No, the idea that Islam spread by forced conversions under the sword is a simplistic and largely discredited narrative; while cases of forced conversion did occur, they were rare and violated Islamic principles. The spread of Islam was a complex process driven more significantly by factors like dawah (invitation), trade, migration, and the influence of key figures, where the religion was adopted over time through a combination of spiritual appeal, pragmatic reasons, and socio-cultural integration.
Primary factors in the spread of Islam
Dawah (invitation): The process of inviting others to Islam through patient and tolerant preaching was a central method.
Trade: Muslim merchants traveled along trade routes, sharing their faith, values, and way of life with non-Muslims in new regions.
Migration: Muslim communities who moved to new areas, whether as migrants, refugees, or even slaves, brought their religious knowledge and practices with them.
Influencers: The conversion of influential figures like social, political, or military leaders often drew their followers and subjects closer to Islam.
Social and political factors: In some cases, conversion was a pragmatic choice for social mobility, patronage, or to reduce taxes levied on non-Muslims.
Integration: Over long periods, the spread of Islam was also a socio-cultural process of diffusion and integration into a dominant Muslim civilization and its global networks.
အစ္စလာမ်
မွတ်စလင်
တမန်တော် မုဟမ္မဒ် (ဆွ)
အလ္လာဟ်အသျှင်မြတ်
ကုရ်အာန်
ကုန်သွယ်ရေး– မွတ်စလင် ကုန်သည်များသည် ကုန်သွယ်လမ်းကြောင်းများတလျှောက် ခရီးသွားကာ ဒေသသစ်များရှိ မွတ်စလင်မဟုတ်သူများနှင့် ၎င်းတို့၏ ယုံကြည်ခြင်း၊ တန်ဖိုးများနှင့် လူနေမှုပုံစံတို့ကို မျှဝေခဲ့ကြသည်။
ရွှေ့ပြောင်းနေထိုင်မှု– ဒေသသစ်များသို့ ပြောင်းရွှေ့သွားသော မွတ်စလင် အသိုင်းအဝိုင်းများသည်၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များ သို့မဟုတ် ကျွန်များအနေဖြင့်ပင် ဖြစ်စေ၊ ၎င်းတို့၏ ဘာသာရေး အသိပညာနှင့် ကျင့်ထုံးများကို သယ်ဆောင်လာခဲ့ကြသည်။
သြဇာလွှမ်းမိုးသူများ– လူမှု၊ နိုင်ငံရေး သို့မဟုတ် စစ်ရေးခေါင်းဆောင်များကဲ့သို့သော သြဇာလွှမ်းမိုးသည့် ပုဂ္ဂိုလ်များ၏ ဘာသာပြောင်းလဲမှုသည် မကြာခဏ ၎င်းတို့၏ နောက်လိုက်များနှင့် လက်အောက်ခံများကို အစ္စလာမ်ဘာသာသို့ ပို၍ နီးကပ်စေခဲ့သည်။
လူမှုရေးနှင့် နိုင်ငံရေး အချက်များ– အချို့ကိစ္စများတွင် ဘာသာပြောင်းလဲခြင်းသည် လူမှုရေးရာ တက်လှမ်းမှု၊ နောက်ခံအားပေးမှု သို့မဟုတ် မွတ်စလင်မဟုတ်သူများအပေါ် ကောက်ခံသည့် အခွန်ကို လျှော့ချရန် လက်တွေ့ကျသော ရွေးချယ်မှုတစ်ခု ဖြစ်သည်။
ပေါင်းစည်းမှု– ကာလကြာရှည်စွာတွင် အစ္စလာမ်ဘာသာ၏ ပျံ့နှံ့မှုသည် လွှမ်းမိုးသော မွတ်စလင် ယဉ်ကျေးမှုနှင့် ၎င်း၏ ကမ္ဘာ့ကွန်ရက်များထဲသို့ ပျံ့နှံ့မှုနှင့် ပေါင်းစည်းမှု၏ လူမှုယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု လည်းဖြစ်သည်။
*******************************
၃/ အစ္စလာမ် ဘာသာက ဒါးမိုးပြီး ကိုးကွယ်ခိုင်းထားတဲ့ ဘာသာလား?
