2. Policy Recommendations
The hearing laid out a clear and decisive roadmap of actions for the U.S. Government.
a) Targeting the junta’s finances
- Most important: Immediately impose sanctions that shut down the Myanmar Economic Bank (MEB) and the Myanma Oil and Gas Enterprise (MOGE), which are the military junta’s main financial arteries. Doing so would significantly damage the junta’s ability to fund its war machine.
- The humanitarian impact would be minimal because the majority of Myanmar’s population is already operating outside the formal banking system.
b) Appointing a leader to drive U.S. policy
- Immediately appoint a dedicated high-level Special Envoy and Policy Coordinator for Myanmar.
- Such a position would cut through bureaucratic delays and put an end to reliance on ASEAN’s ineffective efforts.
c) Direct support to pro-democracy forces
- Increase direct non-lethal assistance to the National Unity Government (NUG), ethnic resistance organizations (EROs), and the broader resistance movement.
- This assistance should include administrative and technical support, communications technology, and humanitarian aid.
- Aid should be delivered through cross-border channels and community-based local organizations, rather than through the junta’s systems.
d) Prioritizing humanitarian and refugee protection
- Recent U.S. cuts to humanitarian funding have created disastrous consequences in Rohingya refugee camps, pushing women and children toward trafficking and recruitment by armed groups. These funds must be urgently restored.
- The U.S. should actively expand resettlement programs to safely relocate Rohingya refugees to secure third countries.
Conclusion
The main message of the hearing is clear: The United States has options—but lacks the political will.
Congress has already granted the Administration a clear mandate by rejecting engagement with the junta and endorsing a pressure-based strategy. The final question now is whether the U.S. will use this opportunity and take decisive leadership.
Gist translation of Mr James Shwe‘s post in Myanmar
မြန်မာနိုင်ငံဆိုင်ရာ ကွန်ဂရက်ကြားနာပွဲ- အကျဉ်းချုပ်
ခေါင်းစဉ်- “ထွက်ပေါက်မရှိသော မဟာဗျူဟာ- မြန်မာနိုင်ငံ၏ အဆုံးမရှိသော အကျပ်အတည်းနှင့် အမေရိကန်၏ ကန့်သတ်ထားသော ရွေးချယ်ခွင့်များ”
နေ့စွဲ- နိုဝင်ဘာ ၁၉၊ ၂၀၂၅
အဓိကတွေ့ရှိချက်များနှင့် သုံးသပ်ချက်
