No. Islam does not allow terrorism under any circumstance, and it does not authorize harming innocent people.
This is consistent across the Qur’an, the teachings of Prophet Muhammad (peace be upon him), and the entire classical Islamic legal tradition.
Look at the following points:
1. The Qur’an clearly forbids harming innocent people
Islam considers the unjust killing of any innocent person—Muslim or non-Muslim—as one of the gravest sins.
“Whoever kills a soul … it is as if he has killed all of humanity.” (Qur’an 5:32)
This verse was revealed to stop violence, not to justify it.
2. “Terrorizing civilians” is categorically forbidden
Prophet Muhammad repeatedly prohibited:
- attacking non-combatants
- harming women, children, elders
- destroying crops, homes, or places of worship
- mutilation, cruelty, or treachery
These are all considered major sins in Islamic law.
3. The term “terrorism” contradicts Islamic principles
Classical Islamic ethics of war have strict rules:
- No targeting civilians.
- No harming people who are not fighting.
- No collective punishment.
- No torture, cruelty, or intimidation of the public.
Modern terrorism explicitly violates all of these.
4. Islam recognizes only legitimate self-defense
Muslims may defend themselves only if attacked and only within strict limits. Anything beyond that is haram (forbidden).
Self-defense ≠ terrorism.
5. Muslims around the world overwhelmingly reject terrorism
Global surveys from independent bodies consistently show that:
- Majorities in Muslim-majority countries oppose terrorist acts.
- Most terrorist victims worldwide are actually Muslims, not Westerners.
- Extremist groups represent political agendas, not Islam.
6. Extremism is a political problem, not a religious teaching
Groups like ISIS, Al-Qaeda, etc.:
- cherry-pick verses,
- ignore the Prophet’s teachings, and
- violate centuries of Islamic scholarship.
Their actions are condemned by the world’s leading Muslim scholars and institutions, including Al-Azhar, Nahdlatul Ulama, Islamic Fiqh Academy, OIC, and countless fatwa councils.
Islam does not authorize terrorism. Islam forbids the harming of innocents, prohibits cruelty, and teaches justice and mercy.
Any person or group committing terrorism is violating Islam, not following it.
၁၃/ အစ္စလာမ်ဘာသာသည် မွတ်စလင်များအား အကြမ်းဖက်မှုပြုခွင့်ပေးသလား?
သို့မဟုတ် အစ္စလာမ်က အကြမ်းဖက်ဝါဒကို အားပေးတိုက်တွန်းခွင့်ပြုထားသလား?
မဟုတ်ပါ။ ခွင့်မပြုပါ။
- အစ္စလာမ်ဘာသာသည် မည်သည့်အခြေအနေတွင်မျှ အကြမ်းဖက်မှုကို ခွင့်မပြုပါ။
- အစ္စလာမ်ဘာသာက အပြစ်မဲ့သူများကို ထိခိုက်နစ်နာစေခြင်းကိုလည်း ခွင့်ပြုမထားပါ။
အထက်ပါအချက်သည်-
- ကုရ်အာန်၊
- ပရောဖက်မိုဟမ္မဒ် (ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ၏ သွန်သင်ချက်များနှင့်
- ရှေးရိုးအစ္စလာမ် ဥပဒေရေးရာ အစဉ်အလာ တစ်ခုလုံးတွင် တသမတ်တည်း ဖြစ်ပါသည်။
အောက်ပါအချက်များကို ကြည့်ပါ-
၁။ ကုရ်အာန်သည် အပြစ်မဲ့သူများကို ထိခိုက်နစ်နာစေခြင်းကို ရှင်းရှင်းလင်းလင်း တားမြစ်ထားသည်
အစ္စလာမ်သည် မည်သည့်အပြစ်မဲ့သူမဆို—မွတ်စလင် သို့မဟုတ် မွတ်စလင်မဟုတ်သူ—ကို မတရားသတ်ဖြတ်ခြင်းအား အပြစ်အကြီးဆုံးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားပါသည်။
“မည်သူမဆို လူတစ်ဦးကို သတ်လျှင်… ၎င်းသည် လူသားအားလုံးကို သတ်ဖြတ်သကဲ့သို့ ဖြစ်သည်။” (ကုရ်အာန် ၅:၃၂)
ကျမ်းမြတ်ကုရ်အာန်၏ ဤအခန်းသည် အကြမ်းဖက်မှုကို ရပ်တန့်ရန်အတွက် ဖော်ပြခဲ့ခြင်းဖြစ်သည်၊ မှန်ကန်ကြောင်း သက်သေပြရန် မဟုတ်ပါ။
၂။ “အရပ်သားများကို အကြမ်းဖက်ထိတ်လှန့်အောင်လုပ်ခြင်း” ကို လုံးဝ တားမြစ်ထားသည်။
ပရောဖက်မိုဟမ္မဒ်သည် အောက်ပါအမိန့်များဖြင့်အကြိမ်ကြိမ် တားမြစ်ခဲ့သည်-
- တိုက်ပွဲမဝင်သူများကို တိုက်ခိုက်ခြင်း
- အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများကို ထိခိုက်နစ်နာစေခြင်း
- လယ်ယာများ၊ အိမ်များ၊ သို့မဟုတ် ကိုးကွယ်ရာနေရာများကို ဖျက်ဆီးခြင်း
- ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် သစ္စာဖောက်မှု
ဤအရာများအားလုံးကို အစ္စလာမ်ဥပဒေတွင် အပြစ်ကြီးများအဖြစ် မှတ်ယူပါသည်။
၃။ “အကြမ်းဖက်ဝါဒ” သည် အစ္စလာမ်၏ အခြေခံမူများနှင့် ဆန့်ကျင်သည်
အစ္စလာမ် စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များတွင် တင်းကြပ်သော စည်းမျဉ်းများရှိသည်-
- အရပ်သားများကို ပစ်မှတ်မထားရန်။
- တိုက်ခိုက်နေခြင်းမရှိသူများကို ထိခိုက်နစ်နာစေမှု မရှိစေရန်။
- စုပေါင်းအပြစ်ပေးမှု မရှိစေရန်။
- ညှဉ်းပန်းနှိပ်စက်မှု၊ ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် လူထုကို ခြိမ်းခြောက်မှု မရှိရန်။
ခေတ်သစ် အကြမ်းဖက်ဝါဒသည် အထက်ပါအချက်များအားလုံးကို ချိုးဖောက်သည်။
၄။ အစ္စလာမ်သည် ကိုယ့်ကိုယ်ကို တရားသဖြင့် ခုခံကာကွယ်ခြင်းကိုသာ ခွင့်ပြုသည်
မွတ်စလင်များသည် ရန်ပြုတိုက်ခိုက်ခံရပါမှသာလျင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ပြီး၊
ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်းကိုလည်း တင်းကြပ်သော ကန့်သတ်ချက်များအတွင်းမှသာခွင့်ပြုသည်။ လိုအပ်တာထက်ပိုသော မည်သည့်ရန်ပြုမှုများကို ဟာရမ် အဖြစ်သတ်မှတ်၍တားမြစ်ထားသည်။
ကိုယ့်ကိုယ်ကို ခုခံကာကွယ်ခြင်း မှာ အကြမ်းဖက်ဝါဒမဟုတ်ပါ။
၅။ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များသည် အကြမ်းဖက်ဝါဒကို အလွန်ကြီးမားစွာ ဆန့်ကျင်ကြသည်
လွတ်လပ်သော အဖွဲ့အစည်းများနှင့် ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းများကအောက်ပါအချက်များကို အတည်ပြုကြသည်-
- မွတ်စလင်လူဦးရေ များသော နိုင်ငံများရှိ လူအများစုသည် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ကြသည်။
- ကမ္ဘာတစ်ဝှမ်းရှိ အကြမ်းဖက်မှု သားကောင်များ အများစုမှာ အနောက်နိုင်ငံသားများ မဟုတ်ဘဲ မွတ်စလင်များ ဖြစ်နေကြသည်။
- အစွန်းရောက်အဖွဲ့များသည် နိုင်ငံရေးကြောင့်ဖြစ်သည်၊ အစ္စလာမ်နှင့်မဆိုင်ပါ။
၆။ အစွန်းရောက်ဝါဒသည် နိုင်ငံရေး ပြဿနာတစ်ခု ဖြစ်သည်၊ ဘာသာရေး သွန်သင်ချက်မဟုတ်ပါ
အိုင်အက်စ ISIS၊ အလ်ကိုင်ဒါ Al-Qaeda စသည်ဖြင့် အဖွဲ့များသည်-
- ကုရ်အန်ကျမ်းများမှကို သူတို့အကြိုက်ရွေးချယ်ကောက်နုတ်လိုရာဆွဲတလွဲထုတ်ယူကြသည်၊