မဟုတ်ပါ၊ အဲ့ဒါအချက်က မှားတယ်လို့ပဲ တခါတည်းပြောလိုက်မယ်။
အစ္စလာမ်ဘာသာ ပျံ့နှံ့မှုသည် ဓားဖြင့် အတင်းအကြပ် ဘာသာပြောင်းခိုင်းမှုအပေါ် အခြေမခံပါ။
အစ္စလာမ်ဘာသာသည် ဓားဖြင့် အတင်းအကြပ် ဘာသာပြောင်းခိုင်းခြင်းဖြင့် ပျံ့နှံ့ခဲ့သည် ဆိုသောအဆိုမှာ ရိုးရှင်းလွန်းပြီး အများအားဖြင့် ယုံကြည်စိတ်ချရမှု ကင်းမဲ့သော လုပ်ဇာတ်ဇာတ်တစ်ခု ဖြစ်သည်။
အဲ့ဒီလိုစပြောခဲ့ကြတာတွေက မွတ်စလင်မဟုတ်တဲ့ အခြား ဘာသာဝင်တွေကပြောနေကြတာ ဥပမာ-ဂျူးတို့ ခရစ်ယာန်ဘာသာဝင်တို့ စသဖြင့်ပေါ့။ အဲ့ဒီခေတ်ကအထူးသဖြင့် မွတ်စလင်တွေက သိပ်ကို အင်အားကောင်း လာပြီဆိုတော့ အဲ့ဒီလိုစပြီးပြောလာကြတာပဲ။ “မွတ်စလင်က ဒါးမိုးပြီး ကိုးကွယ်ခိုင်း တယ်” ဆိုပြီးတော့ လိမ်ညာဝါဒဖြန့် ပြောလာကြတာ။ အတင်းအကြပ် ဘာသာပြောင်းခိုင်းမှု ဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သော်လည်း ၎င်းတို့သည် ရှားပါးပြီး အစ္စလာမ် အခြေခံမူများကို ချိုးဖောက်ခြင်း ဖြစ်သည်။
မြန်မာပြည်တချို့ နယ်တွေမှာဆိုရင် တခါတလေ အစ္စလာမ် ဘာသာဝင်တွေကို အတင်း ဝက် သား စားခိုင်းတာ၊ ဗုဒ္ဓဘာသာထဲ ဝင်ခိုင်းတာတွေလဲရှိခဲ့ဘူးပါတယ်။ မဝင်ရင် ဝါးရင်းတုတ် နဲ့ ရိုက်သတ်မယ်၊ ဒါးနဲ့ခုတ်မယ် ရှစ်ခိုး ဆိုပြီး ပြောတော့ မရှစ်ခိုးပဲနဲ့ အ သေခံ သွားတဲ့ မွတ်စလင် တွေလည်းရှိခဲ့ ဘူးပါ တယ်။ အဲဒီလို မွတ်စလင်တွေကို နိုင်ထက်ဆီးနင်း လုပ်တာ တွေလဲ ရှိခဲ့တာပဲ။ မိတ္ထီလာမှာ ဖြစ်ခဲ့ တာ ဆိုရင် အားလုံးသိနေ တွေ့ကြတာပဲ. သတင်းဓါတ်ပုံတွေ ဗီဒီယိုမှတ် တမ်းတွေနဲ့ ရှိနေတာတွေ့ နေရ တာပဲ။ ဒီလိုမျိုးအကျင့်တွေက ဘိုးတော်ဘုရားလက်ထက်ကထဲကရှိခဲ့တာဗျာ။ မွတ်စလင်သူတော်စင်ကြီးလေးပါး ကိုဝက်သားမစားလို့ သတ်လိုက်တာ။ (၇) ရက် မိုးမှောင်ကြီးကျတော့မှ ပလီလေးလုံးဆောက်ပေးပြီး ငယ်သူငယ်ချင်း ဆရာကြီးဦးနုကို အစ္စလာမ်အကြောင်း သံတော်ဦးတင်ခိုင်းလို့၊ ဗမာမွတ်စလင်လောကမှာ ဂန္ထဝင် (၃) ခန်းကျမ်း (၁၁) ခန်းကျမ်း (၃၅) ခန်းကျမ်းစသဖြည့်ရေးသားဆက်သွင်းခဲ့ပါသည်။
စူရာ ဘကာရာ (၂-၂၅၆) မှာ-
“ဘာသာရေးမှာ အတင်း အဓမ္မ မလုပ်ရ” တိကျ ပြတ်သားစွာ အမိန့်ပေးထားပါသည်။
ဒါ့ကြောင့် အစ္စလာမ် ဘာသာမှာက အဲ့ဒီလိုအတင်းအကြပ် ဒါးမိုးပြီး ကိုးကွယ်ခိုင်းလို့မရဘူး။ အဲ့ဒီလို ဇွတ်ဘာသာ ပြောင်းခိုင်းတာ ကို တခါတလေ လုပ်ခဲ့တာရှိရင်တောင် အစ္စလာမ်ဥပဒေအရ အပစ်ဖြစ်တယ်။ မလုပ်ရပါဘူး၊ တားထား ပါတယ်။ ဒါက မွတ်စလင် တွေ အစ္စလာမ်ဘာသာဝင်တွေကို သိက္ခာကျအောင် ပြေတဲ့ စကားပေါ့လေ။ အစ္စလာမ် ရဲ့ ဥပဒေအရလည်း မရဘူး၊ ကွရ်အန်မှာလည်းအတိအလင်းပြောထားတယ်၊ “အစ္စလာမ် ဘာ သာမှာ ဇွတ်အတင်း လုပ်ခိုင်းပိုင် ခွင့်မရှိဘူး၊ ဘာသာ ဇွတ်မပြောင်းရဘူး၊ဇွတ်မလုပ်ရဘူး၊ ဆိုတာအတိအလင်း ပြတ်ပြတ်သားသား ပြောထား တားဆီးထားပါတယ်။
