removing a president from office.
ဒီအမှုက နိုင်ငံရေး၊ ဥပဒေနဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ အကုန်လုံး ဆုံနေတဲ့အချက်မှာ ရှိနေတာမို့ လူတွေ တော်တော်လေး စိတ်ဝင်စားနေကြတာပါ။ ဒါတွေက အစိုးရ နဲ့ တရားစီရင်ရေး အစည်းတွေအပေါ် လူထုရဲ့ ယုံကြည်မှုကို အဆုံးအဖြတ်ပေးနိုင်တဲ့ အရာတွေ မဟုတ်လား။
အကဲခတ်သူ တော်တော်များများအတွက်တော့ ဒီအမှုရဲ့ ရလဒ်က ပါဝင်ပတ်သက်သူတွေအတွက်တင် မကဘူး၊ နိုင်ငံရေးအရ အမြင်ကွဲပြားမှုတွေ ပြင်းထန်နေတဲ့အချိန်မှာ အမေရိကန် တရားစီရင်ရေးကို လူတွေ ဘယ်လိုမြင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ် ကျနော်တို့ ရွှေပြည်ဆီမှာဆိုရင်တော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အာမခံတောင်မပေးဘူး …. သတင်းကဒီလိုပါ ခရုခွံတွေနဲ့ ရေးတဲ့ 86 47” စာလုံးတွေ ကြောင့် FBI ဒါရိုက်တာဟောင်း James Comey တရားစွဲခံရ
Trump အစိုးရကနေ FBI ဒါရိုက်တာဟောင်း James Comey ကို ဖက်ဒရယ်အမှုအသစ်နဲ့ ထပ်ပြီး တရားစွဲလိုက်ပြန်ပါပြီ။ အရင်က ရုံးတော်မှာ အဆင်မပြေဖြစ်ခဲ့တဲ့ အမှုကို အခုတစ်ခါ ပြန်အသက်သွင်းလိုက်တာပါ။ အမှုစဖြစ်တာကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က Comey တစ်ယောက် North Carolina မှာ အပန်းဖြေနေတုန်း တင်ခဲ့တဲ့ ဆိုရှယ်မီဒီယာပို့စ်တစ်ခုကြောင့်ပါ။ သူက ခရုခွံလေးတွေကို “86 47” ဆိုပြီး ပုံဖော်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့တာပါ။ 86 ဆိုတာ ဖယ်ရှားပစ်ရမယ် ဖြုတ်ချရမယ်လို့ ဆိုလိုတာလို့ ပြောနေကြပြီး 47 ဆိုတာကတော့ ၄၇ဦးမြောက်သမ္မတ ထရမ့် လို့ သုံးသပ်ကြပါတယ် ဆိုတော့ “86 47” ဆိုတဲ့ ဂဏန်းလေးတွေက သမ္မတကို အန္တရာယ်ပြုဖို့ ရည်ရွယ်တယ်လို့ အစိုးရဘက်က စွပ်စွဲထားတာပါ။
ဒါကို အစိုးရရှေ့နေတွေဘက်က သမ္မတကို ခြိမ်းခြောက်တာလို့ အဓိပ္ပာယ်ဖွင့်ပြီး တရားစွဲခဲ့ပေမယ့် Comey ကတော့ သူဟာ အကြမ်းဖက်ဖို့ ရည်ရွယ်ချက် လုံးဝမရှိကြောင်းနဲ့ ပြဿနာတက်လာတာနဲ့ အဲဒီပို့စ်ကို ချက်ချင်းပြန်ဖျက်ခဲ့တယ်လို့ ပြောပါတယ်။
ဖက်ဒရယ် တရာရေးဌာနကတော့ Comey ကို သမ္မတကို ခြိမ်းခြောက်မှု၊ ပြီးတော့ အဲဒီခြိမ်းခြောက်မှုကို ပြည်နယ်တစ်ခုကနေ တစ်ခုကို ပျံ့နှံ့အောင် လုပ်ဆောင်မှုတွေနဲ့ တရားစွဲထားပါတယ်။ ဒါတွေက ပြစ်မှုထင်ရှားဖို့အတွက် “ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ရည်ရွယ်ချက်” (intent) ရှိမရှိ ဆိုတဲ့အပေါ်မှာ အဓိက မူတည်နေတာပါ။ တရားရေးဌာနကတော့ သက်သေတွေ၊ ဒီဂျစ်တယ် အထောက်အထားတွေနဲ့ အဲဒီအချိန်က အခြေအနေတွေကို သုံးသပ်ပြီး ဒါဟာ တကယ့်ခြိမ်းခြောက်မှုဖြစ်တယ်ဆိုတာကို သက်သေပြသွားမယ်လို့ ဆိုပါတယ်။ အခုတော့ North Carolina က ဖက်ဒရယ်တရားသူကြီးဆီကို အမှုရောက်သွားပြီဖြစ်ပြီး ဖမ်းဝရမ်းလည်း ထွက်ထားပါပြီ။ ဒါပေမဲ့ သူဘာသာသူ လာအဖမ်းခံမလားဆိုတာကိုတော့ တာဝန်ရှိသူတွေ ညှိနှိုင်းနေကြတုန်းပါ။
တကယ်တော့ ဒီတရားစွဲဆိုမှုဟာ သမ္မတက လူသိရှင်ကြား ဝေဖန်လေ့ရှိတဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူဖို့ ကြိုးစားနေတဲ့ နောက်ဆုံးခြေလှမ်းတစ်ခုပါပဲ။ Trump နဲ့ Comey တို့ရဲ့ တင်းမာမှုက ၂၀၁၇ ခုနှစ်ကတည်းက စခဲ့တာပါ။ အဲဒီတုန်းက ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားက ဝင်စွက်ဖက်ခဲ့တာကို Comey က စုံစမ်းစစ်ဆေးနေတုန်းမှာပဲ Trump က သူ့ကို ရာထူးကနေ ထုတ်ပစ်ခဲ့တာဖြစ်ပြီး၊ အဲဒီနောက်ပိုင်းမှာ Robert Mueller ကို အထူးစုံစမ်းစစ်ဆေးရေးမှူးအဖြစ် ခန့်အပ်ဖို့ ဖြစ်လာခဲ့တာပါ။ အဲဒီအချိန်ကစပြီး သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေလို ဖြစ်နေခဲ့ကြတာပါ။ Trump က Comey ကို အကျင့်ပျက်ခြစားတယ်လို့ ခဏခဏစွပ်စွဲသလို၊ Comey ကလည်း Trump ရဲ့ ခေါင်းဆောင်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိပါတယ်။
အရင်ကလည်း Comey ကို တရားစွဲဖို့ ကြိုးစားခဲ့ဖူးပေမယ့် လုပ်ထုံးလုပ်နည်း အမှားတွေကြောင့် တရားရုံးက ပယ်ချခဲ့ပါတယ်။ Richard Durbin လို လွှတ်တော်အမတ်တွေကတော့ ဒီလိုအမှုဟောင်းကို ပြန်ဖော်တာဟာ တရားရေးဌာနကို နိုင်ငံရေးအရ အသုံးချတာဖြစ်ပြီး နိုင်ငံရေးပြိုင်ဘက်အပေါ် လက်စားချေတာလို့ ဝေဖန်နေကြပါတယ်။ ဒါပေမဲ့ အစိုးရဘက်တော်သားတွေကတော့ ဒါဟာ ဥပဒေကို လိုက်နာတာဖြစ်ပြီး သမ္မတရဲ့ လုံခြုံရေးကို ကာကွယ်တာလို့ ဆိုပါတယ်။ “ဘယ်သူမှ ဥပဒေအထက်မှာ မရှိဘူး” ဆိုတဲ့ မူကို ကျင့်သုံးတာလို့လည်း သူတို့က အခိုင်အမာ ပြောကြပါတယ်။
ဥပဒေပညာရှင်တွေကတော့ ဒီအမှုမှာ Comey ဘက်က တကယ်ပဲ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်ခဲ့တာလား၊ ဒါမှမဟုတ် အထင်မှားစရာ စာသားတစ်ခုဖြစ်ခဲ့တာလား ဆိုတာက အဓိကကျလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ အွန်လိုင်းပေါ်က စကားလုံးတွေ၊ သင်္ကေတတွေနဲ့ အခြေအနေတွေကို တရားရုံးက ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာအတွက် ဒီအမှုက အရမ်းအရေးကြီးတဲ့ စံနမူနာ ဖြစ်လာနိုင်ပါတယ်။
ကိုးကား-နယူးယောက်ခ်တိုင်မ်း