It’s not because Muslims as a religious group are “more revolutionary.”
Revolutions happen when political, economic, and social pressures become too great—this is true in Europe, Asia, Africa, and the Americas as well.
But many Muslim-majority regions went through particular historical conditions that made uprisings more common. Here are the main factors historians point to:
1. Colonialism and Foreign Domination
From the 1700s–1950s, a large part of the Muslim world was colonized by European powers.
Examples: India, Algeria, Egypt, Sudan, Indonesia, Iraq, Libya.
Colonial rule often created:
- loss of local governance
- heavy taxation
- cultural pressure
- economic exploitation
This led to anti-colonial revolutions, just as it did in Latin America, Africa, and East Asia.
So many revolutions in Muslim societies were anti-colonial struggles, not religious conflicts.
2. Collapse of Long-standing Empires
The Ottoman Empire, Safavid Iran Empire, and Mughal Empire once governed vast regions. When these empires weakened:
- rival elites fought for power
- new nation-states emerged
- foreign powers intervened
Transitions from empire → modern nation-state often produced political revolutions, similar to China, Russia, and parts of Europe.
3. Struggles for Modernization
During the 19th–20th centuries, many leaders pushed rapid modernization—new laws, schools, economic reforms.
Rapid change often causes conflict, for example:
- Iran’s Constitutional Revolution (1905–1911)
- Turkey’s secularization reforms
- Egypt’s nationalist revolutions
These were political and social upheavals, not religious uprisings.
4. Authoritarian Governments
In the post-colonial era, many Muslim-majority countries were ruled by military or single-party governments.
Lack of political freedom often leads to:
- protests
- rebellions
- revolutions
This is similar to Latin America (Chile, Argentina), East Europe, and parts of Africa.
Revolutions tend to happen where political participation is restricted—regardless of religion.
5. Economic Inequality
A large youth population Gen Zee, high unemployment, and unequal wealth also contributed.
This was one factor behind the Arab Spring (2010–2011).
Again, this is an economic → political pattern, not a religious one.
6. Global Conflicts and Proxy Wars
During the Cold War, many Muslim regions became proxy battlegrounds (e.g., Afghanistan, Yemen, Syria).
External powers supported different factions, intensifying local struggles.
This made internal conflicts look more widespread.
So what’s the core explanation?
Revolutions in Muslim-majority societies were driven by political, economic, and colonial pressures—not because of Islam.
Muslim-majority regions went through:
- heavy colonial experience
- empire collapse
- geopolitical competition
- authoritarian rule
- economic stress
These conditions are the real drivers—just as revolutions happened in Christian-majority, Buddhist-majority, Hindu-majority, and secular societies facing similar pressures.
