A former officer of the Arakan Army (AA), an ethnic Rakhine who spent more than twelve years fighting alongside the Myanmar National Democratic Alliance Army, has published a lengthy testimony warning that the growing power of the Kokang Chinese armed group could become a future threat not only to Myanmar, but also to other ethnic revolutionary organizations.
The writer claims to have served from ordinary soldier to deputy battalion commander before losing a leg during the second phase of Operation 1027. He states that he fought alongside the MNDAA for over a decade and personally observed their leadership, military structure, economic networks, and long-term strategic goals.

While some of his views clearly reflect frustration and distrust toward the MNDAA, many of the historical references and geopolitical concerns are based on widely known public realities in northern Shan State.
The author’s central claim is:
The MNDAA is no longer fighting merely to regain the Kokang Self-Administered Zone.
Instead, it is allegedly trying to build a much larger Chinese-dominated autonomous region — or even a Chinese proxy state — across northern Shan State with long-term backing from China.
He argues that many ethnic armed groups, especially the AA and TNLA, helped the MNDAA regain power, but are now being sidelined or pushed out.
The author says the MNDAA originally focused only on retaking Kokang after being expelled in 2009.

However, after the success of Operation 1027, the group allegedly shifted toward a much broader ambition:
- Control of northern Shan State
- Domination of key trade routes
- Permanent presence west of the Salween River
- Strategic control of towns like:
- Lashio
- Kutkai
- Muse
- Theinni
- Chinshwehaw
- Kunlong
He claims the MNDAA now uses the term “Special Region” instead of “Self-Administered Zone” because it allows limitless territorial expansion.

The article repeatedly argues that the MNDAA’s survival and success are deeply connected to China.
According to the author:
- China wants stability along the border
- Beijing pressures all sides to avoid major fighting
- Chinese influence gives the MNDAA room to strengthen militarily and economically
- The MNDAA allegedly uses Chinese diplomatic protection while quietly expanding its territory
The writer fears this could eventually evolve into a “proxy state” similar to:
- the Wa State model,
- but even larger and more powerful.
He warns that within decades Myanmar could face de facto fragmentation if the trend continues.
One of the harshest sections accuses the MNDAA leadership of building wealth through:
- narcotics production,
- online scam syndicates,
- casinos,
- cyber fraud,
- gambling,
- arms manufacturing.
The writer claims:
- Kokang-linked networks control large portions of the drug trade in parts of northern Shan State.
- Scam operations displaced from Kokang allegedly relocated into SSPP/SSA areas and even toward the Thai border.
- Weapons factories and drone production facilities are expanding.
He portrays the organization as highly pragmatic and profit-driven rather than ideological.
The author insists the MNDAA could not have succeeded without assistance from:
- the AA,
- Ta’ang National Liberation Army,
- KIA,
- PDFs,
- KNDF,
- and other revolutionary forces.
He says:
- AA troops fought and died in major offensives alongside the MNDAA.
- TNLA allowed MNDAA forces to move through and base themselves in TNLA-controlled territory.
- Other resistance groups contributed manpower and logistics.
Yet he accuses the MNDAA of later turning against allies once its territorial goals were nearly achieved.
A recurring complaint in the article is that AA forces were allegedly kept outside captured towns while MNDAA units entered first to secure valuables, weapons, and money.
One of the article’s most controversial arguments is demographic.
The writer fears that:
- Chinese businessmen,
- migrant laborers,
- unemployed Chinese youth,
- technicians,
- and even mercenary recruits
could increasingly settle inside MNDAA-controlled territory.
He warns that this could gradually transform the ethnic composition of northern Shan State.
The article cites claims that:
- Chinese-language signs are replacing local ethnic signage in some areas,
- Chinese administrators and professionals are being brought in,
- and Chinese economic dominance is growing rapidly.
This reflects a strong fear of “Sinicization” among some ethnic communities in northern Myanmar.
The author argues that the MNDAA is building:
- a disciplined,
- well-funded,
- technologically advanced military.
He mentions:
- drones,
- modern weapons factories,
- organized recruitment,
- conscription systems,
- and the hiring of professionals.
One striking allegation is that hundreds of CDM doctors and professionals were recruited into Kokang-administered institutions with military ranks and high salaries.
The essay also gives a simplified historical background of the Kokang Chinese:
- descended from Han Chinese migrants,
- long settled in the China–Myanmar borderlands,
- formerly connected to the Communist Party of Burma,
- later emerging as a separate armed authority after the collapse of the CPB in 1989.
The author argues that the current moment is different because the MNDAA now controls much larger territory than before.
The writer presents a deeply pessimistic view of the future of the Brotherhood Alliance.
He implies that:
- revolutionary cooperation was temporary,
- strategic interests are diverging,
