Credit: Translated and made gist from Ko Myat Maw’s post in Burmese.
Two Strategic Camps Emerging

- Camp A (Dr Sasa, Gen Tar Phone Kyaw – TNLA)
They believe:- The resistance is running out of money and ammunition.
- A long war of attrition cannot continue.
- First pause the fighting, stabilize liberated areas, and build strong local economies (using Indian rupees in the west, Chinese yuan in the north).
- Then resume fighting later when stronger.
- Camp B (Dr Zaw Wai Soe, U Yee Mon, Mandalay PDFs, etc.)
They insist:- Continue the “General Offensive” nonstop.
- No negotiations.
- Capture Yangon, Mandalay, Naypyidaw.
- Total military victory only.
Why Camp A Wants a Pause
- NUG forces captured 65% of territory but cannot expand further.
- Northern Alliance captured about 20% in 1027 operation but also stalled.
- Ammunition shortages are serious.
- Constant SAC airstrikes against TNLA areas make defence difficult.
- Therefore TNLA negotiated temporary arrangements with SAC to protect civilians.
Dr Sasa’s Economic Plan
- In Rakhine, Chin, Sagaing he is negotiating to introduce Indian rupee usage in liberated zones.
- AA and TNLA leadership are cooperating with this.
- He wants US or India to assist in creating a ceasefire zone along the Indian border.
- This zone must be peaceful for economic development and future strength.
China’s Influence
- SAC avoids bombing Wa, Kokang, and parts of MNDAA because these zones use Chinese yuan, Chinese electricity, Chinese telecom, and China mediates.
- Similar protections may expand if China succeeds in talks with TNLA.
NUG Internal Conflict
- The “hardline” group (Dr Zaw Wai Soe, U Yee Mon, Mandalay forces) is angry at:
- TNLA’s withdrawal from Moekok,
- TNLA’s quiet negotiations with SAC.
- Chief Minister Man Win Khaing Than publicly criticized TNLA.
- TNLA supporters counterattacked by exposing financial misconduct allegations against one of his deputies—seen as a political purge attempt.
Growing Power of the “Soft Line”
- TNLA obeyed certain negotiation arrangements.
- MDY PDF followed TNLA orders to withdraw from Moekok.
- Suggests soft-line faction gaining control of NUG.
Possible Future Scenarios
- Some in NUG consider a North–South Korea model, or old North/South Vietnam model:
- NUG governs the northern liberated states (Kachin, Sagaing, Chin, Shan, Rakhine).
- SAC governs southern Myanmar.
- Temporary division, then future reunification after building strength.
Risks
- Could become:
- A positive Vietnam-style reunification after rebuilding, or
- A negative permanent division like the Koreas, or
- A Taiwan–China–style endless political standoff but economic cooperation.
- Continuing war without ammunition risks repeating the Pegu Yoma BCP tragedy — heroic resistance ending in heavy losses.
Conclusion
- NUG now has two competing strategies:
- Negotiate + pause + build economy,
- Keep fighting with General Offensive.
- A formal internal vote or consensus will be needed for NUG to move forward.