အမှတ် ၁၂။ မွတ်စလင်များသည် အဘယ်ကြောင့် များပြားသော တော်လှန်ရေးများကို ပြုလုပ်နေကြပါသနည်း?
မွတ်စလင်များသည် ဘာသာရေးခံယူချက်ကြောင့် “တော်လှန်ရေးလုပ်ရတာတွေကို ပို၍ ကြိုက်နှစ်သက်သည်” ဟု ဆိုလျင်မှားပါသည်။
ကမ္ဘာပေါ် ၌ ဥရောပ၊ အာရှ၊ အာဖရိက နှင့် အမေရိက ဘယ်နေရာတွင်မဆိုနေရာတိုင်း၌ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖိအားများ အလွန်အမင်းကြီးမားလာသောအခါ တော်လှန်ရေးများ ဖြစ်ပေါ်လာလေ့ရှိကြသည်။
ထို့ကြောင့် မွတ်စလင်လူများစု ဒေသများစွာတွင် အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဖိအားများ သမိုင်းဝင် အခြေအနေအရ များပြားပြီး တွန်းပို့နေသလိုဖြစ်သောကြောင့် အုံကြွမှုများ ပို၍ အဖြစ်များ ခဲ့ရပါသည်။
သမိုင်းပညာရှင်များ ထောက်ပြသော အဓိက အချက်များမှာ –
၁။ ကိုလိုနီဝါဒနှင့် နိုင်ငံခြားလက်အောက်ချုပ်ကိုင်မှု
၁၇၀၀ မှ ၁၉၅၀ ခုနှစ်များအတွင်း မွတ်စလင်ကမ္ဘာ၏ အများစုသည် ဥရောပအင်အားကြီးများ၏ ကိုလိုနီအောက်တွင် ရှိခဲ့သည်။ ဥပမာ – အိန္ဒိယ၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ဆူဒန်၊ အင်ဒိုနီးရှား၊ အီရတ်၊ လစ်ဗျား။
အထက်ပါ ကိုလိုနီအုပ်ချုပ်သူများ ဖန်တီးခဲ့သည် ဆိုးကြိုးများမှာ-
- ဒေသခံအုပ်ချုပ်ရေး ဆုံးရှုံးမှု
- မတန်တဆ များပြားသော အခွန်ကောက်ခံမှု
- ဒေသခံတို့၏ ယဉ်ကျေးမှုအပေါ်သက်ရောက်သော ဖိအား
- စီးပွားရေး ခေါင်းပုံဖြတ်ခံရမှု
အထက်ပါအချက်များကြောင့် လက်တင်အမေရိက၊ အာဖရိက နှင့် အရှေ့အာရှတို့တွင် ဖြစ်ခဲ့သကဲ့သို့ မွတ်စလင်လူများစု အနေနှင့်လည်း ကိုလိုနီဆန့်ကျင်ရေး တော်လှန်ရေးများ ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် မွတ်စလင်လူ့အဖွဲ့အစည်းများရှိ တော်လှန်ရေးများစွာသည် ကိုလိုနီဆန့်ကျင်ရေး ရုန်းကန်မှုများဖြစ်ပြီး ဘာသာရေး ပဋိပက္ခများ မဟုတ်ပါ။
၂။ ကြာရှည်ခဲ့သော အင်ပါယာများ ပြိုလဲခြင်း
အော်တိုမန်အင်ပါယာ၊ ဆာဖာဗစ် အီရန်အင်ပါယာ နှင့် မဂိုအင်ပါယာတို့သည် ကြီးမားသော ဒေသများကို အုပ်ချုပ်ခဲ့ဖူးသည်။ ဤအင်ပါယာများ အားနည်းလာသောအခါ –
- ပြိုင်ဘက် အထက်တန်းလွှာများသည် အာဏာအတွက် ပြည်သူအချင်းချင်း တိုက်ခိုက်ခဲ့ကြသည်
- နိုင်ငံသစ်များ ပေါ်ပေါက်လာသည်
- နိုင်ငံခြားအင်အားကြီးများက ဝင်ရောက်စွက်ဖက်ခဲ့ကြသည်
အင်ပါယာများမှ ခေတ်သစ်နိုင်ငံတော်များအဖြစ်သို့ ကူးပြောင်းရန်ကြိုးပန်းမှုများ၌ များသောအားဖြင့် နိုင်ငံရေးစံနစ်သစ် ပြောင်းရန်အတွက် တော်လှန်ရေးများ ဖြစ်ပေါ်တတ်ပါသည် – (ဥပမာ-တရုတ်၊ ရုရှား နှင့် ဥရောပအစိတ်အပိုင်းများ)
၃။ ခေတ်မီတိုးတက်ရေးအတွက် ရုန်းကန်မှုများ
၁၉ ရာစု မှ ၂၀ ရာစုအတွင်း ခေါင်းဆောင်များစွာသည် ခေတ်မီတိုးတက်ရေး လျင်မြန်စေရန် တွန်းအားပေး ခဲ့ကြသည် – နိုင်ငံရေး၊ ဥပဒေသစ်များ၊ ပညာရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရန်ကြိုးပန်းမှုများလုပ်ရာတွင် လျင်မြန်သော ပြောင်းလဲရန်ကျိုးစားရာ၌ ရှေးရိုးဆွဲ အရင်းရှင်၊ မြေပိုင်ရှင်များ ပဒေသရာဇ် လက်ကျန်များနှင့် ခောတ်သစ်အမြင်ရှိသော ကွန်မြူနစ် ဆိုရှယ်လစ်ယုံကြည်သူတော်လှန်ရေးသမာများ ကတဖက်၊ ဗျူရိုကရက်များ စစ်ဖက်ခေါင်းဆောင်များ အာဏာရှင် လက်သစ်များက တမျိုးတဘာသာ ပဋိပက္ခတွေ ခေါင်းထောင်ထလာပြီး သူတလူ ငါတမင်း တိုက်ခိုက်မှု သွေးကွဲမှု သူပုန်ထမှု ခေါင်းဆောင်များလုပ်ကြံမှု နိုင်ငယ်များအဖြစ်ခွဲပြီး စစ်တိုက်မှုတို့ ဖြစ်လာလေ့ရှိပါသည်။ ဥပမာ –
- အီရန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တော်လှန်ရေး (၁၉၀၅-၁၉၁၁)
- တူရကီ၏ လောကဓလေ့ ပြုပြင်ပြောင်းလဲမှုများ
- အီဂျစ်၏ အမျိုးသားရေးဝါဒ တော်လှန်ရေးများ
ဤအရာများသည် ဘာသာရေး အုံကြွမှုများ မဟုတ်ပါ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေးလှုပ်ရှားအားပြိုင်ပြီး နိုင်ငံငယ်များမတည်ငြိမ်ပဲ ရှိနေချိန်တွင် အိမ်နီးချင်းနိုင်ငံ များနှင့် အခြား အင်အားကြီးနိုင်ငံများက ဗျောင် သို့မဟုတ် လျွှို့ဝှက်စွာ ဝင်ရောက်စွက်ဖက်မှုများဖြစ်လေ့ရှိ၏။