ယနေ့ ကွန်ဂရက်ကြားနာပွဲသည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် လက်ရှိမူဝါဒ၏ မအောင်မြင်မှုများနှင့် ပိုမိုပြတ်သားသော မဟာဗျူဟာတစ်ခုအတွက် အရေးတကြီးလိုအပ်နေကြောင်းကို နှစ်ပါတီစလုံး၏ တညီတညွတ်တည်းသော သဘောတူညီမှုဖြင့် မီးမောင်းထိုးပြခဲ့သည်။ ကြားနာပွဲ၏ ခေါင်းစဉ်တွင် “ကန့်သတ်ထားသော ရွေးချယ်ခွင့်များ” ဟု ဖော်ပြထားသော်လည်း၊ အမှန်တကယ်တွင် ရွေးချယ်စရာများစွာရှိနေပြီး၊ ပျောက်ဆုံးနေသည်မှာ နိုင်ငံရေးဆန္ဒသာဖြစ်ကြောင်း တွေ့ရှိရသည်။
၁. အဓိကမူဝါဒဆိုင်ရာ စိုးရိမ်မှုများ
က) စစ်ကောင်စီ၏ ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်ချက်များ- ကြားနာပွဲသည် စစ်ကောင်စီသည် နိုင်ငံရေးပြဿနာတစ်ခုမဟုတ်ဘဲ စနစ်တကျ ရာဇဝတ်မှုကျူးလွန်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း တညီတညွတ်တည်း အတည်ပြုခဲ့သည်။ အဓိကစိုးရိမ်မှုများမှာ-
• အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်ခြင်းနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်ခြင်း။
• လူသားချင်းစာနာမှုအကူအညီများကို လက်နက်သဖွယ်အသုံးပြုခြင်းနှင့် ပိတ်ဆို့ခြင်း။
• အမေရိကန်နိုင်ငံသားများအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ လူများကို ခြိမ်းခြောက်နေသည့် ဆိုက်ဘာရာဇဝတ်မှုနှင့် လိမ်လည်မှုစင်တာများမှတစ်ဆင့် ရန်ပုံငွေရှာဖွေခြင်း။
ခ) တရုတ်နိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မှားယွင်းသော အယူအဆ- စစ်ကောင်စီကို တရုတ်ထံမှ “ဆွဲထုတ်” နိုင်ရန် အမေရိကန်က ထိတွေ့ဆက်ဆံသင့်သည်ဟူသော အယူအဆကို ကြားနာပွဲက ပြတ်သားစွာ ပယ်ချခဲ့သည်။ စစ်ကောင်စီသည် မည်သည့်နိုင်ငံအတွက်မဆို ယုံကြည်စိတ်ချရသော မိတ်ဖက်မဟုတ်သည့် ရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်ပြီး၊ တည်ငြိမ်မှု၏ အရင်းအမြစ်မဟုတ်ဘဲ မတည်ငြိမ်မှု၏ အရင်းအမြစ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။
ဂ) အတုအယောင် ရွေးကောက်ပွဲများကို ပယ်ချခြင်း- လာမည့်ရွေးကောက်ပွဲများသည် လုံးဝတရားမဝင်ကြောင်းနှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း နှစ်ပါတီစလုံးမှ တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ မည်သည့်နိုင်ငံကမဆို ဤရွေးကောက်ပွဲများကို အသိအမှတ်ပြုခြင်းသည် စစ်ကောင်စီ၏ ရာဇဝတ်မှုများကို အားပေးရာရောက်မည်ဖြစ်သည်။
၂. မူဝါဒဆိုင်ရာ အကြံပြုချက်များ
ကြားနာပွဲသည် အမေရိကန်အစိုးရအတွက် ရှင်းလင်းပြတ်သားသော လုပ်ဆောင်ချက်လမ်းပြမြေပုံတစ်ခုကို ချမှတ်ခဲ့သည်။
က) စစ်ကောင်စီ၏ ဘဏ္ဍာရေးကို ပစ်မှတ်ထားခြင်း-
• အရေးအကြီးဆုံး- စစ်ကောင်စီ၏ အဓိကဘဏ္ဍာရေးလမ်းကြောင်းများဖြစ်သော မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တို့ကို ချက်ချင်းပိတ်ဆို့အရေးယူရန်။ ဤလုပ်ဆောင်ချက်သည် စစ်ကောင်စီ၏ စစ်စရိတ်ကို သိသိသာသာ ထိခိုက်စေမည်ဖြစ်သည်။
• လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုမှာ အနည်းငယ်သာရှိမည်ဖြစ်ပြီး၊ အဘယ်ကြောင့်ဆိုသော် ပြည်သူအများစုသည် တရားဝင်ဘဏ်စနစ်ပြင်ပတွင် လည်ပတ်နေသောကြောင့်ဖြစ်သည်။
