- Allah tests those He loves most.
Reference: Hadith (Tirmidhi, 2396) – “When Allah loves a servant, He tests them.” - If your own family hurts you, remember Prophet Yusuf (عليه السلام), who suffered betrayal by his brothers.
Reference: Quran (Surah Yusuf, 12:8-18). - If your parents abandon you, remember Prophet Ibrahim (عليه السلام), who was thrown into a fire by his father.
Reference: Quran (Surah Al-Anbiya, 21:68-69). - If your spouse causes you distress, remember Prophet Lut (عليه السلام), who faced hardship from his wife.
Reference: Quran (Surah Al-A’raf, 7:83). - If you feel trapped with no way out, remember Prophet Yunus (عليه السلام), who was in the belly of the whale.
Reference: Quran (Surah As-Saffat, 37:139-144). - If you suffer from illness, remember Prophet Ayyub (عليه السلام), who endured severe physical pain.
Reference: Quran (Surah Al-Anbiya, 21:83-84). - If you feel lost in your work, remember Prophet Nuh (عليه السلام), who built the ark without questioning Allah’s command.
Reference: Quran (Surah Hud, 11:36-37). - If your children cause you grief, remember Prophet Nuh (عليه السلام), who struggled with his son.
Reference: Quran (Surah Hud, 11:42-46). - If people oppose you, remember Prophet Muhammad (صلى الله عليه وسلم), who faced rejection from his own family and community.
Reference: Quran (Surah Al-An’am, 6:33-34). - If you are falsely accused, remember Aisha (رضي الله عنها), who endured slander.
Reference: Quran (Surah An-Nur, 24:11-20). - The Prophet Muhammad (صلى الله عليه وسلم) said:
“Great reward comes with great trials. When Allah loves someone, He tests them. Whoever is content with Allah’s decree earns His pleasure, and whoever is discontent earns His displeasure.”
Reference: Hadith (Tirmidhi, 2396).
TQVM Mohammed Naeem. I have translated from your good post:
အလ္လာဟ်အရှင်မြတ်ဟာ မိမိချစ်မြတ်နိုးတော်မူဆုံးသောသူတွေကို စမ်းသပ်တော်မူတယ်။
ကိုယ့်သွေးရင်းသားရင်းထဲကသူတွေ ကိုယ့်ကို နာကျင်စေတယ်ဆို ညီအစ်ကိုအရင်းအချာတွေကိုယ်တိုင်ရဲ့ ရက်စက်ခြင်းခံခဲ့ရတဲ့ တမန်တော် ယူစွဖ် အလိုင်းဟစ္စလာမ်ကို သတိရပါ။
ကိုယ့်မိဘကိုယ်တိုင်က ကိုယ့်ကို ပစ်ပယ်ခြင်းခံရတယ်ဆို အလျှံညီးညီး တောက်လောင်နေတဲ့ မီးပုံထဲအထိ ပစ်ချခြင်းခံရသည့်တိုင်အောင် ဖခင်ရဲ့ ပစ်ပယ်ခြင်းခံရတဲ့ တမန်တော် အီဗရာဟီးမ် အလိုင်းဟစ္စလာမ်ကို သတိရပါ။
ကိုယ့်ရဲ့ ဇနီးဖြစ်သူက ကိုယ့်ကို ဂုဏ်သိက္ခာကျဆင်းအောင်၊ စိတ်ဆင်းရဲအောင် ပြုမူခံနေရတယ်ဆို ဇနီးသည်ရဲ့ ဒုက္ခပေးခြင်းခံရတဲ့ တမန်တော် လူးသွ် အလိုင်းဟစ္စလာမ်ကို သတိရပါ။
ပြသနာ တစ်စုံတစ်ရာထဲမှာ လွတ်မြောက်ဖို့ လမ်းစပါ ရှာမတွေ့ဖြစ်နေရတယ်ဆို ဝေလငါးကြီးရဲ့ ၀မ်းဗိုက်ထဲမှာ မလူးသာမလွန့်သာဖြစ်သည့်အထိ လမ်းပျောက်နေခဲ့ရတဲ့ တမန်တော် ယူနွတ်စ် အလိုင်းဟစ္စလာမ်ကို သတိရပါ။
ကိုယ့်မှာ ကျန်းမာရေးကြောင့် ဝေဒနာခံစားနေရတယ်ဆို နှုတ်လျှာကလွဲပြီး ခန္ဓာကိုယ်တစ်ခုလုံး ဝေဒနာတွေ ခံစားခဲ့ရတဲ့ တမန်တော် အိုင်ယူးဗ် အလိုင်းဟစ္စလာမ်ကို သတိရပါ။
တခါတလေ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ပန်းတိုင်ပျောက်ပြီး Logic ရှာမတွေ့တော့ဘူးဆို အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်နှင့် ဘာ Logic မျှ မမေးမြန်းဘဲ သင်္ဘောကြီးတည်ဆောက်ခဲ့တဲ့ တမန်တော် နူးဟ် အလိုင်းဟစ္စလာမ်ကို သတိရပါ။
ကိုယ့်ရဲ့သားသမီးတွေ စိတ်ဒုက္ခပေးလို့ စိတ်ထိခိုက်နေတယ်ဆို နောက်ဆုံးအချိန်အထိ သားအတွက် ရတက်ပွေခဲ့ရတဲ့ တမန်တော် နူးဟ် အလိုင်းဟစ္စလာမ်ကို သတိရပါ။
ကိုယ့်ဆွေမျိုးသားချင်း၊ အပေါင်းအသင်းမိတ်ဆွေ အပါအ၀င် လူအများက ကိုယ့်ကိုဆန့်ကျင်နေကြတယ်ဆို အစ္စလာမ်ဘာသာဘက်ကို ဖိတ်ခေါ်ခဲ့လို့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ဆန့်ကျင်ခြင်းခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် နောက်ဆုံးတမန်တော်ချုပ် မိုဟမ္မဒ် صلى الله عليه وسلم ကို သတိရပါ။
လူအများရဲ့ မဟုတ်မမှန် လုပ်ကြံပြောဆိုတာ ခံနေရတယ်ဆို မိခင်မွန်ကြီး အာအေရှာ رضي الله عنها သခင်မကြီးကို တစ်မြို့လုံး မတရားလုပ်ကြံပြောဆိုခြင်း ခံခဲ့ရတာကို သတိရပါ။
တမန်တော်မြတ် صلى الله عليه وسلم မိန့်ကြားတော်မူခဲ့တယ်…. ကြီးကျယ်လှစွာသော အကျိုးကုသိုလ်ဟာ ကြီးကျယ်တဲ့ စမ်းသပ်မှုတွေကနေ ရရှိကြတာဖြစ်တယ်။ တစ်စုံတစ်ယောက်ကို အလ္လာဟ်အရှင်မြတ် ချစ်မြတ်နိုးတော်မူပြီဆို အဲဒီသူကို စမ်းသပ်တော်မူတယ်။ မည်သူမဆို အရှင်မြတ်ရဲ့ စမ်းသပ်မှုအပေါ် ကျေနပ်လိုက်တယ်ဆိုလျင် အဲဒီသူကို အရှင်မြတ်က နှစ်သက်တော်မူမယ်။ မည်သူမဆို အရှင်မြတ်ရဲ့ စမ်းသပ်မှုအပေါ် စောဒကတက်မလဲ အဲဒီသူကို အရှင်မြတ် နှစ်မြို့တော်မူခြင်း မရှိဘူး။
MohammedNaeem