၄။ အာဏာရှင်အစိုးရများတက်လာခြင်း
ကိုလိုနီလက်ထက်နောက်ပိုင်းတွင် မွတ်စလင်လူများစု နိုင်ငံများစွာ၌ စစ်တပ် သို့မဟုတ် တစ်ပါတီ အာဏာရှင်အစိုးရများက အုပ်ချုပ်ခဲ့ကြသည့်အစဥ်အလာရှိကြပါသည်။ နိုင်ငံရေး လွတ်လပ်မှု ကင်းမဲ့ကြတာများပါသည်။ ထို့ကြောင့် များသောအားဖြင့် အောက်ပါအကျိုးဆက်များဖြစ်ပေါ်လာစေပါသည် –
- ဆန္ဒပြမှုများ
- ပုန်ကန်မှုများ
- တော်လှန်ရေးများ
ဤအချက်မျိုးကို လက်တင်အမေရိက (ချီလီ၊ အာဂျင်တီးနား)၊ အရှေ့ဥရောပ နှင့် အာဖရိကအစိတ်အပိုင်းများနှင့် ဆင်တူစွာတွေ့ရှိရတတ်ပါသည်။
နိုင်ငံရေး ပါဝင်ခွင့် ကန့်သတ်ထားသည့်နေရာများ တိုင်းပြည်များတွင် တော်လှန်ရေးများ ဖြစ်ပေါ်လေ့ရှိသည်မှာ ဘာသာနှင့်လုံးဝ မဆိုင်ပါ။
၅။ စီးပွားရေး မညီမျှမှု
- လူငယ်လူဦးရေ များပြားခြင်း၊
- အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း နှင့်
- ကြွယ်ဝမှု မညီမျှခြင်း
တို့ကလည်း တိုင်းနိုင်ငံ မငြိမ်သက်ရန်အထောက်အကူပြုတတ်ပါသည်။ ဤအရာသည် အာရပ်နွေဦးပေါက် (၂၀၁၀-၂၀၁၁) ၏နောက်ကွယ်မှ အကြောင်း အချက်တစ်ခုဖြစ်သည်။
တစ်ဖန် ဤအရာသည် စီးပွားရေးမှ နိုင်ငံရေး ပုံစံဖြစ်ပြီး ဘာသာရေး ပုံစံ မဟုတ်ပါ။
၆။ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများနှင့် ကြားခံစစ်ပွဲများ
စစ်အေးခေတ်အတွင်း မွတ်စလင်ဒေသများစွာသည် ကြားခံစစ်တလင်း စစ်မြေပြင်များ ဖြစ်လာခဲ့သည် (ဥပမာ – အာဖဂန်နစ္စတန်၊ ယီမင်၊ ဆီးရီးယား)။ ပြင်ပအင်အားကြီးများသည် မတူညီသော အုပ်စုများကို ပံ့ပိုးပေးခဲ့ပြီး ဒေသတွင်း ရုန်းကန်မှုများကို ပိုမို ပြင်းထန်စေခဲ့သည်။
ဤအရာက မွတ်စလင်နိုင်ငံအများတွင် ပြည်တွင်းပဋိပက္ခများ ပို၍ ကျယ်ပြန့်များပြားနေသည်ဟု အထင်ရောက်စေခဲ့ပါသည်။
မွတ်စလင်များ၏ များပြားသော တော်လှန်ရေးများ၏အကြောင်ရင်းကို ရှင်းပြချက်
မွတ်စလင်လူများစု လူ့အဖွဲ့အစည်းများတွင် တော်လှန်ရေးများသည် အစ္စလာမ်ဘာသာကြောင့် မဟုတ်ပါ။ နိုင်ငံရေး၊ စီးပွားရေး နှင့် ကိုလိုနီ ဖိအားများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
မွတ်စလင်လူများစု ဒေသများသည် အောက်ပါ အခက်အခဲများကိုဖြတ်သန်းနေခဲ့ကြရပါသည် –
- ဆိုးရွားသော ကိုလိုနီ စနစ်၏ ဖိနှိပ်အထားခံခဲ့ရသည့် အတွေ့အကြုံ
- အင်ပါယာများ ပြိုလဲ၍ အပြိုင်နိုင်ငံများပေါ်ခြင်း
- ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှု
- အာဏာရှင်စနစ် အုပ်ချုပ်မှု
- စီးပွားရေး ဖိစီးမှု
ဤအခြေအနေများသည် အစစ်အမှန် တွန်းအားပေးသောအခြေခံအကြောင်းအချက်များဖြစ်သည်။ ခရစ်ယာန်လူများစု၊ ဗုဒ္ဓဘာသာလူများစု၊ ဟိန္ဒူလူများစု နှင့် အခြားလူ့လောကဓလေ့များ လူ့အဖွဲ့အစည်းများတွင် လည်း အလားတူ ဖိအားများနှင့် ရင်ဆိုင်ရစဉ် တော်လှန်ရေးများ ဖြစ်ပေါ်ခဲ့သည့်နည်းတူ ဖြစ်သည်။
ဒါတွေကတော့ ကျနော်ပြောချင် ဖြေချင်တဲ့ အဓိက အခြေခံအချက်တွေပါ။ အခုဆက်ပြောမှာက အယ့်ဒီအချက်တွေပေါ်မူတည်ပြီး အပိုကလေးတချို့ရှင်းပြရင်း နည်းနည်းအကျယ်ဖွင့်ဆိုမှာပါ။
ကဲ နည်းနည်းလောက် နှမ်းဖြူး ဖို့ဆက်လိုက်ကြရအောင်-
အခုတော်လှန်ရေးတွေ လုပ်နေတာ ပြည်တွင်း ပြည်ပ စစ်တိုက်နေတာက မွတ်စလင် နိုင်ငံတွေပဲ အများစုဖြစ်နေတယ်။ ဒါပေမဲ့ ဒါက
- မွတ်စလင် ဖြစ်လို့ ပြသနာလုပ်တာ ဖြစ်နေတာ မဟုတ်ဘူး။
- မွတ်စလင်ဖြစ်လို့တော်လှန်ရေးတွေ လုပ်နေကြတာမဟုတ်ဘူးဗျ။
ကြည့်ဗျာ ကျနော်တို့ရဲ့ဗမာပြည်မှာလည်း တော်လှန်ရေးတွေအမျိုးစုံလုပ်နေကြတာပဲ။ နှစ် ၇၀ ကျော်ကြာနေပြီဖြစ်တဲ့ ကမ္ဘာ့အရှည်ဆုံး ပြည်တွင်းစစ်။ ဒါကတော့ ရှင်းနေတဲ့ကိစ္စပဲ ဗမာပြည်မှာလည်းတော်လှန်ရေးတွေ အမျိုးစုံ လုပ်နေကြတာပဲ ရှမ်းရော၊ ကရင်ရော၊ ကချင်ရော၊ ရှိသမျှ လူမျိုးစုံဘာသာစုံက တော်လှန်ရေးတွေ လုပ်နေကြတာပဲ။ ဗုဒ္ဓ ဘာသာဖြစ်တဲ့ ရှမ်းတွေနဲ့ ဗုဒ္ဓ ဘာသာဖြစ်တဲ့ကရင်တွေနဲ့ ဗုဒ္ဓ ဘာသာ ဖြစ်တဲ့မွန်တွေ အခုတော့ တော်လှန်ရေးထဲပါလာပြီ။