Myat Maw
တော်လှန်ရေး အုပ်စု နှစ်ပိုင်းကွဲခြင်း။
ဒီရက်ပိုင်း ဒေါက်တာဆာဆာ နှင့် ဗိုလ်ချုပ်တာဘုန်းကျော်တို့ စကားကို ကြည့်မယ် ဆိုရင် စစ်ကို အရင်ရပ်မယ်၊ လွတ်မြောက်နယ်မြေကို စီးပွားရေးပိုမို ခိုင်မာလာအောင် လုပ်မယ်။ ပြိးမှ စစ်ဆက်တိုက်မယ် ဆိုသော လမ်းကို သွားနေကြပြီဟု ယူဆ၍ ရနေပါတယ်။
ဒေါက်တာဆာဆာ ကတော့ ရခိုင်နှင့် ချင်း စစ်ကိုင်းလွတ်မြောက်နယ်မြေတွေမှာ အိန္ဒိယ ရူပီးကို သုံးနိုငိဖို့ သူလုပ်နေတယ် ဆိုပါတယ်။ ထိုကြောင့် ဒေါက်တာဆာဆာ ဟာ ရခိုင် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၏ သဘောတူညီချက်ကိုရပြီး ဖြစ်တယ်ဟု ဆိုရမှာ ဖြစ်ပါတယ်။ ဒီမှာလည်း o ပြည်ကို စကစ ဗုံးမကြဲတဲ့ အကြောင်းရင်းကို ဒေါက်တာဆာဆာ က မီးမောင်းထွန်းပြရာမှာ ဝ မှာ အကျိုးစီးပွားက တရုတ်ဖြစ်အောင် တရုတ် ဆက်သွယ်ရေးကွန်ယက်တွေ၊ တရုတ်လျှပ်စစ် အပြင် တရုတ် ငွေကြေးပါသုံးနေကြကြောင့် ဟု သုံးသပ်ပါတယ်။ မြေပြင်မှာတော့ ဝ ဒေသ မှာ ရေအားလျှပ်စစ် စက်ရုံတွေပါရှိနေပါတယ်။ ဒါကြောင့် ရခိုင်၊ ချင်း နှင်ွ စစ်ကိုင်းမှာ အိန္ဒိယ ရူပီးသုံးမယ် ဆိုရင် စကစ က ဗုံးမကြဲရဲဘူး ။ လေကာ စပြီ။ ထိုကနေ စကစ အုပ်ချုပ်မှု ထက်သာအောင် လုပ်မယ် ဟုဆိုပါတယ်။
ဒါပေမယ့် ဝ ဒေသကို စကစ ဗုံးမကြဲရဲတာက ဝ တွေက တရုတ်ယွမ်တွေ၊ တရုတ်ဖုန်းတွေသုံးနေတာ အပြင် ၁၉၉၀ ဗကပ အပြိုမှာ စစ်တပ် နှင့် ဆွေးနွေးတာအောင်မြင်ပြီး ဝ အထူးဒေသ ၁ ဖြစ်လာတာနှင့် ပိုဆိုင်တာ တွေ့ရပါတယ်။
ဒါကြောင့် တရုတ်နယ်စပ်က ယနေ့ ဝ ဒေသ အပြင် ကိုးကန့်ဒေသ မှာလည်း တရုတ်၏ ကြားဝင် စေ့စပ်ရေးကြောင့် ဗုံးကြဲ တာမရှိတော့သလိုလို တအာင်းဒေသမှာလည်း TNLA နှင့် ဆွေးနွေးပွဲ အောင်မြင်ရင် စကစ က ဗုံးမကြဲတာ မျိုးတွေ လုပ်လာနိုင်ပါတယ်။
ဒိတော့ တရုတ်နယ်စပ်က ပလောင်၊ ဝ၊ ကိုးကန့်ဒေသတွေမှာ တရုတ်ယွမ်ငွေသုံး၊ ဒေသ က ထွက်တဲ့ လျှပ်စစ်သုံးပြီး စီးပွားရေးတွေတိုးတက်လာကြပါလိမ့်မယ်။
ထို့ကြောင့် ဒေါက်တာဆာဆာ က AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဆွေးနွေးပြီး အိန္ဒိယ နယ်စပ်မှာ အိန္ဒိယငွေသုံးတဲ့ ဒေသ တစ်ခုထွက်ပေါ်လာရန် ကြိုးစားနေတယ်။ ထိုဒေသ ထွက်ပေါ်လာအောင် ထိုဒေသမှာ အပစ်ရပ်ဖို့လိုမယ်။ ထိုဒေသ အပစ်ရက်ဖို့ အမေရိကန် ဒါမှမဟုတ် အိန္ဒိယ က ဦးဆောင်ပြီး ဆွေးနွေးချင်တယ်။ ဒါကြောင့် သူက ဒါကို လုပ်နေတယ် ။ အမေရိကန်ပြည်ထောင်စု၏ ထောက်ခံမှုကို ရပြီးဖြစ်တယ်ဟု ချပြလာပါတယ်။
