Before the rise of Islam in the 7th century, Arabia was religiously diverse and culturally complex. The region contained groups with advanced trade networks and poetry, but also many tribes whose social practices were harsh, dangerous, and deeply fragmented.
1. Religious Beliefs
Pre-Islamic Arabia was home to a variety of religious traditions:
- Arabian polytheism was the most widespread. People worshipped hundreds of idols, spirits, and local deities.
- The Kaaba in Mecca itself housed around 360 idols, each representing different gods and goddesses.
- Judaism, Christianity, and other Abrahamic faiths were also practiced in various regions.
- Minority influences included Samaritanism and Iranian religions such as Zoroastrianism, brought through trade and political contact.
2. Literacy and Cultural Development
- Overall, literacy was low, and writing was not widely used for administration or governance.
- Cultural expression focused heavily on oral poetry, tribal storytelling, and genealogies.
3. External Influences
Arabia did not exist in isolation:
- Hellenization (mixing of Greek and local cultures) reached parts of Arabia after the conquests of Alexander the Great.
- In 106 CE, Rome annexed the Nabataean Kingdom and formed the province Arabia Petraea.
- Roman influence spread through Syria, Transjordan, and Palestine.
- Archaeological finds from Qaryat al-Faw, capital of the Kingdom of Kinda, include statues of Artemis, Heracles, and Harpocrates, showing Greco-Roman cultural influence.
4. Social Problems and Uncivilized Tribal Customs
Many Arab tribes lived in a harsh desert environment that shaped their behaviour. Not all tribes practiced these customs, but the following were widespread enough to be noted by historians and later condemned by Islam:
a. Tribal warfare and constant blood feuds
- Clans often fought endless revenge cycles lasting generations.
- Killing over small disputes was common, making Arabia extremely unstable.
b. Female infanticide (waʾd)
- Some tribes buried newborn girls alive, out of poverty, fear of shame, or social pressure.
- Islam later prohibited this practice completely.
c. Exploitation of the weak
- The strong often oppressed the weak; there was no central law.
- Slavery, human trafficking, and mistreatment of servants were common.
d. Alcohol abuse and unruly behaviour
- Heavy drinking, gambling, and violent celebrations were a normal part of life.
- These often contributed to fights, killings, and moral decline.
e. Harsh treatment of women
- In many tribes, women had no inheritance rights, no property ownership, and were treated as possessions or inherited objects.
- Marriages could include unlimited wives, temporary unions, or forced marriages.
f. Superstition and idol-based rituals
- People believed in stones, trees, and talismans.
- Sacrificing animals to idols or seeking omens from arrows (azlām) were common practices.
5. Political Fragmentation
Arabia lacked any unified government:
- Tribal leaders ruled small areas.
- There was no universal law, justice system, or stable authority.
6. International Context
The early 7th century saw the final and most destructive stage of the Byzantine–Sasanian wars/ Roman–Persian wars
This long conflict weakened both empires and indirectly prepared the way for the rapid spread of Islam.
ယနေ့ကမ္ဘာတလွှားခံစားနေကြရသော ‘အစ္စလာမိုဖိုးဘီးယား’ ခေါ် အစ္စလမ်ကြောက် မွတ်စလင်မုန်းရောဂါ ကုထုံး
အစ္စလမ်ကိုလည်းမကြောက်နဲ့ မွတ်စလင်ကိုလည်းမမုန်းနဲ့
အစ္စလမ်ကိုလည်းမကြောက်ပါနဲ့ မွတ်စလင်ကိုလည်းမုန်းရန်မလို
ယနေ့ကမ္ဘာတလွှားမှာပြန့်ပွါးနေသော အမျိုးဘာသာအစွန်းရောက်ရောဂါ
ကမ္ဘာမှာ အစ္စလာမ်က အကြမ်းဖက်တာလား /အကြမ်းဖက်က အစ္စလာမ်လား
ကမ္ဘာမှာ အစ္စလာမ်က အကြမ်းဖက်ခိုင်းတာလား / မွတ်စလင်တွေကအကြမ်းဖက်ကြတာလား
၁/ အစ္စလာမ်ဘာသာ မထွန်းကားခင်က အစ္စလာမ်ယဉ်ကျေးမှု အာရပ်လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုပုံစံ ဘယ်လို ရှိပါသလဲ?
