Q/A No. 18. What is Jihad? When it is allowed and when it is forbidden?

In Islam, jihad means “striving” or “struggle” in the path of God.

It includes both the inner struggle against sin and the outer struggle to defend the Muslim community.

Jihad is allowed when defending against aggression, oppression, or occupation,

but it is forbidden when used for injustice, harming innocents, or violating Shariah guidelines.

Meaning of Jihad

  • Linguistic meaning: Jihad comes from the Arabic root jahada, meaning “to strive” or “to exert effort.”
  • Spiritual dimension: The Prophet Muhammad emphasized the
    • “greater jihad” as the struggle against one’s own ego, desires, and sins.
  • Physical dimension: The “lesser jihad” refers to armed struggle, but only under strict conditions.

When Jihad is Allowed

  • Defense against aggression:
    • If Muslim lands are invaded, jihad becomes a duty for the inhabitants to resist.
  • Protection of faith and community:
    • Jihad is permitted to safeguard religious freedom and protect the community from persecution.
  • Resistance against occupation:
    • When foreign powers occupy Muslim territories, resistance is considered obligatory.
  • Collective obligation: In normal circumstances, jihad is a communal duty (fard kifayah), requiring leadership approval and proper intention.

When Jihad is Forbidden

  • Aggression or expansionism:
    • Islam forbids initiating jihad for conquest, revenge, or worldly gain.
  • Harming innocents:
    • Killing non-combatants,
      • women,
      • children,
      • monks, or
      • destroying crops and property is strictly prohibited.
  • Without just cause:
    • Jihad cannot be declared without legitimate reason, such as defense against oppression.
  • Ignoring Shariah guidelines:
    • Any struggle that violates justice, mercy, and honor is invalid.

Key Principles

  • Justice and honor: Jihad must align with Qur’anic principles of fairness and compassion.
  • Leadership and intention: Except in cases of direct invasion, jihad requires proper authority and sincere intention.
  • Continuous struggle:
    • Even outside armed conflict,
    • Muslims are encouraged to practice jihad through
      • patience,
      • charity,
      • knowledge, and
      • resisting temptation.

In summary: Jihad is a broad concept of striving for God’s (Allah SWT) cause, primarily through self-discipline and moral effort.

Armed jihad is only allowed in defense, never for aggression, and must follow strict ethical rules.

Misuse of jihad for violence or injustice is forbidden in Islam.

အမှတ် ၁၈။  ‘ဂျီဟတ်’ ရဲ့သဘောသဘာဝကိုပြောပြပါ

မည်သည့် အခြေအနေ အချိန်အခါတွင် ခွင့်ပြုထားပြီး မည်သည့်အခါတွင် တားမြစ်ထားသနည်း?

အစ္စလာမ်ဘာသာတွင် ‘ဂျီဟတ်’ဆိုသည်မှာ ဘုရားသခင်၏လမ်းကြောင်းတွင်-

  • “ကြိုးစားအားထုတ်ခြင်း” သို့မဟုတ်
  • “ရုန်းကန်ခြင်း” သို့မဟုတ် “ကြိုးပမ်းခြင်း”ကို ဆိုလိုသည်။

၎င်းတွင် နှစ်ပိုင်း ပါဝင်ပါသည် –

၁/ အတွင်းပိုင်းရုန်းကန်မှုကို “ပိုမိုကြီးမားသော ဂျီဟတ်” နှင့်

၂/ အပြင်ပိုင်းရုန်းကန်မှုကို “သေးငယ်သော ဂျီဟတ်” ခေါ် လက်နက်ကိုင်ရုန်းကန် တော်လှန်မှု

ဂျီဟတ်၏ အဓိပ္ပာယ်

ဂျီဟတ်သည် အာရဗီဘာသာ ဂျာဟာဒ (jahada) မှ ဆင်းသက်လာပြီး “ကြိုးစားအားထုတ်ခြင်း” သို့မဟုတ် “ကြိုးပမ်းခြင်း” ကို ဆိုလိုသည်။

