MMNN Editorial

In today’s Myanmar, it is no longer shocking when soldiers arrest a writer.
What is shocking is why they are afraid of him.
On April 23, 2026, the military regime detained National Literary Award-winning author Tin Nyunt, a 71-year-old former teacher, from his home in Thanlyin. Alongside him, his son and another individual were also arrested.
The accusation?
“Undermining state dignity.”
Let us be honest.
In a country where dignity has already been crushed under boots, bullets, and prisons—
what dignity is left to undermine?
Tin Nyunt did not carry weapons.
He carried words.
And like all dangerous writers, he committed the unforgivable sin:
He wrote truths that apply to everyone.
Not just the generals.
Not just the regime.
But also:
- the opportunists
- the pretenders
- the comfortable elites
- the loud but empty revolutionaries
That is why his essay “Low-Class Intellectuals” is now circulating again—
and making everyone uneasy.
In that essay, Tin Nyunt reflects on a quote attributed to Morgan Freeman:
“Stupid is knowing the truth, seeing the truth, but still believing lies.”
But Tin Nyunt goes further.
He strips away the comfortable excuse that stupidity means ignorance.
No.
His target is far more uncomfortable:
The educated who knowingly choose falsehood.
Myanmar does not suffer from a shortage of educated people.
It suffers from a surplus of educated cowards.
People who:
- know the truth
- see the injustice
- understand the system
…and still choose lies.
Why?
Tin Nyunt answers without mercy.
1. Lies Are Comfortable
Truth is bitter.
Lies are sweet.
So people cling to illusions—
a prosperous nation, a just system, a meaningful struggle—
even when reality is collapsing around them.
Accepting truth is not passive.
It demands action. Risk. Sacrifice.
So many choose the easier path:
“Better to believe the lie—and do nothing.”
Standing alone is dangerous.
So even those who know better will echo the crowd.
Not because they believe—
but because they fear isolation.
In oppressive systems, survival often requires silence.
But silence slowly mutates into something worse:
self-deception.
“If you pretend long enough, you will eventually believe it.”
Tin Nyunt identifies two kinds of intellectual surrender:
Tactical Submission
Those who bow temporarily—to protect family, to wait, to survive.
But even here, he warns:
“Kneel too often, and you forget how to stand.”
Far more dangerous.
These are not survivors.
These are beneficiaries of falsehood.
They:
- exploit public suffering
- manipulate belief
- profit from chaos
- speak loudly—but stand for nothing
They are not victims.
They are partners in the destruction of truth.
This is why Tin Nyunt is dangerous.
Because his words are not aimed at one enemy.
They expose:
- propaganda from those in power
- hypocrisy from those in opposition
- performative activism from afar
- emotional manipulation disguised as patriotism
They expose a society where:
people shout “justice”—but practice convenience.
By arresting Tin Nyunt, the military proves one thing:
They fear truth.
But let us not pretend they are alone.
Because the deeper problem is not the regime.
The deeper problem is a society where too many:
- accept lies knowingly
- reward deception
- punish honesty
- and call it survival
Tin Nyunt wrote:
“Those who hold onto truth may disappear.
But truth itself will never disappear.”
That is true.
But there is a darker possibility he also warned about:
If enough people abandon truth—
if enough “low-class intellectuals” rise—
then truth may not disappear…
but it may no longer be recognized.
Before asking why Tin Nyunt was arrested,
we should ask something more uncomfortable:
Who, today, is he really writing about?
The generals?
Or all of us?