အစ္စလာမ် က (၇-ရာစု) နှစ်ကမှ ပေါ်လာတယ်။ အာရေးဗီးယားမှာအဲ့ဒီမတိုင်ခင်တုန်းက ဘာသာမျိုးစုံ ရှိတယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံ ဆိုတာကလည်း အကုန်လုံး ရှေးကျ ရိုင်းဆိုင်း ကြမ်းတန်း ရှုပ်ထွေးနေခဲ့ပါတယ်။ မတိုးတက်တဲ့ ယဉ်ကျေးမှုတွေက ရှုပ်ထွေး နေတယ်။ ဒါပေမဲ့ သူတို့က စီးပွားရေးတွေကိုအဓိကထားပြီး လုပ်နေကြတယ်။ အာရပ်တွေက စီးပွားရေးကိုတော့ အစ္စလာမ်ဘာသာဝင် မဖြစ်ခင်ကရော ဖြစ်ပြီးတော့မှရော အာရေးဗီးယား တဝိုက်သာမက တကမ္ဘာလုံးမှာကို အနှံ့အပြား ကူးသန်းရောင်းဝယ်နေကြတာဘဲ။ သူတို့တတွေက Silk road ပိုးလမ်းမ ကနေပြီး သွားကြတာတွေလည်းရှိတယ်။ ပိုးလမ်းမကြီးကနေပြီး တရုတ် ပြည် အထိရောက်အောင် နောက်ပြီး ဒီဘက်လည်း ဉရောပဖက် အထိရောက်အောင်အစုံပေါ့လေ စီးပွားရေးလမ်း ကြောင်းတွေကတော့ ရှိတယ်။
တချို့က သင်္ဘာတွေနဲ့ ဥရောပ အာရှထိလာကြတယ်။ မြေထဲပင်လယ် စပိန်အထိရောက်တယ်။ ဗမာပြည်ကမ်းရိုးတန်း တလျှောက်ကနေ ယိုဒယား မလေးကျွန်းစွယ် အင်ဒိုနီးရှားကနေ မလကာရေလက်ကြားဖြတ်ပြီး ကမ္ဘောဒီးယား ဗီယက်နမ် သွားကြတယ်။ ၇-၁၀ ရာစုနှစ်တွေမှာ ဆိုတော့ သူတို့မွတ်စလင်မဖြစ်ခင်ကစတာ မွတ်စလင်ဖြစ်ပြီချိန် နောက်ပိုင်းကျ တော့ ပိုပြီးသွားလာ ကုန်သွယ်ကြတာပေါ့။
‘မုတ်သုန်’ရာသီဥတု (မွန်ဆွန်း) ကို သူတို့ကစတွေ့ လက်တွေ့အသုံးချပြီး အင်္ဂလိပ်မြန်မာဝေါဟာရအသစ် ‘မုတ်သုံ’ ကို အာရပ်တွေကစ တည်ထွင်ပြီးသုံးခဲ့တာပေါ့။ ရေကြောင်းပြမြေပုံတွေ စတင်တီထွင်ပြီး ဆွဲခဲ့ကြတယ်။ ရေကြောင်း ပိုးလမ်းမကြီးပေါ့။ တရုပ်တွေက ကိုရီးယား နဲ့ ဂျပန်အထိ အာရပ်ကုန်သွယ်မှုကို ဆက်လုပ်ပေးခဲ့ကြတယ်။ ရေကြောင်းနဲ့ပတ်သက်တဲ့ ဝေါဟာတွေကိုတည်ထွင်အသုံးပြုခဲ့တယ်။
Amir al-bahr (أمير البحر): အင်္ဂလိပ်ကရေကြောင်းဗိုလ်/ရေတပ်ဗိုလ်ချုပ်admiral
Muʿallim (معلم): သင်္ဘောမာလိန်မှူး
ရေကြောင်းပြ သံလိုက်အိမ်မြောင်၊ ကြယ်တာယာ အမြင့်ထောင့်ပြ ရေကြောင်ပြ မြေပုံတွေတည်ထွင်ခဲ့တယ်။
အိန္ဒိယ သမုဒ္ဒရာကို အာရပ်တွေစပြီး တွေ့ရှိဖြတ်သန် ကုန်သွယ်ခဲ့ကြတယ်။ဗမာပြည်ဆိပ်ကမ်းမြို့တွေ အထူးသဖြင့် ရခိုင်နဲ့တနင်္သာရီမှာ အာရပ်တွေ အခြေချ အမည်ပေး ပြီး ရောင်းဝယ်ဖေါက်ကားခဲ့ကြတယ်။
ဥပမာ-သထုံ မုတ္တမ (Martaban) မောက်ဦး ပဲခူး မြိတ် (Mergui) တနင်္သာရီ (Tenasserim) စစ်တွေ (Akyab) သံလျင် (Syriam) သံတွဲ (Sandoway ) ရမ်းဗြဲကျွန်း Ramree Island.