ခ) အမေရိကန်မူဝါဒကို ဦးဆောင်ရန် ခေါင်းဆောင်တစ်ဦး ခန့်အပ်ခြင်း-
• မြန်မာနိုင်ငံအတွက် သီးသန့် အဆင့်မြင့် အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး တစ်ဦးကို ချက်ချင်းခန့်အပ်ရန်။
• ဤရာထူးသည် ဗျူရိုကရေစီယန္တရား၏ နှောင့်နှေးမှုကို ကျော်လွှားပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း၏ မအောင်မြင်သော ကြိုးပမ်းမှုများအပေါ် မှီခိုနေခြင်းကို အဆုံးသတ်စေမည်ဖြစ်သည်။
ဂ) ဒီမိုကရေစီအင်အားစုများကို တိုက်ရိုက်ပံ့ပိုးခြင်း-
• အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့များ နှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု တို့အား သေစေနိုင်သော လက်နက်မဟုတ်သည့် အကူအညီများကို တိုက်ရိုက်တိုးမြှင့်ပေးရန်။
• ဤအကူအညီများတွင် အုပ်ချုပ်ရေးဆိုင်ရာ နည်းပညာအကူအညီ၊ ဆက်သွယ်ရေးနည်းပညာနှင့် လူသားချင်းစာနာမှုအကူအညီများ ပါဝင်သင့်သည်။
• အကူအညီများကို စစ်ကောင်စီမှတစ်ဆင့်မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော်နှင့် ဒေသခံလူထုအခြေပြုအဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့ရန် အထူးအလေးပေးသင့်သည်။
ဃ) လူသားချင်းစာနာမှုနှင့် ဒုက္ခသည်အရေးကို ဦးစားပေးခြင်း-
• အမေရိကန်၏ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေဖြတ်တောက်မှုများသည် ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ကြောက်မက်ဖွယ်ကောင်းသော အကျိုးဆက်များဖြစ်ပေါ်စေပြီး၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုနှင့် လက်နက်ကိုင်အဖွဲ့များ၏ စုဆောင်းမှုများသို့ တွန်းပို့နေသည်။ ဤရန်ပုံငွေများကို ချက်ချင်းပြန်လည်တိုးမြှင့်သင့်သည်။
• ရိုဟင်ဂျာဒုက္ခသည်များကို လုံခြုံသော တတိယနိုင်ငံများသို့ ပြန်လည်နေရာချထားရေး အစီအစဉ်များကို တက်ကြွစွာ ဆောင်ရွက်သင့်သည်။
နိဂုံး
ကြားနာပွဲ၏ အဓိကသတင်းစကားမှာ ရှင်းလင်းသည်- အမေရိကန်ပြည်ထောင်စုတွင် ရွေးချယ်စရာများရှိနေသော်လည်း လုပ်ဆောင်လိုစိတ် ပျောက်ဆုံးနေသည်။ ကွန်ဂရက်သည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးကို ပယ်ချပြီး ဖိအားပေးမှုမဟာဗျူဟာကို လက်ခံခြင်းဖြင့် အုပ်ချုပ်ရေးပိုင်းအတွက် ရှင်းလင်းသောလုပ်ပိုင်ခွင့်ကို ပေးအပ်ခဲ့သည်။ နောက်ဆုံးမေးခွန်းမှာ အမေရိကန်သည် ဤအခွင့်အရေးကို အသုံးချပြီး ပြတ်သားစွာ ဦးဆောင်မည်လား ဟူ၍ဖြစ်သည်။
မေး- ကွန်ဂရက်မှာ “ကြားနာပွဲ” (Hearing) နဲ့ “ရှင်းလင်းတင်ပြပွဲ” (Briefing) ဘာကွာပါသလဲ။
ဖြေ- ကွန်ဂရက်မှာ “ကြားနာပွဲ” နဲ့ “ရှင်းလင်းတင်ပြပွဲ” နှစ်ခုက ရည်ရွယ်ချက်နဲ့ ပုံစံမတူပါဘူး။
ကြားနာပွဲ (Hearing) ဆိုတာ တရားဝင် အစည်းအဝေးတစ်ခုပါ။ ကော်မတီတစ်ခုက အများပြည်သူကို ဖွင့်ပြီး ကျင်းပတာဖြစ်ပြီး၊ သက်သေတွေက ကျမ်းကျိန်ပြီး တရားဝင်မှတ်တမ်းအတွက် ထွက်ဆိုချက်ပေးရပါတယ်။ ဥပဒေပြုဖို့၊ စုံစမ်းစစ်ဆေးဖို့၊ ဒါမှမဟုတ် အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကြီးကြပ်ဖို့အတွက် အသုံးပြုပါတယ်။
