Myanmar’s ‘fragmentation’ is a myth—and China’s greatest asset
New 19-group alliance shows resistance is consolidating, not splintering, while Beijing-backed junta stokes chaos to keep West paralyzed
By James ShweDecember 16, 2025
A narrative has taken hold in foreign capitals that Myanmar is on the verge of collapsing into a failed state.
The military junta and its supporters warn that the fall of the regime would unleash a chaotic “Balkanization” of warring ethnic groups. International actors, fearing a power vacuum, have hesitated to fully back the country’s pro-democracy revolution.
his narrative is a strategic deception.
Two major events this week prove that the opposite is true. On December 15, nineteen of Myanmar’s most significant armed resistance groups formed the Spring Revolution Alliance (SRA). This followed a December 14 statement from the powerful United League of Arakan (ULA) outlining a practical framework for federal cooperation.
These developments are not random; they are a direct, coordinated response to the junta’s upcoming “sham elections.” By consolidating military command and political strategy now, the people of Myanmar are preemptively rejecting the military’s attempt to stage a fraudulent vote.
They are demonstrating that while the junta plans political theater, the resistance is building a functioning federal state.
Myanmar is already fragmented—and the junta is to blame
The fear that Myanmar might fragment obscures the reality that the country is already fragmented, and the military junta is the cause. As of late 2025, the junta retains stable control over a mere 21% of the country.
The rest is either administered by resistance forces or actively contested. The military is not a guarantor of unity; it is a garrison state clinging to power while ruling over a minority of the population.
This vacuum of decisive international support, born from the West’s fear of state collapse, has been expertly exploited by a single external power: China. The resulting state of division is sustained by a cynical strategy that serves Beijing’s interests.
Fearing a unified, democratic Myanmar aligned with Western interests, China has settled on a policy of “managed chaos”—providing the junta with enough support to prevent its collapse but not enough to win.
