The Benefits of Taking Responsibility Without Blaming Others

“If it’s not your fault, good. If it is—accept responsibility.”

I once worked at JFK Airport in New York for six months before returning to Los Angeles International Airport (LAX). One night, while exhausted from a long shift, I was assigned to move a Boeing 747 from the maintenance hangar to its departure gate.

Because I had been away from LAX for months, I wasn’t familiar with the layout anymore. While towing the aircraft toward Gate 74, the tow tug accidentally struck the No. 3 engine. The damage was serious—engine bolts bent, the pylon structure compromised, and repair costs estimated at $200,000. On top of that, the canceled flight meant over 400 passengers had to be accommodated in hotels, costing another $300,000. Altogether, the incident cost half a million dollars.

The investigation team questioned me. My union rep suggested I could share the blame with my co-worker and the gate marshal who guided me. But when asked directly, I said: “I was responsible for moving the aircraft. I accept responsibility.”

The final decision was a two‑week suspension without pay. But after returning, something unexpected happened: I was selected for advanced training on the new Boeing 777 fleet—a rare opportunity, especially for someone like me, an Asian among mostly white colleagues.

My coworkers were surprised. One even said, “Tint, is this the punishment you got?”

The real message is this:

  • Everyone makes mistakes.
  • No matter how big the mistake, take responsibility.
  • If you try to hide or shift blame, the consequences will be worse.
  • In developed countries, responsibility is taken very seriously. It builds credibility—the trust that comes from honesty.

This story beautifully illustrates that owning up to mistakes, even costly ones, can strengthen your integrity and open doors to future opportunities.

Tint Naing

. . . . . . . . . အ မှား မ ဖြစ် ရင် ကောင်း / ဖြစ် ရင် – ဝန် ခံ . . . . . . . . .

အ မေ ရိ ကန် နိုင် ငံ . . .

န ယူး ရောက် မြို့ ” JFK နိုင် ငံ တ ကာ လေ ဆိပ် ” မှာ ( ၆ လ ) ပြောင်း ရွှေ့ လုပ် ကိုင် ခဲ့ ရ အ ပြီး /

မူ လ ” လော့စ် အိန် ဂျယ် လိစ် လေ ဆိပ် ” ကို ပြန် လာ တဲ့ အ ချိန် ပေါ့ ။

.

ကံ ဆိုး တယ် ဘဲ ပြော ရ မ လား ?

လေ ယာဉ် မ တော် တ ဆ ထိ ခိုက် ပျက် စီး မှု ( Aircraft Accident ) တစ် ခု –

ကျ နော့် ကြောင့် ဖြစ် ခဲ့ ပါ တယ် ။ ( Los Angeles International Airport မှာ ပါ )

.

ည ဆိုင်း ( Night Shift ) မှာ . . .

( တ ည လုံး ) လေ ယာဉ် ပြင် ထား ရ လို့ – လူ က လည်း ပင် ပမ်း နေ ပါ ပြီ ။

နံ နက် ( ၃ ) နာ ရီ ကျော် ကျော် မှာ Boeing – 747 လေ ယာဉ် တစ် စင်း ကို /

ပြု ပြင် ထိန်း သိမ်း ရေး ( Hanger ) က နေ – လေ ယာဉ် ထွက် ခွါ မဲ့ ” ဂိတ် ” ဆီ ကို

ပြောင်း ရွှေ့ ပေး ဘို့ Assignment ရောက် လာ ပါ တယ် ။

.

L.A.X. မှာ ” United လေ ကြောင်း လိုင်း ” က – Terminal 6/7/8 ( ၃ ) ခု တောင် ယူ ထား တော့ /

Gate တွေ က လည်း အ များ ကြီး ပေါ့ ဗျာ ။ Terminal တစ် ခု ကို – ဂိတ် ( ၁၀ ခု ) နဲ့ ဘဲ တွက် အုံး /

ဂိတ် ပေါင်း ( ၃၀ ) ကျော် ရှိ တာ ပါ ။ ကျ နော့် အ ဘို့ – ဒီ လေ ဆိပ် က နေ ( ၆ လ လောက် )

ကင်း ကွာ သွား ခဲ့ တော့ – လမ်း ကြောင်း တွေ . . မြေ ပြင် အ မှတ် အ သား တွေ . . က လည်း /

” မေ့ တေ့ တေ့ ” ပေါ့ ။

တ ခြား သူ လွဲ ပြောင်း ပေး ရ အောင် လည်း / ဒီ ည . . . ဝန် ထမ်း က နည်း ( မ ငြင်း သာ ပါ )

.

ကျ နော် မောင်း လာ တဲ့ B-747 လေ ယာဉ် ကြီး ” Gate 74 ” အ ဝင် . . .