U Kyaw Myint Oo
“ဆရာကြီး တင်ညွန့်ရေးတဲ့ ပညာတတ် အောက်တန်းစား ဆောင်းပါးကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ မှန်လွန်းလို့ တချို့လူတွေ စပ်ကုန်ကြပါပြီ “တဲ့…
အင်း…ဒီလို ဆိုရင်တော့…Nug က လည်း သူ့ကို အမှုန့်ကြိတ်ချင်နေပုံပဲ…သူရေးခဲ့တဲ့ ဆောင်းပါးတွေတင်နေကြလို့….ရေးတဲ့ ဆောင်းပါးဖတ်ရင်းနဲ့…
ဘာတွေ သွားမြင်တုန်းဆိုတော့…
လောင်ချာကြီးထမ်းပြီး ဓာတ်ပုံ ရိုက်ဖူးတဲ့
ငါတို့ ဗိုလ်ချုပ် တာဖုန်းကျော်…စသဖြင့်
ပို့စ်တွေ တင်တတ်တဲ့ ကိုတော့ သွားမြင်မိတယ်…
ထန်းရေ နဲ့တောင် မမြည်းလိုက်ရတဲ့ ငှက်ကင်တွေ…
ရှေ့နေပေးငွေ ကြက်သောက်ရေ
နတ်အုန်းရွှေချ ပြန်မရ ဆိုတဲ့ ဘွန်းတွေ၊ တိုက်ခန်းတွေ၊ လုပ်ကွက်တွေ…
၁၀၂၇ ဟာ ကွက်ပြည့်နင်း ဗျူဟာ ရဲ့ အစိတ်အပိုင်းဆိုတာတွေ…
ဒီ resource နဲ့ ဒီလောက်ပဲ ရလဒ်ထွက်မှာ ဆိုပြီး…
တသက်လုံး အစိုးရ…မသေမချင်း ကိုယ်စားလှယ်လုပ်မယ့်သူတွေ…
မင်းတို့ မနိုင်မချင်းတိုက်ကြကွာ…ဆိုပြီး…
ပြည်ပကနေ သီးချင်းဆို ကဗျာရွတ် ရုပ်ရှင်ရိုက်
အလှူခံ… ဇိမ်ခံ..ငိုချင်းချ… မျက်ရည်ခြူ…
ကိုယ်ပြေးမြင်မိတာပြောတာပါ…
တကယ်တော့ သူက universal truth ကိုရေးသွားတယ် ထင်တာပဲ…
မင်းတို့ က စကစ ပဲ ရေးတယ်ထင်တာကိုး…
တဖက်ပိတ် တဖက်ကန်း ကနေ…နောင် စုံလုံးကန်းမယ့် အရိပ်အယောင်ပဲ…
ငါသာ ဆရာတင် ဆိုရင်တော့
မအလ ကို တခွန်းပဲ ပြန်မေးလိုက်မယ်…
မင်း ကို ချည်း ရေးတယ် ပဲ ထင်နေတာလားလို့…
သိချင် ဖတ်ကြည့်ပေါ့ဗျာ….
မော်ဂန် ဖရီးမင်း စကားကို ကိုယ်းကားတဲ့ stupid ဆိုတဲ့ နေရာ သောဖတ်ဗျာ…အကြိမ်ကြိမ်ပြန်ဖတ်….
ပညာတတ် အောက်တန်းစားတဲ့…ကိုယ်မပါစေနဲ့…အဲအထဲ…ဆယ်လီအောက်တန်းစား…ပရဟိတ အောက်တန်းစား…တော်လှန် အယောင်ပြ အောက်အောက်တန်းစား…အကုန်သာချဲ့တွေ…အများပြည်သူကို ချနင်း သူမှန်သမျှ…သူတပါး ယုံကြည်ချက်တွေကို အလွဲသုံးစားကိုယ်ကျိုးရှာ သွားသူ မှန်သမျှ…
အောက်တန်းစားပဲ…
“ပညာတတ် အောက်တန်းစား”
————
ရာသီဥတုက အလွန်ပူလာသည်။ ကျွန်တော်က ကွန်ပျူတာနှင့် စာရေးနေသည်။ လက်တွေမှာ ချွေးတွေ စီးကျ လာသည်အထိ ပူပြင်းလှသည်။ ရေထသောက်ပြီးနောက် ပက်လက်ကုလားထိုင်တွင် ခေတ္တနားရန် ထိုင်လိုက် သည်။ မောင်ကျော်စွာက
“ဆရာ မန်ကျည်းဖျော်ရည်လေးသောက်မလား”
“အေးကောင်းသားပဲ … သွားထည့်ကွာ။ မင်းလည်းသောက်လေ”