- and future clashes between former allies are increasingly possible.
He especially points to tensions between:
- MNDAA and TNLA,
- MNDAA and AA,
- and potentially even other northern EAOs.
The article ends with a dramatic warning:
If Myanmar’s revolutionary forces continue fighting each other while China expands influence through border armed groups, Myanmar could eventually lose effective sovereignty over parts of the north.
The author urges:
- closer scrutiny of MNDAA ambitions,
- caution among ethnic allies,
- and stronger awareness of Chinese geopolitical interests in Myanmar.
He argues that trade routes, the Belt and Road Initiative (BRI), and border economic projects may unintentionally strengthen armed groups beyond the control of any future Myanmar government.
For balance, it is important to note:
- Many allegations in the article are difficult to independently verify.
- The MNDAA and its supporters would strongly reject several accusations.
- China officially states it supports stability and peace in Myanmar rather than separatism.
- Some criticisms may reflect resentment, wartime rivalry, or ethnic distrust.
- Nevertheless, the article is valuable because it reveals growing anxieties among some ethnic revolutionary circles regarding power imbalances, Chinese influence, illicit economies, and post-war territorial competition in northern Myanmar.
Tai Youth Support SNLD
orpsdoSnett31309601i7203gt5m5a0h2m01052ch5c883a94huh97h9m43l ·
AA အရာရှိမှ ရေးထားသောMNDAAအကြောင်း ကိုယ်တွေ့စာစောင်တစ်စောင်
ကိုးကန့်တရုတ် (MNDAA) တပ်၏ ရည်မှန်းချက်နှင့် အနာဂတ်မြန်မာနိုင်ငံအန္တရာယ်
ဤအကြောင်းမရေးမီ ကျွန်တော့်အကြောင်းကို ရေးမှပြည့်စုံမည် ဖြစ်သည်။ ကျွန်တော်က ရခိုင်လူမျိုး၊ ဖြစ်ပြီး မွေးဇာတိမြေ ရခိုင်ပြည်နယ်မှ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး၊ မူဆယ်ဘက်ကို အသက် ၂၀ အရွယ် အလုပ်ရှာရင်း ၂၀၀၅ ခုနှစ်၊ နှစ်ဆန်းကတည်းက မူဆယ်မြို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် နေသော အစ်ကိုတစ်ဝမ်းကွဲနှင့် အဆက်အသွယ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ပညာအရည်အချင်းက ၁၀ တန်းကို ၁ နှစ်ဖြေပြီး မအောင်သဖြင့် စီးပွားရေးကြောင့် ကျောင်းဆက်မတက်နိုင်တော့ဘဲ အလုပ်ထွက်လုပ် ရခြင်းဖြစ်သည်။ မူဆယ်မြို့နှင့် မိုင်းယု ၁၀၅ မိုင်တဝိုက်မှာ ပန်းရံနှင့် သံပန်းလုပ်နေရင်း ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလခန့်မှာ အာရက္ခတပ်တော် AA နှင့် ဆက်သွယ်မိ၍ KIO/KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ အခြေခံစစ်သင်တန်း တက်ရောက်ရန် ကျွန်တော်နှင့်အတူ ရခိုင်လူငယ် ၁၀၀ ကျော်ခန့်ကို လူစုခွဲပြီး အသုတ် လိုက်ဖြင့် မူဆယ်၊ ရွှေလီ၊ လုံချွမ် (ကျန့်ဟောင်)၊ ရင်ကျန့်မြို့တို့ ဖြတ်သန်းပြီး တက်လာခဲ့ရသည်။
စစ်သင်တန်းကို ၃ လကြာတက်ရောက်သင်ကြားပြီး ကျွန်တော်က ရှမ်းမြောက်ဒေသမှာ နေထိုင်ဖူးသူ ဖြစ်သည့်အလျှောက် ကိုးကန့်တရုတ် (MNDAA) တပ်နှင့်တွဲနေသည့် တပ်မဟာထဲက တပ်ရင်းတစ်ရင်းထဲသို့ အပို့ခံလိုက်ရသည်။ တစ်ချို့က KIA ကချင်တပ်နှင့်အတူ မြန်မာစစ်တပ်စခန်းနှင့် ရင်ဆိုင်ကုန်း တပ်စခန်း အသီးသီးသို့ အပို့ခံရသည်။ ၁၂ နှစ်ကျော်ကာလမှာ တပ်သားကနေ တပ်စုမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူးအထိ အဆင့်ဆင့်တာဝန်ကို ထမ်းဆောင်လာရင်း ၁၀၂၇ စစ်ဆင်ရေးဒုတိယပတ်တွင် မိုင်းနင်း၍ ခြေထောက်တစ်ဖက် ဒဏ်ရာရ၍ ခြေချင်းဝတ်နားကို ဖြတ်ပစ်ရသဖြင့် ရပ်နားခွင့်ပြုထားသည်။ လောက်ကိုင်တွင် ဆေးကုသရင်း ကိုးကန့်တရုတ် (MNDAA) တပ်နှင့် မြန်မာစစ်တပ်တို့ အပစ်ရပ်ပြီးနောက် ကချင်ပြည်နယ်မှတဆင့် စစ်ကိုင်း တိုင်း၊ ချင်းပြည်နယ်တို့ ဖြတ်သန်းပြီး ရခိုင်ပြည်နယ်သို့ ပြန်သွားခဲ့ရသည်။ ယခုလက်ရှိအချိန်မှာ တပ်တော်မှ ရပ်နားခွင့်ပြုထားပြီးဖြစ်၍ ရခိုင်ပြည်နယ်၊ ကျေးလက်ဒေသ၌ လုံခြုံသော နေရာတစ်နေရာတွင် မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်လျက်ရှိသည်။ ဤစာက အနည်းငယ်ရှည်လျားမည်ဖြစ်၍ သီးခံပြီး ဖတ်ရှုပေးပါရန် မေတ္တာ ရပ်ခံအပ်လိုပါသည်။
ကိုးကန့်တရုတ် (MNDAA) တပ်နှင့် ၁၂ နှစ်ကျော်ကာလ တွဲလာသည့် အတွေ့အကြုံနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ကွတ်ခိုင်မြို့ကို ကိုးကန့်တရုတ် (MNDAA) တပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်သည့် ကိစ္စတို့ကို ပေါင်းရုံးကြည့်သော် ဤစဉ်းစားချက်ကို ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့၏ ရည်မှန်းချက်သည် အနာဂတ် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း သတိထားသုံးသပ် မိခြင်းဖြစ်သည်။ ဤစာရေးနိုင်ရန် ကျွန်တော်၏ ၁၂ နှစ်ကျော်ကာလအတွေ့အကြုံရော ကျွန်တော်၏ တိုက်ဖော် တိုက်ဖက် သေဖော်သေဖက် ကိုးကန့်တရုတ် (MNDAA) တပ်မှူးဟောင်းတစ်ချို့နှင့် TNLA တပ်မှူးဟောင်း တစ်ချို့တို့၏ ကူညီပံ့ပိုးမှုတို့ကြောင့် ယခုကဲ့သို့ ရေးသားနိုင်ခြင်းဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း ဆေးကုသချိန်၊ ခြေတုတပ်ဆင်ချိန်၊ အနားယူချိန်တို့ ပေါင်းသော် လောက်ကိုင်မှာ ၂ နှစ်နီးပါးခန့်နေခဲ့ရ၍ ကိုးကန့်တရုတ်အကြောင်းကို ကောင်းမွန်စွာ သိပါသည်။ ဤနေရာမှာ ကိုးကန့်တရုတ် (MNDAA) တပ်ထဲမှာ စိတ်သဘော ထားမှန်ကန်သည့် တပ်မှူးတပ်သားတစ်ချို့ရှိခဲ့ကြောင်း ပြောကြားလိုသည်။ စိတ်သဘောထား မှန်ကန်သူများသည် အရေအတွက်အားဖြင့် အလွန်နည်းပါးပြီး အရေးကြီးသော နေရာနှင့် ရာထူးများကိုလည်း ရရှိရန် ခဲယဉ်းကြသည်။ အများအားဖြင့် ဖုန်းမျိုးနွယ်တို့ကသာ နေရာရကြသည်။ ကိုးကန့်တရုတ် (MNDAA) တပ်ထဲတွင် အများစုမှာ အလိုရမက်ကြီးပြီး ငွေကြေးနှင့် ကိုယ်ကျိုးစီးပွားရေးသာ အဓိကကြည့်တတ်သူ များကြ သည်။
