No wonder, numerous Bamas and many Christians especially Chins are metamorphosed on-line to beautiful Juliets

မြန်မာ့မြေရောက် တမန်တော် အီဘရာဟင်သခင်၏ မျိုးနွယ်ဝင်ရှေးဦး ကရင်လူမျိုးတို့သမိုင်းကို သုတေသနပြု တင်ပြခဲ့သူ စိုင်ယဒ် အေ.အမ်.အေ.ကရင် ဂနီ(အောက်လွှတ်တော်အမတ်မင်း) @ Karim Gani of Burma and Malaya စိုင်ယဒ် အေ.အမ်.အေ.ကရင် ဂနီ(အောက်လွှတ်တော်အမတ်မင်း)

U Min Naing

မြန်မာ့မြေရောက် တမန်တော် အီဘရာဟင်သခင်၏

မျိုးနွယ်ဝင်ရှေးဦး ကရင်လူမျိုးတို့သမိုင်းကို

သုတေသနပြု တင်ပြခဲ့သူ စိုင်ယဒ် အေ.အမ်.အေ.ကရင် ဂနီ(အောက်လွှတ်တော်အမတ်မင်း)

++++++++++++++++++++++++++++++++++

လဆန်းရောင်စာစဥ်အမှတ်(အမှတ်၁)အဖြစ် မိုစလင်လူငယ်များ၏(ရေဖွာအီ)နိုးကြားရေးအဖွဲ့။ အမှတ် ၉၇။

၃၉-လမ်း။ရန်ကုန်မြို့မှ ဖြန့်ချီ ထုတ်ဝေသည်။

အဘိုးငွေ—တစ်အုပ် ၂ပဲ။

စာအုပ်အမည်မှာ

ထာဝရဘုရားရှင်၏အချစ်တော်

တမန်တော်အီဘရာဟင်သခင်၏

အထုပ်ပတ်တိ

၁၉၃၈ခုနှစ်?

မူလသတ်ပုံ အတိုင်း

အဆိုပါစာအုပ် စာမျက်နှာ ၉ တွင် စာရေးသူက

တမန်တော်အီဗရာဟင်သခင်မှာ အာရေးဗီးယားနယ်မှ ပြန်လာရပြီးနောက် သဲကန္တာရအတွင်းဝယ် ထားပစ်ခဲ့သော လူမမယ်နှင့် ဇနီးသည်တို့အကြောင်း ဘာတစ်ခုမှ မသိရပေ။နေရာတခုမှတခုသို့ ရွှေ့ပြောင်းသွားလာကာ

ထာဝရတပါးတည်း တည်ရှိတော်မူသော ဘုရားသခင်၏

ဒေသနာတော်များကို ဟောပြောခြင်းဖြင့်သာလျှင် ရှိနေပေတော့၏။ထိုသို့ဟောပြောခြင်းပြုရာ၌ ရောက်ရာ အရပ်တိုင်းမှာပင် တောင်ထိပ်သို့တက်ရောက်ပြီး ဘုရား

ရှင်အား ရည်မှန်းကာ ဆိတ်ငယ်ကိုသတ်၍ ပူဇော်ပသခြင်း အလုပ်မှာလည်း တမန်တော်အီဗရာဟင်သခင်၏ ဓလေ့ထုံးစံတခုပင်ဖြစ်ပေတော့သည်။

…ကျွန်ုပ်တို့သိရသမျှတွင် ထိုတမန်တော်သခင်သည် ကမ္ဘာအရပ်ရပ်နေရာတိုင်းတွင် ရောက်ရှိသည်ဟု သိရ၏။

နောက်ဆုံး စုံစမ်းရှာဖွေခြင်းဖြင့် သိရှိရသောအကြောင်းမှာ ထိုတမန်တော်သခင်သည် အိန္ဒိယနှင့် မြန်မာပြည်သို့တိုင်အောင် ရောက်ရှိခဲ့ကြောင်းပင် ဖြစ်လေသည်။တောင်ငူမြို့အနီး ကရင်လူမျိုးတို့၏နယ်ရှိ (သံတောင်)

နှင့်(တော်တိ)တောင်ထိပ်များ၌ပင် တမန်တော် အီဘရာဟင်သခင်သည် ဘုရားရှင်အား ရည်စူးကာ အထက်တွင်ဘော်ပြခဲ့သည့်အတိုင်း ဆိတ်ငယ်ကို သတ်၍ ပူဇော်ပသခြင်း ပြုခဲ့ဘူးလေသည်ဟု သိရလေသည်။

စာမျက်နှာ ၂၀နှင့်၂၁တွင် ဆက်လက်ရေးသားထားချက်မှာ စိတ်ဝင်စားစရာပင်။

တမန်တော်အီဘရာဟင်သခင် မြန်မာပြည်သို့ ရောက်ရှိလာခြင်းအကြောင်း အကျယ်ဘော်ပြချက်ဟု ခေါင်းစဥ် ပေးထားပါသည်။

… ဤစာအုပ်ငယ်ကိုဘတ်ရှူရသူ ကျွန်ုပ်တို့၏ အဆွေ

တော်များသည် ကျွန်ုပ် ထုတ်ဘော် ရေးသားပြခဲ့သော

​တမန်တော် အီဘရာဟင်သခင်သည် မြန်မာပြည်သို့ရောက်ရှိလာပုံနှင့် အထူးသဖြင့် တောင်ငူနယ်အတွင်းရှိ

(သံတောင်)နှင့်(တော်တိ)တောင်များအကြောင်း ဘော်ပြချက်ကို အထူးအံ့သြခြင်းဖြင့် သိလိုစိတ်များ ပြင်းထန်စွာ

ရှိနေကြမည်မှာ ယုံမှားဘွယ်ရာ မဟုတ်ပေ။

ကရင်လူမျိုးများး၏ ရှေးဟောင်းရာဇဝင် အကြောင်းကို

ဘတ်ဘူးကြသူတိုင်း တမန်တော်အီဘရာဟင်သခင်နှင့် ထိုသခင်၏အနွယ်တော်များ၏အကြောင်းအရာများ

အားလုံးတို့သည် ငုင်း ကရင်ရှေးဟောင်း ရာဇဝင်များနှင့်

ကိုက်ညီလျက်ရှိနေကြောင်းကို တွေ့ရှိကြရပေမည်။စာဘတ်သူအများပင် ခရာဇ်ယန်သာသနာပြုဆရာများ ရေးသားခဲ့သော ငုင်းကရင်လူမျိုးတို့၏ ရှေးဟောင်းရာဇဝင်အကြောင်းနှင့် ပတ်သက်၍ များစွာ စိတ်ဝင်စားကြပေမည်။ ကျွန်ုပ်ကြံရွယ်ထားသည့်အတိုင်း မကြာမီပင် ဖော်ပြခဲ့သော ကရင်လူမျိုးတို့၏ ရှေးဟောင်းရာဇဝင်များအကြောင်းနှင့် ပတ်သက်၍ ကျွန်ုပ်ကိုယ်တိုင်

စုံစမ်းရှာဖွေ ရရှိသမျှတို့ကိုပါ စုပေါင်းကာ စာအုပ်တအုပ်

ထုတ်ဝေမည် ဖြစ်ကြောင်း။

အထက်တွင်ဘော်ပြခဲ့သော ကရင်လူမျိုးတို့၏နယ်အတွင်းရှိ (တော်တိ)တောင်သည်ကား ကရင်လူမျိုးတို့၏

အထွဋ်အမြတ်ထားသော နေရာတခုပင်ဖြစ်ကြောင်း ကျွန်ုပ်သိရသမျှတွင် ကရင်လူမျိုးတို့သည် မိမိတို့၏ ဘိုး

စဥ်ဘောင်ဆက် အထက်ထက်က ပြုလုပ်ခဲ့ကြသော ထုံးတမ်းစဥ်လာအတိုင်းပင် ယခု အချိန်အထိ ထိုတောင်ပေါ်၌ နှစ်တိုင်း နှစ်တိုင်း ပူဇော်ပသပွဲများကို ကျင်းပလျက်ရှိကြပေသည်။

(သံတောင်)အကြောင်းနှင့်ပတ်သက်၍လည်း ရာဇဝင်အထင်အရှားရှိခဲ့လေသည်။ငုင်းသံတောင်၏ တောင်ထိပ်၌လည်း ရှေးကရင်လူကြီးများနှင့် ကရင်ဘုန်းတော်ကြီးများသည် နှစ်စဥ် တနှစ်တကြိမ်ကျ မိမိတို့ထုံးတမ်းစဥ်လာအရ ပူဇော်ပသပွဲများကို ပြုလုပ်ခဲ့ကြလေသည်။လွန်ခဲ့သည့် ၁၉၃၄-ခုနှစ်အတွင်းက ကံအားလျော်စွာပင်(မစ္စတာ သွမ်ဆန်-ဒါမေ)နှင့်အတူ

ငုင်းတောင်ထိပ်ပေါ်သို့ တကြိမ်တခါရောက်ဘူးခဲ့သဖြင့်

ရှေးအခါက ကရင်လူမျိုးများ ပူဇော်ပသပွဲများ ကျင်းပပြုလုပ်ခဲ့သောနေရာကို တွေ့မြင်ခဲ့ရပေသည်။ငုင်းနေရာမှာ ထိုတောင်၏အောက်ခြေ၌ရှိသော သုံးထောင့်ပုံသဏ္ဍာန် ဂူငယ်တခုပင်ဖြစ်လေသည်။တမန်တော်အီဘရာဟင်သခင်နှင့် မိမိနောက်လိုက်တပည့်အပေါင်းတို့သည် ဘုရားဝတ်ပြုသောအခါတိုင်း (ကအဘာ)ကျောင်းတော်ရှိရာဘက်သို့ မျက်နှာမူကာ ဝတ်ပြုလေ့ရှိကြောင်းကို အားလုံးပင် သိပြီးဖြစ်ကြပေမည်။ကျွန်ုပ်တို့သည်ထိုပူဇော်ပွဲကျင်းပသော ဂူ၏အနေအထားကို စုံစမ်းကြည့်ရှူရာ၌လည်း ငုင်းနေရာ အနေအထားတည်ပုံမှာလည်း” ကစ်ဘလာ”ဝါ “ကအဘာ”တော်ရှိရာဘက်သို့ မျက်နှာ မူလျက်ပင် တည်ရှိကြောင်းသိရပေသည်။

မကြာမီပင် ဤတောင် ၂ခု၏ အကြောင်းအရာစုံလင်စွာကို ကျွန်ုပ်တို့ကိုယ်တိုင် ပြည့်စုံနိုင်သမျှပြည့်စုံအောင် စုံစမ်း ရှာဖွေပြီးနောက် ထပ်မံရေးသား အကျယ်ဖော်ပြသွားရန် စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြောင်း ဟုဖတ်ရသည်။

Fact checking please. Is this statement correct? In Israel, Burmese Chin, and Indian Zomi are also considered “lost Jewish tribes” by Jews and have been brought to Israel, where they have been settled by the tens of thousands.