မောင်ကျော်စွာက မန်ကျည်းဖျော်ရည်နှစ်ခွက်ထည့်လာပြီး ကျွန်တော့်ကို တစ်ခွက်ပေးသည်။
“အား … ကောင်းလိုက်တာကွာ”
“ဆရာ ညကတည်းက စိမ်ထားတာလား”
“အေးကွ … ဒီရာသီနဲ့ အလွန်လိုက်ဖက်တဲ့ဖျော်ရည်ပဲကွ။ ဒါနဲ့ မင်းဘာတွေ ဖတ်နေတာလဲ”
“ကျွန်တော်က လူတစ်ယောက်ကိုကြည့်ပြီး စိတ်မကောင်းလို့ပါဆရာ”
“ဘယ်သူများလဲကွ”
မောင်ကျော်စွာက သူဖုန်းထဲတွင် ကြည့်နေသည့် ပုံတစ်ပုံကို ပြသည်။ ကျွန်တော်က ကြည့်လိုက်ပြီး
“ဒါမျိုးတွေက မဆန်းပါဘူးကွာ။ ရှိနိုင်ပါတယ်”
“ဟုတ်ပါတယ်ဆရာ … ရှိတော့ရှိနိုင်တာပေါ့။ ဒါပေမဲ့ နှမြောလို့ပါဆရာ”
“နှမြောဖို့မလိုဘူး မောင်ကျော်စွာ။ နှမြောဖို့ မကောင်းတဲ့သူတွေကို မင်းကလိုက်ပြီး နှမြောနေတာကိုက မင်းလည်း နှမြောစရာကောင်းတဲ့ကောင် ဖြစ်သွားလိမ့်မယ်။ အဲဒီလိုလူမျိုးတွေကို လျစ်လျူရှုထားလိုက်ကွ။ ကိုယ့်စာရင်းထဲက ထုတ်ပစ်လိုက်။ မင်းကို သရုပ်ဆောင် မင်းသားကြီး မော်ဂန် ဖရီးဖန်းပြောတဲ့ စကားလေး တစ်ခွန်းပြောပြချင်တယ်။ နားထောင်”
“ဟုတ်ကဲ့ပါဆရာ”
“Stupid is knowing the truth, seeing the truth, but still believing the lies. တဲ့ကွ နားလည်လား”
“အမှန်တရားကို သိလျက်၊ မြင်လျက်နှင့် မုသားကိုဆက်လက်ယုံကြည်နေသူကို Stupid လို့ပြောတာ မဟုတ်လားဆရာ”
“Stupid ကိုပါဘာသာပြန်လေကွာ”
“Stupid ကိုကျွန်တော် သိတာက ငထုံ၊ ငထိုင်း၊ ငပေါ၊ လူမိုက်လို့ပဲ သိတာဆရာ။ ဖရီးမန်းဆိုလိုတဲ့ Stupid ဆိုတာက အဲဒီလိုသဘောဖြစ်မယ်မထင်ဘူး။ ဒီ့ထက်ပိုပြီး လေးနက်မယ်ထင်တယ်ဆရာ”
“မှန်တယ်မောင်ကျော်စွာ … ဖရီးမန်းပြောတဲ့ Stupid ဆိုတာ IQ နိမ့်တဲ့သဘော၊ စာမတတ်တဲ့ သဘောကို ပြောလိုတာ မဟုတ်ဘူးကွ။ စာတတ်၊ ပညာတတ်ပြီး အောက်တန်းကျကျ အသိဉာဏ်ကင်းမဲ့သူလို့ပြောတာ”
“ဒါဆိုရင် ကျွန်တော် ဒီလိုပြောကြည့်မယ်ဆရာ … အမှန်တရားကို သိလျက်၊ မြင်လျက်နှင့် မုသားကိုဆက်လက်ယုံကြည်နေသူသည် အောက်တန်းကျသည့် အသိဉာဏ်ကင်းမဲ့သူဖြစ်သည်ဆိုရင် ရမလား ဆရာ”
“အေးပါ မင်းသဘောပေါက်ထားဖို့လိုပါတယ်။ အောက်တန်းကျတဲ့ အသိဉာဏ်ကင်းမဲ့သူဆိုတဲ့ စကားလုံးကို ငါတော့ ပိုကြိုက်တယ်။ သူ့အနေနဲ့ အမှန်တရားကို သိသိကြီးနဲ့ အလိမ်အညာတွေကို ရွေးချယ်ယုံကြည် လိုက်တာဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသူလို့လည်း ဖော်ပြလိုက်တာပဲ”