ဒုတိယအကြိမ် လောက်ကိုင်မြို့ကို ဝင်တိုက်ချိန် ကိုးကန့်တပ်ရင်းမှူးတစ်ယောက်က လောင်းကစားရုံ ထဲမှ တရုတ်ငွေ သိန်းပေါင်း ၃၀၀၀ ယွမ်ကျော် သိမ်းမိထားသော်လည်း ၁၅ဝဝ သိန်းယွမ်သာ အဖွဲ့အစည်းထံ အပ်နှံထားပြီး ကျန်သိန်းပေါင်း ၁၅၀၀ ယွမ်ကျော်ကို သူ့အတွက် သိုဝှက်ထားမိသောကြောင့် သေဒဏ်ပေးခံရ ကြောင်း သိရသည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့က ကိုးကန့်နယ်ပြန်ရရန် သုံးကြိမ်တိတိ ထိုးစစ်ဆင်မှ ပြန်ရသည့်အပြင် တတိယအကြိမ် ၁၀၂၇ စစ်ဆင်ရေးပထမပတ်တွင် လောက်ကိုင်၊ ကုန်းကြမ်းအပြင် ကွမ်းလုံ၊ ချင်းေဟော်၊ သိန်းနီတို့ပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် ညီနောင်သုံးဖွဲ့တို့၏ သဘောတူညီမှုဖြင့် ပူးတွဲပြီး ကုန်သွယ်ရေးဇုံ ၁၀၅ မိုင်၊ ကျင်စန်ကျာ့၊ ကြူကုတ်ပန်ဆိုင်း၊ မုံ့ပေါ်တံတားနှင့် မုံ့ကိုးဖောင်ဆိုင်တို့ပါ သိမ်းပိုက် နိုင်ခဲ့သည်။ ကွတ်ခိုင်မြို့နယ်ထဲက တားမိုးညဲမြို့ကိုလည်း ကိုးကန့်တရုတ် (MNDAA) တပ်နှင့် AA တပ်တို့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ကွတ်ခိုင်မြို့ကိုတော့ လူတိုင်းသိထားသည့် အတိုင်း TNLA တပ်က သိမ်းပိုက် ရရှိခြင်းဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယအပတ်မှာ လားရှိုးမြို့ကို ကိုးကန့်တရုတ် (MNDAA) တပ်နှင့် တပ်ပေါင်းစုတို့က ထပ်မံသိမ်းပိုက်ရခြင်းဖြစ်သည်။ မြို့တိုင်း၊ တပ်စခန်းတိုင်း တိုက်ခိုက်နေချိန်တွင် AA တပ်ကို အလုံးအရင်းထိုးစစ်ဆင်ခိုင်းသော်လည်း ရန်သူလက်နက်ချချိန် (သို့) ထွက်ပြေးချိန် မြို့တွင်း၊ တပ်စခန်းတွင်း AA တပ်ကို မြို့တွင်း၊ တပ်စခန်းတွင်း ပေးမဝင်သေးဘဲ အပြင်သာ ဝိုင်းထားစေပြီး ကိုးကန့်တရုတ် (MNDAA) တပ်တို့ ဝင်ရောက်မွှေနှောက်ရှာဖွေပြီးမှသာလျှင် AA တပ်ကို ဝင်ရောက်စေသည်မှာ တိုက်ပွဲတစ်လျှောက်လုံး ကျွန်တော်တွေ့မြင်နေရသည့် အချက်ဖြစ်သည်။ အထက်သို့ တင်ပြသော်လည်း အထက်က သီးခံပါဟု အမိန့်ပဲ ရလာသည်။
ဤစစ်ဆင်ရေးအားလုံးနီးပါး ကျွန်တော်အနေနှင့် ပါဝင်တိုက်ခိုက်နေရသဖြင့် စစ်ဆင်ရေးအသေးစိတ် အားလုံး ကျွန်တော်သိရှိနားလည်သည်။ ၈ နှစ်တာကာလ အရပ်သားဘဝမှာ ဒေသခံတရုတ်တို့ဆက်ဆံမှုနှင့် ၁၂ နှစ်ကျော်ကာလ တော်လှန်ရေးဘဝမှာ ကိုးကန့်တရုတ် (MNDAA) တပ်တို့နှင့် ပူးတွဲသွားလာနေထိုင်မှု တို့ကြောင့် ကျွန်တော်အနေဖြင့် တရုတ်ဟန်စကားကို ကောင်းမွန်စွာ ပြောဆိုတတ်သည်။ သို့သော် စစ်ဆင်ရေး အသေးစိတ်အားလုံးကို ရှင်းမပြတော့ဘဲ အကျဉ်းမျှသာဖော်ပြပြီး ကိုးကန့်တရုတ် (MNDAA) တပ်တို့၏ လှုပ်ရှားမှုအပေါ်ကို ကြည့်ပြီး ၎င်းတို့၏ ရည်မှန်းချက်ကို ဦးစားပေးသုံးသပ်ကြမည်ဖြစ်သည်။
ရှေ့ဆက်မသွားမီ ကိုးကန့်တရုတ်လူမျိုးအကြောင်းကို အကျဉ်းမျှရှင်းလင်းမည်ဖြစ်သည်။ ကိုးကန့် တရုတ်လူမျိုးသည် ရှေးယခင်က တရုတ်ပြည်အတွင်းပိုင်းဒေသမှာ မင်းမှုထမ်းသော လူမျိုးနွယ်စုဖြစ်ပြီး မင်းဒဏ် သင့်၍ ထွက်ပြေးလာသော ဟန်တရုတ်လူမျိုးတစ်မျိုးဖြစ်သည်။ ထွက်ပြေးလာရင်း တရုတ်-မြန်မာနယ်စပ် သိန်းနီစော်ဘွားနယ်သို့ ရောက်ရှိခဲ့ကြပြီး စော်ဘွားကြိးထံခွင့်ပန်၍ မလိပဒေသသို့ ဝင်ရောက်ခိုလှုံနေထိုင် ကြသဖြင့် မလိပ (ခ) မာလီပါ တရုတ်လူမျိုးဟုလည်း ခေါ်ဆိုကြသည်။ တောင်ပေါ်ဒေသမှာ အနေထိုင်များပြီး ဝန်တင်လားကို အမြဲတစေ အသုံးပြုလာကြသဖြင့် လားတရုတ်ဟုလည်း ယူနန်ပြည်နယ်၊ ဟန်တရုတ်တို့က ခေါ်ဆိုကြသည်။ ထိုနယ်မြေဒေသတွင် ဝမ်းစာအတွက် ဘိန်း၊ ပြောင်းဖူးနှင့် အာလူးတို့စိုက်ပျိုးပြီး နေထိုင် လာရာမှ လူဦးရေတိုးပွားလာရင်း တိုက်သူကြီး ၉ ဦးဖြင့် စီမံအုပ်ချုပ်လာသော ဒေသကြီးတစ်ခု ဖြစ်လာခဲ့ရာမှ ရှမ်းဘာသာအခေါ် ကဝ်ကန်းဒေသဟု ပြောဆိုရင်း ထိုဒေသတွင် နေထိုင်ကြသော ဟန်တရုတ်လူမျိုးကိုလည်း ကဝ်ကန်းတရုတ်လူမျိုးအဖြစ် ခေါ်ဆိုလာခဲ့ခြင်းဖြစ်သည်။ ကိုးကန့်တရုတ်တို့ ပြောဆိုသော ဘာသာစကားနှင့် စာပေသည်လည်း ဟန်တရုတ်ဘာသာနှင့် တူသော်လည်း ပြည်ကြီးဟန်တရုတ်စကားနှင့် လေသံက အနည်း ငယ်ကွဲပြားပြီး ကြမ်းတမ်းသည်။ နောင်တွင် ရှမ်းဘာသာ ကဝ်ကန်းကနေ ဗမာဘာသာ ကိုးကန့်ပြောဆို လာရာမှ ကိုးကန့်တရုတ်လူမျိုးအဖြစ် လူသိများလာရခြင်းဖြစ်သည်။ အများအားဖြင့် မာလီပါတရုတ်နှင့် လား တရုတ်ဟု ခေါ်ဆိုလျှင် ကိုးကန့်တရုတ်အများစုက မကြိုက်မနှစ်သက်ကြချေ။ ယခုအခါအတွင် ကိုးကန့်ဒေသ သည် ကိုးကန့်တရုတ်လူမျိုး အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ပလောင်လူမျိုးများဖြစ်ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်၊ မေမြို့တောင်တန်းဒေသစုံစမ်းရေးကော်မရှင်တွင် ကိုးကန့်မြို့စား ယန်ဝမ်းပင်၏ တောင်းဆိုချက်အရ ကိုးကန့်ဒေသကို သိန်းနီမြို့နှင့် အလှမ်းဝေးနေသဖြင့် သိန်းနီစော်ဘွား လက်အောက်တွင် မထားတော့ဘဲ အင်္ဂလိပ်အစိုးရတို့က စော်ဘွားအဖြစ် ယန်ဝမ်းပင်ကို ခန့်အပ်ကာ အုပ်ချုပ် စေရာမှ ကိုးကန့်တရုတ်စော်ဘွား ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ မပေါ်ပေါက်မီ ကိုးကန့်ဒေသသည် ဟုန်အိုင်ဒေသ၊ တာရွှေထန်ဒေသ၊ ကုန်းကြမ်း ဒေသနှင့် လောက်ကိုင်ဒေသဟု ရှိကြပြီး ၁၉၆၈ ခုနှစ်၊ ဧပြီလတွင် ဗမာပြည်ကွန်မြူနစ် ပါတီ၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက်သည့် နောက်ပိုင်းတွင် ဟုန်အိုင်ဒေသ၊ တာရွှေထန်ဒေသနှင့် ကုန်းကြမ်းဒေသတို့ကို စုစည်းပြီး ကုန်းကြမ်းမြို့နယ်အဖြစ် လည်းကောင်း၊ လောက်ကိုင် ဒေသကို လောက်ကိုင်မြို့နယ်အဖြစ်လည်းကောင်း သတ်မှတ်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားကြောင်း သိရသည်။ ကွမ်းလုံမြို့နယ်ထဲရှိ ကွမ်းလုံမြို့နှင့် ချင်းရွှေဟော်မြို့တို့ကိုတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲသို့ ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။
လက်ရှိ ကိုးကန့်တရုတ် (MNDAA) တပ်၏ ထိပ်သီးခေါင်းဆောင် ၅ ဦးအကြောင်းကို တင်ပြပါ့မည်။ ဥက္ကဌ ဦးဖုန်းတဲရွှင်သည် ကွယ်လွန်သူ ဥက္ကဌ ဟောင်း ဦးဖုန်းကျာရှင်၏ အကြီးဆုံးသားဖြစ်သည်။ ဥက္ကဌ တာဝန်ကို ယူသည့်အပြင် စစ်ဦးစီးချုပ်လည်း ယူထားသူဖြစ်သည်။ ဒုတိယ ဥက္ကဌ ဦးဖုန်းဝေသည် ဥက္ကဌ ဦးဖုန်းတဲရွှင်၏ ညီဖြစ်ပြီး ဒုတိယ ဥက္ကဌ တာဝန်အပြင် ဘဏ္ဍာရေးဌာနမှူးကိုလည်း တာဝန်ယူထားသည်။ ဦးမောင်မောင်လွင် (ခ) အန်ကောသည် ဦးဖုန်းတာရွှင်နှင့် တစ်ဝမ်းကွဲညီအစ်ကို တော်စပ်ပြီး ဒုတိယစစ်ဦးစီးချုပ် တာဝန်ယူထားသူဖြစ်သည်။ ဦးမောင်မောင်လွင် (ခ) အန်ကောသည် ဒုတိယ စစ်ဦးစီးချုပ်တာဝန်အပြင် လက်နက်ထုတ်လုပ်ရေးနှင့် အထူးစီးပွားဌာန (ကျားဖျဲန်နှင့် မူးယစ်လုပ်ငန်း) ကိုလည်း ပူးတွဲကိုင်ထားသူ ဖြစ်သည်။ ဦးထွန်းလွင် (ခ) ဦးထွန်းမြတ်လွင်သည် အထွေထွေအတွင်းရေးမှူးတာဝန် ယူထားသူဖြစ်သည်။ ဦးထွန်းလွင် (ခ) ဦးထွန်းမြတ်လွင်သည် ဦးဖုန်းတဲရွှင်၏ ညီမကို လက်ထပ်ယူထားသူဖြစ်သည်။ ဦးဖုန်းဝင်းနိုင် (ခ) အာခွန်သည် ဦးဖုန်းတဲရွှင်၏ သားအကြီးဖြစ်ပြီး ပြင်ပနှင့် မဟာမိတ်ဆက်ဆံရေးဌာ၊ ဌာနကြီးမှူးတာဝန်ကို ယူထားသူ ဖြစ်သည်။ ဦးဖုန်းဝင်းနိုင် (ခ) အာခွန်၏ မိခင်သည် ကိုးကန့်တရုတ်လူမျိူးမဟုတ်ဘဲ ကရင်လူမျိုး ဖြစ်ကြောင်း သိရသည်။
နဝတ၊ နအဖ လက်ထက် ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းမှုကို လက်မခံသည့် ဦးဖုန်းကျာရှင်အဖွဲ့ကို အကွက်ဆင်ပြီး တိုက်ထုတ်သည့် နောက်ပိုင်းတွင် ဦးဖုန်းကျာရှင်အဖွဲ့တို့က ဦးဖုန်းကျာရှင်၏ သမက်ဖြစ်သူ ဦးစိုင်းလင်းရှိရာ မိုင်းလားမြို့သို့ ထွက်ပြေးပြီး အင်အားစုစည်းနိုင်ခဲ့သည်။ ကာလအားဖြင့် ၁၅ နှစ်ကြာမြင့် ခဲ့ကြောင်းသိရသည်။ မိုင်းလားဒေသမှာ ငွေကြေးနှင့် လက်နက်ရှာဖွေရေးကို အဓိကထား အခြေစိုက်ပြီး စစ်သင်တန်းနှင့် စစ်သားစုဆောင်းရေးဌာနမှာ ဝပြည်နယ်၊ နားဖန်းဒေသကို အခြေစိုက်သည်။ တစ်ခါတစ်ရံ စစ်သင်တန်းကို KIO/KIA နယ်မြေ မိုင်ဂျာယန်နှင့် အင်ဘာပါဒေသကို လည်းကောင်း၊ တစ်ခါတစ်ရံ SSPP/SSA နယ်မြေ ဝမ်ဟိုင်းဒေသကိုလည်းကောင်း အသုံးပြုထားကြောင်း သိရသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က မိုင်းလားမြို့အနီးတွင် လက်နက်စက်ရုံတစ်ရုံမှ ပေါက်ကွဲမှုဖြစ်စဉ် တစ်ခုသည်လည်း ကိုးကန့်တရုတ် (MNDAA) တပ်တို့ပိုင်ဆိုင်ထားသည့် လက်နက်စက်ရုံဖြစ်ကြောင်း သိရ သည်။
