High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar
High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar
Pursuant to General Assembly resolution A/RES/79/278, the President of the General Assembly of the United Nations will convene a High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar on 30 September 2025 at the United Nations Headquarters in New York.
To participate in the High-Level Conference, the individual representative from each specially accredited organization must register through the Indico portal. Please check here to verify if your organization has received special accreditation to attend this event.
If your organization has consultative status with ECOSOC, your representatives should register using this dedicated link.
*The deadline for registration is 11:59 PM EDT on 22 August 2025.
ရိုဟင်ဂျာတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအရေး ဆွေးနွေးမယ်လို့ ကုလသမဂ္ဂ ကြေညာ သြဂုတ်-၂၅၊ ၂၀၂၅။ People’s Spring ရိုဟင်ဂျာမျိုးနွယ်စုတွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အရေးကိစ္စအပေါ် ပိုမို အလေးထား အာရုံစိုက်မယ့် သဘောထားတွေကို ကုလသမဂ္ဂနဲ့ အမေရိကန်အစိုးရတို့က အသီးသီး ထုတ်ပြန်လာခဲ့ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)က ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားတွေအရေး ဆွေးနွေးမယ့် အဆင့်မြင့် အစည်းအဝေး တစ်ခုကို စက်တင်ဘာ ၃၀ ရက်မှာ ပြုလုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမှာဖြစ်ပြီး UNGA ဥက္ကဋ္ဌ ကိုယ်တိုင်က ဦးစီးမယ်လို့ ဆိုပါတယ်။ UNGAက အစည်းအဝေး တက်ရောက်ဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့၊ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် စာရင်းကို တင်ပြပြီး မှတ်ပုံတင်ဖို့လည်း ကြေညာခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သြဂုတ် ၂၄ ရက် မနေ့က ရက်စွဲနဲ့ ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသား မျိုးနွယ်စုတွေဟာ အကြမ်းဖက် ရန်ပြု တိုက်ခိုက်မှု၊ အဓမ္မ ရွှေ့ပြောင်းခံရမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အခြေအနေမှာ အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ထောက်ခံ ရပ်တည်မယ်လို့ ဖော်ပြထားပါတယ်။ နောက်ပြီး စစ်ရေး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေခဲ့ရတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် ကူညီနေတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာ ဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အစိုးရ အသီးသီးကိုလည်း အမေရိကန်က ချီးကျူး အသိအမှတ်ပြုတယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ စစ်တပ်က လွန်ခဲ့တဲ့ ၈ နှစ် ၂၀၁၇ သြဂုတ် ၂၅ရက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို နယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ ရိုဟင်ဂျာပြည်သူအများအပြားကို သတ်ဖြတ်၊ ရွာတွေကို မီးရှို့ဖျက်ဆီး အကြမ်းဖက်ခဲ့တာကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပါတယ်။ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးICJ မှာ မြန်မာနိုင်ငံက တရားရင်ဆိုင်နေရသလို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထား ထားပါတယ်။ အာဂျင်တီးနားတရားရုံးကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် အရပ်ဘက်နဲ့ စစ်ဘက်တာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကလည်း လွန်ခဲ့တဲ့ ၂၀၁၇ ဒီလိုအချိန်မှာ စစ်တပ်က ရိုဟင်ဂျာအသိုက်အဝန်းတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ ကြောက်မက်ဖွယ်အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေ၊ တကွဲတပြားဖြစ်ခဲ့ရတဲ့ မိသားစုတွေ နဲ့ လူမှုအသိုက်အဝန်းတွေသာမက ဘဝနဲ့ချီတဲ့ထိခိုက်မှုတွေ ခံစားနေရသူတွေကို ဒီနေ့မှာ မမေ့မလျော့အမှတ်ရတယ်လို့ ဗြိတိန်သံရုံးအကြီးအကဲ အန်ဒရူးဂျက်ဆန်က ပြောပါတယ်။ ရိုဟင်ဂျာအသိုက်အဝန်းတွေကို အကာအကွယ်ပေးရေးအတွက် ထားရှိတဲ့ ဗြိတိန်အစိုးရရဲ့ ကတိကဝတ်မှာလည်း အခိုင်အမာတည်ရှိနေဆဲဖြစ်သလို မြန်မာနိုင်ငံအတွင်း ဘယ်နေရာဒေသမှာမဆို ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့ ဗြိတိန်အစိုးရရဲ့ပံ့ပိုးပေးမှုကလည်း မပြောင်းမလဲတည်ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီလိုလုပ်ဆောင်ရာမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)တွေတဆင့် ကြိုးပမ်းဆောင်ရွက်နေမှုတွေလည်းပါဝင်တယ်လို့ ဗြိတိန်သံရုံးက အသိပေးပါတယ်။