“လူတွေဟာ လိမ်နေမှန်းသိသိနဲ့ ဘာဖြစ်လို့ အဲဒီအလိမ်အညာတွေကို သာယာနေတတ်ကြတာလဲဆရာ”
“အမှန်တရားကို သိသားနဲ့ လိမ်ညာတာကို ဆက်ယုံနေတဲ့သူဆိုတာ အကြောင်းတရားအမျိုးမျိုးကြောင့် ဖြစ်နိုင်တာပဲကွ။ အဖြစ်နိုင်ဆုံးတွေကို ပြောရရင် အဲဒီလူဟာ အလိမ်အညာကို သာယာသွားတာကြောင့်လည်း ဖြစ်နိုင်တာပဲ”
“ကျွန်တော် သဘောမပေါက်ဘူးဆရာ”
“အမှန်တရားဆိုတာ ခါးသီးတတ်ပြီး၊ အလိမ်အညာမုသားတွေက ပိုပြီးချိုတတ်တယ်ဆိုတာ မင်းလက်ခံ သလား”
“အမှန်တရားဟာ ခါးတယ်ဆိုတာကျွန်တော် လက်ခံပါတယ်ဆရာ”
“ကောင်းပြီ … ငါတို့တိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ သယံဇာတတွေပေါကြွယ်ဝပြီး အလွန်သာယာကာ၊ ပျော်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံပဲလို့ ပြောနေတဲ့အပြောတွေဟာ မှန်သလား မှားသလားမောင်ကျော်စွာ”
“ခုချိန်မှာ မမှန်နိုင်တော့ဘူးဆရာ”
“အေး … အဲဒီလိုမုသားစကားတွေထဲမှာ သာယာနေတဲ့သူတွေ ရှိနေတာ အံ့စရာပဲကွ။ အမှန်အတိုင်းပြောရရင် အောက်ခြေမှာ ဆင်းရဲတွင်းနက်နေပြီဆိုတာကို လက်မခံနိုင်တဲ့သူတွေ ရှိနေတာဟာ အလိမ်အညာမှာ သာယာခြင်းလို့ခေါ်တယ်။ နောက်တစ်ချက်ရှိသေးတယ်”
“ဘာများလဲဆရာ”
“ကြောက်လို့ လက်ခံလိုက်တာမျိုးပေါ့”
“အမှန်တရားကို ကြောက်လို့လက်ခံတာလား … မမှန်တာကို ကြောက်လို့ လက်ခံတာလားဆရာ”
“ငါတို့ခုပြောနေတာ မမှန်တာကို ကြောက်လို့လက်ခံတာလေကွယ်။ အမှန်တရားကို လက်ခံလိုက်ရင် နောက်မှာ တစ်ခုခုလုပ်ဖို့ တာဝန်ရှိလာတယ်။ ဒီတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိချင်သူတွေက လိမ်ညာမှုကိုပဲ ဟုတ်ပါ့ဘုရား … မှန်ပါ့ဘုရား လုပ်နေကြတာမျိုးတွေ ဖြစ်လာနိုင်တယ်။ တစ်နည်းပြောရရင်ကွယ် အလိမ် အညာတွေရဲ့ နောက်ကွယ်မှာ ပုန်းနေရတာကိုပဲ ဘေးကင်းတယ်လို့ ယူဆလာကြတာမျိုးပေါ့”
“ဟုတ်တယ်ဆရာ … ဒီအချက်ကိုတော့ ကျွန်တော်ကြိုက်တယ်။ အမှန်အတိုင်းလုပ်ရင် ပိုတာဝန်ကြီးနိုင် တာကြောင့် မမှန်တာတွေနဲ့ပဲ ရေလိုက်ငါးလိုက်နေလိုက်တော့မယ်ဆိုတာ ကျွန်တော်တို့လက်တွေ့ ရင်ဆိုင် နေရတာပဲဆရာ”
“နောက်တစ်ချက်က အုပ်စုလိုက်စိတ်ဓာတ်ကြောင့် အမှားကို အမှန်လို့လက်ခံလိုက်ရတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဆိုလိုတာကကွာ သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေအားလုံးက အမှားကို အမှန်လို့ ပြောနေရင် သူ့အမြင်က အမှန်ဖြစ်နေတာတောင်မှ တစ်ယောက်တည်းဖြစ်နေမှာ စိုးရိမ်လို့ အုပ်စုကြီးနဲ့ရောပြီး လိမ်ညာတာ တွေကို ယုံချင်ယောင် ဆောင်လိုက်ရတာမျိုးပေါ့”