ရှင်းလင်းတင်ပြပွဲ (Briefing) ကတော့ တရားဝင်မဟုတ်တဲ့ ပညာပေး အစည်းအဝေးတစ်ခုပါ။ ဆွေးနွေးပွဲတစ်ခုလိုပါပဲ။ လွှတ်တော်အမတ်တွေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို အကြောင်းအရာတစ်ခုအပေါ် အချက်အလက်ပေးဖို့ ရည်ရွယ်တာဖြစ်ပြီး၊ တရားဝင်မှတ်တမ်းရဲ့ အစိတ်အပိုင်းမဟုတ်ပါဘူး။
အတိုချုပ်ပြောရရင်၊ ကြားနာပွဲက တရားဝင် သက်သေအထောက်အထား စုဆောင်းဖို့ဖြစ်ပြီး၊ ရှင်းလင်းတင်ပြပွဲကတော့ တရားဝင်မဟုတ်တဲ့ ပညာပေးမှုအတွက် ဖြစ်ပါတယ်။
မြန်မာ့အရေးကို မဟာဗျူဟာအသစ်ဖြင့် အမေရိကန် ချဉ်းကပ်မည်
အာဆီယံလမ်းကြောင်းထက် ပိုထိရောက်မယ့် မဟာဗျူဟာသစ်နဲ့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ အမေရိကန် အောက်လွှတ်တော် မြန်မာ့အရေးကြားနာပွဲ တက်ရောက်သူ အားလုံးက သဘောတူခဲ့ကြပါတယ်။
“ထွက်ပေါက်မရှိတဲ့ မဟာဗျူဟာ- မြန်မာနိုင်ငံရဲ့ အဆုံးမရှိတဲ့ အကျပ်အတည်းနဲ့ အမေရိကန်ရဲ့ ကန့်သတ်ထားတဲ့ ရွေးချယ်ခွင့်များ” ကြားနာပွဲကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်က အမေရိကန်အောက်လွှတ်တော်မှာ ပြုလုပ်ခဲ့တာပါ။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ အချက်အလက်နဲ့ နည်းလမ်းတွေ ရနိုင်မယ့် ကျွမ်းကျင် ပညာရှင်တွေရဲ့ သက်သေခံ ထွက်ဆိုချက်တွေကို လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေက ရယူကြားနာတဲ့ပွဲ ဖြစ်ပါတယ်။
ကြားနာပွဲမှာ အဓိကအကျဆုံး အချက်အဖြစ် တွေ့ရတာက အမေရိကန်နိုင်ငံက မြန်မာ့အရေးကို အာဆီယံလမ်းကြောင်းကနေ ဆက်လက်ချဉ်းကပ်တာထက် ပိုထိရောက်မယ့် ကိုယ်ပိုင်မူဝါဒ၊ မဟာဗျူဟာအသစ်နဲ့ ပြောင်းလဲချဉ်းကပ်ဖို့ ကြားနာပွဲမှာ ပါဝင်သူအားလုံးက သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
အခုကြားနာပွဲဟာ စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ ကြာနားပွဲတွေထဲမှာ အကြီးဆုံးပွဲဖြစ်ကာ တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ ရှိလာမယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်သူတယောက်က ပြောပါတယ်။
လော့စ်အိန်ဂျလိစ် မြန်မာ လှုပ်ရှားမှုအဖွဲ့မှ ဂျိမ်းစ်ရွှေက “ဘုံသဘောတူညီချက် ၅ ရပ်နောက်ကို လိုက်နေတာ၊ အဲဒါက မထိရောက်ဘူး၊ သိပ်အသုံးမဝင်ဘူး။ သူတို့ပေါ်လစီပြောင်းရမယ် ဆိုပြီးတော့ အကုန်လုံး သဘောတူကြတယ်။ ဘုံသဘောတူညီချက် ၅ ရပ်ထက်ကို ပိုပြီးတော့ အမေရိကန်ပေါ်လစီ သပ်သပ်ဖြစ်သင့်တယ်။ အာဆီယံနောက်ချည်းပဲ လိုက်နေလို့ရှိရင် ၅ နှစ် ပြည့်တော့မယ်၊ ဘာမှမဖြစ်သေးဘူး ဆိုပြီးတော့ မြန်မာပြည်နဲ့ဆိုင်တဲ့ ပေါ်လစီကို သူတို့ ပြောင်းမှာပေါ့ဗျာ။ နံပါတ် ၂ က အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သင့်တယ် ဆိုပြီးတော့ လက်မခံသင့်ဘူး ဆိုပြီးတော့ အဲဒါလည်း အကုန်လုံးပဲ ရီပတ်ဘလစ်ကန်ရော၊ ဒီမိုကရက်ရော၊ သက်သေတင်ပြတဲ့သူတွေရော၊ မေးခွန်းထုတ်တဲ့သူတွေရော အကုန်လုံးက သဘောတူတယ်။ နံပါတ် ၃ က ကျားဖြန့်တွေကိစ္စပေါ့၊ အွန်လိုင်း ငွေရေးကြေးရေးလိမ်လည်မှုကိစ္စက အမေရိကန်အတွက် သူတို့တိုင်းပြည်လုံခြုံရေး အထိပါ ထိခိုက်နိုင်တယ်၊ နှိမ်နင်းရမယ် ဆိုပြီးတော့ ကျနော်တို့တွေ့တာ အဓိက ၃ ချက်ပေါ့” လို့ ပြောပါတယ်။