ထပ်ရှင်းရရင် အစ္စလာမ်ဘာသာက ဘာသာအတင်းဝင်ခိုင်းတာကို ခွင့်မပြုထားဘူး၊ လုပ်ရင်တောင်မှ တရားမ ဝင်ဘူး အပြစ်ထိုက်တယ်လို့ပြောထားတယ်။
အစ္စလာမ့်ဥပဒေပညာတွင်၊ မိမိ၏အသက်ကယ်တင်နိုင်ရန်အတွက် ဝက်သားစားခြင်း သို့မဟုတ် အရက်သောက်ခြင်းကဲ့သို့သော တားမြစ်ထားသည့် (ဟာရမ်) လုပ်ရပ်များကို ကျူးလွန်ခွင့်ပြုသည့် အခြေခံမူကို အဒ်-ဒါရူရာ (လိုအပ်ချက်) ဟု ခေါ်ဆိုသည်။ ကုရ်အာန်ကျမ်းအောက်ပါ အညွှန်းပိုဒ်များမှ ရယူထားသော အဓိကစည်းမျဉ်းမှာ –
“လိုအပ်ချက်များသည် တားမြစ်ထားသောအရာများကို ခွင့်ပြုနိုင်စေသည်” ဖြစ်သည်။
အဓိက ကုရ်အာန်ကျမ်းကိုးကားချက်များ
ကုရ်အာန်ကျမ်းတွင် ဤအခြေခံမူကို နေရာများစွာတွင် ဖော်ပြထားပြီး အလ္လာဟ်၏ သနားကြင်နာခြင်းနှင့် အသက်ကို ထိန်းသိမ်းခြင်း၏ အရေးပါမှုကို အလေးပေးထားသည်။ သက်ဆိုင်ရာ အခန်းငယ်များမှာ-
- Surah Al-Baqarah (2:173)
- Surah Al-Ma’idah (5:3)
- Surah Al-An’am (6:145)
- Surah Al-Nahl (16:115)
အသက်အန္တရာယ်ရှိသော အခြေအနေတွင် အခြားရွေးချယ်စရာမရှိလျှင်၊ ဝက်သား သို့မဟုတ် အရက်ကဲ့သို့သော တားမြစ်ထားသည့်အရာများကို မိမိအသက်ကယ်တင်ရန် စားသုံးခြင်းသည် ခွင့်ပြုနိုင်ပြီး ထိုအခြေအနေတွင် အပြစ်တစ်ရပ်အဖြစ် မသတ်မှတ်ပါ။
ဒီနေရာမှာ ကြားဖြတ်ပြီး မိတ်ဆွေများကြားမှာ အစ္စလာမ် မွတ်စလင် မဂိုဘုရင်များကြောင့် အိန္ဒိယတိုက်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရသည်ဟု ဝါဒဖြန့်အလွဲများကိုဖြေရှင်းပြလိုပါသည်။
အိန္ဒိယတိုက်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းများ (အကျဉ်းချုပ်)
က။ ဘုရင်တွေရဲ့အားပေးထောက်ခံမှု လျော့နည်းသွားတာဗုဒ္ဓဘာသာ ကို အာသောက၊ ကနီရှကာ စတဲ့ဘုရင်တွေရဲ့အားပေးမှုအပေါ် အလွန်မူတည်ခဲ့တယ်။ နောက်ပိုင်း (ဂုပတ) မင်းဆက်ရဲ့နောက် မင်းဆက်တွေက ဗြဟ္မဏဝါဒ/ဟိန္ဒူဘာသာကို ပြန်လည်အားပေးလာကြတဲ့အခါ ဘုန်းတော်ကြီးကျောင်းတွေ တဖြည်းဖြည်း ကျဆင်းလာရတယ်။
ခ။သံဃာအဖွဲ့အတွင်းပိုင်းအားနည်းလာရတဲ့အကြောင်း
ကြီးမား တဲ့ ဘုန်းတော်ကြီးကျောင်းတွေ စည်းစိမ်ကြွယ်ဝလာပြီး စည်းကမ်းတင်းကျပ်မှု လျော့နည်း သွားတယ်. သံဃာအချို့ရဲ့ ဘာသာရေးတရားထိုင် ဟောကြား သင်ပြ မှု လျော့နည်းလာတာကြောင့် လူထုရဲ့လေးစားမှုလည်း လျော့နည်းကာ မျိုးဆက်သစ်ကိုဖြန့်ဝေဖို့အင်အားလည်း နည်းလာရတယ်။
ဂ။ဟိန္ဒူဘာသာရဲ့ပြန်လည်အသက်ဝင်လာမှု့
ဟိန္ဒူဘာသာဟာ ကရုဏာ၊ အဟိံသ၊ သံဃာစနစ်၊ အယူအဆဆိုင်ရာ အမြင်များ စတဲ့ ဗုဒ္ဓဘာသာ အယူအဆတွေကို ထည့်သွင်းလက်ခံခဲ့တယ်။ ဗုဒ္ဓရုပွါးတော်ကို ဟိန္ဒူဘုရာစင်ပေါ်တင် ကိုးကွယ်စေပြီး ကိုးကွယ်စေတာနဲ့ တန်းညှိသိက္ခာချခဲတယ်။ ဗုဒ္ဓဘာသာဝင်အချို့ကို ဟိန္ဒူဘာသာဘက်ကို အောင်မြင်စွာ ပြန်လည်ဆွဲဆောင်ခဲ့ကြတယ်။ ဗအဒဝိုင်တ ဝေဒန္တ၊ ဘက်ခတီ လှုပ်ရှားမှုတွေကြောင့် လူထုအတွက် ပိုမိုလွယ်ကူ၊ စိတ်ခံစားမှုအခြေပြု ဘာသာရေးဖြစ်လာကာ ဗုဒ္ဓဘာသာဝင် အချို့ဟာ ဟိန္ဒူလူမှုအသိုင်းအဝိုင်းထဲသို့ တဖြည်းဖြည်း ပေါင်းစည်းသွားကြတယ်။