AI Overview in Google

The statement that some Burmese, Chin, and Indian Zomi are considered “lost Jewish tribes” by some Jews and have been brought to Israel is largely correct, though the numbers involved are in the thousands, not the tens of thousands

. This community is known as the Bnei Menashe. 

Here is a more detailed breakdown of the facts:

  • Identity as “Lost Jewish Tribes”: The Bnei Menashe are a community from Tibeto-Burmese ethnic groups (including Chin, Mizo, and Kuki, which are part of the larger Zo people) living in northeast India and Burma (now Myanmar). They believe they are descendants of the tribe of Manasseh, one of the ten Lost Tribes of Israel, who were exiled by the Assyrians over 2,700 years ago.
  • Path to Judaism: After Christian missionaries brought the Bible to their region in the late 19th century, some tribal members saw parallels between their pre-Christian customs and biblical accounts. A Judaizing movement began in the 1970s and gained significant momentum, with people embracing Judaism.
  • Recognition and Immigration: A non-profit organization called Shavei Israel, founded by Michael Freund, has played a major role in facilitating their immigration. In 2005, then-Sephardic Chief Rabbi Shlomo Amar endorsed their claim of Jewish ancestry, which allowed them to immigrate to Israel after undergoing a formal conversion to Orthodox Judaism.
  • Immigration to Israel: While the original statement’s number is exaggerated, thousands have made Aliyah (immigrated to Israel) over the past several decades. For example, a 2017 article reported that around 3,000 Bnei Menashe had immigrated in recent years, with about 7,000 remaining in India at the time. A 2021 report stated that around 4,500 had made aliyah, with another 6,000 waiting in India.
  • Settlement and Integration: The immigrants have been settled in different parts of Israel, including the Galilee region and West Bank settlements. Integration has presented challenges, as is often the case for new immigrant communities. 

Yes, some Karen minority leaders in Myanmar historically viewed themselves as a lost tribe of Israel. This belief emerged in the 19th century when American Baptist missionaries brought the Bible to the region and some Karen people recognized striking parallels between their own creation myths and the biblical Old Testament stories. 

This is in contrast to another group, the Bnei Menashe, who are a separate ethnic group of Tibeto-Burmese origin living in northeast India and Myanmar and who also claim to be a lost tribe of Israel. 

The Karen belief

  • The “lost book” prophecy: Many Karen people believed in a prophecy that a “white brother” would one day return a book of lost traditions. When Baptist missionaries arrived with the Bible, some Karen leaders considered this a fulfillment of the prophecy, viewing the Bible as their “lost book”.
  • Shared stories: Scholars note the remarkable similarities between Karen myths and the early books of the Bible, which led some to believe they were descendants of a lost Israelite tribe. However, some accounts suggest this connection is more of a 19th-century interpretation than an ancient tradition. 

The Bnei Menashe belief

  • Separate claim: The Bnei Menashe are not a sub-group of the Karen. They are a distinct community with a different story of origin, living primarily in the Indian states of Mizoram and Manipur and in the Chin State of Myanmar.
  • “Menasseh” connection: They believe themselves to be descendants of the tribe of Manasseh, who were exiled from ancient Israel by the Assyrian empire. They were known as “Shinlung” or “cave dwellers” in their oral traditions and moved through Central Asia before settling in the Indo-Burmese borderlands.
  • Modern reconnection: Thousands of Bnei Menashe have formally converted to Judaism and made aliyah (immigrated) to Israel, a process assisted by the organization Shavei Israel. 

Above is the Google AI reply in English.

Below is the Microsoft Copilot reply in Burmese.

အစ္စရေးမှာ.. မြန်မာတိုင်းရင်းသား.. ချင်းနဲ့.. အိန္ဒိယန်းဇိုမီတွေလည်း.. ဂျူးတွေရဲ့.. ” ပျောက်ဆုံးနေသော ဂျူးမျိုးနွယ်များ” ဆိုပြီး…အစ္စရေးနိုင်ငံထဲ.. ခေါ်သွင်း.. လူသောင်းချီ.. settlement လုပ်ထားတာပါ

ဟုတ်ပါတယ်။ အစ္စရေးနိုင်ငံတွင် ချင်း၊ မီဇို၊ ဟမားတို့ပါဝင်သော အိန္ဒိယ-မြန်မာနယ်စပ်မှ တိုင်းရင်းသားများကို “ပျောက်ဆုံးနေသော ဂျူးမျိုးနွယ်စု” ဟု ယူဆပြီး Bnei Menashe အဖြစ် ခေါ်သွင်းထားခြင်းရှိပါတယ်။

ဒီအကြောင်းအရာကို ပိုမိုရှင်းလင်းစွာဖော်ပြရမယ်ဆိုရင်—

🕍 Bnei Menashe ဆိုတာဘာလဲ?

  • Bnei Menashe (Hebrew: בני מנשה) ဆိုသည်မှာ “မနာရှေ့မျိုးဆက်” ဟုအဓိပ္ပါယ်ရပြီး၊ အစ္စရေး၏ ပျောက်ဆုံးသော ၁၀ မျိုးနွယ်စုများ ထဲမှ တစ်ခုဖြစ်သည်ဟု ယူဆကြသည်။
  • ဤအဖွဲ့သည် အိန္ဒိယမြောက်ပိုင်း Mizoram နှင့် Manipur ပြည်နယ်များမှ Kuki-Chin-Mizo တိုင်းရင်းသားများဖြစ်ကြသည်။ ထိုသူများသည် Manmasi ဟုခေါ်သော ဂျူးမျိုးနွယ်မှ ဆင်းသက်လာကြောင်း ယုံကြည်ကြသည်။

✡️ ဂျူးဘာသာကို လက်ခံခြင်းနှင့် အစ္စရေးသို့ ပြောင်းရွှေ့ခြင်း

  • ၁၉၅၁ ခုနှစ်တွင် တိုင်းရင်းသားခေါင်းဆောင်တစ်ဦး၏ အိပ်မက်အရ၊ သူတို့၏ မျိုးရိုး Homeland သည် အစ္စရေးဖြစ်ကြောင်း ယုံကြည်မှုစတင်ခဲ့သည်။
  • ထို့နောက် အချို့ Bnei Menashe များသည် ဂျူးဘာသာကို လက်ခံကာ အစ္စရေးသို့ ပြောင်းရွှေ့ခြင်း စတင်ခဲ့ကြသည်။
  • ၁၉၉၀ ခုနှစ်များမှစ၍ လူထောင်ချီ ပြောင်းရွှေ့လာပြီး အစ္စရေးတွင် settlement ပြုလုပ်ထားကြသည်။ ယခုအခါ အစ္စရေးတွင် ၅,၀၀၀ ကျော် နေထိုင်ကြပြီး၊ India တွင်လည်း ၅,၀၀၀ ကျော်ရှိနေဆဲဖြစ်သည်။

🌍 မြန်မာနိုင်ငံမှ တိုင်းရင်းသားများပါဝင်မှု

  • Bnei Menashe အဖွဲ့သည် Tibeto-Burmese မျိုးနွယ်စုများမှ ဆင်းသက်ကြောင်း ဖော်ပြထားပြီး၊ မြန်မာနယ်စပ်မှ တိုင်းရင်းသားများဖြစ်ကြသည်။ ထို့ကြောင့် ချင်း တိုင်းရင်းသားများသည်လည်း ဤအဖွဲ့တွင် ပါဝင်နိုင်ကြောင်း ယူဆနိုင်သည်။
  • သို့သော် မြန်မာနိုင်ငံမှ တိုက်ရိုက်ခေါ်သွင်းမှု သက်သေများသည် နည်းပါးသော်လည်း၊ အိန္ဒိယ-မြန်မာနယ်စပ်မှ တိုင်းရင်းသားများအဖြစ် ပါဝင်ကြသည်။

📚 သက်သေများ

  • Wikipedia တွင် Bnei Menashe အဖွဲ့သည် Zo peoples (Hmar, Mizo, Thadou) နှင့် Tibeto-Burmese မျိုးနွယ်စုများမှ ဖြစ်ကြောင်း ဖော်ပြထားသည်။
  • Bar-Ilan University မှ သုတေသနတွင်လည်း Bene Menashe များသည် ၂,၇၀၀ နှစ်ကြာ အခြားဂျူးများနှင့် ချိတ်ဆက်မရှိဘဲ နေထိုင်ခဲ့ကြောင်း၊ ယခုအခါ အစ္စရေးတွင် ဂျူးအဖြစ် သက်မှတ်ခံယူပြီး အုပ်စုဖွဲ့နေကြောင်း ဖော်ပြထားသည်။