- တမာန်တော်၏ သွန်သင်ချက်များကို လျစ်လျူရှုကြသည်၊ နှင့်
- ရာစုနှစ်များစွာသွန်သင်ကျင့်သုံးနေသော အစ္စလာမ် ပညာရှင်များ၏ အဆုံးအမများကို ချိုးဖောက်ကြသည်။
၎င်းတို့၏ လုပ်ရပ်များကို ကမ္ဘာ့ထိပ်တန်း မွတ်စလင် ပညာရှင်များနှင့် အဖွဲ့အစည်းများ—အလ်အဇ်ဟာ Al-Azhar၊ Nahdlatul Ulama၊ Islamic Fiqh Academy၊ အိုအိုင်စီ OIC နှင့် မရေမတွက်နိုင်သော ဖတ်ဝါ ဓမ္မဿတ်ကောင်စီများ ကရှုတ်ချကြသည်။
- အစ္စလာမ်သည် အကြမ်းဖက်ဝါဒကို ခွင့်ပြုမထားပါ။
- အစ္စလာမ်သည် အပြစ်မဲ့သူများကို ထိခိုက်နစ်နာစေခြင်းကို တားမြစ်သည်၊
- ရက်စက်ကြမ်းကြုတ်မှုကို တားမြစ်သည်၊
- တရားမျှတမှု နှင့် ကရုဏာကို သွန်သင်သည်။
- အကြမ်းဖက်မှုကျူးလွန်သော မည်သည့်မွတ်စလင် သို့မဟုတ် အဖွဲ့မဆို အစ္စလာမ်ဥပဒေကို ချိုးဖောက်နေခြင်း ဖြစ်သည်၊ လိုက်နာနေခြင်းမဟုတ်ပါ။
ကဲဒါတွေကအဓိကအတိုချုပ်ပဲ။ ကျနော့်ကိုနည်းနည်း အကျယ်ချဲ့တင်ပြခွင့်ပြုပါ။
အစ္စလာမ်က အကြမ်းဖက်မှု့ကို ဆန့်ကျင်ပါတယ်။ ဘယ်လိုတွေဆန်ကျင်သလဲဆိုတော့ ကိုယ့်ကို ဘယ်လောက် အနိုင်ကျင့်တယ်ပဲပြောပြော ပါလက်စတိုင်းကိစ္စမှာတောင် ဟားမတ်တွေသွားပြီး လုပ်တယ်ဆိုတဲ့ဟာက ဘာ ပြောပြောလေ အစ္စလာမ် အနေနဲ့ကြည့်မယ်ဆိုရင် ဒါက ပုံမှန်မဟုတ်ဘူး။ လွန်တယ်။
အရင်က ဖါတာအဖွဲ့ကလေယဉ်ပြန်ပေးဆွဲတာတွေ သွား ပြီးတော့ နိုင်း အလဲဗင်း အမေရိကန် နိုင်ငံထဲဝင်ပြီးပြန်လုပ်မယ်ဆိုတာတွေက အဲ့ဒါတွေက မဟုတ်ဘူး။ အပစ်မဲ့တဲ့ အများကို တော့မလုပ်သင့်ဘူး။
ဒါပေမဲ့ စစ်တပ်က လုပ်တယ်ဆိုရင်တော့ အဲ့ဒီစစ်တပ်ကိုပြန်လုပ်ပေါ့။ သူတို့ကတော့ ပြောမှာ ပေါ့ဗျာ အစ္စရေးတနိုင်လုံးအကုန်လုံးစစ်ထဲဝင်ထားပြီးသားတို့ဘာတို့ ။ဟိုဘက်ကလည်းပြန်ပြောတာပေါ့ဗျာ အားလုံးမှာတာဝန်ရှိတယ်၊ အားလုံးဟာ တညီတညွတ်ထဲပဲ ။အဲ့လိုဆိုရင်တော့ မပြီးတော့ဘူးဗျာ။ အဲ့လိုအားလုံးကိုစပေါင်း ကလဲ့စားချေတာတွေကို ရပ်ပစ်မှရမှာ။
အကြမ်းဖက်မှု ကိုတဦးတဖွဲ့ကလုပ်တာကြောင့် တမျိုးလုံး တနိုင်ငံလုံး လူမျိုးတမျိုးလုံးကို ပြန်အပြစ်ပေးရမယ် ဆိုတော့ အဲဒါမဟုတ်သေးဘူး အဲဒါကို အစ္စလာမ် ကလည်းဆန့်ကျင်တယ် ခွင့်မပြုဘူး။
ဘယ်သူတွေက ဘယ်လောက်ကြီး ကိုယ့်ကို လုပ်ထားလို့ ဉပမာ-
- တချို့ရခိုင်တွေ/ အေအေက လုပ်လို့ ရခိုင်တွေ အေအေတွေ အကုန်လုံး ကိုပြန်သတ်ပြစ်မယ်ဆို ပြီးဂလဲ့စားချေလို့မရဘူး။