ကိုးကန့်တရုတ် (MNDAA) တပ်တို့၏ လက်တံရှည်မှုကြောင့် မိုင်းလား၊ ရှမ်းအရှေ့အထူးဒေသ (၄) ဒေသအားလုံး၏ စီးပွားရေး ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားကြောင်း တွေ့ရသည်။ အထူးသဖြင့် စီးပွားရေး လုပ်ငန်းများသည် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖြန့်ချိရေး၊ လောင်းကစားရုံ၊ ကာစီနိုရုံ၊ KTV ရုံများ၊ စားသောက်ဆိုင်များနှင့် ဘားဆိုင်များဖြစ်ကြပြီး နောက်ပိုင်းတွင် အွန်လိုင်းဆိုင်ဘာငွေလိမ်လုပ်ငန်း ပေါ်ပေါက် လာသည့်အချိန် အွန်လိုင်းဆိုင်ဘာငွေလိမ်ဂိုဏ်းနှင့်ပူးပေါင်းကာ အကြီးအကျယ်လုပ်ကိုင်လာခဲ့ကြသည်။ အွန် လိုင်းဆိုင်ဘာငွေလိမ်လုပ်ငန်းနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ အရေးယူမှု ပြင်းထန်လာသည့် အချိန်တွင် မိုင်းလား၊ ဝ၊ လောက်ကိုင်ဒေသမှ SSPP/SSA နယ်မြေ ဝမ်ဟိုင်းဒေသ၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသနှင့် သံလွင်မြစ်ကြောင်းအနောက်ခြမ်း တစ်လျှောက်သို့ ပြောင်းရွှေ့ကုန်ကြောင်း စုံစမ်းသိရှိရသည်။ တစ်ချို့က ထိုင်းနယ်စပ်၊ ရွှေကုက္ကိုဒေသအထိ ပြောင်းရွှေ့သွားကြောင်း သိရသည်။ SSPP/SSA နယ်မြေဒေသ ထဲရှိ ၇၅ ရာခိုင်နှုန်းသော မူးယစ်ဆေးဝါးလုပ်ငန်းများသည် ကိုးကန့်တရုတ် (MNDAA) တပ်တို့၏ ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ SSPP/SSA တပ်ဖွဲ့က အနည်းအကျဉ်းသာ လုပ်ကိုင်ပြီး အများအားဖြင့် လုံခြုံရေးပေးကာ အခွန် ကောက်စားသည့် အလုပ်ကို လုပ်ကိုင်ကြသည်။
ယခုအခါတွင် စစ်လက်နက်အမျိုးမျိုးထုတ်လုပ်သည့် စက်ရုံများကို မိုင်းလားဒေသမှ ကိုးကန့်နယ်မြေ၊ ဟုန်အိုင်ဒေသနှင့် တာရွှေထန်ဒေသသို့ ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ဗိုလ်ချုပ်မောင် မောင်လွင် (ခ) အန်ကော၏ ထိန်းချုပ်မှုအောက်ဖြင့် မူးယစ်ဆေးဝါးစက်ရုံများအချို့ကို လောက်ကိုင်မြို့အနီးရှိ လျှို့ဝှက်သော တောင်ကြားတစ်နေရာ၌ ထပ်မံတည်ဆောက်နေကြောင်း စုံစမ်းသိရှိရသည်။ ထိုလျှို့ဝှက်သည့် နေရာသည် ယခင်က နွားမွေးမြူရေးခြံတစ်ခုဖြစ်ကြောင်း၊ လူသူအရောက်အပေါက်နည်းပါးကြောင်း ထပ်မံ စုံစမ်းသိရှိရသည်။ ထိုနေရာကို လုံခြုံရေးတင်းကျပ်စွာ ချထားကာ တာဝန်ရှိသည့် ပုဂ္ဂိုလ်မှလွဲ၍ ပြင်ပလူ မည်သူတစ်ဦးတစ်ယောက်မှ ဝင်ခွင့်မရှိကြောင်း သိရသည်။
ကိုးကန့်တရုတ် (MNDAA) တပ်သည် သံလွင်မြစ်အနောက်ခြမ်း အခြေမချမီ နေအိမ်ပြန်ရရေးကိုသာ အာရုံစိုက်ထားသည်။ သို့သော် မဟာမိတ်များ၏ အကူအညီဖြင့် သံလွင်မြစ်အနောက်ခြမ်းနှင့် ပြည်ထောင်စု လမ်းအရှေ့ခြမ်းသို့ ဝင်ရောက်လာသည့် နောက်ပိုင်းတွင် ပထမရည်မှန်းထားသည့်အတိုင်း မဟုတ်တော့ဘဲ သဘောထားပြောင်းလဲလာကြောင်း တွေ့လာရသည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့အား ထိုဒေသကို အခြေချနိုင်ရေးအတွက် အဓိကကူညီပံ့ပိုးသူမှာ TNLA တပ်ပဲဖြစ်သည်။ ဝပြည်နယ်၊ နားဖန်းဒေသမှ သံလွင်မြစ် ဖြတ်ကူးပြီး မိုင်းယော်နှင့် မိုင်းကျက်အနောက်ခြမ်းကနေ အထက်ဘက်သို့ ဆန်တက်ပြီး နမ့်ဆလပ်နှင့် သိန်းနီ မြို့ကြားကို ဖြတ်ကျော်ရင်း ကွတ်ခိုင်မြို့အရှေ့ခြမ်း TNLA တပ်မဟာ ၅ ဒေသကို ရောက်ရှိလာခဲ့သည်။ TNLA တပ်မဟာ ၅ ဒေသသည် သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ကွမ်းလုံမြို့နှင့် သိန်းနီမြို့ကားလမ်းမြောက်ဘက် ခြမ်းနှင့် သိန်းနီမြို့၊ ကွတ်ခိုင်မြို့၊ နမ့်ဖတ်ကာမြို့၊ မူဆယ်မြို့တို့ ဆက်သွယ်ထားသော ပြည်ထောင်စုလမ်း အရှေ့ဘက်ခြမ်းအတွင်းရှိ ဧရိယာများဖြစ်ကြသည်။
ကိုးကန့်တရုတ် (MNDAA) တပ်တို့က ပထမရည်မှန်းချက်ဖြစ်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ ပြန်ရရေးမဟုတ်တော့ဘဲ ရှမ်းမြောက်ဒေသအားလုံးနီးပါး ကိုးကန့်တရုတ်အထူးကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ (သို့) ကိုးကန့်တရုတ်ကွန်ဖယ်ဒရိတ်ပြည်နယ်တစ်ခုထူထောင်ရေးကို အဘယ်ကြောင့် ဦးတည်လာရ သနည်းဟု ဆိုရာတွင် အွန်လိုင်း၌ ပြန့်နှံ့နေသည့် ကိုးကန့်တရုတ် (MNDAA) တပ်တို့ ထုတ်ပြန်သော မြေပုံကို ၂၀၁၄ ခုနှစ်ကတည်းက ရွှေလီမြို့ရှိ ကိုးကန့်ရုံးမှာ တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ကိုးကန့်တရုတ် (MNDAA) တပ်မဟာ ၅၁၁ တပ်မဟာမှူးရုံးမှာ တစ်ကြိမ် ၎င်းတို့၏ ရုံးနံရံ၌ ချိတ်ဆွဲထားသဖြင့် မြင်ဖူးပြီး ဖြစ်သည်။ သို့သော် ထိုစဉ်က ကျွန်တော်အနေနှင့် သတိမထားသော်လည်း ယခုအချိန်တွင် တိုက်ဆိုင်ကြည့်သော် ကိုးကန့် တရုတ် (MNDAA) တပ်တို့က ဤဒေသကို ကိုးကန့်တရုတ်ကွန်ဖယ်ဒရိတ်ပြည်နယ် (သို့) Proxy State ထူထောင်ရန် ရည်မှန်းချက်က ကနဦးအစောပိုင်းကတည်းက ရှိပြီဖြစ်ကြောင်း ပေါ်လွင်နေပြီး ဖြစ်သည်။ လက်ရှိမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟု အသုံးမပြုဘဲ အထူးဒေသ (၁) သုံးစွဲနေခြင်းသည်လည်း အကြောင်းမဲ့မဟုတ်ပါ။ နယ်မြေအကန့်အသတ်မရှိ ချဲ့ထွင်နိုင်သည့် အုပ်ချုပ်ရေးနယ်မြေဟု အဓိပ္ပါယ်ဆောင် နေသည်။ ကိုးကန့်တရုတ် (သို့) တရုတ်အမည်နာမကို ခေတ္တခဏမြုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။
ကိုးကန့်တရုတ် (MNDAA) တပ်တို့ TNLA တပ်မဟာ ၅ ဒေသသို့ စတင်ဝင်ရောက်လာစဉ်ကတည်းက စစ်အစိုးရတပ်လက်အောက်ခံ နယ်မြေခံပြည်သူ့စစ်တပ်ဖွဲ့များနှင့် အရင်ဦးဆုံးဆက်သွယ်ကြသည်။ အများအား ဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ကိုယ်ကျိုးစီးပွားရှာနေကြသူ တရုတ်လူမျိုးများက ထိန်းချုပ်ထားကြသည်။ ကွတ်ခိုင်၊ တာမိုးညဲ၊ နမ့်ဖတ်ကာ၊ ရှက်ဟော၊ လုံထန့်၊ မုံ့ပေါ်၊ မန်ကျယ်၊ ပန်းဆေး၊ နမ့်ခမ်းမြို့မ၊ ဖောင်ဆိုင်စသည့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များအားလုံးသည် တရုတ်လူမျိုးများက ဦးစီးချုပ်ကိုင် ထားကြသည်။ ယခုအခါတွင် ထိုဌာနေပြည်သူ့စစ်တပ်ဖွဲ့အားလုံးသည် ကိုးကန့်တရုတ် (MNDAA) တပ်တို့၏ အမာခံကေဒါများ၊ အမာခံတပ်ဖွဲ့ဝင်များ ဖြစ်ကုန်ကြပါပြီ။ ဤဒေသသည် အစဉ်အလာအားဖြင့် ဘိန်းစိုက်ပျိုးပြီး မူးယစ်ဆေးဝါးအမျိုးမျိုးကို ထုတ်လုပ်ဖြန့်ချိရောင်းဝယ်ဖောက်ကားရာ ဒေသကြီးဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါးလုပ်ငန်း ကို အားပေးလုပ်ကိုင်နေသူ ကိုးကန့်တရုတ် (MNDAA) တပ်ဖွဲ့တို့ ပြန်ရောက်လာသဖြင့် ဤဒေသသည် မူးယစ် ဆေးဝါးရောင်းဝယ်မှု ပြန်လည်ကြီးထွားလာမည်ဟု ဧကန်မုချမလွဲပါ။ ကိုးကန့်တရုတ် (MNDAA) တပ်က TNLA တပ်မဟာ ၅ ဒေသကို ယာယီအားဖြင့် အခြေစိုက်နေထိုင်ပြီး လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသ တစ်ခုလုံး သိမ်းပိုက်ရရှိပါက ပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်း PSLF/TNLA လူကြီးထံ နှုတ်ကတိဖြင့် ပေးထား ခဲ့ကြကြောင်း သိရသည်။ ယခုအချိန်မှာ ဧည့်သည်က အိမ်ရှင်ကို မောင်းထုတ်ပြီး နေရာယူကုန်ပါပြီ။ မြန်မာနိုင်ငံ အတွင်းက အချင်းချင်းအာဏာကို ဆက်လက်လုနေသည့် ကာလပတ်လုံး နောင်တစ်ချိန်တွင် မြန်မာနိုင်ငံလည်း တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံဖြစ်လာနိုင်သည်။