ထို့အပြင် war of attrition ဆိုတဲ့ ရေရှည်စစ်ပွဲ တစ်ခုမှာ ရန်ပုံငွေ မရှိဘဲ၊ ကျည်ဆံမရှိဘဲ ရေရှည်တိုက်၍ မရဘူးဆိုတာကို NUG တပ်တွေ မြန်မာပြည်၏ ၆၅ % နိုင်ပြီး ထပ်မတိုးနိုင်တာ၊ မြောက်ပိုင်းမဟာမိတ်တပ်တွေ ၁၀၂၇ မှာ မြန်မာပြည်၏ ၂၀% သောနယ်မြေကို သိမ်းပိုက်ပြီး နောက်ဆက်မတိုးနိုင်တော့တာနှင့်ပက်သက်၍ ဒေါက်တာဆာဆာ က ရှင်းပြသွားတယ်။
ဒိကနေ့မှာလည်း TNLA ခေါင်းဆောင် ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း စစ်တိုက်ရင်း အကြွေးတင်သွားပုံနှင့် သူ့နယ်မြေတွေကို စကစ လေယာဥ်တွေ နေ့တိုင်းနီးပါး ဗုံးလာကြဲ၍ သူ့လူထုကို လေယာဥ်ဗုံးဒါဏ်မှ ကယ်ရန် စကစ နဲ့ အပေးအယူလုပ်ခဲ့ရတာနှင့်ပက်သက်၍ စွန့်လွှတ် အနစ်နာခံသူတွေကို တောင်းပန်ကြောင်း စာရေးတင်ခဲ့တာ တွေ့ရသလို၊ စီးပွားရေးပြန်ပြေလည်မှာ လက်နက်အင်အားပြန်ပြည့်ပြီး ကျည်ရှိမှ စစ်ပြန်တိုက်မယ်ဟု ဆိုလာပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ည မှာ Responsibility to protect ဆိုတဲ့ R2P ခေါ် ပြည်ပ ကနေ လက်နက်အကူအညီရယူ၍ တော်လှန်ဖို့ တာဝန်ပေးခံရ၍ နေပြည်တော်မှ Taxi ဖြင့်ပြေးလာပြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်သော လက်နက်ကိုင်တော်လှန်ရေးပုံစံကို ချပေးခဲ့သူ ဒေါက်တာဆာဆာ ကလည်း ယခုအချိန်မှာ ကျည်ပြတ်နေစဥ် တော်လှန်ရေးကို ခဏနားထားစေချင်ပြီး လွတ်မြောက်ဒေသတွေမှာစီးပွားရေးလူမှုရေး ပိုမိုခိုင်မာအောင် ကြိုးစားဖို့ပြန်လုပ်လာတယ်။ TNLA က ဗိုလ်ချုပ်တာဘုန်းကျော်ကလည်း လက်တွေ့မှာ လုပ်နေတာ တွေ့ရပါတယ်။
တဘက်မှာတော့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ဆိုသော ဒေါက်တာ ဇော်ဝေစိုးက အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ လုပ်နေသလို၊ ဦးရည်မွန်ကလည်း ဆက်ပြီး ထိုးစစ်ဆင်ကာ စကစ လက်ထဲမှာ ကျန်နေတဲ့ မြို့သုံးမြို့ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့သုံးမြို့ကို သိမ်းပိုက်ဖို့လုပ်နေပါတယ်။