အဲ့ဒီလို တိုင်းရင်းသား ဗုဒ္ဓဘာသာ တွေက ဘာမှစမလုပ်သေးခင်ကထဲက ခရစ်ယာန်တွေက တော်လှန် နေခဲ့ကြ ပါတယ်။ ဗကပ ဗုဒ္ဓဘာသာတွေကလည်း မရှေးမနှောင်းအာဏာရှင်ကို တော်လှန် နေကြတယ်။ ရခိုင်မှာ မူဂျာဟစ်တွေကလည်း ထတိုက်တယ်။ အဲ့ဒီတော့ လူမျိုးရေး ဘာသာရေးနဲ့မဆိုင်ပါဘူးဗျာ။ တော်လှန် တာကတော်လှန်တာပဲ နိုင်ငံရေးမပြေလည်လို့ ကွဲလို့ မကြိုက်လို့တော်လှန်တာပေါ့လေ။ အဲ့ဒီတော့ တော်လှန် တာတွေကဘာလို့ဖြစ် တာလဲ ဆိုတော့ နိုင်ငံရေးမကြိုက်လို့ပေါဗျာ။
အခုလည်း အာဏာသိမ်းလိုက်တာနဲ့ ထဆန္ဒပြ ပြီးတော့ တော်လှန်ကြတာပေါ့။
အခု ဘင်္ဂလားဒေရှ့် အီရန်တို့ မှာ လည်း စီးပွားရေး ထိလာကြလို့ လူမှုရေး ဖိနှိပ်တာတွေ များတယ် ထချကြတယ်။ စီးပွားပျက်လို့ ထချကြတဲ့နိုင်ငံတွေကမ္ဘာမှာအများကြီးပါ။ ဥပမာ အာရပ်နွေဦးတော်လှန်ရေး။ အဲ့ဒီနိုင်ငံတွေမှာဆိုရင် စစ်လက်နှက်ကိုင် အသိုက်အဝိုင်းနဲ့ ခရိုနီတွေပဲစားနေကြတာ အနေချောင်နေကြတာ။ ကျန်ပြည်သူတွေက စီးပွားပျက်လာ ပြီးတော့ ဖိနှိပ်မှု့တွေများလာတယ်။ နိုင်ငံရေးပါတီတွေကို လည်းဖိနှိပ်လာတယ်။ အခြားဟာ တွေလည်းပါတာပေါ့လေ။ စီးပွါးရေး-နိုင်ငံရေး အထွေထွေမကြေနပ်မှုတွေ ပေါ့လေ။ အဲ့ဒါတွေက သိပ်များလာပြီဆိုရင် မခံနိုင်တော့ဘူး။ ဖိအားများလာရင် သဘာဝအရ ပေါက်ကွဲမှာပဲ။ ဒါတွေက လူမှုရေး (ဆိုရှယ်) မှာလည်းပြောတာပဲ မတရား ဖိနှိပ်ချုပ်ချယ်တာတွေ များလာရင်ဖြစ်တာပဲ အမေရိကန်တွေကို အဂ်လိပ်တွေကလာအုပ်ချုပ်နေတယ် အမေရိကန်တွေ ကိုဖိနှိပ်တာများလာတော့ အဂ်လိပ်ကို အမေရိကန်က ပြန်ပြီးတော့ ပုန်ကန်တာပဲ အဲဒါ လူမှုရေးအရပဲဗျ။
စီးပွါးရေးတွေ နိုင်ငံရေးတွေအရမဟုတ်တော့ဘူး လူမှုရေးအရပဲ ငါတို့ကို လာလုပ်တာ မရဘူး ဆိုပြီးပြန် ချတာပဲ။ ဒါကဉရောပမှာရော၊ အမေရိကမှာရော၊ အာရှမှာရော၊ အမေရိကားမှာပါ၊ တောင်ပိုင်း မြောက်ပိုင်း ပေါ့လေ။ တောင်အမေရိကမှာပိုများတာပေါ့။
အဲ့ဒီတော့ မွတ်စလင် လူအများစု နေရာမှာ ဘာဖြစ်လဲ ဆိုတော့ ရာဇဝင်အရကိုက ဘာလဲဆိုတော့ ဒါတွေကပိုများနေတဲ့ အချက်အလက် တွေကို ကျနော်တို့ကြည့်တယ်ဆိုရင်-
- ကိုလိုနီ ဖြစ်တာတွေအများကြီး တချို့က ကိုလိုနီ တွေဖြစ်ကြတယ်
- နောက်ကျတောနိုင်ငံခြားလွှမ်းမိုးမှုတွေ ဥရောပနိုင်ငံတွေ ဟိုဘက်က ဒီဘက်ကအဲလိုမျိုးလွှမ်းမိုးမှု့ခံရလို့
၁၇၀၀ခုကနေပြီးတော ၁၉၅၀ထိအောင် မွတ်စလင် ကမ္ဘာကြီး တစ်ခုလုံးက အတူတူပါပဲ ဒုတီယ ကမ္ယာစစ်ပြီးအထိအောင်ပေါ့ ပြီးတော့မှ-
အာဖရိကမှာရှိတဲ့ မွတ်စလင်နိုင်ငံတွေ၊
အရှေ့အလယ်ပိုင်းမှာရှိတဲ့ မွတ်စလင်နိုင်ငံတွေ
အာရှက အင်ဒိုနီးရှာတို့ မလေးရှားတို့ ဘာတို့ရှိသမျှဟာအားလုံးတွေမှာ
အိန္ဒိယ ဆိုလည်း မဂိုလ် အင်ပါရာကြီးရှိတာပဲ မွတ်စလင်နိုင်ငံလိုပဲ အဲတုန်းကတော့ပြောလို့ရတာပေါ့လေ အလ်ဂျီးဒီးယားဆိုရင် ပြင်သစ်က အီဂျစ်တို ဆူဒန်တို့ အင်ဒိုနီးရှာတို့ အီရပ်တို့ လစ်ဗျားတို့ အကုန်လုံး အဲ့ဒီနိုင်ငံတွေက ကိုလိုနီကနေလွတ်တဲ့အချိန်မှာ ကိုလိုနီဆိုတာ ဒေသဆိုင်ရာအာဏာပိုင်တွေဖျက်ပစ်ထားတော့ လွတ်လပ်ခါစ အတွေ့အကြုံမရှိကြသေးဘူး။ နိုင်ငံသားတွေ တိုင်းရင်းသားတွေရဲ အုပ်ချုပ်မှုက ကိုလိုနီ ဘဝမှာ ဘာမှမရှိခဲ့ဘူး။ ကိုလိုနီဆိုတာ ဒေသဆိုင်ရာအာဏာပိုင်တွေကပဲလုပ်နေတာ မလေးရှားမှာ ဆိုရင် စူလတန်(ဘုရင်)တွေကို ဆက်ပြီးတော့ ခန့်ထားသေးတယ်၊ အင်္ဂလိပ်တွေကပဲ စူလတန် အကြံပေး ဒါပေမဲ့ အင်္ဂလိပ်တွေကပဲတကယ် အာဏာကိုကိုင်ပြီး အုပ်ချုပ်နေတာပေါ့။ ရာထူးကြီးတဲ့လူတွေဆိုရင် လူဖြူကိုပဲ ခန့်ထားတာ။ မြန်မာပြည်မှာလိုပဲပေါ့။ နောက်ကျတော့ အခွန်အကောက်တွေများလာတယ်. ဗမာပြည်လဲ ဒီလိုပဲလူခွန် တွေကောက်တာ ရှိသမျှ အခွန်တွေကောက်တာ။ မြေခွန်တွေ လူခွန်တွေ လူမျိုး ရေး ဘာသာရေး မတူတဲ့ဟာနဲ့ အဲ့ဒါတွေများလာတဲ့အခါကြတော့ ထချကုန်တာပဲ။
