There’s a song by Kosovar Albanian singer Ilir Shaqiri that moved me deeply—it beautifully captures the warmth of finding home in a foreign land.

Lim Ka Ea first heard it in 2002 while working with the UN in Timor Leste and wrote in the Star Newspaper. A Kosovar friend played it. Though I didn’t understand Albanian, the emotion in the music spoke volumes. He later explained the lyrics: it tells of a Kosovar man in Istanbul who breaks a vase in a shop. The Turkish shopkeeper shouts at him, and the man instinctively swears back—in Albanian. Instead of getting angrier, the shopkeeper suddenly embraces him and pleads, “Swear in Albanian again. I’m Albanian too. I haven’t heard our language in years.”
That longing for belonging, sparked by a single word, resonated with me. So many Albanians fled to Turkey during the Balkan conflicts, carrying nothing but their language and memories. That song reminded me of how powerful our shared identity can be—even after years in exile.
ညီငယ် မောင်မောင် ရွှေကရဝိက် ရဲ့ “မွေးနေ့ လက်ဆောင် နှင့် ဆုတောင်း”
My Home Is In My Heart…………….
သီချင်းလေးတပုဒ်ရဲ့နံမယ်ပါ………….
သီချင်းလေးရဲ့နောက်ခံ…ဇာတ်လမ်းက……….
အာမေးနီယန်းလူမျိုးတစ်ယောက်ဟာ…..နိုင်ငံတကာကိုအလည်သွားရင်း…..
တူရကီနိုင်ငံကို…ရောက်လာပါတယ်…တဲ့….
တူရကီနိုင်ငံထဲမှာ…ကြည့်စရာရှု့စရာ…လည်ပတ်စရာတွေကို….လိုက်လံကြည့်ရှု့နေ ရင်း….အီစတန်ဘူလ်မြို့ထဲက…ကြွေထည်ပစ္စည်းအရောင်းဆိုင်တဆိုင်ကို…ရောက်သွား တယ်…တဲ့……
လက်ရာမြောက်လှတဲ့ကြွေထည်တွေကိုကြည့်ရှု့နေရင်း….တန်ဖိုးမသေးတဲ့…ကြွေထည် လဘက်ရည်…ကရားအိုးတလုံးကိုကိုင်တွယ်ကြည့်မိလိုက်သတဲ့…
ဆိုင်ရှင်က…သူ့ကို…ဂရုစိုက်ကိုင်တွယ်ဖို့ပြောနေတဲ့အတွက်…သတိထားကိုင်နေတဲ့ကြားက…လက်ထဲကချော်ထွက်သွားပြီး…လဘက်ရည်…ကရားအိုးဟာ…အစိတ်စိတ်အမွှာမွှာ…ကွဲသွားတယ်…တဲ့…..
ကမ္ဘာလှည့်…အာမေးနီးယန်းဟာ…အစိတ်စိတ်အမွှာမွှာကွဲထွက်သွားတဲ့…သူအင်မတန်. သဘောကျတဲ့…လဘက်ရည်ကရားလေးကို…နှမျောစွာနဲ့ကြည့်နေတုန်းမှာဘဲ…ဆိုင်ရှင် ဖြစ်သူက…ဒေါသတကြီး…နဲ့…သူ့ကိုအပြစ်တင်ပြီး…လဘက်ရည်…ကုရားဘိုးကို…လျှော် ကြေးတောင်းပါတော့တယ်…
အာမေးနီယန်းအမျိုးသားကလဲ…သူ့ကြောင့်လွတ်ကျသွားတာဖြစ်လို့…ဆိုင်ရှင်ပြောပုံဆိုပုံကို…မကြိုက်ပေမဲ့….ကျသင့်ငွေကို…ထုတ်ရှင်းပေးလိုက်ပါတယ်…တဲ့..
ဆိုင်ရှင်အမျိုးသားက…ကျသင့်ငွေရပြီးတာတောင်…ပါးစပ်ပိတ်မသွားဘဲ..သူကိုဒေါသ တကြီးနဲ့ဆက်လက်ဆူပြောနေတယ်…တဲ့….
တူရကီစကားကို…မတတ်ပေမဲ့…ခရီးသွား…အာမေးနီးယန်းဟာ…ဆိုင်ရှင်က…သူ့ကို… ဆဲဆိုနေတာကိုတော့…သတိပြုမိတယ်….
