Q/A No. 12. Why are Muslims doing numerous revolutions?

It’s not because Muslims as a religious group are “more revolutionary.”
Revolutions happen when political, economic, and social pressures become too great—this is true in Europe, Asia, Africa, and the Americas as well.

But many Muslim-majority regions went through particular historical conditions that made uprisings more common. Here are the main factors historians point to:

1. Colonialism and Foreign Domination

From the 1700s–1950s, a large part of the Muslim world was colonized by European powers.
Examples: India, Algeria, Egypt, Sudan, Indonesia, Iraq, Libya.

Colonial rule often created:

  • loss of local governance
  • heavy taxation
  • cultural pressure
  • economic exploitation

This led to anti-colonial revolutions, just as it did in Latin America, Africa, and East Asia.

So many revolutions in Muslim societies were anti-colonial struggles, not religious conflicts.

2. Collapse of Long-standing Empires

The Ottoman Empire, Safavid Iran Empire, and Mughal Empire once governed vast regions. When these empires weakened:

  • rival elites fought for power
  • new nation-states emerged
  • foreign powers intervened

Transitions from empire → modern nation-state often produced political revolutions, similar to China, Russia, and parts of Europe.

3. Struggles for Modernization

During the 19th–20th centuries, many leaders pushed rapid modernization—new laws, schools, economic reforms.
Rapid change often causes conflict, for example:

  • Iran’s Constitutional Revolution (1905–1911)
  • Turkey’s secularization reforms
  • Egypt’s nationalist revolutions

These were political and social upheavals, not religious uprisings.

4. Authoritarian Governments

In the post-colonial era, many Muslim-majority countries were ruled by military or single-party governments.
Lack of political freedom often leads to:

  • protests
  • rebellions
  • revolutions

This is similar to Latin America (Chile, Argentina), East Europe, and parts of Africa.

Revolutions tend to happen where political participation is restricted—regardless of religion.

5. Economic Inequality

A large youth population Gen Zee, high unemployment, and unequal wealth also contributed.
This was one factor behind the Arab Spring (2010–2011).

Again, this is an economic → political pattern, not a religious one.

6. Global Conflicts and Proxy Wars

During the Cold War, many Muslim regions became proxy battlegrounds (e.g., Afghanistan, Yemen, Syria).
External powers supported different factions, intensifying local struggles.

This made internal conflicts look more widespread.

So what’s the core explanation?

Revolutions in Muslim-majority societies were driven by political, economic, and colonial pressures—not because of Islam.
Muslim-majority regions went through:

  • heavy colonial experience
  • empire collapse
  • geopolitical competition
  • authoritarian rule
  • economic stress

These conditions are the real drivers—just as revolutions happened in Christian-majority, Buddhist-majority, Hindu-majority, and secular societies facing similar pressures.

 ၁၂။ မွတ်စလင်တွေဟာ ဘာကြောင့် တော်လှန်ရေးတွေကို ပြုလုပ်နေကြတာလဲ?

မွတ်စလင်တွေဟာ ဘာသာရေးခံယူချက်ကြောင့် “တော်လှန်ရေးလုပ်ရတာတွေကို ပိုပြီး ကြိုက်နှစ်သက်ကြပါတယ်လို့ဆိုရင်မှားပါတယ်

ကမ္ဘာပေါ် ရှိ ဥရောပ၊ အာရှ၊ အာဖရိက နဲ့ အမေရိက ဘယ်နေရာတွေမဆိုနေရာတိုင်းမှာ-

  • နိုင်ငံရေး၊
  • စီးပွားရေးနဲ့
  • လူမှုရေး ဖိအားတွေ

အလွန်အမင်းကြီးမားလာတဲ့အခါ တော်လှန်ရေးတွေ ဖြစ်ပေါ်လာလေ့ရှိကြပါတယ်

အဲ့ဒါကြောင့်မွတ်စလင်လူများစု ဒေသတော်တော်များများတွေမှာ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးနဲ့လူမှုရေး ဖိအားတွေသမိုင်းဝင် အခြေအနေအရ များပြားပြီး တွန်းပို့နေသလိုဖြစ်တာကြောင့် အုံကြွမှုတွေ ပိုပြီး အဖြစ်များ ခဲ့ရပါတယ်။

သမိုင်းပညာရှင်များ ထောက်ပြသော အဓိက အချက်များမှာ –

၁။ ကိုလိုနီဝါဒနှင့် နိုင်ငံခြားလက်အောက်ချုပ်ကိုင်မှု

၁၇၀၀ မှ ၁၉၅၀ ခုနှစ်တွေအတွင်း မွတ်စလင်ကမ္ဘာရဲ့ အများစုဟာ ဥရောပအင်အားကြီးနိုင်ငံတွေရဲ့ ကိုလိုနီအောက်မှာ ရှိခဲ့ကြပါတယ်။ ဥပမာ – အိန္ဒိယ၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ဆူဒန်၊ အင်ဒိုနီးရှား၊ မလားရား (နောင် မလေးရှား)၊ အီရတ်၊ လစ်ဗျား။

အထက်ပါ ကိုလိုနီအုပ်ချုပ်သူများ ဖန်တီးခဲ့သည် ဆိုးကျိုးများမှာ-

  • ဒေသခံအုပ်ချုပ်ရေး ဆုံးရှုံးမှု
  • မတန်တဆ များပြားတဲ့ အခွန်ကောက်ခံမှု
  • ဒေသခံတို့ရဲ့ ယဉ်ကျေးမှုအပေါ်သက်ရောက်သော ဖိအား
  • စီးပွားရေး ခေါင်းပုံဖြတ်ခံရမှု

အဲ့ဒီလို့အကြောင်းအချက်တွေကြောင့် လက်တင်အမေရိက၊ အာဖရိက နဲ့ အရှေ့အာရှတွေမှာ ဖြစ်ခဲ့သလိုမျိုး မွတ်စလင်လူများစု အနေနဲ့လည်း ကိုလိုနီဆန့်ကျင်ရေး တော်လှန်ရေးတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲဒါကြောင့်မွတ်စလင်လူ့အဖွဲ့အစည်းတွေရဲ့တော်လှန်ရေးတွေဟာ ကိုလိုနီဆန့်ကျင်ရေး ရုန်းကန်မှုတွေဖြစ်ပြီး ဘာသာရေး ပဋိပက္ခတွေမဟုတ်ပါ။

၂။ ကြာရှည်ခဲ့သော အင်ပါယာတွေ ပြိုလဲ

အော်တိုမန်အင်ပါယာ၊ ဆာဖာဗစ် အီရန်အင်ပါယာ နဲ့ မဂိုအင်ပါယာတွေဟာ ကြီးမားတဲ့ ဒေသတွေကို အုပ်ချုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအင်ပါယာတွေ အားနည်းလာတဲ့အခါ –