ကိုးကန့်ဒေသထဲသို့ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပထမထိုးစစ်ဆင်ချိန်တွင် TNLA တပ်မတော်မှ တပ်ရင်း ၃ ရင်းနှင့် AA တပ်တော်မှ တပ်ရင်း ၃ ရင်းပါဝင်တိုက်ခိုက်ကူညီခဲ့သည်။ ပထမအကြိမ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် ကျေးရွာပေါင်း ၁၅ ရွာနီးပါးရှိ ဟုန်အိုင်ဒေသကို သမ်းပိုက်ပြီး ကျန်ဒေသကို ပျောက်ကျားလှုပ်ရှား ရန် တပ်အချို့ချထားနိုင်ခဲ့သည်။ ဒုတိယအကြိမ်တိုက်ခိုက်ချိန်တွင် မဟာမိတ်မပါဘဲ ကိုးကန့်တရုတ် (MNDAA) တပ်တစ်ခုသာ လောက်ကိုင်မြို့ အနီးပတ်ဝန်းကျင်တွင် လျှပ်တပျက်တိုက်ခိုက်သော်လည်း လောင်းကစားရုံကို ခေတ္တခဏသာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ သည်။ သို့သော် ခေတ္တခဏသာ သိမ်းပိုက်သော်လည်း တရုတ်ယွမ်ငွေ သိန်းပေါင်းထောင်ချီ သိမ်းဆီးရမိကြောင်း အထက်က ဆိုထားပြီးဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးပထမပတ် သိန်းနီမြို့နယ်တစ်ခုလုံးအထိ သိမ်းပိုက်ပြီး ၁၀၂၇ စစ်ဆင်ရေးဒုတိယ အကြိမ်မှာ AA, KNDF, PDF, BPLA, ပကဖတပ်တို့စုစည်းပြီး အမှတ် ၆၁၁ တပ်မဟာတစ်ခု ထပ်မံဖွဲ့စည်းကာ လားရှိုးမြို့ကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့သည်။ အမှန်စင်စစ် လူယူ ငွေနှင့် ပစ္စည်းပေးစနစ်ဖြင့် စုစည်းထားသည့် တပ်ဖွဲ့ဖြင့် ရမခစစ်ဌာချုပ် ရုံးစိုက်ရာ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းဖြစ်သည်။ ကိုးကန့်ဒေသ အပါအဝင် လောက်ကိုင်မြို့၊ ကွမ်းလုံမြို့နှင့် ချင်းရွှေဟော်မြို့တို့ကို အာရက္ခ AA တပ်တော်မပါလျှင် မသိမ်းပိုက် နိုင်သကဲ့သို့ AA, KNDF, PDF, BPLA, ပကဖတို့ မပါလျှင် သိန်းနီမြို့နှင့် လားရှိုးမြို့တို့ကို သိမ်းပိုက်နိုင်မည် မဟုတ်ချေ။ ကိုးကန့်တရုတ် (MNDAA) တပ်တို့ ဖြန့်ကြက်ထားပုံမှာ တပ်မဟာ ၅၁၁ (ကွတ်ခိုင်၊ မူဆယ်)၊ တပ်မဟာ ၃၁၁ (မူလကိုးကန့်ဒေသ)၊ တပ်မဟာ ၂၁၁ (ကွမ်းလုံ၊ သိန်းနီ) နှင့် တပ်မဟာ ၆၁၁ (လားရှိုး) တို့ဖြစ်သည်။
ယခုအချိန်အခါမှာ ရှမ်း/မြောက် နယ်မြေအများအပြားလက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်သည့် ကိုးကန့် တရုတ် (MNDAA) တပ်တို့သည် ဤနယ်မြေကို တရုတ်ပြည်၏ ထောက်ခံချက်ဖြင့် ကိုးကန့်တရုတ်အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် (သို့) ဗဟိုအစိုးရနှင့် သီးခြားပြည်နယ် (Federation) (သို့) Proxy State တို့ဖော်ဆောင်သွားနိုင်ရန် ကြိုတင်ပြင်ဆင်နေကြောင်း တွေ့မြင်နေရမည်ဖြစ်သည်။ မြင်သာရန် ပြမည်ဆိုလျှင် အောက်ပါအတိုင်း တစ်ခုချင်းစီ ရှင်းလင်းတင်ပြမည်ဖြစ်သည်။
၁။ လိုအပ်သော နယ်မြေအကျယ်အဝန်း ရသည်အထိ ထပ်မံတိုက်ခိုက်ချဲ့ထွင်သွားရန်။
၂။ စီးပွားရေးကို တောင့်တင်းခိုင်မာရေးအတွက် မည်သည့်နည်းလမ်းမဆို လုပ်ဆောင်သွားရန်။
၃။ အုပ်ချုပ်သော နယ်မြေများပေါ်တွင် တရုတ်လူမျိုးများကို တခြားလူမျိုးများထက် လူဦးရေ ပိုမိုများ ပြားရန် စီမံဆောင်ရွက်သွားရန်။
၄။ လိုအပ်သော စစ်အင်အားများ ရသည်အထိ စုဆောင်းသွားပြီး တောင့်တင်းခိုင်မာသော စစ်တပ် တည်ဆောက်သွားရန်။
၅။ ရည်မှန်းချက် မပြည့်မချင်း တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။
၆။ တရုတ်အစိုးရကို အသုံးချပြီး မြန်မာအစိုးရနှင့်အတန်အသင့်ကောင်းမွန်သော ဆက်ဆံရေးထားရှိပြီး မြန်မာအစိုးရ၏ စစ်တပ်အင်းအားကို ထိန်းညှိနိုင်ရေးအတွက် အတိုက်အခံဖက်အား ငွေနှင့် လက်နက် ပစ္စည်းများကို လျှို့ဝှက်စွာ ကူညီသွားရန် တို့ဖြစ်သည်။
၁။ လိုအပ်သော နယ်မြေအကျယ်အဝန်း ရသည်အထိ ထပ်မံတိုက်ခိုက်ချဲ့ထွင်သွားရန်။
ပထမအနေဖြင့် ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့ ရရှိရန် ကြိုးပမ်းပြီး လားရှိုးမြို့နယ်၊ တန့်ယန်း မြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ဆက်လက်ကြိုးပမ်းမည်ဖြစ်သည်။ ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်း TNLA တပ်တို့တိုက်ထုတ်ရန် ကနဦးအစောပိုင်းက အစီအစဉ်ရှိသားဖြစ်၍ အထူးတလယ်ရှင်းပြစရာမလိုပါ။ ထပ်မံရှင်းထုတ်ရန် ကျန်အဖွဲ့များမှာ ကချင်တပ်၊ ရှမ်းတပ်နှင့် ရခိုင်တပ်တို့ဖြစ်သည်။ ပြည်တွင်းတော်လှန်ရေး အဖွဲ့က အားကောင်းသည့်အချိန်ကို အချိန်ကိုက်ယူပြီး လားရှိုးမြို့၊ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်တို့ ထပ်မံ တိုက်ခိုက်ရန် တို့ဖြစ်သည်။ အထက်ပါနယ်မြေများအားလုံးကို အားကောင်းသော စစ်တပ်နှင့်ကောင်းမွန်စွာ ထိန်းချုပ်ပြီးပါက လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်နယ်ရှိ UWSA ဝတပ်နှင့် SSA မြောက်ရှမ်းတပ်တို့ကို ထပ်မံ ရှင်းလင်းရန် ခက်ခဲမည်မဟုတ်ချေ။
နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသ တရုတ်နိုင်ငံနယ်စပ်တစ်လျှောက်အခြေပြုပြီး တစ်ပါတီအာဏာရှင်စစ်အစိုးရကို ၁၉၆၈ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ရာမှာ ဒေသခံတိုင်းရင်းသားအများအပြားသေကြေ ခဲ့ကြသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် ပြည်ထောင်စုအရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ် တည်ဆောက်ရေးနှင့် အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးဟုဆိုကာ တော်လှန်တိုက်ခိုက်ကြသော် လည်း တိုင်းရင်းသားလူငယ်များသာလျှင် သေကြေဖျက်စီးကြသည်။ အာဏာရှင်လက်အောက်မှာမူ ယနေ့အထိ မလွတ်မြောက်နိုင်သေးချေ။ ထို့ကြောင့် ၁၉၈၉ ခုနှစ်အတွင်းတွင် ကိုးကန့်၊ ဝ၊ ကချင် (ဆခုမ်တိန်ယိန်း)၊ မိုင်းလား (ရှမ်းအရှေ့) တို့က ဗမာလူမျိုးကြီးစိုးသော ဗမာပြည်ကွန်မြူပါတီကို တော်လှန်ပုန်ကန်လာခဲ့ကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီကြောင့် ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါဒေသ၊ ရှမ်းပြည်နယ် ကိုးကန့် အထူးဒေသ (၁)၊ ဝအထူးဒေသ (၂)၊ မိုင်းလားအထူးဒေသ (၄) ဟုဆိုပြီး သီးခြားလွတ်မြောက်လာသော နယ်မြေများပေါ်ထွန်းခဲ့သည်။ ကချင်ပြည်နယ် အထူးဒေသ (၁) ဆခုမ်တိန်ယိန်းဒေသကို KIO/KIA တို့ တိုက်ခိုက်သိမ်းပိုက်နိုင်သဖြင့် ယခုအခါ KIO/KIA တပ်တို့လက်ဝယ်၌ ရှိသည်။ ကိုးကန့်အထူးဒေသ (၁) သည်လည်း မျိုးနွယ်စုအချင်းချင်းအာဏာလုရာမှ မြန်မာစစ်တပ်၏ အုပ်ချုပ်မှုအောက်ကို ၁၅ နှစ်ကြာ ကျရောက် သော်လည်း စစ်တပ်၏ အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးအရှိန်ဖြင့် ၁၀၂၇ ညီနောင်သုံးဖွဲ့၏ စစ်ဆင်မှု အကျိုးရလဒ်တစ်ခုအဖြစ် ကိုးကန့်တရုတ်ဖုန်းမျိုးနွယ်တို့ ပြန်လည်ရရှိပြန်သည်။
ဤတစ်ကြိမ်တွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးနှင့်အတူ ပိုင်ဆိုင်သည့် နယ်မြေသစ်ကို ထပ်မံပေါက်ပေါ်လာပြန်သည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့က ယခင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပြင် နယ်မြေအများအပြား ထပ်မံရှိရခဲ့သည်။ ပလောင်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနှင့် ကယန်းတို့လည်း ထိုက်သင့်သော နယ်မြေများကို အသီးသီးရကြသည်။ မြေပြန့်ဒေသမှာမူ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းရှိ နယ်မြေအချို့ တို့ကို NUG အစိုးရလက်အောက် PDF နှင့် အခြားတော်လှန်ရေးအင်အားစုတို့၏ လက်အောက်တွင် ကျရောက် ကြောင်း တွေ့မြင်နေရပြီဖြစ်သည်။