“ဟာ ဒါကတော့ အတော်လေးဆိုးတယ်ဆရာ”
“နောက်ရှိသေးတယ်။ လူတချို့ဟာ မိုက်မဲလွန်းလို့ အလိမ်အညာတွေကို ယုံနေကြတာမဟုတ်ဘူး ဆိုတာပဲကွ”
“ဘယ်လိုကြီးလဲဆရာ”
“အဲဒီလူမျိုးတွေကတော့ ရှင်သန်ရေးဗျူဟာကြောင့် ယုံကြည်ချင်ယောင် ဆောင်ကြရတဲ့ လူမျိုးတွေ”
“ကျွန်တော် နားမလည်ဘူးဆရာ”
“အမှန်တရားကို ပြောလိုက်ရင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ အနေအထားမျိုးတွေမှာ အလိမ်အညာကိုပဲ ယုံကြည်ပြနေရတဲ့ လူမျိုးတွေလည်း ရှိနိုင်တယ်လို့ပြောတာ။ အဲဒီလိုလူမျိုးတွေကိုတော့ လူမိုက်တွေလို့ ပြောရမလား၊ ဘေးရှောင်တတ်တဲ့သူတွေလားလို့ ပြောရမှာခက်တယ်။ ဒါပေမဲ့ အဲဒီလို ယောင်ဝါးဝါး လူမျိုး တွေဟာ ကြာလာရင်တော့ ကိုယ့်ယုံကြည်မှုအမှန်တရားကို ပြန်ပြီးတော့ ဖျက်ဆီးသူတွေ ဖြစ်လာတတ်တယ်”
“ဆရာပြောတဲ့ ရှင်သန်ရေးဗျူဟာဆိုတာ ဘာလဲဆရာ”
“Survival Mechanis ကိုပြောတာကွ။ လူတိုင်းဟာ ရှင်သန်နိုင်ရေးအတွက် အမှန်တရားကိုဖုံးကွယ်ပြီး လိမ်ညာမှုကို ဟန်ဆောင်လက်ခံလာကြရင် အမှန်တရားဆိုတာ ကိုယ့်အတွင်းမှာ ရှိတာထက် အပြင်က ဧည့်သည်ဘဝရောက်သွားတတ်တယ်။ အမှန်တရားကို ဘယ်တော့မှ မပြောရဲတဲ့အခါ နောက်မျိုးဆက်သစ် တွေအတွက် အမှန်တရားဆိုတာဘာလဲဆိုတဲ့ စစ်မှန်တဲ့သရုပ်ကို မှတ်မိဖို့ ခက်ခဲသွားနိုင်တယ်။ အလိမ်အညာ တွေကို ထောက်ခံလွန်းအားကြီးရင် အမှားကြာ အမှန်ဖြစ်သွားနိုင်လို့ အန္တရာယ်ကြီးတယ်။ ဒါကြောင့် အမှန်တရားကို ဖော်ထုတ်ပေးနိုင်တဲ့သူတွေ ရှိဖို့လိုတယ်”
“ပညာတတ်တွေ ဖောက်ပြန်ရင်ကြောက်စရာကောင်းတယ်ဆရာ။ သိသိကြီးနဲ့ အလိမ်အညာတွေမှာ သာယာ နေကြတာကို ဆရာဘာပြောမလဲ”
“ဒါကတော့ နှစ်ပိုင်းရှိတယ်ကွ။ အချို့သူတွေဟာ အခွင့်အရေးကိုစောင့်ဖို့၊ မိသားစုကို ကာကွယ်ဖို့ဆိုပြီး ခဏတဖြုတ်ထောက်ခံပြသူတွေလည်း ရှိနိုင်တယ်။ ဒါကို (Tactical Submission) လို့ခေါ်တယ်။ ပြောရရင်ကွာ ဗျူဟာမြောက် ဒူးထောက်သူတွေပေါ့။ သူတို့စိတ်ထဲမှာ အမှန်တရားကို လက်ခံပေမယ့် ရှင်သန်နိုင်ရေးအတွက် ဒူးထောက်သွားတာ။ ဒါကိုလည်း အကောင်းမြင်ပေးလို့ မရဘူးမောင်ကျော်စွာ”
