If Washington weighs Venezuela regime change over drugs, the same logic could apply to Myanmar’s military-abetted scam hubs
Southeast Asia–based scam operations have become a global menace. According to the US Department of the Treasury, online scam syndicates have cost American victims $16.6 billion, including $10 billion in 2024 alone.
Alarmed by this trend, both Congress and the Trump administration have begun taking visible action. Congressman Jefferson Shreve (R-IN) recently introduced the Dismantle Foreign Scam Syndicates Act, while Senator Rick Scott (R-FL) proposed the STOP Scammers Act.
On November 12, 2025, the US Attorney’s Office announced the creation of the Scam Center Strike Force, bringing together major federal law enforcement agencies. The formal designation as a “strike force”—not merely a task force—signals an intent to act swiftly and decisively.
These criminal enterprises thrive across Myanmar’s lawless borderlands and parts of Laos, Cambodia and the Philippines. Their roots lie in deeper structural failings: chronic poverty, weak governance, human trafficking and the collapse of the rule of law.
Most operations are run by Chinese criminal syndicates that originally built cross-border casino and online gambling empires. Over time, these evolved into highly organized scam centers. In Myanmar, the problem is worsened by alliances between corrupt ethnic armed groups and the military junta, which together protect—and profit from—these criminal hubs.
There is extensive evidence of collusion among Myanmar’s military, Chinese-led crime syndicates and certain ethnic armed groups. In northern Shan State, the border towns of Laukkai and Mong La functioned as major scam enclaves under the protection of the junta-aligned Kokang Border Guard Force (BGF).
The military’s refusal to crack down on those syndicates targeting Chinese citizens eventually led Beijing to tacitly green-light the Northern Alliance’s Operation 1027 in 2023. During the offensive, Myanmar’s military and the Kokang Border Guard Force (BGF) suffered an overwhelming defeat. After seizing the area, the Northern Alliance, also known as the Three Brotherhood Alliance, promptly handed captured scam operators to Chinese authorities.
Among those detained was Bai Suocheng, head of the Kokang BGF, junta-appointed governor of the Kokang Self-Administered Zone and a member of the junta-backed Union Solidarity and Development Party. Many other Kokang BGF leaders—long intertwined with the military through personal and financial networks—were similarly extradited and now face severe punishment in China.