တမန်တော်မိုဟမ္မဒ် (ဆွ) က မကောင်းသောအတွင်းစိတ်ဓာတ်ကိုဖိနှိပ်ချေမှုန်းတိုက်ခိုက်ခြင်းကို “ပိုမိုကြီးမားသော ဂျီဟတ်” သို့မဟုတ် ပို၍အရေးပါသော ဂျီဟတ် ဟု ပိုမိုအလေးပေး မိန့်ကြားခဲ့ပါသည်။ အတွင်းပိုင်းရုန်းကန်မှုမှာ မိမိစိတ်နှလုံးထဲရှိ တကိုယ်ကောင်းဆံသော ကိုယ်ကျိုးသာသိသည့် မကောင်းသော ‘နတ်ဆိုး’ လောဘ ဒေါသ မောဟ မာန မနာလိုဝန်တိုခြင်း ကိလေသာ တဏှာ စိတ်ဓာတ်များကို ကြိုးစားဖိနှိပ်မြိုသိပ် တိုက်ခိုက်ရသည့် အတွင်းပိုင်းရုန်းကန်မှုတို့ဖြစ်သည်။

ပို၍အရေးပါပြီး ကျနော်တို့ အမြဲနှလုံးသွင်း ကြိုးစားရမည့်အချက်ကို မွတ်စလင်များမေ့လျော့နေတတ်ပြီး ဘာသာခြားများကလည်း သတိမမူမိပဲ..

သိပ်အရေးမပါသည့် ပြင်ပရုပ်ပိုင်းဆိုင်ရာ “သေးငယ်သော ဂျီဟတ်” ခေါ် လက်နက်ကိုင်ရုန်းကန်မှုကို သာရည်ညွှန်းသည်ဟု ထင်မြင်ပြီး ကြောက်ရွံ့ရွံရှာမုန်းတီးနေကြသည်။

ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာ- “သေးငယ်သော ဂျီဟတ်” သည် လက်နက်ကိုင်တော်လှန် ရုန်းကန်မှုကို ရည်ညွှန်းသည်၊ သို့သော် ၄င်းကိုတင်းကျပ်သောအခြေအနေများအောက်တွင်သာ အစ္စလမ်ကခွင့်ပြုခြင်း ဖြစ်သည်။

  • ဂျီဟတ်ကို ရန်လိုမှု၊ ဖိနှိပ်မှု သို့မဟုတ် သိမ်းပိုက်မှုတို့အား ခုခံကာကွယ်ရာတွင် ခွင့်ပြုထားသော်လည်း၊
  • တရားမမျှတမှု၊
  • အပြစ်မဲ့သူများကို ထိခိုက်စေခြင်း သို့မဟုတ်
  • အစ္စလမ်တရားတော် ရှရီအာလမ်းညွှန်ချက်များကို ချိုးဖောက်ခြင်း

တို့အတွက် အသုံးမပြုရန် ပြင်းထန်တင်းကျပ်စွာ တားမြစ်ထားပါသည်။

ဂျီဟတ်ကို မည်သည့်အခါတွင် ခွင့်ပြုသနည်း

  • ရန်လို ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ခြင်း
    • မွတ်စလင်နယ်မြေများကို ကျူးကျော်လာပါက နေထိုင်သူမွတ်စလင်များအတွက် ဂျီဟတ်သည် ခုခံရန် တာဝန်တစ်ရပ် ဖြစ်လာသည်။
  • အစ္စလမ်ဘာသာနှင့် မွတ်စလင်များကို ကာကွယ်ခြင်း-
    • ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ရန်နှင့်
    • ညှဉ်းပန်းနှိပ်စက်မှုမှ မွတ်စလင်လူထုအသိုင်းအဝိုင်းကို ကာကွယ်ရန် ဂျီဟတ်ကို ခွင့်ပြုထားသည်။
  • သိမ်းပိုက်မှုကို တော်လှန်ခြင်း-
    • နိုင်ငံခြားအင်အားစုများက မွတ်စလင်နယ်မြေများကို သိမ်းပိုက်လာပါက တော်လှန်ခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန် အဖြစ် သတ်မှတ်သည်။
  • အများဆိုင်ရာတာဝန်- ပုံမှန်အခြေအနေများတွင် ဂျီဟတ်သည် အများဆိုင်ရာ တာဝန် (fard kifayah) ဖြစ်ပြီး၊
    • (က) ခေါင်းဆောင်များ၏ အတည်ပြုချက်နှင့်
    • (ခ) မှန်ကန်သော ရည်ရွယ်ချက် လိုအပ်သည်။

