The Wa Are Actually Chinese Masquerading As Wa. However, Do Not Underestimate Them But Respect Them

U Aung Tin addresses the status of the Wa people and the United Wa State Army (UWSA):

“The Wa are actually Chinese masquerading as the Wa. However, do not underestimate them just because they are Chinese; instead, respect them for it. Neither the Myanmar government nor any ethnic EAOs (Ethnic Armed Organizations) can defy the Wa—they are firmly in the hands of the Chinese.

If you want to solve political problems, don’t live in illusions; be practical. To resolve Myanmar’s political crises, we need to eliminate narrow-minded racial and religious prejudices. Can’t eliminate them? Fine. Then don’t solve them. Just keep fighting, keep dying, keep running, keep staying poor, and keep starving.”

Accompanying Historical Context & Analysis (by U Myint):

  • Origins & Evolution: The Wa (calling themselves Paroux) belong to the Mon-Khmer linguistic family. Historically, parts of the remote northern Wa regions were outside the control of Shan Sawbwas and British colonial rule, known as the “Wa States.” Until the Communist Party of Burma (CPB) entered the area in 1968, traditional practices such as inter-village warfare and headhunting for agricultural rituals were present.
  • Formation of UWSA: Following the collapse of the CPB, the United Wa State Army (UWSA) was founded on April 17, 1989, under the leadership of Zhao Nyi Lai, followed by a ceasefire agreement with Myanmar’s military government (SLORC) on May 18, 1989.
  • Structure & Economy: The Wa territory is split into Northern and Southern commands, spanning roughly 17,000 square kilometers with a population of over 550,000. Under leaders like Bao Youxiang, the UWSA grew into a heavily armed force with sophisticated weaponry (including artillery, armored vehicles, and air-defense equipment) and extensive business enterprises spanning jade mining, rubber, manufacturing, and international trade.

Historical Anecdote: The Bird’s Nest Soup Visit

During a high-level peace negotiation visit to Naypyidaw, the top Wa leader fell seriously ill. Senior General Min Aung Hlaing personally visited him and brought a comforting bowl of Bird’s Nest Soup that had been specially prepared at his own residence—a gesture highlighting the delicate diplomatic and personal optics surrounding Naypyidaw’s relations with the powerful UWSA leadership.

Personal Memoirs & Memories of Sao Ne Win

You also shared fond memories of your classmate and friend from BEHS No. 9, Mandalay (St. Peter’s):

  • Classmate Sao Ne Win: The second son of the deposed Wa Sawbwa (Chief).
  • The “Luyechun” Tease: He used to affectionately tease you as the “Luyechun Pensioner” because you missed the selection in the 9th Standard after making it in the 8th, but successfully redeemed yourself by making it again in the 10th Standard, and subsequently three more times while at the Medical University.
  • Family Compensation & Background: Following historical political shifts, General Ne Win had granted the family 4 million Myanmar Kyats as compensation (at a time when 1 US Dollar was valued at less than 5 Kyats).
  • Family & Business:
    • Sao Ne Win married Win Win Hein, a famous beauty queen from Mandalay Arts and Science University (MASU). Their residence was located in Chan Mya Tharzi at the entrance of Mandalay, where he ran a large Letphet (pickled tea leaf) brokerage business.
    • His elder brother, Sao Ne Min, was married to a well-known Mandalay traditional dancer (Anyeint Thama).

