By MMNN Desk — adapted from a Kyimyindaing Channel commentary
The sudden disappearance of Saw Chit Thu, the powerful commander of the Karen Buddhist Border Guard Force (BGF), has entered its third day. His absence has triggered what many online commentators call a “three-sided drama,” involving the BGF leadership, the Myanmar junta, and international pressure — particularly from the United States and China.
BGF Statement: “No Reason to Run”
Yesterday, the BGF released a statement insisting that its leaders have nothing to hide, no reason to flee, and were merely “occupied with regional development projects.”
The original author also references a Jataka metaphor for Saw Chit Thu’s present condition as “မပဋာမြေလူး” Ma Padar, who lost her husband and sons, rolled on the ground crying in grief — “မပဋာမြေလူး” — used here to describe chaotic, directionless scrambling among implicated actors. He said that those BGF who were posting or updating every movements of Saw Chit Thu, even his entry of Bamboo forests to collect young bamboo-shoots (to cook and eat) are now strangely silent! There is a deafening silence about Saw Chit Thu as he is scared of arrest or kill to shut his mouth to cover up his bosses’ crimes.
However, critics question what kind of “development” the BGF refers to. For years, the BGF’s Shwe Kokko and Myawaddy compounds were hubs for Chinese-backed scam syndicates, human trafficking, narcotics routes, illegal online casinos, and transnational criminal networks — collectively known in Burmese slang as kyar phyant (a Burmanization of a Chinese term for scamming/financial cheating).
Nearly 100,000 Workers in Scam Zones
According to multiple reports, nearly 100,000 workers passed through Myawaddy’s scam compounds without proper documentation. The scam-mafia bosses — protected by militia partners — face long lists of criminal allegations. Yet, BGF leaders insisted that “not a single bullet” is pointed at them.
BGF Deputy Nyi Maung Zaw
Nyi Maung Zaw is Saw Chit Thu’s Buddhist Karen deputy in the BGF.
Veteran activists note that younger people today “see everything more clearly,” especially the long-standing nexus of lying, theft, and criminal protection rackets involving various armed groups.
A Changing Landscape of Power
In earlier years, any disappearance of a BGF leader would be accompanied by bodies floating in the Moei River — a grim message from rival groups.
But today the context has shifted:
BGF families are reportedly moving assets, shifting land titles, and hiding properties, indicating deeper instability.
Internal Contradictions Surface
Deputy Minister Soe Win once ordered the Shwe Kokko–scam network to be dismantled.
But during an interview with The Reporter, Nyi Maung Zaw appeared displeased, likely because BGF-linked interests were involved.
He argued that the major Shwe Kokko buildings cannot be demolished like those in KK Park because they were “legally constructed.”
Yet on the ground, residents observe:
- The area has fallen silent.
- New buildings for scam operations are already being constructed again.
The “Honest Commanders” Claim
Figures like Saw Steel, Saw Sein Win, and Saw San Aung previously claimed they would never accept “dirty Chinese money.” These declarations were framed as proofs of “honesty.”
But international developments tell a different story.
American Pressure Falls Like Waves
U.S. sanctions are now hitting “one wave after another,” undermining the networks behind Myanmar’s scam syndicates.
At a U.S. Congressional hearing yesterday, a blunt assessment was given:
“Myanmar has become a regional hub of transnational crime, run under a sham election, influenced by China and Russia.”
Washington’s primary focus appears to be the arrest of major scam-mafia kingpins, which could unravel a long list of hidden players across:
- Thailand
- Cambodia
- Laos
- Myanmar
And even armed groups possibly linked through financial pipelines, such as NDAA, SSPP, and UWSA.
Most explosive of all:
If one major figure is captured, bitcoin passwords, crypto wallets, and financial ledgers may be exposed.
China’s Counter-Moves
The post suggests that China is working hard to block U.S. access to evidence — rapidly shifting key figures and assets to avoid international seizures.
“Skeletons Under the Banyan Tree”
Zaw Min Tun, the junta’s information minister — widely mocked online as Zaw Mae Lone — once said that “deep secrets will surface only when you dig at the banyan tree roots,” a Burmese metaphor meaning that hidden scandals eventually rise to the surface.
Who Will Become the Sacrificial Bird?
As international pressure intensifies and internal alliances fracture, many in Myanmar now watch closely to see who will become the fall guy, the “sacrificial bird,” in this unfolding regional drama.
For now, the story of Saw Chit Thu’s disappearance — and the criminal empire built around BGF territories — is far from over.
