Maha Bandula and the Forgotten Massacres: A Dialogue Across History ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်

In Myanmar’s official narratives, Maha Bandula is often glorified as a national hero—a brave warrior who resisted colonial expansion. Streets, statues, and textbooks celebrate his military prowess.

Yet, beyond this one-sided portrayal lies a darker, largely unspoken history—one remembered vividly not in Myanmar, but across the border in Assam and among the Shan-Ahom people.

A Dialogue with a Shan Leader

In an interview titled “Dialogue with a Shan Leader, H.R.H. Hso Khan Pha”, Hso Khan Pha—also known as Tiger Yawnghwe—shared historical perspectives often ignored in mainstream Burmese discourse.

He is the eldest son of Sao Shwe Thaik, the Saopha (Prince) of Yawnghwe and the first President of independent Burma. His reflections carry both personal and historical weight, representing voices from the ethnic nationalities whose experiences differ sharply from the dominant Bamar narrative.

Voices from Assam: A Forgotten Tragedy

A revealing testimony comes from India. On August 15, 2011, Prabhakar Sarma Neog, an academic from Assam, wrote:

“The massacre in Assam became part of folklore and folk songs… The stories of brutality of the ‘Maan’ (Burmese) are passed from generation to generation… Assam was virtually turned into a graveyard.”

He further noted that between one-third and two-thirds of the population perished, while many others were enslaved and taken to Burma. Even today, traces of Assamese descendants can reportedly be found in Myanmar, preserving elements of their ancestral customs.

Eyewitness Accounts of Atrocities

Historical records, including Buranji-vivek-ratna by Maniram Dewan, describe a reign of terror:

  • Civilians tied and burned alive
  • People flayed or boiled in oil
  • Villagers locked inside prayer halls and burned
  • Women abducted, families destroyed
  • Religious leaders humiliated and dispossessed

Such accounts were not isolated. Later observers, including John Butler, recorded chilling testimonies from survivors.

One such account described a massacre along the Kalang River (1819–1820):

Around 200 men, women, and children were burned alive inside a bamboo structure set on fire by Burmese troops.

Other reports detail brutal mutilations inflicted to prolong suffering before death—acts intended not only to kill, but to terrorize entire populations into submission.

Beyond Assam: A Pattern of Devastation

The Burmese invasions under kings like Bodawpaya extended beyond Assam:

  • Manipur was reportedly depopulated, its civilization shattered
  • Arakan saw mass flight into British territory to escape oppression
  • Siam (Thailand) suffered widespread destruction, leaving regions desolate
  • Muslim Pangals of Manipur were enslaved and displaced

In many cases, opportunistic local groups also joined the chaos, worsening the scale of violence. Still, the invading forces created the conditions for this collapse.

Historical Reality vs National Myth

It is important to acknowledge that not all atrocities can be attributed solely to central commanders like Maha Bandula. Some violence was committed by opportunistic militias and local collaborators exploiting the breakdown of order.

However, this does not erase the broader historical reality:

  • Large-scale depopulation occurred
  • Systematic violence was recorded by multiple independent sources
  • Collective trauma remains embedded in regional memory

Why This History Matters Today

History should not be used to incite hatred—but neither should it be selectively erased.

When a figure like Maha Bandula is remembered only as a hero, while the suffering of the Ahom Shans, Assamese, Manipuris, and others is ignored, it creates an incomplete and biased national memory.

For Myanmar to move toward genuine unity and reconciliation, it must be willing to:

  • Recognize the pain of all ethnic groups
  • Accept uncomfortable historical truths
  • Move beyond one-sided nationalist narratives

A Call for Honest Reflection

True patriotism is not blind glorification—it is the courage to confront both the proud and painful chapters of one’s history.

Only by acknowledging these forgotten tragedies can we build a future based on mutual respect, justice, and shared humanity.

Further reading: ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်

…ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်…


လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာကျော်ခန့်က ဖြစ်သည်…

ရှမ်းလူမျိုးတစ်စုတို့သည် ပတ်ကွိုင်တောင်တန်းကြီးကို ဖြတ်ကျော်လျက် အနောက်ဘက်သို့ ရှေးရှုသွားလျက်ရှိကြ၏.. ခရီးသည်အုပ်စုများတွင် ကလေးများ.. အမျိုးသမီးများနှင့် လူအိုများ ပါဝင်သည်..

သူတို့သည် တစ်မိုးခိုလိုက် နားနေလိုက်နှင့် ခရီးဆက်ခဲ့ကြသည်မှာ တစ်ဆယ့်သုံးနှစ်မျှ ရှိခဲ့သည်.. လမ်းတွင် တောင်ပေါ်လူရိုင်းတို့၏ တိုက်ခိုက်ခြင်းကို ခုခံတွန်းလှန်ခဲ့ကြရသော အကြိမ်များလဲ မရေမတွက်နိုင်ကြတော့ပေ.. ဌက်ဖျားဒဏ်.. ပင်ပန်းမှု့နှင့် အဟာရချို့တဲ့မှု့တို့ကြောင့် လမ်းတွင်သေဆုံးခဲ့ကြသူများလဲ မနည်းတော့ပေ..