ဒါနဲ့တတ်သ၍…မှတ်သ၍…တူရကီဘာသာစကားနဲ့…သူ့ကိုမဆဲဖို့အကြောင်း…ကျသင့် ငွေကိုလဲ…ဆိုင်ရှင်ပြောတဲ့အတိုင်း…ပေးချေပြီးပြီဖြစ်တဲ့အကြောင်းပြန်ပြောလိုက်တယ်…တဲ့…
ဒေါသထွက်နေတဲ့ဆိုင်ရှင်က…သူပြေလည်ရာ…ပြေလည်ကြောင်းပြောနေတာကို… ဂရု မစိုက်ဘဲ…သူ့ကို…ဆိုင်ထဲက…ထွက်သွားဖို့…အမူအရာပြပြီး…ဆက်လက်အော်ဟစ်…ဆဲဆိုနေတော့…အာမေးနီးယန်းအမျိုးသားဟာ…စိတ်တိုသွားမိတယ်…တဲ့….
အဲ့ဒီအချိန်မှာ…အာမေးနီးယန်းအမျိုးသားဟာ….တူရကီဘာသာစကားလဲမတတ်တော့ သူတတ်တဲ့ဘာသာစကားဖြစ်တဲ့…အာမေးနီးယန်းဘာသာစကားနဲ့…အားရပါးရဆဲပြစ် လိုက်ပြီး…ဆိုင်ထဲကလှည့်ထွက်လာခဲ့တယ်…တဲ့….
သူ့ရဲ့…ဆဲသံကိုကြားလိုက်ရတဲ့ဆိုင်ရှင်ဟာ…ရုတ်တရက်…မှင်သက်မိသလိုဖြစ်သွားပြီး.. မျက်နှာအနေအထားပါပြောင်း…ချက်ချင်းပြုံးရွှင်သွားပြီး….သူ့နောက်ကိုချက်ချင်းလိုက် လာပြီး…သူ့လက်ကိုဆွဲလို့…ဆိုင်ထဲကို…ပြန်ဝင်ခဲ့ပါဦးလို့…ဇွတ်ဖိတ်ခေါ်သတဲ့….
အာမေးနီးယန်းလဲ…ောကာင်တောင်တောင်နဲ့…ဒီလူဘာဖြစ်သွားတာပါလိမ့်…ဆိုပြီး… ဆိုင်ထဲပြန်ရောက်လာတယ်…တဲ့…
ဆိုင်ရှင်အမျိုးသားဟာ…ကောင်တာနားက…နီးစပ်ရာကြွေထည်ပစ္စည်းတခုကိုဆွဲယူပြီး…ခရီးသွား…အာမေးနီးယန်းလက်ထဲကိုလှမ်းပေးရင်းနဲ့….” နောက်ထပ်ကြိုက်သလောက်. ခွဲပြစ်လိုက်စမ်းပါဗျာ…အခုနက…ခင်ဗျားဆဲလိုက်သလို…အာမေးနီးယန်းလို…တစ်တစ်ခွခွ…တခွန်းလောက်ထပ်ဆဲစမ်းပါ…ကြားရတာ…အရသာရှိလွန်းလို့ပါ…ကျွန်တော်…တူရကီ…ရောက်နေတာ…အနှစ်..၂၀..ရှိနေပြီ…အာမေးနီးယန်းစကား…မကြားရတာလဲကြာပါပြီ…ခင်ဗျားဆဲသံကြားလိုက်တော့…ကျွန်တော်…ကိုယ့်အိမ်ပြန်ရောက်သွားသလို… ခံစားရလို့ပါ…ဆဲလိုက်စမ်းပါဗျာ….အားရပါးရဆဲလိုက်စမ်းပါ…..”….တဲ့ဗျာ….
ဒီအကြောင်းကို…နောက်ခံထားဖွဲ့ဆိုထားတဲ့…သီချင်းတဲ့ဗျာ….
ကျွန်တော်ရှာတာတော့…ဘယ်မှမတွေ့သေးပါဘူး…..
ဒီသီချင်းအကြောင်းပြောပြတဲ့သူက…ကျွန်တော့်အစ်ကိုကြီး…ဒေါက်တာကိုကိုကြီး…ဖြစ်ပါတယ်….။
ဒီအကြောင်းကိုပြောပြတော့…ကျွန်တော့်အစ်ကိုကြီး…မျက်ရည်တွေကျရင်းပြောပြခဲ့တာပါ….