  • ပြိုင်ဘက် အထက်တန်းလွှာတွေဟာ အပြိုင်အဆိုင် အာဏာခွဲဝေရရှိရေးအတွက် ပြည်သူအချင်းချင်း ကို တိုက်ခိုက်စေခဲ့ကြပါတယ်
  • နိုင်ငံသစ်တွေ ပေါ်ပေါက်လာပါတယ်
  • နိုင်ငံခြားအင်အားကြီးတွေက ဝင်ရောက်စွက်ဖက်ခဲ့ကြပါတယ်

အင်ပါယာတွေကနေ ခေတ်သစ်နိုင်ငံတော်တွေအဖြစ်ကို ကူးပြောင်းဖို့ကြိုးပန်းမှုတွေမှာ များသောအားဖြင့် နိုင်ငံရေးစံနစ်သစ် ပြောင်းဖို့အတွက် တော်လှန်ရေးတွေ (ခေတ်ပြောင်းတော်လှန်ရေးတွေ) ဖြစ်ပေါ်တတ်ပါတယ် – (ဥပမာ-တရုတ်၊ ရုရှား နဲ့ ပြင်သစ် အစရှိသော ဥရောပအစိတ်အပိုင်းတို့)

၃။ ခေတ်မီတိုးတက်ရေးအတွက် ရုန်းကန်မှုများ

၁၉ ရာစု မှ ၂၀ ရာစုအတွင်း ခေါင်းဆောင်တွေဟာ ခေတ်မီတိုးတက်ရေး လျင်မြန်စေဖို့ တွန်းအားပေး ခဲ့ကြပါတယ် –

  • နိုင်ငံရေး၊
  • ဥပဒေသစ်တွေ၊
  • ပညာရေး၊
  • စီးပွားရေး

စသည်ဖြင့် ပြုပြင်ပြောင်းလဲဖို့ကြိုးပန်းမှုတွေလုပ်ရာမှာ လျင်မြန်တဲ့ ပြောင်းလဲဖို့ကျိုးစားရာမှာ-

ရှေးရိုးဆွဲ-

  • အရင်းရှင်၊
  • မြေပိုင်ရှင်တွေ  
  • ပဒေသရာဇ် လက်ကျန်တွေနဲ့ 

ခေတ်သစ်အမြင်ရှိတဲ့-

  • ဒီမိုကရေစီ
  • ကွန်မြူနစ်
  • ဆိုရှယ်လစ်ယုံကြည်သူ

တော်လှန်ရေးသမားတွေ ကတဖက်၊

  • ဗျူရိုကရက်တွေ
  • စစ်ဖက်ခေါင်းဆောင်တွေ
  • အာဏာရှင် လက်သစ်တွေက

တမျိုးတဘာသာ ပဋိပက္ခတွေ ခေါင်းထောင်ထလာပြီး-

  • သူတလူ ငါတမင်း တိုက်ခိုက်မှု
  • သွေးကွဲမှု
  • သူပုန်ထမှု
  • ခေါင်းဆောင်တွေကိုလုပ်ကြံမှု
  • နိုင်ငယ်တွေအဖြစ်ခွဲပြီး
  • အချင်းချင်း ပြည်တွင်းစစ်တိုက်မှုတို့

ဖြစ်လာလေ့ရှိပါတယ်။ ဥပမာ –

  • အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တော်လှန်ရေး (၁၉၀၅-၁၉၁၁)
  • တူရကီရဲ့ ဘာသာရေးအခြေမခံသောအုပ်ချုပ်မှုအဖြစ် အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲမှုများ
  • အီဂျစ်ရဲ့အမျိုးသားရေးဝါဒ တော်လှန်ရေးတွေ

 အဲ့ဒီအရာတွေဟာဘာသာရေး အုံကြွမှုတွေ မဟုတ်ပါ။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးလှုပ်ရှားအားပြိုင်ပြီး နိုင်ငံငယ်တွေမတည်ငြိမ်ပဲ ရှိနေချိန်မှာ-

  • အိမ်နီးချင်းနိုင်ငံ တွေနဲ့
  • အခြား အင်အားကြီးနိုင်ငံတွေက
    • ဗြောင် ဒါမှမဟုတ်
    • လျွှို့ဝှက်စွာ ဝင်ရောက်စွက်ဖက်မှုတွေဖြစ်လေ့ရှိလာပါတယ်

၄။ အာဏာရှင်အစိုးရတွေတက်လာခြင်း

ကိုလိုနီလက်ထက်နောက်ပိုင်းမှာ မွတ်စလင်လူများစု နိုင်ငံတွေထဲမှာ-

  • စစ်တပ် ဒါမှမဟုတ်
  • တစ်ပါတီ အာဏာရှင်အစိုးရတွေက

အုပ်ချုပ်ခဲ့ကြတဲ့အစဉ်အလာရှိကြပါတယ်။

နိုင်ငံရေး လွတ်လပ်မှု ကင်းမဲ့ကြတာများပါတယ်အဲ့ဒါကြောင့် များသောအားဖြင့် အောက်ပါအကျိုးဆက်တွေဖြစ်ပေါ်လာစေပါတယ်

  • ဆန္ဒပြမှုများ
  • ပုန်ကန်မှုများ
  • တော်လှန်ရေးများ

အဲ့ဒီအချက်မျိုးကို လက်တင်အမေရိက (ချီလီ၊ အာဂျင်တီးနား)၊ အရှေ့ဥရောပ နဲ့ အာဖရိကအစိတ်အပိုင်းတွေမှာ ဆင်တူစွာတွေ့ရှိရတတ်ပါတယ်။

နိုင်ငံရေး ပါဝင်ခွင့် ကန့်သတ်ထားတဲ့နေရာတွေ တိုင်းပြည်တွေမှာ တော်လှန်ရေးတွေ ဖြစ်ပေါ်လေ့ရှိတာဟာ ဘာသာနဲ့လုံးဝ မဆိုင်ပါ။

၅။ စီးပွားရေး မညီမျှမှု-

  • လူငယ်လူဦးရေ များပြားခြင်း၊
  • အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း နဲ့
  • ကြွယ်ဝမှု မညီမျှခြင်း

တို့ကလည်း တိုင်းနိုင်ငံ မငြိမ်သက်ဖို့အထောက်အကူပြုတတ်ပါတယ်။

အဲ့ဒီအရာတွေဟာ အာရပ်နွေဦးပေါက်တော်လှန်ရေး (၂၀၁၀-၂၀၁၁) ရဲ့နောက်ကွယ်က အကြောင်း အချက်တစ်ခုဖြစ်ပါတယ်။

နောက်တခုက အဲ့ဒီအရာတွေဟာ စီးပွားရေးကြောင့် နိုင်ငံရေးအုံကြွမှု ပုံစံဖြစ်ပြီး ဘာသာရေး ပုံစံ မဟုတ်ပါ။