ဗမာပြည်တုန်းက နန်းရေးဝင်ဒေါက်တာဘမော်ရဲ့ထက်မှာ ကာရင်မ် ဂနီ ဆိုတဲ့လူက အတွင်းဝန်။ သူက စူပတ်ချန်တရာဘိုရှ် ရဲ့ အိန္ဒိယတော်လှန်ရေးထောက်ခံပြီးတော့ အမတ်ရာထူးနဲ့တော်လှန်ရေးမှာပါတော့ သူ့ကိုဖမ်းမယ်လုပ်တဲ့အခါကြတော့ သူပြေးလာပြီး မလေးရှားမှာနေတယ်။ ပြီးတော့စင်္ကာပူမှာသွားနေတယ်။
ဒီလူကတော့တော်တော်ထက်တယ်။ မလေးရှားမှာ သူဘာတွေလုပ်ခဲ့လဲဆိုတော့ မလေးတွေက သူတို့ရဲ့ အက္ခရာတွေကို အဂ်လိပ်ဖေါင့်နဲ့ရေးနေတာကို ဟိုးရှေးတုန်း က ဂျာဝီ ဖေါင့် (အာရပ်အက္ခရာ) နဲ့ သူကပြန်ထွင်ပေးပြီး သတင်းစာထုတ်ပေးနိင်ခဲ့တယ်။ သူက ဗမာပြည်ကလာတဲ့ မွတ်စလင်ဗျ အိန္ဒိယမွတ်စလင် ပေါ့လေ။ နောက်ထပ်တခါ သူက တမီလ်စာ တတ်တော့ တမီလ်ဘာသာနဲ့ သတင်းစာ ထုတ်ပေးခဲ့တယ်။ သူကဗမာပြည်တုန်းကလည်း သတင်းစာတွေဘာတွေထုတ်တာရှိ တာပေါ့ဗျာ။ ဗမာပြည်တုန်းကလည်း သူရေးခဲ့တဲ့စာအုပ်တောင်မှ ရှိသေးတယ်။ ကရင်တွေ တောင်ငူဒေသ သံတောင်မှာလုပ်တာ တမန်တော်အီဗရာဟင် ရဲ့ဓလေ့ကိုလက်သင့်ခံပြီးတော့ ကွရ်ဘာနီ လုပ်သလိုပေါ့လေ ဆိတ်ကို လည်လှီးတာ တစ်နှစ်တခါ သံတောင်မှာ လုပ်တာ သူတို့တွေက ဂျူးတွေရဲ့ သာသမီး ၁၂ယောက် အဖွဲ၁၂ဖွဲ့ထဲက တစ်ဖွဲ့ ပျောက်ဆုံးသွားသော ညီအကိုများ ဆိုပြီးမှ အဲ့ဒီအုပ်စုအကြောင်းကို သူရေးခဲ့တာ။
သူကစင်္ကာပူရောက်သွားတဲ့ အခါကြတော့လည်း လှုပ်ရှားမှု လုပ်တယ်.အဲ့ဒီမှာမလေး အဖိုးအဖွားကြီးဆီကို လူဖြူ ခရစ်ယာန်ကလေးငယ်ရဲ့ မိဘတွေက မွေးစားဖို့ ပေးထားပြီး၊ အရွယ်ရောက်တော့မှ ပြန်ပြီးလိုချင်တယ်ဆိုပြီးတော့တရားဆွဲတာ။ အဲ့ဒီကာလက လွတ်လပ်ရေးမရခင်နော် ကိုလိုနီ လက်အောက်မှာပဲရှိသေ:တယ်နော် တရားဆွဲ တဲ့အခါကြတော့ မိန်းကလေးကိုပြန်ပေးလိုက်ရတယ်။ မွတ်စလင်ကနေပြီးတော့ ခရစ်ယာန်ဖြစ်သွားတဲ့ အခါကြတော့ ဒီ ကာရင်မ်ဂနီ က ဉီးဆောင်ပြီး လှုပ်ရှားမှုအကြီးအကျယ်လုပ်တာ ကိုလိုနီ ဆန့်ကျင်ရေးကိုပထဆုံး ဆန္ဒပြတာ စင်္ကာပူရာဇဝင်မှာ ပထဆုံးသူ လုပ်ခဲ့တာ။ နောက်တော့ သူ့ကိုဖမ်း တော့လည်း အဲ့ဒီတုန်းက အင်္ဂလိပ်က တော်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုရင် ဘီကလပ်စ် အထူးတန်းထားတယ်။ သတင်းစာဖတ်ခွင့် ရေဒီယိုနားထောင်ခွင့်ပေးတယ် ကောင်းကောင်းစားရတယ် နိုင်ငံရေးသမားဆိုရင် အဲ့ဒီလိုထားတာ။ အဖမ်းခံရပြီးတော့ ထောင်၁၀လ ကျတယ် ပြီးတော့ပြည်နှင်ဒဏ်ပေးတယ်။ နောက်တော့ ပါကစ်စတန်မှာ ဆုံးတယ်လို့ကြားတယ်။ သူကို ကျနော်တော့ ဆုံးရှုံးတယ်လို့မထင်ဘူး သူလုပ်ခဲ့ပေး ခဲ့တာတွေ အများကြီးပဲ အဲ့ဒါတွေကို အသုံးချနိုင်ရင် အများကြီးပါ။ ဉီကိုနီကိုလည်းသတ်ပစ်လိုက်တာ။ သုံးစမ်းပါ အသုံးမချပဲနဲ့ မတူတာနဲ့ သတ်ပစ်လိုက်တယ်။
အခုကျတော့ အဲ့လိုမဟုတ်ဘူး နိုင်ငံရေးသမားတစ်ယောက်ဖမ်းလိုက်ရင် ညကဖမ်းတယ် မနက် အလောင်းလာယူလှည့်ဆိုတာမျိုး။ ညှင်းပမ်းနှိပ်စက်ပြီးတော့ ကောင်းကောင်းမကျွေးပဲနဲ့ ရောဂါတွေရပြီး တော့မှသေခါနီးမှ လွှတ်ပေးတာမျိုး ထိအောင်လည်းရှိတာပဲ။ အဲသလို နှိပ်စက်ခံရပြီးတော့ သေသွားကြ တာတွေရှိခဲ့တယ်။ ဗိုလ်မှုးဘသော် ကိုနမူနာကြည့်ပါ။ မြန်မာရှေ့သို့ နဲ့ အင်္ဂလိပ် ဖော်ဝပ် ဂျာနယ်တွေမှာအယ်ဒီတာချုပ်လုပ်ပြီး နေဝင်းဆိုရှယ်လစ်နဲ့ မြန်မာပြည်သူ တွေအတွက် သူလုပ်ပေးခဲ့တာ တွေမထောက်ထားတော့ဘူး။ ရေတပ်ကို လူတိုင်းစွဲဆောင်တာပဲ သူ့ကြမှလုပ်တယ်ဆိုပြီးဖမ်းပြီးတော့မှ ထောင်ထဲမှာ ညှင်းဆဲပြီးသတ်ပစ်လိုက်တာ မဟုတ်တရုတ်တောင်လုပ်တယ်လိုကြားတယ်။
ဒီဗမာပြည်က မွတ်စလင်တွေ နဲ့ တရုပ်ကပြားတွေ ခင်ဗျားတို့က မလိုချင်ဘူးဆိုတော့လည်း တခြားနေရာမှာသွားပြီး တော့ရေကြည် ရာမြက်နုရာ မှာသွားနေကြတာပေါ့။ တရုတ်ကပြားတွေကြည့်မလား ကျားဘမ်း ညီနောင်- သူ တို့တွေက တရုတ်နဲ့ အဂ်လိပ်နဲ့သတင်းစာတွေ ဂျာနယ်တွေ ၃၅မျိုး ဗျာ မလေးရှား စက်ာပူ.ဟောင်ကောင် တိုင်ဝမ်မှာ သူတို့ထောင်ခဲ့တာ ကဲဒါ ဗမာတရုတ်ကပြားကလုပ်ပေးခဲ့တယ်။ ကပြားဆိုရင် ခင်ဗျားတို့က နှိမ်ချင်တယ် ။