ကျွန်တော့်အစ်ကိုကြီးဟာ…မြန်မာနိုင်ငံကနေ…ဆရာဝန်ဘွဲ့ရခဲ့တဲ့သူတယောက်ပါ…
သူ့ရဲ့ငယ်စဉ်…ကလေးဘဝကထဲက…ပညာရေးကို…အထူးတန်ဖိုးထား…ကြိုးစားခဲ့ သူတယောက်ပါ…ပညာသင်ဆုတွေအမြောက်အများအတန်းစဉ်အလိုက်…ရခဲ့သလို.. လူရည်ချွန်…ငါးကြိမ်ရခဲ့တဲ့သူပါ….အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့…မြန်မာ နိုင်ငံမှာ…လူရည်ချွန်ဆိုတဲ့အဆင့်…အရွေးချယ်ခံရဖို့ဆိုတာ…ဘယ်လောက်ခက်ခဲမယ် ဆိုတာခန့်မှန်းနိုင်ပါလိမ့်မယ်…ဒုတိယလူနဲ့…အပြတ်အသတ်…မကွာဘဲ…ရွေးချယ်ခံရဖို့ ဆိုတာတော်တော်ခဲခဲယဉ်းယဉ်းကြားက…ငါးကြိမ်အထိရခဲ့တာပါ….
ဆေးတက္ကသိုလ်ကိုလဲ…အစိုးရပညာသင်ဆုနဲ့…တက်ခဲ့တာပါ…ဆေးတက္ကသိုလ်က…ဘွဲ့ရပြီးပြီးခြင်း….မန္တလေးပြည်သူ့ဆေးရုံကြီး…ခွဲစိတ်ရုံ(၂)မှာ…လက်ထောက်ဆရာဝန် အဖြစ်နဲ့ရော…မန္တလေးဆေးတက္ကသိုလ်မှာ…သင်ကြားရေးတာဝန်ကိုပါ….တွဲပြီး…တာဝန်ထမ်းဆောင်ခဲ့တာပါ….
ပညာရေးကို…ဦးစားပေးတဲ့သူဖြစ်တော့…လုပ်သက်၃နှစ်အရမှာ…ဘွဲ့လွန်ဆက်တက်ဖို့…လျှောက်ထားခဲ့ပါတယ်…ဘွဲ့လွန်လျှောက်ထားတဲ့ဆရာဝန်တွေဟာ…စာမေးပွဲဖြေကြ ရပါတယ်….စာနဲ့မေးခွန်းလွှာတွေဖြေရသလို…နှုတ်မေးခွန်းတွေကိုလဲ…ဖြေရပါတယ်…
မြန်မာပြည်တပြည်လုံးက…မေးခွန်းလွှာရေးဖြေသူတွေထဲမှ…ထိပ်ဆုံးဆယ်ယောက်ဝင် အောင်ဖြေနိုင်ခဲ့ပေမဲ့….နှုတ်ဖြေမှာ…အပယ်ခံခဲ့ရတာ…အကြိမ်ကြိမ်ပါ….မေးတော့…ကုလားမို့လို့…ဘွဲ့လွန်ဆက်တက်ခွင့်မပေးတာလို့သိခဲ့ရတယ်….
အဲ့ဒီမှာ…စိတ်နာပြီး…မြန်မာပြည်က…ထွက်လာခဲ့တာ…၁၉၈၅ခုနှစ်က…ထွက်လာခဲ့တာ ဆိုတော့…အခုဆို…၂၉နှစ်ရှိနေပြီ….မြန်မာပြည်ကို…လုံးဝပြန်မရောက်တော့တာ….
မလေးရှားကိုရောက်တော့လဲ…မိသားစုနဲ့…မလေးရှားမှာ…အခြေချဖို့ကြိုးစား…. အိမ်ဝယ်…ကားဝယ်…ဆေးခန်းဝယ်….သားသမီးတွေပညာသင်စရိတ်အတွက်…ရုန်း ကန်ရနဲ့…ပညာသင်ကြားခွင့်တော့…ဆက်မကြိုးစားနိုင်တော့ပါဘူး….