“ဘာဖြစ်လို့လဲဆရာ”
“ဒူးထောက်ပါများရင် မတ်တတ်ရပ်ရမယ့်နည်းလမ်းကို မေ့သွားနိုင်လို့ပေါ့”
“နောက်တစ်ပိုင်းကရောဆရာ”
“နောက်တစ်ပိုင်းကတော့ အဲဒီလိုဒူးထောက်သူတွေကိုယ်တိုင်က ကိုယ်ကျင့်တရားပိုင်းမှာ ယိုယွင်းနေလို့ပဲ။ အဲဒါကို (Moral Erosion) လို့ခေါ်တယ်။ ကိုယ်တိုင်ရှင်သန်ဖို့ထက် ကောင်းစားဖို့ကိုတွက်ပြီး လိမ်ညာမှုကို ဖက်တွယ်လိုက်ကြတဲ့ သူမျိုးတွေပေါ့။ အဲဒီလို လူမျိုးတွေဟာ အမှန်တရားကို သိသိကြီးနဲ့ သတ်ပစ်လိုက်တဲ့ သူတွေလို့ ပြောရမယ်။ သူတို့ကို ပူးပေါင်းကြံစည်တဲ့ ကြံရာပါတွေလို့တောင် ပြောနိုင်တယ်။ သူတို့ကို လူလိမ်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့ သူတွေလို့ပြောရမယ်”
“အမှန်တရားကတော့ ဘယ်လိုပဲ လိမ်ညာဖုံးကွယ်ပါစေ မပျောက်နိုင်ပါဘူးဆရာ”
“မှန်တယ် ဒါကြောင့်လည်း အမှန်တရားကို ဖက်တွယ်ထားတဲ့သူတွေ ပျောက်ကွယ်ကောင်း ပျောက်ကွယ်နိုင် တယ်၊ ဒါပေမဲ့ အမှန်တရားကတော့ ဘယ်တော့မှ မပျောက်ကွယ်နိုင်ဘူး။ အမှန်တရားတွေ မပျောက်ကွယ် ရအောင် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းသွားသူတွေရှိဖို့လိုတယ်။ မင်းတို့လိုလူငယ်တွေရှိနေသရွေ့ အမှန်တရားဟာ ဆက်ပြီး ရှင်သန်နေမယ်လို့ ငါတော့ယုံတယ်”
“စိတ်ချပါဆရာ”
တင်ညွန့် (၁၆.၄.၂၀၂၆)
ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရသည့် ဆရာ တင်ညွန့် ၏ ဘ၀မှတ်တမ်းနှင့်သူ၏စာပေများ တစေ့တစောင်း
=========
ဆရာတင်ညွန့်၏ ကိုယ်ရေးအကျဉ်း
အဖ ဦးအောင်သိန်း၊ အမိ ဒေါ်ခင်ကြည်တို့မှ ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပဲခူးမြို့၌ မွေးဖွားခဲ့သည်။ ပဲခူးမြို့ ၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ မြလမ်းတွင်နေထိုင်ခဲ့သည်။ ပဲခူးမြို့ BBM ကျောင်းနှင့် အမှတ် (၄) အထကတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် အထက (၄) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ သည်။