သင်ဖော်ပြသောအချက်သည် အများအားဖြင့် မှန်ကန်ပြီး၊ ချင်းနှင့် မီဇိုတိုင်းရင်းသားများသည် Bnei Menashe အဖွဲ့အဖြစ် အစ္စရေးသို့ ပြောင်းရွှေ့လာကြောင်း သက်သေရှိပါတယ်။

သမိုင်းဟူသည် သမိုက်ဟူသော စကားက လာသည်။အစဥ်အဆက်ပြောကြားခဲ့သော စကားဟုဆိုပါသည်။ဤစာအုပ်ငယ်ကလေးကိုဖတ်ရအပြီးတွင် အစ္စလာမ်ဓမ္မဗိမာန်အပါအဝင်သင်တန်းများတွင် မြန်မာ့မြေမှမွတ်စလင်များ သမိုင်းကို သင်ကြားခဲ့ရာ၌ ဤအချက်ကိုထည့်သွင်းသင်ကြားခဲ့သလို သင်တန်းသားတို့ကိုလည်း သံတောင်ဒေသဘက်ရောက်ခဲ့ပါက ကိုယ်တွေ့မျက်​​ မြင်သွားရောက် လေ့လာကြဖို့ တိုက်တွန်းခဲ့မြဲဖြစ်သည်။

န.ဝ.တ.ခေတ်မှာ ကမ္ဘာလှည့်ခရီးသည်တို့ ငှက်သဘာဝလေ့လာရာအပါအဝင် သဘာဝပတ်ဝန်းကျင်ကိုလေ့လာရာစခန်းအဖြစ် သတ်မှတ်ခဲ့သဖြင့် ဒေသခံကရင်လူမျ်ိုးတို့ ထိုနေရင်း​​ ဒေသမှ ဖယ်ရှားခံခဲ့ရသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းစာစောင်တစ်ခုမှာတော့ ထိုဒေသမှာ “အလွန်ရှေးကျသည့် ကရင်လူမျ်ိုးတို့ နေထိုင်ကြကြောင်း ရှေးရိုးရာအတိုင်း ဘဝကို ရိုးရှင်းစွာနေထိုင်ခဲ့ကြပုံ စတီးလ် ကြွေ နှင့် ဒန် ပန်းကန် ခွက်ယောက်များကို လုံးဝ မသုံးဘဲ ဝါးခွက် ဝါးအိုး ဝါးယောင်းမ ဝါးဇွန်း ဝါးဇလုံနှင့် ဝါးလင်ဗန်း ဝါးကျဥ်တောက်တို့ဖြင့်သာ စားကြသောက်ကြသည်ဟု ဖတ်ရသည်။

ထိုခေတ်လောက်ကပင် မြန်မာသတင်းစာများ၌ ဘတ်တေး လစ်တနာ၏ အခန်းဆက် ဆောင်းပါးတစ်ခုမှာလည်း သံတောင်ဒေသနေ ကရင်လူမျိုးများမှာ တမန်တော်အီဘရာဟင်၏ မျိုးနွယ်ဝင် ၁၂မျိုးတို့ ထိုဒေ

သသို့ ရောက်ရှိနေထိုင်ရာမှ ဆင်းသက်လာသူများဖြစ်သည်ဟု ဖတ်ခဲ့ရသည်။ထိုဆောင်းပါးမှာ အသေအချာသိမ်းဆည်းထားသည့်ကြားက ပျောက်ဆုံး

သွားခဲ့၍ နှမျောမဆုံးဖြစ်ရပါသည်။

အေ.အမ်.အေ.ကရင်ဂနီကား မည်သူနည်း

++++++++++++++++++++++++++++

မြန်မာနိုင်ငံမှ ဗြိတိသျှလက်ထက်က အောက်လွှတ်တော် အမတ်မင်းဖြစ်ပြီး အစောဆုံး မွတ်စလင်ဂျာနယ် လဆန်းရောင်ကိုထုတ်ဝေခဲ့သည့် အမြင်ကျယ်လှသည့်တင်းစာဆရာကြီးဖြစ်သည်။ဂျာနယ်လစ် ပီသသည်။ကျိုလီယာဖြစ်သည်။

(သူ့အကြောင်းကို ဒေါက်တာအောင်ဇော်ပြုစုသည့် မြန်မာနိုင်ငံ အစ္စလာမ့်စာပေသမိုင်းစာအုပ်မှာ ကြည့်ပါ။)

ထူးခြားချက်မှာ မလေး အင်ဒိုဒေသမှ လူမျိုးများကို

ဒတ်ချ်နှင့် ပြင်သစ်နယ်ချဲ့ကျွန်ဘဝမှ လွတ်မြောက်အောင် လွတ်လပ်ရေးစိတ်ဓါတ် နိုးကြားသွားကြအောင်

လှုံ့ဆော်ပေးခဲ့သူဖြစ်သည်။ကမ္ဘာ့အလင်းစာစောင်?မှာ လေ့လာနိုင်ပါသည်။

မလေးရှားရောက် ဆရာမိုးစွန်ကြယ်(မင်းသန်းဝင်း)အပါအဝင် သမိုင်းစိတ်ဝင်စားသူတို့ မြန်မာ့ဂုဏ်ဆောင် ဤကျိုလီယာ ဂျာနယ်လစ်ကြီး အကြောင်းကို

လေ့လာတင်ပြသင့်ပါသည်။မလေးလူမျိုးတွေကို နိုင်ငံရေးအသိ မျက်စိဖွင့်ပေးခဲ့သူပင်။

သမိုင်းအဓိကနှင့် သမိုင်းသုတေသီများ ဆက်လက်လေ့လာနိုင်ရန် တင်ပြလိုက်ရပါသည်။

မကြာမီထွက်ရှိလာမည့် ဒေါက်တာနန်းလှိူင်၏ ကရင်လူမျိုးသမိုင်းစာအုပ်နှင့် ဆိုင်ရာ ကရင်သမိုင်းတွေမှာ လေ့လာ ဖော်ထုတ်ကြပါ။

ဝါးခယ်မ မောင်မင်းနိုင်။ ၁၉.၈.၂၀၂၂

စာအုပ်မျက်နှာဖုံးပုံ

******************

၁၉၃၈ခုနှစ်က ထုတ်ဝေသည်။

READ ALSO:

1/ Karim Ghani

I have contributed this paragraph in his post in Wikipedia… Karim Ghani (Tamil: கரீம் கனி) was a politician in South-East Asia of Indian origin. Before the Second World War Karim Ghani was a parliamentary secretary in Burma under Dr. Ba Maw, who was the first Burma Premier (1937–1939) and head of State of Burma from 1942 to 1945[1].During World War II, Ghani came to be the Minister for state Subhas Bose’s Azad Hind government and was in Malaya. He was also the manager of “The Muslim Publishing House”, the editor of the Malayan Tamil daily Malaya Nanban, as well as the editor of the Malay edition Dawn, under the name Sinaran. Ghani was also involved with the Muslim League and was the president of the All Malaya Muslim Missionary Society (AMMMS) and an official in several other organizations. After the end of World War II, Ghani was involved in South-East Asian Muslim politics, most notably being involved in the Maria Hertogh riots in Singapore in 1950.

2/ Malaya Burma Star ( KARIM GHANI)

3/ Burmese migrants to Malaya are pioneers in publishing Jawi, Chinese and Tamil newspapers

4/ Singapore FIRST RIOTS leader was Karim Ghani

5/ Burmese Myanmar Everywhere in Malaya

6/ Bnei Menashe from Wikipedia

The Bnei Menashe (Hebrew: בני מנשה, “Children of Menasseh“, known as the Shinlung in India[4]) is a community of Indian Jews from various Tibeto-Burmese[5] ethnic groups from the border of India and Burma who claim descent from one of the Lost Tribes of Israel,[4]: 3  allegedly based on the Hmar belief in an ancestor named Manmasi.[6] Some of them have adopted Judaism.[4] The community has around 10,000 members.[1]

The movement began in 1951, when a tribal leader reported having a dream that his people’s ancient homeland was Israel; some tribal members began embracing the idea that they were Jews.[4]: 7 [5] Before the movement’s start, the community was largely a Christian one.[4]: 6  Members are from the ChinKuki, and Mizo ethnic groups amongst others.[4]: 3 

In the late 20th century, Israeli rabbi Eliyahu Avichail, of the group Amishav, named these people the “Bnei Menashe” based on their account of descent from Manasseh.[7] In 2003–2004, DNA testing of several hundred male community members did not yield conclusive evidence of Middle Eastern ancestry. In 2005, a Kolkata-based study found evidence of maternally descended Near Eastern ancestry but suggested the findings were an artifact of thousands of years of intermarriage between peoples of the Near and Middle East.[8][9] Israel did not formally support immigration of the Bnei Menashe until 2005, when Rabbi Shlomo Amar, then Sephardi Chief Rabbi of Israel, recognized the Bnei Menashe as a lost tribe.[10] Even today, Bnei Menashe must seek special dispensation from the Knesset to make aliyah.

History of the Chin-Kuki-Mizo people

Prior to their conversion to Christianity in the 19th century, the Chin-Kuki-Mizo practiced animism; ritual headhunting of enemies was part of their culture. Depending upon their affiliations, each tribe identifies primarily as Kuki, Mizo/Hmar, or Chin. The people identify most closely with their subtribes in the villages, each of which has its own distinct dialect and identity.[16] They are indigenous peoples, who had migrated in waves from East Asia and settled in what is now northeastern India. They have no written history but their legends refer to a beloved homeland that they had to leave, called Sinlung/Chinlung.[17] The various tribes speak languages that are branches of indigenous Tibeto-Burman.