U Aung Tin

ဝဆိုတာ ဝအမည်ခံထားတဲ့ တရုတ်တွေပါ။

သို့သော်

တရုတ်တွေဖြစ်လို့ဆိုပြီး အထင်မသေးနဲ့။

တရုတ်ဖြစ်လို့ အထင်ကြီးပါ။

မြန်မာအစိုးရနဲ့ လူမျိုးစုEAOတွေအားလုံး

ဝဆိုတဲ့ တရုတ်ကို မလွန်ဆန်နိုင်ဘူး။

ဝဆိုတဲ့ တရုတ်လက်ထဲမှာပါ။

နိုင်ငံရေးပြသနာတွေကို ရှင်းချင်ရင်

စိတ်ကူးမယဉ်ကြနဲ့။

လက်တွေ့ကျပါ။

မြန်မာ့နိုင်ငံရေးပြသနာတွေ ရှင်းချင်ရင်

လူမျိုးရေး ဘာသာရေးအမြင်ကျဉ်းမှုတွေကို

ပယ်ဖျက်နိုင်ဖို့လိုပါ၏။

မပယ်ဖျက်နိုင်ဘူးလား။

ရပါတယ်။

မရှင်းကြနဲ့ပေါ့။

ဆက်တိုက်ကြ။

ဆက်သေကြ။

ဆက်ပြေးကြ။

ဆက်မွဲကြ။

ဆက်ငတ်ကြ။

U Myint

p͏o͏n͏o͏r͏d͏t͏s͏e͏S͏9͏a͏3͏9͏A͏1͏u͏1͏1͏8͏t͏0͏8͏t͏3͏r͏h͏e͏:͏y͏t͏5͏i͏ ͏a͏7͏a͏i͏5͏u͏0͏2͏ ͏0͏1͏e͏6͏3͏s͏M͏l͏t͏ ͏d͏5͏9͏1͏Y͏6͏7͏ ·

“ဝ ဆိုတဲ့ ဝ “

‼️
‼️

၁၉၄၈ ခုနှစ်မှာ တရားဝင်စတင်ပေါ်ထွန်းခဲ့တဲ့ ပြည်ထောင်စုတပ်မတော်ကြီး (ဝါ) နိုင်ငံ့တပ်မတော်ကြီးရဲ့ သက်တမ်း ဆယ်စုနှစ် ၈ ခုရှိလာခဲ့ပေပြီ။

နိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့သည်မှာလည်း ဆယ်စုနှစ် ၈ ခုနီးပါးရှိခဲ့ပြီ။

နိုင်ငံတော်အစိုးရအဆက်ဆက်ကို အကြောင်းအမျိုးမျိုးပြ လက်နှက်စွဲကိုင်ဆန်ကျင်သူပုန်ထတိုက်ခိုက်နေကြတဲ့ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့သက်တမ်းဟာလည်း ဆယ်စုနှစ် ၈ ခုနီးပါးရှိခဲ့ကြပြီ။

လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ၊၂၀၂၁ အခြေအနေတို့တွင် အကြောင်းအမျိုးမျိုးပြ ပေါ်ပေါက်ခဲ့ကြသော လက်နှက်ကိုင် အဖွဲ့အစည်းများ လက်နှက်ကိုင်သူပုန်များ များစွာ တို့ထဲမှ မြန်မာနိုင်ငံ၏ တရားမဝင်လက်နှက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကေါင်းဆုံးလို့ဆိုကြတဲ့ ဝ တပ်ဖွဲ့ ဟာ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ပါလာခဲ့ပေပြီ။

၁၉၈၉ ခုနှစ်တွင် UWSA ခေါ် ဝ တပ်ဖွဲ့စတင်ပေါ်ပေါက်လာခဲ့ပြီး နောက် မြန်မာနိုင်ငံ၏နိုင်ငံရေးအရွေ့ ပေါင်းစုံတို့တွင် UWSA သည် နည်းလမ်းမျိုးစုံ အသွင်မျိုးစုံဖြင့်ပါဝင်လာခဲ့ပေသည် မှာ ယနေ့ထက်တိုင်ပင်

UWSA ,UWSP ဝ ဆိုတဲ့ ဝ တို့ရဲ့ ပုံရိပ် တစ်စေ့တစ်စောင်း ,,,,,,,,,

<><><>

<><><>

UWSA ၀ တပ်ဖွဲ့၏နောက်ခံသမိုင်းနှင့်စစ်ရေးအခြေအနေ

နောက်ခံသမိုင်းကြောင်းနှင့်လူမှုပထ၀ီ

—————————————-

မိမိကိုယ်ကို ပရောက် (Paroux) ဟုခေါ်ဆိုသော ၀လူမျိုးတို့သည် Austro-Asiatic ခေါ်မွန်-ခမာ(Mon-Khmer) မျိုးနွယ်စုမှအုပ်စုတစ်စု

ဖြစ်ပါသည်။

မိမိကိုယ်ကိုပလန်း(Palang)ဟုခေါ်ဆိုသောလွ(ခ) လ၀(ခ) လြယ္လ(ခ)တိုင်းလွယ်လူမျိုးစုသည်လည်း

၀၊ ပလောင်၊ မွန်နှင့်ခမာတို့ကဲ့သို့ မျိုးနွယ်စုတစ်ခုတည်းမှဆင်းသက်လာပါသည်။

သို့သော်လည်းပလန်း(ခ) လြ(ခ)လ၀ (ခ) လြယ္လ(ခ) တိုင်းလွယ်လူမျိုးသည်သာကျိုင်းတုံဒေသ၏

မူရင်းဒေသခံလူမျိုး(Aborigine) ဖြစ်ပါသည်။

ပရောက်(ခ) ၀ လူမျိုးသည်ကျိုင်းတုံသမိုင်း

နှင့်မည်သို့မျှမပတ်သက်ပါ။

ထိုနည်းတူစွာမျိုးနွယ်စုချင်းတူသောမွန်လူမျိုးတို့ပိုင်ဆိုင်ခဲ့ဖူးသောအောက်မြန်မာနိုင်အားလုံးကိုလည်း ၀ ပိုင်ခဲ့သည်ဟုလုပ်ယူပြောဆို၍မရပါ။