အလံ ကလည်းအာရပ်စကားကလာတာပဲလေ။အရဗီက ʿalam. “ဆိုဖာ” အရဗီစကား “soffa” “အရက်” အရဗီစကား “ʿaraq” “စပျစ်” ဟာ အရဗီစကား “zabīb” “ဆိုဒါ” “suwwād” ဒါမှမဟုတ် “Suwayda” “ဂျား” ဟာ အရဗီစကား “Jar”= ကရား “ကော်ဖီ” “qahwa” “လီမွန်” အရဗီဘာသာစကား “līmūn” “မာ့စ်” “Mask” အရဗီ “maskhara”ွကငအမေ အရဗီစကား “qītāra” “ဆာဖာရီ” “ခရီး” လို့ အဓိပ္ပာယ်ရတဲ့ အရဗီစကား “safar”“ကာရက်” ဆိုတဲ့ စကားဟာ အရဗီစကား “qīrāt” “တိုက်ဖွန်း” အရဗီစကား “tūfān”
တချို့ မြန်မာက အရဗီစကားကိုတိုက်ရိုက်ယူပြီး တချို့ကိုတော့ အင်္ဂလိပ် (အင်္ဂလိပ်ကလည်းတခြားဥရောပစကား တွေကတဆင့်ရတယ်)။ သိပ်များနေပြီဗျာ မြန်မာအဘိဓာန်မှာတောင် ရင်းမြစ် အရဗီလို့ရေးထားတာတွေအများကြီးပါ။
အခုအခါ တရုပ်ပြည်မကြီးက လုပ်နေတဲ့ လမ်းတစ်ခု ခါးပတ်တခုစီမံကိန်း (One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခုနဲ့ ) ဟာတကယ်တော့ ရှေးအာရပ်တွေ စတင်တီထွင်ခဲ့တာကို ပြန်လည် ဆန်းသစ် တိုချဲ့ ထားတာပါ။ အစ္စလာမ်ဘာသာက အိမ်နီးချင်း အီဂျစ် မရောက်ခင် တရုပ်ပြည် ရောက်ပြီး အာရပ်ပြင်ပမှာ ပလီတွေတောင် အရင်ဆုံးဆောက်ခခဲ့တာ အခုအချိန်ထိရှိပါသေးတယ်။
စာပေအရေးအသား
အာရပ်တွေက ကဗျာလင်္ကာတွေ ရေးတာလောက်ပဲရှိတယ်။
- ဒါပေမဲ့ တရားဝင် ရုံးသုံးစာပေအဖြစ် ၄င်းအခြား မှတ်တန်း ဆောင်းပါး ဝတ္ထု စသော အရေးအသားများ အဖြစ် မရေး မသုံးကြသေးပါ။
- အစိုးရရဲ့ မှတ်တမ်း အုပ်ချုပ်ရေးအနေနဲ့ -ဉပမာ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဉပဒေ အနေနဲ့ အဲ့ဒီခေတ်ကတော့ မရှိပါဘူး။
- ဗဟိုဉပဒေဆိုတာမျိုး၊ ဝန်ကြီးဌာနဆိုတာမျိုးလည်း ဘာမှမရှိပါဘူး
- အစိုးရ အုပ်ချုပ်ရေး မြေစာရင်း ဆိုတာလည်းဘာမှမရှိဘူး
