Q/A No. 3. Had spread of Islam based on FORCED CONVERSIONS under sword?

No, the idea that Islam spread by forced conversions under the sword is a simplistic and largely discredited narrative; while cases of forced conversion did occur, they were rare and violated Islamic principles. The spread of Islam was a complex process driven more significantly by factors like dawah (invitation), trade, migration, and the influence of key figures, where the religion was adopted over time through a combination of spiritual appeal, pragmatic reasons, and socio-cultural integration. 

Primary factors in the spread of Islam

Dawah (invitation): The process of inviting others to Islam through patient and tolerant preaching was a central method.

TradeMuslim merchants traveled along trade routes, sharing their faith, values, and way of life with non-Muslims in new regions.

Migration: Muslim communities who moved to new areas, whether as migrants, refugees, or even slaves, brought their religious knowledge and practices with them.

Influencers: The conversion of influential figures like social, political, or military leaders often drew their followers and subjects closer to Islam.

Social and political factors: In some cases, conversion was a pragmatic choice for social mobility, patronage, or to reduce taxes levied on non-Muslims.

Integration: Over long periods, the spread of Islam was also a socio-cultural process of diffusion and integration into a dominant Muslim civilization and its global networks. 

၃/ အစ္စလာမ် ဘာသာက ဒါးမိုးပြီး ကိုးကွယ်ခိုင်းထားတဲ့ ဘာသာလား?

အဲ့ဒါမဟုတ်ဘူးလို့ပဲ တခါတည်းပြောလိုက်မယ်။

အဲ့ဒီလိုပြောနေကြတာတွေက မွတ်စလင်မဟုတ်သော အခြား ဘာသာဝင်တွေကပြောနေကြတာ ဥပမာ-ဂျူးတို့ ခရစ်ယာန်ဘာသာဝင်တို့ စသဖြင့်ပေါ့။ အဲ့ဒီခေတ်ကအထူးသဖြင့် မွတ်စလင်တွေက သိပ်ကို အင်အားကောင်း လာပြီဆိုတော့ အဲ့ဒီလိုစပြီးပြောလာကြတာပဲ။ “မွတ်စလင်က ဒါးမိုးပြီး ကိုးကွယ်ခိုင်းတယ်” ဆိုပြီးတော့ လိမ်ညာဝါဒဖြန့် ပြောလာကြတာ။

 မြန်မာပြည်တချို့ နယ်တွေမှာဆိုရင် တခါတလေ အစ္စလာမ် ဘာသာဝင်တွေကို အတင်း ဝက်သားစားခိုင်းတာ၊ ဗုဒ္ဓဘာသာထဲ ဝင်ခိုင်းတာတွေလဲရှိခဲ့ဘူးပါတယ်။ မဝင်ရင်  ဝါးရင်းတုတ် နဲ့ ရိုက်သတ်မယ်၊ ဒါးနဲ့ခုတ်မယ် ရှစ်ခိုး ဆိုပြီး ပြောတော့ မရှစ်ခိုးပဲနဲ့ အ သေခံ သွားတဲ့ မွတ်စလင်တွေလည်းရှိခဲ့ဘူးပါတယ်။ အဲဒီလို မွတ်စလင်တွေကို နိုင်ထက်ဆီးနင်း လုပ်တာ တွေလဲ ရှိခဲ့တာပဲ။ မိတ္ထီလာမှာ ဖြစ်ခဲ့တာဆိုရင် အားလုံးသိနေတွေ့ကြတာပဲ သတင်းဓါတ်ပုံတွေ ဗီဒီယိုမှတ် တမ်းတွေနဲ့ ရှိနေတာတွေ့နေရတာပဲ။