- စစ်တပ်က လုပ် လို့ စစ်သားတွေအကုန်းလုံးကိုလိုက်သတ် ဆိုပြီး လုပ်လို့မရဘူး
အဲဒါမှားတယ်။
အဲ့ဒီလိုတမျိုးလုံး တဆွေလုံးတစ်လုံးကြီးကိုသွားပြောလို့ ကလဲ့စားချေလို့မရဘူး။
- ဗမာတွေ ကလုပ်တယ်
- ဒါကရခိုင်တွေကလုပ်တာဆိုပြီးသွားပြောလို့ ကလဲ့စားချေလို့မရဘူး။
- ဂျုး တွေ လုပ်တာဆိုပြီးလဲ ပြောလို့ကလဲ့စားချေလို့မရဘူး
အားလုံးကဆိုးတာလည်းမဟုတ်ကြပါဘူး။ အသံသိပ်မထုတ်တဲ့ အေးအေးနေတတ်တဲ့ အမုန်းမခံလိုတဲ့ ကြားနေသူ သို့မဟုတ် သူတိုမှားတာ ကျနော်တို့မှန်တာသိပြီး အမုန်းမခံရဲသူ ကျန်တော်တို့ဖက်ပါသူတွေလည်းရှိပါတယ်။
လူနည်းစုကလုပ်တယ်ဆိုရင် အဲ့ဒီလူနည်း စုကိုပဲပြောရမှာ။
ဒါတင်မကသေးဘူး စစ်ပွဲဖြစ်နေရင်တောင်မှာ အကုန်လုံးကိုသတ်လို့မရဘူး အစ္စလာမ်က အကြမ်း ဖက်တဲ့ဝါဒကို အားမပေးဘူး။ ဘယ်လိုအခြေအနေမှာပဲရောက်နေနေ အကြမ်းဖက်လို့မရဘူး။ အထူး သဖြင့် အပြစ်မဲ့တဲ့ပြည်သူတွေ အပြစ်မဲ့တဲ့ လူထုကို အန္တရာယ် ပေးမဲ့လုပ်ဆောင်ချက်တွေကို လုံးဝခွင့်မပြုဘူး။ ကုရ်အာန်ကျမ်းစာ ထဲမှာနေရာ အများကြီး မှာပြောထားပါတယ်။ တမန်တော်မြတ် ကလည်းပြောထားတာ အစ္စလာမ်တရားဉပဒေအရ အများလက်ခံထား တာကလည်း အကြမ်းဖက်ဝါဒကို လက်မခံဘူး။
ကွရ်အန်က ဘာပြောထားသေးလဲဆိုတော့ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခ မပေးဖို့တားထားတယ်။
အပြစ်မဲ့တဲ့ လူတစ်ယောက်သတ်တယ်ဆိုရင်၊ မွတ်စလင်ပဲဖြစ်ဖြစ် မွတ်စလင် မဟုတ် တဲ့လူပဲဖြစ်ဖြစ် သတ်လိုက်တယ်ဆိုရင် အကြီးမားဆုံးအပြစ်ပဲဖြစ်တယ်တဲ့။ ကွရ်အန်(၅း၃၁) မှာဘာ ပါသလဲဆိုတော့ အပြစ်မဲ့တဲ့ လူတစ်ယေက်ရဲ့ အသက်ကိုသတ်တယ်ဆိုရင်တဲ့ အဲဒါဆိုရင် လူသားတစ် ရပ်လုံးကို သတ်တာနဲ့အတူတူပဲတဲ့။ အဲ့လိုပဲ လူတစ်ယောက်အသက်ကို ကယ်တယ်ဆိုရင်လည်း လူသားတ ရပ်လုံး ကယ်တင်တဲ့ကုသိုလ်မျိုးရမယ်တဲ့
အဲ့လိုပြောထားတဲ့ စာပိုဒ်က ဘာကိုပြောတာလဲဆိုတော့ အကြမ်းဖက်မှုတွေကို ရပ်ဖို့ပြောထားတာ။ အကြမ်းဖက်ဖို့ ပြောတာမဟုတ်ဘူးလေ။
အရပ်သားတွေ ကြောက်လန့်အောင် အကြမ်း ဖက်တာကို လုံး၀ ကိုတားမြစ်ထားတယ်။
တမန်တော်မြတ်က ထပ်တလည်းလည်း ပြော ထားတယ်-
- စစ်ပွဲမှာစစ်တိုက်နေတဲ့လူမဟုတ်တဲ့သူတွေ အရပ်သားတွေကို မတိုက်ခိုက်ရဘူး
- မိန်းမတွေ
- ကလေးတွေ
- ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေ
- သက်ကြီးရွယ်အိုတွေ ကို မသတ်ရဘူး အန္ဓရာယ် မပေးရဘူး.
- နောက်ပြီးအသီးအနှံတွေအသီးအရွက်တွေကို သွားမဖျက်ဆီးရဘူး
- ကောက်ပဲ နှံတွေ စိုက်ခင်း လုပ် ထားတာတွေကို သွားပြီးမဖျက်စီးရဘူးမီးမရှို့ရဘူး
- နောက်တချက် ဘာသာရေး အဆောက်အအုံတွေ ချာချ်တွေ ဂျူးဘုရားကျောင်း ဆင်နဂုတ်တွေ တွေ ဘုန်းကြီးကျောင်းတွေ နတ်စင်လုပ်ထားတွေကို သွားပြီးမဖျက် ဆီးရဘူး
- ဒါ့အပြင် လူအရှင်လတ်လတ်ဖြစ်ဖြစ် လူသေအလောင်းကိုဖြစ်ဖြစ် အပိုင်းပိုင်းခုတ်ဖြစ်သတ်တာ လက်ဖြတ် ခြေဖြတ် လုပ်တာမျိုးတွေ မလုပ်ရဘူး။ အဲ့ဒီနောမှာလူရှင်ကို မပြောနဲ့နော် လူသေကို တောင် မလုပ်ရဘူး လိုသတ်မှတ်ထားပါတယ်။
- ရက်စက် ကြမ်း ကြုတ်မှုတွေမလုပ်ရဘူး။
- စားသောက်ရန်မဟုတ်ပဲ ရန်သူနယ်မြေရှိ တိရစ္ဆာန်တွေကိုမသတ်ရ။ မသေသေးတဲ့ တိရစ္ဆာန်ရဲ့အသားကိုလှီးမစားရ။ ခြေဖြတ် လက်ဖြတ်၍မစားရ။
- ကတိသစ္စာတည်ရမည် မဖောက်ဖျက်ရဘူး.အဲ့ဒီလို လုပ်ဆောင်မှုတွေအားလုံးကို အစလာမ်က ကြီးလေး သောအပြစ်လို့ သတ်မှတ်ထားပါတယ်။
- စစ်ဖြစ်နေတောင်မှ အစလာမ်က မွတ်ဆလင်တွေကို ဘာအမိန်ပေးထားသလဲဆိုတော့ အပြစ်မဲ့ ပြည်သူတွေကို ပြစ်မှတ်မထားရဘူး အလွယ်ဆုံးကေတော့ဗျာ အရပ်သားတွေကို အကာအကွယ်ယူပြီးတော့မှ တိုက်ခိုက်လို့မရဘူး။
- ဒီရွာကသတင်းပေးတယ် ဒီရွာကတော့ ထောက်ပံ့တာတွေလုပ်တယ် ဆိုပြီးတော့ အဲ့ဒီရွာကို မီးရှို့လို့ ဖျက်ဆီးလို့မရဘူး။
- ညှင်းပမ်းနှိပ် ဆက်မှု့ မလုပ်ရဘူး ရက်ဆက်ကြမ်းကျုပ်မှု့မလုပ်ရဘူး ဉပမာ ကြိုးနဲ့ သစ်ပင်မှာချီမီးနဲ့မြှိက်တာမျိုးပေါ့ သတ်ပြီးတော့ မသေမရှင်နဲ့ မီးရှိုတာမျိုးတို့ ချိန်းခြောက်တာ မင်းတို့ ကိုဘာလုပ်ပြစ်မယ် ညာလုပ်ပြစ်မယ်ဆိုတဲ့ ချိန်းခြောက် မှု့မျိုးပေါ့ အဲ့ဒါမျိုးတွေ ပြည်သူကိုချိန်းခြောက်လို့မရဘူး
အကြမ်းဖက်ဝါဒက အစ္စလာမ်ရဲ့ကျင့်ထုန်းတွေ အခြေခံယူစချက်တွေ ခံယူချက်တွေနဲ့ ကျင့်ဝတ်တွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်တယ်. အဲ့တော့ တိုက်တာခိုက်တာ ရန်လုပ်တာ မရဘူး ။
နောက်တစ်ခုက အဲလိုချိန်းခြောက်တာမျိုးတွေက အရှေ့အလယ်ပိုင်းမှာ လုပ်နေတာပဲ ကျနော်ပြောခဲ့တဲ့ တားမြစ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ခေတ်သစ်အကြမ်းဖက်သမားတွေ အားလုံးကလုပ်နေတာပဲ အစ္စလာမ်က ပြောထားတာက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာဟုတ်တယ် တရားသောခုခံကာကွယ်မှု့မျိုးပဲဖြစ်မယ်။ တရားဉပဒေ အရပေးသလိုပဲပေါ့ မွတ်စလင် တွေအတိုက်အခိုက်ခံရရင် ပြန်ပြီးခုခံခွင့်ရှိတယ်-