မြေစာရင်းဆိုလို့ ကြုံတုံး ပြောလိုက်ရအုံးမယ်။ ကျနော်တို့ ဗမာမွတ်စလင်တွေကို မင်းတုန်းမင်း တရားကြီး လှူထားတဲ့ မက္ကာရွှေမြို့တော်မှာရှိတဲ့ အစ္စလာမ်တို့ရဲ့ အထွဋ်မြတ်ဆုံးသော ‘ကာဗာ’ ဝတ်ကျောင်းရဲ့ ဘေးနား လေးမှာပဲ ရှိတဲ့ ဒေါင်းတံဆိပ်ဇရပ်ကြီးဆိုရင်၊ ပိုင်ဆိုင်မှု လှူဒါန်းမှုစာချုပ်စာတမ်းဟာ အခုထိ ဆော်ဒီအာရေဗျ မက္ကာရွှေမြို့တော်ရဲ့ မြူနီစပါယ်ရုံးပေါ့ ဗျာ စည်ပင်ရုံးနဲ့ တူပါရဲ့ အဲ့ဒီမှာ မှတ်တမ်းတွေ က ရှိသေးပါတယ်။
အဲ့ဒီအရင်တုန်း ကတော့ အုပ်ချုပ်ရေးနဲ့ တူတာမျိုး စာနဲ့ပေနဲ့လုပ်တာမျိူးမရှိဘူး။
ဓလေ့စရိုက်
သူတို့စားရိုက်တွေက ရိုင်းဆိုင်းတယ် ကြမ်းတမ်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုသိပ်ကိုဆိုးဝါး ကြမ်းတမ်းတဲ့ သဲကန္တာရကြီးထဲမှာ မွေးဖွား ကြီးပြင်းရုန်းကန် ရတာဆိုတော့ ကြမ်းမှ ရိုင်းဆိုင်းမှရှင်သန်မှာဗျ။
လူနေမှုဓလေ့တွေက တအားကြမ်း တန်းတဲ့ သဲကန္တာရနေရာတွေမှာ နေကြတာဆိုတော့ သတ်ကြဖြတ်ကြနဲ့၊ အသေ:အမွှား လေးတွေက အစ သတ်ကြဖြတ်ကြနဲ့၊ လူမျိုးစုအလိုက်ကို သတ်နေကြတာ။ မျိုးရိုးအစဉ်လိုက် ကိုသတ်နေကြတာ၊ ငါ့အဖေကို သတ်ခဲ့တာ ငါ့အကိုကို သူတို့ဘယ်တုန်းကသတ်ခဲ့တာ၊ ငါ့ညီကိုဘယ်တုန်းက သတ်ခဲ့တာ၊ ဆိုပြီး မိသားစုရန်ကျွေးချေ ဂလဲ့စားချေ အပြန်အလှန်သတ်နေကြတာ။
ကြောက်စရာလည်းကောင်းတယ် အသေးမွှားလေးဖြစ်တာလောက်နဲ့လည်း တစ်ယောက်နဲ့ တစ်ယောက် သတ်ကြ ပုတ်ကြနဲ့၊ နောက်လူမျိုးစု သာမက လူအုပ်စုတွေပါ အပိုင်းပိုင်း ကွဲနေတာ။
ဗီဒိုဝင် Bedouin အခုဟာ အုပ်စုလိုက် ရွှေ့ပြောင်းနေ တဲလူတွေ။ ရေကြည်ရာ မြက်နုရာ အိုအေစစ်ရှိ တဲ့နေရာလေးတွေ အပင်ပေါက်တဲ့ နေရာလေးတွေ ဟိုဒီရွှေပြီးတော့မှ ပြောင်းနေကြတယ်။ တိုက်ခိုက်တယ် နေရာလုတယ် ဆိုရင် ပြေးကြရတာ။ အဲ့လို အမျိုးစုံတွေနေ နေကြတယ်.
