Obvious but repeated lies make effective propaganda warfare tactics ❝ လိမ်ညာပြောတဲ့သူတွေ ဘာလို့ အနိုင်ရတာလဲ❞

Obvious lies make effective propaganda because they exploit fundamental human psychological traits and social dynamics, a principle Niccolò Machiavelli recognized centuries ago. The core reasons involve the human preference for comfort and simplicity over complex truth, the power of repetition, and the strategic use of lies to establish dominance and destroy the concept of objective reality

Machiavellian Insight

Machiavelli, in The Prince, observed that people “are so simple, and so dominated by their immediate needs, that a deceiver will always find someone ready to be deceived”. He wasn’t advocating for truth as a moral imperative, but for political realism, where a ruler must know “how not to be good” when necessary to maintain power. He understood that the masses often judge more by appearance and results than by abstract truth, making the appearance of virtue more important than its actual possession. 

Psychological and Social Dynamics

  • Comfort Over Truth (Motivated Reasoning): Modern neuroscience confirms Machiavelli’s observation that humans often cling to beliefs that make life feel manageable, even if false. Confronted with evidence that challenges deeply held beliefs, the brain’s emotional reward systems become active when rejecting the evidence and defending the belief, making comfort and “belonging” feel more urgent than accuracy.
  • Simplicity in Complexity: When overwhelmed by the complexity and uncertainty of modern life (fortuna in Machiavelli’s terms), people seek simple stories with clear causes and enemies. Propaganda offers this “cognitive ease” by providing simple, easy-to-understand explanations, which the brain often mistakes for truth.
  • The “Firehose of Falsehood” and Repetition: Obvious lies, repeated continuously across multiple channels, exploit the “illusory truth effect”. A statement heard many times begins to feel reliable, even if the individual knows it is false. The sheer volume of lies makes fact-checking an exhausting and often futile endeavor for the public and the media.
  • Power and the Erosion of Reality: The use of blatant lies is ultimately about power. By asserting claims that defy objective reality, the propagandist signals that they are not constrained by facts or consistency. This forces a choice: accept the lie and remain within the group, or question it and risk isolation. The goal is to create cynicism and the belief that the truth is ultimately unknowable, leaving only raw power to determine “reality”. This deprives people of their capacity to think and judge, making them easier to control. 

မရွှေမိုး-ကိုရီးယား ·Follow

❝ လိမ်ညာပြောတဲ့သူတွေ ဘာလို့ အနိုင်ရတာလဲ❞

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်( ၁၅၁၃ ခုနှစ်) က ညှဉ်းပန်းနှိပ်စက်ခံရပြီး နိုင်ငံက အနှင်ထုတ်ခံရတဲ့ အတွေးအခေါ်ပညာရှင်တစ်ယောက်ရှိခဲ့တယ်။

အဲဒီလူက အာဏာရသူတွေရဲ့ လျှို့ဝှက်ချက် ကို အလွန်အကျွံ သိထားလို့ ညှဉ်းပန်းနှိပ်စက်ခံပြီး နိုင်ငံကထုတ်ပယ်ခံရတယ်။ သူက ဖလော်ရင့် (Florence) မြို့က တမန်တော် နီကိုလို မက်ခီအာဗဲလီ (Nicolo Machiavelli) တဲ့။

သူက ဘာအကြောင်းရေးမိသလဲဆိုတော့ အုပ်ချုပ်သူတချို့က ဘာကြောင့် အောင်မြင်သလဲ၊ အုပ်ချုပ်သူတချို့က ဘာကြောင့် ကျရှုံးသလဲ၊ လူသားတွေကို ဘယ်လိုထိန်းချုပ်မလဲ— ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံပုံစံ (psychological blueprint) ကို ရှင်းလင်း ရေးသားမိခဲ့တယ်။

ဒီစာအုပ်ကို ရေးဖို့ သူက လူအများစု လက်ခံပြီး ချစ်ခင်လေးစားရတဲ့ ဘုရင်တွေ၊ အာဏာရှိသူတွေရဲ့အကြောင်းကို အသေအချာ လေ့လာစူးစမ်းခဲ့တာပေါ့။