အဲ့ဒီလို လူမျိုးဘာသာခွဲခြားဖိနှိပ်မှုတွေကြောင့် မြန်မာပြည်မှာ ထပြီးတော်လှန်ကြတာပေါ့။
ကိုလိုနီဆန့်ကျင်ရေး တော်လှန်တွေပေါ်လာပြီး ပြည်တွင်းစစ်တွေပေါ်လာတာ။ အာရှနိုင်ငံတွေ လက်တင်အမေရီးကားမှာ တောင်အမေရီးကားက နိုင်ငံတွေ အာဖ ရိက နိုင်ငံတွေမှာဖြစ်တယ်။
မွတ်စလင်နိုင်ငံ တွေလည်းအများကြီးရှိတော့ အများကြီးဖြစ် တာပေါ့ဗျာ။ မွတ်စလင်တွေ ထဲမှာဒီတော် လှန်းရေးတွေလုပ်နေတာက ကိုလိုနီ ဆန့်ကျင်ရေးပါ။ ဗမာက ဂျပန်ကိုတော်လှန်တယ် အင်္ဂလိပ်ကို တော်လှန်တယ် အခုစစ်အစိုးရကိုတော်လှန်တယ် အဲ့ဒါတွေက ဘာသာရေးအရ ထချနေကြတာ တော်လှန်နေကြ တာမဟုတ်ဘူး။
နောက်တစ်ခုက ဘာလည်းဆိုတော့ အဲ့ဒီလိုတင်မကဘူ အင်ပါရာအကြီး ကြီးတွေရှိ တာတွေ နှစ်ပေါင်း များ တည်ရှိနေတဲ့ အင်ပါရာြကီးတွေ ပြိုကွဲသွားတဲ့အချိန်မှာ ဥပမာ- အင်္ဂလိပ်ကလဲ သိမ်း ထား တာတွေကို ပြန်ဖြုတ် ပေးလိုက်တဲ့အချိန်မှာ မဂိုအင်ပါရာကြီး အိန္ဒိယ ပြီုကွဲသွားတဲ့အချိန်မှာ အိန္ဒိယ နဲ့ အရှေ့ပါကစ်စတန် အနောက် ပါကစ်စတန် နောက်ကျတော့ ဘဂ်လားဒေရှ် အဲ့လိုတွေပြိုကွဲ သွားကြ တယ်။ ဒီဘက်က အောက်ဖက် က သီရီလင်္ကာ ပါထည့်တွက်ရင် လေးနိင်ငံကြီးကို ကွဲထွက်သွားတာ။
အော်တိုမန် အင်ပါယာ ကြီးလည်းအတူတူပဲ အစိတ် စိတ် အမွှာမွှာကို ကွဲသွားတာ။ အဲ့လိုနဲ့ လူမျိုးတွေက အကုန်ကွဲ ပြန့်ပြီးသွားကြတာ။
ပြီးတော့အီရန်အင်ပါယာ အဲ့လိုအကြီး ကြီးတွေကို ဖြိုခွဲပစ်လိုက်တဲ့အခါကြတော့ မတည်မငြိမ်တွေဖြစ်တယ်။
နောက်တော့အဖွဲ့အစည်းတွေ အမျိုးစုံဖြစ်လာတယ် အဲ့တော့ အရှေအလယ်ပိုင်းမှာရော နေရာတိုင်းမှာ အဲ့လိုမျိုးပြဿနာ တွေဖြစ်လာ တယ်။
အစ္စရေးနိုင်ငံကိုလည်း ပါလက်စတိုင်းတွေရဲ့နေရာမှာဇွတ်တည်ထောင်ပေးပြီး နယ်မြေခွဲပေးလိုက်တယ် ။ အဲ့ဒီကနေ တခါတည်း စပြီးတော့ ဖြစ်တာ အဲ့ဒီမှာ အပြိုင်အဆိုင် အဖွဲ့တွေပေါ်လာတယ် အခုဆိုရင် တောင်ကြည့်ပါလား ပါလက်စတိုင်း လိုဟာမျိုးတောင်မှ အရင်တုန်းကအင်အားရှိနေပြီးသာ ဖာတာနဲ့ ကိုချဘို့ ဟားမတ်ကို အစ္စရေးကထူထောင် ပေးပြီး လုပ်တာ။
မလေးရှားနဲ့ စင်္ကာပူက အေးအေး ဆေးဆေးခွဲပေးလိုက်တယ် ပေါင်းတုန်းကလည်း အေးအေးဆေးဆေး အဂ်လိပ် ကပေါင်းပေးတယ်။ မလေး အပေါ်ပိုင်း လေးပြည်နယ်လဲ အဂ်လိပ်က လုပ်ပေးလို့ ယိုးဒယားစီကပြန်ရတာ။
အာဖဂန်နစ်စတန်ပဲကြည့်လိုက်ပေါ့လေ ရှင်းရှင်းလေးပဲ ရုရှားကိုတိုက်တုံးက အမေရိကန်က မြှောက်ပေးတယ်။ နောက်တော့ အမေရိ ကန်ကသိမ်းပြီးတော့ ရပ်ရှားက ပြန်မြှောက်ပေးပြန်တော့ လက်နှက်တွေဘာတွေထောက် ပံ့တာတွေ။
အခု တရုတ်နဲ့ဗမာပြည်ဖြစ်နေတာပဲကြည့်တော့ နိုင်ငံခြားပါဝါတွေက ဝင်ပြီးတော့ရှုတ် တာတွေ နဲ့အင်ပါယာကြီးကနေ ပြောင်းသွားတဲ့ နိုင်ငံငယ်ကလေးတွေ ကို ‘ဘော်လကန်နိုင်ဇေးရှင်း’ ဖြစ်သွားစေနိုင်တယ်။ မကြာခင် တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံက ကျနော်တို့နိုင်ငံလို အပိုင်းပိုင်းကွဲလာနိုင်ပါတယ်။
အဲ့ဒီမှာ ဒုတိယကမ္ဘာစစ်လည်းပြီးရော တရုတ်ပြည်လည်းအတူတူပဲ တော်လှန်ရေးတွေပေါ်တာ။ တရုတ်က တိုက်ထုတ်လိုက်လို့ တရုတ်ဖြူတွေ တိုင်ဝမ်ရောက်အောင် ဆုတ်ပြေးသွားကြရတာ။ ကိစ္စ အခုထိ မပြီးသေးဘူး။ ရုရှားကြီးလည်း အစိပ် စိပ်အ မွှာမွှာ ကွဲသွားတာပဲ ရုရှားက ကွဲပြီးနောက် ယူကရိန်းနဲ့ကိုပြန်လိုချင်တာ၊ အခုချိန်အထိ ချနေတာပဲ။ ရှရှားက ဟိုတုန်း ကတည်းက ချက်ကိုစလိုဘက်ကီယား ၊ဟန်ဂေရီ တို့ကိုလည်း ဝင်တိုက်ခဲ့ဘူးတာပဲ။ အရှေ့ဉရောပနိုင်ငံတွေကိုသူဝင်တိုက်တာ သိမ်းတာပဲ အဲတုန်းကတော့ အင်အား ပါဝါကတော်တော်များနေတာကိုး။ ရှရှားက သူ့အထဲထည်းမှာရှိတဲ့ အခြား ပြည်နယ်တွေ နယ်မြေတွေကို အင်အားသုံးပြီးချနေ တာပဲ။
တရုတ်ကလည်း လွတ်လပ်ရေးရကာစလေးမှာကို ၁၉၅၀ ခုလောက်က တိဘက်ကို ဝင်သိမ်းတာပဲ ရှင်ဂျမ် ကိုဝင်သိမ်းတာပဲ၊ အခုထိဇင်ဂျမ်ကိုဆက်ပြီးဖိနှိပ်နေတာပဲ။