တကယ်တော့ အစ္စလာမ် ဘာသာက အဲ့ဒီလိုအတင်းအကြပ် လုပ်လို့ မရဘူး။ အဲ့ဒီလို ဇွတ်ဘာသာပြောင်းခိုင်းတာ ကို တခါတလေ လုပ်ခဲ့တာရှိရင်တောင် အစ္စလမ်ဥပဒေအရ မလုပ်ရပါဘူး တားထားပါတယ်။ ဒါက မွတ်စလင် တွေ အစ္စလာမ်ဘာသာဝင်တွေကို သိက္ခာကျအောင် ပြေတဲ့ စကားပေါ့လေ။ အစ္စလာမ် ရဲ့ ဥပဒေအရလည်း မရဘူး၊ ကွရ်အန်မှာလည်းအတိအလင်းပြောထားတယ်၊ “အစ္စလာမ်ဘာသာမှာ ဇွတ်အတင်း လုပ်ခိုင်းပိုင် ခွင့်မရှိဘူး၊ ဘာသာ ဇွတ်မပြောင်းရဘူး၊ဇွတ်မလုပ်ရဘူး၊ ဇွတ်မခိုင်းရဘူး၊ အဲ့ဒီလိုလုပ်တဲ့ ဟာမရဘူး၊  အလို မတူ ပဲဇွတ်မလုပ်ရဘူးဆိုတာအတိအလင်း ပြတ်ပြတ်သားသား ပြောထား တားဆီးထားပါတယ်။

နောက်ပြီးအစ္စလာမ်ဘာသာက ဘာသာအတင်းဝင်ခိုင်းတာကို ခွင့်မပြုထားဘူး၊ လုပ်ရင်တောင်မှ တရားမဝင်ဘူး အပြစ်ထိုက်တယ်လို့ပြောထားတယ်။

အဲ့ဒီတော့ မွတ်စ္စလင် တွေဘာသာပြန့်တာက ဘာကြောင့်လည်းဆိုတော့…

၁/ဖိတ်ခေါ်မှု တရားပြခြင်း

တဘလစ်ဂ် မှာဖိတ်ခေါ်တယ်ဆိုတာက တခြားဘာသာခြားလူတွေကိုမဖိတ်ခေါ်ဘူး။

တခုတော့ရှိတယ် ဒါကိုတရားပြတာပေါ့၊

အလ္လာတပါး တည်းရှိတယ်

တမန်တော်မြတ်က အလ္လာအသျှင်မြတ်က စေလွတ်လိုက်တဲ့ အလ္လာ့တမန်တော် ဖြစ်တယ်

နောက်တစ်ခုက အစလာမ်တွေပြန့်နှံ့တာက ကုန်သွယ်ရေးကြောင့်ရယ်

၂/မိုက်ကရေးရှင်းခေါ် နေရာရွှေ့ ပြောင်းခြင်းပေါ့

ဟိုကနေဒီပြောင်း လာတယ်၊ မိုက်ကရေးရှင်း နေရာရွှေ့ ပြောင်းခြင်းဖြစ်ရင်းနဲ့ အဲဒီကနေပါလာတယ်၊ မွတ်ဆလင်တွေရောက်လာကြတယ်။ အဲဒီ နေရာရွှေ့ ပြောင်းခြင်းမှာကြတော့ လူဖြူလူမည်းရော အစုံပါတယ်။ အီကော်နေမစ် မိုက်ကရေးရှင်းပေါ့။

Influencers: The conversion of influential figures like social, political, or military leaders often drew their followers and subjects closer to Islam.

၃/သြဇာလွှမ်းမိုးနိုင်မှုရှိသူများ (Influencers)

သြဇာလွှမ်းမိုးနိုင်မှုရှိသူတွေနှင့် အရေးကြီးတဲ့လူတွေ၊ အထူးသဖြင့် အင်ဒိုနီးရှားတို့ မလေးရှားတို့မှာဖြစ်တာက အဲ့ဒီအချိန်တုံးက စွလ်တန်တွေက အစ္စလာမ် ပြောင်းပြီးသက်ဝင်ယုံကြည် လိုက်တဲ့ အခါကြတော့နောက်က လူတွေကပါလိုက်ပြောင်းလာတယ်။ အဲ့ဒါတွေကြောင့်လည်းပါတယ် နောက်တော့အချိန်ကာလကြာသွားတဲ့ အခါကြတော့ တဖြည်းဖြည်းနဲ့ အစ္စလာမ် လက်သင့်ခံလာကြတာဘာကြောင့်လည်းဆိုတော့ ရှေးတုန်းက မွတ်ဆလင်ကြီးတွေရဲ့ ကျင့်စဉ်ကြောင့်ပေါ့၊ တရားမျှတတယ်၊ အရောင်းအဝယ် မှန်ကန်တယ်၊စံနမူပြလုပ်တယ် မဟုတ်တာမလုပ်ဘူးဆိုတာတွေရယ် နောက်ပြီးသူတို့တတွေကတရားထိုင်တယ်၊ သူတို့ထဲမှာ သူတော်စင်ကြီးတွေပါလာတယ် ဆိုပြီးတော့ ပြောကြတယ်။ မြန်မာပြည် ရောက်တဲ့ဟာလည်းအတူတူပဲ သူတို့ကိုဆူဖီ လို့တောင်ပြောကြတယ်၊ ကျွန်းတွေပေါ် မှာတောင်ရှိကြသေးတယ်။ သူတို့ရဲ့ သင်္ချိုင်းတွေဆိုရင် ဘာသာစုံကလာပြီးတော့ ကြည်ညို ဂါရဝပြု နေကြတာတွေတောင်ရှိသေးတာပဲ။ အလေးအမြတ်ထားသလို ဖြစ်သွားတာ။