ဂျီဟတ်ကို မည်သည့်အခါတွင် တားမြစ်သနည်း

  • ရန်လိုမှု သို့မဟုတ် ပိုင်နက်နယ်မြေချဲ့ထွင်လိုမှု-
  • အစ္စလမ်က တပါးနိုင်ငံကို ကျူးကျော်သိမ်းပိုက်ခြင်း၊ လက်စားချေခြင်း သို့မဟုတ် လောကီအကျိုးအတွက် ဂျီဟတ်ကို စတင်ခြင်းကို တားမြစ်သည်။
  • အပြစ်မဲ့သူများကို ထိခိုက်စေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း –
    • တိုက်ပွဲမဝင်သူများ၊
    • အမျိုးသမီးများ၊
    • အိုမင်း မစွမ်းသူများ
    • ထိခိုက် ဒဏ်ရာရ ထားသူများ
    • ကလေးသူငယ်များ၊
    • သံဃာတော်များ
    • သီးနှံများနှင့် ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။
  • တရားမျှတသော အကြောင်းရင်း မရှိဘဲ- ဖိနှိပ်မှုကို ခုခံကာကွယ်ခြင်းကဲ့သို့သော တရားဝင်အကြောင်းပြချက် မရှိဘဲ ဂျီဟတ်ကို ကြေညာ၍ မရပါ။
  • အစ္စလမ်တရားဥပဒေ ရှရီအာလမ်းညွှန်ချက်များကို လျစ်လျူရှုခြင်း-
    • တရားမျှတမှု၊ ကရုဏာနှင့် ဂုဏ်သိက္ခာကို ချိုးဖောက်သည့် မည်သည့်ရုန်းကန်မှုမဆို မမှန်ကန်ပါ။

အဓိကမူဝါဒများ

  • တရားမျှတမှုနှင့် ဂုဏ်သိက္ခာ- ဂျီဟတ်သည် ကုရ်အာန်၏ မျှတမှုနှင့် ကရုဏာ မူဝါဒများနှင့် ကိုက်ညီရမည်။
  • ခေါင်းဆောင်မှုနှင့် ရည်ရွယ်ချက်-တိုက်ရိုက်ကျူးကျော်မှု အခြေအနေများမှလွဲ၍
    • ဂျီဟတ်သည် သင့်လျော်သော အာဏာ ပိုင်ခေါင်းဆောင်တို့၏ တရားဝင်စည်းဝေးဆုံးဖြတ် သဘောတူညီချက်နှင့်
    • ရိုးသားသော မှန်ကန်သည့် ရည်ရွယ်ချက် ရှိရန် လိုအပ်သည်။

မွတ်စလင်များအနေနှင့် အမြဲတန်းပင် စဉ်ဆက်မပြတ် ရုန်းကန်မှု-

မွတ်စလင်များကို မကောင်းသောအတွင်းစိတ်ဓာတ်ကို ဖိနှိပ်ချေမှုန်းတိုက်ခိုက်ခြင်းကို “ပိုမိုကြီးမားသော ဂျီဟတ်” သာသနာရေးတာဝန် အဖြစ်အောက်ပါတို့မှတစ်ဆင့် လေ့ကျင့်ရန် တိုက်တွန်းသည်-

  • စိတ်ရှည်ခြင်း၊
  • အလှူပေးခြင်း၊
  • အသိပညာရှာဖွေခြင်းနှင့်
  • အတ္တစိတ်လွန်ကဲမှုကို တွန်းလှန်ခြင်း။

အကျဉ်းချုပ်- ဂျီဟတ်သည် အလ္လာဟ်အရှင်မြတ်အတွက် ရည်ရွယ်ချက်ထား ကြိုးစားအားထုတ်ခြင်း ဖြစ်ပြီး၊ အဓိကအားဖြင့်-

မိမိကိုယ်ကို စည်းကမ်းထိန်းသိမ်းခြင်းနှင့် ကိုယ်ကျင့်တရား ကြိုးစားမှုများ ဖြစ်သည်။

လက်နက်ကိုင် ဂျီဟတ်ကို ကာကွယ်ရေးအတွက်သာ ခွင့်ပြုထားပြီး၊ ရန်လိုမှုအတွက် ဘယ်တော့မှ မဟုတ်ဘဲ၊ တင်းကျပ်သော ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာရမည်။ အကြမ်းဖက်မှု သို့မဟုတ် တရားမမျှတမှုအတွက် ဂျီဟတ်ကို အလွဲသုံးစားပြုလုပ်ခြင်းကို အစ္စလာမ်တွင် တားမြစ်ထားသည်။