ဉရောပမှာလည်းဒီလိုပဲပေါ့ ၊ အင်္ဂလိပ်တွေကလည်း အိုင်ယာလန် တော်လှန်ရေး တွေဘာတွေညာတွေ ရင်ဆိုင်တိုက်ခိုက်ရတာဘဲ။ ဒါတွေက နေရာတကာဖြစ်နေတာပဲ။ နိုင်ငံရေးတွေပါ အဲ့ဒါကြောင့် ခရစ်ယာန်ချင်း ခရစ်ယာန်ချင်း ချတော့ ခရစ်ယာန်တွေက သတ်နေကြတယ်လို့မပြောကြဘူး ပါးစပ်တွေက ပိတ်နေကြတယ်။
ဖွံ့ဖြိူးတိုးတက်အောင်လို့ လှုပ်ရှားမှု တွေမှာလည်း တိုးတက်လာအောင်လုပ်တဲ့ အထဲမှာ ဉပဒေအသစ် တွေကလည်း ပြောင်းလာတယ် ကျောင်းတွေကလည်း ပုံစံအမျိုးမျိုးနဲ့ ခေတ်မှီကျောင်းတွေဖြစ်လာတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးလုပ်သူတွေ သမရိုးကျရှေးဝါဒီတို့ ဝိရောဒိဖြစ်ကြရောပေါ့ဗျာ။ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး သမား တွေက စီးပွားရေးအရ ပြင်ဆင်မှု့တွေလုပ်တယ် အဲ့လိုလုပ်တာကို မကြိုက်လို့ ဉပမာ အီရန်ကို ကြည့်ပါ အီရန်မှာ ရှားဘုရင်ကို တော်လှန်ပြီးတော့ အစလာမ်မစ် တော်လှန်ရေးပေါ်လာတယ်။ အဲ့ဒါကို မကြိုက် တော့အမေရိကန်က မြှောက်ပေးတယ် အစ္စရေးထောက်မိုးဇတ် ကနေ အထဲထိ ဝင်ပြီးတော့ ခလောက်ဆန်တယ်။ အီရန်ပိုင်ငံထဲထိ ဝင်ပြီးတော့ ခေါင်းဆောင်တွေကို သတ်တယ် တိုင်းပြည်အထဲ ထဲဝင်ပြီး တော့ပစ်တယ်၊ အဲ့ဒီမှာရောက်နေတဲ့ ဧည်သည်တွေကိုသတ်တယ်။ သူတို့တွေဘာလို့ချတာလဲဆိုတော့ တခြားမွတ်စလင်တွေကို မြှောက်ပေးပြီးတော့ သူတို့ကို လာတိုက်မှာကြောက်လို့ သူတို့ချနေတာ။
တူရကီကလည်းအတူတူပဲ မွတ်စလင်ကနေ secular state ဘာသာရေးကိုအခြေမခံသော အုပ်ချုပ်ရေးစံနစ်လုပ်ပစ်လိုက်တာ။ အရင်တုန်းက ကမားလ် အတာတပ် တို့ဘာတို့ ခေတ်တွေ နောက်တခါ အခုခေတ်တွေမှာတော့ သမတ အာဒိုဂံ ကဘာသာရေးအသားပေးတယ်။
အီဂျစ်မှာလည်းအဲ့ဒီလိုပဲ အီဂျစ်မှာဆို အန္နဝါဆဒတ်တို့ ဘာတို့ အာဏာတအားမြင့်လာတယ်။ အခုနောက်ပိုင်းတော့ အာရပ်တော်လှန်ရေးအပြီး မိုဆီ ရဲ့ ‘အာရပ်ညီအကိုများ’ တက်တော့ကခု စစ်တပ်က စီစီ တို့က တခါပြန်ပြီးအာဏာသိမ်းတယ်။ တိုးတက်တဲ့လူတက်လာတော့ အာဏာပြန်သိမ်းတာ ဘဂ်လားဒေရှ် ရော မြန်မာပြည်လိုပဲလေ။ မွတ်စလင်နိုင်ငံမို့လို့ ဖြစ်ကြတာ အချင်းချင်းသတ်တာ ဒါကို မွတ်စလင်တွေကပဲ ဒုက္ခပေးနေသလို ငပွကြီးအဖြစ်ပုံဖေါ်နေကြတာ။
တကယ့် ငပွကြီးက အမေရိကန်။ သူက နေရာတကာမှာသူက ငပွကြီးလုပ် နေတာလေ။ နောက်အမေရိကန်ရဲ့ ဆရာကြီးပြောရမလား အဖေကြီး ခေါ်ရမလား အစ္စရေးက တခြားနိုင်ငံတွေနဲ့ ဟိုဝင်ဗုံးကျဲ ဒီဝင်တိုက်နဲ့။ အဲ့ဒါကြတော့ ဗမာပြည်ထဲမှာရော ကမ္ဘာကပါ ဂျူးလီယက် လုပ်နေကြတယ်။ မွတ်စလင်ပဲ လိုက်လိုက်ပြီး လက်ညိုးထိုးနေကြတယ်။
ပြန်ပြီးတော့ဘလည်း စဉ်းစားကြပါအုံးဗျာ၊ လူရယ်လို့ဖြစ်လာရင်ပဲ ပြဿနာဟာဖြစ်လာနိုင်တာပဲ- ၊
- အိုမယ်၊ နာမယ်၊ သေမယ်၊
- ပြဿနာဖြစ်မယ် ရန်ဖြစ်မယ် စစ်ဖြစ်မယ်
- မုန်းမယ် ချစ်မယ် အဲ့
အဲ့ဒါတွေလွတ်အောင်လို့ တရားထိုင်ကြပေါ့ဗျာ ဘုရားဖြစ်အောင် ကျင့်ပေါ့ဗျာ။ အဲဒီလိုပြဿနာဖြစ် တာတွေကို မွတ်စလင်ကြမှလာပြီးပြောနေလို့ဘယ်တရားမလဲ။ လူရယ်လို့ဖြစ်လာရင် ချစ်တာ မုန်းတာ ဆိုး တာကောင်းတာတွေ အကုန်ရှိမှာပဲ။ လူဆိုးလဲရှိမယ်၊ လူကောင်းလဲရှိမယ်။ ကိုယ်ကို တိုင်ကောင်းအောင်အရင်လုပ်ပေါ့ဗျာ။ မွတ်စလင်ကိုမှ ငပွကြီးတံဆိပ်ကပ်ပြီးတော့ အိုးမဲကြီးသုပ်ပြီးတော့မှ ဝါလုံးချေးသုပ်ပြီးရမ်းနေသလိုဖြစ်နေတယ်။
အဲ့လိုပဲ ဗမာပြည်တွင်းမှာ မွတ်ကုလားကိုယူလို့ဆိုပြီး ပြဿနာတွေလုပ်ကြတာ။ နိုင်ငံခြားမှာရှိတဲ့ ဗမာမတွေ ဗမာထီးတွေက ကုလားတွေ၊ တရုတ်တွေ၊ ကိုယူထားတာကြ၊ ဘိုတွေကိုယူ ထားတာကြ၊ ဂျပန်တွေနဲ့ ကိုရီးယားတွေနဲ့ဘယ်လောက်ရနေမလဲ မရေနိုင်ဘူး။
နောက်ပြီးတော့ ကိုလိုနီပြီးကာစကဆိုရင် မွတ်စလင်နိုင်ငံတွေတော်တော်များများမှာ အာဏာရှင်တွေ၊ စစ်အစိုးရတွေအုပ်ချုပ်တာ။ အင်ဒိုနီးရှာဆိုရင် စစ်အစိုးရအဆက်ဆက် ပြောင်းဖို့ရာ ပြည်သူတွေမနည်းလုပ်ရတယ်။ ဖိလစ်ပိုင်ဆိုရင် ခရိယာန်နိုင်ငံပဲ။ သူတို့နိုင်ငံမှာ လည်းဒီ လိုပဲဖြစ်နေတာပဲ။ ယိုးဒယားက ဗုဒ္ဓဘာသာ၊ စစ်အာဏာ ခဏခဏသိမ်းတယ်၊ပြည်သူတွေ ဆန္ဒပြတယ်။
