Q/A No. 2. How did Prophet started and spread Islam?

Prophet Muhammad (peace be upon him) began preaching Islam in two main phases: an initial three years of private, secret calls to close relations and friends, followed by a public proclamation to the people of Mecca. 

The First Revelation (c. 610 CE)

Muhammad was around 40 years old and accustomed to meditating in the Cave of Hira on Mount Jabal an-Nour, near Mecca. During one of these retreats, the Archangel Gabriel (Jibril in Arabic) appeared to him and commanded him to “Recite!” (Iqra in Arabic) the first verses of the Qur’an: 

“Read! In the Name of your Lord, Who has created, created man from a clot. Read! And your Lord is the Most Generous—Who taught by the pen, taught man what he knew not.” (Qur’an 96:1-5) 

Overwhelmed, Muhammad returned home and was consoled by his wife, Khadijah, who was the first person to believe in his message. 

The Secret Phase of Preaching (c. 610–613 CE)

For the first three years, the message of Islam was spread discreetly. This approach was likely a strategic choice to build a small, strong foundation of believers before facing the inevitable opposition from the polytheistic Meccans, who had strong economic and social ties to their traditional idol worship. 

The earliest converts included:

  • Khadijah bint Khuwaylid: His wife, the first believer.
  • Ali ibn Abi Talib: His young cousin, who was about ten years old at the time.
  • Zayd ibn Harithah: His freed slave and adopted son.
  • Abu Bakr al-Siddiq: A close friend and wealthy merchant, who used his influence to bring others to the faith. 

During this period, the small community practiced their faith in private, focusing on the core message of monotheism and social justice. 

The Public Proclamation (c. 613 CE onwards)

After approximately three years, divine revelations commanded Muhammad to proclaim the message of Islam openly. He began by calling his relatives and then the general populace of Mecca to Mount Safa, challenging their practice of idol worship and calling them to the worship of one God, Allah. 

This public call led to mockery, verbal abuse, and severe persecution of Muhammad and his followers by the ruling Quraysh tribe. The situation eventually forced the Muslim community to emigrate to the city of Medina (then known as Yathrib) in 622 CE, an event known as the Hijra, which marks the beginning of the Islamic calendar. In Medina, Muhammad established the first Muslim community and state, from where Islam grew into a powerful movement that eventually led to the peaceful conquest of Mecca and the spread of Islam across the Arabian Peninsula. 

၂/ တမန်တော် မိုဟာမက် (ငြိမ်းချမ်းမှုအပေါင်းသူ့အပေါ်မှာကျရောက်ပါစေ) စ္စလာမ် ဘာသာပြန့်ပွားအောင် ဘယ်လိုလုပ်ခဲ့သလဲ?

တမန်တော်က အစ္စလာမ် သာသနာကို အဆင့်နှစ်ဆင့်နဲ့ သာသနာပြန့်ပွားထွန်းကားအောင်လုပ်ခဲ့တယ်။

ပထမ အဆင့်အနေနဲ့ က ကိုယ်တော်ရဲ့ မိသားစု အတွင်းမှာ စခဲ့တယ်

ပထမဆုံး သူ့မိန်း မပေါ့ဗျာ၊ ပြီးတော့ သူ့ဆွေမျိုးတွေ၊ သူကျွန်(တွေ) နောက်သူနဲ့ နီးစပ်တဲ့ ပုဂိုလ်တွေ နဲ့ တိုးတိုးတိပ်တိပ်စလုပ်ခဲ့တယ်၊ အဲ့ဒီလို လုပ်ခဲ့ရတာ သုံးနှစ်ကြာခဲ့တယ်။