၆။ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခမတွေနဲ့ကြားခံစစ်ပွဲများ

စစ်အေးခေတ်အတွင်း မွတ်စလင်ဒေသတွေဟာ ကြားခံစစ်တလင်း စစ်မြေပြင်တွေ ဖြစ်လာခဲ့ပါတယ် (ဥပမာ – အာဖဂန်နစ္စတန်၊ ယီမင်၊ ဆီးရီးယား)။ ပြင်ပအင်အားကြီးနိုင်ငံတွေဟာ မတူညီတဲ့ အုပ်စုတွေကို ပံ့ပိုးပေးခဲ့ပြီး ဒေသတွင်း ရုန်းကန်မှုတွေကို ပိုမို ပြင်းထန်စေခဲ့ပါတယ်။

အဲံဒီအရာက မွတ်စလင်နိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခတွေ ပိုပြီး ကျယ်ပြန့်တာတွေများနေတယ်လို့ အထင်ရောက်စေခဲ့ပါတယ်။

မွတ်စလင်တွေရဲ့များပြားတဲ့ တော်လှန်ရေးတွေရဲ့အကြောင်ရင်းကို ရှင်းပြချက်

မွတ်စလင်လူများစု လူ့အဖွဲ့အစည်းတွေမှာ တော်လှန်ရေးတွေဟာ အစ္စလာမ်ဘာသာကြောင့် မဟုတ်ပါ။ နိုင်ငံရေး၊ စီးပွားရေး နဲ့ ကိုလိုနီ ဖိအားတွေကြောင့်ဖြစ်ပေါ်ခဲ့ခြင်းဖြစပါတယ်။

မွတ်စလင်လူများစု ဒေသတွေမှာ အောက်ပါ အခက်အခဲတွေကိုဖြတ်သန်းနေခဲ့ကြရပါတယ် –

  • ဆိုးရွားတဲ့ ကိုလိုနီ စနစ်ရဲ့ ဖိနှိပ်ထားတာကို ခံခဲ့ရတဲ့ အတွေ့အကြုံ
  • အင်ပါယာတွေ  ပြိုလဲကာ အပြိုင်နိုင်ငံတွေပေါ်ခြင်း
  • ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု
  • အာဏာရှင်စနစ် အုပ်ချုပ်မှု
  • စီးပွားရေး ဖိစီးမှု

အဲ့ဒီအခြေအနေတွေဟာ ပြည်တွင်း မတည်ငြိမ်မှုကို တွန်းအားပေးသော အခြေခံအကြောင်း အချက်များဖြစ်ပါ တယ်။ ခရစ်ယာန်လူများစု၊ ဗုဒ္ဓဘာသာလူများစု၊ ဟိန္ဒူလူများစု နဲ့အခြား လူ့အဖွဲ့အစည်းတွေမှာလည်း အလားတူ ဖိအားတွေနဲ့ ရင်ဆိုင်ရချိန်မှာ တော်လှန်ရေးတွေ ဖြစ်ပေါ်လာခဲ့တာတွေ့နိုင်မှာဖြစ်ပါတယ်။

ဒါတွေကတော့ ကျနော်ပြောချင် ဖြေချင်တဲ့ အဓိက အခြေခံအချက်တွေပါ။ အခုဆက်ပြောမှာက အဲ့ဒီအချက်တွေပေါ်မူတည်ပြီး အပိုကလေးတချို့ရှင်းပြရင်း နည်းနည်းအကျယ်ဖွင့်ဆိုမှာပါ။

ကဲ နည်းနည်းလောက် နှမ်းဖြူး ဖို့ဆက်လိုက်ကြရအောင်- 

အခုတော်လှန်ရေးတွေ လုပ်နေတာ ပြည်တွင်း ပြည်ပ စစ်တိုက်နေတာက မွတ်စလင် နိုင်ငံတွေပဲ အများစုဖြစ်နေတယ်။ ဒါပေမဲ့  ဒါက-

  • မွတ်စလင် ဖြစ်လို့ ပြသနာလုပ်တာ ဖြစ်နေတာ မဟုတ်ဘူး။
  • မွတ်စလင်ဖြစ်လို့တော်လှန်ရေးတွေ လုပ်နေကြတာမဟုတ်ဘူးဗျ။

အခု ဘင်္ဂလားဒေရှ့် အီရန်တို့ မှာ လည်း စီးပွားရေး ထိလာကြလို့ ရယ် လူမှုရေး ဖိနှိပ်တာတွေ များတယ်ဆိုပြီး  ထချကြတယ်။ စီးပွားပျက်လို့ ထချကြတဲ့နိုင်ငံတွေကမ္ဘာမှာအများကြီးပါ။ ဥပမာ အာရပ်နွေဦးတော်လှန်ရေး။ အဲ့ဒီနိုင်ငံတွေမှာဆိုရင် စစ်လက်နက်ကိုင်အသိုက်အဝိုင်းနဲ့ ခရိုနီတွေပဲစားနေကြတာ အနေချောင်နေကြတာ။ ကျန်ပြည်သူတွေက စီးပွားပျက်လာပြီးတော့ ဖိနှိပ်မှုတွေများလာတယ်။ နိုင်ငံရေးပါတီတွေကို လည်းဖိနှိပ်လာ တယ်။ အခြားဟာ တွေလည်းပါတာပေါ့လေ။ စီးပွါးရေး၊ နိုင်ငံရေး နဲ့ အထွေထွေမကြေနပ်မှုတွေ ပေါ့လေ။ အဲ့ဒါတွေက သိပ်များလာပြီဆိုရင် လူထုက မခံနိုင်တော့ဘူး။ ဖိအားများလာရင် သဘာဝအရ ပေါက်ကွဲမှာပဲ။ ဒါတွေက လူမှုရေး မှာလည်းပြောလို့ရတာပဲ  မတရား ဖိနှိပ်ချုပ်ချယ်တာ တွေ များလာရင် ဖြစ်တာပဲ အမေရိကန်တွေကို အဂ်လိပ်တွေကလာအုပ်ချုပ်နေတယ် အမေရိကန်တွေ ကိုဖိနှိပ်ခံရတာများ လာတော့ အဂ်လိပ်ကို အမေရိကန်က ပြန်ပြီးတော့ ပုန်ကန်တာပဲ အဲဒါ လူမှုရေးအရပဲဗျ။

စီးပွါးရေးတွေ နိုင်ငံရေးတွေအရမဟုတ်တော့ဘူး လူမှုရေးအရပဲ ငါတို့ကို လာလုပ်တာ မရဘူး ဆိုပြီးပြန် ချတာပဲ။ ဒါကဉရောပမှာရော၊ အမေရိကမှာရော၊ အာရှမှာရော၊ အမေရိကားရဲ့ တောင်ပိုင်း မြောက်ပိုင်း မှာရော ပေါ့လေ။ တောင်အမေရိကမှာ ပိုများတာပေါ့။