Following the collapse of northern Myanmar’s scam hubs, a similar pattern has emerged in the country’s south, where scam centers have proliferated across Karen and Mon states near the Thai border. The most infamous is Shwe Kokko, located across the Moei River from Thailand and controlled by the BGF led by Saw Chit Thu, a former Karen National Union commander.
The BGF openly supports the junta’s planned sham elections, and in 2023, Saw Chit Thu received an honorary title from junta chief Min Aung Hlaing—further evidence of deep collusion in cybercrime and human trafficking.
Read all here @ US won’t win the scam war unless Myanmar’s junta is broken
Hla Soewai
မင်းအောင်လှိုင် တို့ ရှိနေသရွေ့ အမေရိကန်၏ ငွေလိမ်ဂိုဏ်း စစ်ပွဲ အနိုင်ရဖို့ မရှိ
ဝါရှင် တန်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဗင်နီဇွဲလား တွင် အစိုးရ ကို ပြောင်းပစ်နိုင်မှ ဖြစ်မည်ဟု တွက်ဆလာနေပြီ ဖြစ်သည်၊ ယခုလည်း မြန်မာ စစ်အုပ်စု မှ အား ပေး ကူညီ နေသည့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး တွင် အလားတူ စဉ်းစားရတော့မည် ဖြစ်သည်ဟု အေးရှား တိုင်းမ် စာစောင်တွင် ရေးသားထားသည်။
အရှေ့တောင်အာရှ တွင် အခြေစိုက်ထားသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ သည် တကမ္ဘာလုံး အတွက် အန္တရာယ် ကြီး ကျရောက်လာနေပြီ ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ တနိုင်ငံထဲတွင်ပင် ၂၀၂၄ တနှစ်တည်းတွင် ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံး ခဲ့ရာမှ ယခုအခါ ၁၆ ဘီလီယံ အထိ ရောက်ရှိ လာနေပြီ ဖြစ်သည်ဟု သိရသည်။
ထိုမျှ အထိ ဖြစ်လာနေ၍ ကွန်ဂရက် နှင့် ထရမ့် အစိုးရသည် အလန့်တကြား ဖြစ်လာပြီး ထင်သာမြင်သာ သည့် အရေးယူ မှုများ ပြုလုပ်ရန် စတင်လာပြီ ဖြစ်သည်။ ရီပတ်ဘလီကင် အောက်လွှတ်တော် အမတ် ဂျက်ဖာဆန် ရှရိဗ် က “ပြည်ပ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ဖြိုဖျက်ရေး” ဥပဒ ကြမ်းကို တင်သွင်းလာသည်။ အထက်လွှတ်တော်တွင်လည်း ရီပတ်ဘလီကင် အမတ် “ငွေလိမ်ဂိုဏ်းများ ရပ်ဆိုင်းရေး” ဥပဒေကို တင်သွင်းလာသည်။
နိုဝင်ဘာ ၁၂ ရက် တွင် အမေရိကန် ရှေ့နေချုပ် ရုံးက Scam Center Strike Force (SCSF) ကို တရားဝင် ဖွဲ့စည်းလာခဲ့သည်။ ထိုအဖွဲ့သည် လုပ်နေကျ Task Force မျိုး မဟုတ်ဘဲ ပြတ်ပြတ်သားသား နှင့် လက်မြန်ခြေမြန် လုပ်မည့် အဖွဲ့မျိုး ဖြစ်သည်။