လုပ်တာကတော့ ပထမ (အေဒီ ၆၁၀-၆၁၃) မှာ စခဲ့တယ်။

အစ္စလာမ်ကို စပြီးတော့မှ သူရခဲ့တာ ဘယ်လိုလဲဆိုတော့ အဲ့ဒီအချိန်မှာ တမန်တော်မြတ်က သက်တော် ၄၀-နှစ် ရှိနေပြီ။ အဲဒီအချိန်မှာ တမန်တော်မြတ်က နာမည်ကျော်တယ်။ လူတိုင်းက သူကိုယုံကြတယ်၊ သူက အပေး အယူ မှန်ကန်တယ်၊ တရားမျှတစွာဆုံးဖြတ်ပေးနိုင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် အငြင်းအခုန် ဖြစ်တဲ့ အခါတွေမှာဆုံးဖြတ် ပေးနိင်တယ်။ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအပ်ချင်တာတွေကို တမန်တော်ဆီမှာ အပ်ထားတာက အစ ယုံကြည်စိတ်ချရတယ်။ နောက်ပြီး အရောင်းအဝယ်နဲ့ ပတ်သက်ပြီးသိတ်ကို မှန်ကန်တယ်၊ ရိုးသားဖြောင့် မတ်တယ် ဆိုပြီးနာမည်ကြီးတယ်။

တမန်တော်မဖြစ်ခင်ထဲက မက္ကာအနီးက ဂျဗာလ်ဆိုတဲ့တောင်မှာ ဟီရာဆိုတဲ့ ဂူထဲမှာ သူက သွားသွားပြီးတော့တရား ထိုင်လေ့ရှိတယ်။

အဲ့လိုပဲပေါ့ ဘာသာရေးမှာ တမန်တော်တွေ သူတော်စင်တွေ တချို့ဘာသာဝင်တွေ အတွက်ကြတော့ ဘုရားဖြစ်ဖို့တို့ ဂူတွေထဲမှာတောနက်ထဲမှာ အေးချမ်းငြိမ်သက်စွာတရားထိုင် တတ်တယ်။

တနေ့ တမန် တော် တရားထိုင်နေစဥ်မှာ ကောင်းကင်တမန် ဂျီဗရာအီလ် အလိုင်စလမ် ကိုယ်ထင်ပြပြီး ပေါ်လာတယ်။

“အစ်ကရ”ဆိုတဲ့ အာရပ်စကာလုံးက ဖတ်လိုက်လို့အဓိပ္ပါယ်ရတယ်.. ဆို… လိုက်ဆို… လို့‌ ပြောတယ်။ အဲ့ဒါက ကုရ်အန်ရဲ့ ပထမဆုံးစာပိုဒ် ချပြန်ပေးတာပဲ။ အဲဒါ ကုရ်အန် နံပတ်၉၆း၁၅။

“Read! In the Name of your Lord, Who has created, created man from a clot. Read! And your Lord is the Most Generous—Who taught by the pen, taught man what he knew not.” (Qur’an 96:1-5) 

“အစ်ကရ”ဆိုတဲ့ အာရပ်စကားလုံးကို ဖတ် လိုက်ဆို… လိုက်ဆို.. “လ္လာရဲ့ နာမတော်ဖြင့် အစပြုပါ၏။ လ္လာက အလုံးစုံကိုဖန်ဆင်းပေးတော်မူခဲ့တယ်။ လူတွေကိုဖန်ဆင်းတာက  သွေးခဲလေးနဲ့ ဖန်တည်းပေးခဲ့တယ်။ လ္လာအသျှင်မြတ်က ရက်ရောမှု့ အရှိဆုံး – အသျှင်မြတ်က က‌လောင်တန်ဖြင့် လူသားမသိသောအရာများကိုသင်ကြားပေးတော်မူသည်” ကုရ်အန် နံပတ်၉၆း၁-၅။