နောက်တော့မြန်မာပြည်မှာ မွတ်စလင်တွေ တဖြည်းဖြည်းနဲ့ များလာတာက အိန္ဒိယတိုက် နဲ့လည်းနီးကပ်စွာဆက်ဆံတာရော တဖြည်းဖြည်းနဲ့ အင်္ဂလိပ်ကိုလိုနီဘဝမှာ တနိုင်ထဲလိုရောသွားတာလဲ ပါတာပေါ့။ မြန်မာပြည်မှာမွတ်စလင်များများဖြစ်သွားတာ။

အဲ့ဒီတော့ ဒါဝါ ဆိုတာကဖိတ် ခေါ်ခြင်း

အဲ့ဒါကြတော့ စိတ်ရှည်ရှည်နဲ့သည်းညီးခံပြီးတော့ အမြဲတတန်းဖိတ် ခေါ်ပေးတာ

(က) မျက်မမြင်သူတောင်းစားနဲ့ ဂျူးတစ်ယောက် တမန်တော်မြတ်က နေတိုင်းသွားပြီးတော့ အစား အသောက်ကျွေးတယ် လှူပေးတယ်။ တမန်တော်မြတ်က အမြဲတန်းလုပ်လေ့ရှိတယ်။ ဂျူးအဖိုးကြီး ကလည်းတမန်တော်မြတ်ကွယ်လွန်ပြီးတဲ့ အချိန် မှာ ခလီဖာကြီး စွလ်တန် ကမေးတာ တမန်တော်မြတ် အများဆုံး လုပ်ခဲ့တဲ့ကောင်းမှု့ကဘာလဲဆိုတော့  အဲဒီ ဂျူးကြီးကို နေစဉ်စားစရာလေးတွေသွားကျွေးတာဆိုတော့ ငါလည်းလုပ်မယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါ မွတ်စလင် စွလ်တန် ဘုရင်ကြီး  သူက အဲဒီသူတောင်းစားကြီးကို သွားပြီးတော့ကျွေးတဲ့ အချိန်မှာ “မဟုတ်ဘူးအရင်တုန်းက ကျွေးတဲ့ လက်နဲ့ အခုမင်း လက် နဲ့ မတူဘူး” ဆိုပြီးတော့ ပြောတယ် ဘာကြောင့်လည်းဆိုတော့ အရင်တုန်းက ကျွေးတဲ့ လက်က ကြင်ကြင်နာနာရှိတယ် မင်းအခုကျွေးတဲ့ လက်နဲ့ တခြား စီပဲလို့ပြော လာတယ်။

(ခ) အဖွားကြီးတစ်ယောက်က တမန်တော်မြတ်အမည်တပ်ပြီးနေ့တိုင်းဆဲနေတယ်။ တမန်တော်မြတ်ကသွားပြီးတော့ ကူညီမှု့တွေပေးတယ်၊ ပစ္စည်းကူသယတယ် အလုပ်တွေကူတယ်။ဒါပေမဲ့ သူ့ကို အဖွားကြီးကတမန်တော် မှန်းမသိဘူးတဲ့။ နောက်ဆုံးပြန်တော့မယ်ဆိုမှ အဲဒါဘယ်သူလဲလို့ မေးတဲ့အခါကြတော့မှ အဲဒါ တမန်တော်မိုဟာမက် ပဲဆိုတာပြောလိုက်တော့ အဲဒီကြမှ သူက သူထင်ထားတာနဲ့ တခြားစီပါလားဆိုပြီးပြောတယ်။

