လောလောဆည်တော့ဘွီးတွေပဲ
အရှင်လတ်လတ်နတ်ပြည်ရောက်သွားပြီ
နိဗ္ဗာန်ရောက်သွားပြီ။
Brokers of This World — and the Next
By Soe Paing Oo (translated and adapted)
Foreign employment agencies never go abroad themselves to work.
They remain comfortably at home,
making a business out of sending other people overseas.
It is a profitable trade.
“Good employer.”
“Good salary.”
“You’ll live well.”
“You’ll eat well.”
This is their familiar sales pitch.
But once you arrive in that foreign land —
whether you struggle, suffer, are exploited,
or are left to fend for yourself —
it becomes, quite simply:
“None of my business.”
Even worse are the illegal cross-border brokers and guides.
They warn you that inspections are strict.
They demand higher “carry fees.”
They promise safe passage.
But if things go wrong,
they abandon you somewhere along a jungle road —
another nameless casualty of desperation.
And then comes the consolation:
“All beings are owners of their karma.”
Yet worldly brokers are not alone.
There are also what one might call
“agents of Nirvana” —
preachers who promise paradise.
They themselves do not depart for Nirvana.
Instead, they collect offerings.
They prosper from pulling in these “carry fees.”
“Five hundred celestial maidens on each side!”
“The luxuries of the gods!”
“The splendor of Sakka!”
“The glory of the Universal Monarch!”
“An immeasurable lifespan in the heavens!”
“Endless sensual delights!”
This, too, is a well-rehearsed sales pitch.
But once you reach the afterlife —
whatever awaits you there —
whether bliss or emptiness,
it again becomes:
“None of my business.”
Whether migrant workers truly prosper abroad
is uncertain.
But one thing is certain:
the broker prospers immediately.
Whether heavenly realms or Nirvana truly await
in the next world
is also uncertain.
But one thing is certain:
for now,
some of those preaching paradise
have already secured their heaven —
right here on earth.
Editorial Note
This satire by Soe Paing Oo cuts across two forms of exploitation:
the economic trafficking of desperate migrants, and the commercialization of spiritual hope.
Both operate on promises.
Both demand fees.
Both shift responsibility onto the victim.
The satire’s power lies in its final irony:
Heaven, it suggests, is often reached first —
not by the believer,
but by the broker.
Soe Paing Oo

နိုင်ငံခြားလူပို့အေဂျင်စီတွေက
ကိုယ်တိုင်နိုင်ငံခြားသွား အလုပ်မလုပ်ဘူး
ဒီမှာနေပြီး လူပို့တဲ့အလုပ်ပဲလုပ်တယ်
လူပို့တဲ့အလုပ်နဲ့ပဲစီးပွားဖြစ်တယ်
သူဌေးကောင်းတယ်နော်
လခကောင်းတယ်နော်
ကောင်းကောင်းနေရမယ်
ကောင်းကောင်းစားရမယ်ပေါ့
ဒါကသူတို့လက်သုံးစကား
ဟိုရောက်ရင်တော့ နင့်ဘာနင် ကျီးထိုးထိုး
ဝက်စားစား နိုင်းအော့ဖ်မိုင်ဘစ်စနစ်ပဲ
အဆိုးဆုံးက အောက်လမ်းနဲ့လူပို့တဲ့ပွဲစားတွေ။
အစစ်အဆေးကြမ်းလို့ဆိုပြီး
ကယ်ရီခတိုးတောင်းမယ်
အခြေအနေမဟန်ရင်တော့ တောတွင်းလမ်းဘေးတနေရာမှာ စွန့်ပစ်ထားခဲ့မယ်။
သဗ္ဗေသတ္တာကမ္မသကာ
နိဗ္ဗာန်လူပို့တဲ့ အေဂျင်စီတွေကလည်း
ကိုယ်တိုင်နိဗ္ဗာန်မသွားဘူး
ကယ်ရီပဲဆွဲတယ်
ကယ်ရီဆွဲတဲ့အလုပ်နဲ့ပဲစီးပွားဖြစ်တယ်
နတ်သမီးတဖက်ငါးရာစီနော်
နတ်စည်းစိမ် သိကြားစည်းစိမ်
စင်္ကြာဝတေးမင်းစည်းစိမ်က
ဘယ်လိုနော်
မကုန်နိုင်မခမ်းနိုင် မတောင့်မတမကြောင့်မကြသက်တမ်းအရှည်ကြီးနဲ့ဟိုး မိုးပေါ်မှာ
ကာမဂုဏ်အာရုံတွေ ခံစားရမယ်နော်
ဒါကသူတို့လက်သုံးစကား
တမလွန်ရောက်ရင်တော့ နင့်ဘာနင် ကျီးထိုးထိုး
ဝက်စားစား နိုင်းအော့ဖ်မိုင်ဘစ်စနစ်ပဲ
နိုင်ငံခြားရောက်ရင် လူတွေအဆင်ပြေမပြေက
မသေချာဘူး
လောလောဆည်တော့ လူပွဲစားက အဆင်ပြေသွားပြီ
တမလွန်မှာ နတ်ပြည်တို့နိဗ္ဗာန်တို့လည်း မသေချာဘူး
လောလောဆည်တော့ဘွီးတွေပဲ
အရှင်လတ်လတ်နတ်ပြည်ရောက်သွားပြီ
နိဗ္ဗာန်ရောက်သွားပြီ။