ကဲ အကျဉ်းချုပ်ကတော့ဒါပဲလေ။ နည်းနည်း အကျယ်ချဲ့ ရှင်းပြပါရစေ။

ဂျီဟတ်နဲ့ ပတ်သက်ပြီး ကုရ်အန်ကပြောထားက အတွင်းကြိုးစားမှု။ တိုင်းပြည်တစ်ခုကို ပြန်ချတာ ပြန်တိုက်တာ ဂျီဟတ်လုပ်တယ်ဆိုတာက သူ့သတ်မှတ်ချက်တွေ ရှိတယ်။ သူ့ရဲ့ စည်းကမ်းချက်တွေ ရှိတယ်။ ဘယ်လိုအချိန်မှာ ဂျီဟတ် လုပ်ပိုင်ခွင့်ရှိမယ် မရှိဘူးဆိုတဲ့ တင်းကျပ်တဲ့စည်းကမ်းတွေရှိပါတယ်။

ကိုယ့်ကို မတရားလုပ်တာလေး တစ်ခု တည်း နဲ့ သွားပြီးဂျီဟတ်လုပ်လို့မရဘူး ကိုယ်ကို ချုပ်ချယ်တာလေးတစ်ခု တည်းနဲ့သွားလုပ် လို့တော့ မရ ဘူး‌လေ။ သူ့မှာသတ်မှတ်ချက်တွေ အကုန်ရှိတယ်။

နောက်တစ်ခု ပိုပြီးအရေးကြီးတဲ့ ဂျီဟတ်က “ကိုယ့်ရဲ့ ကိုယ်အတွင်းက မကောင်းတဲ့စိတ်တွေကို ဖျောက်ဖို့ ခက်ခဲအကြပ်တည်းတွေ့နေတဲ့အချိန်မှာ ပြုံးပြီးတော့ ရင်ဆိုင်တာ” ဒါလည်းဂျီဟတ်ပဲတဲ့ ။

  • အခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာ သည်းညည်းခံပြီးတောမှ ဒိုအာ ဆုတောင်းတယ်၊ တောင်ဘာ အမှားကို ဝန်ခံတယ် ဆိုတာလဲဂျီဟတ်ပဲ။
  • နောက်ကောင်းတာလုပ်ဖို့ဟာ အတွက်ကို ကြိုးစားလုပ်နိုင်တယ် အဲ့ဒါလည်းဂျီဟတ်ပဲ
  • လာဒ်မစားပဲနေတာလည်းဂျီဟတ်ပဲဗျ။ လာဒ်စားဖို့ရာ လာပြီးပေးတဲ့လူကပေးနေတယ် အဲ့ဒါကို ကိုယ်ကစိတ်ထဲကနေပြီးတုန့်ပြန်ပြီးသား ယူတာမကောင်းဘူး ဆိုတကို ကိုယ့်ကဆုံဖြတ်ပြီးသာဆိုရင် အဲ့ဒါလည်းဂျီဟတ်ပဲ
  • ကိုယ်မိဘတွေကို ချစ်ခင်ကြင်နာစွာနဲ့ သနားညှာတာစွာ ပြုစုတာလည်း ဂျီဟတ်ပဲ
  • နောက်တစ်ခုက သူများကတရားလုပ်ဟာကို ခွင့်လွှတ်လိုက် ကြေ အေးလိုက်တယ်ဆိုလည်းဂျီဟတ်ပဲ
  • ကိုယ်က ကလဲ့စားချေလို့ရမယ်ဆိုတဲ့ အတုံ့အလှည့်ရောက်တာကို မချေပဲနဲ့ခွင့်လွှတ်ကျေနပ်ပေးလိုက်တာ လည်းဂျီဟတ်ပဲ။ အဲ့ဒါကပိုပြီးကောင်းတဲ့ ဂျီဟတ်ပေါ့။ အဲလိုမျိုး သတ်မှတ်ထား တာတွေ အများကြီး ရှိပါ တယ်.
  • ကိုယ့်အတ္တ ကိုပယ်နိုင်မှ ငါ့တွက်…..ငါ့အတွက်…..ငါဆိုတဲ့ အတ္တကိုပယ်နိုင်ဖို့အရေးကြီးတယ် ငါ့မိသားစုအတွက်၊ ငါ့သားသမီးအတွက်၊ ငါ့လူမျိုးအတွက်၊ငါ့ဘာသာအတွက်၊ငါ့နိုင်ငံအတွက်၊ ငါ့သာသနာအတွက်..ဆိုပြီးအဲ့လိုလုပ်ကြမဲ့အစားလူသာအားလုံးအတွက် ဆိုပြီး အတ္တကနေ ပတ ကိုပြောင်းနိုင်တယ်. အဲ့ဒါလည်းဂျီဟတ်ပဲဗျ. အဲ့လိုမျိုးပြောင်းလဲနိုင်တဲ့ဂျီဟတ်က အကြီးဆုံးပဲ.
  • အဲ့ဒီရုန်းကန်မှုဟာ အတွင်းကမကောင်းတဲ့စိတ်ဓါတ်တွေကို ဖယ်ရှားနိုင်ခဲ့တာလည်း ဒါကဂျီဟတ်ပဲဗျ.အတ္တကိုပယ်ဖို့ရာ ငါ..ငါ…ငါ…I…MY…..ME…ဒါငါ့ဟာ..ငါပိုင်တဲ့ဟာဆိုပြီးတော့မှ လုပ်လို့မရဘူး. အဲ့ဒီတော့ အာလုံးက အတူတူ ပဲဗျ. အဲ့ဒီ အတ္တ ကိုပယ်ဖို့ လုပ်တာလဲ ဂျီဟတ်ပဲ
  • ဒေါသကိုလည်းပယ်ရမယ် ထစ်ကနဲဆို ဒေါသ ကြီးတာအဲ့ဒီ ဒေါသကိုထိန်းနို်ငတာ ထိန်းဖို့ကြိုးစားတာလည်းဂျီဟတ်ပဲ
  • မောဟတွေ‌ တွေဝေနေတာတွေ အဲဒါ တွေကို ထိန်းနိုင်တဲ့ဟာလည်း ဂျီဟတ်ပဲ
  • မာနတွေ ငါက ဆရာဝန်ကြီးပဲ၊ငါကအင်္ဂျင်နီယာပဲ၊ ငါက ဗိုလ်ချုပ်ကြီး ပဲဆိုတဲ့ အဲဒီမာနတွေကို ထိန်းဖို့ကြိုးစားတာလည်း ဂျီဟတ်ပဲ
  • နောက်ပြီး လောဘတွေ။ ငါ့တသက် စာတော့ လုံလောက်ပြီ၊ သားသမီးမြေမြစ်တွေ တသက်စာတော့ ငါရှာရဦးမယ်ဆိုတဲ့ လောဘစိတ်ကို ထိန်းနိုင်ရင် လည်း ဂျီဟတ်ပဲ

သူများကိုသွားသတ်တာ ဗုံးတွေခွဲတာတွေကို ဂျီဟတ်လိုပြော နေရင် အဲ့ဒါက မဟုတ်သေးဘူး

  • ဗုံးခွဲသတ်တာကို ဂျီဟတ်လို့ မသတ်မှတ်ဘူးဗျ၊ တရားတော်အရဂျီဟတ်လို့ မသတ်မှတ်ဘူး
  • အပြစ်မဲ့တဲ့ လူထုကြားထဲ ဗုံးတွေခွဲတာ
  • လေယာဉ်တွေပေါ်မှာ ကိုယ့်ကိုယ်ကို ဗုံးတွေတပ်ဆင်ပြီးတော့ လေယာဉ် ကိုဗုံးခွဲ တာတွေက အဲ့ဒါ ဂျီဟတ်မဟုတ်ဘူး