ဒါက နမူနာပြလို့ ရပါတယ်။ အပင်တပင်စိုက်လိုက်ရင် ပေါက်လာတဲ့ ဟာက ဒါက ဘယ်သူလုပ်တာလဲ ခင်ဗျားလုပ်တာလား လ္လာအသျှင်မြတ်လုပ်တာလား, အဲ့ဒါလေးကို ဆက်ပြီးတွေးကြည့် ၊ ဆက်ပြီးလေ့လာလို့ရှိရင် ဖန်ပြွန် သန္ဓေသားလုပ်တာကလည်း ဆက်ပြီးပေါင်းပေးလိုက်တာပဲရှိတယ်၊ သူ ဆက်ပြီးကြီးထွား ဖို့က လူလုပ်နိုင်တာမဟုတ်ဖူး။ ဒါကတော့ယုံရတော့မှာပေါ့ဗျာ၊ ကျနော်တို့မှာ လုပ်ပိုင်ခွင့် ဖန်တည်းနိုင်တဲ့ တန်ခိုးမှမရှိပဲ ဒါနှစ်ခု ပေါင်းပေးလိုက်တာ ပဲရှိမှာပေါ့။ ဘာမှဆက်ဖြစ်ဖို့မရှိဘူး။ ပေါင်းတာတောင်မှ ပြန်ကွဲထွက်သွားရင် ကွဲထွက်သွားအုံးမှာပဲ၊  အဲ့တော့ ဖန်ဆင်းရှင်က မေးတော်မူတယ် မင်းလုပ်တာလား? ငါကဖန်တီးတာလားလို့မေးတယ်။

အလ္လာက တိုက်ရိုက် ကိုမေးထားတာ၊ မိုးရွာချအောင် မင်းလုပ်တာလားငါလုပ်တာလား၊ မီးကိုလဲ မင်းပေးတာ လားငါပေးတာလား? ကို့ဟာကိုယ် လုပ်တယ်လို့တော့မပြောနဲ့ လေဗျာ၊ ဒီကာဗွန်တွေ ဘယ်ကရသလဲ? ရေနံတွေက သစ်ပင်တွေမြေ‌အောက်မှာ ကြီးမားတဲ့ဖိအားနဲ့ အပူချိန်ကြောင့်ဖြစ်လာတာလေ။ နူကလီးယား ပါဝါတွေကိုဘယ်သူက စဖန်တည်းထားတာလဲ?

တမန်တော် မိုဟာမက်က အစက စာမတတ်ဘူးနော်။ ကောင်းကင်တမန် ဂျီဗရာအီလ်က ကုရ်အန် ချပေးသင်ပေးတော့မှ မတတ်တဲ့ ဟာကနေပြီး တတ်လာတာ ဂျီဗရာအီလ် ကစသင်ပေးလိုက်လို့ပါ။ အဲ့ဒါနဲ့ တခါတည်းနဲ့ အကုန်လုံးကို တတ်သိနားလည်သွားတယ်။

အလ္လာကမိန့်ထားတာရှိပါတယ်  အဲဒီမှာ လူတွေ ကုရ်အန် ကိုမှီတဲ့ ယှဥ်နိုင်တဲ့ စာပုဒ် တစ်ခုပဲ ရအောင်ရေးပြ လုပ်ပြ တဲ့။ နောက်ပြီးမိန့်တော်မူသေးပါတယ်၊ ကုရ်အန် ပေးတာက ကဗျာရေးပေးတာ လည်းမဟုတ် ဖူးသီချင်း ပေးတာလည်းမဟုတ်ဘူးတဲ့ သတိပေးတော်မူတယ်။ ကုရ်အန်က သိပ်ကိုနက်နဲပြီးတော့သိပ်ကို ထူးစမ်းလေးနက်တယ် အလ္လာဖန်တည်းတာပဲ။ အကောင်းဆုံးဖြစ်သွားအောင်ပေါ့၊

ဒါက လူတွေအတွက်ကို ပေးတာ ကောင်းသော ဘက်ကိုလမ်း ညွန်မှု့ ပေးတာ၊ လူဘဝအတွက်နေထိုင်မှု လမ်းညွန်မှုပေးတာ။ ‌ရှေ့နောက်ရေး အကုန်လုံးချပေးတာ။