Influence of revivalism

During the first Welsh missionary-led Christian Revivalism movement, which swept through the Mizo hills in 1906, the missionaries prohibited indigenous festivals, feasts, and traditional songs and chants. After missionaries abandoned this policy during the 1919–24 Revival, the Mizo began writing their own hymns, incorporating indigenous elements. They created a unique form of syncretic Christian worship. Christianity has generally been characterized by such absorption of elements of local cultures wherever it has been introduced.[18]

Shalva Weil, a senior researcher and noted anthropologist at Hebrew University, wrote in her paper, Dual Conversion Among the Shinlung of North-East (1965):

Revivalism (among the Mizo) is a recurrent phenomenon distinctive of the Welsh form of Presbyterianism. Certain members of the congregation who easily fall into ecstasy are believed to be visited by the Holy Ghost and the utterings are received as prophecies.” (Steven Fuchs 1965: 16).[19]

Anthony Gilchrist McCall in 1949 recorded several incidents of revivalism, including the “Kelkang incident”, in which three men “spoke in tongues”, claiming to be the medium through which God spoke to men. Their following was large and widespread until they clashed with the colonial superintendent. He put down the movement and removed the “sorcery”.[20][21]

In a 2004 study Weil says, “although there is no documentary evidence linking the tribal peoples in northeast India with the myth of the lost Israelites, it appears likely that, as with revivalism, the concept was introduced by the missionaries as part of their general millenarian leanings.”[22] In the 19th and 20th centuries, Christian missionaries “discovered” lost tribes in far-flung places; their enthusiasm for identifying such peoples as part of the Israelite tribes was related to the desire to speed up the messianic era and bring on the Redemption. Based on his experience in China, for example, Scottish missionary Rev. T.F. Torrance wrote China’s Ancient Israelites (1937), expounding a theory that the Qiang people were lost Israelites.[23][page needed] This theory has not been supported by any more rigorous studies.

Some of the Mizo-Kuki-Chin say they have an oral tradition that the tribe traveled through Persia, Afghanistan, Tibet, China and on to India,[24][page needed] where it eventually settled in the northeastern states of Manipur and Mizoram.[25]

According to Tongkhohao Aviel Hangshing, leader of the Bnei Menashe in Imphal, the capital of Manipur, when the Bible was translated into local languages in the 1970s, the people began to study it themselves. Hangshing said, “And we found that the stories, the customs and practices of the Israeli people were very similar to ours. So we thought that we must be one of the lost tribes.”[26] After making contact with Israelis, they began to study normative Judaism and established several synagogues. Hundreds of Mizo-Kuki-Chin emigrated to Israel. They were required to formally convert to be accepted as Jews, because their history was not documented. Also, given their long migration and intermarriage, they had lost the required maternal ancestry of Jews, by which they might be considered as born Jews.

DNA testing results

Observers thought that DNA testing might indicate whether there was Middle Eastern ancestry among the Bnei Menashe. Some resisted such testing, acknowledging that their ancestors had intermarried with other people but saying that did not change their sense of identification as Jews.[32] In 2003, author Hillel Halkin helped arrange genetic testing of Mizo-Kuki people. A total of 350 genetic samples were tested at Haifa‘s Technion – Israel Institute of Technology under the auspices of Prof. Karl Skorecki. According to the late Isaac Hmar Intoate, a scholar involved with the project, researchers found no genetic evidence of Middle Eastern ancestry for the Mizo-Chin-Kuki men.[33][34] The study has not been published in a peer-reviewed journal.

In December 2004, Kolkata‘s Central Forensic Science Laboratory posted a paper at Genome Biology on the Internet. This had not been peer reviewed. They tested a total of 414 people from tribal communities (Hmar, Kuki, Mara, Lai and Lusei) of the state of Mizoram. They found no evidence among the men of Y-DNA haplotypes indicating Middle Eastern origin. Instead, the haplotypes were distinctly East and Southeast Asian in origin.[29] In 2005, additional tests of mtDNA were conducted for 50 women from these communities. The researchers said they found some evidence of Middle Eastern origin, which may have been an indicator of intermarriage during the people’s lengthy migration period.[35] While DNA is not used as a determinant of Jewish ancestry, it can be an indicator. It has been found in the Y-DNA among descendants in some other populations distant from the Middle East who claim Jewish descent, some of whose ancestors are believed to have been male Jewish traders.

Israeli Professor Skorecki said of the Kolkata studies that the geneticists “did not do a complete ‘genetic sequencing’ of all the DNA and therefore it is hard to rely on the conclusions derived from a “partial sequencing, and they themselves admit this.”[36] He added

the absence of a genetic match still does not say that the Kuki do not have origins in the Jewish people, as it is possible that after thousands of years it is difficult to identify the traces of the common genetic origin. However, a positive answer can give a significant indication.[37]

BBC News reported, “[T]he Central Forensic Institute in Calcutta suggests that while the masculine side of the tribes bears no links to Israel, the feminine side suggests a genetic profile with Middle Eastern people that may have arisen through inter-marriage”.[38] The social scientist Lev Grinberg commented that “right wing Jewish groups wanted such conversions of distant people to boost the population in areas disputed by the Palestinians.”

Political issues in Israel and India

Main article: Indian Jews in Israel

In June 2003, Interior Minister Avraham Poraz of Shinui halted Bnei Menashe immigration to Israel. Shinui leaders had expressed concern that “only Third World residents seem interested in converting and immigrating to Israel.”[49]

Ofir Pines-PazMinister of Science and Technology, said that the Bnei Menashe were “being cynically exploited for political purposes.”[50] He objected to the new immigrants being settled in the unstable territory of the Gaza Strip’s Gush Katif settlements (which were evacuated two years later) and in the West Bank. Rabbi Eliyahu Birnbaum, a rabbinical judge dealing with the conversion of Bnei Menashe, accused the Knesset Absorption Committee of making a decision based on racist ideas.[50] At the time, Michael Freund, with the Amishav organization, noted that assimilation was proceeding; young men of the Bnei Menashe served in Israeli combat units.[49]

The rapid rise in conversions also provoked political controversy in Mizoram, India. The Indian government believed that the conversions encouraged identification with another country, in an area already characterized by separatist unrest. P.C. Biaksiama of the Aizawl Christian Research Centre said,

[T]he mass conversion by foreign priests will pose a threat not only to social stability in the region, but also to national security. A large number of people will forsake loyalty to the Union of India, as they all will become eligible for a foreign citizenship.

He wrote the book, Mizo Nge Israel? (“Mizo or Israel?”) (2004), exploring this issue.[51] He does not think the people have a legitimate claim to Jewish descent. Leaders of the Presbyterian Church in Mizoram, the largest denomination, have objected to the Israelis’ activity there.

In March 2004, Biaksiama appeared on television, discussing the issues with Lalchhanhima Sailo, founder of Chhinlung Israel People’s Convention (CIPC), a secessionist Mizo organization.[52][53] The region has had numerous separatist movements and India has struggled to maintain peace there.

In July 2006, Israeli Immigration Absorption Minister Ze’ev Boim said that the 218 Bnei Menashe who had completed their conversions would be allowed to enter the country, but “first the government must decide what its policy will be towards those who have yet to (formally) convert.”[54] A few months later, in November 2006, the 218 Bnei Menashe arrived in Israel and were settled in Nazareth Illit and Karmiel. The government has encouraged more people to settle in the Galilee and the Negev.

In October 2007, the Israeli government said that approval of travelers’ entry into Israel for the purpose of mass conversion and citizenship would have to be decided by the full Cabinet, rather than by the Interior Minister alone. This decision was expected to be a major obstacle in Shavei Israel’s endeavours to bring all Bnei Menashe to Israel. The government suspended issuing visas to the Bnei Menashe.

In 2012, after a change in government, the Israel legislature passed a resolution to resume allowing immigration of Bnei Menashe. Fifty-four entered the country in January 2013, making a total of 200 immigrants, according to Shavei Israel.[25][55] As of 13 December 2023, 5,000 Bnei Menashe have immigrated to Israel.[56]

Legends

All of the folklore which supports the Bnei Menashe’s Jewish ancestry are taken/found in Hmar history. One such is the traditional Hmar harvest festival (Sikpui Ruoi) song, “Sikpui Hla (Sikpui Song),” which refers to events and images similar to some in the Book of Exodus, is evidence of their Israelite ancestry. Studies of comparative religion, however, have demonstrated recurring motifs and symbols in unrelated religions and peoples in many regions.[57] In addition, other Mizo-Kuki-Hmar people say that this song is an ancient one of their culture. The song includes references to enemies chasing the people over a red-coloured sea,[58] quails, and a pillar of cloud.[58] Such images and symbols are not exclusive to Judaism.

Translation of the lyrics:[59]

While we are preparing for the Sikpui Feast,
The big red sea becomes divided;
As we march along fighting our foes,
We are being led by pillar of cloud by day,
And pillar of fire by night.
Our enemies, O ye folks, are thick with fury,
Come out with your shields and arrows.
Fighting our enemies all day long,
We march forward as cloud-fire goes before us.
The enemies we fought all day long,
The big sea swallowed them like wild beast.
Collect the quails,
And draw the water that springs out of the rock.