ကျနော်တို့ အစ္စလာမ့် တရားတော်အရ ငရဲပြည် လားမှာပဲ။

  • အဲ့တော့ လောဘစိတ်ကိုလည်း သတ်မှရမယ်။
  • သူများတွေကို မလိုမုန်းထားတာတွေ၊
  • မနာလိုတဲ့စိတ် တွေကိုပယ်လိုက်နိုင်တာလည်းဂျီဟတ်ပဲ
  • သူတပါးကိုပျက်စီးစေလိုတဲ့ စိတ်ဓါတ်ကိုထိန်းတာ
  • ချမ်းသာသူတွေ့ရရင် မုဒိတာပွားတာ အဲ့ဒါလည်း ဂျီဟတ်ဗျ
  • ကြွားဝါတာ ပြစားတာ တွေကိုထိန်းတာလည်းဂျီဟတ်ပဲ
  • အနိုင်ကျင့်တာမလုတ်ပဲနဲ့ ဂလဲ့စားခြေတာမဟုတ်ပဲနဲ့ ခွင့်လွှတ်တာ ကြေအေးဖို့ လုပ်နိုင်တာလည်း ဂျီဟတ်ဗျ
  • မောက်မာတာ ထောင်လွှားတာတွေကို ထိန်းထားနို်ငတာလည်းဂျီဟတ်ပဲ.

နောက်ပြီးတော့ မိန်းမနဲ့ ယောကျ်ားက တွေ့လိုက်ရင် ကြည့်လိုက်ကြတာပဲ ကောင်မလေး ချောချော လေး တွေရင်ယောကျ်ားတွေကလည်း လိုက်ကြည့်ငန်းလိုက်တာပဲ မိန်းကလေးက ယောကျ်ားတွေ့ရင် ကြည့်လိုက်တာပဲ အဖိုးကြီးလည်း လိုက်ကြည့် တာပဲ အဖွားကြီး တွေလည်းလိုက်ကြည့်တာပဲ အရင်မင်းသားဝင်းဉီး ခေတ်တုန်း ကဆိုရင် အမျိုးသမီးတွေ အတင်းလိုက် ကြတာပဲ။

ကျနော်တို့ အစ္စလာမ်မှာက ယောက်ျားကလေးက မိန်းကလေးတယောက်ကိုတွေ့ရင် ကိုယ့်ရဲ့ မျက်လွာကို အောက်ချ ထားပါတဲ့။ အဲ့လို ထိန်းနိုင်ဘို့ကတော့ မလွယ်ဘူးပေါ့ဗျာ ရှာပြီးတော့ တောင်ကြည့် နေကြတာ ဘယ်သူ ချောလည်း ဆိုပြီးတော့ အပြာစာအုပ် တွေကိုတောင်ကြည့်ကြတာပဲ။ အဲဒါတွေကို ရှောင်ကျဥ်ပြီး နေနိုင်တာလည်း ဂျီ ဟတ်ပဲ။

အရှက်အင်္ဂါကို မကြည့်တာ ကိုယ့် ရဲ့ ဇနီးခင်ပွန်းရဲ့ အရှက်အအင်္ဂါကို မကြည့်ပဲစိတ်ထိန်းနိုင်တာ လည်း ဂျီဟတ်ပဲ အဲ့ လောက်ထိကို အစလာမ်ကထိမ်းရတာနော် အဲ့ဒါတွေကို ထိန်းထားနိုင်တာ ထိန်းဖို့ကြိုး စား တာလည်း ဂျီ ဟတ်ပဲ။

အစလာမ်မှာ ဂျီဟတ်ဆိုတာ ကြိုးစားတာ ရုန်းကန်တာ အသျှင်မြတ်ရဲ့ လမ်းစဉ်မှာ ရုန်းကန်တာ။ အပြင်မှာသွားပြီးသူများတွေကို ဗုံးခွဲတာကိုပြောတာ မဟုတ်ဘူး ဆူဆိုဒ် အသေခံဗုန်းခွဲတာကို ပြောတာမဟုတ်ဘူး။ ဂျပန် တွေ ‘ကာမီကာစေ’ လေယာဉ်နဲ့ တခါတည်းထိုးချပြီးကိုယ့်ကိုယ်ကို အသေခံပြီးလုပ်တာ သူတို့ သူရဲ ကောင်းတွေအဖြစ်သတ်မှတ်တယ်။ တကမာလုံးကလည်းသူရဲကောင်း တွေလို့သတ်မှတ်တယ်။ ဂျပန်ကစပြီးဗုံးကြဲတာနော်၊ အမေရိကန် ပုလဲဆိပ်ကမ်းကို ဗုံးကြဲတာ။ ဂျပန်က ကြဲတာသူတို့စပြီးတော့။ ရှုံးသွားတာလည်းဂျပန်ပဲ၊ ဒါပေမဲ့ သူတို့ကနာမည်မပျက်ဘူး။ မွတ်စလင်က မခံနိုင်တော့ ထလုပ်တော့မွတ်စလင်ကြတော့ နာမည် ပျက်တယ်။ မွတ်စလင် လုပ်တာမှန်တယ်လို့ ကျနော်ပြောတာမဟုတ်ဘူးနော် သူတို့ဂျပန်တွေကိုလည်းမှန်တယ် လို့ပြော တာမဟုတ်ဘူး။ သူတို့လည်း မှားတာပဲ၊ မွတ်စလင်တွေလည်းမှားတာပဲ၊ အသေခံပြီးတော့ ကျနော်တို့ ကို ရန်မပြုတဲ့ သူတွေကိုသတ်တယ် ဆိုတာက မှားတာပဲ။ ကျနော်တို့ဘာသာက ခွင့်မပြုဘူး။