အဲ့ဒီတော့ မွတ်စလင်လူအများစု နေရာတွေမှာ ဘာဖြစ်နေလဲ ဆိုတော့ ရာဇဝင်အရကိုက ဒါမျိုး အထွေထွေ မကျေနပ်မှုတွေက သိပ်များနေတဲ့ အခြေခံအချက်အလက် တွေကို ကျနော်တို့ကြည့်တယ်ဆိုရင်-

  • ကိုလိုနီ ဖြစ်တာတွေအများကြီး တချို့က ကိုလိုနီထပ်ဖြစ်လာကြတယ်
  • နောက်ကျတောနိုင်ငံခြားလွှမ်းမိုးမှုတွေ ဥပမာ ဥရောပနိုင်ငံတွေ ဟိုဘက်က ဒီဘက်က ဖိလာတယ်။ အဲလိုမျိုးလွှမ်းမိုးမှု့ခံရလို့

၁၇၀၀ခုကနေပြီးတော ၁၉၅၀ထိအောင် မွတ်စလင် ကမ္ဘာကြီး တစ်ခုလုံးက အတူတူပါပဲဗျာ။ ကိုလိုနီဘဝမှာရှိကြတာ။  ဒုတိယ ကမ္ဘာစစ်ပြီးအထိအောင်ပေါ့ ပြီးတော့မှ-

အာဖရိကမှာရှိတဲ့ မွတ်စလင်နိုင်ငံတွေ၊

  • အရှေ့အလယ်ပိုင်းမှာရှိတဲ့ မွတ်စလင်နိုင်ငံတွေ 
  • အာရှက အင်ဒိုနီးရှားတို့ မလေးရှားတို့ ဘာတို့ရှိသမျှဟာအားလုံးတွေမှာ
  • အိန္ဒိယ ဆိုလည်း မဂိုလ် အင်ပါရာကြီးရှိတာပဲ မွတ်စလင်နိုင်ငံလိုပဲ အဲတုန်းကတော့ပြောလို့ရတာပေါ့လေ
  • အလ်ဂျီးဒီးယားဆိုရင် ပြင်သစ်က
  • အီဂျစ်တို့ ဆူဒန်တို့ အင်ဒိုနီးရှာတို့ အီရပ်တို့ လစ်ဗျားတို့  အကုန်လုံး

အဲ့ဒီနိုင်ငံတွေက  ကိုလိုနီကနေလွတ်တဲ့အချိန်မှာ  ကိုလိုနီလက်အောက်မှာ ဒေသဆိုင်ရာအာဏာပိုင်တွေဖျက်ပစ်ထားတော့ လွတ်လပ်ခါစ အတွေ့အကြုံမရှိကြသေးဘူး။

ကိုလိုနီပိုင်ရှင်တွေက ဒေသဆိုင်ရာ အာဏာပိုင်တွေအဖြစ် လုပ်နေတာ ဆိုတော့ နိုင်ငံသားတွေ တိုင်းရင်းသား တွေရဲ့ အုပ်ချုပ်မှုအတွေ့အကြုံက ကိုလိုနီ ဘဝမှာ ဘာမှမရှိခဲ့ဘူး။  

မလေးရှားမှာ ဆိုရင်  စူလတန်ဘုရင်တွေကို ဆက်ပြီးတော့ ခန့်ထားသေး တယ်၊ အင်္ဂလိပ်တွေကပဲ စူလတန်တွေရဲ့ အကြံပေးဆိုပြီး လုပ်နေပေမဲ့ အင်္ဂလိပ်တွေကပဲတကယ့် အာဏာကိုကိုင်ပြီး အုပ်ချုပ်နေတာပေါ့။ ရာထူးကြီးတဲ့လူတွေဆိုရင် လူဖြူကိုပဲ ခန့်ထားတာ။ မြန်မာပြည်မှာလိုပဲပေါ့။ နောက်ကျတော့ အခွန်အကောက်တွေများလာတယ်. ဗမာပြည်လဲ ဒီလိုပဲလူခွန် တွေကောက်တာ ရှိသမျှ အခွန်တွေကောက်တာ။ မြေခွန်တွေ လူခွန်တွေ လူမျိုး ရေး ဘာသာရေး မတူတဲ့ဟာနဲ့ အဲ့ဒါတွေများလာတဲ့အခါကြတော့ ထချကုန်တာပဲ။

ဗမာပြည်တုန်းက နန်းရင်းဝင် ဒေါက်တာဘမော်ရဲ့လက်ထက်မှာ ကာရင်မ် ဂနီ ဆိုတဲ့လူက အတွင်းဝန်။ သူက စူဘတ်ချန်တရာဘိုရှ့် ရဲ့ အိန္ဒိယတော်လှန်ရေးထောက်ခံပြီးတော့ ဝန်ကြီးရာထူးနဲ့ တော်လှန်ရေးမှာပါတော့ သူ့ကိုဖမ်းမယ်လုပ်လုပ်တယ်။ ဒါ့ကြောင့် သူပြေးလာပြီး မလေးရှားမှာနေတယ်။ ပြီးတော့စင်္ကာပူမှာ သွားနေတယ်။

ဒီလူကတော့တော်တော်ထက်တယ်။ မလေးရှားမှာ သူဘာတွေလုပ်ခဲ့လဲဆိုတော့ မလေးတွေက သူတို့ရဲ့ အက္ခရာတွေကို အင်္ဂလိပ်ဖေါင့်နဲ့ရေးနေတာကို ဟိုးရှေးတုန်းကမလေးအက္ခရာ ‘ဂျာဝီ’ ဖေါင့် (အာရပ်အက္ခရာ) နဲ့ သူကပြန်ထွင်ပေးပြီး သတင်းစာထုတ်ပေးနိင်ခဲ့တယ်။ သူက ဗမာပြည်ကလာတဲ့ မွတ်စလင်ဗျ အိန္ဒိယမွတ်စလင် ပေါ့လေ။ နောက်ထပ်တခါ သူက တမီလ်စာလည်း တတ်တော့ တမီလ်ဘာသာနဲ့ သတင်းစာ ထုတ်ပေးခဲ့တယ်။ သူကဗမာပြည်တုန်းကလည်း သတင်းစာတွေဘာတွေထုတ်တာရှိ တာပေါ့ဗျာ။

ဗမာပြည်တုန်းကလည်း သူရေးခဲ့တဲ့စာအုပ်တောင်မှ ရှိသေးတယ်။ ကရင်တွေ တောင်ငူဒေသ သံတောင်မှာ လုပ်တာ တမန်တော်အီဗရာဟင် ရဲ့ဓလေ့ကိုလက်သင့်ခံပြီးတော့ ကွရ်ဘာနီ လုပ်သလိုပေါ့လေ ဆိတ်ကို လည်လှီးတာ၊ တစ်နှစ်တခါ သံတောင်မှာ လုပ်တာ။ သူတို့တွေက တမန်တော်အီဗရာဟင် ရဲ့ သားသမီး ၁၂ယောက် အဖွဲ့ ၁၂ ဖွဲ့ထဲက တစ်ဖွဲ့ ထဲက ပျောက်ဆုံးသွားသော ညီအကိုများ ဂျူးတွေဆိုပြီးမှ အဲ့ဒီအုပ်စုအကြောင်းကို သူရေးခဲ့တာ။