Michael Freund, the director of Shavei Israel, wrote that the Bnei Menashe claim to have a chant they call “Miriam’s Prayer.” By that time, he had been involved for years in promoting the Bnei Menashe as descended from Jews and working to facilitate their aliyah to Israel.[60] He said that the words of the chant were identical to the ancient Sikpui Song. The Post article is the first known print reference to Miriam’s Prayer, aka “Sikpui Hla.”[60]

မိုးစြန္ၾကယ္ Top Sky Starမိုးစွန်ကြယ်

ပျောက်ဆုံးနေတဲ့ ဂျူးမျိုးနွယ် တခု ပြန်ပေါ်လာခြင်း သို့မဟုတ် အိန္ဒိယ ရောက် တရုတ်နွယ်ဖွား ဘနေ မနာရှေး များ (အပိုင်း ၂)

အစ္စရေး ပြင်ပက မျိုးနွယ်တွေကို ဂျူးအဖြစ် အစ္စရေး ရဲ့ အသိအမှတ်ပြု ခံရအောင် အဓိကကြိုးပမ်းတဲ့ အုပ်စုတွေကို Aliyah တွေလို့ခေါ်ပါတယ် သူတို့ဟာ အာဖရိက နဲ့ အာရှတိုက်က မျိုးနွယ်အချို့ကို ပျောက်ဆုံးနေတဲ့ ဂျူးအနွယ်ဝင်တွေအဖြစ် အစ္စရေး အစိုးရ သတ်မှတ်ခံရ အောင်ကြိုးပမ်းပြီး အစ္စရေးကို ပြန်ခေါ်ဖို့ ဆောင်ရွက်ကြပါတယ်။

ယနေ့အချိန်အထိ အာဖရိကက အီသီယိုပီးယားနဲ့ ဇင်ဘာဘွေ အာရှက အိန္ဒိယ က မျိုးနွယ်တချို့ကို အစ္စရေးကို ပြန်ပို့ ခဲ့ပြီးဖြစ်ပါတယ်။

Aliyah အုပ်စုတွေဖြစ်တဲ့ Amishav နဲ့ Shavei Israel တို့ ရဲ့ ‌လုပ်ဆောင်မှုတွေ

————‐——————————————————-

၂၀ ရာစုနှောင်းပိုင်းမှာ အစ္စရေးဘုန်းကြီး Eliyahu Avichail ဟာ Amishav (Hebrew for “My People Returns”) ဆိုတဲ့ အဖွဲ့ကိုထူထောင်ခဲ့ပါတယ်။ တည်ထောင်ရတဲ့ရည်ရွယ်ချက်ကတော့ ပျောက်ဆုံးသွားသောအစ္စရေးလူမျိုးစု တွေရဲ့သားစဉ်မြေးဆက်တွေကိုနေရာချထားပေးဖို့နဲ့ aliyah လုပ်ငန်းစဥ်မှာ ကူညီဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာ သူက အိန္ဒိယအရှေ့မြောက်ပိုင်းက လာတဲ့ အာမခံအရောင်း လုပ်ငန်းလုပ်သူ လည်းဖြစ် ပြီး ဆရာမဟောင်း လည်းဖြစ်တဲ့ Zaithanchhungi (ဇိုင်သန်ချွန်ဂီ) နဲ့ ဆုံတွေ့မိပြီးတဲ့နောက်မှာ အဲ့ဒီဒေသက မဆီယာ/ဂျူးအုပ်စု အကြောင်းကို သူပထမဆုံးသိရှိလာခဲ့ပါတယ်။ သူမဟာ ၁၉၈၁ ခုနှစ်မှာ အစ္စရေးနိုင်ငံကို သွားရောက်ခဲ့ပြီး ဂျူးဘာသာနဲ့ ပတ်သက်တဲ့ နှီးနှောဖလှယ်ပွဲတွေမှာ စာတမ်းတွေ တင်ပြခဲ့ပါတယ်။

၁၉၈၀ ခုနှစ်တွေ အတွင်းမှာ Avichail ဟာ အိန္ဒိယအရှေ့မြောက်ဘက်ကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး လူတွေရဲ့ ပြောဆိုချက်တွေကိုလိုက်လံ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ သူဟာ လူတွေကို သုတေသနလုပ်ဖို့နဲ့ သမိုင်းဝင်မှတ်တမ်းတွေကို စုဆောင်းဖို့ လည်းကူညီပေးခဲ့ပါတယ်။ အဲ့ဒီမှာ သူက အဲ့ဒီလူတွေမှာ ဂျူးဘာသာနဲ့ ဆင်တူတဲ့ အလေ့အကျင့်တချို့ ရှိတာကို သတိပြုမိခဲ့ပါတယ်။ သူတို့မှာ

၁။ ဂျူးလူမျိုးတွေနဲ့ ဆင်တူတဲ့ နှစ်စဉ်ပွဲတော် သုံးခုရှိပါတယ်။

၂။ အသုဘအခမ်းအနားတွေ၊ မွေးဖွားခြင်းနဲ့ လက်ထပ်ခြင်းအခမ်းအနားတွေဟာ ရှေးဂျူး ဘာသာနဲ့ ဆင်တူပါတယ်။

၃။ သူတို့ ယုံကြည်တဲ့ သူတို့ရဲ့ ဘိုး‌ဘေးကြီး မန်မာစီ ဆိုတာဟာ ယောသပ်ရဲ့သား မနာရှေ ရဲ့ ဖေါ်ပြချက်တွေနဲ့ ဆင်နေပါတယ်။

၄။ ဒေသန္တရဒဏ္ဍာရီတွေ ရဲ့ အဆိုအရ မှာရ် လို့ခေါ်တဲ့သူတွေဟာ မူလက တရုတ်နိုင်ငံအနောက်တောင်ပိုင်း မှာရှိတဲ့ Sinlung လို့ခေါ်တဲ့ လှိုဏ်ဂူတစ်ခုအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က ပျောက်ဆုံးသွားခဲ့တဲ့ ဂျူးလူမျိုး မနာရှေးတွေရဲ့ ရုပ်ကြွင်းတွေ ရှိနေတယ်လို့ ပြောခဲ့တဲ့ အရပ်ဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံက နေ အိန္ဒိယ အရှေ့ မြောက်ဖက်ကို ပြောင်းရွေ့ အခြေချခဲ့တာ ဖြစ်တယ်လို့ အရပ်ပြော စကားတွေ ရှိနေပါတယ်။

ဒီလူတွေဟာ အစ္စရေးလူမျိုးက ဆင်းသက်လာလာလို့ ယုံကြည်တဲ့အတွက် Avichail က အဲ့ဒီ အစုအဖွဲ့ကို Bnei Menashe လို့ အမည်ပေးခဲ့ပါတယ်။ ပြီးတော့ သူကပဲ အဲ့ဒီသူတွေကို စံနစ်ကျတဲ့ ရှေးရိုးစွဲ ဂျူးဘာသာကို စပြီးသင်ကြားပေးခဲ့ပါတယ်။ဒါတင်မက သူက ခရစ်တော် ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်း အတွက် ပံ့ပိုးပေးတဲ့ ခရစ်ယာန်အုပ်စုတွေဆီက ရန်ပုံငွေတွေနဲ့ သူတို့အတွက် aliyah လို့ခေါ်တဲ့ “ပျောက်ဆုံးနေတဲ့ ဂျူးမျိုးနွယ်တွေ ကိုရှာဖွေပြီး အစ္စရေးကို ပို့ပေးတဲ့ လုပ်ငန်းစဥ်”ကိုဖေါ်ဆောင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးအစိုးရက အိန္ဒိယက မဆီယာ အဖွဲ့တွေကို aliyah အလီယာ အတွက် ကိုယ်စားလှယ်လောင်းတွေ အဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။

နှစ်များစွာကြာပြီးနောက်၊ အစ္စရေးဘုန်းကြီး Avichail ဟာ Michael Freund ကို ထောက်ခံတဲ့ သူတွေများလာတဲ့ Amishav ရဲ့ ခေါင်းဆောင်အဖြစ်က နုတ်ထွက်ခဲ့ပါတယ်။ ဒီ Michael Freund ဆိုတဲ့ လူငယ်က The Jerusalem Post ရဲ့ ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီးတော့ ဝန်ကြီးချုပ်ရုံးရဲ့ ဆက်သွယ်ရေးနဲ့ မူဝါဒရေးဆွဲရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူးလည်းဖြစ်ပါတယ်။ သူတို့ ၂ ‌ယောက်ကတောက်ကဆ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ Freund ကလည်း ပျောက်ဆုံးနေတဲ့ မျိုးနွယ်စုတွေရဲ့ သားစဉ်မြေးဆက်တွေ ကို အစ္စရေးပြန်ပို့ဖို့ အလီယဟ်တွေ ထောက်ပံ့ကူညီဖို့ အတွက် Shavei Israel ဆိုတဲ့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ ၂ ဖွဲ့ စလုံးက အစ္စရေးမှာ ရောက်နေတဲ့ ဘနေမနာရှေး တွေကို သူတို့ကို ထောက်ခံဖို့ မဲဆွဲခဲ့ပါတယ်။ ဒါကြောင့် ဒီဖက်က ကွတ်ကီး-မီဇိုက မျိုးနွယ်စုတွေကြားမှာလည်း အုပ်စုတွေ ကွဲကုန်ကြပါတယ်။ အုပ်စု ၁ စုက တဖက်အဖွဲ့ကို ထောက်ခံပြီး နောက်ထပ်အုပ်စု ၁ စုက နောက်ထပ်အဖွဲ့ သစ်ကို ထောက်ခံကြပါတယ်။ Freund က Shavei Israel ကိုထောက်ပံ့ဖို့ သူရဲ့ ကိုယ်ပိုင်အခွင့်အလန်းတချို့ကို အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒါတွေနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်းပြည်နယ်နှစ်ခုရဲ့ မြို့တော်တွေဖြစ်တဲ့ အိုက်ဇောနဲ့ အင်ဖာမှာရှိတဲ့ ဘနေ မနာရှေး Bnei Menashe တွေအတွက် ဂျူးပညာရေးကို ပံ့ပိုးပေးခဲ့ပါတယ်။