ဒေါ်ဇင်မာအောင်ကလည်း တော်လှန်ရေး မေမြို့ရောက်နေပြီဟု တရားဝင်ပြောဆိုထားသလို၊ ၁၀၂၇ ရဲ့ ပဲ့ကိုင်ရှင် ဦးရည်မွန်ကလည်း အထွေထွေထိုးစစ်ကြီး နှင့် အလုပ်ရှုပ်နေသလို ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း မိုးကုတ်ကို TNLA က ပြန်ပေးတာနှင့် ပက်သက်၍ မကြေနပ်တဲ့ စောင်းထားတဲ့ စာတစ်စောင်ကို ထုတ်ခဲ့တာဖြစ်၍ ဗိုလ်ချုပ်တာဘုန်းကျော် စကစ နှင့်ဆွေးနွေးတာကို မကြေနပ်ဘူးဟု ဖော်ပြပါတယ်။
ထိုကဲ့သို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက TNLA ကို စောင်းမြောင်းပြောပြီးနောက် ဝန်ကြီးချုပ်ရုံးက မကြည်ပြာဆိုတဲ့ ဝန်ကြီးချုပ်တပည့်ကို ငွေကြေးမသမာမှုဖြင့် စစ်ဆေးဆိုတဲ့ စာထွက်လာပါတယ် ။ သဘောကတော့ သဘောထားပျော့ပြောင်းတဲ့ အုပ်စုက သဘောထားတင်းမာတဲ့ ဝန်ကြီးချုပ်ကို ခင်ဗျားဆက်တင်းမာရင် မကြည်ပြာကို အတင်းရိုက်စစ်ပြီး ခင်ဗျားပါပါတယ်ဆိုပြီး ဝန်ခံခိုင်းမယ်ဆိုတဲ့ Political crime တစ်ခုကို စလုပ်လာပါတယ်။
ထို့အပြင် MDY PDF က မုန်တိုင်း ကို ဖမ်းချူပ်ပြီး စိုးသူရဇော်တို့ အဖွဲ့ က TNLA အမိန့်အတိုင်း မိုးကုတ်ကနေ ဆုတ်သွားရတာကလည်း NUG မှာ သဘောထားပျော့ပြောင်းနေသူတွေက have the upper hand ဖြစ်နေတယ်။
သဘောထားတင်းမာတဲ့ မန်းဝင်ခိုင်သန်း၊ ဒေါက်တာဇော်ဝေစိုး၊ မုန်တိုင်း တို့ကို ကန်ထုတ်ပြီး အမေရိကန် သို့မဟုတ် အိန္ဒိယ အကူအညီဖြင့် NUG သိမ်းထားသော ၆၅% သော မြန်မာပြည်ပိုင်နက်ကို စကစ နဲ့ ဆွေးနွေးပြီး NUG သိမ်းဒေသကို စကစ ၏ ဗုံးဒါဏ်ကနေ ကာကွယ်ဖို့ အုပ်စု က စပြီးလှုပ်ရှားနေပြီဟု ဆိုရမှာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် အားထားရတဲ့ လူလည်းဖြစ်၊ တော်လှန်ရေးလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ယူလာသူလည်းဖြစ်တဲ့ ဒေါက်တာဆာဆာကို အပြင်ကို ခဏ ထွက်ခိုင်းလိုက်ပြီး တချ်ု့အချက်တွေ ပြောခိုင်းကာ ပြည်သူ့အသံကို နားစွင့်တယ်ဟုယူဆမယ် ဆိုရင်လည်း ယူဆ၍ ရနိုင်ပါတယ်။
ဒါကြောင့် သေချာနေတာကတော့ NUG ထဲမှာ အမေရိကန် သို့မဟုတ် အိန္ဒိယ နိုင်ငံ ၏ အကူအညီယူပြီး စကစ နှင့် NUG ကို တွေ့ဆုံပြီး NUG က မြောက်ပိုင်းမြန်မာဖြစ်တဲ့ ကချင်၊စစ်ကိုင်း၊ ချင်း၊ မန်း၊ ရခိုင်ကို အုပ်ချုပ်၊ စကစ က တောင်မြန်မာ ကို အုပ်ချူပ်ဆိုတဲ့ မြောက်ကိုရိးယား တောင်ကိုရီးယား ပုံစံ၊ တချိန်က မြောက်ဗီယက်နမ် နှင့် တောင်ဗိယက်နမ် ပုံစံ၊ ယနေ့ တရုတ် နှင့် တိုင်ဝမ်ပုံစံ နယ်မြေခွဲခြား အုပ်ချုပ်မှုကို ပို၍ စိတ်ဝင်စားနေပြီဟု ယူဆရမှာပါ။