အဲဒီမှာ မက်ခီအာဗဲလီက အရေးကြီးတဲ့ အမှန်တရား တစ်ခုကို တွေ့ရှိခဲ့တယ်။

အဲတာက— ❝ လူတွေဟာ အမှန်ကို မယုံကြည်ချင်ကြဘူး။ သူတို့ဖြစ်စေချင်တဲ့၊ သူတို့ကို စိတ်အေးချမ်းစေတဲ့ အရာကို ပိုပြီး ယုံကြည်ကြတယ်။ ❞ တဲ့..။

ဒါကြောင့် အမှန်တရားသက်သက်မဟုတ်ဘဲ အလိမ်အညာရောပြီး အပြောကောင်းတဲ့သူတွေဟာ လူချစ်လူခင်ပေါတဲ့ ခေါင်းဆောင်တွေဆိုတာပဲ..။

ဒီအကြောင်းကို သူ စာအုပ်ရေးခဲ့တယ်။ ဒါပေမဲ့ အဲဒီ စာအုပ်ကို အရမ်းအန္တရာယ်ရှိတယ်ဆိုပြီး ခရစ်ယာန်ဘုရားကျောင်းတွေက ပိတ်ပင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ စိတ်ပိုင်းဆိုင်ရာသိပ္ပံပညာရှင်တွေက နိုင်ငံရေး အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ဦးဏှောက်ကို စကန်နာနဲ့ ကြည့်ပြီး စမ်းသပ်တယ်။ လူကြိုက်များတဲ့ ခေါင်းဆောင်တွေဟာ အမှန်တရားနဲ့ အလိမ်တွေ ရောပြီးပြောနေတာတွေ့ရတာပဲ..။

ဒါကို သက်သေထင်ရှားတဲ့ အချက်အလက်တွေ—စာရွက်စာတမ်းအတိအကျနဲ့ မငြင်းနိုင်အောင် အတည်ပြု ပြသခဲ့တယ်။

ဒီနေ့ အထိ သိပ္ပံပညာရှင်အဆက်ဆက် တွေက တွေ့ရှိတာကလည်းအတူတူပဲ..။

အလိမ်အညာ..။

လူတွေဟာ မုသားကို ယုံကြည်ကြတယ်။ဘာလို့လဲဆိုတော့ — သူတို့ သဘောကျတဲ့သူ သို့မဟုတ် ခေါင်းဆောင်က မုသားပြောနေတဲ့ အခါ စဉ်းစားတဲ့ ဦးဏှောက်အပိုင်းက အလုပ်မလုပ်တော့ဘူးတဲ့။

စိတ်ကို ပျော်စေတဲ့ ဦးဏှောက်

အပိုင်းက လင်းလက်လာတယ်။ ဒိုပါမင်းဆိုတာထွက်လာတယ်။ အဲဒီအခါ အမှန်တရားကို ပျော်ရွှင်စွာငြင်းပယ်ကြပါလေရော..။

ဒါဟာ လူတွေ မိုက်မဲ တုံး အ လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဦးဏှောက်က စိတ်ဖိစီးမှုကို ရှောင်ချင်တဲ့ သဘာဝတရားပါတဲ့။

လူတွေဟာ နေ့တိုင်း နေ့တိုင်း သတင်းဆိုးတွေ၊ နိုင်ငံရေးအရှုပ်အထွေးတွေ၊ စစ်ပွဲတွေ၊ ကပ်ရောဂါတွေကြောင့် ဦးဏှောက်က ပင်ပန်းနေတယ်။

ဒါကြောင့်—လွယ်ကူတဲ့ ဖြေရှင်းချက်တစ်ခုကြားရရင် ဦးဏှောက်က ချက်ချင်း ယုံကြည်လိုက်တတ်ပါတယ်။လွယ်တဲ့အရာတွေက အမှန်လို ခံစားရပါတယ်။ခက်ခဲတဲ့အမှန်တရားတွေကိုကျတော့ ကြောက်စရာလိုမျိုးခံစားရပါတယ်။

ဒီ အားနည်းချက်ကို သိထားတဲ့သူတွေဟာ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးမှာ အောင်မြင်တဲ့ ခေါင်းဆောင်တွေဖြစ်လာတယ်။

ကျွမ်းကျွမ်းကျင်ကျင် စကားပြောတဲ့သူ၊အမှန်တရားပြောသလို သရုပ်ဆောင်တတ်တဲ့သူကို လူတွေက ယုံကြည်လွယ်ပါတယ်။