စော်ဘွားများခေတ်တွင်လည်းဗုဒ္ဓဘာသာ

ကိုးကွယ်မှုရှိနေပြီဖြစ်သော ၀ဒေသဖြစ်သည့်

မိုင်းလွန်း(Murng Luen) နှင့် ၀ိန်းငင်း (Wein Ngern) တို့သာ ၀ စော်ဘွားများကိုယ်တိုင်အုပ်ချုပ်ပြီး

သိန္နီစော်ဘွား၏အစောင့်ရှောက်ခံဒေသများဖြစ်

ခဲ့ပါသည်။

သို့သော်လည်းပို၍မြောက်ပိုင်းကျသောဒေသတွင်သျှမ်းစော်ဘွား၏အာဏာမသက်ရောက်ရုံသာမကဗြိတိသျှကိုလိုနီခေတ်တွင်လည်း Wa States

ဟုသတ်မှတ်ပေးကာ ဘေးမဲ့ပေးထားသောဒေသဖြစ်သည်။

ထိုဒေသရှိ လူမျိုးတို့သည်စကားမတူလူမျိုးကွဲ

များစွာရှိရာတစ်ရွာနှင့်တစ်ရွာ စစ်ခင်းတိုက်ခိုက်ခြင်း၊ လူသားအချင်းချင်းသတ်ဖြတ်စားသောက်ခြင်း (Cannibalism)နှင့်တောင်ယာစပါးစိုက်ပျိုးချိန်တွင်စပါးအောင်မြင်စေရန်လူဦးခေါင်းဖြတ်၍ ယစ်ပူဇော်ခြင်းတို့ကို ဗကပ ၀င်လာသော (၁၉၆၈) ခုနှစ်အထိကျင့်သုံးကာပြုမူနေထိုင်ခဲ့ကြသည်။

ဗကပ ၀င်ရောက်လာပြီးမှသာ ၄င်းဓလေ့ထုံးတမ်းများပျောက်ကွယ်ကာ ကွန်မြူနစ်ယဉ်ကျေးမှုအောက်တွင် မျိုးဆက်(၂)ဆက်ဖြစ်သော ယနေ့အချိန်အထိယဉ်ပါးနေထိုင်လာခဲ့ခြင်းဖြစ်ပါသည်။

<>

(၁၉၈၉) ခုနှစ်တွင်ဗကပပြိုကွဲပြီးနောက်(၁၇-၄-၁၉၈၉) နေ့ရက်တွင်ကျောက်ညီလိုင်း (Zhao Nyi Lai) ဦးဆောင်မှုဖြင့် ၀ ပြည်သွေးစီးညီညွတ်ရေးတပ်မတော် (United Wa State Army) (UWSA) ကိုစတင်ထူထောင်လိုက်ပါသည်။

(၁၈-၅-၁၉၈၉) ရက်နေ့တွင်မြန်မာအစိုးရ(န၀တ)နှင့်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကိုချုပ်ဆိုလိုက်သည်။ စာချုပ်ချုပ်ဆိုပြီးသည့်နောက်ပိုင်းဗိုလ်ချုပ်ခင်ညွန့်၏ကောင်းမှုကြောင့် သာမန်နိုင်ငံသားများမရနိုင်သောအခွင့်အရေးများ UWSA ၀ ကများစွာရရှိကာမြေပေါ်မြေအောက်စီးပွါးရေးများမြန်မာနိုင်ငံအနှံ့လွတ်လွတ်လပ်လပ်လုပ်ဆောင်လာပါတော့သည်။

စစ်ရေးဖက်မှလည်း ထိုင်းနယ်စပ်အထိတိုးချဲ့လာမှုကြောင့်ခွန်ဆာ၏မိန်းတိုင်းတပ်မတော်(MTA) နှင့်ထိပ်တိုက်တွေ့ကာဘိန်းကုန်ကူးမှုလမ်းကြောင်းအတွက်အကြိမ်ကြိမ်အဖန်ဖန်တိုက်ခိုက်ခဲ့ကြ၏။