ဃ။လူမှုရေးနဲ့ဘာသာရေးပြောင်းလဲမှု
ဗုဒ္ဓဘာသာဟာ ဇာတ်ခွဲခြားမှုကို ဆန့်ကျင်ခဲ့ပေမဲ့ နောက်ပိုင်း ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းတွေမှာလည်း ဇာတ်စနစ် ပြန်လည်ပေါ်ပေါက်လာပါတယ်။ ဗြဟ္မဏ ပညာရှင်တွေရဲ့ ဦးဆောင်မှု ပြန်လည်ခိုင်မာလာပြီး ဒေသခံ အထက်တန်းလူမျိုးတွေရဲ့ ထောက်ခံမှုကို ပြန်လည်ရရှိလာခဲ့ပါတယ်။
င။အလယ်ခေတ်အရေးအခင်းတွေကြောင့်ဘုန်းတော်ကြီးကျောင်းတွေပျက်စီးမှု့
၁၂–၁၃ ရာစုတွေမှာ နာလန္ဒာ၊ ဝိက္ခရမရှီလာ၊ ဩဒန္တပူရီ စတဲ့ ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးတွေ ဖျက်ဆီးခံရပြီး သံဃာအများအပြားဟာ တီဘက် နီပေါကို ထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒီအကြောင်း ရင်းတွေဟာ ပျောက်ကွယ်မှုရဲ့ အဓိကအကြောင်းမဟုတ်ပေမဲ့နောက်ဆုံးအဆင့်ကို မြန်ဆန်စေ။
စ။ကုန်သွယ်ရေးလမ်းကြောင်းပြောင်းလဲတာကြောင့်
ဘုန်း တော်ကြီး ကျောင်းတွေဟာ ကုန်သွယ်ရေးအဖွဲ့တွေနဲ့ ဆိပ်ကမ်းလမ်းကြောင်းတွေအပေါ် မူတည် နေရာ ကုန်သွယ်ရေး ပုံစံပြောင်းလဲသွားတဲ့အခါ အထောက်အပံ့ လျော့နည်းလာရတယ်။
ဆ။အရှေ့ဘက်ဒေသတွေမှာဆက်လက်တည်ရှိနေမှု့
ဗုဒ္ဓဘာသာဟာ လုံးဝပျောက်ကွယ်သွားတာမဟုတ်ဘဲ အဖွဲ့အစည်းကြီးတွေသာ ပျောက်ကွယ် သွားခဲ့ ပါတယ်။ ဘင်္ဂါလ၊ အိုရစ်ဆာ၊ ကက်ရှမီးယားနဲ့ ဟိမဝန္တာ ဒေသတွေမှာ ၁၉ ရာစုအထိ အသေးစား အသိုင်း အဝိုင်းတွေ ဆက်လက်တည်ရှိခဲ့ပါတယ်။
အကျဉ်းချုပ်
အဓိကအကြောင်းရင်းတွေမှာ ဘုရင်တွေရဲ့ အားပေးမှု လျော့နည်းလာတာ၊ သံဃာအဖွဲ့ အားနည်း လာတာနဲ့ ပြန်လည်အသက်ဝင်လာသော ဟိန္ဒူဘာသာထဲကိုပေါင်းစည်းသွားတာ ဖြစပါတယ််။ ဘုန်း တော်ကြီးကျောင်းများ ဖျက်ဆီးခံရတာဟာ အရေးကြီးပေမဲ့ ဒုတိယအဆင့် အကြောင်းရင်းဖြစ်ပြီး ဗုဒ္ဓဘာသာဟာ ရာစုနှစ်များအတွင်း တဖြည်းဖြည်း ကျဆင်းသွားခြင်းသာ ဖြစ်ပါတယ်။
ယိုးဒယားတောင်ပိုင်း ကမလေးမွတ်စလင်တွေပိုင်တာကို ဗုဒ္ဓဘာသာ ယိုးဒယားကသိမ်းယူထားတာပါ။
နောက်ကြတော့ အင်ဒိုနီးရှား မလေးရှား။ ဒီနိုင်ငံတွေမှာဘယ်တုံးကမှ ဗုဒ္ဓဘာသာနိုင်ငံမထွန်းကားခဲ့ပါ။ ဟိန္ဒူဘာသာ မှ အစ္စလာမ် ကို ပြောင်းလဲလက်ခံလာကြခြင်းသာဖြစ်ပါတယ်တယ်။
အစ္စလာမ်ဘာသာ ပျံ့နှံ့မှုကဘာကြောင့်လည်းဆိုတော့ –
- ဖိတ်ခေါ်မှု၊
- ကုန်သွယ်ရေး၊
- ရွှေ့ပြောင်းနေထိုင်မှု၊ နှင့်
- အဓိက ပုဂ္ဂိုလ်များ၏ သြဇာလွှမ်းမိုးမှု
စသည့် အချက်များဖြင့် အခြေခံသော ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး၊ အစ္စလာမ်ဘာသာ ဘာသာရေးကို စိတ်ဓာတ်အသိတရား ပတ်ဝန်းကျင် ဆွဲဆောင်မှု၊ လက်တွေ့ကျသော အကြောင်းရင်းများနှင့် လူမှုယဉ်ကျေးမှု ပေါင်းစည်းမှု စသည်တို့၏ ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လက်ခံကျင့်သုံးလာခဲ့ကြခြင်း ဖြစ်သည်။