အဲ့ဒီလို တမန်တော်မြတ်က ဟီရာ ဂူကြီးထဲမှာ တရားတိုင်နေတုန်းမှာ ရုတ်တရက်ကြီး ကောင်းကင်တမန်ကြီးရောက်လာတဲ့ အခါမှာကြောက်လန့်ပြီး တုန်လှုပ်သွား တယ်။ အဲ့ဒီကောင်းကင်တမန် ဂျီဗရာအီလ် ရဲ့ တန်ခိုးပါဝါကလည်း နည်းတာမှ မဟုတ်ပဲ။ အဲ့ဒီတော့ ကြောက်လန့်သွားပြီး တခါတည်းတုန်တုန်ရည်ရည်နဲ့ ပြန်လာတဲ့အခါကြတော့ …

သူ့ဇနီး အမျိုးသမီး ခတီဂျာ သခင်မကိုတွေ့တယ်၊ အဲ့ဒီလိုတွေတဲ့ အချိန်မှာ (ခတီဂျာ)သခင်မက အလုံစုံကိုသဘောပေါက်နားလည်သွားလို့ တမန်တော်မြတ်ကို ဖြောင်းဖျပြီးတော့ စိတ်အေးသွား အောင်လို့ပြောလိုက်တယ်။

အဲဒီအချိန်မှာ ခတီဂျာ သခင်မဟာ သူ့ယောကျ်ား တမန်တော်မြတ်ကို ယုံကြည်သက်ဝင်ခဲ့သော ပထမဦးဆုံး မွတ်စလင်ပဲဖြစ်တယ်။ အဲဒီမှာ ပထမဦးဆုံး အစ္စလာမ် ဘာသာကို ရခဲ့တဲ့သူဖြစ်လာတယ်။ အဲဒီတုန်းက အစလာမ်ဘာသာ ကို တိုးတိုးတိပ်တိပ်ပဲ ကိုယ့်မိသားစုအသိုင်းအဝန်းအတွင်းမှာပဲ သုံးနှစ် ကြာအချိန်ယူပြီး လျှို့ဝှက် သင်ကြားဖြန့်ဝေရတယ်။

ဘာကြောင့်လည်းဆိုတော့ သူ့တို့ကိုလာအကြမ်းဖက်မှာ သတ်မှာဆိုးလို့။ ဒီအတိုင်း ချက်ခြင်း ဗျောင် ကျကျ အများသိအောင် သွားပြီးပြောနေရင် ဘယ်သူ့မှမရဘူး။ အဲ့လိုအခြေအနေမှာရှိတယ်။ မိုးဇက်တုန်းကလည်း တန်ခိုး အတ္ထိပါတ် တွေပြတော့လည်း ဒါက မျက်လှည့်လို့အပြောခံခဲ့ရတာပဲ၊ တောင်ပေါ်ကနေ ပညတ်တော် ဆယ်ပါး ယူလာတဲ့ အခါကြတော့ လည်း အောက်မှာစောင့်နေတဲ့သူ့ လူတွေက နွားရုပ်တွေကို ကိုးကွယ်နေကြပြီ။ တခါ သခင်ယေရှု ကြတော့လည်းကားစဉ်တင်ပြီးတော့ သတ်လိုက် တာပဲ။ လူတွေက စစခြင်းဆိုရင် ဘာကိုမှ မယုံကြည်နိုင်ကြသေးတဲ့ အခြေအနေမှာရှိတယ်လေ။ အဲ့ဒီခေတ် ကာလတုန်းက ရုတ်တရက်ကြီးထလုပ်လို့ မရဘူး အရင်ဆုံးအမာခံကစ တည်ဆောက်ရတာပေါ့။