Hla Soewai
tSoonpsred02g16m72m1gum040icg72m1gcg2fcflgi85fh28iu532th8mua ·
တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု ဖွဲ့ပြီ
စစ်အုပ်စု အား အမြန်ဆုံး မောင်းထုတ် နိုင်ရေး အတွက် လက်ရှိ တော်လှန်ရေး စစ်မြေပြင် အနေအထားကို လုံးဝဥဿုံ ပြောင်းလဲ ပစ်နိုင်ရန် နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု Spring Revolution Alliance (SRA) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။
ထိုအဖွဲ့တွင် ကရင်နီ၊ ရှမ်း၊ မွန်၊ ချင်းပြည်နယ် အခြေစိုက် တော်လှန်ရေး အဖွဲ့များ ပူးပေါင်းလိုက်ကြခြင်းပင် ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ပါဝင်ခြင်း မရှိသေးသော်လည်း မိမိတို့မှ NUG နှင့် စင်ပြိုင် တည်ထောင်ခြင်း မဟုတ်ဟု ကရင်နီ KNDF ဥက္ကဌ နှင့် SRA ဦးဆောင် အဖွဲ့ဝင် ခွန်ဘီလူးက အသိပေးလာခဲ့သည်။
ယခုအခါ မြန်မာတနိုင်ငံ လုံး အနှံ့ ထိုးစစ်ဆင်နိုင်မည့် မဟာဗျူဟာ မြောက် စစ်ရေး စီမံချက်ကိုလည်း ရေးဆွဲနေပြီ ဖြစ်သည်ဟု သိရသည်။ စစ်ဆင်ရေး များကိုလည်း မဟာဗျူဟာ ကျသည့် နေရာများတွင် ရွေးချယ်ပြီး မကြာခင် အတွင်း ဖော်ဆောင်သွားမည်ဟု ဆိုသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု – SRA တွင် ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ – KNDF ၊ ချင်းညီနောင် – CB ၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော်-BPLA ၊ ဗမာ့တပ် တော် – BA ၊ 96 Soldiers PDF ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF ၊ ဓနုပြည်သူ့ လွတ် မြောက်ရေးတပ်တော် – DPLF ၊ Force for Federal Democracy – FFD ၊ Generation Z Army- GZA ၊ ကလေး ဒေသတော်လှန်ရေးတပ် – KRF ၊ မကွေးပြည်သူ့ကာကွယ်ရေးမတော် – Magway PDF ၊ မွန်ပြည်တော်လှန်ရေးတပ် – MSRF ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် – NLA ၊ ပြည်သူ့လွတ် မြောက်ရေးတပ်တော် – PIA ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ခမ်းကောင်/ ပအိုဝ်းပြည်သူ့ကာကွယ်ရေး တပ် (ခမ်းဒေါင်)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် – Sagaing PDF ၊ ကျောင်း သားလက်ရုံးတပ်တော် – SAF ၊ ယောတပ်တော် – YA နှင့် ယောကာကွယ်ရေးတပ် – YDF တို့ဖြစ် ကြောင်း သိရသည်။
SRA တွင် ပါဝင်သော အချို့အဖွဲ့များသည် NUG နှင့် အတူ တိုက်ပွဲဝင်နေကြသူ များ ဖြစ်ပြီး NUG အတွက် အခက်အခဲ ဖြစ်နေသည့် စနစ်တကျ အမိန့် ပေး ကွပ်ကဲ နိုင်မှု နှင့် စစ်ရေး လုပ်ငန်းစဉ်များ အရှိန်အဟုန် မြှင့်တင်သွားနိုင်ရေး ဆိုသည့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ခြင်းလည်း ဖြစ်သည်။
ယင်းနှင့် ပတ်သက်၍ ခွန်ဘီလူးက မြန်မာနောင်းသို့
ယခုလို ပြောသွားခဲ့သည်။