(၁၉၉၅) ခုနှစ်တွင်ခွန်ဆာ၏ MTA မှစ၀်ကဏ်းယွက်ဦးစီးသောတပ်မဟာတစ်ခုခွဲထွက်သွားမှုကြောင့် MTA တပ်သားများစိတ်၀မ်းကွဲနေချိန်ကိုအခွင့်ကောင်းယူကာမြန်မာအစိုးရတပ်မတော်အကူအညီဖြင့်ခွန်ဆာ၏ MTA ကိုအလုံးအရင်းဖြင့်စစ်ဆင်ခဲ့တော့သည်။

မြန်မာ့တပ်မတော်ထံခွန်ဆာလက်နက်ချပြီးနောက်ပိုင်းထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် UWSA ၀ တပ်များနေရာယူထားလိုက်တော့၏။

<>

ရရှိထားသောနယ်မြေခိုင်မာစေရေးအတွက်ထိုင်းနယ်စပ်နေရာသို့ (၁၉၉၉) ခုနှစ်တွင်မြောက်ပိုင်း

၀ (၆) မြို့နယ်မှပြည်သူပေါင်း နှစ်သိန်း (၂၀၀,၀၀၀)ခန့်ကိုအတင်းအဓမ္ဓပြောင်းရွှေ့စေခဲ့သည်။

၄င်းတို့ရရှိထားသောထိုင်းနယ်စပ်ဧရိယာသည်

မိုင်းယွန်းမှမိုင်းဆတ်အထိကျယ်၀န်းပြီးတောင်ပိုင်း ၀ အထူးအုပ်ချုပ်ရေးဒေသဟုခေါ်သွင်စေသည်။

ထို့ကြောင့်မြန်မာနိုင်ငံမှသတ်မှတ်ပေးထားသော ၀ အထူးအုပ်ချုပ်ရေးဒေသသည်မြောက်ပိုင်း ၀ ဒေသနှင့်တောင်ပိုင်း၀ ဒေသဟူ၍ဖြစ်လာခဲ့တော့၏။

ထိုဒေသနှစ်ခုလုံးပေါင်း၏ဧရိယာသည် (၁၇၀၀၀) စတုရန်းကီလိုမီတာရှိပြီး၊ လူဦးရေမှာငါးသိန်းငါးသောင်းရှစ်ထောင် (၅၅၈၀၀၀) ပတ်၀န်းကျင်ရှိပါသည်။

စီးပွါးရေး

———–

UWSA အဖွဲ့သည် (၁၉၈၉) ခုနှစ်အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ပြီးကတည်းကဗိုလ်ချုပ်ခင်ညွန့်ပေးထားသောအခွင့်အရေးကိုလက်လွတ်မခံပဲမြေပေါ်မြေအောက်စီးပွားရေးများကိုတစ်ဟုန်ထိုးလုပ်ကိုင်လာခဲ့သည်။

(၁၇၁) ၀ တောင်ပိုင်း စစ်ဒေသမှူး ဝေရှောက်ဂန်း (Wei Hsueh Kang) သည် (၁၉၉၀) ခုနှစ်ကတည်းကဖားကန့်ဒေသတွင်ကျောက်စိမ်းတူးဖေါ်ရေးကုမ္ဗဏီများထူထောင်ခွင့်ရရှိပြီးယနေ့ထက်ထိလုပ်ကိုင်လျက်ရှိနေပါသည်။

၄င်းအပြင်ဟုန်ပန်းကုမ္ဗဏီကိုလည်း (၁၉၉၈) ခုနှစ်တွင်ထူထောင်ထားကာလျှပ်စစ်ဝါယာကြိုးထုတ်လုပ်ခြင်း၊ မွေးမြူရေး၊ စိုက်ပျိုးရေးစသဖြင့်အကြီးအကျယ်လုပ်ကိုင်ပါသည်။ ဝေရှောက်ဂန်း (Wei Hsueh Kang)နှင့်ညီနှစ်ယောက်ဖြစ်ကြသောဝေရှောက်လုံ (Wei Hsueh Lung)နှင့်ဝေရှောက်ယင် (Wei Hsueh Yin) တို့သည်ခွန်ဆာတပည့်များဖြစ်ခဲ့ကြပြီး UWSA အဖွဲ့မှမြန်မာတပ်မတော်နှင့်အပစ်ခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုသည့်နောက်ပိုင်းမှဘက်ပြောင်း၀င်လာသောသူများဖြစ်ကြပါသည်။