ပထမဦး မွတ်စလင်က သူ့ဇနီးသည် ခတီဂျာ သခင်မ (Khadijah bint Khuwaylid ) ပေါ့။

နောက်ကြတော့ ဒုတိယ မွတ်စလင်က သူရဲ့ဝမ်းကွဲညီအကို၊ အဲ့ဒီတုန်း အဲဒီညီက ၁၀နှစ်သားပဲရှိသေးတယ် အလီ အစ်ဖနေ့ အဘီတာလစ် (Ali ibn Abi Talib)လို့ခေါ်တယ်

နောက်ကြတော့ ဇိုက် Zayd ibn Harithah က တတိယမြောက် မွတ်စလင်။ တမန်တော်မြတ်က သူရဲ့ကျွန်ကို သူကောင်းပြုလိုက်တာပါ။

နောက် အဘူဗကာ အလ် စဒစ် Abu Bakr al-Siddiq: သူကတော့ချမ်းသာတဲ့ ကုန်သည်ပဲ၊ ချမ်းလည်း ချမ်းသာ တယ် သူကဩဇာ သိက္ခာလည်းရှိတယ် သူကလည်းအစလာမ် ထဲကိုဝင်လာတယ်။ အဲဒါနဲ့တင် ရပ်သွား တာမဟုတ်ဘူး သူ့ကြောင့် မွတ်စလင်တွေ တဖြည်းဖြည်းတိုးတက်လာတယ်။

အဲ့ဒီအချိန်မှာ မွတ်စလင်တွေ လူနည်းစုကလေးဖြစ်လာတယ်။ တမန်တော်မြတ်က တိုးတိုးတိပ်တိပ်ပဲ ဘာသာရေး အစ္စလာမ်ရဲ့ သတင်း စကားကိုပါး ရပါတယ်။ အလ္လာ တပါးတည်းရှိတယ်ဆိုတာရယ်နောက်ပြီးတော့ လူတွေကို   အေဒီ(၆၁၃) အတွင်းသုံးနှစ်နေပြီးတဲ့ အခါကြတော့ အလ္လာဆီက အမိန့်ရတယ် (ဝဟီလို့ခေါ်တယ်) အဲဒါကို အဲ့ဒီကောင်းကင်တမန် ဂျီဗရာအီလ် ကပဲ အလ္လာအသျှင်မြတ်အမိန့်ကို လာလာပြီးတော့ ဆင့်ပြန်ချပေးတာပေါ့။ နောက်တော့ဗြောင်ပဲ လူတွေ အကုန်လုံးကိုဘာ သာရေးသိမ်းသွင်းဖို့ကို တရားဟောတော့လို့ အမိန့်ကျတယ်

တမန်တော်က အစ္စလာမ် သာသနာကို အဆင့်နှစ်ဆင့်နဲ့ သာသနာပြန့်ပွားထွန်းကားအောင်လုပ်ခဲ့တာမှာ…

ဒုတိယ အဆင့်အနေနဲ့ အေဒီ ၆၁၃ မှစ၍ လူအများကို ဖိတ်ခေါ်ခဲ့တယ်

မက္ကာက ကလူတွေကိုစပြီးဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ အမျိုးတွေနဲ့ မိတ်ဆွေတွေကို ခေါ်ပြီးတော့ မက္ကာ ရှိ ကာဗာ ကျောင်းတော်ဘေးမှ ဆာဖာတောင်မှာ လူစုပြီး တရားစတင် ဟောပြောပို့ချ မိန့်ကြားပါတယ်။