ဘာသာရေးနဲ့ပတ်သက်ပြီး ဘာတွေ ယုံကြည်ကြသလဲဆိုတော့ အစ္စလာမ် မရောက် ခင်တုန်းက သူတို့တတွေက ဘာတွေယုံကြည်ကြသလဲ ဆိုတော့-
- Arabian polytheism (ပိုလီသီစေရမ်)ဆိုတာ ဘာသာမျိုးစုံ ရှိတာ ဘာတွေ လည်းဆိုတော့ နတ်ဘုရားတွေ ရုပ်ထုတွေဆိုရင်လည်း အများကြီးပဲ၊နတ်’တွေရော ဟိုနတ်’ ဒီနတ်’ အစုံပဲ သရဲ တစ္ဆေ တွေလည်း အများကြီးပဲ နောက်တော့ ကိုယ်နေရာနဲ့ ကိုကိုး ကွယ်ကြတဲ့ နတ်တွေလည်း အများကြီး ပဲအမျိုး စုံကိုရှိတာ။ ဘယ်လောက်များလဲဆိုရင် ကာဗာကျောင်းတော်ထဲမှာတောင် ရုပ်ထုတွေ (၃၆၀)လောက် ရှိတယ်တဲ့ ဘုရားတွေ’ ဘုရားမ’တွေအမျိုးစုံရှိတယ်၊
- ဂျုးတွေလည်းရှိတယ်၊ ခရစ်ယာန် တွေ လည်းရှိတယ်.နောက်အခြားဟာတွေလည်းရှိတယ်ဗျ အသေးအမွှားတွေက Samaritanism (ဆမာရီတာနယ်ဇင်) တို Iranian religions such as Zoroastrianism အီရန်ထဲကဟာတွေတို့ နေကိုးကွယ်တာ’ လကိုးကွယ်တာ’ အဲဒါတွေနဲ့ နေဝင်နေထွက်ကိုးကွယ်တာ အမျိုးစုံပေါ့
- သစ်ပင်လည်း ကိုးကွယ်တယ် ကျောက် ခဲ လည်းကိုး ကွယ်တယ်၊ အကုန်ကိုးကွယ်နေကြတာ
သစ်ပင်ကိုးကွယ်တယ်ဆိုတာတော့ သိပ်ပြီး ထူးစမ်းတယ်မထင်နဲ့ ။ အင်္ဂလိပ် တွေတောင်မှ လေယာဉ်ပေါ်တဲ့ အချိန်မှာတောင်မ သစ်ပင်ကို ကိုးကွယ်တဲ့ လူတွေရှိ သေးတာ Touch wood ဆိုပြီးသစ်ပင်ကိုသွားထိကြပြီး Touch wood လို့ တခုခု လွဲသွားမှား သွားမှာ စိုးလို့ပြောတာတဲ့။ အဲဒီလိုဘာ လို့ပြောတာလဲဆိုတော့လေယဉ်ပျံ က သစ်ပင် တွေပေါ်ကပျံသွားမှာမို့လို့၊ အင်္ဂလိပ်လေယာဉ်မှုးတွေက သစ်ပင်ကိုလက်နဲ့ သွားကိုင်ပြီးတော့ သစ်တော စောင့်နတ်တွေကို ပျံခွင့်ပြုဖို့ သွားပြီး တောင်းပန်တာ ဗျ။ ဗမာတွေတောင် တပ်ချွတ်’‘တပ်ချွတ်’ဆိုပြီး မအံ့အောင် တဲ့ အကျင့်တွေရကုန်ပြီ။
- နောက်အာရပ်တွေက ကိုးကွယ်နေကြတာက အပြင်က Hellenization (mixing of Greek and local cultures) ဟယ်လင်နိုင်ဇေးရှင်း လို့ခေါ်တဲ့ ဂရိနဲ့ အာရပ်ရိုးရာဓလေ့တွေရောပြီး ကိုးကွယ်ကြသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလက်ဇန်းဒါးက သူတို့အုပ်ချုပ်သွားတာလေ။ အေဒီ ၁၀၆မှာ တောင်မှ ရောမကနေပြီးတော့ နဘားတီးရမ်းဘုရင့်နိုင်ငံကို သိမ်းပြီး ပီထရီးယား ဒေသအဖြစ်အုပ်ချုပ်သွားတာ။ နောက်ပိုင်း ရောမသြဇာက အာရေးဗီးယားတို့ ဂျော်ဒန်တို့ ပါလက်စတိုင်း တို့ထိပြန့်သွားတယ်။
- ကာရက်အယ်ဖော်တို့ ကင်ဒါ တို့မှာ ရုပ်ထုတွေရှိနေတာကို တွေရတယ်။
- နောက်ပြီး ကျောက်တုံးတွေ၊ အပင်တွေ၊ကိုကိုးကွယ်တယ်။
- နောက်ပြီးတော့ ပုတီးတို့ အဆောင်တို့ လက်ဖွဲ့တို့ အကုန်လုံး လုပ်ကြတယ်။
- ပြီးတော့တိရိစာန်တွေ ဘာတွေ ကိုလည်းသတ်ကြပြီးပူဇော် တာတွေလုပ် လေ့ ရှိကြ တယ်.