စည်း ဝိုင်း မျဉ်း ကြောင်း ( Envelope ) အ တွင်း မှာ ရပ် ထား တဲ့ – လေ ယာဉ် တွန်း ကား ( Tow Tug ) နဲ့

ကျ နော့် ( No. 3 အင် ဂျင် ) ချိတ် မိ ပါ လေ ရော့ ။

.

အောက် ကို ဆင်း လာ တော့ . . .

ကျ နော့် ရဲ့ တွဲ ဘက် – Raphael ( က ပ္ပ လီ လူ မဲ ) က ပျောက် သွား ခဲ့ ပါ ပြီ ။

ရောက် လာ ကြ တာ က – ည ဆိုင်း ” မန် နေ ဂျာ ” နဲ့ ‘ ပ ဏာ မ စုံ စမ်း စစ် ဆေး ရေး ‘ အ ဖွဲ့ ပေါ့ ။

.

လေ ယာဉ် ထိ ခိုက် ပျက် စီး သွား တာ က – အ တော် လေး ကြီး ပါ တယ် ။

အင် ဂျင် ( ၄ လုံး ) ထဲ က ” No. 3 အင် ဂျင် ” အ ဝင် ဝ ( နုတ် ခမ်း ) – ချိုင့် ဝင် ကွဲ အက် /

အင် ဂျင် ချိတ် ဆွဲ ထား တဲ့ Bolt တိုင် ( ၄ ချောင်း ) စ လုံး ကွေး ကောက် /

လေ ယာဉ် အ တောင် ပံ ရဲ့ အ မာ ခံ ( Engine Pylon ) ကို ပါ အ တွင်း ကျ ကျ စစ် ဆေး ရန် /

စ သည် . . .

ပြင် ဆင် စ ရိတ် ( စက် မှု ပိုင်း ) – အ မေ ရိ ကန် ဒေါ် လာ ( ၂ ) သိန်း လို့ တွက် ချက် ရ ရှိ ပါ တယ် ။

.

” လေ ယာဉ် ဆွဲ တဲ့ အ ဖွဲ့ ” က လေ ယာဉ် ကို Tow Truck မှာ ချိတ် ပြီး –

ပြု ပြင် ထိန်း သိမ်း ရေး ဌာ န ကို ပြန် ယူ သွား ကြ ပါ ပြီ ။

.

နား နေ ခန်း မှာ ခ န ထိုင် နေ တုန်း . . .

ကျ နော့် အ နား ကို ရောက် လာ သူ က – Jason Ha ( ကိုး ရီး ယား လူ မျိုး ) ပါ ။

သူ က – ကျ နော့် လေ ယာဉ် ဝင် လာ တာ ကို အ လင်း တိုင် လေး ( ၂ ချောင်း ) နဲ့ /

လမ်း ကြောင်း ပြ ပေး ခဲ့ တဲ့ Terminal – 7 တာ ဝန် ခံ ပါ ။

သူ ပြော လိုက် တာ က . . .

” Tint, ငါ့ မှာ မိ သား စု က လည်း ရှိ နေ တော့ / ဒီ ကိ စ္စ ထဲ ကို ဆွဲ မ သွင်း စေ ချင် ဘူး ကွာ “

” Don’t worry, Jason . ငါ့ ဖာ သာ ကြည့် လုပ် သွား ပါ မယ် ” . . . လို့

ကျ နော် ပြန် ပြော ခဲ့ ပါ တယ် ။

.

မ နက် ၅ နာ ရီ ( အ လင်း ရောင် ပင် မ လာ သေး )

စစ် ဆေး ရေး အ ဖွဲ့ က – ကျ နော့် ကို ‘ လေ ဆိပ် ဆေး ရုံ ‘ ပို့ ပြီး ဆေး စစ် ချက် တွေ ယူ ပါ ပြီ ။

( ၁ ) မူး ယစ် ဆေး ဝါး သုံး စွဲ မှု ရှိ / မ ရှိ

( ၂ ) အ ရက် သေ စာ သောက် စား ထား ခြင်း ရှိ / မ ရှိ ပေါ့ ။

.

နောက် တော့ . . .

ကျ နော့် ကို ” ခံ စား ခွင့် ” ( ၃ ) ရက် ပေး ပြီး / အိမ် ပြန် ခိုင်း လိုက် ပါ တယ် ။

ဒီ အ မှု ကို ” ခုံ စစ် ဆေး ရေး အ ဖွဲ့ ” နဲ့ ( ၃ ရက် ) ပြည့် တဲ့ နေ့ ကျ ရင် စစ် ဆေး မှာ ဖြစ် ပြီး /

ဆုံး ဖြတ် ချက် ချ မယ် ဆို တာ သိ ခဲ့ ရ ပါ တယ် ။

.