အဲဒီဒေသတွေမှာ ရုပ်ထုကိုး ကွယ်နေတာတွေရှိတယ်၊ ဘာသာရေးအသိတရားလဲ နည်းကြတယ်၊ အဲဒီတော့သူတို့ကို တခါတည်း စိန်ခေါ်လိုက်တာပေါ့။ အဲ့ဒီ မက္ကာ မှာနေတဲ့ လူတွေ ရုပ်ထုကိုးကွယ်တာကိုရပ်ဖို့၊ အလ္လာအသျှင်မြတ်ဟာ တစ်ပါးတည်းရှိတယ်ဆိုတာကို (လာအေလားဟ အစ်‌လောက်လာ) လို့ပြောတယ်၊ ဘုရားမရှိဘူး အလ္လာ ကလွဲလို့ ဘုရားတွေမရှိဘူး။ အလ္လာဟာတစ်ပါးတည်း ရှိတယ်၊ နောက်ပြီး တမန်တော် မိုဟာမက်ဟာ အလ္လာရဲ့ နောက်ဆုံးတမန်တော်ဖြစ်တယ် ဆိုတာကို တိုင်တယ် ဟစ်ကြွေး ကြေညာ အသိအမှတ်ပြု လိုက်ကြတယ်။

အဲဒီမှာ ဘာသာရေးကိုစတင်ဟောကြားလိုက်တော့ တမန်တော် မိုဟာမက်ကို လူတွေက ဝိုင်းပြီးသရော်တာတွေ လှောင်ပြောင် တာတွေဖြစ် လာတယ်။ နောင်ကြတော့ ရိုက်တာ နှက်တာ တွေဖြစ် လာပြီး သတ်တာဖြတ်တာတွေ အေထိဖြစ် လာကြတယ်။ အဲဒါကတော့ အပစ်မရှိအပစ်ရှာပြီးတော့အရေးယူတာတွေပေါ့။ အဲဒီခေတ် တုန်းက ကမ္ဘာကြီးကိုပြားတာမဟုတ်ဘူး လုံးတယ်ဆိုတာနဲ့ တောင်အသတ်ခံကြ ရတာ ရေရှုခရစ်တော် လည်း အဲဒါလိုမျိုးဘာသစ်ဟောလို့ အသတ်ခံရတာပဲ။ အဲဒီအခါကြတော့ Quraysh tribe  ကိုရိုက်ရှ ဆိုတဲ့ အုပ်စု ကအဆိုးဆုံးပေါ့ သူတို့ကအုပ်ချုပ်နေတဲ့ ချမ်းသာတဲ့ကုန်သည် လူတန်းစားပေါ့။ နောက်ပြီးတော့ အဲဒီ ကိုရိုက်ရှ ဆိုတဲ့ လူမျိူးစုတွေ  ဆန့်ကျင်ရန်ပြုမှုတွေများလာတာကြောင့် တမန် တော်မြတ်ကနေပြီးတော့ မွတ်စလင်တွေကို မင်းတို့ မဒီနာကို ပြောင်း ဆိုပြီးတော့ အမိန့်ပေးတယ်။ အလ္လာ့ထံတော်မှ ဝဟီ အမိန့်ကျရောက် လာသောကြောင့်ပါ။

အဲ့ဒါကတော့ ၆၂၂ စီအီး(အေဒီ) မှာ၊ အဲ့ဒါကို ဟစ်ဂျရာ ပြောင်း‌ရွှေ့ခြင်း လို့ခေါ်တယ်။

 အဲ့မှာ တင်ပဲ အစ္စလာမ့် ပြက္ခဒိန်ကို စတာပဲအဲ့ဒါနဲ့ပတ်သက်ပြီး ဟစ်ဂျရာ ပြောင်း‌ရွှေ့ခြင်း နဲ့ မဒီနာမှ မွတ်စလင် လူမျိုးစုစပြီးတော့ ပြန့်နှံ့ခဲ့ပြီးနောက် မကာမြို့တော်ကနေ စော်ဒီအာရေဗျ အထိ လွမ်းမိုးလာခဲ့တယ်။

Share This Post

More From Author

Q/A No. 1. Before Islamization, what were the civilization and cultures of the Arabs?

Q/A No. 3. Had spread of Islam based on FORCED CONVERSIONS under sword?