တက်သစ်စ ဒီမိုကရေစီအစိုးရတွေဟာ ချစားတာနဲ့ မသမာတာနဲ့ လူထုကတော်လှန် ရေးလုပ်တာနဲ့ အဲ့ဒါကြောင့် မွတ်စလင်မှပဲ ခင်ဗျာတို့ကမဲပြီး၊ ဒါမွတ်စလင်မှဖြစ်တယ်လို့ ပြောနေလို့ကတော့ဘယ်တရားမလဲ။ အလကားနေရင်းနဲ့ မုန်းမနေကြပါနဲ့ ။ အနာပေါ်ကိုဒုတ်ထပ်ထိုးမနေကြပါနဲ့၊ မြေနိမ့်ရာလှံစိုက်မနေကြပါနဲ့ ။
ဒါကို ကုလား ကုလားဆိုပြီးလိုက်အော် မနေကြပါနဲ့။ သူ့အခြေ အနေသူ့နိုင်ငံ သူ့ဟာနဲ့သူပဲပေါ့ သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ပေါ့ ဒီလိုပဲဖြစ်မှာပေါ့ ဒါကြီးကိုမုန်းမနေပါနဲ့ ။ မကောင်းတဲ့အဖြစ်ကလေးကို လက်ညှိုးထိုးပြပြီး မွတ်စလင်ဆိုတာ ကောင်းတာမဟုတ်ဘူး ဆိုပြီးလုပ် မနေပါနဲ့ ။
လက်တင်အမေရီးကားမှာဖြစ်တယ် အာဂျင်တီးနားမှာ ဖြစ်တယ် ဥရောပမှာလည်းဖြစ်တယ် အာဖရိက အရှေ့ဉရောပမှာဖြစ်တယ် အရှေ့အလယ်ပိုင်းမှာဖြစ်တယ်၊ ဖြစ်မှာပေါ့ဗျာ ဒါတွေကတော့ လူဆိုရှိရင် ပြဿနာရှိမှာပဲ အဲ့လိုတွေမဖြစ်စေချင်ရင် တရားကျင့်ပေါ့ဗျာ။ တရားကျင့်ရင်တောင် မာန်နတ်အဖျက်သမားကနှောက်ရှက်ဦမှာ။
ဗမာပြည်မှာ ရိုဟင်ဂျာ နဲ့ မွတ်စလင် ဆန့်ကျင်ရေးကိစ္စတွေ လည်းလုပ်နေကြတာပဲ ။
- မွတ်စလင်ကင်းစင်တဲ့ပါလီမန်ကြီးကို လုပ်ခဲ့ကြ တာပဲ။
- ပါလီမန်ထဲမှာကင်းစင်တော့ ဝန်ကြီးအဖွဲ့ တွေထဲမှာ လည်းမပါဘူး။ ဗို
- လ်ချုပ်အဖွဲတွေထဲမှာလည်းမပါဘူး ထိပ်ပိုင်းက ဗိုလ်မှုးကြီးတွေထဲမှာလည်းမရှိဘူး။
- မွတ်စလင် ဆိုတာ ရဲတပ်ဖွဲ့ထည်းမှာလည်း အရာရှိကြီးဆိုတာမရှိဘူး။
သူများနိုင်ငံတွေမှာဆိုရင် ဗိုလ်ချုပ်တွေဘာတွေဆိုတဲ့ အဆင့်မြင့်ရာထူးတွေပေးထားကြတာတွေရှိတယ် ။ ရဲထဲမှာဆိုရင်လည်းရဲ ဒါရိုက်တာအဆင့် တွေဘာတွေပေးကြ တာရှိတယ်
တခြားနိုင်ငံတွေမှာတော့ ပေးထားကြတာပဲ အဂ်လန်မှာ တောင်မှ ဝန်ကြီးချုပ်ကို ဟင်ဒူ ဘာသာဝင်တောင်မှာ ဝန်ကြီးချုပ်ခန့်ထားသေးတာပဲ
တခြားနိုင်ငံတွေမှာ၊ တရုတ်တွေ ကုလား တွေ တပုံကြီးပါ။ ရာထူးအဆင့်မြင်တာတွေအများကြီးပါ။ သူ့ဟာနဲ့ သူတာဝန်တွေ ထမ်းဆောင်နေကြ တာပါပဲ။ ဗမာပြည်တစ်ခုထဲမှာပဲ ဘယ်နေရာမှမပေးတာ မွတ်စလင်ဆိုရင် မပေးဘူးဆိုပြီးလုပ်ထားတာ။
အခုပြဿနာတွေဖြစ်နေတာ မွတ်စလင်ဖြစ်လို့ အကြမ်းဖက် ထချနေကြတာ မဟုတ်ဘူး။ ဉပမာပြောရရင် ခင်းဗျာတို့မြန်မာပြည်မှာပဲကြည့်-ကချင်တွေ ကယားတွေ မွန်တွေ ရခိုင်တွေ ရှမ်းတွေ အကြမ်းဖက်သမားဖြစ်လို့ တော်လှန်ရေးသမားဖြစ်နေတာမဟုတ်လူး AA ကအကြမ်ဖက်သမားဖြစ်နေလို့ တော်လှန်ရေးသမားဖြစ်နေ တာ မဟုတ်ဘူး အခုဖြစ်နေတာတွေက ဘာကြောင့်ဖြစ်နေရတာလည်းဆိုတာကို တွက်ကြည့်ကြပေါ့။ အဲ့တော့ လည်းမွတ်စလင်တွေကိုလည်းနာလည်ပေးပေါ့ဗျာ။
ရခိုင်တွေလည်း ဟိုဘက်ဒီဘက်ရှိသလို၊ မွတ်စလင်တွေ လည်း ဟိုဘက်ဒီဘက်ရှိတာပဲ ။ ရိုဟင်ဂျာတွေလည်း ဟိုဘက်ဒီဘက်ရှိတာပဲ။ ကရင်တွေလည်း နှစ်ဘက်စလုံး အကုန်ရှိကြတာပဲ လူဆိုတာဖြစ်နေရင် ဟိုဘက်ကိုကြိုက်လို့ ဒီဘက်ကိုကြိုက်လို့ဆိုတာ ရှိနေမှာပဲ ခင်ဗျား တို့က ထရမ့်လုပ်နေတာ တွေကြတော့မမုန်းဘူးလား?
အခုတတိယနိုင်ငံတွေက ဒုက္ခသည်တွေကို အကုန်ပိတ်ပြစ်လိုက်ပြီ အဲ့လောက်ကြီးတော့ မလုပ်သင့်ဘူးလေ။ တစ်ယောက်နှစ်ယောက် ပြဿနာဖြစ်တာနဲ့ ကျန်တဲ့ဟာတွေပါ အကုန်လုံးလျှောက်ပိက် လိုက်တာမဖြစ်သင့် ဘူးလေ။
အဲ့တော့ မွတ်စလင် နိုင်ငံတွေကဘာ တွေဖြစ်နေ သလဲဆိုတော့ ကိုလိုနီကြောင့် ခံနေရတာ ကိုလိုနီကိုပြန်တိုက်တာ ဗမာပြည်လဲကိုလိုနီကိုပြန်တိုက်နေရတာပဲ လေဗျာ။
- ဆရာစံကိုသွားပြီး အပြစ်ပြောမလား?
- ၁၃၀၀ပြည် အရေးတော်ပုံကို အပြစ်တင် အပြစ်ပြောမလား?
- ကျောင်းသား သပိတ်တွေကိုပြောမလား?
- အလုပ်သမားသပိတ်ကိုပြောမလား?
- ရေနံမြေသပိတ်ကိုပြောမလား?
- ဦးနေဝင်းကို တော်လှန်ဖို့အတွက်ကို အမျိုးစုံ လုပ်ခဲ့ကြတဲ့သပိတ်တွေကျောင်းသားတွေကိုအပြစ်ပြောမလား?
- ABSDF တွေကိုအပြစ်ပြောမလား?
- ကျောင်းသားသမဂတွေကို ပြောမလား ဘယ်လိုလုပ်ပြီးပြောလို့ရမှာလည်းဗျာ
သူအခြေအနေ သူ့အချိန် အခါနဲ့ ပေါ်ပေါက် လာတာပဲဗျာ မှန်တယ်ထင်လို့လုပ်ကြရတာပဲပေါ့ မွတ်ဆလင်နိုင်ငံ တွေလည်း အဲ့ဒီလို့ပေါ့ဗျာ။