အဲ့ဒီမှာက တစ်ခုသိစေချင်တာက ကျွန်တော်တို အစလာမ်က ကွန်ရ်ဘာနီ လုပ်တာနဲ့ မဆိုင်ဘူးနော်။
- နောက်ကြတော့ မြှား (အဲရိုးလေး) တွေဆွဲပြီးတော့ ဗေဒင်မေး ရှေ့နိမိတ်ဖတ်ကြတယ်။ ဘုရားကျောင်းတွေမှာ မြှားလေး တွေရှိတယ် ထုတ်ချွန် လေးတွေ လုပ်ပြီးတော့မှ ဖဲချပ်နဲ့ စာကလေးဗေဒင်လိုမျိုးအဲလိုတွေ လုပ်ခဲ့ကြ တယ်။ အခုတော့ အကုန်လုံးကို တားထားတယ်၊ အကုန်လုံးကိုတားမြစ်လိုက်တယ်။
- အဲ့ဒီခေတ်ကာလဆိုရင် စစ်ရှုံးတဲ့သူတွေ၊ အားနည်း နိမ့်ကျတဲ့လူတွေကိုဖမ်းကြတယ်၊ နောက်ကျွန်တွေမွေးထားတယ်၊ နှိပ်ဆက် တယ်၊
- လူတွေဖမ်းပြီး ကျွန်အဖြစ်ရောင်း/ဝယ်ကြတယ်၊ အရင်ကအာရပ်တွေကအဲ့လိုနေထိုင်ခဲ့ကြတာ။
- သေရည် သေရက်တွေလဲ တအား သောက်တယ်၊
- လောင်းကစား တွေလုပ်တယ်၊
- နောက်ပြီး အကြမ်းဖက်တဲ့ လူသတ်တဲ့ ပျော်ပွဲရွှင်ပွဲ တွေအကြီး အကျယ် လုပ်တယ်။
- အဲ့ဒီအချိန်က အယူအစတွေမှာ ရုပ်ပျက်ဆင်းပျက် မိန်းမတွေအပေါ် ဘယ် လောက်အထိ လုပ်လာသလဲဆိုတော့.. မိန်းမတွေက လုံးဝကို အမွေဆက်ခံပိုင်ခွင့်မရှိဘူး၊ ဘာမှ ပိုင်ဆိုင်ခွင့် မရှိဘူး အမွေဘာမှကိုမရနိုင်ဘူး၊ နောက် တစ်ခုက မိန်းမတွေကိုကြိုက်သလောက်ယူလို့ရတယ်၊
- နောက်ပြီး မိန်းမကိုခဏအချိန်သတ်မှတ်ပြီးယူ လို့ရတယ်၊ ငါတို့အလုပ်လာရင်းနဲ့ဒီမှာတပတ်နေမယ် တစ်လနေ မယ်ဆိုပြီး မိန်းကိုကန်ထရိုက်စနစ်နဲ့ ယူထားလို့ ရတယ်၊အဲ့ဒါ အီရန်တို့ ဘာတို့မှာတောင် အခုအထိ ကျန်ရှိ နေသေးတယ်(ကန်ထရိုက်စနစ်နဲ့မင်္ဂလာ)ဆိုပြီးတော့ ရှိတယ်၊ နောက်အတင်းအကျပ် ဇွတ်ကို ပေးစားတာတွေ အဲလိုမျိုးတွေ ရှိခဲ့ဘူးတယ်။
- မိန်းကလေးတွေမွေးတယ်ဆိုရင်တခါတည်းကိုသတ်ပစ်လိုက်တယ်။