တောင်ထိပ်တစ်နေရာမှ ဗြဟ္မပုတ္တရမြစ်ကြီးကို ရေးရေးမျှ လှမ်းမြင်ကြရသောအခါ သူတို့၏ ပင်ပန်းယိမ်းယိုင်သော ခြေလှမ်းများသည် သွက်လာကြသည်.. မျှော်လင့်ချက် ရောင်ခြည်များလဲ သမ်းလာကြတော့သည်..

ခရစ်သက္ကရာဇ် ၁၂၂၈ တွင် သူတို့သည် ခမ်နန်းဂျန် ´´ မြစ်ကို ဖောင်များနှင့်ကူးကာ နောင်ဉာဏ် ´´ ရေအိုင်ကြီး အနီးသို့ ရောက်လာခဲ့ကြသည်.. အာသံပြည်နယ်ထဲသို့ ဝင်ရောက်ပြီးနောက် အကြိမ်ကြိမ်ရွှေပြောင်းကြကာ ခရစ် ၁၂၅၃ ခုတွင် အာသံနယ် “ အဖိုင်ပူရ ´´ မှာ အခြေချနေထိုင်ကြလေသည်..

ခရစ်နှစ် ၁၂၅၃ ခုတွင် “ ချာရိုင်ဒီယို ´´ တွင် မြို့တော်ကြီး တည်ဆောက်ခဲ့ကြ၏.. သို့မျှဇွဲကြီးလှသော ရှမ်းလူမျိုးတို့ကား လူဦးရေ ကိုးထောင်မျှရှိပြီး သူတို့နှင့်အတူ ဆင်နှစ်ကောင် ၊ မြင်းသုံးရာ ပါရှိခဲ့ကြသည်..

သူတို့၏ ခေါင်းဆောင်ဘုရင်ကား မောရှမ်းအနွယ် “ စူးခဖ ´´ ( ကောင်းကင်မှလာသောကျား ) ဖြစ်သည်.. သူသည် ပတ်ကွိုင်တောင်ကြီးကို အောင်မြင်စွာ ကျော်ဖြတ်လျက် မောရှမ်းလူမျိုးများကို အာသံပြည်နယ်ထဲသို့ ခေါ်ဆောင်ဝင်ရောက်လာသူဖြစ်သည်..

ခရစ် ၁၂၆၈ ခုနှစ်တွင် သားတော် စူးတင်ဖ ´´ က ထီးနန်းဆက်ခံသည်.. သူတို့သည် ဇွဲနှင့် သတ္တိကို အရင်းခံ၍ ရဲရင့်စွန့့်စားသူများ ဖြစ်သည့်အတိုင်း အင်အားကြီးမားသော အဟုန် ´´ နိုင်ငံကြီးကို စတင် တည်ထောင်ခဲ့ကြပြီး ဗြဟ္မပုတ္တရမြစ်ဝှမ်းဒေသတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်ခဲ့ကြ၏……

စူး´´ ( သို့မဟုတ် )စေ´´ ဟူသည်မှာ ကျား´´ ဟုအဓိပ္ပါယ် ရသည်..စူး ၊ စေ´´ သည်မြန်မာအသံထွက် သို´´ သို့ပြောင်းလဲနိုင်ပေသည်။ မြန်မာ့သမိုင်းတွင် ဖော်ပြခြင်းခံရသော သိုဟန်ဘွား၊ သိုချီဘွား စသော မောရှမ်းဘုရင်များသည်ကျား´´ ဘွဲ့ကို ခံယူထားကြသူများ ဖြစ်သည်။

မြန်မာများက သီဟ´´ ခေါ် ခြင်္သေ့ဘွဲ့ကို ချစ်မြတ်နိုးပြီး သီဟဘွဲ့ ခံယူသလို မောရှမ်းများကစူး/စေ/သို´´ ခေါ် ကျားဘွဲ့ကို မြတ်နိုးကြပေသည်။ ထို့ကြောင့် စူးတင်ဖနောက် ဆက်ခံသော အဟုန်ဘုရင်အချို့ကို ဖော်ပြရလျှင်….
*စူးတင်ဖ ( ခရစ်-၁၂၈၁ မှ ၁၂၉၂ )
*စူးခန်ဖ ( ခရစ်-၁၂၉၃ မှ ၁၃၃၂ )
*စူးခရန်ဖ ( ခရစ်-၁၃၃၂ မှ ၁၃၆၄ )

အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မှာအဓိက ပါဝင်ပတ်သက်ခဲ့သူ စန္ဒရကန္တရှိန်´´ ( Candrakant Singh ) မှာ မြန်မာပြည်မှ မောရှမ်းအနွယ်ဝင် အဟုန်ဘုရင်ဖြစ်သည်ဆိုလျှင် အံ့သြကြပေလိမ့်မည်.. သူ၏ မောရှမ်းဘွဲ့မှာစူးဒင်ဖ´´ ဖြစ်သည်..