၁/ ဖိတ်ခေါ်မှု တရားပြခြင်း၊ (ဒါဝပ်) ဆိုတာကဖိတ် ခေါ်ခြင်း
လူတစ်ပါးကို အစ္စလာမ်ဘာသာသို့ စိတ်ရှည်စွာနှင့် သည်းခံပြီး တရားဟောခြင်းဖြင့် ဖိတ်ခေါ်သည့် လုပ်ငန်းစဉ်သည် အဓိက နည်းလမ်းတစ်ခု ဖြစ်သည်။
တဘလစ်ဂ် မှာဖိတ်ခေါ်တယ်ဆိုတာက တခြားဘာသာခြားလူတွေကိုမဖိတ်ခေါ်ဘူး။
တခုတော့ရှိတယ် ဒါကိုတရားပြတာပေါ့၊
၁/ အလ္လာဟ်အသျှင်မြတ် တပါးတည်းရှိတယ်၊
၂/ တမန်တော် မုဟမ္မဒ် (ဆွ)သည် အလ္လာဟ်အသျှင်မြတ်က စေလွတ်လိုက်တဲ့ တမန်တော် ဖြစ်တယ်။
အဲ့ဒါကြတော့ စိတ်ရှည်ရှည်နဲ့သည်းညီးခံပြီးတော့ အမြဲတတန်းဖိတ် ခေါ်ပေးတာ။
(က) မျက်မမြင်သူတောင်းစား ဂျူးတစ်ယောက် ဆီကိုတမန်တော်မြတ်က နေတိုင်းသွားပြီးတော့ အစား အသောက်ကျွေးတယ် အလှူပေးတယ်။ တမန်တော်မြတ်က အမြဲတန်းလုပ်လေ့ရှိတယ်။ တမန်တော်မြတ်ကွယ်လွန်ပြီးတဲ့ အချိန် မှာ ခလီဖာကြီး စွလ်တန် ကတခြားသာဝကတွေကို မေးတာ “တမန် တော်မြတ် အများဆုံး အမြဲမှန်မှန် လုပ်ခဲ့တဲ့ကောင်းမှု့က ဘာလဲ” ဆိုတော့ အဲ့ဒီမှာ ခစားနေကြတဲ့ သူတွေက အဲဒီ ဂျူးကြီးကို နေ့စဉ်စား စရာလေးတွေ သွားကျွေးတာဆိုတော့။ ငါလည်းလုပ်မယ် ဆိုပြီးတော့ ပြောတယ်။ အဲဒါ မွတ်စလင် စွလ်တန်ဘုရင်ကြီး အဲဒီသူတောင်းစားကြီးကို သွားပြီးတော့ကျွေးတဲ့ အချိန်မှာ သူတောင်းစားကြီးက “မဟုတ်ဘူးအရင်တုန်းက ကျွေးတဲ့လက်နဲ့ အခုမင်းလက်နဲ့ မတူဘူး” ဆိုပြီးတော့ ပြောတယ် ဘာကြောင့် လည်းဆိုတော့ အရင်တုန်းက ကျွေးတဲ့ လက်က ကြင်ကြင်နာနာရှိတယ် မင်းအခုကျွေးတဲ့ လက်နဲ့ တခြား စီပဲလို့ပြော လာတယ်။
(ခ) အဖွားကြီးတစ်ယောက်က တမန်တော်မြတ်အမည်တပ်ပြီးနေ့တိုင်းဆဲနေတယ်။ တမန်တောမြတ်က အဲ့ဒီအဖွားကြီးဆီကိုသွားပြီးတော့ ကူညီမှုတွေပေးတယ်။ ပစ္စည်းကူသယ်တယ် အလုပ်တွေ ကူလုပ် တယ်။ ဒါပေမဲ့ သူ့ကို အဖွားကြီးက တမန်တော် မှန်းမသိဘူးတဲ့။ နောက်ဆုံးပြန်တော့မယ်ဆိုမှ အဲဒါ ဘယ်သူလဲလို့ မေးတဲ့အခါကြတော့မှ အဲဒါ မုဟမ္မဒ် ပဲဆိုတာပြောလိုက်တော့ အဲဒီကြမှ သူက သူထင်ထားတာနဲ့ တခြားစီပါလားဆိုပြီးပြောတယ်။
တမန်တော်က အကျင်နာတရားနဲ့ တရားမျှတတာတွေ လုပ်ပြတယ်ဆိုရင် ကျနော်တို့က အဲ့ဒီအတိုင်း လုပ်ရမှာလေ အခုဟာကတော့ ကျနော်တို့မွတ်စလင်တွေကလဲပြင်ရမှာပေါ့ဗျာ။
ကိုယ့်အဆင့်အတန်းကို ကိုယ်ကပဲ သတ်မှတ်ရမှာပေါ့ မုတ်ဆိတ်ကြီးထားပြီး အရက်သောက်ပြ နေတာနဲ့ မဟုတ်တာတွေလုပ်နေတာနဲ့ အတိုးမစားရဘူးဆိုတာကို အတိုးတွေပေးစားကြနဲ့ အဲ့လိုတွေ မဖြစ်အောင်တော့ ကျနော်တို့တတွေ ကြိုးစားကြရမှာပေါ့။ ရှေးမွတ်စလင်တွေက အဲ့လိုလုပ်ပြခဲ့လို့ ကျနော်တို့အစ္စလာမ် က ပြန့်လာတာဗျ။ အခုခေတ်ကြတော့ ခင်ဗျားတို့ကျနော်တို့တွေ လုပ်တာသိပ်မဟုတ်ကြတော့လို့ မွတ်စလင်ကို မုန်းနေကြတာလဲ ပါမှာပေါ့။
၂/ နောက်တစ်ခုက အစ္စလာမ်ဘာသာ ပြန့်နှံ့တာက ကုန်သွယ်ရေးကြောင့်ပါ
မွတ်စလင်ကုန်သည်တွေက ပစ္စည်းတွေသယ် တနေရာက တနေရာ ခရီးတွေ သွားပြီး ကုန်ရောင်းကုန်ဝယ် လုပ်တယ်။