​ နောက်ကျောက်စိမ်းကုမ္ဗဏီတစ်ခုမှာတာချီလိတ်တွင်နေသော UWSA ၏စီးပွားရေးတာ၀န်ခံတစ်ဦးဖြစ်သူ`တာဝေ`ဦးစီးသောဝေအောင်ကုမ္ဗဏီဖြစ်ပါသည်။

မကြာသေးခင်ကာလ(၂၉-၈-၂၀၁၆) နေ့ရက်တွင်အခွန်ကိစ္စကြောင့် KIA ဖားကန့်တပ်ရင်း(၆) မှ

ကုမ္ဗဏီကို၀င်ရောက်စီးနင်းပြီးမိုင်းခွဲဖျက်ဆီးမှုကြောင့်ဝေအောင်ကုမ္ဗဏီမှအကြီးအကျယ်ဆုံးရှုံး

ခဲ့ရကာUWSA နှင့် KIAအကြားအနည်းငယ်မကြည်

မလင်ဖြစ်ခဲ့ရကြောင်းကြားသိရ၏။

UWSA ၏စစ်ဦးစီးချုပ် ပေါက်ယူချန်း (Bao Youxiang) ၏သားမက်ဖြစ်သူ၊ ရန်ကုန်ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၀င်းတွင်နေထိုင်သော ဟိုချွန်းတင် (ခ) ရှောက်ဟော်သည်ရန်ကုန်လေကြောင်း (Yangon Airway) နှင့် ဟော်တယ်များစွာဖွင့်ထားသော တက်ခမ်းကုမ္ဗဏီ (Tetkham Co.Ltd) ကိုပိုင်ဆိုင်ထားသည်။ ၄င်းအပြင်ကျောက်မြတ်ရတနာလေလံပွဲတွင်အမြဲတမ်းပါ၀င်သူဖြစ်သည်။

ထို့အပြင်UWSA သည် မြန်မာပြည်အနှံ့ကုမ္ဗဏီအမျိုးမျိုးဖွင့်လှစ်ကာစီးပွားရေးအမျိုးမျိုးလုပ်ကိုင်နေပါသေးသည်။

UWSA ရှိရာမြောက်ပိုင်း၀ဒေသတွင်လည်းရော်ဘာနှင့်လက်ဖက်စိုက်ခင်းများနေရာအနှံ့အပြားတွင်တွေ့မြင်ရပြီးတရုတ်နှင့်ဖက်စပ်၍လုပ်ကိုင်နေသောခဲမဖြူစက်ရုံများသည်ကမ်ဘာပေါ်တွင်ထုတ်လုပ်မှုအများဆုံးဒေသအဖြစ်နာမည်ကြီးခဲ့ပါသည်။

<>

မြန်မာနိုင်ငံတွင်သာမကတရုတ်နိုင်ငံတွင်လည်းစီးပွားရေးလုပ်ငန်းများများစွာလုပ်ကိုင်ထားပါသေးသည်။ ဟိုတယ်များ၊ ဈေးဆိုင်ခန်းပလာဇာများတရုတ်နိုင်ငံယူနန်ပြည်နယ်အနှံ့ဖွင့်ထားပါသည်။

တရုတ်နိုင်ငံသည်မြန်မာနိုင်ငံကိုထောက်ပံ့သောငွေကြေးထက် UWSA ၀ ကိုထောက်ပံ့ခဲ့သောငွေကြေးကပိုများကြောင်းအနောက်တိုင်းသတင်းဌာနများကထောက်ပြထားပါသည်။

ထိုင်း၀န်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝါထရာ(Thaksin Shinawatra) နှင့်ထိုင်းစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တစ်ချို့တို့လည်းUWSA ၀ တပ်ဖွဲ့နှင့်စီးပွားရေးဆက်နွယ်မှုရှိခဲ့ကြောင်းအနောက်တိုင်းသတင်းဌာနတစ်ချို့မှထုတ်ဖေါ်ရေးသားခဲ့ဖူးသည်။

<>

တရားမ၀င်စီးပွားရေးကိုကြည့်မည်ဆိုလျှင်

ထိုင်းနိုင်ငံနယ်စပ်တွင်စိတ်ကြွဆေးထုတ်လုပ်သောဓါတ်ခွဲခန်းများ (၄၀) မှ (၅၀) အထိရှိမည်ဟုအနောက်နိုင်ငံများမှခန့်မှန်းထားကြသည်။