ထိုသို့ ရာဇဝတ်ဂိုဏ်း များ ထွက်ပေါ်လာရခြင်းသည်လည်း နာတာရှည်လာသော ဆင်းရဲမွဲတေမှု၊ အုပ်ချုပ်မှု အားနည်းခြင်း၊ လူကုန်ကူးမှုနှင့် တရားဥပဒေ စိုးမိုးမှု ပြိုလဲခြင်း အစရှိသည့် အရင်းခံ အကြောင်းတရားများ နက်ရှိုင်းစွာ တည်ရှိလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ပထမပိုင်း တွင် တရုတ် ရာဇဝတ်ဂိုဏ်းများက ကာဆီနိုများ၊ အွန်လိုင်း လောင်းကစား ဝက်ဆိုက် များ မှ တဆင့် စတင်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာ တွင်တော့ အကျင့်ပျက် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု များ နှင့် စစ်အုပ်စုအကြား လက်ဝါးချင်း ရိုက်ပြီး အကာအကွယ် ပေးထားကာ အကျိုးအမြတ် ခွဲဝေယူရာမှ ရဲတင်းလာခြင်း ဖြစ်သည်။
ထို့သို့ လုပ်နေကြခြင်း ကို သက်သေ အထောက်အထားများက ဒု နှင့် ဒေး ရှိလာနေပြီ ဖြစ်သည်။ ရှမ်း မြောက် ဒေသရှိ လောက်ကိုင် နှင့် မိုင်းလား တွင် မူ စစ်တပ် လက်အောက်ခံ ကိုးကန့် နယ်ခြားစောင့် တပ်ဖွဲ့ ၏ အကာအကွယ် အောက်တွင် ကြီးထွားလာခြင်း ဖြစ်သည်။ စစ်အုပ်စု မှ ထိုလုပ်ရပ်များ ကို နှိမ်နှင်းရန် ငြင်းဆိုလာခြင်းကြောင့် တရုတ်၏ မီးစိမ်းပြမှုဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီး ပေါ်ထွက်လာရခြင်း ဖြစ်သည်။
ထိုစစ်ဆင်ရေး မှ စစ်တပ် နှင့် ဆက်နွယ်နေသော ကိုးကန့် ခေါင်းဆောင် အများအပြား ဖမ်းဆီးခံခဲ့ရသည်။
ရှမ်းမြောက်ဒေသတွင် အဆိုပါ ဂိုဏ်းများ ပြိုလဲသွားခဲ့ခြင်းကြောင့် ကရင် နှင့် မွန်ပြည်နယ်များ အတွင်း ငွေလိမ်ဂိုဏ်းများ ခေါင်းထောင်ထလာခြင်းလည်း ဖြစ်သည်။ ထိုအထဲတွင် နာမည်ဆိုး ထွက်လာရသည်က ကရင် နယ်ခြားစောင့် တပ် ခေါင်းဆောင် စောချစ်သူ ကွပ်ကဲနေသည့် ရွှေကုက္ကိုလ် စခန်းပင် ဖြစ်သည်။ ၎င်းက မင်းအောင်လှိုင် စီစဉ်လာသည့် ရွေးကောက်ပွဲ ကို ထောက်ခံသွားမည် ဖြစ်သည်ဟု လူသိရှင်ကြား ပြောထားခဲ့သည်။ ၂၀၂၃ တွင် စောချစ်သူ အား မင်းအောင်လှိုင်မှ ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ် ချီးမြှင့်လာခြင်းကပင် ၎င်းတို့အချင်းချင်း
နက်ရှိူင်းစွာ ပါဝင် ပတ်သက်နေသည်ကို ပြဆိုနေသည့် ထပ်မံ ထွက်ပေါ်လာသော သက်သေ အထောက်အထား တခုလည်း ဖြစ်သည်။
စစ်အုပ်စု အာဏာမြဲနေသရွေ့ ငွေလိမ်ဂိုဏ်းများအား ပုံစံ တမျိုးမျိုး နှင့် အကာအကွယ် ပေးနေကြမည်သာ ဖြစ်သည်။ ၂၀၂၄ တွင် ထွက်ပေါ်လာသော အထင်ရှားဆုံး အထောက်အထား တခုသည်ကား ထိုင်းဖက်မှ အင်တာနက် လိုင်းများကို ဖြတ်တောက်လာသည့် အခါတွင် စစ်တပ်၏ Mytel မှ ချက်ခြင်းလို အစားထိုး ပေးလာခဲ့ခြင်း ဖြစ်သည်။
အမေရိကန် မှ ၎င်းတို့အား ထိန်းချုပ်ရန် ပစ်မှတ်ထား ဒဏ်ခတ် အရေးယူလာသည်။ သို့သော်လည်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့၊ ထို့အတွက် ယခုလို SCSF ဖွဲ့စည်းလာခြင်း အား မရှိမဖြစ် လိုအပ်ချက်တရပ် အဖြစ် ကြိုဆိုရမည် ဖြစ်သည်။
သုတေသန ပြုချက်များအရ ဒီမိုကရေစီ နည်းလမ်း ဖြင့် အုပ်ချုပ်နေသည့် ဖိလစ်ပိုင်သည် နှိမ်နှင်းရာတွင်အာဏာရှင် နိုင်ငံများ ဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီယား တို့ထက် ပိုမို ထိရောက်မှု ရှိသည်ကို တွေ့လာရသည်။
ဝါရှင်တန်သည် ဗင်နီဇွဲလားတွင် အုပ်ချုပ်ရေး အဖွဲ့ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေသလို မြန်မာ ရှိ ငွေလိမ်ဂိုဏ်းများကို အပြီးအပိုင် ဖျက်သိမ်းလိုပါက မြန်မာ စစ်အုပ်စု ကို အလားတူ လုပ်ရတော့မည် ဖြစ်သည်။