သို့နှင့် အဟုန်တို့သည် တဖြည်းဖြည်း အင်အားကြီးထွားလာပြီး ခရစ် ( ၁၆ ) ရာစုတွင် အနီးအနားနယ်ပယ်နိုင်ငံများကို သိမ်းပိုက် နိုင်ခဲ့ကြသည်.. ထိုအချိန်တွင် အိန္ဒိယနိုင်ငံတစ်ခုလုံးကို အစ္စလာမ်ဘာသာဝင် မဂိုဘုရင်များက လွှမ်းမိုးအုပ်ချုပ်ပြီး မဂိုအင်ပါယာကြီးကို တည်ထောင်အုပ်ချုပ်နေချိန်ဖြစ်သည်..

XXXXအင်အားကြီးမားပြီး ရက်စက်သော မဂိုစစ်တပ်ကြီးကို မဂိုဘုရင် ရှာဂျဟန်´´ (တဂျ်မဟာလ်´´ တည်ဆောက်သူ ) အုပ်ချုပ်သည်..

မဂိုတို့သည် သူတို့အင်ပါယာကြီးကို အရှေ့ဘက်သို့ ဆက်လက်ချဲ့ထွင်ခဲ့ရာ အာရကန်ဒေသတွင် ရခိုင်ဘုရင်နိုင်ငံနှင့်၎င်း.. အရှေ့မြောက်တွင် အဟုန်ဘုရင့်နိုင်ငံနှင့်၎င်း ထိပ်တိုက်တွေ့ခဲ့သည်.. အိန္ဒိယတစ်နိုင်ငံလုံးကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သော မဂိုတို့သည် ရခိုင်နှင့် အဟုန်လူမျိုးတို့၏ ရဲဝင့်စွန့့်စားစွာ တုန့်ပြန်တိုက်ခိုက်မှု့နှင့် ကြုံရသည်..

အဟုန်လူမျိုးတို့နှင့် မဂိုစစ်တပ်တို့ တိုက်ပွဲအကြမ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဟုန်လူမျိုးတို့ ဇွဲသတ္တိရှိစွာ ခုခံနိုင်ခဲ့ကြသဖြင့် မဂိုတို့ အထိအခိုက် အကျဆုံးများခဲ့သည်.. ထို့ကြောင့် ခရစ်နှစ် ၁၆၃၉ ခုနှစ်တွင် မဂိုဘုရင် ရှာဂျဟန်´´ နှင့် အဟုန်ဘုရင်စူးစင်ဖ´´ တို့ မကျူးကျော်ရေးစာချုပ် ချုပ်ဆိုလိုက်ကြသည်.. နယ်စပ်တွင်ရှိသည့် “ဘားနဒီ´´ ခေါ် မြစ်ငယ်လေးကို နှစ်နိုင်ငံနယ်ခြား အဖြစ် သတ်မှတ်လိုက်ကြ၏..

နှစ်နိုင်ငံကြားထားရှ်ိခဲ့သော ငြိမ်းချမ်းရေးသည် နှစ်အနည်းငယ်သာကြာခဲ့သည်.. အဘယ်ကြောင့်ဆိုသော် မဂိုအင်ပါယာတွင် ဘာသာရေး အယူဝါဒပြင်းထန်သော စစ်ခေါင်းဆောင်များ ခေါင်းထောင်လာပြီး အဟုန်လူမျိုးတို့၏ သတ္တိကို မှတ်ကျောက်တင်မည့် စစ်ပွဲအရိပ်မဲကြီးက လွှမ်းမိုးလာသည်.. လွတ်လပ်မှု့ကို အသက်ထက် မြတ်နိုးသော အဟုန်လူမျိုးတို့အတွက် စိမ်ခေါ်မှု့တစ်ခု ဖြစ်နေသလို.. အဟုန်တို့စစ်ရှုံးနိမ့်ခဲ့ပါက ပြည်မသို့ ဒလကြမ်းဝင်ရောက်လာမည့် မဂိုတပ်မကြီးကို တားဆီးနိုင်ဖို့ ခက်ခဲလိမ့်မည်.. အဟုန်တို့၏ ကြေကွဲဖွယ်.. ကြက်သီးမွှေးညင်းထဖွယ်.. သမိုင်းကို ဆက်လက် လေ့လာကြပါစို့…..

အဟုန်သမိုင်းကြောင်း အရှိန်ကောင်းနေစဉ် စကားချပ်အဖြစ်တော့ ပြောခွင့်ပြုပါ.. အဟုန်နဲ့ပတ်သက်ပြီး လွန်ခဲ့သော သုံးလခန့်ကပင် သမိုင်းနုတ်လေးရေးမိသည်.. ပြန်ဖတ်ကြည့်တော့ အချက်အလက်များ များပြားနေပြီး သမိုင်းစိတ်ဝင်စားသူ မဟုတ်လျှင် ပျင်းရိငြီးငွေ့သွားနိုင်သည်.. ဒါကြောင့် ကိုယ်လေ့လာ ဖတ်ရှု့ထားမိသမျှထဲမှ အချက်အလက် အခိုင်အမာဆုံးများကို အခြေတည်ပြီး.. ခေတ်ပြိုင်ပထဝီသမိုင်းများနဲ့လဲ ကိုက်ညီကာ စိတ်ဝင်စားဖွယ်ကောင်းအောင် ကြိုးစား ရေးသားခဲ့ပါသည်..