ဒါပေမဲ့…မလေးရှားနိုင်ငံမှာအောင်မြင်တဲ့…အထွေထွေရောဂါကု…ဆေးခန်းတခုနဲ့…
အောင်မြင်တဲ့…ဆေးခန်းတခုကို…ပိုင်ဆိုင်ထားသလို…အခြားတဖက်မှာလဲ… နိုင်ငံတကာကသိတဲ့…လူ့အခွင့်အရေးလှုတ်ရှားသူတယောက်…အစ္စလာမ့်အခွင့်အရေးလှုတ်ရှားသူတယောက်အဖြစ်…ထင်ရှား…လူသိများသူတယောက်ပါ…လူ့အခွင့်အရေး ဖောက်ဖျက်မှု…အစ္စလာမ်ဘာသာဝင်တွေကို…ဖိနှိပ်မှုတွေကို…တွေ့လာရင်…မြန်မာ အစိုးရတင်မကပါဘူး…မလေးရှားအစိုးရအပါအဝင်…ဘယ်နိုင်ငံကအစိုးရကိုမဆို…ဘယ် အဖွဲ့ အစည်းကိုမဆို…မညှာတမ်း…ဝေဖန်ရေးသားလေ့ရှိသူပါ….
သူကတော့…သူ့ဆေးခန်းကလွဲလို့…ဘယ်ကိုမှ…ထွက်လေ့မရှိပါဘူး…နိုင်ငံတကာက.. လူ့အခွင့်အရေးလှုတ်ရှားသူတွေ…ထင်ရှားတဲ့…လူ့အခွင့်အရေးဦးစားပေးတဲ့…ဂျာနယ် သမားတွေဟာ…သူ့ဆေးခန်းရဲ့…ဧည့်သည်တွေအဖြစ်…အမြဲဝင်ထွက်နေကြတာပါ…
အစ်ကိုကြီးဟာ…နှစ်ပေါင်းသုံးဆယ်နီးပါးကြာအောင်…မလေးရှားမှာ…နေထိုင်နေတာ တောင်…မြန်မာနိုင်ငံသားအဖြစ်ကို…ယနေ့တိုင်…မစွန့်လွှတ်သေးပါဘူး….
ဒီကနေ့ဟာ…ကျွန်တော့်အစ်ကိုကြီးအသက်…(၆၄)နှစ်ပြည့်တဲ့…မွေးနေ့ပါ…..။
အစ်ကိုကြီးရဲ့မွေးနေ့…အမှတ်တရအဖြစ်…အစ်ကိုကြီးရဲ့…အိမ်လွမ်းတဲ့အကြောင်းလေးကို…ရေးဖြစ်တာပါ…
ကျွန်တော့်အစ်ကိုကြီး…သူအင်မတန်ချစ်တဲ့…မြန်မာပြည်ကို…ပြန်နိုင်ဖို့ရာကတော့… လက်ရှိ…စစ်အစိုးရ…အပြီးတိုင်ချုပ်ငြိမ်းသွားမှဘဲ…ဖြစ်တော့မှာပါ….
မွေးနေ့မှာ….သာယာပျော်ရွှင်…စိတ်ချမ်းသာစွာနဲ့…ချစ်တဲ့မိသားစုနဲ့အတူ…’ အိမ် ‘ ကိုအမြန်ဆုံးပြန်နိုင်ပါစေ…စစ်အစိုးရ…အပြီးတိုင်ချုပ်ငြိမ်းပါစေလို့….ဆုတောင်းပေး လိုက်ပါတယ်…..
ညီငယ်…………
မောင်မောင်
ရွှေကရဝိက်
(၄-၄-၂၀၁၄)
My late younger brother Maung Maung once posted that song on my birthday. It brought back memories of my own journey. Though I’ve lived in Malaysia for over two decades, and now call it home, I still carry Myanmar in my heart. And like many migrants, I’ve come to understand that discrimination isn’t exclusive to one place—it’s a global issue.
When I see fellow Myanmar citizens here—regardless of their ethnicity or faith—I feel a deep sense of kinship. Whether they are Bamar, Shan, Chin, Kachin, Karen, Mon, Rakhine, Burmese Chinese or Indian; whether they are Buddhist, Christian, Hindu or Muslim—I welcome and treat them all as family. In helping them, I feel connected not only to them but also to the home we share in memory.
Displacement often deepens our compassion. Shared struggle fosters solidarity. We migrants, far from home, often understand each other more deeply than those still living in their native land.
As I once wrote to an author: “We are all one. When I see someone from Myanmar, no matter their background, I smile, speak to them warmly, and try to help in any way I can. It’s not just kindness—it’s love for home.”
Let us all remember: if we keep love and compassion in our hearts, we carry home with us—wherever we are.