၁၉၇၄ ခုနှစ်တွင် မော်လမြိုင်ကောလိပ်၌ သမိုင်းအဓိကဘာသာရပ်ဖြင့် ပထမနှစ်ကို တက်ရောက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်သို့ပြောင်းပြီး ဒဿနိကဗေဒဘာသာ အထူးပြုဖြင့် တက်ရောက်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ B.A (Philosophy) ဘွဲ့ကို ရရှိခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ပညာရေးဌာန၌ မူလတန်းပြဆရာအဖြစ် စတင်အမှုထမ်းသည်။ ပဲခူးချောင်းဖျားဒေသတွင် ၁၉၈၁ ခုနှစ်မှစတင်ပြီး အမှုထမ်းခဲ့သည်။ အလယ်တန်းပြရထူးတိုးကိုလည်း ဇောင်းတူရွာတွင်ပင် တာဝန်ယူပြီး တွဲဘက် အထက်တန်းအထိ အင်္ဂလိပ်စာကို သင်ကြားပေးခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့ကို ထပ်မံရရှိသည်။ ၁၉၈၁ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ပညာရေးဌာနတွင် အမှုထမ်းပြီး အငြိမ်းစားယူခဲ့သည်။
၂၀၀၁ ခုနှစ်ကစတင်ပြီး ရန်ကုန်တွင် အခြေချကာ ဝါသနာပါသည့် စာပေလောက၌ ကျင်လည်ခဲ့သည်။
၂၀၀၁ ခုနှစ်တွင် ကွန်ပျူတာဂျာနယ်
၂၀၀၆ ခုနှစ်တွင် ကြီးပွားရေးမဂ္ဂဇင်း
၂၀၀၈ ခုနှစ်တွင် မျက်မှောက်ရေးရာ မဂ္ဂဇင်း
၂၀၀၉ ခုနှစ်တွင် Personal Computer မဂ္ဂဇင်း
၂၀၁၀ ပြည့်နှစ်တွင် Itizen နည်းပညာဂျာနယ် တို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၁၉၇၈ ခုနှစ်ထုတ် ရန်ကုန် ဝိဇ္ဇာသိပ္ပံ မဂ္ဂဇင်းတွင် “ဂရက်ဖိုဖီလ်” ဆိုသည့် ဘာသာပြန်ဝတ္ထုတိုနှင့် “ကဗျာဆရာသို့” ဆိုသည့် ကဗျာကို စတင်ဖော်ပြခြင်းခံရသည်။ နည်းပညာ၊ နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ ဝတ္ထုရှည် စာအုပ်ပေါင်း (၅၀) ကျော်ကို ရေးသားပြုစုခဲ့ပြီးဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် “လူငယ်နှင့်အတွေးအမြင်” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်သော လူငယ်စာပေဆုကိုရရှိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်ဖြင့် သုတစွယ်စုံ နိုင်ငံရေးစာပေဆုများကို ရရှိခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်သည့် “အမျိုးသားစာပေဆု” ကို “ကျောင်းဆရာမှတ်တမ်း” စာအုပ်ဖြင့် ရရှိခဲ့သည်။ ပေးအပ်ခြင်းခံရသည့် စာအမျိုး အစားခေါင်းစဉ်မှာ “စာပဒေသာဆု” ဖြစ်သည်။
The Voice Daily သတင်းစာတွင် ၂၀၁၂ ခုနှစ် စတင်ထုတ်ဝေစဉ်မှသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကျော်ဗလ၊ မောင်ခေတ်စသည့် ကလောင်ခွဲများဖြင့်လည်း စာရေးသည်။
အမည်ရင်းမှာ ဦးတင်ညွန့်ဖြစ်သည်။
ရေးသားပြုစုခဲ့ပြီးသည့် စာအုပ်များမှာ
၁။ ဒစ်ဂျစ်တယ်နည်းပညာနှင့် မျိုးဆက်သစ်ပရိုဆက်ဆာ