နောက် တစ် နေ့ . . .

နိုင် ငံ တ ကာ အ လုပ် သ မား သ မ ဂ္ဂ ( IAM ) က နေ – ဖုံး နဲ့ ကျ နော့် ကို ခေါ် ယူ ပြီး /

သူ တို့ ရုံး ခန်း မှာ တွေ့ ဆုံ တယ် ပေါ့ ။

Union ကိုယ် စား လှယ် ပြော ပြ တာ တွေ က . . .

” ခ ရီး သည် ( ၄၀၀ ) ကျော် ဆန့် တဲ့ လေ ယာဉ် ကြီး ဖြစ် နေ လို့ – ပျက် စီး မှု တန် ဘိုး က အ တော် ကြီး တယ် “

” ခ ရီး စဉ် ဖျက် လိုက် ရ လို့ . . . ကြယ် ( ၅ ပွင့် ) ဟော် တယ် တွေ မှာ – ခ ရီး သည် တွေ ကို ထား ရ တာ နဲ့ ကျွေး မွေး စ ရိတ် US$ – ၃ သိန်း ကျော် ရှိ တယ် ” စ သ ဖြင့် . . .

ကျ နော် လည်း မျက် လုံး ပြူး သွား ပါ တယ် ။

( စက် ပိုင်း ပြင် ဆင် + ခ ရီး သည် များ စ ရိတ် ” စု စု ပေါင်း ” = US$ – ၅ သိန်း ကျော် မယ် )

အ မေ ရိ ကန် ဒေါ် လာ – ၀.၅ သန်း ဆို တာ – လူ သာ မန် တ ယောက် အ တွက် နဲ တာ မှ မ ဟုတ် တာ ။

.

သ မ ဂ္ဂ ကိုယ် စား လှယ် က ဆက် ပြော ပါ တယ် . . .

” ဒီ လောက် ကြီး မား နေ လို့ . . . မင်း အ လုပ် ထုတ် ခံ ရ နိုင် တယ် “

” ဘာ ဘဲ ဖြစ် ဖြစ် – မင်း ဘက် က တော့ ကာ ရ လိမ့် မယ် “

” မင်း ရဲ့ တွဲ ဘက် ရော / လမ်း ကြောင်း ပြ တဲ့ ( ဂိတ် တာ ဝန် ခံ ) မှာ ရော – တာ ဝန် ရှိ ကြ တာ ပဲ မ ဟုတ် လား “

” စစ် ဆေး မဲ့ ခုံ အ ဖွဲ့ မှာ – ငါ လည်း ပါ မှာ ဆို တော့ / မင်း ဘက် က နေ ခု ခံ ကာ ကွယ် ပေး ပါ မယ် “

.

အ လုပ် ကို ပြန် လာ တဲ့ နေ့ ( စစ် ဆေး ရေး ခုံ ရုံး မှာ ) . . .

ခုံ ရုံး မေး – ” အဲ ဒီ ည က ဖြစ် ပျက် ပုံ ပြော ပြ ပါ “

ကျ နော် – ” ဌာ န မှာ – ဝန် ထမ်း လျော့ နဲ တဲ့ ည ဖြစ် ပါ တယ် ။ ခါ တိုင်း ထက် အ လုပ် တွေ ပို လုပ် ရ လို့ ပင် ပမ်း ထား တာ အ ပြင် / ဒီ လေ ယာဉ် ကို ရွှေ့ ပေး မဲ့ လူ မ ရှိ လို့ – ကျ နော် က ( ကိုယ် စား ) ဝင် ပြီး ရွှေ့ ပေး ခဲ့ ရ တာ ဖြစ် ပါ တယ် ။ “

ခုံ ရုံး မေး – ” စည်း ဝိုင်း အ တွင်း မှာ ရပ် ထား တဲ့ ( လေ ယာဉ် တွန်း ကား ) ကို မ မြင် ဘူး လား “

ကျ နော် – ” မ မြင် ပါ ။ မီး တွေ လင်း ထိန် နေ အောင် ထွန်း ထား ပေ မဲ့ ( တွန်း ကား ) ရပ် ထား တဲ့ နေ ရာ က အ ရိပ် ကျ ပြီး မှောင် နေ ပါ တယ် “

ခုံ ရုံး မေး – ” မင်း ရဲ့ တွဲ ဘက် နဲ့ လမ်း ကြောင်း ပြ တို့ က ကူ ညီ ခဲ့ သ လား “

ကျ နော် – ” သူ တို့ အ ပိုင်း မှာ ကူ ညီ ခဲ့ ကြ ပါ တယ် “

ခုံ ရုံး မေး – ” ဒါ ဆို ရင် – ဒီ ဖြစ် ရပ် ဟာ ဘယ် သူ့ မှာ တာ ဝန် ရှိ သ လဲ “

ကျ နော် – ” ကျ နော် တာ ဝန် ခံ ပြီး ယူ လာ တဲ့ လေ ယာဉ် ဘဲ / ကျ နော့် တာ ဝန် ဆို တာ လက် ခံ ပါ တယ် “

တစ် နာ ရီ လောက် စစ် မေး ပြီး ချိန် မှာ တော့ . . .