အရှေ့အလယ်ပိုင်း ကနေပြီးတော့ နောက်တရုတ်ပြည်အထိ ရောက်တယ်။ အခုရုရှားထဲမှာ ရှိတဲ့နေရာတွေ တရုတ်ပြည်ထဲမှာ ရှိတဲ့နေရာတွေ ဒေသတွေအထိသွားတယ်။ အိန္ဒိယကိုလာတယ်၊ အာဖဂန်နစ္စတန် ပါကစ်စတန်တို့ ဘင်္ဂလားဒေရှ် တို့ကိုလာတယ်။ နောက်ပိုင်း မလေးကျွန်ဆွယ် အင်ဒိုနီးရှား ဗီယက်နမ် တရုပ် (တရုပ် ကတဆင့် ကိုရီးယား ဂျပန်ကုန်သွယ်) ဥရောပ စပိန် မြေထဲပင်လယ် အာဖရိက အကုန်လုံး အနှံ့ ကုန်သွယ်ကြတယ်။
အဲလိုနိုင်ငံတွေမှာ ကုန်သည်တွေကလာတာများတယ်။ သူတို့တွေက အရောင်းအဝယ် တွေ လုပ်ကြ ရင်းနဲ့ ငါးကြိမ်နမာဇ် ဖတ်ကြတယ်၊ သန့်သန့် ရှင်းရှင်းနေကြတယ်၊ ရိုးရိုးသား သားနေတာ ကို ကြည့်ပြီး တော့ လူတော်တော်များများ လက်ခံလာကြတယ်အဲ့ဒီတော့ မွတ်စလင်တွေက အများကြီး ဖြစ် လာကြ တယ်။ အစ္စလာမ် ကိုလက်ခံလာကြတယ်
၃/ နေရာရွှေ့ ပြောင်းခြင်းပေါ့
ဟိုကနေဒီပြောင်းလာတယ်၊ နေရာရွှေ့ စီးပွါးရေးအရရွှေ့ပြောင်းခြင်းဖြစ်ရင်းနဲ့ မွတ်ဆလင်တွေ ရောက်လာကြတယ်။ အဲဒီစီးပွါးရေးအရ နေရာရွှေ့ပြောင်းခြင်းမှာကြတော့ လူဖြူလူမည်းရော အစုံပါတယ်။ စီးပွါးရေအရဆိုတာရှင်းပါတယ်။
ဒီလိုနဲ့ မွတ်စလင်တွေ မြန်မာပြည်ဖက်အထိရောက်လာတယ်။ ယိုးဒယားမှာကတော့ သိပ်မများဘူး ။
ရွှေ့ပြောင်းလာတဲ့မွတ်စလင်တွေ အမေရိကား၊ ဥရောပ၊ ကနေဒါ၊ သြစထရေးလီးယား၊ အမေရိကားမှာဆို ထောင်တွေထဲမှာ နီဂရိုးတွေ အစ္စလာမ် ဘာသာထဲဝင်လာတာ သိပ်များတာပဲ အိန္ဒိယမှာဆိုရင်လဲ ဇာတ်နိမ့်ဇတ်မြင့် ခွဲခြားတာမဟုတ်ပဲ တန်းတူဆက်ဆံမှု့တွေ လုပ်ကြတဲ့အခါကြတော့ အစ္စလာမ်ကို လက်ခံလာကြတဲ့ သူတွေများတယ်လို့ ပြောလို့ရတယ်။ အဲ့လိုပေါ့ အခြားဘာသာဝင်တွေ အစ္စလာမ် အကြောင်း မသိတဲ့လူတွေ အစွန်းရောက်တဲ့ လူတွေကတော့ အစ္စလာမ် မကောင်းကြောင်း ပြောနေကြတာပါပဲ။ တစ်တယ်တော့ အစ္စလာမ် ဘာသာက ငြိမ်းချမ်းမှုရှိတဲ့ ဘာသာတရားပါ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ လူအများဆုံးပြောင်းလဲ ကိုးကွယ် ယုံကြည် လာကြတာပေါ့။
ဒါပေမဲ ဗုဒ္ဓဘာသာထဲ ပြန်ပြောင်းသွားတာတွေလဲရှိကြတယ်။ ဒါကို ကုလား ဆိုပြီး လူလူခြင်းအဆင့် အတန်း ခွဲကြတာ လဲရှိတယ်။ ကျနော်တို့ မွတ်စလင်တွေထဲမှာလည်း ဒါကငါတို့ မွတ်စလင် မဟုတ်တဲ့ လူတွေ၊ တချို့ဆိုရင် အဓိပ္ပါယ်ကောက်လွဲနိုင်တဲ့ဟာတွေနဲ့ ပြောကြတာတွေရှိတယ်။ ‘ကာဖယ်’ ဘာ သာခြား ဆိုပြီးတော့ စကားကြီးကိုသုံးပြီးတော့၊ (အစ္စလာမ်ကို) မယုံကြည်တဲ့ လူတွေပေါ့လေ၊ အဲလိုမျိုး ပြောကြတဲအခါ၊ အပြောခံရတဲ့ လူတွေဘက်ကကြတော့ နာတယ်ဗျ။ အဲ့လိုမျိုးတော့ မခေါ်ကြပါနဲ့။ သူအနေနဲ့ အခြားဘာသာကိုယုံကြည် နေရင်လည်း သူ့ကို နားလည်ပေးကြလို့ရပါတယ်။ ဘာသာခြားက ဘာသာခြားပဲပေါ့၊ ဘာလို့ ကာဖယ်လို့ သုံးပြီးတော့ နှိမ့်ချပြီးတော့ ပြောနေ မှာလဲ? သူတို့တွေအသိမှာက ငါတို့ကိုနှိမ့် ချပြီးပြောတာ ငါတို့ကို ငရဲကိုသွားကြမဲ့ သူတွေလို့ပြောတာ။ အဲ့ဒီလို တွေဘာကြောင့် ပြောနေကြ တာလဲ?