ထုတ်လုပ်သောစိတ်ကြွဆေးများကိုလာအို၊

ထိုင်း နှင့်ကမေ်ဘာဒီးယားနိုင်ငံအပြင်

ဘင်္ဂလားဒေ့(ချ်)နှင့်အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်သောအာသံ၊ မဏိပူရနှင့်နာဂလန်း

သို့လည်းဆက်သွယ်ပို့ဆောင်သည်။

(၂၀၀၂) ခုနှစ်မှစ၍ ၀ ဒေသကို ၀ အာဏာပိုင်များမှဘိန်းကင်းစင်နယ်မြေဟုကြေငြာထားသော်လည်းမြန်မာနိုင်ငံမှထွက်သောဘိန်းဖြူ(Heroin) ၏ (၃၄%) နှင့် စိတ်ကြွဆေး၏(၈၀%) သည် ၀ ဒေသမှထွက်ရှိကြောင်းအနောက်နိုင်ငံများမှထောက်ပြထားပါသည်။

(၂၀၀၅) ခုနှစ်တွင်အမေရိက (USA) မှ UWSA

၀ တပ်ဖွဲ့ (၈) ဦးကိုတရားစွဲဆိုထားကာဖမ်းမိနိုင်

ရေးတစ်ဦးလျှင်ဒေါ်လာနှစ်သန်းဆုငွေထုတ်ထားပါသည်။

၄င်းတို့မှာ (၁) ပေါက်ယူချန်း(စစ်ဦးစီးချုပ်)၊

(၂) ဝေရှောက်ဂန်း (၁၇၁ ဒေသစစ်ဦးစီးမှူး)၊

(၃) ဝေရှောက်လုံ (ကုန်သွယ်ရေးနှင့်ဘဏ္႑ာရေး၀န်ကြီး၊

(၄) ဝေရှောက်ယင် (ဒု-၁၇၁ ဒေသစစ်ဦးစီးမှူး)

(၅) ပေါက်ယူယိ (၁၇၁-နိုင်ငံရေးမှူး)၊

(၆)ပေါက်ယူဟွ (ကွယ်လွန်)(မိုင်းဖျန်စစ်ဦးစီးမှူး)၊ (၇) ပေါက်ယူလျန် (မိုင်းမော အုပ်ချုပ်ရေးမှူး)၊

(၈) ပေါက်ဟွာချန်း(ကုန်သွယ်ရေးနှင့်ဘဏ္႑ာရေးအရာရှိ) တို့ဖြစ်ကြသည်။

မူးယစ်ဆေးဝါးများအပြင်အမြတ်အစွန်းများသောလက်နက်ထုတ်လုပ်ဖြန့်ဖြူးမှုကိုလည်း UWSA က ကြံစည်လာသည်။

<>

ပန်ဆန်းမှ(၁၂၅)ကီလိုမီတာကွာဝေးသော ခွန်းမ (Khunma) မြို့ရှိပေါက်ယူချန်းနေအိမ်၀င်းထဲတွင်လက်နက်စက်ရုံတည်ဆောက်ကာ(၂၀၀၆) ခုနှစ်စက်တင်ဘာလမှစ၍စတင်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ တရုတ်ပုံစံတူ M-22 ရိုင်ဖယ်သေနတ်

နှင့် M-23 စက်လတ်သေနတ်ကိုထုတ်လုပ်ပြီးထိုသေနတ်နှစ်မျိုးစလုံးတွင်အသုံးပြုနိုင်သော 7.62 mm ကျည်ဆံများထုတ်လုပ်ကာအိန္ဒိယနိုင်ငံအာသံ၊ မဏိပူရနှင့်နာဂလန်းဈေးကွက်သို့ပို့ဆောင်သည်။

နိုင်ငံရေးနှင့်စစ်ရေး

——————–

(၁၉၉၅) ခုနှစ်တွင် ကျန်းမာရေးအရ ကျောက်ညီလိုင်း (Zhao Nyi Lai) အနားယူပြီးနောက် ပေါက်ယူချန်း(Bao Youxiang)သည် ဥက္ကဋ္ဌနှင့်စစ်ဦးစီးချုပ်အဖြစ်တင်မြှောက်ခြင်းခံရပါသည်။

UWSA ၏ဗဟိုကော်မတီ၀င်နှင့်စစ်တပ်အရာရှိအများစုသည်တရုတ်ပြည်ဘက်မှ စာတတ်သော

၀ လူမျိုးများဖြစ်ကြသည်။ ထို့ကြောင့်ဒေသခံ ၀ နှင့်အခွင့်ထူးခံတရုတ်ပြည် ၀ အကြားအက်ကြောင်းကြီးကြီးတစ်ခု UWSA တွင်ရှိနေသည်။