ဝန်ခံစရာရှိသည်မှာ သမိုင်းကို ချစ်မြတ်နိုးသူ တစ်ယောက်၏ အများမသိနိုင်သေးသည့် တိမ်မြုပ်လု သမိုင်းကောက်ကြောင်းတစ်ခုကို တူးဆွပြရုံလောက်သာ ဖြစ်ပါသည်.. ပညာရှင်များအနေနှင့် ဆက်လက်ဖော်ထုတ် မှတ်တမ်းတင်ဖို့ ကျန်ရှိနေပါသေးသည်.. ယခုပို့စ်တွင် ဖော်ပြပါရှိသော အရေးအသား အချက်အလက်များသည် ဆရာဝန်တင်မောင်ကြည်ကိုယ်တိုင် ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်တွင် တင်သွင်း ဖတ်ကြားဆွေးနွေးခဲ့သော သမိုင်းအချက်အလက်များ ဖြစ်ပါသည်..

ဆရာသည် မန္တလေးဆေးတက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သော်လည်း သူ့ဘဝ၏ အချိန်များအားလုံးကို ဝါသနာပါရာ သမိုင်းသုတေသန လုပ်ငန်းများတွင် မြုပ်နှံထားခဲ့သည်.. အဟုန်သမိုင်းကြောင်း ကျွမ်းကျင်ပညာရှင် ဖြစ်ပါသည်.. အာဆီယံနိုင်ငံများ၌သာမက အနောက်ဥရောပနိုင်ငံများရှိ သမိုင်းပညာရှင်များကြားတွင်ပါ လေးစားရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်.. အချက်အလက်များသည် ဒဏ္ဍာရီမဟုတ်သလို ခိုင်မာသော ဖြစ်ရပ်မှန် သမိုင်းကြောင်းများဖြစ်ပါသည်.. ဆက်ကြပါဦးစို့…..

မဂိုအင်ပါယာတွင် နိုင်ငံရေး.. စစ်ရေးတည်ငြိမ်မှု့မရှိပဲ အချင်းချင်းသွေးချောင်းစီး စစ်ပွဲများဖြစ်ပေါ်ခဲ့သည်.. ရှာဂျဟန်၏ သားတော်လေးပါး ထီးနန်းဆက်ခံခွင့်နှင့် ပတ်သက်ပြီး နန်းလုစစ်ပွဲများ အတောမသတ်အောင် ဖြစ်ပေါ်ခဲ့ပြီး အဟုန်အင်ပါယာအတွင်းသို့ စစ်ရှောင် အိန္ဒိယသားတို့ ရောက်ရှိလာခဲ့ကြသည်.. စစ်ဘေးဒုက္ခသည်များမှတဆင့် မဂိုတ်ို့၏ ရက်စက်ကြမ်းကြုတ်မှု့ကို ကြားသိခဲ့ရသည်..

တသီးတခြားနေထိုင်ခဲ့သော အဟုန်လူမျိုးတို့အတွက် ကံကြမ္မာ အလှည့်အပြောင်း အချိန်သို့ ရောက်ရှိလာချိန်လို့လဲ ဆိုရမည်ဖြစ်သည်.. မိမိတို့နိုင်ငံတွင်း အတောမသတ်နိုင်အောင် ဝင်ရောက်လာသော အိန္ဒိယတိုင်းရင်းသားတို့၏ နေထိုင်စားသောက်ရေး အဆင်ပြေနိုင်ရန်အတွက် မဂိုတို့၏ နယ်စပ်မြို့ “ဂေါဟတ္တိ´´ ကို အဟုန်တို့ တိုက်ခိုက်သိမ်းပိုက်လိုက်ကြ၏.. မြင်း ၂၀၀ ကျော်၊ အမြှောက်အလက် ၄၀ ကျော် ၊ သေနတ် အလက် ၂၀၀ နှင့် ဘဏ္ဍာရွှေငွေများစွာ ရရှိခဲ့သော်လည်း အဟုန်မြို့တော်၏ ခံတပ်မြို့အဖြစ်သာ ထားရှိခဲ့ပြီး ဒေသခံတိုင်းရင်းသားများကို ပူးတွဲအုပ်ချုပ်စေခဲ့သည်..

ထိုအချိန်တွင် မဂိုအင်ပါယာတွင် စစ်ခေါင်းဆောင် “သြရန်ဇိပ်´´ ထီးနန်းဆက်ခံရရှိခဲ့သည်.. အဟုန်တို့ကို တိုက်ခိုက်ရန် အစီအစဉ်မှာ အစောပိုင်းကတည်းက ရှိခဲ့ပြီးဖြစ်သည်.. လက်နက်.. လူသူအင်အားကို ဖြည့်တင်းစေခဲ့ပြီး ဘင်္ဂလားဘုရင်ခံကို စစ်ပြင်ဆင်စေခဲ့သည်..

ခရစ်နှစ် ၁၆၆၂ ခုနှစ်တွင် ဘင်္ဂလားဘုရင်ခံ မားဂျိဂျမ္မလား´´ ဦးဆောင်သော မဂိုစစ်တပ်ကြီးသည် အဟုန်တို့၏မြို့တော်ဂါးဂါတွန့်´´ ကို စစ်အင်အားကြီးမားစွာဖြင့် ချီတက်တိုက်ခိုက်ခဲ့ကြသည်.. အဟုန်လူမျိုးတို့သည် အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ခုခံတိုက်ခိုက်ကြသည်.. စစ်ပွဲထဲတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူများပါ ပါဝင်တိုက်ခိုက်ကြရာ အလွန်ပြင်းထန်သော တိုက်ပွဲကြီးများ ဖြစ်ခဲ့ကြသည်..