ကျနော် ငယ်ငယ်က စာအုပ်တစ်အုပ်ဖတ်ခဲ့ဘူးပါတယ်. အဲ့ဒီစာ အုပ် လေးတော်တော် ကောင်းပါ တယ်၊ “ဒို့စံနမူ” ဆိုတာ အဲ့ဒါဆန်စက်ပိုင်ရှင်ဟာဂျီပါ။ သူက တကယ့်ကို တရားမျှတတာ လူတွေအားလုံး အပေါ်မှာ တရားမျှမျှတတနဲ့ နေထိုင်ကျင့်ကြံခဲ့တယ်၊ သိပ်စိတ် ဝင်စားဖို့ကောင်းတယ်။
အစ္စလာမ်တရားတော်အရ အလုပ်သမားတွေ ချွေး မခြောက်ခင် လုပ်ခကိုပေးတယ်။
နောက်တခုက ဆိုက်ကားစီးမယ် မြင်းလှည်းစီးမယ် အငှါးကားစီးမယ် ဆိုပါဆို့ ဒါမှမဟုတ် ပစ္စည်းသယ် ခိုင်းမယ်ဆိုရင် အရင်ဆုံးဘယ် လောက်ပေးရမလဲ မေးတယ် နောက်ပြီး သဘောတူထားတဲ့အတိုင်း ပေးရမယ် ပြီးတော့မှ ထပ်ပြီး တော့ငြင်းတာ စျေးဆစ်တာတွေ မလုပ်ရဘူး။
အစ္စလာမ်တရားတော်အရ အရောင်းအဝယ်မှာ ဘယ်လောက် မှန်လဲဆို တော့ ဝယ်တဲ့လူက ကြိုက်လို့ပြောတာကိုတောင်မှ ဒါကိုတော့မယူနဲ့ ဒီမှာအနာပါတယ်၊ ဟိုဟာကပိုကောင်းတယ်လို့ ပြောတယ်။ အဲလိုမျိုး ပေါ့ စံနမူနာပြပြီး လာဝယ်မဲ့လူကို ဒါကတော့ မကောင်းဘူး၊ အလေးမခိုးဘူး၊ ပစ္စည်းအမှန် ဈေးအမှန်နဲ့ ရောင်းတယ် ဝယ်တယ်ဆိုရင် ပြီးသွားတာပဲ မဟုတ်တာမလုပ်ဘူး ညာမလုပ်ဘူး ရွှံပိတ်မရောင်းဘူး ဆိုတာမျိူး ပေါ့လေ။
နောက်တစ်ခုကတော သြဇာလွှမ်းမိုးနိုင်မှုရှိသူတွေနဲ့ အရေးကြီးတဲ့လူတွေ
၃/ သြဇာလွှမ်းမိုးနိုင်မှုရှိသူများ (Influencers)
သြဇာလွှမ်းမိုးနိုင်မှုရှိသူတွေနှင့် အရေးကြီးတဲ့လူတွေ၊ အာဏာပိုင်တွေကြောင့် အစ္စလာမ်သာသနာ လျင်မြန်စွာ ပြန့်ပွါးလာပါတယ်။ အထူးသဖြင့် အင်ဒိုနီးရှားတို့ မလေးရှားတို့မှာ ဖြစ်တာက အဲ့ဒီအချိန်တုံးက စူလ်တန်တွေက အစ္စလာမ် ပြောင်းပြီးသက်ဝင်ယုံကြည် လိုက်တဲ့ အခါကြတော့ နောက်က လူတွေ သာမန်ပြည်သူ လူထုကပါ အစ္စလာမ်ဘာသာထဲကို လိုက်ပြောင်းလာကြပါတယ်။
အဲ့ဒါတွေကြောင့်လည်းပါတယ်၊ နောက်တော့ အချိန်ကာလကြာသွားတဲ့ အခါကြတော့ တဖြည်းဖြည်းနဲ့ အစ္စလာမ်ကို လက်သင့်ခံလာကြတာ ဘာကြောင့်လည်းဆိုတော့ ရှေးတုန်းက မွတ်စလင်ကြီးတွေရဲ့ ရိုးသား မှန်ကန်တရားမျှတတဲ့ ကျင့်စဉ်တွေကြောင့်ပေါ့။ တရားမျှတတယ်၊ အရောင်းအဝယ် မှန်ကန်တယ်၊ စံနမူပြလုပ်တယ် မဟုတ်တာမလုပ်ဘူး ဆိုတာတွေရယ်၊ နောက် ပြီးတော့သူတို့တတွေက တရားထိုင်တယ်၊ သူတို့ထဲမှာ သူတော်စင်ကြီးတွေပါလာတယ်။ မြန်မာပြည် ရောက်တဲ့ဟာလည်းအတူတူပဲ သူတို့ကိုဆူဖီ လို့ခေါ်ကြတယ်၊ မြို့တွေရွာတွေနဲ့ ကျွန်းတွေပေါ် မှာတောင်ရှိကြသေးတယ်။ သူတို့ရဲ့ သင်္ချိုင်းတွေဆိုရင် ဘာသာစုံကလာပြီးတော့ ကြည်ညို ဂါရဝပြု နေကြတာတွေတောင်ရှိသေးတာပဲ။ အလေးအမြတ်ထားကြတာပါ။