 ဂျီဟတ်ဆိုတာ အတွင်းက ကိုယ် ရဲ့ အတွင်းက စိတ်ဓါတ်ကနေပြီးတော့မှ ရုန်းကန်ရတာ

  • မဟုတ်တာ မကောင်းတာ လုပ်ချင်တဲ့ စိတ် တွေကို ထိန်းရတာ ကာမ ရာဂတွေရော
  • စည်းစိမ်ဉစ္စာလိုချင်တဲ့လောဘတွေရော
  • ဒေါသတွေရော မကောင်းတဲ့ စိတ်ကို ထိန်းချုပ် တာ အတွင်းစိတ် ကိုထိန်းချုပ်တာ ဒါကလည်းဂျီဟတ် ပိုပြီးတော့ ခက်ခဲတဲ့ဂျီဟတ်ဗျ

 နောက်ပြီးတော့ မွတ်စလင်တွေကို ကာကွယ်ဖို့ရာအတွက် ကိုယ့်တိုင်းပြည်ကာကွယ်ဖို့ရာအတွက် ဂျီဟတ်က ဘယ်မှာခွင့် ပေးလဲဆိုတော့ ကျူး ကျော်ရန်စတာ ရန်လိုမှု့ ဖိနှိပ်ချုပ်ချယ်မှု့ နောက်ကြတော့ ကိုယ့်နေတဲ့တိုင်း ပြည်ကို အသိမ်းခံရတဲ့အခါမှာ ဂျီဟတ်ဆိုတာထမြောက်တယ်

မတရားတာကလေးတစ်ခုတည်းနဲ့တော့ လုပ်လို့မရဘူး။ မတရားတာလေး တခု တည်းနဲ့တော့ ထချလို့မရဘူး။ ဒါတော့မတရားဘူးဆိုပြီးငါတို့ဗလီတွေတော့ ပြင်ခွင့်မရဘူး။ ငါတို့ မွတ်စလင် တွေကြတော့ ဘာအခွင့်အရေးမှမပေဘူး။ ဘာဝန်ကြီးဌာန မှမပေးဘူး၊ ဘာဘူး ညာဘူး ဆိုပြီးအဲဒီ မတရားတာတွေ လောက်နဲ့တော့ သွားပြီးဂျီဟတ်လုပ်လို့မရဘူး။

ငါတို့တွေကို နိုင်ငံကူးလက်မှတ် passport လွယ်လွယ် ကူကူ မပေးဘူး။ မှတ်ပုံတင်လွယ်လွယ်ကူကူ မပေးဘူး။  အဲ့လိုမတရားတာလုပ်တာ အဲ့လောက်လေးနဲ့ ဂျီဟတ် လုပ်လို့မရဘူး။

အဲ့ဒီတော့ အပြစ်မဲ့သူတွေသွားသတ်ပြီးဗုံးခွဲတာမျိုးလည်းဂျီဟတ်မဟုတ်ဘူး။

အစ္စလမ်ဥပဒေ ရှရီအပ် ဆိုပြီး လက်ဖြတ်တာ ကြိန်ရိုက်တာ ကျောက်တုံးနဲ့ထုသတ်တာ ဆိုတဲ့ဟာလည်းမဟုတ်ဘူး။ အဲ့ဒါ အစ္စလမ်ဥပဒေ ရှရီအပ် ဉပဒေကမဟုတ်ဘူး သာသနာရေးမှာ တိကျတဲ့ လုပ်ထုံးလုပ်နည်း နဲ့ လမ်းညွှန်ချက်တွေရှိတယ်။