ထိုကဲ့သို့ အပြောင်းအလဲ လုပ်ရန် မြန်မာတွင် အစားထိုး နိုင်မည့် အစိုးရ အဖွဲ့ အသင့် ရှိနေပြီ ဖြစ်သည်။ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး ကြိုးစားနေသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၊ နေရာအနှံ့ စစ်အုပ်ချုပ်ရေး ကို လက်နက်ကိုင် တွန်းလှန်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ တို့ ဖြစ်သည်။
အဆိုပါ အင်အားစု များ သည် တဖြေးဖြေး နှင့် အောင်မြင်မှု များ ရရှိနေကြပြီ ဖြစ်သည်။
ယခုအခါ ၎င်းတို့အားလုံး အမေရိကန်၏ ပံ့ပိုးမှု ကို လိုအပ်နေသည်။ ကွန်ဂရက်သည် မြန်မာတို့၏ ဒီမိုကရေစီ အရေး အတွက် လိုအပ်သည်များ ပံ့ပိုးပေးရန် BURMA ACT ကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်သည်။
ထိုအချိန်က ငွေလိမ်ဂိုဏ်းများ အရေးသည် ယခုလို အုတ်အော်သောင်းနင်း ဖြစ်မလာသေး၍ ဥပဒေတွင် ထိုအရေးကို ဖြေရှင်းရန် ထည့်သွင်းထားခြင်း မရှိပေ။ ထို့အတွက် အထက်တွင် ဖေါ်ပြသည့် ဥပဒေကြမ်းများ အဆိုပြုလာရခြင်း ဖြစ်သည်။ BURMA ACT တွင် ပါရှိသည့် လူအသက်အန္တရာယ် မပေးနိုင်သည့် အကူအညီ များ ဆိုသည်က ထိုစဉ်ကငွေလိမ်ဂိုဏ်းများသည် နယ်စပ်ဖြတ်ကျော်ပြီး အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အနေအထားဟု ထည့်သွင်းစဉ်းစားရန် မလိုသေး၍ ဖြစ် သော်လည်း လက်ရှိ အနေအထား နှင့် မလျော်ညီတော့ပေ။
အဆိုပါ ဂိုဏ်းများသည် လူကုန်ကူးခြင်း၊ ငွေများ ခဝါချခြင်း၊ လက်နက် မှောင်ခို ကုန်ကူးခြင်း အစရှိသည် တို့ အကုန် လုပ်ကိုင်နေကြသူ များ ဖြစ်သည်။
၎င်းတို့ကြောင့် ဒေသတခုလုံး မတည်မငြိမ် ဖြစ်လာပြီး အမေရိကန် အကျိုးစီးပွားကို ထိခိုက်လာနေပြီ ဖြစ်သည်။
ထိုအနေအထားသည် အမေရိကန် မှ အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ရန် စဉ်းစားပြီး တဖက်သပ် အရေးယူရန် ဆုံးဖြတ်ထားသည့် ဗင်နီဇွဲလား နှင့် အတော်များများ တူနေသည်။ အမေရိကန်သည် ၎င်းတို့ အကျိုးစီးပွား ကို တိုက်ရိုက် ထိခိုက်လာလျင် အရေးယူ ရန် လက်မနှေး၊ ယခု မြန်မာ သည်လည်း ထိုသို့ ထိခိုက်အောင် လုပ်လာပြီ ဖြစ်သည်။
ထိရောက်စွာ လုပ်နိုင်ဖို့ ဤလုပ်ငန်းများကို အမှန်တကယ် ဖြစ်မြောက်အောင် လုပ်ဆောင်သူများဖြစ်သော အကျင့်ပျက် အရာရှိများ၊ ရာဇဝတ်မှုကျူးလွန်သော စစ်ဘုရင်များနှင့် မြန်မာ့ စစ်အစိုးရတစ်ရပ်လုံး တို့ကို ပစ်မှတ်ထား နိုင်မှ ဖြစ်မည်။
အမေရိကန်ပြည်ထောင်စု၊ ဒေသတွင်း အစိုးရများ
နှင့် နိုင်ငံတကာ မိတ်ဖက်များအကြား ဟန်ချက်ညီညီ သံတမန်ရေး ဖိအားပေးမှု၊ ထောက်လှမ်းရေး အချက်အလက်များ မျှဝေမှု နှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တို့ လိုအပ်မည်ဖြစ်သည်။
အဆိုပါ ဂိုဏ်းအဖွဲ့များသည် ကမ္ဘာတစ်ဝန်းရှိ လူများကို အမြတ်ထုတ် အနိုင်ကျင့်နေကြ၍ နိုင်ငံတိုင်းက ၎င်းတို့ကို လိမ်လည်သူများအဖြစ် စစ်ကြေညာပြီး ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲသစ် အဖြစ် သဘောထားသင့်သည်။ ထိုစစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုသည် ခေတ်မမီတော့သော BURMA အက်ဥပဒေမှ အခွင့်အာဏာများကို ပြန်လည်ပြင်ဆင်ပြီး ၎င်း၏ လက်ထဲတွင်ရှိသော ကိရိယာတိုင်းကို အသုံးပြုသင့်သည် ဟူ၍ ဖြစ်သည်။