မဂိုစစ်တပ်အတွက် လိုအပ်သမျှကို ဘုရင်သြရန်ဇိပ်က ဖြည့်တင်းပေးသည်.. ဇွဲသတ္တိရှိစွာဖြင့် ခုခံခဲ့ကြသော်လည်း လက်နက်.. လူသူအင်အား ဆယ်ဆမက ကြီးမားသော မဂိုတို့ကို ရေရှည်တွင် ယှဉ်မတိုက်နိုင်ခဲ့ကြပေ.. အဟုန်အင်ပါယာ ကျဆုံးခဲ့ရပြီး မြို့တော် ဂါးဂါတွန်မှာ မြေလှန်ဖျက်ဆီးခံရသည်.. အဟုန်လူမျိုးတို့ အမြားအပြားသေဆုံးခဲ့ကြပြီး အဟုန်ဘုရင် “စူးကျင်ဖ´´ သည်လည်း အညံ့ခံခဲ့ရသည်..

အဟုန်တို့သည် အခြေအနေအရ အရှုံးပေးလိုက်ရသော်လည်း သူတို့ရင်ထဲက နာကျဉ်းမုန်းတီးမှု့တို့ကား ပြေပျောက်မသွား.. တသီးတခြား အစဉ်အဆက် နေထိုင်ခဲ့ကြသော အဟုန်နိုင်ငံတော်ကြီးသည် လုံးဝပျက်စီးခဲ့ရပေပြီ.. ရက်စက်ကြမ်းကြုတ်သော မဂိုတို့လက်အောက်မှာ နေထိုင်ရတာထက် လွတ်လပ်သော ဘဝဖြင့်သေဆုံးရခြင်းက ပိုမြတ်သည်လို့ ခံယူမိကြသည်..

အဟုန်ဘုရင် “စူးကျင်ဖ´´သည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်.. သမိုင်းမှာ အဟုန်တို့ အရှုံးပေးပြီး သေဆုံးရမှာက်ို မလိုလား.. စစ်ပွဲမှာ မသေဆုံးပဲ ကျန်ရစ်ခဲ့ကြသော အဟုန်လူမျိုးများထဲမှာ သက်ကြီးရွယ်အိုများ.. ငယ်ရွယ်သူများခွဲထုတ်လိုက်သည်.. ကျန်ရစ်သောစစ်သည်တော်များနှင့်အတူ သူနှင့် အတူလိုက်ပါမည့် တိုက်ခိုက်နိုင်သူများကို ဖိတ်ခေါ်သည်.. သူ၏ရည်ရွယ်ချက်မှာ မားဂျိဂျမ္မလားနှင့် မဂိုတပ်တို့ကို ပျောက်ကြားစနစ်ဖြင့် အသေခံတိုက်ကြမည့် စစ်ပွဲတစ်ခု.. ပြန်စရာ လမ်းမရှိ.. သူတို့နှင့် ချစ်ခင်သူများကို နောက်ဆုံးခွဲခွာ နှုတ်ဆက်လိုက်ကြပြီး တိုက်ပွဲကို စတင်လိုက်ကြသည်..

အဟုန်အင်ပါယာကို သိမ်းပိုက် အောင်ပွဲခံရချိန်သည် ကြာကြာမခံခဲ့.. အဟုန်စစ်သည်တော်တို့၏ ပြင်းပြင်းထန်ထန် တုန့်ပြန်တိုက်ခိုက်မှု့ကို ရင်ဆိုင်ရပြန်သည်.. အဟုန်တို့သည် မဂိုတို့၏ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်သည်.. အလစ်ဝင်တိုက်ပြီး ပြန်လည်ဆုတ်ခွာသည်.. အင်အားအရာမှာ သာသော်လည်း တိုက်ရည်ခိုက်ရည်နှင့် ဇွဲသတ္တိအရာတွင် မယှဉ်နိုင်သော မဂိုတို့သည် ရေရှည်တွင် ကြောက်ရွံ့ထိတ်လန့် စပြုလာသည်..

နတ်ဘီလူးစစ်သည်တော်များအလား တိုက်ခိုက်ကြသော အဟုန်တို့၏ တိုက်ခိုက်မှု့ကြောင့် စိတ်ဓာတ်ကျဆင်းစပြုလာသော ဘင်္ဂလားဘုရင်ခံ မားရိဂျမ္မလားသည် မူလရည်ရွယ်ချက်ဖြစ်သော မဂိုအင်ပါယာချဲ့ထွင်ရေးကို စွန့်လွှတ်၍ တပ်ကိုပြန်လည် ဆုတ်ခွာခဲ့သည်.. သို့သော် ဆုံးဖြတ်ချက် ခိုင်မာစွာ ချထားပြီး ဖြစ်သော အဟုန်တို့သည် အလျှော့မပေးပဲ ထပ်ချပ်မကွာ လိုက်လံတိုက်ခိုက်သည်..