၂၀၀၅ ခုနှစ်အလယ်မှာ Shavei Israel နဲ့ Kiryat Arba တို့ရဲ ဒေသခံကောင်စီ အကူအညီနဲ့ ဘနေ မနာရှေး Bnei Menashe တွေဟာ အစ္စရေးမှာ သူတို့ရဲ ပထမဆုံးသော လူထုစင်တာကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ဂျူးဘုရားကျောင်းများစွာကို ဆောက်လုပ်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ အစ္စရေး ဘုန်းကြီး ရဗ္ဗိတွေရဲ့ ကြီးကြပ်မှုအောက်မှာ မီဇိုရမ်ပြည်နယ်တွင် ဂျူး ထုံးတမ်းစဥ်လာအရ ရေချိုး တဲ့ ကန် mikveh (မစ်ကဝေ့) ကိုဆောက်လုပ်နိုင်ခဲ့ကြပါတယ်။ ဒါက ရှေးရိုးစွဲ ဂျူးအလေ့အထမှာ အသုံးပြုတဲ့ ကန်ဖြစ်ပါတယ်။ ဂျူးဘာသာကို ပြောင်းလိုသူတွေအတွက် ဘာသာပြောင်းတဲ့ အခါလုပ်တဲ့ကျင့်စဥ် အတွက် ဒီရေကန်ရှိဖို့ လိုအပ်ပါတယ်။ နောက်ထပ်မကြာခင်မှာပဲ ဘနေ မနာရှေး Bnei Menashe တွေဟာ မဏိပူရ်မှာ လည်း mikveh (မစ်ကဝေ့) တကန်ထပ်ဆောက်ခဲ့ပါတယ်။

ဒီအင်န်အေ စစ်ဆေးခြင်း

———————————

ဂျူးတွေရဲ့ ဟလကာဟ် ဥပဒေ ကျမ်းအရ ဂျူးတယောက် ဖြစ်ဖို့ အတွက် ထုံးတမ်းစဥ်လာကို လိုက်ကျင့်သုံးပြီး ဘာသာပြောင်းမယ် ဆိုရုံနဲ့ ဂျူးဖြစ်မသွားပါဘူး။ အနည်းဆုံး မိခင်ဖက်က ဂျူး ဖြစ်ရပါမယ်၊ တနည်းနည်း နဲ့ ဂျူးအနွယ် ဖြစ်မှသာလျင် ဂျူးဘာသာကို ဟလကာဟ် အရ ကူးပြောင်းနိုင်ပြီး ဂျူး အဖြစ်ခံယူ နိုင်တာ ဖြစ်တဲ့ အတွက် မျိုးရိုး တော်စပ်ဖို့လိုပါတယ်။

ဒါကြောင့် ဘနေမနာရှေးတွေကို ဂျူးအဖြစ် လက်ခံနိုင်ဖို့ အရေးမှာ မျိုးရိုးတော်စပ်မှု က အတော်ကို အရေးပါပါတယ်။ ဒါကြောင့်ပဲ Aliyah အုပ်စုနွေဟာ ဘနေမနာရှေးတွေကို DNA စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်လာပါတယ်

၂၀၀၃ – ၂၀၀၄ မှာ ဒီလူတွေထဲက လူရာကျော်ကို ဒီအင်န်အေ စစ်ကြည့်ခဲ့ပေမဲ့ သူတို့ ဒီအင်န်အေ ထဲမှာ အ‌ရှေ့ အလယ်ပိုင်း သွေးပါတာ တယောက်မှ မတွေ့ခဲ့ပါဘူး။

၂၀၀၃ ခုနှစ်မှာ နံမယ်ကျော် အစ္စရေး ဘာသာပြန် တစ်ဦး ဖြစ်တဲ့ Hillel Halkin ဆိုသူက ပရော်ဖက်ဆာ Karl Skorecki ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဒီ ဘနေ မနာရှေး အုပ်စုတွေထဲက မျိုးဗီဇနမူနာပေါင်း ၃၅၀ ကို စတင်စုဆောင်းခဲ့ပါတယ်။ ပြီးတော့ Haifa’s Technion – Israel Institute of Technology မှာ DNA စစ်ကြည့်ခဲ့ပါတယ်။ ပရော်ဖက်ဆာ Karl Skorecki ဆိုတာက တော့ CMH လို့ အတိုကောက်ခေါ်တဲ့ Cohen Modal Haplotype ကို ရှာဖွေတွေ့ရှိခဲ့သူ တစ်ဦးဖြစ်ပြီး၊ မျိုးရိုးဗီဇ ပညာကျော်Batsheva Bonne-Tamir တို့လို နံမည်ကြီး ပညာရှင် တစ်ဦးဖြစ်ပါတယ်။ သူတို့စစ်ဆေးမှုအရ မျိုးဗီဇနမူနာပေါင်း ၃၅၀ စစ်ဆေးမှု အဖြေမှာ အ‌ရှေ့ အလယ်ပိုင်း သွေးပါတာ တယောက်မှ မတွေ့ခဲ့ပါဘူး။

ဒါပေမဲ့ ကလကတ္တား ဗဟိုမှုခင်းသိပ္ပံဓာတ်ခွဲခန်းမှာ ၂၀၀၄ ခုနှစ်မှာ လုပ်ခဲ့တဲ့ စစ်ဆေးမှုမှာတော့ အစ္စရေး နည်းပညာတက္ကသိုလ် က လုပ်ခဲ့တဲ့ ရလာဒ်နဲ့ တော်တော်လေးကွာနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယ သုတေသန ပညာရှင်တွေရဲ့ စစ်ဆေးမှုအရ ဘနေ မနာရှေး မျိုးရိုးဗီဇ နမူနာ တစ်ခုမှာ အ‌ရှေ့ အလယ်ပိုင်း မျိုးရိုးဗီဇ နဲ့ဆိုင်တဲ့ Y-DNA အထောက်အထားတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီသုတေသနဟာ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်မှာ အလွန်အငြင်းပွားစရာဖြစ်နေဆဲပါ။

“ကလကတ္တား မှာ သုတေသန ပြုတဲ့ ဟာတွေဟာ DNA အားလုံးကို ‘မျိုးရိုးဗီဇ အစီအစဥ်ချခြင်း’ ကို အပြည့်အစုံ မလုပ်ခဲ့ကြဘူး… ဒီလို တစ်ပိုင်းတစ်စ အစီအစဥ်ချ ပြီးရလာတဲ့ ရလာဒ်ကနေ ကောက်ချက်ဆွဲလို့မှ မရတာ.. ဒါကို သူတို့ကိုယ်တိုင်လည်း ၀န်ခံထားတာပဲ”…ဆိုပြီး ပရော်ဖက်ဆာ Karl Skorecki က ပြင်းပြင်းထန်ထန် ‌‌‌‌‌‌‌‌‌‌ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီ အဖြေတွေကြည့်ပြီး ဒါဟာ အထောက်အထား မရှိတာလား – (ဒီဗီဇ) မရှိဘူးဆိုတဲ့ အထောက်အထားလား? နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်မို့လို့ ဘုံတူတဲ့ဗီဇတွေကို ခြေရာခံဖို့ ခက်သွားတာဖြစ်နိုင်တယ်လို့ ပရော်ဖက်ဆာ Karl Skorecki က ဆိုပါတယ်။

ကလကတ္တား ဗဟိုမှုခင်းသိပ္ပံက ၂၀၀၅ ခုနှစ်မှာ ဆက်ပြီးလုပ်တဲ့ သုတေသန အရ ဒီမျိုးနွယ်တွေရဲ့အဖိုဗီဇ ဖက်က အစ္စရေးနဲ့ တစ်စုံတစ်ရာ ဆက်စပ်မှု မတွေ့ခဲ့ရပေမဲ့ အမဗီဇ ဖက်မှာ တော့ ဒီ‌ဒေသကသူတွေ က မျိုးနွယ်မတူသူ အရှေ့အလယ်ပိုင်းကသူတွေနဲ့ အိမ်ထောင်ပြုမှုကနေ အ‌ရှေ့ အလယ်ပိုင်း မျိုးရိုးဗီဇ ထွက်လာတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါလောက်ပဲ အလွန်ဆုံး ပြောနိုင်တာဖြစ်တဲ့အတွက်ကြောင့် သူတို့တွေဟာ အခုအချိန်အထိ သူတို့ယုံကြည်နေကြသလို အစ္စ‌ရေး မျိုးနွယ်တွေ ရောက်လာတာဆိုပြီး အပ်ချမတ်ချ မဆိုနိုင်တဲ့ကိစ္စ အဖြစ်သာရှိနေပါတယ်။

ဂျူးတွေ ပါလို့ လက်ခံလိုက်ခြင်း

——————————————-

ဘနေ မနာရှေး Bnei Menashe တွေရဲ့ ပြောဆိုချက်တွေ ရယ် သုတေသန ရှာဖွေတွေ့ရှိချက်တွေ ရယ်ကို နှစ်ပေါင်းများစွာ အချိန်ယူသုံးသပ် ပေါင်းစပ်ပြီး သူတို့ဟာ ပျောက်ဆုံးနေတဲ့ လူမျိုးတွေဆီက ဆင်းသက်လာတဲ့ သူတွေအဖြစ် ၂၀၀၅ ခုနှစ် ဧပြီလမှာ အစ္စရေးရဲ့ ဘုန်းတော်ကြီး ရဗ္ဗီချုပ် ၂ ဦးအနက် ၁ ဦးဖြစ်တဲ့ စီဖါဒီ ရဗ္ဗီချုပ် Shlomo Amar က တရားဝင်လက်ခံခဲ့တယ်ဆိုပြီး Michael Freund ကပြောပါတယ်။