သူကစင်္ကာပူရောက်သွားတဲ့ အခါကြတော့လည်း လှုပ်ရှားမှု လုပ်တယ်.အဲ့ဒီမှာမလေး အဖိုးအဖွားကြီး ဆီကို  လူဖြူ ခရစ်ယာန်ကလေးငယ်ရဲ့ မိဘတွေက မွေးစားဖို့ ပေးထားပြီး၊ အရွယ်ရောက်တော့မှ ပြန်ပြီးလိုချင်တယ်ဆိုပြီးတော့တရားဆွဲတာ။ အဲ့ဒီကာလက လွတ်လပ်ရေးမရခင် ကိုလိုနီ လက်အောက်မှာပဲ ရှိသေ:တယ်နော်။ တရားဆွဲတဲ့အခါကြတော့ မိန်းကလေးကိုပြန်ပေးလိုက်ရတယ်။ မွတ်စလင်ကနေပြီးတော့ ခရစ်ယာန်ပြန်ဖြစ်သွားတဲ့ အခါကြတော့၊ ဒီ ကာရင်မ်ဂနီ က ဉီးဆောင်ပြီး လှုပ်ရှားမှုအကြီးအကျယ်လုပ်တာ။ ကိုလိုနီ ဆန့်ကျင်ရေးကိုပထဆုံး ဆန္ဒပြတာ စင်္ကာပူရာဇဝင်မှာ  ပထဆုံးသူ လုပ်ခဲ့တာ။ နောက်တော့ သူ့ကိုဖမ်း တော့လည်း အဲ့ဒီတုန်းက အင်္ဂလိပ်က တော်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုရင် ဘီကလပ်စ် အထူးတန်းထားတယ်။ သတင်းစာဖတ်ခွင့် ရေဒီယိုနားထောင်ခွင့်ပေးတယ်။ ကောင်းကောင်းစားရတယ်။ နိုင်ငံရေးသမားဆိုရင် အဲ့ဒီလိုထားတာ။ အဖမ်းခံရပြီးတော့ ထောင် ၁၀ လ  ကျတယ် ပြီးတော့ပြည်နှင်ဒဏ်ပေးတယ်။ နောက်တော့ ပါကစ်စတန်မှာ ဆုံးတယ်လို့ကြားတယ်။ သူကို ကျနော်ကတော့ ဆုံးရှုံးတယ်လို့မထင်ဘူး သူလုပ်ခဲ့ ပေးခဲ့တာတွေ အများကြီးပဲ အဲ့ဒါမျိုးတွေကို ဗမာပြည်အနေနဲ့ အသုံးချနိုင်ရင် အများကြီးပါ။

ဒီဗမာပြည်က မွတ်စလင်တွေ နဲ့ တရုပ်ကပြားတွေ အခြေအနေအရ ရေကြည် ရာမြက်နုရာ တခြားနေရာတွေမှာ သွားပြီးတော့နေကြတာ ကို ကျနော်တို့နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချဘို့ ကြိုးစားကြပါဗျာ။။ တရုတ်ကပြားတွေကြည့်မလား ကျားဘမ်း ညီနောင်- သူ တို့တွေက တရုတ်နဲ့ အင်္ဂလိပ်နဲ့သတင်းစာတွေ ဂျာနယ်တွေ (၃၅) မျိုး ဗျာ မလေးရှား စင်္ကာပူ ဟောင်ကောင် တိုင်ဝမ်မှာ သူတို့ထောင်ခဲ့တာ ကဲဒါ ဗမာတရုတ်ကပြားကလုပ်ပေးခဲ့တယ်။ ကပြားဆိုပြီး မနှိမ်ကြပါနဲ့ ခိုင်းပါ အသုံးချပါ။

ကိုလိုနီဆန့်ကျင်ရေး တော်လှန်တွေပေါ်လာပြီး ပြည်တွင်းစစ်တွေပေါ်လာတာ။ အာရှနိုင်ငံတွေ လက်တင်အမေရီးကားမှာ အာဖရိက နိုင်ငံတွေမှာဖြစ်တယ်။

မွတ်စလင်နိုင်ငံ တွေလည်းအများကြီးရှိတော့ ပြဿနာတွေလည်း အများကြီးဖြစ် တာပေါ့ဗျာ။ မွတ်စလင်တွေ ထဲမှာ ဒီတော်လှန်ရေးတွေ လုပ်နေတာက ကိုလိုနီဆန့်ကျင်ရေးပါ။ ဗမာက ဂျပန်ကိုတော်လှန်တယ် နောက် အင်္ဂလိပ်ကို တော်လှန်တယ် အဲ့ဒါတွေက ဘာသာရေးအရ  ထတော်လှန်နေကြ တာမဟုတ်ဘူး။

နောက်တစ်ခုက ဘာလည်းဆိုတော့ အင်ပါရာအကြီးကြီးတွေ  နှစ်ပေါင်း များစွာ တည်ရှိနေတာတွေ ပြိုကွဲသွားတဲ့အချိန်မှာ ဥပမာ- အင်္ဂလိပ်ကလဲ သိမ်းထား တာတွေကို ပြန်လွတ်လပ်ရေး ပေးလိုက်တဲ့အချိန်မှာ၊ ဥပမာ အင်္ဂလိပ်သိမ်းထာတဲ့ မဂိုအင်ပါရာကြီး အိန္ဒိယမှာ ပြီုကွဲသွားတဲ့အချိန်မှာ… အိန္ဒိယ နဲ့ အရှေ့ပါကစ်စတန် အနောက် ပါကစ်စတန် နောက်ကျတော့ ဘဂ်လားဒေရှ်  အဲ့လိုတွေပြိုကွဲ သွားကြ တယ်။

အော်တိုမန် အင်ပါယာ ကြီးလည်းအတူတူပဲ အစိတ်စိတ်အမွှာမွှာကို ကွဲသွားတာ။ အဲ့လိုနဲ့ တချို့လူမျိုးတွေကဆိုရင် နိုင်ငံတွေပါကွဲ ပြန့်ပြီးသွားကြတာ။

ပြီးတော့အီရန်အင်ပါယာ အဲ့လိုအကြီးကြီးတွေကို ဖြိုခွဲပစ်လိုက်တဲ့အခါကြတော့ မတည်မငြိမ်တွေဖြစ်တယ်။

နောက်တော့အဖွဲ့အစည်းတွေ အမျိုးစုံဖြစ်လာတယ် အဲ့တော့အရှေအလယ်ပိုင်းမှာရော  နေရာတိုင်းမှာ အဲ့လိုမျိုးပြဿနာတွေ ဖြစ်လာတယ်။