မဂိုတို့သည် အထိအခိုက် ကျဆုံးမှု့များစွာဖြင့် ဆုတ်ခွာခဲ့ရသည်.. အင်အားအရာတွင် သာလွန်ပေမဲ့ သတ္တိနှင့် တိုက်ခိုက်မှု့စွမ်းရည်တို့က အဆုံးအဖြတ်ပေးသွားသည်.. သြရန်ဇိပ်ဘုရင်၏ စစ်သူကြီး ဘင်္ဂလားဘုရင်ခံ မားရိဂျမ္မလားသည် အိမ်သို့ပင် ပြန်မရောက်နိုင်ခဲ့ပေ.. အသေခံ အဟုန်စစ်သည်တော်တို့၏ နောက်ဆုံးတိုက်ပွဲတွင် အခြံအရံ အစောင့်အကြပ်များကြားမှာပင် ကျဆုံးခဲ့ရလေသည်..

မဂိုအင်ပါယာကြီးသည် ဗုဒ္ဓဘာသာ သာသနာပြုမင်း သိရိဓမ္မာသောက၏ အသောက အင်ပါယာနီးပါးမျှ ကြီးမားခဲ့သည်.. ထိုမျှ ဘုန်းတန်ခိုးကြီးသော မဂိုဧကရာဇ် သြရန်ဇိပ်သည်ပင် အဟုန်တို့၏ ဇွဲသတ္တိကို အသ်ိအမှတ်ပြုခဲ့ရပေသည်.. မဂိုစစ်တပ်သည်လဲ နောက်တကြိမ် မလာတော့သလို နိုင်ငံ့အတွက် တိုက်ပွဲဝင် ထွက်ခွာသွားကြသော အဟုန်စစ်သည်တော်တို့မှာ အိမ်သို့ဘယ်တော့မှ ပြန်ရောက်မလာကြတော့ပေ..

သူတို့ကာကွယ်ပေးခဲ့သည်မှာ နိုင်ငံ.. လူမျိုး.. အတွက်သာမက ဘာသာအတွက်ပါ ဖြစ်သည်ကို တမလွန်ဘဝကနေ သိစေချင်သည်.. ထိုမဂိုတပ်မကြီးသာ အာသံနယ်မှတဆင့် ဟူးကောင်းချိုင့်ဝှမ်းကို ကျော်ဖြတ်ကာ ပြည်မထဲသို့ ရောက်လာခဲ့ပါက ထိုအချိန်တွင် တိုင်းပြည်ပျက်သုန်းကာစ ကူဗလိုင်ခန်၏ တာတာတပ်များရန်စောင်နေချိန်.. တရုတ်.. ကုလား.. လက်အောက်တွင် မြန်မာတို့ ဘာသာ.. လူမျိုး.. ပျောက်သွားနိုင်သည်.. ဒီပုံစံဖြင့် ပါကစ္စတန်.. အာဖဂန်.. တို့တွင် သာသနာကွယ်ပျောက်ခဲ့ရသည်.. ကျွန်တော်တို့ ဗုဒ္ဓဘုရားကို အာရုံပြုမိတိုင်း အကာအကွယ်ပေးခဲ့ကြသော တိုင်းရင်းသားတို့၏ ကျေးဇူးကို အမြဲထာဝရ အောက်မေ့သင့်ပေသည်…….။

( ဤနေရာမှာ “ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်´´ကို နိဂုံးချုပ်လိုက်ပါရစေ.. )

အဟုန်သမိုင်းကို လေ့လာသောအခါ ဤနေရာလေးမှာ အလှည့်အပြောင်းလို့ ဆိုနိုင်ပါသည်.. အဟုန်အင်ပါယာကြီးအတွက် အသက်..သွေး..ချွေး.. စွန့်လွှတ်ကာကွယ်ခဲ့ရသောကြောင့် လက်ကျန်အဟုန်တိုင်းရင်းသားတို့ အနည်းအကျဉ်းမျှသာ ကျန်ရစ်ခဲ့ပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ချိန်မှာတော့ ရောက်ရှိနေသော အိန္ဒိယတိုင်းသားတို့နှင့် သွေးနှောကုန်သည်.. အဟုန်ဘုရင် စူးဖန်မောင်´´လက်ထက်မှစ၍ ဟိန္ဒူအယူဝါဒအချို့ ရောက်ရှိလာခဲ့သော်လည်း နိုင်ငံသစ်နောက်ပိုင်းတွင် မူလရှမ်းပြက္ခဒိန်´´ ကိုစွန့်ပစ်ပြီး ဟိန္ဒူသက္ကရာဇ်သို့ပြောင်းသည်.. ဘုရင်ဘွဲ့ကိုလည်း ဟိန္ဒူဘာသာဖြင့် ခံယူခဲ့ကြသည်.. သို့သော်မူလ မောရှမ်းဘွဲ့များကိုလည်း ပူးတွဲခံယူခဲ့ကြသည်..