၂။ ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ (ပထမတွဲ)
၃။ ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ (ဒုတိယတွဲ)
၄။ ဒီမိုကရေစီနိုင်ငံတော် ဒီမိုကရေစီနိုင်ငံသား
၅။ ကမ္ဘာ့ပညာခေတ်အား လှမ်းမျှော်ကြည့်ခြင်း
၆။ ဒီမိုကရေစီ ပါရာဒိုင်း
၇။ ဒစ်ဂျစ်တယ်တော်လှန်ရေးနှင့် အိုင်စီတီပြုပြင်ပြောင်းလဲရေး
၈။ ကောင်တာဒီမိုကရေစီ
၉။ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး
၁၀။ ဒီမိုကရေစီပညာရေး
၁၁။ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေသူများနှင့် ဗိုက်အငှားလိုက်သူတစ်ဦး၏ဘဝ
၁၂။ ဦးသန်းရွှေ၏ ယတြာများနှင့် အခြားစိတ်ဝင်စားဖွယ် အဖြစ်အပျက်များ
၁၃။ အဖေ့စကားလောကကျင့်ဝတ်များ
၁၄။ အာဏာရှင်တို့ နေဝင်ချိန်
၁၅။ ဦးနေဝင်း၏နောက်ဆုံးနေ့များ
၁၆။ မြန်မာသူဌေးကြီးများ နောက်ကွယ်ကဖြစ်ရပ်မှန်များနှင့် ဝဒေသအတွင်းရေး
၁၇။ ကမ္ဘာကျော် သားတော်သမီးတော်များ
၁၈။ လူငယ်နှင့်အတွေးအမြင်
၁၉။ ကျောင်းဆရာမှတ်တမ်း
၂၀။ ရိုးမပေါ်မှာ ကျတဲ့မျက်ရည် (ဝတ္ထုရှည်)
၂၁။ သူတို့ဘာကြောင့် အောင်မြင်ရသလဲ
၂၂။ ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်
၂၃။ နော် (ဝတ္ထုရှည်)
၂၄။ လွတ်မြောက်ရာလမ်း
၂၅။ ၂၁ ရာစု ပြည်သူ့နီတိ
၂၆။ ဖင်လန်နိုင်ငံပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ
၂၇။ ကွန်ဖြူးရှပ်၏ စီးပွားရေးဒဿန
၂၈။ တရုတ်နိုင်ငံပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ
၂၉။ လူငယ်နှင့် ကမ္မဗေဒ
၃၀။ တော်လှန်သောကျောင်းဆရာ
၃၁။ အညာစောင် (ဝတ္ထုတိုပေါင်းချုပ်)
၃၂။ ဒေါသ
၃၃။ ခွေးထိန်းငတာ
၃၄။ ရိုးမခေါ်သံ (ဝတ္ထုရှည်)
၃၅။ စင်ကာပူနိုင်ငံပညာရေးစနစ်လေ့လာဆန်းစစ်ချက်များ
၃၆။ ကျောင်းဆရာဇာတ်လမ်း
၃၇။ တော်လှန်သောကျောင်းဆရာ
၃၈။ သူနှင့်သူမ
၃၉။ လူငယ်နှင့်ကမ္မဗေဒ
၄၀။ နိဗ္ဗာန်ကိုဖွေရှာခြင်း
၄၁။ ဇက်မျိုးဆက်တော်လှန်ရေး
၄၂။ ကောင်လေးတစ်ယောက်အကြောင်း
၄၃။ ပန်းနီနီကျိန်စာ
၄၄။ တယောအို
၄၅။ ဂျပန်နိုင်ငံပညာရေးစနစ် လေ့လာဆန်းစစ်ချက်များ
၄၆။ ပညာပါရာဒိုင်း
၄၇။ ရာစု၏သမီးပျို နှစ် ၁၀၀ တက္ကသိုလ်
၄၈။ သုညမှ သုခသို့ (မရှိခြင်းဖြင့် ချမ်းသာခြင်း)
၄၉။ ယူကရိန်းသမ္မတ ဇီလန်းစကီး
၅၀။ ဂျပန်စိတ်ဓာတ်
၅၁။ ၃၃ (ဝတ္ထုရှည်)
#Crd/Save the Library Myanmar မှ