အစ္စရေးနိုင်ငံကိုလည်း ပါလက်စတိုင်းတွေရဲ့နေရာမှာ ဇွတ်တည်ထောင်ပေးပြီး နယ်မြေခွဲပေးလိုက်တယ် ။ အဲ့ဒီကနေ တခါတည်းစပြီးတော့ပြဿနာတွေ ဖြစ်တာ။  အဲ့ဒီမှာ အပြိုင်အဆိုင်အဖွဲ့တွေ ပေါ်လာတယ် အခုဆိုရင် တောင်ကြည့်ပါလား ပါလက်စတိုင်း လိုဟာမျိုးတောင်မှ အရင်တုန်းကအင်အားရှိနေပြီးသာ ဖာတာနဲ့ ကိုချဘို့ ဟားမတ်ကို အစ္စရေးကထူထောင် ပေးပြီး လုပ်တာ။

မလေးရှားနဲ့ စင်္ကာပူက အေးအေး ဆေးဆေးခွဲပေးလိုက်တယ်။ ပေါင်းတုန်းကလည်း အေးအေးဆေးဆေး အဂ်လိပ် ကပေါင်းပေးတယ်။ မလေး အပေါ်ပိုင်း လေးပြည်နယ်လဲ အဂ်လိပ်က လုပ်ပေးလို့ ယိုးဒယားစီကပြန်ရတာ။

အာဖဂန်နစ်စတန်ပဲကြည့်လိုက်ပေါ့လေ ရှင်းရှင်းလေးပဲ ရုရှားကိုတိုက်တုံးက အမေရိကန်က‌ မြှောက်ပေးတယ်။ နောက်တော့ အမေရိ ကန်ကသိမ်းပြီးတော့ ရပ်ရှားက ပြန်မြှောက်ပေးပြန်တော့ လက်နှက်တွေဘာတွေထောက် ပံ့တာတွေ။

အခု တရုတ်နဲ့ဗမာပြည်ဖြစ်နေတာပဲကြည့်တော့ နိုင်ငံခြားပါဝါတွေက ဝင်ပြီးတော့ရှုတ်တာ နဲ့ အင်ပါယာကြီး ကနေ ပြောင်းသွားတဲ့ နိုင်ငံငယ်ကလေးတွေ ဟာ ‘ဘော်လကန်နိုင်ဇေးရှင်း’ ဖြစ်သွားစေနိုင်တယ်။ မကြာခင် တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကလည်း အပိုင်းပိုင်းကွဲလာနိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်လည်းပြီးရော တရုတ်ပြည်လည်းအတူတူပဲ တော်လှန်ရေးတွေပေါ်တာ။ ကွန်မြူနစ်တရုတ်က တိုက်ထုတ်လိုက်လို့ တရုတ်ဖြူတွေ တိုင်ဝမ်ရောက်အောင် ဆုတ်ပြေးသွားကြရတာ။ ဒီကိစ္စက အခုထိ မပြီးသေးဘူး။  ရုရှားကြီးလည်း အစိပ်စိပ်အမွှာမွှာ ကွဲသွားတာပဲ။ ရုရှားက ကွဲပြီးနောက် အခုအခါမှာ ယူကရိန်းနဲ့ကိုပြန်လိုချင်တာ၊ အခုချိန်အထိ ချနေတာပဲ။ ရှရှားက ဟိုတုန်း ကတည်းက ချက်ကိုစလိုဘက်ကီယား ၊ဟန်ဂေရီ တို့ကိုလည်းဝင်တိုက်ခဲ့ဘူးတာပဲ။ အရှေ့ဉရောပနိုင်ငံတွေကို သူဝင်တိုက်တာသိမ်းတာပဲ။ အဲတုန်းကတော့ အင်အား ပါဝါကတော်တော်များ‌နေတာကိုး။ ရှရှားက သူ့အထဲမှာရှိတဲ့ အချို့ ပြည်နယ်တွေ နယ်မြေတွေကို အင်အားသုံးပြီးနှိမ်နင်းနေတာပဲ။ တရုတ်ကလည်း လွတ်လပ်ရေးရကာစလေးမှာကို ၁၉၅၀ ခုလောက်က တိဘက်ကို ဝင်သိမ်းတာပဲ၊ ရှင်ဂျမ် ကိုလည်းဝင်သိမ်းပြီးဆက်ဖိနှိပ်နေတာပဲ။

ဉရောပမှာလည်းဒီလိုပဲပေါ့ ၊ အင်္ဂလိပ်တွေကလည်း အိုင်ယာလန် တော်လှန်ရေး တွေ ဖေါ့ကလင်ကျွန်းတော်လှန်ရေးတွေကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာဘဲ။ ဒါတွေက နေရာတကာဖြစ်နေတာပဲ။ နိုင်ငံရေးတွေပါ အဲ့ဒါကြောင့် ခရစ်ယာန်အချင်းချင်း ချတော့ ခရစ်ယာန်တွေက သတ်နေကြတယ်လို့ မပြောကြဘူး ပါးစပ်တွေက ပိတ်နေကြတယ်။

ဖွံ့ဖြိတိုးတက်အောင်လို့ လှုပ်ရှားမှု တွေမှာလည်း တိုးတက်လာအောင်လုပ်တဲ့ အထဲမှာ ဉပဒေအသစ် တွေကလည်း ပြောင်းလာတယ် ကျောင်းတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ခေတ်မှီကျောင်းတွေဖြစ်လာတယ်။  ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးလုပ်သူတွေနဲ့ သမရိုးကျရှေးရိုးဝါဒီတို့ ဝိရောဒိဖြစ်ကုန်ကြတာပေါ့ဗျာ။ခေတ်မှီ ဖွံ့ဖြိုးတိုးတက်ရေးသမားတွေက စီးပွားရေးအရ ပြင်ဆင်မှုတွေလုပ်တယ်။ အဲ့လိုလုပ်တာကို မကြိုက်လို့ ဉပမာ အီရန်ကို ကြည့်ပါ အီရန်မှာ ရှားဘုရင်ကို တော်လှန်ပြီးတော့ အစ္စလာမ်မစ် တော်လှန်ရေးပေါ်လာတယ်။ အဲ့ဒါကို မကြိုက်တော့ အမေရိကန်က မြှောက်ပေးတယ်။  အစ္စရေးထောက်လှမ်းရေး မိုဇတ်ကနေ အီရန်နိုင်ငံ အထဲထိ ဝင်ပြီးတော့ ခလောက်ဆန်တယ်။ အီရန်နိုင်ငံထဲထိ ဝင်ပြီးတော့ ခေါင်းဆောင်တွေကို သတ်တယ်။ အဲ့ဒီမှာရောက်နေတဲ့ နိုင်ငံတော်အသုဘလာတဲ့ ဧည်သည်တွေကို သတ်တယ်။ သူတို့တွေဘာလို့ချတာလဲဆိုတော့ တခြားမွတ်စလင်တွေကို မြှောက်ပေးပြီးတော့ သူတို့ကို လာတိုက်မှာကြောက်လို့တဲ့၊ အနုမြူဗုံးလုပ်မှာ ကြောက်လို့တဲ့၊ သူတို့ချနေတာ။  အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ ကိုတရားဝင်အသိမပေးဘဲ အစ္စရေးကိုယ်တိုင်မှာ ကအနုမြူဗုံး ရာချီပြီး ရှိနေတာ၊ အမေရိကန် ဗြိတိန် ဥရောပသမ္မဂ ကနေဒါ သြစတြေးလီးရား အားလုံးပါးစပ်ပေါက်တွေပိတ်ထားကြတယ်။