ဟိန္ဒူဘာသာသို့ အဟုန်တို့ ကူးပြောင်းသွားပြီးနောက်ပိုင်း တဖြည်းဖြည်းရှမ်းအမူအလေ့တို့ နည်းပါးလာပြီး လူမျိုးပါ ပျောက်ခဲ့ရသည်မှာ သမိုင်းဆုံးရှုံးမှု့ကြီးတစ်ခုလို့ တင်စားနိုင်ပါသည်.. ခရစ် ၁၉၀၁ ခုနှစ် အိန္ဒိယနိုင်ငံ လူဦးရေစာရင်းအရ အဟုန်လူမျိုးဟု ဝန်ခံသူ ( ၁၇၈,ဝ၄၉ ) ဦးသာ ကျန်ရှိခဲ့ပြီး အများအားဖြင့် အာသံနယ် အထက်ပိုင်း ဆစ်ပ်ဆာဂါ´´ (Sipsagar) နှင့်လက်ခင်ပူ´´ (Lakhimpur) နယ်များတွင် နေထိုင်ကြဆဲ ဖြစ်သည်..

ယခုအခါ အာသံနယ်တွင် အဟုန်လူမျိုးဟူ၍ မရှိတော့သော်လည်း ၎င်းတို့၏ ရှမ်းဘာသာစကားများကို ယခုတိုင်ကြားနိုင်ပါသေးသည်..

ကျင်ခေါက် = ထမင်းစား

လောင် = ခေါင် (ရေ)

စူး = ကျား

ဖ = ကောင်းကင်

သောင် = ရွှေ

ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်… ( နိဂုံး )

အဟုန်တို့သည် မှတ်တမ်းမှတ်ရာ အရေးအသား အလွန်ထုံကြ၏.. ဝါသနာပါကြ၏.. ထို့ကြောင့် “ဘူရမ်ဂျီ´´ ခေါ် သမိုင်းမှတ်တမ်း များစွာ ကျန်ရစ်ခဲ့၏.. သစ်ခေါက်ဖြင့် ပြုလုပ်ထားသော ပုရပိုက်များကို ယခုတိုင် အာသံပြတိုက်တို့တွင် ပြသထားရှိသည်..

၁၉၆၀ ပြည့်လွန်နှစ်များက ထိုင်းနိုင်ငံမှ “ကန်ကျနပထွမ်ဒီလိုက်´´အမည်ရှိ အမျိုးသမီးဘာသာဗေဒပညာရှင်သည် မြန်မာပြည် နယ်စပ်ဒေသများရှိ ရှားပါးလူမျိုးစုများအကြောင်းကို သုတေသနပြုလုပ်ခဲ့ပြီး ကျမ်းတစ်စောင်ပြုစုခဲ့ရာ အဟုန်လူမျိုးတို့၏ အက္ခရာများကို ဖော်ပြထားပြီး မြန်မာပြည်မိုးကောင်းနယ်ထဲမှ အာသံနယ်ထဲသို့ ပြောင်းရွှေ့ဝင်ရောက်သွားပုံကို အထောက်အထားပြည့်စုံစွာဖြင့် ဖော်ထုတ်ရေးသားခဲ့သည်..

အဟုန်တို့သည် လွတ်လပ်မှု့ကို မြတ်နိုးသူများပီပီ ရေကြည်ရာ မြက်နုရာ နယ်မြေသစ်ကို ရှာဖွေခဲ့ကြသူများပင် ဖြစ်သည်.. အမှန်တကယ်ဆိုလျှင် အာသံ´´ ဟူသော အမည်ကပင်အားဟုန်´´ ဆိုသည့်စကားမှပင် ဆင်းသက်လာသည်.. အာသံပြည်နယ်သားများသည် ဟ´´နှင့်စ´´ကို ဖလှယ် ခေါ်ဝေါ်တတ်ကြသည်.. မြန်မာများက အာသံ ဟုပင် အနီးစပ်ဆုံး ခေါ်လိုက်ကြသည်.. အာသံနယ်သည် အဟုန်တို့ သီးခြားထူထောင်ခဲ့သော နယ်မြေဖြစ်သည်..

တာဝဲလ်၏ အဟုန်နှင့် ရှေးဦးထိုင်း လူအဖွဲ့အစည်းက်ို လေ့လာခြင်း´´စာတမ်းတွင်တော်.. ဖရာ့.. ခ..´´စသော စကားလုံးများကို ဥပမာပေး၍ ဖော်ပြထားသည်.. ခ´´ဟူသောစကားသည် ခယခြင်း.. နှိမ့်ချခြင်း..သဘောဆောင်၍ ဇင်းမယ်နှင့် ရှမ်းပြည်နယ်တို့တွင်ခ´´ဖြင့် ယဉ်ကျေးစွာ အဆုံးသတ် ပြောလေ့ရှိကြ၏.. မြန်မာလို “ခင်ဗျ´´နှင့် သဘောဆင်မည်..

အဟုန်အက္ခရာများသည် မွန်နှင့်မြန်မာ အက္ခရာမှ ဆင်းသက်ကြောင်း တွေ့ရှိရသည်.. အဟုန်-အာသံ-အင်္ဂလိပ် အဘိဓာန်ကို ၁၉၂၆ တွင် ပုံနှိပ်ထုတ်ဝေသည်.. ၁၉၃၀ ပြည့်နှစ်တွင် အဟုန် ဘူရမ်ဂျီး´´ခေါ် သမိုင်းမှတ်တမ်းကျမ်း ထွက်ရှိခဲ့သည်.. ရေးသားသူမှာ အဟုန်သမိုင်း ပညာရှင်ချန္ဒရာဘာရူးဝါး´´ဖြစ်ပြီး ကာလကတ္တားမြို့ ဘက်ပတစ်မစ်ရှင်အဖွဲ့မှ ရိုက်နှိပ်ကြောင်း သိရသည်..