အမေရိကန်ရဲ့ မြန်မာ့အရေးအပေါ် ချဉ်းကပ်ဖို့ မဟာဗျူဟာအသစ်မှာ ပါဝင်တဲ့ အချက် ၄ ချက်ကတော့ စစ်ကောင်စီယန္တရား လည်ပတ်မှုမှာ အရေးပါတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ရေး၊ မဟာဗျူဟာ ဖော်ဆောင်ဖို့အတွက် ခေါင်းဆောင်တယောက် ခန့်အပ်ရေး၊ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ အားကောင်းလာအောင် ထောက်ပံ့ရေး၊ အမေရိကန်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အချက်တွေကို ရင်ဆိုင်ဖြေရှင်းရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ နောက်ကွယ်မှာ ဝှက်ထားတဲ့ နိုင်ငံရေးသဘောထားတွေအပေါ်မှာ မူတည်ပြီး အမေရိကန်နိုင်ငံက ဆောင်ရွက်လာမယ့် လုပ်ငန်းတွေ အောင်မြင်မှုရှိမရှိကိုတော့ စောင့်ကြည့်သွားရမယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
Alliance for Democracy in Myanmar အဖွဲ့တည်ထောင်သူ မခင်သီရိနန္ဒာစိုးက “အမေရိကန်အနေနဲ့ ကမ္ဘာမှာ အင်အားချိန်ခွင်လျှာ ညီအောင်ပေ့ါလေ၊ အထူးသဖြင့် တရုတ်နဲ့ ပတ်သက်ပြီးတော့မှ အရှေ့တောင်အာရှတို့လို၊ အင်ဒိုပစိဖိတ်ဒေသတွေလိုမှာပေါ့၊ သူတို့ရဲ့ လွှမ်းမိုးမှုဟာ တရုတ်ရဲ့အနောက်မှာ ကျန်ခဲ့တာမျိုး မဟုတ်ဘဲနဲ့ အင်အားချိန်ခွင်လျှာညီအောင် လုပ်ဆောင်လာတဲ့ အရိပ်အယောင်မျိုးတွေ ကျမတို့တွေ ခန့်မှန်းလို့ရပါတယ်။ ပတ်သက်မှု အတိုင်းအတာတွေ တိုးမြှင့်ပြီးတော့ ဆောင်ရွက်လာတာတွေကို တွေ့ရပါတယ်။ အထူးသဖြင့် ကျမတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဒီရက်ပိုင်းတွေမှာ တောက်လျှောက်ဆိုသလို မြန်မာ့အရေးတွေက အရှေ့ကို ရောက်လာတယ်၊ အခုလို အရေးကြီးတဲ့ ကြားနာပွဲတွေ လုပ်သလို ဒီလိုကြားနာပွဲတွေ ဆိုတာက ဆက်ပြီးတော့မှ ဥပဒေပြုမှုတွေအထိ သွားနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရေးကြီးတဲ့ ကိစ္စတွေကို အမေရိကန်နိုင်ငံအနေနဲ့ ဆောင်ရွက်လာတယ်လို့ ကျမတို့ သုံးသပ်လို့ ရပါတယ်ရှင့်” လို့ ပြောပါတယ်။
စစ်ကောင်စီက ရာဇဝတ်မှုတွေ ကျူးလွန်ထားတာကြောင့် တရုတ်နိုင်ငံလိုမျိုး စစ်ကောင်စီနဲ့ စေ့စပ်ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကို သုံးဖို့ အမေရိကန်နိုင်ငံအတွက် မဖြစ်နိုင်ကြောင်း ကြားနာပွဲမှာ ဆွေးနွေးခဲ့တာကိုလည်း တွေ့ရပါတယ်။
အမေရိကန်အစိုးရက အွန်လိုင်းငွေလိမ် ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ Scam Center Strike Force ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာထားတာပါ။
ရက်ပိုင်းအတွင်းမှာပဲ လွှတ်တော်မှာ ကြားနာပွဲ ပြုလုပ်ပြီး မြန်မာ့အရေးကို ထိရောက်တဲ့ မူဝါဒရေးရာ နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ အမေရိကန်လွှတ်တော် တာဝန်ရှိသူတွေက ကြိုးစားလာတာ ဖြစ်ပါတယ်။
သုတချမ်းသာ