ဒါပေမယ့် ကောင်းကျိုးဆိုးကျိုးတွေက ဒွန်တွဲနေတာဖြစ်၍ ဒေါက်တာဆာဆာ နှင့် ဗိုလ်ချုပ်တာဘုန်းကျော်တို့ အကောင်းမြင်သလို အရင်စစ်တပ်နဲ့ ငြိမ်းချမ်းရေးလုပ်၊ ပြန်လည်ထူထောင်ပြီးမှလက်နက်ပြန်ပြည်စုံမှ တိုက်ဆိုတဲ့ မြောက်ဗိယက်နမ် က ဟိုချီမင်းပုံစံ ဖြင့် မြောက်အစိုးရကို နယ်နိမိတ်ပိုင်းအရ ကမ္ဘာမှာ တရားဝင် ဖြစ်အောင် အရင်လုပ်၊ ပြီး မှ လက်နက် ပြည့်စုံလာမှ တောင်ဗိယက်နမ်ကို ပြန်တိုက်ပြီး တပြည်လုံးလွတ်မြောက်အောင် လုပ်တဲ့ အောင်မြင်သော သမိုင်းမျိုးလည်းရှိသလို မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားဆိုတဲ့ အမြဲကွဲကွာနေသော အဆိုးဘက် အရမ်းယိန်းတဲ့ ပုံစံ မျိုးလည်းဖြစ်နိုင်သလို၊ တရုတ်နှင့် တိုင်ဝမ် ဆိုပြီး မြေပြင်မှာစီးပွားရေးတွေ အတူတူပေါင်းလုပ်ကြပြီး သတင်းတွေမှာ ရန်ဖြစ်ပြတဲ့ မပြီးနိုင်မစီးနိုင် ပုံစံမျိုးလည်းရှိတာကြောင့် အရာရာဟာ အကောင်းနဲ့ အဆိုး ဒွန်တွဲ၍ နေတာလည်း ငြင်းမရတဲ့ အမှန်တရားပါ။
ထို့အတူ တဘက်မှာလည်း war of attrition သဘောတရားအရ ကိုယ့်မှာ ကျည်မရှိတော့၍ ကိုင်ထားတဲ့ သေနတ်တွေ ဒုတ် ဖြစ်ကုန်မှ စကစ ကို အရှူံးပေးပြီး ခေါင်းဆောင်တွေ အသေခံသွားရတဲ့ တချိန်က ပဲခူးရိုးမ ဗကပ တော်လှန်ရေးစံနမူနာက လည်းရှိနေတော့ NUG မှာ ကျည်မရှိဘူးဆိုတဲ့ ဒေါက်တာဆာဆာ ပြောတာအမှန်ဆိုရင် မြေပြင်မှာ အသက်စွန့်ပြီး တိုက်နေတဲ့ ဒေါက်တာဇော်ဝေစိုးတို့ မန်းဝင်ခိုင်သန်း နှစ်ယောက် က တချိန်က သခင်ဇင်၊ သခင်ချစ် နောက်ဆုံးထွက်သက်အထိ ပဲခူးရိုးမမှာ အသက်စွန့် အသေခံတိုက်ပြီးမှ အားလုံး ဆုံးရှူံးခဲ့ရတဲ့ သမိုင်းသင်ခန်းစာမျိုးကလည်းရှိနေတာဖြစ်၍ စစ်ကို ကျည်မရှိဘဲ အသေခံဆက်တိုက်ခြင်းကလည်း လုံးဝ မှန်သော အဖြေတော့ဟုတ်မနေဘူး။
ဒါကြောင့် ယခုရက်ပိုင်းမှာ NUG အတွင်းမှာ စကစနဲ့ နိုင်ငံတစ်နိူင်ငံကို ခံပြီးဆွေးနွေးချင်သူတွေက တဘက်၊ အထွေထွေထိုးစစ်ကြီးဆိုပြီး ဆက်တိုက်ချင်သူတွေ က တဘက် အာဏာပြိုင်နေကြပြီဟု ခန့်မှန်းရမှာပါ။
ထိုကနေ နှစ်အုပ်စုလုံးတိုင်ပင်ဆွေးနွေးပြီး vote ခွဲ၍ အဖြေတစ်ခုကို ချမှတ်မှသာ NUG အတွက် အကောင်းဆုံး အဖြေ ဖြစ်မယ် ဟု ခန့်မှန်းမိပါတယ်။