… စောချစ်သူ လူမြင်ကွင်းက ပျောက်နေတာ ၃ ရက်မြောက်နေ့
သုံးပွင့်ဆိုင် ဇာတ်လမ်းတွဲ လာပြီ ပွဲကြီးပွဲကောင်း
မနေ့က BGF က ထွက်ရှင်းတယ် အဲ့ကိစ္စ
သူတို့ ခေါင်းဆောင်မှာ ဘာအပစ်မှမရှိပါဘူး ပြေးဖို့ ဘာဖို့လဲ
မရှိပါဘူး / ဒေသဖွံ့ဖြိုးအလုပ်တွေ နဲ့ မအားလပ်နေလို့ပါတဲ့
ဘယ်ဒေသဖွံ့ဖြိုးရေးရမှာလဲ BGF ဌာနချုပ်ထဲ
ဟိုကျားဖြန့်သူဌေးတွေ နေဖို့ အဆောက်အအုံတွေ စီမံနေတာ
မြဝတီ ကျားဖြန့်ဆိုက်တွေထဲ လူပေါင်း ၁ သိန်းနီးပါး
ဘာအထောက်မှ မလိုပဲ ခေါ်သွင်းတာ
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု / လူကုန်ကူးမှု
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု
ကျားဖြန့်မာဖီးယား ခေါင်းဆောင် အမှုပေါင်း တထောင်ကို
ဘာအပစ်မှ မရှိပါဘူးဆိုတော့ နိုင်မောင်ဇော်ရေ
ခမသ တွေ ၈၈ များမှတ်နေလား ဟမ် ဟေ့ရောင်တွေ
ခုခေါတ် ကလေးတွေက မျက်စိပွင့် နားပွင့်
မင်းတို့ လိမ်ချင်တိုင်း လိမ် ခိုးချင်တိုင်း ခိုးနေတာ
တကမ္ဘာလုံး အသိ
နဂိုဆိုရင် စောချစ်သူ ဝါးတောထဲ အဖွဲ့တွေနဲ့
မြစ်လိုက်ချိုးတာက အစ တင်နေတဲ့ကောင်တွေ
ခု မင်းတို့ပထွေး သူမိသားစု ပိုင်ဆိုင်မှုတွေ ဟိုရွှေ့ ဒီရွှေ့
နေရာပြောင်း ဘာညာ မပဋာမြေလူး နေတဲ့ အချိန်လေကွာ
ဘယ်ထွက်မလဲ လူမြင်ကွင်း
ဒုချုပ် စိုးဝင်းက ရွှေကက္ကိုက ကျားဖြန်ကွန်ယက်တွေ
လက်စဖျောက် ဖျက်ဆီးရမယ် အမိန့်ထုတ်တာကို
နိုင်မောင်ဇော်က သိပ်ကျေနပ်ပုံမရဘူး သူပိုင်ဆိုင်မှုလဲပါတာကိုး
ဒါကို The Reporter Interview မှာ ပြန်ဖြေတယ်
ရွှေကက္ကိုအဆောက်အအုံတွေကို KK Park လို
စစ်တပ်က ဖြိုချဖျက်ဆီးလို့ မရဘူး
တရားဝင်ဆောက်လုပ်ထားတာပါတဲ့ ကြည့်ကြသေးတာပေါ့
ကျောက်ခတ် နဲ့ ဘုရားသုံးဆူမှာက အသံမထွက်လာတော့
ကျားဖြန့် အဆောက်အအုံ အသစ်တွေတောင်
ထပ်ဆောက်နေပြီ
ရိုးသားတာ ပြောပါတယ် စောစတီးတို့ စောစိန်ဝင်းတို့က
တရုတ်ပိုက်ဆံမှန်း သိရင်တောင် မယူပါဘူးတဲ့
စောဆန်းအောင် ပြောသွားတာ အဲ့လောက်ရိုးတာ
ခု အမေရိကန် လှိုင်းကြီးတွေ တလိမ့်လိမ့် တလုံးပြီးတလုံးကို
လွတ်နေတာ
မနေ့က အမေရိကန် ကွန်ဂရက်ကြားနာပွဲမှာ ပြောသွားတယ်
မြန်မာဟာ ကျရှုံးနိုင်ငံ ရာဇဝတ်မှုတွေရဲ့ ဗဟိုချက်ကျတဲ့နေရာ
တရုတ် နဲ့ ရုရှား နဲ့ ကြိုးကိုင်ချယ်လှယ်နေတဲ့ အယောင်ပြ