တမန်တော်က အကျင်နာတရားနဲ့ တရားမျှတတာတွေ  လုပ်ပြတယ်ဆိုရင် ကျနော်တို့က အဲ့ဒီအတိုင်း လုပ်ရမှာလေ အခုဟာကတော့ မွတ်စလင်တွေကလဲပြင်ရမှာပေါ့ဗျာ။

ကိုယ့်အဆင့်အတန်းကိုကပဲ သတ်မှတ်ရမှာပေါ့

မုတ်ဆိတ်ကြီးထားပြီး အရက်သောက်ပြနေတာနဲ့

မဟုတ် တရုပ် တွေလုပ်နေတာနဲ့

အတိုးမစားရဘူးဆိုတာအတိုးတွေစားကြနဲ့

အဲ့လိုတွေ မဖြစ် အောင်တော့ ကျနော်တို့တတွေကြိုးစားကြရမှာပေါ့

ရှေးမွတ်စလင် တွေကအဲ့လိုလုပ်ပြခဲ့လို့ ကျနော် တို့ အစ္စလာမ် က ပြန့်လာ တာဗျ.

အခုခေတ်ကြတော့ ခင်ဗျားတို့ ကျနော်တို့တွေ လုပ်တာသိပ်မဟုတ်ကြတော့လို့ မွတ်စလင် ကိုမုန်းနေကြတာလဲပါမှာပေါ့။

နောက်တချက် ကုန်သွယ်ရင်းနဲ့ မွတ်စလင် ကုန်သည်တွေက ကုန်ရောင်းကုန်ဝယ်လုပ်တယ်။

အရှေ့ အလယ် ပိုင်းကနေပြီးတော့နောက်တရုတ်ပြည် အထိရောက်တယ်

အခုရုရှားထဲမှာရှိတဲ့နေရာတွေ တရုတ်ပြည်ထဲမှာ ရှိတဲ့နေရာတွေဒေသတွေအထိသွားတယ်.

အိန္ဒိယကိုလာတယ်၊ အာဖဂန်နစ္စတန် ပါကစ်စတန်တို့ ဘင်္ဂလားဒေရှ် တို့ကိုလာတယ်

အိန္ဒိယတိုက်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းများ (အကျဉ်းချုပ်)

က။ ဘုရင်များ၏ အားပေးထောက်ခံမှု လျော့နည်းသွားခြင်း
ဗုဒ္ဓဘာသာသည် အာသောက၊ ကနီရှကာ စသော ဘုရင်များ၏ အားပေးမှုအပေါ် အလွန်မူတည်ခဲ့သည်။ နောက်ပိုင်း ဂုပတ မင်းဆက်နှင့် ထို့နောက် မင်းဆက်များက ဗြဟ္မဏဝါဒ/ဟိန္ဒူဘာသာကို ပြန်လည်အားပေးလာသောအခါ ဘုန်းတော်ကြီးကျောင်းများ တဖြည်းဖြည်း ကျဆင်းလာ။

ခ။ သံဃာအဖွဲ့ အတွင်းပိုင်း အားနည်းလာခြင်း
ကြီးမားသော ဘုန်းတော်ကြီးကျောင်းများ စည်းစိမ်ကြွယ်ဝလာပြီး စည်းကမ်းတင်းကျပ်မှု လျော့နည်းသွားသည်။ သံဃာအချို့၏ ဘာသာရေးတရားထိုင် ဟောကြား သင်ပြ မှု လျော့နည်းလာသဖြင့် လူထု၏ လေးစားမှုလည်း လျော့နည်းကာ မျိုးဆက်သစ်သို့ ဖြန့်ဝေရန် အင်အားလည်း နည်းလာ။