၂။ စီးပွားရေးကို တောင့်တင်းခိုင်မာရေးအတွက် မည်သည့်နည်းလမ်းမဆို လုပ်ဆောင်သွားရန်။
စီးပွားရေးအနေဖြင့် ကိုးကန့်တရုတ် (MNDAA) တပ်တို့သည် အထက်က ပြဆိုထားပြီးဖြစ်သည့်အတိုင်း မူးယစ်ဆေးဝါးကို မိရိုးဖလာလုပ်ငန်းကဲ့သို့ ရှေးယခင်က ဘိန်းစိုက်ပျိုးပြီး ကြီးပြင်းလာသော လူမျိုးဟုခေါ်ဆိုလျှင် မမှားပါ။ ဗမာပြည်ကွန်မြူပါတီခေတ်က ဘိန်းနှင့် ဘိန်းဖြူကို ရံပုံငွေအဖြစ် အသုံးပြုရန် စတင်ဦးဆောင်သူမှာ ဦးဖုန်းကျာရှင်ဖြစ်သည်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေတ်ကာလ၌လည်း ဦးဖုန်းကျာရှင်တို့အဖွဲ့က ဘိန်းမည်းအပြင် ဘိန်းဖြူဟီရိုအင်းကို အကြီးအကျယ် ထုတ်လုပ်ဖြန့်ချိမှုကြောင့် တရုတ်အစိုးရ၏ မကြာခဏ ခေါ်ယူသတိပေးမှု ရှိခဲ့သည်။ ၎င်းတို့အချင်းချင်း အာဏာလုမှုကို ဖြစ်ပေါ်စေသော အရာ၌လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ဖြန့်ချိရာမှ ရရှိသည့် ငွေကြေးကြောင့်လည်း ဖြစ်သည်။
ယခုလည်း ကိုးကန့်တရုတ်တို့ အိမ်မပြန်မီ ငွေကြေးရရှိရေးကို မူးယစ်ဆေးဝါးကို အဓိကထား အသုံးပြု ကြသည်။ အွန်လိုင်းဆိုင်ဘာငွေလိမ်လုပ်ငန်းပေါ်ပေါက်လာပြီးနောက် အဓကအဖြစ် ငွေကြေးရှာဖွေရေးဌာန တစ်ခု ဖြစ်လာပြန်သည်။ ယခုအခါတွင် SSPP/SSA ဒေသအတွင်းရှိ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်း ဆိုင်ဘာငွေလိမ်မှုလုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် ကိုးကန့်တရုတ် (MNDAA) တပ်တို့ ပိုင်ဆိုင်ထား ကြောင်း သိရသည်။ ထိုလုပ်ငန်းအားလုံးကို ဦးဆောင်ကြီးကြပ်သူမှာ ကိုးကန့်တရုတ် (MNDAA) တပ်၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်မောင်မောင်လွင် (ခ) အန်ကော၏ ညီဖြစ်သူ ဦးအာချိုက်ဆိုသူဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
နောက်စီးပွားရေးတစ်ခုမှာ တရုတ်ပြည်မကြီးမှ လုပ်ငန်းရှင်များအား ခေါ်ယူ၍ ရင်းနှီးမြုပ်နှံစေသည့် လုပ်ငန်းဖြစ်သည်။ ယခုမြင်တွေ့နေရသော သိန်းနီမြို့နယ်အတွင်းတွင် တရုတ်လုပ်ငန်းရှင်အမြောက်အများ ဝင်လာပြီး ဒေသခံတို့၏ မြေများကို အတင်းအဓမ္မရောင်းချခိုင်းပြီး တရုတ်လုပ်ငန်းရှင်တို့အား နေရာပေးလာ သည်။ ဤလုပ်ဆောင်ချက်သည် တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုသည့်အတိုင်း တစ်ဖက်မှာ အခွန်ငွေကြေးများ ရသကဲ့သို့ အခြားတစ်ဖက်မှာ တရုတ်လူဦးရေတိုးပွားစေလာသည်။ တစ်ဖက်မှာ တရုတ်စီးပွားရေးလုပ်ငန်းများ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်အလုပ်သမားများ များလာပါက တရုတ်အစိုးရ၏ အကာအကွယ် အောက်ကို ပိုမိုရရှိလာမှာဖြစ်သည်။
နောက်စီးပွားရေးတစ်ခုမှာ လက်နက်ခဲယမ်းမီးကျောက်များ ထုတ်လုပ်ရောင်းချရေး ဖြစ်သည်။ ကိုးကန့် တရုတ် (MNDAA) တပ်တို့၏ လက်နက်ထုတ်မှု စွမ်းရည်သည် UWSA ဝတပ်ပြီးလျှင် ဒုတိယလိုက်သည်။ လက်နက်ငယ်ဖြစ်သည့် 81 သိုပ်ရိုင်ဖယ်သေနတ်၊ M22 ရိုင်ဖယ်သေနတ်နှင့် ကျည်အပြင် RPG 2, RPG 7, M 60, M 81, M 100, M 107 (ရှော့တိုက်ဒုံး) စသည့် ဗုံးသီးအမျိုးမျိုး၊ လက်ပစ်ဗုံး၊ မိုင်းအမျိုးမျိုး ထုတ်လုပ်နိုင် သည်။ ထိန်းချုပ်နယ်မြေများပြားလာသဖြင့် ရှေ့ကထက် ပိုမိုထုတ်လုပ်လာနိုင်ခြေရှိသည်။ ခေတ်မီဒရုန်းစက်ရုံ များ တည်ဆောက်ပြီး ဒရုန်း၊ ဂျမ်ဘာနှင့် ဒရုန်းဗုံးသီးများလည်း ထုတ်လုပ်နေကြောင်း ထပ်မံစုံစမ်းသိရှိရသည်။ ယနေ့ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ပြင်းထန်နေချိန် လက်နက်ရောင်းဝယ်မှု ဈေးကွက်ကလည်း ဆက်လက် ကြီးမားလျက်ရှိသည်။
၃။ အုပ်ချုပ်သော နယ်မြေများပေါ်တွင် တရုတ်လူမျိုးများကို တခြားလူမျိုးများထက် လူဦးရေ ပိုမိုများပြားရန် စီမံဆောင်ရွက်သွားရန်။
လက်ရှိ ကိုးကန့်တရုတ် (MNDAA) တပ်တို့ ထိန်းချုပ်သည့် နယ်မြေများသည် မြန်မာပြည်ဖွားဟန် တရုတ်လူမျိုးများနှင့် တရုတ်စကားပြောသော တရုတ်မျိုးနွယ်စုလူမျိုးများ အတန်အသင့်ရှိပြီး ဖြစ်သည်။ ပထမ အချက်မှာ တရုတ်လူမျိုးများ လူဦးရေတိုးပွားစေရန်အတွက် ရင်းနှီးမြုပ်နှံမှုကို တရုတ်ပြည်မမှ အများအပြား ခေါ်ယူပြီး ရင်းနှီးမြုပ်နှံစေခြင်းဖြင့် တရုတ်အလုပ်သမားများ ဝင်လာစေသော အချက်ဖြစ်သည်။ ဒုတိယအချက် အနေဖြင့် တရုတ်ပြည်မှ အလုပ်လက်မဲ့ဖြစ်နေသော ပညာတတ်တရုတ်လူငယ်များနှင့် ကျေးလက်မှ လယ်သမားတဖြစ်လဲ တရုတ်အလုပ်သမားများတို့ကို ဝန်ထမ်းနှင့် ကြေးစားစစ်သားအဖြစ် အမှုထမ်းစေခြင်းဖြင့် တရုတ်လူမျိုးများကို လူဦးရေတိုးပွားစေသည်။ အခုအခါတွင် အုပ်ချုပ်ရေးနယ်ပယ်မှာ ပြည်မတရုတ်ပညာရှင်ကို ခေါ်ယူသုံးထားကြောင်း သိရသည်။ သက်သေအနေဖြင့် ကွတ်ခိုင်ခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးသည် တရုတ်ပြည်မက တရုတ်လူမျိုးကို လောလောလတ်လတ် ခေါ်ယူခန့်အပ်ထားကြောင်း စုံးစမ်းသိရှိရသည်။
ယနေ့ တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းသည် လျင်မြန်စွာ တိုးတက်ထွန်းကားသည့် နောက်ပိုင်းတွင် အလုပ်သမား လိုအပ်မှုများစွာ လျှော့ချနိုင်သောကြောင့် ပညာတတ်လူငယ်လူရွယ်များနှင့် အလုပ်သမားများ အလုပ်လက်မဲ့များ ဖြစ်ကုန်ကြသည်။ တရုတ်ပြည်တွင် အလုပ်အကိုင်ရှားပါးလာမှုတို့ကြောင့် ထိုပညာတတ် လူငယ်လူရွယ်များနှင့် အလုပ်သမားများတို့သည် နည်းအမျိုးအမျိုးဖြင့် ပြည်ပသို့ထွက်ခွာသွားရန် ကြိုးပမ်း လာကြသည်။ တချို့က ကောင်းမွန်စွာ လုပ်ကိုင်စားသောက်ပြီး တချို့က အွန်လိုင်းဆိုင်ဘာငွေလိမ်ဂိုဏ်းထံသို့ ရောက်ကြသည်လည်း ရှိသည်။ တစ်ချို့လည်း လုယက်မှု၊ ခိုးမှု၊ ပြန်ပေးဆွဲမှုဒုစရိုက်မှုတို့ လုပ်လာနိုင်သည်။ တရုတ်လူမျိုးတို့အများစုသည် ငွေရလျှင် မည်သည့်အလုပ်မဆိုလုပ်ရဲသည့် သတ္တိရှိထားသဖြင့် ဖိတ်ခေါ်လျှင် ဝင်လာမစဲ တသဲသဲဖြစ်လာလိမ့်မည်။ ဝပြည်နယ်တစ်ခုထဲ တစ်နှစ်တွင် တရားဝင်ရော တရားမဝင်ပါ နေထိုင် ခွင့်ကျော်လွန်ပြီး နေထိုင်သော တရုတ်လူမျိုးများကို ငါးသောင်းကျော်ခန့် နှစ်စဉ်ပြန်ပို့နေရကြောင်း ဝပြည်နယ် သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဝပြည်နယ်အစိုးရအနေဖြင့် ဝပြည်နယ်၌ တရုတ်လူမျိုးလူဦး ရေတိုးပွားလာမည်ကို မလိုလားသဖြင့် နှစ်စဉ်ပြန်ပို့ပေးနေရခြင်း ဖြစ်သည်။ ဤအချက်ကို ကောင်းမွန်စွာ စီမံဆောင်ရွက်ပါက တရုတ်လူမျိုး လူဦးရေတိုးပွားလာရန် မခက်ခဲပေ။ ကိုးကန့်တရုတ် (MNDAA) တပ်တို့ ထိန်းချုပ်နယ်မြေမှတဆင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံး တရုတ်လူမျိုးလူဦးရေ အဆမတန်တိုးပွားစေပြီး နောင်အနှစ် ၅၀ ကျော်ပါက မြန်မာ့နိုင်ငံရေးနှင့် မြန်မာနိုင်ငံမြေပုံတို့လည်း တစ်မျိုးတစ်ဖုံပြောင်းလဲနိုင်ကောင်း ပြောင်းလဲ နိုင်ကိန်းရှိသည်။ လက်တွေ့အားဖြင့် ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်ရှိ ပလောင်ကျေးရွာများ၏ အဝင် ဆိုင်းဘုတ်များပေါ်မှ ပလောင်စာပေနှင့် ပလောင်လူမျိုး၏ ဝိသေတလက္ခဏာတို့ကို ဖျက်ဆီးပစ်ပြီး တရုတ်စာ ပြန်ရေးထားသည့် သတင်းများက သက်သေပြလျက်ရှိသည်။
၄။ လိုအပ်သော စစ်အင်အားများ ရသည်အထိ စုဆောင်းသွားပြီး တောင့်တင်းခိုင်မာသော စစ်တပ်တည် ဆောက်သွားရန်။