နောက်ထပ် အမှန်တရားတစ်ခုက မုသားကို ထပ်ခါထပ်ခါ ပြောရင် အမှန်လို ခံစားရလာတာပဲတဲ့..။ ဒါကို illusory truth effect လို့ခေါ်တယ်။

အဲ့တာ ဦးဏှောက်ရဲ့ အားနည်းချက်တစ်ခုပါ။ တစ်ခုခုကို မကြာခဏ ကြားရင် မမှန်ဘူးဆိုတာ သိနေတောင် သဘာဝ အလျှောက် အမှန်လို မှတ်လိုက်တယ်။

လူသားတွေရဲ့ ဦးဏှောက်က သိပ်ထူးဆန်းတဲ့အကြောင်းပါ။ “အကျွမ်းတဝင်ဖြစ်ခြင်း” ကို “အမှန်တရား” လို့ အမှတ်မှားတတ်တယ်။

ဒါကြောင့်— ကြော်ငြာတွေဆို ဦးဏှောက်ထဲစွဲတယ်။ သီချင်းတွေဆို မမေ့နိုင်ဘူး။ မုသားတွေဆို အွန်လိုင်းမှာ ပို ပျံ့တယ်။

ခေါင်းဆောင်—၁

“စီးပွားရေးက ပျက်စီးလွယ်တယ်။ကျွန်တော်တို့ အမှားတွေ လုပ်မိကြတယ်။ အနာဂတ်က မသေချာဘူး။”

ခေါင်းဆောင်-၂

“အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပါတယ်။ ကျွန်တော် တစ်ယောက်တည်းတောင် ဖြေရှင်းနိုင်တယ်။ ခင်ဗျားတို့ အမှားမဟုတ်ဘူး၊ ဟိုလူတစ်စုက ပြဿနာ.. ။”

ကဲ—

ဘယ်စကားက ပို လူကြိုက်များမလဲ..။

အမှန်တရားက ကြောက်စရာကောင်းတယ်..။ မုသားက ရိုးရှင်းတဲ့ ဇာတ်လမ်းတွေကိုပေးတယ်လေ။ လက်တွေ့ဘဝက ရှုပ်ထွေးတယ်၊ တွေးရတာခက်တယ်။ လိမ်ညာတဲ့ခေါင်းဆောင်တွေက ရိုးရှင်းတယ်။ မှတ်မိရလွယ်ကူတယ်။

မက်ခီအာဗဲလီက ဒီအရာဟာ လူ့သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လက်နက်အဖြစ် သုံးနိုင်တယ်ဆိုတာ နားလည်ခဲ့တယ်။

အန္တရာယ်များတဲ့ အပိုင်းက လူတွေက သူတို့ သဘောကျတဲ့ လူရဲ့ လိမ်ညာမှုကိုနှစ်သက်သွားတဲ့အခါ- အချက်နဲ့ အလက်နဲ့ သေချာ မတွေးတတ်တော့တာပါပဲ။ ရေထဲနစ်နေတဲ့လူက ကြိုးတစ်ချောင်းကို စဉ်းစားချိန်မရဘဲ အသေ ဆုပ်ကိုင်မိသလို..။

ပိုဆိုးတာက အမှန်တရား အထောက်အထားတွေနဲ့ပြောတဲ့သူကို ရန်သူ (တိုက်ခိုက်မှုတစ်ခု) လို ဦးဏှောက်က ခံစားရတယ်။

အမှန်တရားက ရန်သူဖြစ်လာပါလေရော.. အဲဒီအချိန်မှာ အမှန်တရားပြောတဲ့ခေါင်းဆောင်က အတိုက်အခံတွေပြောရပြီ။ အဲဒီခေါင်းဆောင်တွေ ပြုတ်တာပဲ။

မက်ခီအာဗဲလီက အုပ်ချုပ်သူဟာ ခြင်္သေ့ လည်း ဖြစ်ရမယ်၊ မြေခွေး လည်း ဖြစ်ရမယ် လို့ဆိုတယ်။ ခြင်္သေ့လို တည်ကြည်စွာ၊ ရဲရင့်စွာ၊ အင်အားကြီး စွာနဲ့ ထိန်းချုပ်ပါ။ ဒါပေမယ့် မြေခွေးလို နူးညံ့ပိုခေတ်မှီပါတဲ့…။