ဂ။ ဟိန္ဒူဘာသာ၏ ပြန်လည်အသက်ဝင်လာခြင်း
ဟိန္ဒူဘာသာသည် ကရုဏာ၊ အဟိံသ၊ သံဃာစနစ်၊ အယူအဆဆိုင်ရာ အမြင်များ စသည့် ဗုဒ္ဓဘာသာ အယူအဆများကို ထည့်သွင်းလက်ခံခဲ့သည်။ ဗုဒ္ဓရုပွါးတော်ကို ဟိန္ဒူဘုရာစင်ပေါ်တင် ကိုးကွယ်စေပြီး ကိုးကွယ်စေခြင်းဖြင့်  တန်းညှိသိက္ခာချခဲ့သည်။ ဗုဒ္ဓဘာသာဝင်အချို့ကို ဟိန္ဒူဘာသာဘက်သို့ အောင်မြင်စွာ ပြန်လည်ဆွဲဆောင်ခဲ့ကြသည်။ ဗအဒ္ဝိုင်တ ဝေဒန္တ၊ ဘက်ခတီ လှုပ်ရှားမှုများကြောင့် လူထုအတွက် ပိုမိုလွယ်ကူ၊ စိတ်ခံစားမှုအခြေပြု ဘာသာရေးဖြစ်လာကာ ဗုဒ္ဓဘာသာဝင် အချို့သည် ဟိန္ဒူလူမှုအသိုင်းအဝိုင်းထဲသို့ တဖြည်းဖြည်း ပေါင်းစည်းသွား။

ဃ။ လူမှုရေးနှင့် ဘာသာရေး ပြောင်းလဲမှုများ
ဗုဒ္ဓဘာသာသည် ဇာတ်ခွဲခြားမှုကို ဆန့်ကျင်ခဲ့သော်လည်း နောက်ပိုင်း ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းများတွင်လည်း ဇာတ်စနစ် ပြန်လည်ပေါ်ပေါက်လာသည်။ ဗြဟ္မဏ ပညာရှင်များ၏ ဦးဆောင်မှု ပြန်လည်ခိုင်မာလာပြီး ဒေသခံ အထက်တန်းလူမျိုးများ၏ ထောက်ခံမှုကို ပြန်လည်ရရှိခဲ့သည်။

င။ အလယ်ခေတ် အရေးအခင်းများကြောင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးခြင်း
၁၂–၁၃ ရာစုများတွင် နာလန္ဒာ၊ ဝိက္ခရမရှီလာ၊ ဩဒန္တပူရီ စသော ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီးများ ဖျက်ဆီးခံရပြီး သံဃာအများအပြားသည် တီဘက်နှင့် နီပေါသို့ ထွက်ပြေးခဲ့ရသည်။ ယင်းအကြောင်းရင်းသည် ပျောက်ကွယ်မှု၏ အဓိကအကြောင်းမဟုတ်သော်လည်း နောက်ဆုံးအဆင့်ကို မြန်ဆန်စေ။

စ။ ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းလဲခြင်း
ဘုန်းတော်ကြီးကျောင်းများစွာသည် ကုန်သွယ်ရေးအဖွဲ့များနှင့် ဆိုင်ကမ်းလမ်းကြောင်းများအပေါ် မူတည်နေရာ ကုန်သွယ်ရေး ပုံစံပြောင်းလဲသွားသောအခါ အထောက်အပံ့ လျော့နည်းသွား။

ဆ။ အရှေ့ဘက်ဒေသများတွင် ဆက်လက်တည်ရှိနေခြင်း
ဗုဒ္ဓဘာသာသည် လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ အဖွဲ့အစည်းကြီးများသာ ပျောက်ကွယ်သွားခဲ့သည်။ ဘင်္ဂါလ၊ အိုရစ်ဆာ၊ ကက်ရှမီးယားနှင့် ဟိမဝန္တာ ဒေသများတွင် ၁၉ ရာစုအထိ အသေးစား အသိုင်းအဝိုင်းများ ဆက်လက်တည်ရှိခဲ့သည်။