ဤအချက်က အလွန်ရှင်းပါသည်။ နယ်မြေဒေသတစ်ခုကို တည်တံ့ခိုင်မာရေးအတွက် ခေတ်မီတိုးတက် ကောင်းမွန်သော တောင့်တင်းခိုင်မာသော စစ်တပ်လိုအပ်နေသည်။ ကိုးကန့်အနေဖြင့် ငွေနှင့် ရုပ်ဝတ္ထုလက်နက် ပစ္စည်းအတွက် လွန်စွာ ပူပင်စရာမရှိသော်ငြားလည်း လူသားအရင်းအမြစ် ခက်ခဲလိမ့်မည်ဟု တစ်ချို့က တွက်ဆထားသော်လည်း အမှန်စင်စစ်လူသားအရင်းမြစ်ကလည်း မခက်ခဲပေ။ ကနေ့တွေ့မြင်နေသည့် ကိုးကန့် တရုတ် (MNDAA) တပ်ထဲက စစ်သားများသည် ဗမာလူမျိုးအများအပြား တွေ့မြင်ပါလိမ့်မည်။ မြန်မာနိုင်ငံ အောက်ပိုင်း၊ အလယ်ပိုင်းဒေသနှင့် အညာဒေသမှာ စစ်ဖြစ်နေပြီး အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ဖြစ်နေချိန် ကိုးကန့်တရုတ် (MNDAA) တပ်ဆီ ကြေးစားစစ်သား လာလုပ်နေကြကြောင်း တွေ့မြင်နေရသည်။ တစ်ချို့က ဤဒေသမှာ နေထိုင်နေကြသော ဗမာလူမျိုးလည်း အများအပြားတွေ့နေရသည်။ တစ်လလျှင် တရုတ်ယွမ်ငွေ ၁၀၀၀ မှ ၃၀၀၀ အထိ ပေးနေသဖြင့် အလုပ်ရှားပါးနေချိန် ဝင်လုပ်ရန် ဝန်လေးမည်မဟုတ်ချေ။ ယခုအခါ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းက ဟန်တရုတ်လူမျိုးများအပြင် တခြားလူမျိုးများကိုလည်း တစ်အိမ်ထောင်စု လျှင် စစ်မှုထမ်းမနေရအမိန့်ဖြင့် စစ်သားစုဆောင်းနေကြသည်။
နောက်တစ်နည်း အထက်ဆိုထားသည့်အတိုင်း တရုတ်နိုင်ငံတွင် အလုပ်လက်မဲ့များ ဖြစ်နေကြသော ပညာတတ်လူငယ်လူရွယ်များ၊ အလုပ်သမားများ၊ တရားဥပဒေစိုးမိုးမှု အားကောင်းသော တရုတ်နိုင်ငံထဲတွင် လူမိုက်လုပ်ခွင့်မရသော လူမိုက်များနှင့် ဝရမ်းပြေးများ၊ အခြားအရွယ်စုံသော တရုတ်လူမျိုး ကျား+မ အများအပြားတို့သည် ကိုးကန့်တရုတ် (MNDAA) တပ်တို့၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းမည့် သုံးမကုန်သော ရတနာသိုက်ကြီးဖြစ်နေသည်။ ထို့ကြောင့် ကိုးကန့်တရုတ် (MNDAA) တပ်တို့အတွက် ခေတ်မီပြီး အင်အား တောင့်တင်းခိုင်မာသော စစ်တပ်တစ်တပ် တစ်ခုတည်ဆောက်ရန် ၁၀ နှစ်ထက် အချိန်ပေးစရာမလိုပါ။
၅။ ရည်မှန်းချက် မပြည့်မချင်း တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။
ဤအချက်လည်း ရှင်းပါသည်။ တရုတ်အစိုးရနှင့် နှစ်ပေါင်းများစွာ ဆက်ဆံလာသည့်အတွေ့အကြုံအရ မည်ကဲ့သို့ပေါင်းသင်းဆက်ဆံမည်ကို လုံးဝကျွမ်းကျင်သည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့၏ နောက် ကွယ်မျာ တရုတ်အစိုးရက ရပ်တည်ထားနေကြောင်း ဆိုသောအချက်သည် မည်မျှမှန်ကန်နေသနည်းဆိုရာမှာ ကျွန်တော်လည်း တပ်အပ်မပြောနိုင်ပါ။ ယနေ့ ခေတ်စားနေသည့် Proxy War ကိစ္စလည်း မည်မျှအတိုင်းအတာ အထိ မှန်ကန်မည်နည်း။ အကယ်၍ မှန်ကန်ပါက Proxy State လည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။ တခြား တရုတ်မဟုတ်သော တိုင်းရင်းသားအနေဖြင့် လုံးဝမဖြစ်နိုင်သော်လည်း ကိုးကန့်တရုတ်လူမျိုးအနေဖြင့် လူမျိုး နွယ်တူ အားကိုးအားထားပြုနေကြသဖြင့် ပို၍ နီးစပ်ကာ ပို၍ ဖြစ်နိုင်ခြေများသည်။
တစ်ဖက်မှာလည်း နယ်စပ်နှင့်ထိစပ်နေသဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာလျှင် တရုတ် အစိုးရလည်း လက်ပိုက်ကြည့်နေသည့် ကိစ္စမဟုတ်။ ထဲထဲဝင်ဝင်ပါလာတတ်ကြောင်း တွေ့မြင်နေရသည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့က Proxy State ဖြစ်ပေါ်လာရန် ကောင်းမွန်စွာ တည်ဆောက်နိုင်ရေး အတွက် တရုတ်အစိုးရအနေဖြင့် နောက်ကနေ မည်မျှအတိုင်းအတာထိ ပါဝင်နေကြောင်း အချိန်က ပြောပြ ပါလိမ့်မည်။ ဝပြည်နယ်နှင့် မိုင်းလားအထူးဒေသ (၄) ကဲ့သို့ နောင်နှစ် ၃၀ ကျော်လာလျှင် မြန်မာနိုင်ငံအတွက် အချိန်က အလွန်ပင်နောက်ကျနေမည်ဖြစ်သည်။ ထိုအချိန်တွင် Proxy State ကို မျက်ဝါးထင်ထင်မြင်တွေ့ ရလိမ့်မည်ဖြစ်သည်။
၆။ တရုတ်အစိုးရကို အသုံးချပြီး မြန်မာအစိုးရနှင့်အတန်အသင့်ကောင်းမွန်သော ဆက်ဆံရေးထားရှိပြီး မြန်မာအစိုးရ၏ စစ်တပ်အင်းအားကို ထိန်းညှိနိုင်ရေးအတွက် အတိုက်အခံဖက်အား ငွေနှင့် လက်နက် ပစ္စည်းများကို လျှို့ဝှက်စွာ ကူညီသွားရန်။
ဤအချက်က အရေးကြီးသည့်အချက်ဖြစ်သည်။ တရုတ်အစိုးရကို အသုံးချသည့်နေရာမှာ မြောက်ပိုင်း ဒေသတစ်ခုလုံးတွင် တရုတ်အစိုးရအနေဖြင့် လုံးဝတိုက်ပွဲမဖြစ်ပွားစေလိုသော ကိစ္စဖြစ်နေသည်။ မည်သည့် အကြောင်းပြချက်မျိုးမှ တိုက်ပွဲပြန်ဖြစ်မည့် ကိစ္စမျိုး တရုတ်အစိုးရက မလိုလားပါ။ တွေ့ဆုံဆွေးနွေးတိုင်းမှာ လားရှိုးမြို့နယ်တစ်ခုလုံးနှင့် သိန်းနီမြို့နယ်တစ်ခုလုံး ကိုးကန့်တရုတ် (MNDAA) တပ်အား ဆုတ်ခွာပေးရန် မြန်မာစစ်တပ်က အမြဲတောင်းဆိုထားသော်လည်း ကိုးကန့်တရုတ် (MNDAA) တပ်တို့ လုံးဝလက်မခံပါ။ လုံးဝ မဆုတ်ခွာပေးပါ။ အချိန်မည်မျှကြာကြာဆွေးနွေး၍ ရပါသည်။ သို့သော် တိုက်ပွဲလုံးဝ မဖြစ်ပွားရဘူးဆိုသည့် အချက်အပေါ် ကိုးကန့်တရုတ် (MNDAA) တပ်က အခွင့်ကောင်းယူပြီး အင်အားတည်ဆောက်ရင်း နောက်ထပ် လိုအပ်သည့် နယ်မြေများကို အခွင့်အရေးပေးလျှင်ပေးသလို ပြန်တိုက်နိုင်ခြေရှိသည်။
ပြန်တိုက်ရန်အတွက် လက်ရှိဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အရှိန်မကျရန် ငွေနှင့် ရုပ်ဝတ္ထုပစ္စည်းများ ကူညီခြင်းဖြင့် မြန်မာစစ်တပ်ကို ကောင်းစွာ ထိန်းထားနိုင်သည်။ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်ရခြင်း အကြောင်း ရင်းလည်း ဤအချက်ကို ကောင်းစွာ အသုံးချခြင်းဖြစ်သည်။ လွန်ခဲ့သည့် မတ်လလယ်ခန့်က KNDF ကယန်း တပ်မှူး ကိုမာဝီးနှင့် KNU/KNLA ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဘောကျော်ဟဲတို့လက်နက်ဝယ်ယူရေးအတွက် လောက်ကိုင်မြို့ကို ရောက်ရှိကြောင်း ကိုးကန့်တပ်မှူးဟောင်းဆီကနေတဆင့် ကြားသိရသည်။ သင်္ကြန်ကာလ ကတည်းက ဒေါတ်တာတေဇာဆန်းအဖွဲ့လည်း လောက်ကိုင်မြို့မှာ ရောက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ငွေရှာမည်။ လက်နက်ထုတ်လုပ်မည်။ NUG, PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ကို အသင့်တင့်ကူညီလျှင် မိမိကိုယ်ကို ကာကွယ်ရာရောက်သည်ဟူသော အချက်ကို နှလုံးပိုက်ကာ မိမိအတွက် အကျိုးအမြတ်များစွာ ရရှိကြောင်း သိသည်။ စေတနာရှိ၍ ကူညီသည်မဟုတ်။ TNLA နှင့် AA တပ်ဖွဲ့တို့သည် ကိုးကန့်တရုတ် (MNDAA) တပ်ကို များစွာ ကူညီခဲ့သည်။ ကျေးဇူးကန်း၍ ယခုအချိန်မှာ ၎င်းတို့အတွက် အသုံးမဝင် ပြိုင်ဘက်လူပိုကဲ့သို့ မြင်သောအခါ ရန်သူကဲ့သို့ သဘောထားလာသည်။ ကျင်စန်ကျော့၊ မိုင်းယု ၁၀၅ မိုင်၊ ကြူကုတ်ပန်ဆိုင်း၊ မုံ့ပေါ်တံတားကို အတူတကွတိုက်ခိုက်ခဲ့သည့် TNLA တပ်ကို မောင်းထုတ်ပြီး များမကြာမီ ရှမ်း/မြောက်ရှိ KIA, AA တပ်ကိုလည်း ထပ်မောင်းထုတ်ရန် ရှိနိုင်ခြေဖြစ်သည်။
ကျွန်တော်ဆေးဝါးကုသနေချိန် လောက်ကိုင်မြို့ရောက် CDM ဆရာဝန်များ ၂၀၀ နီးပါးရှိကြောင်း သိရသည်။ ထိုဆရာဝန်များအားလုံး ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးစသည့် စစ်ရာထူးနှင့် ပေးအပ်ကာ ကတိသစ္စာရေသောက်ခိုင်းပြီး သစ္စာခံစေသည်။ ထိုဆရာဝန်ထဲမှာ နှလုံးအထူးကု၊ မျက်စိအထူးကု၊ ခွဲစိတ်အထူးကု၊ သမားတော်ကြီးမျာ၊ မေ့ဆေးအထူးကု၊နှင့် သူနာပြုဆရာ/မများ ပါကြသည်။ ဆရာဝန်များ အပြင် တခြားပညာရှင်များနှင့် အင်ဂျင်နီယာများလည်း အနည်းအကျဉ်းပါကြသည်။ လစာအနေဖြင့် သူနာပြု ဆရာ/မ တစ်ဦးလျှင် ၅၀၀၀ ယွမ်အထက်၊ လက်ထောက်ဆရာဝန်တစ်ဦးလျှင် ၁၀၀၀၀ ယွမ်အထက်၊ အထူးကု ဆရာဝန်တစ်ဦးလျှင် ၁၅၀၀၀ ယွမ်အထက်၊ ဆေးရုံအုပ်နှင့် သမားတော်တစ်ဦးလျှင် ၂၀၀၀၀ ယွမ်အထက် စတင်ပေးထားကြောင်း အကြမ်းအားဖြင့် သိရသည်။ ဦးနှောက်ကို ဖောက်စားခံရသော ဗမာပညာရှင်များ ဖြစ်ကြ သည်။