ဒီထွက်လာတဲ့ စာရွက်စာတမ်းတွေဟာ ဘနေ မနာရှေး Bnei Menashe တွေကို ဂျူးတွေ အဖြစ်အစ္စရေးကို ပြောင်းရွေ့အခြေချဖို့ တိုင်းပြည်ရဲ့ ပြန်လည်ဝင်ရောက်ခြင်း ဥပဒေ အောက်မှာ အပြင်ပန်းအားဖြင့် ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ကျင့်သုံးတဲ့အခါမှာ သူက အစ္စရေးရဲ့ ပြင်ပကဂျူးတွေကို လက်ခံယူခြင်းဝန်ကြီးဌာန က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်အဆင့်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ကျော်ြပီး သူတို့ ဝင်ရောက်အခြေချတဲ့ကိစ္စကို ပိုလွယ်သွားအောင် ကူညီပေးခဲ့ပါတယ်။

Avichail ကသူ့ ကို အဲ့လိုလုပ်ခိုင်းပြီး‌တော့ ရဗ္ဗီချုပ် Shlomo Amarက dayanim လို့ခေါ်တဲ့ ဘာသာရေး တရားသူကြီး ၃ ယောက်ကို မဏိပူရ်ကို စေလွှတ်ပြီး ဒီလူတွေဟာ သူတို့ပြောသလို အစ္စရေးမျိုးနွယ်တွေ ဟုတ်မဟုတ် သွားပြီး မေးမြန်းစုံစမ်း စေပါတယ်။ နောက်တော့ သူတို့ အစီရင်ခံတဲ့ စုံစမ်းမှု ရလာဒ်တွေက အကောင်းဖက်ရလာဒ်တွေ ဖြစ်လာပြီး Shlomo Amarကသူတို့ ကို အပြည့်အဝ အသိအမှတ်ပြုခဲ့ပါတယ်လို့ အစ္စရေးက ဘနေ မနာရှေး Bnei Menashe တစ်ယောက် ကပြောပြပါတယ်။

၂၀၁၅ ခုနှစ်မှာ စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက်တစ်ဦးက တကယ်တန်း အထက်က Michael Freund ပြောသလိုမဟုတ်ပဲ တကယ်က Shlomo Amar ဟာ ဘနေ မနာရှေး Bnei Menashe တွေဟာ အစ္စရေး မျိုးနွယ်မဟုတ်ဘူးဆိုပြီး ရပ်တည်ခဲ့တာဖြစ်တယ် ၊ဒါတင်မက Shlomo Amar ဟာ ဒီလို ဆုံးဖြတ်ချက်ချခဲ့တာ မဟုတ်ဘူး သူတို့တွေဟာ ဂျူးမျိူးနွယ်တွေမဟုတ်သလို ဂျူးကျမ်းစာပါ ဂျူးတွေ မဟုတ်ဘူး ဆိုတဲ့အထောက်အထားတွေကို ဖေါ်ထုတ်ခဲ့ပါတယ်။

ဒီအုပ်စု မဟုတ်တဲ့ ဒေသတွင်းက မီဇို-ကူကီး-ချင်း အများစု က ဘနေ မနာရှေး Bnei Menashe တွေရဲ့ ဂျူးမျိူနွယ်ဖြစ်တယ်ဆိုတဲ့ ခံယူချက်ကို ပယ်ချခဲ့ပါတယ်။ သူတို့က Y-DNA စစ်ဆေးတွေ့ရှိချက်ကိုပဲ လက်ခံခဲ့ပြီး အာရှနွယ်ဖွား မူရင်းမျိုးနွယ်တွေ အဖြစ် ယုံကြည်ကြပါတယ်။ အစ္စရေးနဲ့ တခြားနေရာတွေက ပညာရှင်တွေ ကလည်း ဒီအုပ်စုဟာ ဂျူးမျိုးနွယ်ဆိုတာနဲ့ပတ်သက်ပြီး ဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ အလေးအနက်မေးခဲ့ပါတယ်။

၂၀၀၆ ခုနှစ် နေရာပြန်ဖယ်ပေးခြင်း မလုပ်ခင်အထိ ဘနေ မနာရှေး Bnei Menashe ၁၇၀၀ လောက်ဟာ အနောက်ဖက်ကမ်းနဲ့ ဂါဇာမှာ အခြေချ နေထိုင်ခဲ့ပါတယ်။ သူတို့တွေ ဟာ ဂျူး ဘာသာကိုလေ့လာြခင်း နဲ့ ရေနှစ်ခြင်း mikveh (မစ်ကဝေ့) လုပ်ပြီး ရှေးရိုးစွဲဂျူးဘာသာဝင်အဖြစ် ဘာသာပြောင်းခြင်းကို လုပ်ဖို့လိုအပ်ပါတယ်။ ပြောင်းရွေ့အခြေချလာတဲ့သူတွေ ကို တခြားနေရာတွေထက် စျေးသက်သာတဲ့အိမ်ယာတွေ နဲ့ စရိတ်သက်သာတဲ့ နေရာတွေမှာ အခြေချ မှုတွေပြုလုပ်ပေးခဲ့ပါတယ်။ ဂါဇာ ကနေ အစ္စရေး ပြန်မဆုတ်ပေးခင် အချိန်အထိ ဘနေ မနာရှေး Bnei Menashe တွေဟာ အဲ့ဒီ အစ္စရေးရဲ့ ကျူးကျော် အိမ်ယာတွေမှာ အများဆုံးနေထိုင်တဲ့ အုပ်စုဖြစ်ပါတယ်။ အခု‌တော့သူတို့ဟာ Kiryat Arba, Sderot, Beit El, Ofra, Nitzan, Carmiel, Afula နဲ့ Maalot. မြို့တွေမှာ နေထိုင်ကြပါတယ်။

Indic နဲ့ Tibeto-Burman ဘာသာစကား အသံထွက်တွေကို ‌ပြောခဲ့သူတွေ ဖြစ်တာကြောင့်သူတို့ဟာ ရုတ်တရက် ဟီဘရူးဘာသာ စကားကို‌ပြောတဲ့ အခါ အဆင်မပြေပဲ သူတို့အတွက် စိန်ခေါ်မှုတစ်ရပ်လို ဖြစ်လို့တော်တော်ကြိုးစားရပါတယ်။ အများစုက‌တော့ မပီကလာ ပီကလာ တဝက်တပျက် ဟီဘရူးကိုပဲ ပြောနိုင်ကြပါတယ်။ တချို့က စစ်တပ်ထဲဝင်ကြပြီး အများစုက သူနာပြု နဲ့ လူအိုတွေ နဲ့ မသန်စွမ်းတွေ ကို အကူအညီ ပေးတဲ့ နေရာတွေ မှာ လုပ်ကိုင်ကြပါတယ်။

အစ္စရေး နဲ့ အိန္ဒိယ က သူတို့နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပြဿနာများ

————-‐—————————————————–

ဇွန်လ ၂၀၀၃ မှာ Shinui ပါတီက Avraham Poraz ပြည်ထဲရေးဝန်ကြီး ဖြစ်လာပြီးနောက်မှာ ဘနေ မနာရှေး Bnei Menashe တွေကို အစ္စရေးကို ပြောင်းရွေ့ အခြေချခွင့်ကို ရပ်နားထားလိုက်ပါတယ်။ တတိယကမ္ဘာမှာ နေတဲ့ သူတွေပဲ ဘာသာပြောင်းတာတွေ၊ အစ္စရေးကို ပြောင်းရွေ့အခြေချဖို့ကိစ္စတွေကို စိတ်ဝင်စားနေတာြဖစ်လို့ ဒါကို စိုးရိမ်တဲ့အတွက် ဆိုပြီး Shinui ပါတီ ခေါင်းဆောင်တွေရဲ့ စိုးရိမ်မှုကြောင့် ဒီလို ရပ်လိုက် တာဖြစ်ပါတယ်။ သိပ္ပံနဲ့ နည်းပညာဝန်ကြီး Ofir Pines-Paz ဆိုရင်”Bnei Menashe တွေဟာ နိုင်ငံရေးရည်ရွယ်ချက်အတွက် လိမ်ညာပြီး အမြတ်ထုတ်နေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

သူက မတည်မငြိမ်ဖြစ်နေတဲ့ ဂါဇာကမ်း‌မြှောင် ဒေသက Gush Katif ကျူးကျော်အိမ်ယာတွေမှာ အစ္စရေးကို ‌ပြောင်းရွေ့အခြေချသူ အသစ်တွေ ဝင်ရောက်အခြေချနေထိုင်တာကို ဆန့်ကျင်ခဲ့ပါတယ်။ ဒီကျူးကျော်အိမ်ယာတွေဟာ နောက် ၂ နှစ်အကြာမှာ ပြန်ဖယ်ပေးခဲ့ရပါတယ်။

Bnei Menashe တွေ ပြောင်းလဲအခြေချ တာကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ရဗ္ဗိဘာသာရေးတရားသူကြီး Rabbi Eliyahu Birnbaum က Knesset Absorption Committee ဟာ လူမျိုးရေးခွဲခြားတဲ့ အယူအဆတွေ အပေါ်အခြေခံပြီး ဒီလို ဆုံးဖြတ်ချက်ချတာလို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအချိန်က Amishav မှာပဲ ရှိနေသေးတဲ့ Michael Freund က Bnei Menashe လူငယ်တွေဟာ အစ္စရေးတိုက်ခိုက်ရေး ယူနစ်တွေမှာ တာဝန်ထမ်းဆောင်နေပြီး ဌာနေ အစ္စရေးတွေနဲ့ သဟဇတ အံဝင်ခွင်ကျ ဖြစ်အောင်လုပ်ဆောင်မှုတွေဟာ ဆက်လက်သွားနေပြီ လို့ မှတ်သားထားခဲ့ပါတယ်။