အကျဉ်းချုပ်
အဓိကအကြောင်းရင်းများမှာ ဘုရင်များ၏ အားပေးမှု လျော့နည်းခြင်း၊ သံဃာအဖွဲ့ အားနည်းလာခြင်းနှင့် ပြန်လည်အသက်ဝင်လာသော ဟိန္ဒူဘာသာထဲသို့ ပေါင်းစည်းသွားခြင်း ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရခြင်းသည် အရေးကြီးသော်လည်း ဒုတိယအဆင့် အကြောင်းရင်းဖြစ်ပြီး ဗုဒ္ဓဘာသာသည် ရာစုနှစ်များအတွင်း တဖြည်းဖြည်း ကျဆင်းသွားခြင်းသာ ဖြစ်သည်။

မြန်မာပြည်ဖက်အထိရောက်လာတယ်

ယိုးဒယားကတော့သိပ်မများဘူး ။ ယိုးဒယားတောင်ပိုင်း ကမလေးမွတ်စလင်တွေပိုင်တာကို ဗုဒ္ဓဘာသာ ယိုးဒယားကသိမ်းယူထားတာပါ။

နောက်ကြတော့ အင်ဒိုနီးရှား မလေးရှား။ ဒီနိုင်တွေမှာဘယ်တုံးကမှ ဗုဒ္ဓဘာသာနိုင်ငံမထွန်းကားခဲ့ပါ။ ဟိန္ဒူဘာသာ မှ အစ္စလာမ် ကို ပြောင်းလဲလက်ခံလာကြခြင်းသာဖြစ်ပါတယ်တယ်။

အဲလိုနိုင်ငံတွေမှာ ကုန်သည်တွေကလာတာများတယ်။ သူတို့တွေက အရောင်းအဝယ် တွေ လုပ်ကြ ရင်းနဲ့ ငါးကြိမ်နမာဇ် ဖတ်ကြတယ်၊ သန့်သန့် ရှင်းရှင်းနေကြတယ်၊ ရိုးရိုးသား သားနေတာ ကို ကြည့်ပြီး တော့ လူတော်တော်များများ လက်ခံလာကြတယ်

အဲ့ဒီတော့ မွတ်စလင်တွေက အများကြီး ဖြစ် လာကြ တယ်

အစ္စလာမ် ကိုလက်ခံလာကြတယ်

ရွှေ့ပြောင်းလာမွတ်စလင်တွေ အမေရိကား ဥရောပ ကနေဒါ သြစထရေလီးယား

အမေရိကားမှာဆို ထောင်တွေထဲမှာ နီဂရိုးတွေ ဘာသာဝင်လာတာသိပ်များတာပဲ

အိန္ဒိယမှာဆိုရင်လဲ ဇာတ်နိမ့် ဇတ်မြင့် ခွဲခြားတာမဟုတ်ပဲတန်းတူဆက်ဆံမှု့တွေ လုပ်ကြတဲ့အခါကြတော့ အစ်စလမ် ကိုလက်ခံ လာကြတဲ့ တွေများတယ်လို့ပြောလို့ရတယ်

အဲ့လိုပေါ့ အခြားဘာသာဝင်တွေ အစ္စလာမ် အကြောင်းမသိတဲ့လူတွေ အစွန်းရောက်တဲ့ လူတွေကတော့ အစ္စလာမ် မကောင်းကြောင်းပြောနေကြတာပါပဲ။ တစ်တယ်တော့ အစ္စလာမ် ဘာသာက ငြိမ်းချမ်းမှု့ရှိတဲ့ ဘာသာတရားပါ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ လူအများဆုံးပြောင်းလဲ ကိုးကွယ် ယုံကြည် လာကြတာပေါ့။

ဒါပေမဲ ဗုဒ္ဓဘာသာထဲ ပြန်ပြောင်းသွားတာတွေလဲရှိကြတယ်။ ဒါကကုလား ဆိုပြီး လူလူခြင်းအဆင့် အတန်း ခွဲကြတာ လဲရှိတယ်။

ကျနော်တို့ မွတ်စလင်တွေထဲမှာလည်း ဒါကငါတို့ မွမွတ်စလင် မဟုတ်တဲ့လူတွေ တချို့ဆိုရင် အဓိပ္ပါယ်