သို့သော်လည်းအများ၏လေးစားမှုကိုခံရသောပေါက်ယူချန်းသည်ဒေသခံ ၀ ဖြစ်နေသောကြောင့်နှစ်ဘက်လုံးကိုထိန်းညှိထားနိုင်ပါသေးသည်။ ပေါက်ယူချန်းမရှိသောအချိန်တွင်UWSA မပြိုကွဲသွားနိုင်ဟုမပြောနိုင်ပါ။ (၁-၁-၂၀၀၉) ရက်နေ့တွင် UWSA မှကြေငြာချက်တစ်ခုထုတ်ပြန်လိုက်သည်။

ထိုကြေငြာချက်ထဲတွင်၄င်းပိုင်နယ်မြေကို

၀ ပြည်နယ်အစိုးရအထူးအုပ်ချုပ်ရေးဒေသဟု

ခေါ်သွင်စေပြီး သမ္မတနှင့်စစ်ဦးစီးချုပ်အဖြစ် ပေါက်ယူချန်း၊

ဒု-သမ္မတအဖြစ် ရှောင်းမင်လျန်၊

ဒု-ဦးစီးချုပ်အဖြစ် ကျောက်ကျုံတန်၊

ပြောရေးဆိုခွင့်အဖြစ် ဦးအောင်မြင့်၊

တရားရေးဌာနဥက္ကဋ္ဌအဖြစ် လီကျောက်ကို၊

ပြင်ပဆက်ဆံရေးဥက္ကဋ္ဌအဖြစ်ကျောက်ကော်အန်းနှင့်ပြင်ပဆက်ဆံရေးဒု-ဥက္ကဋ္ဌအဖြစ်ဆမ်ခွန်း

စသောဌာနနှင့်ရာထူးများကိုကြေငြာလိုက်သည်။ သို့သော်လည်းမြန်မာအစိုးရမှအသိအမှတ်မပြုပေ။

<>

စစ်ရေးအားဖြင့်ကြည့်မည်ဆိုလျှင် UWSA တွင်အမြဲတမ်းတပ်သားအင်အားသုံးသောင်း (၃၀၀၀၀)ခန့်ရှိပြီးအရံတပ်သားအင်အား တစ်သောင်း (၁၀၀၀၀) ခန့်ရှိသည်ဟုခန့်မှန်းကြပါသည်။

စုစုပေါင်းတပ်မဟာ(၉) ခုရှိပြီးတောင်ပိုင်း ၀ ဒေသတွင်တပ်မဟာ(၅)ခုနှင့်မြောက်ပိုင်း ၀ ဒေသတွင်တပ်မဟာ(၄)ခုထားရှိသည်။

တောင်ပိုင်း ၀ ဒေသရှိတပ်မဟာ(၅)ခုမှာ

(၁)တပ်မဟာ (၇၇၂)ကို မိုင်းကျွတ်တွင်လည်းကောင်း၊

(၂) တပ်မဟာ (၇၇၅)ကို ဟွေအောတွင်လည်းကောင်း၊

(၃) တပ်မဟာ (၇၇၈)ကို ဆန်ကန် တွင်လည်းကောင်း၊

(၄) တပ်မဟာ (၂၄၈)ကို ဟိုပန်-ဟိုရွက် တွင်လည်းကောင်း၊

(၅) တပ်မဟာ (၅၁၈)ကို မိုင်းယွန်းတွင်လည်းကောင်းထားရှိသည်။

တောင်ပိုင်း ၀ ဒေသတွင်စစ်အင်အား တစ်သောင်းကိုးထောင်(၁၉၀၀၀) ခန့်ရှိသည်ဟုခန့်မှန်းကြသည်။ မြောက်ပိုင်း ၀ ဒေသရှိတပ်မဟာ(၄)ခုမှာ