ကိုးကန့်တရုတ် (MNDAA) တပ်က ၎င်းတို့နယ်မြေမသိမ်းပိုက်မီ ရှမ်းပြည်မြောက်ပိုင်းရှိ EAO,s အားလုံးကို အသုံးချခဲ့သည်။ မိုင်းလားကို ဗဟိုဌာနချုပ်အဖြစ်ထားပြီး လက်နက်နှင့် ငွေကြေးရှာသည်။ ဝပြည်ကို စစ်သင်တန်းပေးရာဌာနထားပြီး စစ်လက်နက်ပစ္စည်းများကိုလည်း ဝပြည်နယ်အစိုးရထံ အကြွေးစနစ်ဖြင့် အများ အပြားယူသည်။ SSPP/SSA ဒေသကို စစ်သင်တန်းဖွင့်သည်။ နောက်ပိုင်းတွင်း စီးပွားရှာရာဒေသအဖြစ် အသုံးချခဲ့သည်။ KIO/KIA ဒေသကို စစ်သင်တန်း၊ လက်နက်သင်တန်း၊ နည်းပညာသင်တန်းအမျိုးမျိုး သုံးသည်။ PSLF/TNLA အဖွဲ့က ကိုးကန့်ဒေသသို့ ဝင်ရောက်နိုင်ရန် နယ်မြေကို အသုံးပြုခွင့်ပေးသည်။ UWSA ဝပြည်နယ်နှင့် KIO/KIA
ဒေသမှ သင်တန်းသားများနှင့် တပ်ဖွဲ့တို့ကို လမ်းခရီးတွင် ကြိုပို့ပေးခဲ့သည်။ ပထမအကြိမ် ကိုးကန့်ဒေသကို စတင်ဝင်ရောက်တိုက်ခိုက်ချိန် AA တပ်နှင့်အတူ ကူညီတိုက်ခိုက်ခဲ့သည်။ အာရက္ခတပ်တော် AA က ကိုးကန့်တရုတ် (MNDAA) တပ်ကို အများဆုံးကူညီသော အဖွဲ့ဖြစ်သည်။ ပထမ အကြိမ် ကိုးကန့်ဒေသကို စတင်ဝင်ရောက် တိုက်ခိုက်ချိန်မှ ၁၀၂၇ စစ်ဆင်ရေးဒုတိယပတ်အထိ တပ်အင်အား ထောင်ချီ ပူးတွဲတိုက်ခိုက်ပေးသည့် အဖွဲ့ဖြစ်သည်။ ရာချီ၍ အသက်ပေးဆပ်ခဲ့ကြရသည်။ ထောင်ချီ၍ ဒဏ်ရာ ကြီးငယ်ရခဲ့ကြသည်။
ကိုးကန့်တရုတ် (MNDAA) တပ်အနေနှင့် ငွေကြေးနှင့် စစ်လက်နက်ပစ္စည်းအဖြစ် AA နှင့် TNLA တို့ကို ပြန်လှန်ကူညီခဲ့သည်။ သို့သော် ၎င်းတို့ကူညီပုံမှာ ၎င်းတို့ထံ စစ်မျက်နှာမပြင်းထန်လိုသော အချက်ကို ကြည့်ပြီး လိုအပ်သလို လိုတိုးပိုလျှော့စနစ်ဖြင့် ၎င်းတို့အတွက် အကျိုးဖြစ်ထွန်းမှုအပေါ်မှာ မူတည်ပြီး ကူညီခြင်းသာ တွေ့ရသည်။ ယခုအခါတွင် ၎င်းတို့လိုအပ်သော နယ်မြေများကို လုံးဝနီးပါးရပြီဖြစ်၍ မဟာမိတ်များကို မကူညီရုံမျှမက ညီနောင်မဟာမိတ်တို့နယ်မြေကိုပါ ထပ်မံပြန်တိုက်ခိုက်သည့်အဆင့် ပြန်ဖြစ်နေရခြင်းသည် အလေးပေးစဉ်းစားတွေးဆစရာတစ်ခု ဖြစ်လာသည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့ ကွတ်ခိုင်မြို့နယ်ကို စစ်တပ်အလုံးအရင်း ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် PSLF/TNLA တပ်က ဦးမင်းအောင်လှိုင်အစိုးရသစ်ကို ဂုဏ်ပြုကြိုဆိုကြောင်း သဝဏ်လွှာပို့သရခြင်းလည်း ဖြစ်နိုင်သည်။ မိမိယုံကြည်ရသော ညီနောင်မဟာမိတ်ဆိုပြီး မိမိ၏နောက်ကျောကို ဓားနှင့်ထိုးခံရသည့်အခါ နောက်ကျောမလုံသဖြင့် မလွဲမရှောင်သာ လုပ်လိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကွတ်ခိုင်မြို့ကို စတင်တိုက်ခိုက်ထိုးစစ်ဆင်သည့် မတ်လ ၁၄ ရက်နေ့တွင် TNLA ရဲဘော် ၃ ယောက်ကို ကြိုးတုပ်ချည်ပြီး အရှင်လတ်လတ်ပစ်သတ်သော ဖြစ်စဉ်လည်း ရှိသည်။ တခြား ခိုင်လုံသော အကြောင်းပြချက်များလည်း ရှိကောင်းရှိနိုင်သေးသည်။
အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်က ကိုးကန့်တရုတ် (MNDAA) တပ်ထံ တရုတ်နိုင်ငံနယ်စပ်ဂိတ်ပေါက်တစ်ခုရရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ ဂိတ်ပေါက်သည် ကြူကုတ်ပန်ဆိုင်းနှင့် မုံ့ကိုးဖောင်ဆိုင်အကြားရှိ သင့်တော်သော နေရာတစ်ရာတွင် ဂိတ် ဖွင့်လှစ်ခွင့်တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံအစိုးရလည်း ကန့်ကွက်မှု မရှိကြောင်း သိရသည်။ သို့သော် ကိုးကန့် တရုတ် (MNDAA) တပ်တို့က အဆိုပါ ဂိတ်ဖွင့်လှစ်ခွင့်တောင်းဆိုမှုကို ၃ နှစ်ကျော်ကြာမြင့်ခဲ့သော်လည်း ယနေ့အထိ ဖွင့်လှစ်ခွင့်မရသေးကြောင်း ကြားသိရသည်။ ကိုးကန့်တရုတ် (MNDAA) တပ်တို့အပေါ် ပြုပေး ခဲ့သော ကျေးဇူးတရားဆိုသည်မှာ မည်ကဲ့သို့ အဓိပ္ပါယ် ဖွင့်ဆိုပေးရမည်နည်း။ ယနေ့ လောက်ကိုင်မြို့၌ ခြေချင်းလိမ်နေအောင် ရောက်နေကြသော NUG, PDF, EAO,s တို့လည်း ဆင်ခြင်တွေးတောနိုင်ရန် စေတနာဖြင့် တင်ပြခြင်းဖြစ်သည်။ ကိုးကန့်တရုတ် (MNDAA) တပ်၏ အသုံးချခံ မှလွဲ၍ အခြားအကျိုးအမြတ် ရမည်မဟုတ်။
ပြီးခဲ့သော တစ်ပတ်ကျော်က လားရှိုးမြို့မှာ မြန်မာအစိုးရကိုယ်စားလှယ်၊ တရုတ်နိုင်ငံကိုယ်စားလှယ်၊ ကိုးကန့်တရုတ် (MNDAA)၊ UWSP, SSPP တို့တွေ့ဆုံပြီး တရုတ်၏ ပိုးလမ်းမသစ် (Belt and Road Initiative (BRI) စီမံကိန်းထဲက ရထားလမ်းပိုင်းကို ပြန်စနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သတင်း၌ ဖော်ပြလာသည်။ သတင်း ထဲမှာ ယခုနှစ် လာမည့် မေလလောက်ပြန်စမည်ဟု ပါလာသည်။ အကယ်၍ ဤသတင်း မှန်ကန်ပြီး လက်တွေ့ အကောင်အထည်ဖော်မည်ဆိုပါက ရှမ်း/မြောက်ဒေသလက်နက်ကိုင်အဖွဲ့အပေါ် အကျိုးသက်ရောက်မှုအတွက် ခန့်မှန်းရန် အလွန်စောသေးသည်။ နောက်တစ်ခု တရုတ်အစိုးရ၏ လိုလားချက်က နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်း ပြန်ဖွင့်လှစ်ရေးဖြစ်သည်။ ဤနေရာမှာ မြန်မာအစိုးရအနေနှင့် ဖွင့်လည်းခက် မဖွင့်လည်းခက် ဆုတ် လည်းစူး စားလည်းရူး ဆိုသည့်အတိုင်း ဖြစ်နေသည်။ ဖွင့်လိုက်လျှင် ကုန်သွယ်ခွန်တစ်ချို့ကို လက်နက်ကိုင် အဖွဲ့ အထူးသဖြင့် ကိုးကန့်တရုတ် (MNDAA) တပ်ထံ စီးဆင်းဝင်ရောက်မည် ဖြစ်သည်။ မဖွင့်ပြန်တော့လည်း တရုတ်အစိုးရ၏ ဖိအားကို မလွန်ဆန်နိုင်။ မြန်မာအစိုးရကိုယ်တိုင်ကလည်း ကုန်သွယ်ခွန်ငွေကို အလွန်အမင်း လိုအပ်နေသူဖြစ်သည်။ ဖွင့်ပြန်လျှင် သေချာပေါက် ကိုးကန်တရုတ် (MNDAA) တပ်က ပိုချမ်းသာပြီး နယ်မြေ ခိုင်မာရေးအတွက် ပို၍ တိုးပြီး တည်ဆောက်လာနိုင်သည်။
အချုပ်အားဖြင့် တင်ပြရလျှင် ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်းကို တခြားကိစ္စစဉ်းစားစရာ မလိုပါ။ လက်ရှိအရေးတကြီးလိုအပ်နေသည့် ကုန်သွယ်ရေးလမ်းကြောင်းဖွင့်လှစ်ရေးကိစ္စကို တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့်စနစ်ဖြင့် သီပေါမြို့မှ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ မိုင်းယု ၁၀၅ မိုင်၊ ကျင်စန်ကျော့အထိ လမ်းပေါ်ရှိ ကိုးကန့်တရုတ် (MNDAA) တပ်နှင့် အခြား EAO,s တပ်တို့ကို တရုတ်အစိုးရအနေနှင့် ဖယ်ရှားပေး နိုင်မှသာလျှင် ကုန်သွယ်ရေးလမ်းဖွင့်ပေးမည်။ တရုတ်၏ ပိုးလမ်းမသစ် BRI စီမံကိန်းထဲက ရထားလမ်းပိုင်း ကိုလည်း ပြန်လည်စတင်ဆောက်လုပ်မည်။ တစ်ဆက်တည်းတွင် သိန်းနီမှ ကွမ်းလုံ၊ ချင်းရွှေဟော်အထိ၊ မိုင်းယု ၁၀၅ မိုင်မှ ကြူကုတ်ပန်ဆိုင်း အထိ ကိုးကန့်တရုတ် (MNDAA) တပ်တို့ တပြိုင်နက်ထဲဆုတ်ခွာပေးရန် တရုတ်အစိုးရနှင့် ကိုးကန့်တရုတ် (MNDAA) တပ်တို့ထံအား တောင်းဆိုပေးရမည်။ အကယ်၍ မဆုတ်ခွာ ပေးပါက ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်ရေးနှင့် ပိုးလမ်းမသစ် BRI စီမံကိန်းကို ပြန်စတင်ရေးကိစ္စရပ်များ လုံးဝရပ်ဆိုင်းထားရမည်။ သို့သော် ကိုးကန့်တရုတ် (MNDAA) တပ်တို့အား ထိုဒေသကို (၃) နှစ်ထက် ပိုနေခွင့် မပြုပေးသင့်ကြောင်း ၂၀ နှစ်ကျော်ကာလပတ်လုံး ကျွန်တော်၏ ဘဝအတွေ့အကြုံနှင့် ကိုယ်ခန္ဒာတို့ကို အရင်း ပြုပြီး အကြံပြုအပ်ပါသည်။
သာလီစွပါ
အာရက္ခတပ်တော် AA ရဲဘော်ဟောင်းတစ်ဦး
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်၊ သောကြာနေ့။