ကောက်လွဲ နိုင်တဲ့ဟာတွေ နဲ့ပြောကြတာတွေရှိတယ်။ ကာဖယ် ဆိုပြီတော့ စကားကြီးကိုသုံးပြီးတော့ မယုံကြည်တဲ့ လူပေါ့လေ. အဲလိုမျိုး ပြောကြတဲအခါ အပြောခံရတဲ့ လူတွေဘက် ကကြတော့ နာတယ်ဗျ။ အဲ့လိုမျိုးတော့ မခေါ်ကြပါနဲ့ ။သူအနေနဲ့ အခြားဘာသာကိုယုံကြည် နေရင်လည်း သူကို နားလည်ပေးကြလို့ရပါ တယ်၊ဘာသာခြားက ဘာသာခြား ပဲပေါ့၊ ဘာ လို့ ကာဖယ်လို့ သုံးပြီးတော့ နှိမ့်ချပြီးတော့ ပြောနေ မှာလဲ? သူတို့တွေအသိမှာက ငါတို့ကိုနှိမ့်ချပြီးပြောတာ ငါတို့ကို ငရဲကိုသွားကြမဲ့ သူတွေလို့ပြောတာ။ အဲ့ဒီလို တွေ ဘာ ကြောင့် ပြောနေကြ တာလဲ?

ကျနော် ငယ်ငယ်က စာအုပ်တစ်အုပ်ဖတ်ခဲ့ဘူးပါတယ်. အဲ့ဒီစာ အုပ် လေးတော်တော် ကောင်းပါ တယ်၊ “ဒို့စံနမူ” ဆိုတာ အဲ့ဒါဆန်စက်ပိုင်ရှင်နဲ့ ဟာဂျီပါ။ သူက တကယ့်ကို တရားမျှတတာ    လူတွေအား လုံး အပေါ်မှာ တရားမျှမျှတတနဲ့နေထိုင်ကျင့်ကြံခဲ့တယ်၊ သိပ်စိတ် ဝင်စားဖို့ကောင်းတယ်။

အလုပ် သမား တွေ ချွေး မခြောက်ခင် လုပ်ခကိုပေးတယ်

နောက်တခုက ဆိုက်ကားစီးမယ် မြင်းလှည်းစီးမယ် ဆိုပါဆို့ ပစ္စည်းသယ် ခိုင်းမယ်ဆိုရင်   အရင်ဆုံးဘယ် လောက်ပေးရမလဲမေး မနာက်ပြီးသဘောတူထားအတိုင်းပေးရမယ် ပြီးတော့မှ ထပ်ပြီးတော့ငြင်းတာ စျေးဆစ်တာတွေ မလုပ်ရဘူး

အရောင်းအဝယ်မှာ ဘယ်လောက် မှန်လဲဆို တော့ ဝယ်တဲ့လူက ကြိုက်လို့ပြောတာ ဒါကိုတော့မယူနဲ့ ဒီမှာအနာပါတယ်၊ ဟိုဟာကပိုကောင်းတယ်။အဲလိုမျိုး ပေါ့ စံနမူနာပြပြီး လာဝယ်မဲ့လူကို ဒါကတော့မကောင်းဘူး၊ အလေးမခိုးဘူး၊ ပစ္စည်းအမှန် ဈေးအမှန်နဲ့ ရောင်း တယ် ဝယ်တယ်ဆိုရင်ပြီးသွားတာပဲ မဟုတ်တာမလုပ်ဘူး ညာမလုပ်ဘူး ရွှံပိတ်မရောင်းဘူး ဆိုတာမျိူး ပေါ့လေ

နောက်တစ်ခုကတော သြဇာလွှမ်းမိုးနိုင်မှုရှိသူတွေနှင့် အရေးကြီးတဲ့လူတွေ

တခြားဟာဘာရှိသလဲဆိုတော့မွတ်စလင်နိုင်ငံတွေထဲမှာနေပြီး မွတ်စလင် လုပ်လိုက်တယ်ဆိုတော့နေရထိုင်ရတာပိုလွယ် တာပေါ့

ဒီမလေးရှားမှာဆိုရင်တော့ မွတ်စလင် ထဲကိုဝင်တယ် မွတ်စလင် အမျိုးသား/သမီးနဲ့ ယူတယ်၊ မွတ်စလင် ဖြစ်တယ် မလေးစကားပြောတယ်ဆိုလိုက်ရင် သူတို့သားသ္မီးတွေကို ဘူမီပူထရာ ဆိုတဲ့အဆင့် ဆိုတာ ပေးလိုက်တယ်ဆိုတော့ လူမှုရေးမှာအဆင့်မြင့်သွားတာပေါ့။