တူရကီကလည်းအတူတူပဲ မွတ်စလင်ကနေ  secular state ဘာသာရေးကိုအခြေမခံသော အုပ်ချုပ်ရေးစံနစ် လုပ်ပစ်လိုက်တာ။ အရင်တုန်းက ကမားလ် အတာတပ် တို့ဘာတို့ ခေတ်တွေမှာစတာ။ နောက်တခါ အခုခေတ်တွေမှာတော့ သမတ အာဒိုဂံ ကဘာသာရေးအသားပေးတယ်။  

အီဂျစ်မှာလည်းအဲ့ဒီလိုပဲ အီဂျစ်မှာဆို အန္နဝါဆဒတ်တို့ ဘာတို့ အာဏာတအားမြင့်လာတယ်။ အခုနောက်ပိုင်းတော့ အာရပ်တော်လှန်ရေးအပြီး မိုဆီ ရဲ့ ‘အာရပ်ညီအကိုများ’ တက်တော့ကခု စစ်တပ်က စီစီ တို့က တခါပြန်ပြီးအာဏာသိမ်းတယ်။  တိုးတက်တဲ့လူတက်လာတော့ စီအိုင်အေ လက်ချက်နဲ့ အာဏာပြန်သိမ်းတာ။ မွတ်စလင်နိုင်ငံမို့လို့ ဖြစ်ကြတာ အချင်းချင်းသတ်တာ ဒါကို မွတ်စလင်တွေကပဲ ဒုက္ခပေးနေသလို ငပွကြီးအဖြစ်ပုံဖေါ်နေကြတာ။

တကယ့် ငပွကြီးက အမေရိကန်။ သူက နေရာတကာမှာ ငပွကြီးလုပ် နေတာလေ။ နောက်အမေရိကန်ရဲ့ ဆရာကြီးပြောရမလား  အဖေကြီး ခေါ်ရမလား အစ္စရေးက တခြားနိုင်ငံတွေထဲထိ ဟိုဝင်ဗုံးကျဲ ဒီဝင်တိုက် တခါတလေ စပိုင် ဂျိမ်းစဘွန်း ထဲကလို လူသတ်သ္မားလွှတ် လုပ်ကြံနဲ့။ အဲ့ဒါကြတော့ ဗမာပြည်ထဲမှာရော ကမ္ဘာကပါ ဂျူးလီယက် လုပ်နေကြတယ်။  မွတ်စလင်တွေကိုပဲ လိုက်လိုက်ပြီး လက်ညိုးထိုးနေကြတယ်။

ပြန်ပြီးတော့လည်း စဉ်းစားကြပါအုံးဗျာ၊ လူရယ်လို့ဖြစ်လာရင်ပဲ ပြဿနာဟာဖြစ်လာနိုင်တာပဲ- ၊

  • အိုမယ်၊ နာမယ်၊ သေမယ်၊
  • ပြဿနာဖြစ်မယ် ရန်ဖြစ်မယ် စစ်ဖြစ်မယ်
  • မုန်းမယ် ချစ်မယ်

အဲ့ဒါတွေလွတ်အောင်လို့ တရားထိုင်ကြပေါ့ဗျာ။ ဘုရားတောင်ဖြစ်နိုင်သေးတာ တရားကျင့်ကြပေါ့ဗျာ။ အဲဒီလိုပြဿနာဖြစ် တာတွေကို မွတ်စလင်ကြမှလာပြီးပြောနေလို့ဘယ်တရားမလဲ။ လူရယ်လို့ဖြစ်လာရင် ချစ်တာ မုန်းတာ ဆိုး တာကောင်းတာတွေ အကုန်ရှိမှာပဲ။ လူဆိုးလဲရှိမယ်၊ လူကောင်းလဲရှိမယ်။ ကိုယ်ကို တိုင်ကောင်းအောင်အရင်လုပ်ပေါ့ဗျာ။ မွတ်စလင်ကိုမှ ငပွကြီးတံဆိပ်ကပ်ပြီးတော့ အိုးမဲကြီးသုပ်ပြီးတော့မှ ဝါလုံးချေးသုပ်ပြီးရမ်းနေသလိုဖြစ်နေတယ်။

အဲ့လိုပဲ ဗမာပြည်တွင်းမှာ မွတ်ကုလားကိုယူလို့ဆိုပြီး ပြဿနာတွေလုပ်ကြတာ။ နိုင်ငံခြားမှာရှိတဲ့ တွေက ကုလားတွေ၊ တရုတ်တွေ၊ ကိုယူထားတာကြ၊ ဘိုတွေကိုယူ ထားတာကြ၊ ဂျပန်တွေနဲ့ ကိုရီးယားတွေနဲ့ဘယ်လောက်ရနေမလဲ မရေနိုင်ဘူး။

နောက်ပြီးတော့ ကိုလိုနီပြီးကာစကဆိုရင် မွတ်စလင်နိုင်ငံတွေတော်တော်များများမှာ  အာဏာရှင်တွေ၊ စစ်အစိုးရတွေအုပ်ချုပ်တာ။ အင်ဒိုနီးရှာဆိုရင် စစ်အစိုးရအဆက်ဆက် ပြောင်းဖို့ရာ ပြည်သူတွေမနည်း လုပ်ရတယ်။ ဖိလစ်ပိုင်ဆိုရင် ခရိယာန်နိုင်ငံပဲ။ သူတို့နိုင်ငံမှာလည်း ဒီလိုပဲဖြစ်နေတာပဲ။ ယိုးဒယားက ဗုဒ္ဓဘာသာ၊ စစ်အာဏာ ခဏခဏသိမ်းတယ်၊ပြည်သူတွေ ဆန္ဒပြတယ်။

တက်သစ်စ ဒီမိုကရေစီအစိုးရတွေဟာ၊ ချစားတာနဲ့၊ မသမာတာနဲ့ ၊လူထုကတော်လှန် ရေးလုပ်တာကို မွတ်စလင်မှပဲ ခင်ဗျာတို့ကမဲပြီး၊ ဒါမွတ်စလင်မှဖြစ်တယ်လို့ ပြောနေလို့ကတော့ဘယ်တရားမလဲ။ အလကားနေရင်းနဲ့ မုန်းမနေကြပါနဲ့ ။ အနာပေါ်ကိုဒုတ်ထပ်ထိုးမနေကြပါနဲ့၊ မြေနိမ့်ရာလှံစိုက်မနေကြပါနဲ့ ။