ကျ နော့် ကို အ ပြင် မှာ ထွက် ပြီး ” ဆုံး ဖြတ် ချက် ” ကို စောင့် ဆိုင်း နေ ဘို့ ပြော ပါ တယ် ။

.

ခုံ ရုံး ဆုံး ဖြတ် ချက် က . . .

– လ စာ မဲ့ ခွင့် နဲ့ ရက် သ တ္တ ( ၂ ပါတ် ) အိမ် မှာ နေ ရန် ( Suspension )

– ပြစ် ဒါဏ် ကာ လ ပြီး ဆုံး လျှင် အ လုပ် ပြန် ဆင်း ရန် ( Resume )

ဖြစ် ပါ တယ် ။

.

( ၂ ပါတ် ) ပြည့် လို့ အ လုပ် ပြန် ဆင်း တဲ့ အ ခါ မှာ – အ ရင် အ တိုင်း ပါ ဘဲ ( Business as usual )

ထူး ခြား တာ က တော့ . . . နောက် ( ၁ လ ) အ ကြာ မှာ ပါ ။

.

United Airlines ကို ရောက် ရှိ လာ တဲ့ – အဲ ဒီ အ ချိန် တုန်း က ( နောက် ဆုံး ပေါ် )

Boeing – 777 ( Fly by wire လေ ယာဉ် အ သစ် ကြီး တွေ ) အ တွက် သင် တန်း သား စေ လွှတ် ဘို့ /

ရွေး ချယ် ခံ ရ တဲ့ အ မည် စါ ရင်း မှာ ” ကျ နော့် နံ မည် ” ပါ လာ ပါ တယ် ။

အ များ စု က ( မျက် နှာ ဖြူ ) တွေ သာ ဖြစ် ကြ ပြီး / အာ ရှ တိုက် သား ( Color ) ဆို လို့ –

ကျ နော် တစ် ယောက် ထဲ ပါ နေ တာ ပါ ။

.

ဒီ မှာ တင် – ကျ နော့် လုပ် ဖေါ် ကိုင် ဘက် တွေ က / ထေ့ ကြ . . ငေါ့ ကြ . . ပါ ပြီ ။

( ဖိ လစ် ပိုင် လူ မျိုး ) Sammy က ဆို . . .

” ဟေ့ ကောင် Tint, ဒါ လား ကွ ? မင်း ကို ပေး တဲ့ အ ပြစ် ဒါဏ် “

.

ပေး ချင် တဲ့ Message က . . .

လူ ဆို တာ . . . အ မှား ကို လုပ် မိ တတ် ပါ တယ် ။

အဲ ဒီ အ ခါ – ဘယ် လောက် ကြီး မား တဲ့ အ မှား ဖြစ် နေ ပါ စေ . . . တာ ဝန် ယူ ပါ ။

ကိုယ့် အ မှား ကို ဖုံး ကွယ် ဘို့ / ပူး ပေါင်း ဖျောက် ဖျက် ဘို့ ကြိုး စား ရင် /

ပို ကြီး လေး တဲ့ ” အ ပြစ် ဒါဏ် ” ရ တတ် တယ် ဆို တာ ပါ ။

.

နိုင် ငံ ခြား တိုင်း ပြည် တွေ မှာ ( နှစ် ပေါင်း များ စွာ ) နေ လာ တဲ့ အ တွေ့ အ ကြုံ အ ရ –

တိုး တက် တဲ့ တိုင်း ပြည် တွေ ( အ ထူး သ ဖြင့် – အ နောက် နိုင် ငံ သား တွေ ) ဟာ . . .

တာ ဝန် ခံ မှု ကို ( သိပ် အ လေး အ နက် ) ထား ကြ ပါ တယ် ။

လိမ် ညာ မှု မ ရှိ မှ – ယုံ ကြည် စွာ လက် တွဲ နိုင် တဲ့ . . .

” Credibility ” ဖြစ် နေ လို့ ပါ ။

Share This Post

More From Author

The Old Saying “Knowledge is Power” — A Half-Truth We Need to Revisit

US Secretary of State Marco Rubio said, “America has stupid people, named named Donald Trump saying dumb things” Rubio ရဲ့ အဖြေကြောင့် Donald Trump ကတော့ စောက်ရူးကြီး ဖြစ်သွားတာပေါ့