မြန်မာပြည်ဗုဓ္ဓဘာသာကလည်း အဲဒီလိုပါပဲဗျာ။ မွတ်စလင်တွေ ပျက်သွားတော့ အဲ့လို မျိုးပဲလေ(မောင်ဒီ)တို့ ဝန်ကြီးအဆင့်အထိဖြစ်ခဲ့တယ်လေဗျာ။ နောက် ဟာဂျီမ ဒေါ်ပုရဲ့ သမက်တို့ ဝန်ကြီးဖြစ် သွားတယ်ဗျာ။ အဲ့လိုမျိုးပေါ့ ပျက်သွားတယ်ဆိုရင် ပရော်ဖစ်စာ ဖြစ်သွားတာ။ ကျနော်တို့ကတော့ မဖြစ်နိုင်ဘူပေါ့ဗျာ. ရတာမရတာကိုပြောတာမဟုတ်ဘူး၊ ဘာသာ တော့ အပျက်မခံဘူးပေါ့ မိထ္ထီလာမှာလိုပဲ အသေတာခံမယ် ဘာသာတော့ အပျက်မခံဘူး ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။

တမန်တော်မြတ်လက်ထက်တုန်းက မွတ်စလင်တွေမှာကျတော့ ဇကဒ် ဆင်းရဲသားကြေး ပေးနေရတဲ့ အခါကြတော့ ဇကဒ်မပေးရတဲ့တဲ့ မွတ်စလင် မဟုတ်တဲ့ လူတွေက ပေးရတဲ့အခွန် ကပိုများတယ်။ သူတို အစ္စလမ်ဘာသာပြောင်းလိုက်တော့ အဲဒီအခွန်က လျော့သွားတဲ့အခါမှာ မွတ်စလင်လုပ်တဲ့ လူတွေလည်းရှိတယ်. မွတ်စလင်နိုင်ငံတွေ အိုမန်မှာ ဒူဘိုင်း  မှာအလုပ်လုပ် နေကြတဲ့ နေတဲ့သူတွေ Live လွင့်နေကြတာတွေ  မြန်မာအမျိုးသမီးတွေ၊ အဲ့ဒီနိုင်ငံတွေမှာ ဘယ်လိုတရားမျှတတယ်၊ ဘယ်လိုဆက်ဆံ တယ်၊ ဘာလိုနေ ထိုင်ရ တယ်၊ ညဖက် တွေထွက်လည်လို့ရတယ်၊ ဘယ်လိုနှောက်ယှက်တာမရှိဘူးလို့ အဲ့ဒါတွေ ပြော  နေကြတာတွေ အများကြီးနော်။ အဲ့လိုပဲနေတာကြာလာတော့လဲ မွတ်စလင်ဖြစ်သွားကြမှာပေါ့။

အဲ့ဒီ ရောက် လာ ပြီးနေထိုင် နေကြတဲ့ သူတွေထဲမှာ တရုပ်တွေ ကုလားတွေ မွတ်စလင်ဖြစ်သွား ကြတာတွေ အများ ကြီးပဲ

ဗမာပြည် မှာလည်းဗမာဖြစ်ကုန်ကြတဲ့ သူတွေလည်းအများကြီးပါပဲ…

အဲ့လိုပဲ ကိုနေတာကြာလာတဲ့ အခါကြတော့ မွတ်စလင် တွေရဲ သဘောသတာဝကို သိလာကြပြီး သူတိုဟာသူတိုယုံကြည်မှု့တွေရှိလာကြပြီး ဘာသာပြောင်း ကြ တာတွေလဲ အများကြီးရှိလာကြပါတယ်

အစ္စလာမ် ဒါးမိုးပြီးမကိုးကွယ်ခိုင်းပါဘူး

Share This Post

More From Author

Q/A No. 2. How did Prophet started and spread Islam?

Q/A No. 4. What are the Islam’s views on non-Muslims or non-believers?