Nirvana, they say, is the ultimate destination. But let’s be honest—what’s really there?
There are no Bentleys waiting at the gates. No Mercedes-Benz limousines gliding down golden roads. No iPhones buzzing with notifications. Not even the prized DSLR cameras that monks seem to adore. Forget about Ray-Ban sunglasses, birthday cakes cut by girlfriends, or palaces cooled by air-conditioning. There are no pulpits to preach from, no crowds to cheer you on, no grand thrones to sit upon.
In Nirvana, there is nothing. Absolutely nothing. And that, perhaps, is why monks never actually go there.
Instead, Nirvana has become a kind of travel agency business. You pay the ticket price in this life, but the journey only begins in the next. The monks sell you the itinerary, but the departure date is always postponed.
They say Nirvana is overcrowded, that there’s no room left. But the truth? Nirvana is always empty. Why? Because no one ever really arrives.
And so Nirvana remains—forever spacious, forever vacant, forever the destination that exists only in brochures, never in reality.
Soe Paing Oo
နိဗ္ဗာန်မှာ ဘန်တလေမရှိဘူး
နိဗ္ဗာန်မှာ မာစီးဒီး လင်ကွန်းမရှိဘူး
နိဗ္ဗာန်မှာ အိုင်ဖုန်းမရှိဘူး
ဘုန်းဘုန်းတို့သိပ်ကြိုက်တဲ့DSLR camera အကောင်းစားမရှိဘူး
ရေဘင်မျက်မှန်မရှိဘူး
မွေးနေ့ကိတ်ခွဲ ပေးမယ့် ကောင်မတွေ မရှိဘူး
အဲကွန်းပတ်လည်တပ်ထားတဲ့ နွေရာသီ အပူရှောင်စံနန်းလည်းမရှိဘူး
ပလ္လင်ပေါ် ဘာတက်ဟောဟော
မှန်ပါ့ဘုရားထောက်ခံမယ့် အောက်က ငတုံးအုပ်ကြီးလည်းမရှိဘူး
နိဗ္ဗာန်မှာ ဘာမှမရှိဘူး
ဒါကြောင့်
နိဗ္ဗာန်ကို ဘုန်းဘုန်းလည်းမသွားဘူး
နိဗ္ဗာန်နဲ့ပတ်သက်လို့
လူကုန်ကူး ပွဲခယူ ကယ်ရီအလုပ်ပဲ ဘုန်းဘုန်းလုပ်တယ်
ကယ်ရီခကို ခုဘဝပေးရမှာဖြစ်ပြီး
ခရီးစဉ်ကတော့ နောက်ဘဝမှ စတင်မှာဖြစ်တယ်
နိဗ္ဗာန်မှာ လူပြည့်သွားလို့
ထပ်သွားလို့မရတော့တာ
ခရီးစဉ် ဒီလေးဖြစ်သွားရတာ
မျိုးလည်းမဖြစ်ရပါဘူး
နိဗ္ဗာန်ကအမြဲတမ်း နေရာအလွတ်ရှိပါတယ်
ဘာလို့လဲဆိုတော့
ဘယ်သူမှ အဲဒီကို တကယ်မရောက်
သေးလို့ဖြစ်တယ် ။