(၁) တပ်မဟာ (၃၁၈)ကို နမ့်တစ်တွင်လည်းကောင်း၊ (၂) တပ်မဟာ (၄၁၈) ကို ကျူဟေးတွင်

လည်းကောင်း

(၃) တပ်မဟာ (၆၁၈)ကို တာကောအက်တွင်လည်းကောင်း၊

(၄) တပ်မဟာ (၄၆၈) ကို မိုင်းပေါက်တွင်လည်းကောင်းထားရှိသည်။

<>

၄င်းအပြင်အမြောက်တပ်ရင်းတစ်ရင်းနှင့်ဌာနချုပ်

လုံခြုံရေးတပ်ရင်းတစ်ရင်းလည်းမြောက်ပိုင်းတွင်ထားရှိသည်။

တပ်သားများကိုင်ဆောင်သောလက်နက်များမှာသာမန်အားဖြင့်ဒေသထုတ် M-22 ရိုင်ဖယ်၊

M-23 စက်လတ်နှင့်တရုတ်လုပ် QBZ-03 ရိုင်ဖယ် နှင့် စနိုက်ပါ M99-12.7 mm Sniper တို့ကိုအသုံးပြုနေသည့်အပြင် (၂၀၁၂) ခုနှစ်တွင်တင့်ကားဖျက်သံချပ်ကာကားများ 6x6PTL-02(Tank Destroyer Armoured Vehicles) (၁၂) စီးကိုလည်းကောင်း၊ (၂၀၁၃)ခုနှစ်မေလတွင်ဒုံးကျည် TY-90 (Air-to-Air Missiles) များတပ်ဆင်ထားသောတိုက်ခိုက်ရေးရဟတ်ယာဉ် Mil Mi-17 အများအပြားကိုလည်းကောင်း၊

(၂၀၁၄) ခုနှစ်တွင် အကွာအဝေးမီတာ(၃၅၀၀) အထိပစ်လွှတ်နိုင်သောလေယာဉ်ပစ်ပုခုံးတင်လောင်ချာ FN-6 (Surface to airmissiles)များကိုလည်းကောင်း၊

(၂၀၁၅) ခုနှစ်တွင်အကွာအဝေး 3000m မှ 4000m အတွင်းရှိ ပစ်မှတ်အား ပဲ့ထိန်းစနစ်ဖြင့်ပစ်ခတ်နိုင်စွမ်းရှိသည့် ဟောင်၀စ်ဇာအမြောက်ကြီး Type 96-122mm Howitzer များနှင့်တင့်ကားဖျက်ဒုံးလောင်ချာ HJ-8 (Red Arrow-8) များကိုလည်းကောင်းတပ်ဆင်ထားကြောင်း janes Intellegence စာစောင်မှဖေါ်ပြထားပါသည်။

<>

UWSA ၀ဒေသသည်မြန်မာနိုင်ငံမှမည်သည့်အခါမှ

ခွဲထွက်မည်မဟုတ်ကြောင်းအမြဲပြောဆိုကာအချိန်ဆွဲ ထားသော်လည်းမျက်မြင်အခြေအနေအရမြန်မာနိုင်ငံဆိုသောပုံရိပ်(Identity) လုံး၀မရှိပေ။

တရုတ်စကား၊တရုတ်စာပေ၊ တရုတ်ဆက်သွယ်ရေးစနစ်၊ တရုတ်ပိုက်ဆံနှင့်တရုတ်နိုင်ငံယူနန်ပြည်နယ်အာဏာပိုင်များ၏လွှမ်းမိုးမှုအနေအထားကိုကြည့်ခြင်းအားဖြင့်ယူနန်ပြည်နယ်၏တွဲဖက်ပြည်နယ် (Yunan Sub-state) ဖြစ်နေခဲ့သည်မှာကြာမြှင့်နေပြီဖြစ်သည်။

မြန်မာ့တပ်မတော်အနေနှင့်UWSA ၀ကို

၄င်းတို့၏ဆရာဖြစ်သောတရုတ်နှင့်သေချာစွာ

မညှိနှိုင်းပဲစစ်ခင်းလိုက်ပါကစစ်ရှိန်သည်ပို၍မြင့်လာနိုင်ပြီးသျှမ်းပြည်သည်အမေရိကားနှင့်တရုတ်တို့စစ်ရေးပြိုင်ကြမည့်စစ်သလင်းပြင်ကြီးဖြစ်လာနိုင်ကြောင်းသတင်းစာဆရာကြီးဘာတီးလ်လစ်နာ (Bertil Lintner) ကသုံးသပ်ခဲ့ဖူးပါသည်။

Sai Murngkhon&THE RED

————-

More Sarsu

————————————-

Credit.Photocredit.

ပုံစာ။ UWSA ခေါင်းဆောင် ပေါက်ယူချန်း

Mil Mi 17 ရဟတ်ယဉ်တစ်စီး

ဝ တပ်သားများ

U Myint 24 – 10 -2026

Share This Post

More From Author

Part 5 Of  Naung Cho Mosque Confiscation Legal Analysis, Due Process Concerns and the Protection of Religious Property

Ripples After Chinese Special Envoy for Asian Affairs of the Ministry of Foreign Affairs video message to NCA