“တော်လှန်ရေးကာလ (၅) နှစ်နီးပါး ကြာမြင့်လာတဲ့အချိန်မှာ ကျွန်တော်တို့ သင်ခန်းစာတွေ အများကြီး ရရှိခဲ့ပါတယ်၊ အဓိက စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ ဒါဟာ ရေရှည်တိုက်ပွဲ ဖြစ်နေတာပါပဲ။ အချို့ကလည်း ဒီလိုတော်လှန်ရေးမျိုးဟာ ဆယ်စုနှစ်တစ်ခုမက ကြာနိုင်တယ်လို့ ဆိုကြတယ်။ အခု ကျွန်တော်တို့ နားလည်သဘောပေါက်လိုက်တာကတော့ လက်ရှိကျင့်သုံးနေတဲ့ စနစ်တွေကို ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး အထူးသဖြင့် ရှင်းလင်းတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) အားနည်းနေတာကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။”
အဓိက ရည်ရွယ်ချက်သည် မြန်မာနိုင်ငံ တွင် ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ထောင်နိုင်ရေး အတွက် ဖြစ်သည်ဟု ဆိုသည်။ SRA ၏ စစ်ဆင်ရေး များ အောင်မြင်လာသည် နှင့်အမျှ ကျန်နေသည့် အဖွဲ့များလည်း ရှေ့လျောက် ပူးပေါင်း ပါဝင်လာကြလိမ့်မည်ဟုလည်း မျှော်လင့်ရသည်။
နိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ရှိ တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်နယ်မြေများ အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြရာ ယခုလို မဟာမိတ် တပ်ပေါင်းစုကြီး ပေါ်ထွက်လာခြင်း ဖြစ်သည်။
ယခုလို ပေါ်ပေါက်လာခြင်းကြောင့် မိမိတို့ တော်လှန်ရေးသည် ဆက်လက်ခိုင်မာနေဆဲ ဖြစ်ပြီး စစ်အုပ်စု နှင့် အပေးအယူ လုပ်မည် မဟုတ်ဘဲ ဖက်ဒရယ် ဒီမိုကရေစီ စနစ် တည်ဆောက်သွားဖို့ အပြည့်အဝ အကောင်အထည် ဖေါ်သွားမည်ကို နိုင်ငံတကာသို့ အသိပေးလိုက်ခြင်း ဖြစ်သည်ဟု ခွန်ဘီလူးက ဆိုသည်။
“စနစ်တကျရှိတဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် အသွင်ကူးပြောင်းဖို့နဲ့ နောက်ဆုံးမှာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့အတွက် အချိန်အများကြီး ထပ်ယူရဦးမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ရဲ့ ရေရှည်မျှော်မှန်းချက်ဖြစ်ပြီး အဲဒီပန်းတိုင်ဆီကို ရောက်အောင်သွားဖို့လည်း ကျွန်တော်တို့ ရည်မှန်းထားပါတယ်”” ဟု ခွန်ဘီလူးက ပြောခဲ့သည်။
မြန်မာ အရေး လေ့လာသုံးသပ်သူ ဂျိမ်းရွှေက အေးရှား တိုင်းမ်တွင် ယခုလို သုံးသပ်သွားသည်။
အရှေ့ဖက်ခြမ်းရှိ ကရင်နီ နှင့် ပအို့၊ ဓနု တော်လှန်ရေး တပ်များက ရှမ်းကုန်းမြင့် သို့ စစ်အုပ်စု ထိုးဖောက်မလာနိုင်အောင် နှင့် နေပြည်တော်ကို ဝိုင်းပတ်ထားနိုင်ရေး ကို တာဝန်ယူသွားမည် ဖြစ်သည်။
အနောက်ဖက် ရှိ ချင်း နှင့် ကလေး တော်လှန်ရေး တပ်များက နိုင်ငံ အလယ်ပိုင်းရှိ တပ်များအား ပံ့ပိုး နိုင်ရန် အိန္ဒိယ နှင့် ထောက်ပို့ လမ်းကြောင်းများ ထိန်းသိမ်း ထားရန် ဖြစ်သည်။