ဘာကြောင့် လဲဆိုတော့ ကြီးလာရင် ဆင်းရဲတာနဲ့ ကြွေးမထားနိုင်ဘူးဆိုတာနဲ့။ နောက်ဒီမိန်းကလေးတွေကနေ ပြီးတော့ အရှက်ရမှာ ကြောက်လို့ ဆိုတာတွေနဲ့ ။ အရှင်လတ်လတ်ကိုတခါတရံ မြေမြှုပ် သတ်ပစ်တာ။ အဲ့ဒါ တမန်တော် မိုဟမ္မဒ် ပေါ်လာတော့ အစ္စလာမ် သာသနာပေါ်လာတော့မှပဲ အဲဒီလိုလုပ်တာတွေ ရပ်သွားတာ။ အဲ့ဒီတော့ အစ္စလာမ်က မိန်းကလေး တွေကို နှိမ်တယ်ဆိုတာမှားတယ်။ အဲ့ဒီကာလမှာ သူတို့အခြေအနေနဲ့ သတ်တောင် သတ်ဖြတ်ခံနေကြရရှာတဲ့ အကျင့်ဆိုး တွေဘေးကနေ အစ္စလာမ်က ကယ်လိုက်တာပဲ။
နိုင်ငံရေးကပြန့်ကျဲ အစိတ်အမွှာမွှာကွဲပြီး သူတလူ ငါတမင်း ဖြစ်နေကြတယ်တယ်။
ကိုယ့်နေရာနဲ့ကိုယ် လူမျိုးစုတွေအလိုက် အုပ်ချုပ်နေကြတယ်။ တိုင်းပြည်တခု ပုံစံမျိုး၊ မြိုနယ်တခု ပုံစံတစ်မျိုး၊ ခရိုင်တခု ပုံစံတစ်မျိုး၊ စုစည်းအုပ်ချုပ် တာမျိုးမရှိဘူး။ ကိုယ့်အုပ်စုနဲ့ကိုယ်နေပြီး အုပ်ချုပ်ချင်သလို အုပ်ချုပ် နေချင်သလိုနေပြီး လုပ်နေခဲ့ကြတယ်။
အဲ့ဒီအချိန်မှာဘာတွေဖြစ်သလဲဆိုတော့-
ရောမ (ရိုမန်) နဲ့ ပါရှန်း (အီရန်) တွေနဲ့က မပြီးနိုင်မဆီးနိုင်တဲ့ စစ်ပွဲတွေကို (၇)ရာ စုမတိုင်ခင်လေးမှာ အကြီးအကျယ်ကို တိုက်နေကြတာ။ အဲ့ဒီလို ဖြစ်ခဲ့တာ တွေကို ရုပ်ရှင်တွေဘာတွေ တောင် ရိုက်ကြပြီး ပြခဲ့ကြတာ။ အဲတုန်းက ပါရှန်းနဲ့ ရိုမန်နဲ့ တိုက်ခဲ့ကြတာတွေ။ အဲ့ဒီတုန်းက မွတ်စလင်တွေတောင်မှ မဖြစ် ကြသေးဘူး။ အဲဒီမှာ စစ်တိုက်နေတဲ့ နှစ်ဖက်ကြားက အာရပ်တွေက ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေဇာပင်တော့ ဖြစ်လာတာ မဟုတ်ဘူး။ အဲ့ဒီမှာကြက်လည်း မောစေ ယာလည်းညက်စေ ဆိုတဲ့ သဘောတော့ဖြစ်သွားတာပေါ့။ အစ္စလာမ်ဘာသာ ပေါ်လာတဲ့ အချိန်မှာ၊ ရောမ နဲ့ အီရန် တွေ လည်းစစ်ပန်းပြီးအားနည်းသွားနေတဲ့အချိန်မှာ မွတ်စလင်တွေက လွယ်လွယ်ကလေးဝင် တိုက်ပြီး နှစ်ဖက်စလုံးကို သိမ်းလို့ရလိုက်တာပေါ့။