ဒါကြောင့် အစွမ်းထက်ဆုံး ခေါင်းဆောင်တွေက အချက်အလက်တွေကို အမှန်အတိုင်းပြောပြီး ချမပြကြဘူး။ သူတို့က ခံစားချက်တွေကို ထိန်းချုပ်ကြတယ်။

ကိုယ်ကခေါင်းဆောင်ဆိုရင်လည်း ခြင်္သေ့ရော မြေခွေးပါဖြစ်အောင် နေတတ်ရပါမယ်။

လောကြီးမှာ လူတွေက လိမ်ညာမှုက သူတို့အိမ်လိုပဲ၊ လုံခြုံမှုကိုခံစားရတယ်။ ဒါကြောင့် ပါးနပ်တဲ့ခေါင်းဆောင်တွေက ပါးပါးလေးပဲဖြစ်ဖြစ်လိမ်ကြတယ်။ ဒါပေမဲ့ တကိုယ်ကောင်းဆန်တဲ့ ခေါင်းဆောင်တွေက အကြီးကြီးလိမ်ကြတယ်။

ဒီနေ့ခေတ် မတရားတဲ့သူတွေက ခြင်္သေ့ အပိုင်းမပါတော့ဘူးလေ။ မြေခွေးတွေချည်းဖြစ်နေကြတာ..။ သူတို့က မက်ခီအာဗဲလီရဲ့တွေ့ရှိချက်ကို တလွဲ အသုံးချနေကြတယ်။

လိမ်ညာမှုက အမှန်တရားကို အနိုင်ယူတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမှန်တရားကို အစားထိုးနိုင်တယ်။

လူတွေက ခေါင်းဆောင်တွေကို ခိုင်

ခိုင်မာမာ ယုံကြည်သွားပြီဆို လိမ်တာပေါ်သွားပေးရင်တောင် သူတို့ခေါင်းဆောင်ကို ဖြေတွေးပေးကြတယ်။ ကာပေးကြတယ်။

ယုံကြတဲ့အထဲ သူတို့က ပညာတတ် ပြည်သူတွေလည်းပါတာပေါ့..။ မုသားဟာ လူကြီးတွေအတွက် အိပ်ရာဝင်ပုံပြင်ပဲ၊ လူတွေဟာ မုသားကို ယုံကြည်တယ်။ သူတို့ကိုကာကွယ်မယ်ဆိုတဲ့ စကားကို နှစ်သက်ကြတယ်..။

အလွယ်ပြောရရင် မူးယစ်ဆေးသုံးစွဲသူတွေရဲ့ ဦးဏှောက် အလုပ်လုပ်ပုံနဲ့ အတူတူပဲ..။ ဒိုပါမင်း ဆိုတာကိုပေးတယ်။

လူသားတွေဟာ သူတို့ အဆင်ပြေတဲ့ မုသားတစ်ခုကို ကာကွယ်နေရတာက သူတို့ အမှန်တရားကို လက်ခံရတာထက် ခံစားချက်ပိုကောင်းကြတယ်။

ဒါဟာ လူတိုင်းရဲ့ ဦးနှောက်ထဲမှာ သဘာဝအတိုင်း ထည့်သွင်းတပ်ဆင်ထားတဲ့ အားနည်းချက်ပါပဲ။ စိတ်ပညာမှာ ဒါကို cognitive ease (စိတ်အလွယ်တကူ လက်ခံနိုင်မှု) လို့ခေါ်တယ်။

ဒါကို ဘယ်လို ကာကွယ်မလဲဆိုတော့

ကိုယ့် ဦးဏှောက်ကို ကိုယ်ပြန်လေ့ကျင့်ရပါတယ်တဲ့..။ ဦးဏှောက်ကို လုံးဝ ပြောင်းလဲသွားနိုင်ပေမယ့် သတိထားနိုင်ပါတယ်။

အရမ်းဒေါသထွက်သလို၊ အရမ်းမှန်သလို လွယ်လွယ်နဲ့ ခံစားရရင် ခဏရပ်ပြီး စဉ်းစားပါ။ “ ဒါကို ယုံရင် ဘယ်သူ အကျိုးရလဲ” လို့ ကိုယ့်ကိုကိုယ်မေးပါ။ လာပြောတဲ့သူပဲ အကျိုးရတယ်ဆို မရိုးသားဘူး။

