Quite a sharp piece of social commentary on religious commercialism and the exploitation of fear.
Humans are born with fear. They fear misfortune, fear poverty, fear pain, fear death. When you die, will everything just end? Or will you wander as a homeless soul, blindly stumbling through the dark afterlife — nobody knows, and that unknown is what terrifies us.
For those fears, the monks sell you anti-fear medicine. They sell you afterlife guarantees.
Because their products are built entirely upon the foundation of human fear, demand is extremely high.
The more charismatic the pitch, the better the marketing — the better it sells. It’s incredibly profitable. Monks become very wealthy.
What they sell has no physical form. You can’t hold it in your hand or show it to anyone. It’s an imaginary product.
Yet while it’s an imaginary product, you can’t pay for it with imaginary money — you pay with real, hard cash.
When people order something online and it doesn’t arrive within 3 days, they already think it’s taking too long — calling, messaging, pestering.
But for what the monks are selling, delivery only happens when you die.
Strangely, for a product you have to wait your entire lifetime for, nobody ever complains that it’s taking too long.
The special features of what the monks sell:
- The supply never runs out. (There’s no scenario where all 6 heavens are full with not a single room left.)
- The product has no physical form.
- You only receive it upon death.
- And since you’re already dead by then — whether you actually receive it or not, nobody knows, and nobody can go check.
This is why monks operate what is arguably the most successful, most profitable, and least accountable business in the world.
Soe Paing Oo
လူဆိုတာ အကြောက်တရားနဲ့မွေးလာတာ
ကံဆိုးမှာကြောက်တယ် ဆင်းရဲမှာကြောက်တယ် နာမှာကြောက်တယ် သေမှာကြောက်တယ်
သေရင်အရာအားလုံးပြီးဆုံးသွားမှာလား
ဒါမှမဟုတ်
တမလွန်အမှောင်ကမ္ဘာထဲ အိမ်ခြေယာမဲ့ဝိဉာဉ်အနေနဲ့ မျက်ကန်းလမ်းလျှောက်ပေတေလေလွင့်နေရဦးမှာလားမသိတာကိုကြောက်တယ်
အဲဒီအကြောက်တရားတွေအတွက် ဘုန်းဘုန်းတို့က မကြောက်ဆေးတွေရောင်းပေးတယ်
တမလွန်အာမခံချက်တွေရောင်းပေးတယ်
လူတိုင်းရဲ့အကြောက်တရားအပေါ်
အခြေခံထားတဲ့ရောင်းကုန်တွေဖြစ်လို့
ဘုန်းဘုန်းတို့ပစ္စည်းက ဝယ်လိုအားသိပ်မြင့်တယ်
အာဝွဇ္ဇန်းရွှင်ရင်ရွှင်သလို
မားကက်တင်းစကေးကောင်းရင်ကောင်းသလို
ပစ္စည်းကသိပ်ရောင်းကောင်းတယ်
သိပ်စီးပွားဖြစ်တယ်
ဘုန်းဘုန်းတို့လည်း သိပ်ချမ်းသာတယ်
ဘုန်းဘုန်းတို့ရောင်းတဲ့ပစ္စည်းက အကောင်အထည်တော့မရှိဘူး လက်ဆုပ်လက်ကိုင်လည်းပြလို့မရဘူး
စိတ်ကူးယဉ်ပစ္စည်းဖြစ်နေတယ်
စိတ်ကူးယဉ်ပစ္စည်းပေမယ့် စိတ်ကူးယဉ်ပိုက်ဆံနဲ့တော့ ငွေချေလို့မရဘူး
တကယ့်ငွေသားနဲ့ငွေချေရတယ်
လူတွေဟာ အွန်လိုင်းက ကိုယ်မှာလိုက်တဲ့ပစ္စည်းတခု ၃ရက်နေလို့မှ ရောက်မလာရင်
ကြာတယ်လို့ ထင်နေပြီ
ဖုန်းထပ်ဆက် စာတွေထပ်ပို့နဲ့ လောနေပြီ
ဒါပေမယ့် ဘုန်းဘုန်းတို့ရောင်းတဲ့ပစ္စည်းက
ကာစတန်မာဆီကို သေမှရောက်မှာဖြစ်ပါတယ်
ထူးဆန်းတာက
တသက်လုံးစောင့်ရမယ့်ပစ္စည်းအတွက်
ကြာရန်ကောလို့လည်း ဘယ်သူမှစောဒကမတက်ကြတာဖြစ်ပါတယ်
ဘုန်းဘုန်းတို့ရောင်းတဲ့ကုန်ပစ္စည်းတွေရဲ့ထူးခြားချက်က
၁။အရင်းအမြစ်ဘယ်တော့မှ မကုန်ခမ်းဘူး
(နတ်ပြည်၆ထပ်စလုံး ဆိုးအောက်သွားလို့ အခန်းလွတ်တခုမှ မကျန်တော့ပါဆိုတဲ့အဖြစ်
မျိုးမရှိဘူး)
၂။ အကောင်အထည်လည်းမရှိဘူး
၃။သေမှ ရမယ်
၄။သေသွားပြီဖြစ်တဲ့အတွက် တကယ်ရ မရ
ဘယ်သူမှလည်း မသိဘူး
ဘယ်သူမှလည်းလိုက်မကြည့်နိုင်ဘူး။
ဒါကြောင့် ဘုန်းဘုန်းတို့ဟာ ဒီကမ္ဘာမှာ
အအောင်မြင်ဆုံး အမြတ်အကြမ်းဆုံးနဲ့
တာဝန်ယူ တာဝန်ခံစရာ မလိုအပ်ဆုံး စီးပွားရေးလုပ်ငန်းတခုကို ပိုင်ဆိုင်ထားကြသူတွေဖြစ်တယ်။