ဒါကို ကုလား ကုလားဆိုပြီးလိုက်အော် မနေကြပါနဲ့။ သူ့အခြေအနေ သူ့နိုင်ငံ သူ့ဟာနဲ့သူပဲပေါ့ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ပေါ့။ ဒီလိုပဲဖြစ်မှာပေါ့၊ ဒါကြီးကိုမုန်းမနေပါနဲ့ ။ မကောင်းတဲ့အဖြစ်ကလေးကို လက်ညှိုးထိုးပြပြီး မွတ်စလင်ဆိုတာ ကောင်းတာမဟုတ်ဘူး ဆိုပြီးလုပ် မနေပါနဲ့။ ဥပက္ခာပြု လျစ်လျှူရှုထားလိုက်ပါဗျာ။

လက်တင်အမေရီးကားမှာဖြစ်တယ် အာဂျင်တီးနားမှာ ဖြစ်တယ် ဥရောပမှာလည်းဖြစ်တယ် အာဖရိက အရှေ့ဉရောပမှာဖြစ်တယ် အရှေ့အလယ်ပိုင်းမှာဖြစ်တယ်၊ ဖြစ်မှာ‌ပေါ့ဗျာ ဒါတွေကတော့ လူဆိုရှိရင် ပြဿနာရှိမှာပဲ၊ အဲ့လိုတွေမဖြစ်စေချင်ရင် တရားကျင့်ပေါ့ဗျာ။ တရားကျင့်ရင်တောင် မာန်နတ်အဖျက်သမားကနှောက်ရှက်ဦးမှာ။

ဗမာပြည်မှာ ရိုဟင်ဂျာ နဲ့ မွတ်စလင် ဆန့်ကျင်ရေးကိစ္စတွေ လည်းလုပ်နေကြတာပဲ ။

  • မွတ်စလင်ကင်းစင်တဲ့ပါလီမန်ကြီးကို လုပ်ခဲ့ကြ တာပဲ။
  • ပါလီမန်ထဲမှာကင်းစင်တော့ ဝန်ကြီးအဖွဲ့ တွေထဲမှာ လည်းမပါဘူး။
  • မွတ်စလင် ဆိုတာ ဘယ်အစိုးရအရာရှိကြီးထဲမှာမျှမရှိတော့ဘူး။

သူများနိုင်ငံတွေမှာဆိုရင် ထိုင်မှာ ကာချုပ်တောင်ပေးဘးတယ်။ မလေး အင်ဒိုမှာ မွတ်စလင်မဟုတ်သူတွေကို ဗိုလ်ချုပ်တွေဘာတွေဆိုတဲ့ အဆင့်မြင့်ရာထူးတွေပေးထားကြတာတွေရှိတယ် ။ ရဲထဲမှာဆိုရင်လည်းရဲ ဒါရိုက်တာအဆင့် တွေဘာတွေပေးကြ တာရှိတယ်။

တခြားနိုင်ငံတွေမှာတော့ ပေးထားကြတာပဲ အဂ်လန်မှာ တောင်မှ ဝန်ကြီးချုပ်ကို ဟင်ဒူ ဘာသာဝင်တောင်မှာ ဝန်ကြီးချုပ်ခန့်ထားဘူးတာပဲ။

တခြားနိုင်ငံတွေမှာ၊ တရုတ်တွေ ကုလား တွေ တပုံကြီးပါ။ ရာထူးအဆင့်မြင့်တာတွေအများကြီးပါ။ သူ့ဟာနဲ့ သူတာဝန်တွေ ထမ်းဆောင်နေကြ တာပါပဲ။

ရခိုင်တွေလည်း ဟိုဘက်ဒီဘက်ရှိသလို၊ မွတ်စလင်တွေ လည်း ဟိုဘက်ဒီဘက်ရှိတာပဲ ။ ရိုဟင်ဂျာတွေလည်း ဟိုဘက်ဒီဘက်ရှိတာပဲ။ ကရင်တွေလည်း နှစ်ဘက်စလုံး အကုန်ရှိကြတာပဲ လူဆိုတာဖြစ်နေရင် ဟိုဘက်ကိုကြိုက်လို့ ဒီဘက်ကိုကြိုက်လို့ဆိုတာ ရှိနေမှာပဲ။ ခင်ဗျား တို့က ထရမ့်လုပ်နေတာ တွေကြတော့မမုန်းဘူးလား? အခု ဗမာပြည်အပါအဝင် တတိယနိုင်ငံတွေက ဒုက္ခသည်တွေကို အကုန်ပိတ်ပြစ်လိုက်ပြီ။ အဲ့လောက်ကြီးတော့ မလုပ်သင့်ဘူးလေ။ တစ်ယောက်နှစ်ယောက် ပြဿနာဖြစ်တာနဲ့ ကျန်တဲ့ဟာတွေပါ အကုန်လုံးလျှောက်ပိက် လိုက်တာမဖြစ်သင့်ဘူးလေ။

အဲ့တော့ မွတ်စလင် နိုင်ငံတွေကဘာ တွေဖြစ်နေ သလဲဆိုတော့ ကိုလိုနီကြောင့် ခံ‌နေရတာ ကိုလိုနီကိုပြန်တိုက်တာ ဗမာပြည်လဲကိုလိုနီကိုပြန်တိုက်နေရတာပဲ လေဗျာ။

  • ဆရာစံကိုသွားပြီး အပြစ်ပြောမလား?
  • ၁၃၀၀ပြည် အရေးတော်ပုံကို အပြစ်တင် အပြစ်ပြောမလား?
  • ကျောင်းသား သပိတ်တွေကိုပြောမလား?
  • အလုပ်သမားသပိတ်ကိုပြောမလား?
  • ရေနံမြေသပိတ်ကိုပြောမလား?
  • ဦးနေဝင်းကို တော်လှန်ဖို့အတွက်ကို အမျိုးစုံ လုပ်ခဲ့ကြတဲ့သပိတ်တွေကျောင်းသားတွေကိုအပြစ်ပြောမလား?
  • ABSDF တွေကိုအပြစ်ပြောမလား?
  • ကျောင်းသားသမဂတွေကို ပြောမလား ဘယ်လိုလုပ်ပြီးပြောလို့ရမှာလည်းဗျာ

သူအခြေအနေ သူ့အချိန် အခါနဲ့ ပေါ်ပေါက် လာတာပဲဗျာ။ မှန်တယ်ထင်လို့လုပ်ကြရတာပဲပေါ့ မွတ်စလင်နိုင်ငံ  တွေလည်း အဲ့ဒီလို့ပေါ့ဗျာ။

Share This Post

More From Author

Q/A No. 11. Are Muslims terrorists or all the terrorists are being Muslims?

Q/A No. 13. Does Islam allow Muslims to terrorize or does Islam authorize terrorism?