လွယ်လွယ်လေးဖြစ်နိုင်လွန်းတဲ့ ဇာတ်လမ်းတွေကို သတိထားရပါမယ်။ ပြောစကားမဟုတ်ဘဲ လက်တွေ့လုပ်ရပ်ကို ကြည့်ရပါမယ်။

သင်္ခန်းစာက ‘ကောင်းတဲ့ပုံရိပ်’က တခါတလေ ‘အမှန်တရား’ ထက် အရေးကြီးတတ်တယ်ဆိုတာပဲ။

“ဒါအမှန်တရားပဲ..၊ ဒါလေးများ— လူတွေသိတော့ရော ဘာဖြစ်လဲ..” ဆိုပြီး ကိုယ် မကောင်းကြောင်းတွေပါ ကိုယ်ပြောပြတတ်တဲ့ (ကိုယ်လို) လူတွေ အတွက် အတော် ဗဟုသုတရစေပါတယ်။

ကိုယ်တွေ သတိထားဖို့က “ရန်သူ” ကလည်း အဲဒီအချက်ကို သိပ်ပြီးနားလည်နေတယ်။ ကိုယ်တွေကို လိမ်နေတယ်ဆိုတာပဲ..။

အခုခေတ်မှာ သတင်းအမှားတွေ၊ အတင်းတွေလို လွယ်ကူတဲ့ မုသားတွေက မတားနိုင်လောက်အောင် ဆွဲဆောင်မှုရှိလာတယ်။ ဝါဒဖြန့်ဖို့ အနုပညာသည်တွေ၊ နာမည်ကြီးတွေ၊ ပလက်ဖောင်းတွေ အရမ်းများလာတာကိုး.. မြန်မာပြည် လက်ရှိအချိန်မှာ ပိုဆိုးပါတယ်။

တနင်္လာနေ့မှာ နာမည်ကြီးလိုသူတစ်ယောက်က တကယ့် နာမည်ကြီး ဒိတ်ဒိတ်ကြဲ တစ်

ယောက်ကို အလိမ်အညာ တစ်ခု စွပ်စွဲပြောဆိုလိုက်တယ်။ အင်္ဂါနေ့ မီဒီယာအမျိုးမျိုးမှာ ပါလာတယ်။ ဗုဒ္ဓဟူးနေ့ အားပေးသူတွေက ဆက် သတင်းဖြန့်တယ်။ ကြာသပတေးနေ့ မီဒီယာက အငြင်းပွားမှုကို ဖော်ပြရင်း အဲဒီမုသားကို ထပ်ထပ် ပြောရတယ်။ သောကြာနေ့ fact-checker တွေက ပယ်ချရင်း အလိမ်သတင်းတွေကို ထပ်ပြောပြီး ရှင်းပြကြရပြန်တယ်။

နောက်တနင်္လာနေ့ ပြန်ရောက်လာတော့—လူတွေရဲ့ ဦးဏှောက်တွေဟာ မုသားစကားကြားရတာက အကြိမ်များလွန်းပြီ။ အမှန်တရားပြင်ဆင်ချက်ကို တစ်ကြိမ်ပဲ ကြားရတယ်။

အဲဒီတစ်ကြိမ်က မုသားကို အကြိမ် ၅၀ ကြားပြီးသား ဦးဏှောက်နဲ့ ယှဉ်ပြိုင်ရတာပဲ။

အဲဒီတော့ မုသားနိုင်တာများတယ်။ အနိုင်အရှုံးဟာ အမှန်တရားနဲ့ မနီးစပ်ဘူး..။ အသံပိုကျယ်တဲ့သူက နိုင်တာပဲ..။ ဝမ်းနည်းဖို့ မကောင်းဘူးလား။

ဒီနေ့ခေတ် မြေခွေးတွေက အမှန်ကိုပြောပြီး ရန်သူကိုတိုက်ခိုက်မနေတော့ဘူး—လိမ်ညာပြောတဲ့ အသံတွေ အများကြီးကျယ်အောင်

လုပ်နေတယ် ဆိုတာကိုလည်း သတိချပ်ဖို့ပါ..။

ချစ်ခြင်းမေတ္တာဖြင့်—

မရွှေမိုး- ကိုရီးယား

January 9th,2026.

Share This Post

More From Author

The Final Speech from The Great Dictator Vs စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နောက်ဆုံး မိန့်ခွန်း

The Destruction of the 90,000 Hinthas: Myanmar’s Tragic Necklace of Self-Destruction