ရုတ်တရက် ဘာသာပြောင်းတာတွေ မြင့်တက်လာတဲ့အတွက် နိုင်ငံ‌ရေးဆိုင်ရာ အငြင်းပွားမှုတွေ အိန္ဒိယ မီဇိုရမ်မှာ ဖြစ်လာခဲ့ပါတယ်။ ခွဲထွက်ရေး ဝါဒီတွေကြောင့် မငြိမ်မသက်ဖြစ်နေတဲ့ နေရာလို့ သတ်မှတ်ထားတဲ့ ဒီလိုနေရာမှာ ဒီလို ဘာသာပြောင်းတဲ့ကိစ္စဟာ တခြားနိုင်ငံတစ်ခုနဲ့ ဆက်စပ်တဲ့ လူမျိုး‌သတ်မှတ်မှု ကို အားပေးတာဖြစ်တယ်လို့ ရှုမြင်ပါတယ်။ အိုက်ဇောမြို့က ခရစ်ယာန် သုတေသန ဌာန က P.C. Biaksiama ဆိုသူက Mizo Nge Israel? မီဇိုလား အစ္စရေးလား? ဒီကိစ္စကို စူးစမ်းလေ့လာြခင်းဆိုတဲ့ ၂၀၀၄ ခုနှစ်မှာ ထုတ်‌ဝေတဲ့ သူရဲ့ စာအုပ်မှာ

“ပြည်ပကဘုန်းတော်ကြီးတွေကြောင့် အစုလိုက် အပြုံလိုက် ဘာသာ ကူးပြောင်းခြင်းဟာ ဒေသတွင်း လူမှု တည်ငြိမ်ရေး အတွက်သာမက နိုင်ငံတော် လုံခြုံရေးကိုပါ ခြိမ်းခြောက် လာမှာဖြစ်တယ်။ သူတို့ဟာ နိုင်ငံခြားတိုင်းပြည်မှာ နိုင်ငံသားဖြစ်ခွင့် ရလာတာနဲ့အမျှ ပြည်ထောင်စု အိန္ဒိယနိုင်ငံအပေါ် သစ္စာစောင့်သိမှုကို စွန့်လွှတ်သွားကြမယ်လို့ ‌” ထည့်သွင်းရေးသားခဲ့ပါတယ်။

ဒီလူတွေမှာ ဂျူးမျိုးနွယ် ဖြစ်တယ်ဆိုပြီး တရားဝင်တောင်းဆိုခွင့်ရှိတယ်လို့ သူက မထင်ပါဘူး။ မီဇိုရမ်က Presbyterian ဘုရားကျောင်းရဲ့ ခေါင်းဆောင်တွေက အဲ့ဒီဒေသမှာလာပြီးလုပ်တဲ့ အစ္စရေးတွေရဲ့ လှုပ်ရှားမှုကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒီဘုရားကျောင်းဟာ မီဇိုရမ်က Presbyterian အသင်းတော်ရဲ့ အကြီးဆုံးဂိုဏ်းခွဲဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မတ်လမှာ Biaksiama ဟာ မီဇိုခွဲထွက်ရေး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Chhinlung Israel People’s Convention (CIPC) ချင်းလန် အစ္စရေးလူမျိုးများ ကွန်ဗန်းရှင်း ရှင်းကို တည်ထောင်သူလည်းဖြစ်တဲ့ Lalchhanhima Sailo နဲ့ ဒီကိစ္စကို ရုပ်မြင်သံကြားအစီအစဥ်တစ်ခုမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီနေရာမှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ အများကြီးရှိခဲ့ပြီး အိန္ဒိယ အစိုးရက ငြိမ်းချမ်းရေး ကို ထိမ်းသိမ်းဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

Bnei Menashe ထောက်ခံသူအချို့က အဲ့ဒီရောက်နေတဲ့ ဂျူးဘုန်းကြီး ရဗ္ဗိတွေဟာ နဂိုကတည်းက ဂျူးဘာသာကို လက်ခံထားပြီးသား Bnei Menashe တွေကို တရားဝင်ဖြစ်အောင် လုပ်ပေးနေတာသာြဖစ်တယ် သူတို့ဟာ ဘာသာဝင် အသစ်တွေ ရအောင် သာသနာပြုနေတာမဟုတ်ဘူး ဆိုတာကို အစ္စရေးအရာရှိတွေ အနေနဲ့ အိန္ဒိယအစိုးရကို ရှင်းပြဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး ‌ပြောခဲ့ပါတယ်။ ဂျူးဘာသာကိုပြောင်းဖို့ သိမ်းသွင်းနေတာနဲ့ ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ တိုင်ကြားချက်တွေကို သူတို့တိုင်တာထက်ပိုပြီး အလေးထားကိုင်တွယ်တယ် ဆိုပြီး ဟိန္ဒူအုပ်စုအချို့က အိန္ဒိယ အစိုးရကို ပစ်တင်ဝေဖန်ခဲ့ပါတယ်။ အဲ့ဒီ ဟိန္ဒူအုပ်စုတွေဟာ ခရစ်ယာန် အသင်းတော်တွေ သာသနာပြု လူသစ်စုဆောင်းတာနဲ့ပါတ်သက်ပြီး အိန္ဒိယ အစိုးရကို နှစ်ပေါင်းများစွာ အရင်ကတည်းက တိုင်ကြားခဲ့ပေမဲ့ အစိုးရဖက်က တစ်စုံတရာ အကြောင်းပြန်ကြားချက် မရခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၀၆ ခုနှစ် ဇူလိုင်လမှာ အစ္စရေးရဲ့ ပြင်ပကဂျူးတွေကို လက်ခံယူခြင်း ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး Ze’ev Boim က ဘနေ မနာရှေး Bnei Menashe ၂၁၈ ယောက်ဟာ သူတို့ရဲ့ ဘာသာပြောင်းခြင်းကိစ္စ ပြီးစီးသွားပြီ ဖြစ်လို့ နိုင်ငံတွင်းကို ဝင်ခွင့်ပြုလိုက်ကြောင်းပြောင်းပါတယ်။ ဒါပေမဲ့ နောက်ထပ် ဘာသာပြောင်းတဲ့ကိစ္စတရားဝင် မလုပ်ရသေးသူတွေ နဲ့ ပတ်သက်ပြီး ဘယ်လိုမူဝါဒနဲ့ လက်ခံမလည်းဆိုတာ ကို အစိုးရ အနေနဲ့ ပထမဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီနောက်လအနည်းငယ်အကြာ ၂၀၀၆ ခုနှစ် နိုဝင်ဘာလမှာ ဘနေ မနာရှေး Bnei Menashe ၂၁၈ ယောက် အစ္စရေးကို ရောက်လာပြီး Nazareth Illit နဲ့ Karmiel တို့မှာ အခြေချ နေထိုင်ခဲ့ပါတယ်။ အစိုးရက လူတွေကို Galilee ဂါလိလဲ နဲ့ Negev နေဂ့ဗ် မှာ အခြေချဖို့ ပိုအားပေးခဲ့ပါတယ်။

၂၀၀၇ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးအစိုးရက အစုလိုက်အပြုံလိုက်ကူးပြောင်းဖို့နဲ့ နိုင်ငံသားဖြစ်ခွင့်အတွက် အစ္စရေးနိုင်ငံထဲကို ခရီးသွားဝင်ရောက်ခွင့်ကို ပြည်ထဲရေးဝန်ကြီး တယောက်တည်း နဲ့ မဟုတ်ပဲ ဝန်ကြီး အဖွဲ့ အပြည့်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အဲ့ဒီဆုံးဖြတ်ချက်ကြောင့် Bnei Menashe အားလုံးကို အစ္စရေးကို ပို့ဖို့ဆိုတဲ့ Freund ဦးစီးတဲ့ Shavei Israel အဖွဲ့ ရဲ့ ကြိုးပမ်းမှုတွေမှာ အဓိကအတားအဆီးတစ်ခုဖြစ်သွားမယ်လို့ ယူဆရပါတယ်။ ဒီဆုံးဖြတ်ချက် ချပြီး တော့ ဘနေ မနာရှေး Bnei Menashe ကို အစိုးရက ဗီဇာထုတ်ပေးတာကို ရပ်ဆိုင်းလိုက်ပါတယ်။

၂၀၁၂ ခုနှစ်မှာ အစိုးရအပြောင်းအလဲဖြစ်ပြီးတော့ အစ္စရေးဥပဒေပြုလွှတ်တော်က Bnei Menashe တွေ ကို လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ပြန်လည်စတင်ခွင့်ပြုဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ချမှတ်ခဲ့ပါတယ်။ Shavei Israel ရဲ့ အဆိုအရ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာ လူငါးဆယ့်လေးဦး အစ္စရေး နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး စုစုပေါင်း ရွှေ့ပြောင်းနေထိုင်သူ ၂၀၀ ရှိကြောင်း သိရပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ စုစုပေါင်း ဘနေ မနာရှေး ၅၀၀၀ Bnei Menashe အစ္စရေးကို ပြောင်းရွှေ့နေထိုင်ပြီးဖြစ်ပါတယ်။

မိုးစွန်ကြယ် (Y.I.T)

၂၀၂၄ ဖေဖေါ်ဝါရီ ၁၆ ရက်

Share This Post

More From Author

Find Heart in Your Home, You’ll Have Home in Your Heart

ASEAN can no longer afford to replay the same old record of 5 Point Concensus