၁၉၈၄ ခုနှစ် ၊ ဖေဖော်ဝါရီလက အဟုန်မျိုးနွယ်များပါဝင်သော ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တောင်ကြီးမြို့မှ ရှေးဟောင်းရှမ်းသမိုင်း ပညာရှင် “စောဆိုင်မိုင်း´´နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်.. ဆရာကြီးသည် ကျိုင်းတုံစော်ဘွားကြီး တပ်ကောင် ကျောက်အင်တလိုင်၏ သားဖြစ်ပြီး အမေရိကန်၊ ဂျပန်စသော နိုင်ငံများတွင် ပညာပို့ချဖူးသူ ဖြစ်သည်..

၁၉၈၈ ခုနှစ်တွင် ပါမောက္ခ “ချန္ဒရာ ဂိုဂွိုင်း´´မှ အပြည့်စုံဆုံး အဘိဓာန်ကို တည်းဖြတ်ထုတ်ဝေခဲ့သည်.. စာအုပ်အဖုံးတွင် ခြူးပန်းနွယ်များနှင့် အဟုန်ရှေးဟောင်း ပန်ချီပုံကို ရေးဆွဲထားသည်.. အထူးခြားဆုံးမှာ စာမျက်နှာ-၁ မှ စာမျက်နှာ- ၂၂၉ အထိ မြန်မာဂဏန်းအက္ခရာများဖြင့် ရေးထိုးထားခြင်းဖြစ်သည်.. (အဟုန်အက္ခရာများနှင့် ရေးသားထားသော ရဟန်းတော်တစ်ပါး၏လက်ရေးကို မင်းကွန်းလူအိုရုံ ဧည့်သည်မှတ်တမ်းတွင် ထူးဆန်းစွာ တွေ့ရသည်..)

အဟုန်တို့ကား ကျွန်တော်တို့ ပြည်ထောင်စုဖွား မြန်မာပြည်သားများ ဖြစ်ခဲ့ကြသည် အမှန်ပင်.. “စူးခဖ´´ခေါင်းဆောင်လျှက် အဘယ်ကြောင့် အာသံနယ်သို့ ပြောင်းရွှေ့သွားခဲ့ကြပါသနည်း…..? ပဟေဋိဆန်နေသည်.. လူမျိုးစုတစ်ခု၏ ရန်ကြောင့် ရွှေ့ပြောင်းရသည်ဟု မှတ်ချက်ချရအောင် အဟုန်တို့သည် သွေးကြောင်တတ်သည့်လူမျိုးမဟုတ်..

ဤအချက်ကို သမိုင်းပညာရှင်တို့ ဆက်လက်သုတေသနပြုလေ့လာ ဖော်ထုတ်ကြရပေလိမ့်ဦးမည်.. အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပါ၏.. အဟုန်တို့သည် မူလကနဦးက အမိမြန်မာပြည်၏ ရှေးဟောင်းဘုံနိုင်ငံဟု ခေါ်ဆိုအပ်သော “မိုင်းလုံ´´မှဟု အမှတ်အသားရှိ၏.. မိုင်းလုံဒေသသည် ရှေးဟောင်းကျေးရွာတစ်ခုဖြစ်ပြီး ချုံနွယ်ပိတ်ပေါင်းများစွာ ဖုံးအုပ်နေသော စေတီပျက်နှင့် မြို့ရိုးကြီးများကို ယခုတိုင်တွေ့ရှိနိုင်သည်ဟု သိရှိရပါသည်..

အဟုန်တို့၏ သမိုင်းခြေရာများက ကျွန်တော်တို့က်ို စောင့် ကြိုလျှက်…….။

(ပြီးပါပြီ)

ဤနေရာမှ အဟုန်တို့ကို ဦးညွတ်လိုက်ပါ၏။

စာညွှန်း : ဆရာဝန်တင်မောင်ကြည် ( ပျောက်ကွယ်သွားသော အဟုန်နိုင်ငံ / သုတေသန စာတမ်း ) မှ ဖော်ပြပါသည်။
မန္တလေး ယဉ်ကျေးမှုဂျာနယ် ( အတွဲ-၂ ၊ အမှတ်-၁၂၊ ၁၉၉၇ ဇွန်လ )
စာကိုး : Terwiel ( Ahom )
Thailand Journal ( No.71 / 1983 )

အဟုန်ပေစာ လေ့လာရန် : http://2.bp.blogspot.com/…/Tai_Script_of_Ahom_Kingdom.jpg

Share This Post

More From Author

Iran’s NZ embassy fires back at Trump ‘stone age’ taunt with AI-generated mockery

Burmese Poem: မဗေဒါ-ဆရာဇော်ဂျီ Zaw Gyi’s “Hyacinth’s Way – This is My Way” (with English Translation)