တမန်တော်မြတ် က မိန်ကြားတော်မူခဲ့တာနော် “ကိုယ့်ရဲ့အတွင်းစိတ်ဓါတ်ကနှလုံးသားမှာ ရှိတဲ့မကောင်းတဲ့ စိတ်ဓါတ်တွေကိုတိုက်ဖျက်ဖို့ရာက အဲ့ဒါကအရေးကြီးဆုံးပဲတဲ့”

စစ်တိုက်တာကကြီးကျယ်တာ မဟုတ်ဘူးနော် သေးတဲ့ဂျီဟတ်က။ ဖိနှိပ်ချုပ်ချယ်ဖမ်းဆီးနှိပ်ကွပ် ပစ်သတ်နေပြီဆိုမှတော့ ဂျီဟတ် လုပ်ခွင့်ရှိတယ်

ဒါပေမဲ့ သတ်မှတ်ချက်တွေတော့ရှိတယ်

ဂျီဟတ်က ဘယ် အချိန်မှာ ခွင့်ပြုသလဲဆိုရင်-

  • အကြမ်းဖက်တာကို ခုခံကာကွယ်တာ
  • မွတ်စလင်တွေ ရဲ့မြေတွေကို သိမ်းတယ်
  • မွတ်စလင်ပိုင်တဲ့နိုင်ငံကို တိုက်ခိုက်ပြီး တော့သိမ်းတယ်
  • သာသနာကို ကာကွယ်တာ
  • မွတ်စလင်လူအများစုကို ကာကွယ်တာ
  • ဘာသာရေး လွတ်လပ်မှုရဖို့ဟာ

ကိုယ်ကစပြီး ရန်ဖြစ်ဖို့ သွားပြီးနယ်ချဲဖို့ မပေးဘူး

ငါတို့ တိုင်းပြည်ကိုချဲဖိုဆိုပြီးအဲ့ဒါကို ဂျီဟတ်နာမည် သုံးခွင့် မပေးဘူး

မိန်းမတွေ ကလေးတွေဘုန်းကြီးတွေ ရွာတွေကိုမီးရှို့တာဗုံးကြဲတာမလုပ်ရဘူး

စိုက်ခင်းတွေ စပါးကြည်တွေကိုမီးရှိုတာမလုပ်ရဘူး

အကြောင်းမရှိ တရားမျှတမှု့ မရှိပဲနဲ့ ဆန့်ကျင်မှု့မလုပ်ရဘူး

ကုရ်အာန် ကသတ်မှတ်ထားတဲ့ စည်း မျဉ်းတွေဖြစ်တဲ့

တရားမျှတမှု့ ချစ်ခင်မှု့ သနားညှာတာမှု့တွေရှိရမယ်

ရန်သူကနေပြီး ကိုယ်နိုင်ငံကို ဝင်တိုက် မဟုတ်ဘူးဆိုရင်

သာသနာ့ ပညာရှင်တွေ သောသနာ့ခေါင်းဆောင် တွေနဲ့တိုင်ပင်ပြီးတော့အမိန့်ထုတ်ရလိမ့် မယ် ကိုယ်တစ်ယောက်ထည်းဂျီဟတ်လုပ်လို့မရပါဘူး

အသေခံဗုံးခွဲလို့မရဘူး စစ်တိုက်တာက အသေးအဖွဲကလေးပဲ တကယ်လုပ်ရမှာက သီးခံခြင်း ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ ပစ္စည်းတစ်ခုကို သူများအတွက် ပေးနိုင်ရမယ်

နောက်ပြီး ပညာရှာရမယ်

ကာမတွေ တဏှာတွေလိုချင်တတ်မက်တာတွေ သီးခံနိုင်တာ

နောက်ဆုံး ပြောမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်အတွက်က လွဲပြီးတော့မှ တုယှဉ်ပြီးမကိုးကွယ်ရပါအရေးအကြီးဆုံးက တော့ မမျှတတဲ့ လုပ်ရပ်တွေနဲ့ ဂျီဟတ်လုပ်လို့မရပါဘူး။

Share This Post

More From Author

Q/A No. 17. How do Islam teach Muslims in the non-Muslim countries, to view on their rulers, their orders, rules, regulations and laws?

Q/A No. 19. Is there gender discrimination in Islam?