SRA တွင် အဓိက နေရာမှ ပါဝင်လာမည်က အညာဒေသ ရှိ တော်လှန်ရေး တပ်များ ဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုအား နိုင်ငံ၏ စိုက်ပျိုးရေးနှင့် လူဦးရေအထူထပ်ဆုံး ဗဟိုချက်မဒေသများကို ထိန်းချုပ်ခွင့်မရအောင် ဟန့်တားထားကြသည်။ ၎င်းတို့အနေဖြင့် အင်အားချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ပြန့်ကျဲနေသော ပြောက်ကျားအဖွဲ့ငယ်များဘဝမှ နယ်မြေစိုးမိုးရေးတပ်တော် အဖြစ်သို့ အသွင်ပြောင်းလဲနိုင်မည်ဖြစ်သည်။ ယင်းနှင့် အတူ စစ်အုပ်စု၏ မြောက်နှင့်တောင် ဆက်သွယ်ရေး အသက်သွေးကြောများဖြစ်သော ချင်းတွင်းနှင့် ဧရာဝတီမြစ် ကြောင်းများကို ဖြတ်တောက်ပစ်မည် ဖြစ်သည်။
တောင်ဖက်ပိုင်းရှိ မွန်ပြည်နယ် တော်လှန်ရေး တပ် MSRF သည် မဟာမိတ်အဖွဲ့၏ နယ်မြေစိုးမိုးမှုကို တောင်ဘက်ကမ်းရိုးတန်းဒေသအထိ တိုးချဲ့ပေးလိုက်သည်။ ထို့အတွက် စစ်တပ်အနေဖြင့် ၎င်းတို့၏ အင်အားအရင်းအမြစ်အားလုံးကို မြောက်ပိုင်းဒေသတစ်ခုတည်း၌ စုပုံအသုံးမပြုနိုင်အောင် ဟန့်တားပေးရာရောက်သည်။
ထိုအဖွဲ့များ အားလုံး နှင့် ပေါင်းကူးတံတား အဖြစ် ဆောင်ရွက်ပေးမည့် အဖွဲ့သည်က ဗမာ ပြည်သူ့ လွတ်မြောက်ရေး တပ် BPLA ပင် ဖြစ်သည်။
အာရက္ခ တပ်တော်၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည့် ညီညွတ်သော အာရက္ခ အဖွဲ့ချုပ် ULA မှလည်း ဖက်ဒရယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် လက်တွေ့ကျသော မူဘောင်တစ်ရပ်ကို ဒီဇင်ဘာ ၁၄ ရက်နေ့ က ထုတ်ပြန် ကြေညာလာသည်။
အမျိုးသား ညီညွတ်ရေး အစိုးရကလည်း နွေဦး တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု ကြီး ဖွဲ့စည်း ပေါ် ပေါက်လာမှု ကို ကြိုဆိုကြောင်း ထုတ်ဖေါ် ပြောဆို ခဲ့သည်။
NUG သည်လည်း အထက်မှအောက်သို့ အမိန့်ပေးစေခိုင်းသည့် ကွပ်ကဲမှု ပုံစံအစား၊ ဖက်ဒရယ်မူဘောင်အတွင်းမှ ညှိနှိုင်းပေါင်းစပ်ပေးသူ အဖြစ် ပိုမိုလုပ်ဆောင်လာနေသည်။ ၎င်းသည် စစ်ရေးလုပ်ငန်းစဉ်များကို အသေးစိတ်လိုက်လံစီမံနေမည့်အစား တော်လှန်ရေးအင်အားစုများအတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ကျယ်ပြန့်သော မူဝါဒလမ်းစဉ်များကို ချိတ်ဆက်ဆောင်ရွက်ပေးသည့် ဘက်သို့ ဦးတည်လုပ်ဆောင်လာနေသည်ဟု ဆိုသည်။
နိုင်ငံ တကာ တွင် စစ်အုပ်စု မှ တိုင်းပြည် ပြိုကွဲ သွားမည်ဟု ကျယ်ကျယ်လောင်လောင် ပြောဆိုနေပြီး တဖက်တွင်လည်း ၎င်းတို့ အာဏာတည်တံ့မည့် ဇာတ်ထုပ်ကြီး ကပြနိုင်ရန် ရွေးကောက်ပွဲ ဆိုသည့် နိုင်ငံ ရေး ဇာတ်ခုံကြီး တည်ဆောက်လာ နေသည်ကို မှောက်လန်ပစ်လိုက်ခြင်းလည်း ဖြစ်ပေသည်။
ဒေါ်နယ်ထရမ့် မှ ဗင်နီဇွဲလား၏ ရေနံတင် သင်္ဘော အဝင်အထွက် ကို ပိတ်ဆို့လိုက်မှု ကြောင့် စစ်ရေး အရ အရေးယူ ဆောင်ရွက်လာမည့် အရေးကို ထောက်ခံသူ အမေရိကန် နိုင်ငံသား ၁၇ ရာနှုန်းသာ ရှိနေသည်၊ သမ္မတ မှ နိုင်ငံတွင်းသို့ မူးယစ်ဆေးဝါး များ တင်သွင်းနေပါသည် ဟု ပြောနေသည့် တိုင် မထောက်ခံကြသည်ကို ကြည့်မည်ဆိုက မြန်မာ ပြည် အတွက် ဝေလာဝေး ပင် ဖြစ်သည်။
မိမိတို့ တိုက်ပွဲ မိမိတို့ ဖာ ဆင်နွှဲရမည်ဟူသော ခံယူချက် ဖြင့် ဖွဲ့စည်းလာသော။ မဟာမိတ် တပ်ပေါင်းစု ကြီးကို ကြိုဆိုရမည်သာ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!