နောက်တော့မြန်မာပြည်မှာ မွတ်စလင်တွေ တဖြည်းဖြည်းနဲ့ များလာတာက အိန္ဒိယတိုက် နဲ့လည်း နီးကပ် စွာဆက်ဆံတာရော၊ တဖြည်းဖြည်းနဲ့ အင်္ဂလိပ်ကိုလိုနီဘဝမှာ တနိုင်ငံထဲလို ရောသွားတာလဲပါ တာပေါ့။ မြန်မာပြည်မှာမွတ်စလင်များများဖြစ်သွားတာ။
တခြားအကြောင်းဘာရှိသလဲဆိုတော့ မွတ်စလင်နိုင်ငံတွေထဲမှာနေပြီး မွတ်စလင် လုပ်လိုက်တယ်ဆို ရင်တော့ နေရထိုင်ရတာပိုလွယ် တာပေါ့မလေးရှားမှာဆိုရင်တော့ မွတ်စလင် ထဲကိုဝင်တယ် မွတ်စလင် အမျိုးသား အမျိုးသမီးနဲ့ ယူတယ်၊ မွတ်စလင် ဖြစ်တယ် မလေးစကားပြောတယ်ဆိုလိုက်ရင် သူတို့သား သ္မီးတွေကို ဘူမီပူထရာ ဆိုတဲ့အဆင့် ဆိုတာကို ပေးလိုက်တယ်ဆိုတော့ လူမှုရေးမှာ အဆင့်မြင့် သွားတာပေါ့။
မြန်မာပြည်ဗုဒ္ဓဘာသာကလည်း အဲဒီလိုပါပဲဗျာ။ မွတ်စလင်တွေ ပျက်သွားတော့ အဲ့လိုမျိုးပဲလေ ဒေါက်တာမောင်ဒီတို့ ဝန်ကြီးအဆင့်အထိဖြစ်ခဲ့တယ်လေဗျာ။ နောက် ဟာဂျီမ ဒေါ်ပုရဲ့ သမက် ဘသန်းဟက်တို့ ဝန်ကြီးတွေ ဖြစ်သွားကြတယ်ဗျာ။ အဲ့လိုမျိုးပေါ့ ပျက်သွားတယ်ဆိုရင် ရာထူးတွေတိုးပေးပြီး ပါမောက္ခတွေ ဖြစ်သွားတာ။ ကျနော်တို့ကတော့ မဖြစ်နိုင်ဘူပေါ့ဗျာ၊ ရတာမရတာကိုပြောတာမဟုတ်ဘူး၊ ဘာသာတော့ အပျက်မခံဘူးပေါ့။ မိတ္ထီလာမှာလိုပဲ အသေတာခံမယ်၊ ဘာသာတော့ အပျက်မခံဘူး ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။
တမန်တော်မြတ်လက်ထက်တုန်းက မွတ်စလင်တွေမှာကျတော့ ဇကဒ် ဆင်းရဲသားကြေး ပေးနေရတဲ့ အခါကြတော့ ဇကဒ် မပေးရတဲ့တဲ့ မွတ်စလင် မဟုတ်တဲ့ လူတွေက ပေးရတဲ့အခွန်က ပိုများတယ်။ သူတို့ အစ္စလမ်ဘာသာပြောင်းလိုက်တော့ အဲဒီအခွန်က လျော့သွားတဲ့အခါမှာ မွတ်စလင်လုပ်တဲ့ လူတွေ လည်းရှိတယ်။ မွတ်စလင်နိုင်ငံတွေ ဥပမာ အိုမန်မှာ ဒူဘိုင်း မှာအလုပ်လုပ် နေကြတဲ့ နေတဲ့သူတွေ တစ်တော့ ဖေ့စဘွတ်မှာလွှင့်နေကြတဲ့ မြန်မာအမျိုးသမီးတွေကို ရှာနားထောင်ကြည့်ပါ။ အဲ့ဒီနိုင်ငံတွေမှာ ဘယ်လိုတရားမျှတတယ်၊ ဘယ် လိုဆက် ဆံ တယ်၊ ဘာလိုနေရ ထိုင်ရ တယ်၊ ညဖက် တွေထွက်လည်လို့ရတယ်၊ ဘယ်လို နှောက်ယှက်တာမှ မရှိဘူးလို့။ အဲ့ဒါတွေ ပြော နေကြတာတွေ အများကြီးနော်။ အဲ့လိုနဲ့ပဲ နေတာကြာလာတော့လဲ မွတ်စလင်ဖြစ် သွားကြမှာပေါ့။
အဲ့ဒီ ရောက်လာပြီးနေထိုင် နေကြတဲ့ သူတွေထဲမှာ တရုပ်တွေ ကုလားတွေ မွတ်စလင်ဖြစ်သွား ကြတာ တွေ အများကြီးပဲ။ အဲ့လိုပဲ နေတာကြာလာတဲ့ အခါကြတော့ မွတ်စလင် တွေရဲ သဘောသတာဝကို သိလာ ကြပြီးသူတို့ဟာသူတိုယုံကြည်မှု့တွေရှိလာကြပြီး ဘာသာပြောင်းကြ တာတွေလဲ အများကြီး ရှိ လာကြ ပါတယ်။
ဒီလိုဘဲပေါ့ဗျာ၊ ဗမာပြည်မှာလည်း ဗုဒ္ဓဘာသာ ဖြစ်ကုန်ကြတဲ့ သူတွေလည်းအများကြီးပါပဲ။
ဒါ့ကြောင့် အစ္စလာမ်က ဒါးမိုးပြီး မကိုးကွယ်ခိုင်းပါဘူးလို့ အခိုင်အမာ ပြောခွင့်ပြုပါ။