- ခဲနဲ့ထုလို့ သေနပ်နဲ့ပြန်ပစ် တယ်ဆို တာမျိုးပေါ့ဗျာ ခင်ဗျားတို့လည်းတွေ့နေတာပဲ ဘယ်သူတွေက လုပ်နေလဲ အားလုံးသိနေတာပဲ။
- ဒါးနဲ့လာတဲ့သူကိုတောင် သေနပ်နဲ့စီးပစ်တာ မလုပ်ရဘူး
- ပစ်ရင်လည်း ချိန်းခြေက်တာမျိုး သဘောနဲ့ မိုးပေါ် ထောင်ပြီးတော့ပစ်။ ဒါမှမဟုတ် ခြေထောက်ပစ် သေနိုင်တဲ့ နေရာကို မပစ်ရဘူး။ ခေါင်းချိန် တေ့ပြီး ပစ်သတ် တာမျိုးမလုပ်ရဘူး
- ဒါးနဲ့ တစ်ချက် လာထိုးလို့ ငါကဒါးနဲ့ ၁၀ချက်ပြန်ထိုးလိုက်သလိုတော့ မဟုတ်ဘူးလေ
- ရန်သူဟာ ကိုယ့်ကိုပြန်ရန်မလုပ်နိုင်တော့ဘူး ဆိုလိုက်ရင် ဆက် ပြီးတော့သေတဲ့အထိမသတ်ရတော့ ဘူးလေ။
အဲ့ဒီလို ကန့်သတ်ချက်တွေကရှိတယ် တချို့ မွတ်စလင်တွေထဲမှာလည်း အဲ့ဒါတွေကို ဟန်ပြငြင်းနေတဲ့ လူတွေလည်းရှိတော့ရှိနေတာပဲ ဒါတော့ မတတ်နိုင်ဘူပေါ့။
အကြမ်းဖက်ခံရတာက မွတ်စလင်တွေပဲများတာပါ။ အကြမ်းဖက်ခံရတာက နိုင်ငံအလိုက်ကို ခံနေရတာ လူတွေသန်းချီပြီးခံနေရတာ မွတ်စလင် တွေသိန်းနဲ့ချီပြီး အသတ်ခံနေရတာ။
မြန်မာပြည်မှာ လည်းကြည့်ပါလား မွတ်စလင်တွေက အကြမ်းဖက် တာလား? ဘယ်သူတွေက အကြမ်းဖက်တာလဲ? အစွန်းရောက် သမားတွေက နိုင်ငံရေးရည်မှန်းချက်နဲ့လုပ်နေကြတာ အစွန်း ရောက် သမားတွေက နိုင်ငံရေးအရဖြစ်တာဗျ။ ဘာသာရေးအရ အစွန်းရောက်ပြီးဖြစ်တာနည်းတယ် အိုင်အက်စ ISISတို့ အယ်လ် ကေဒါတို့ မှာနောက်ကွယ်က အကြောင်းတွေရှိတယ် ။ နိုင်ငံရေးအရမြှောက်ပေးတာ စထောင်ပေး လက်နက်နဲ့ ငွေထောက်ပံ့ပြီး မွတ်စလင် တွေနာမည်ဖျက်တာ။
တမန်တော်မြတ် သတ်မှတ်ထားတာတွေကို အကုန်ပယ်လိုက်တယ် အကြမ်း မဖက်ရဘူး အစ်လာမ် ပညာရှင်တွေ ကနေပြီး တော့သတ်မှတ်ထားတာ နှစ်တွေရာနဲ့ချီပြီးပြောထားတဲ့အရာတွေကို ISISတို့ အယ်လ်ကေဒါ တို့ကဆန့်ကျင်တယ် ။
သူတို့ကို ကမ္ဘာ့ အစ်စလာမ် ဘာသာ ရေးပညာရှင်တွေနဲ့ ဘာသာ ရေးအဖွဲအစည်းတွေက ဆန့်ကျင်ကြတယ်။ အစ်စလာမ်လူထုကကဆန့်ကျင်တယ်။ အဲ့ဒါကြောင့်မိုလို့ အစ္စလာမ် ဘာသာက ရော မွတ်စလင်အဖွဲ့အစည်း တွေကရော အကြမ်းဖက်မှုကိုအား မပေးပါဘူး။ အပြစ်မဲ့တဲ့သူတွေ ကိုအကြမ်းဖက်ဖို့ ရန်ပြုဖို့ ဟာကိုမလုပ်ဖို့ ရာအစ္စလာမ်က ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။