ရွေးကောက်ပွဲ ဆိုပြီး
ဒီနေ့လဲ အမေရိကန် လွှတ်တော် အမတ် ၄ ဦးက
စစ်တပ် အယောင်ပြ ရွေးကောက်ပွဲ ရှုတ်ချဖို့ကို
သမ္မတထရန့်အစိုးရဆီ တောင်းဆိုထား
သံအမတ်ကြီး ဦးကျော်မိုးထွန်းလဲ ကုလမှာ
နိိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ မအလ စစ်တပ်ရဲ့
စစ်ရာဇဝတ်မှုတွေ ထပ်တလဲလဲ တင်ပြပေးနေတာ
ဒါကို NUG က ကျားဖြန့်ကိစ္စ ဘာမှ မလုပ်ဖူးဆိုတော့
အမေစု လက်ထက်ထဲက ကျားဖြန့်က ရှိခဲ့တာတဲ့
ဟို ၆၈၀၀ ရပ်ကွက်က လာလိုက်သေး
ရှင်းပြရင် စာတွေ ရှည်တော့မယ်
မင်းတို့ အဲ့ဒီ သီရဂူ ရယ် စစ်တပ်ရယ် ကျားဖြန့်ခေါင်းဆောင်တွေရယ် စလုပ်ခဲ့တဲ့ စီမံကိန်း
ပြောလဲ မဘသ ခမသား အမျိုးယုတ်တွေက သိမှာလဲ မဟုတ်ဘူး
အဲ့တော့ အမေရိကန်လိုချင်တာက အဓိက ကျားဖြန့်မာဖီးယား အရေးကြီးတဲ့ ခေါင်းဆောင်တွေ လက်ရဖမ်းမိချင်တာပဲ
တရုတ်ကလဲ အမေရိကန် ဘာသက်သေသဲလွန်စမှ မရအောင်
အကွက်ရွှေ့
ဟိုက သိန်းငှက်ကြီးက အဓိက တစ်ယောက်ပဲမိကြည့်
အကုန်ပေါ်
ထိုင်း / ကမ္ဘောဒီးယား/ လာအို / မြန်မာ
ဘယ်သူတွေ ပါလဲ ပက်သက်လဲ
NDAA မိုင်းလား / SSPP / UWSA ကျန်သေးတယ်
နောက်ဆုံး Bitcoin Password တွေပါ အကုန်ဖော်မှာ
အဲ့တော့
ငွေရောင်ပိတ်ကားပေါ်ကြီးမှာပဲ ဆက်ကြည့်ကြတာပေါ့
သိသလောက် မြင်သလောက်လေး ချရေးတာပါ
မသိသေးတာလဲ ဇော်မဲလုံးပြောသလို လျှို့ဝှက်နက်နေးတဲ့
ကိစ္စတွေကတော့ ညောင်မြစ်ပါ တူးမှ ပေါ်မယ်ဆိုတော့
သိမ်းငှက် အစာကောက်ခံရတာ ဘယ်သူဖြစ်မလဲ
စောင့်ကြည့်ကြတာပေါ့
မင်း ဒင်
အသစ်ကလေး။ ။
လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်ဝန်းကျင်၊ ကျွန်တော်တို့ လူပျိုပေါက်အရွယ်တုန်းက ပြည့်တန်ဆာလောကမှာ ရေပန်းစားခဲ့ဖူးတဲ့ စကားလေးတစ်ခုကို ပြန်သတိရမိတယ်။
အဲဒီစကားကတော့ “အသစ်ကလေး”တဲ့။
နားနဲ့မနာ ဖဝါးနဲ့ နာတော်မူကြပါဗျာ။
ဖာတန်းမှာ ခြေစက်ကျနေကျ မောင်တွေအားလုံးလိုလို အသစ်ကလေး ဆိုတဲ့ အသံကြားရင် အနည်းဆုံးတော့ ခေါင်းထောင်ကြည့်မိတဲ့သူတွေချည်းပါပဲ။
“အသစ်ကလေး” ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဖာခန်းမှာ အခုမှ ဖာဖြစ်ကာစ လတ်လတ်ဆတ်ဆတ်ဖာသယ်လေး တစ်ယောက် ရောက်နေတာကို ရည်ညွှန်းတာပါ။
မနူးမနပ်လေး၊ဖာပါးမဝသေးတဲ့ ဖာလေးမို့ စိတ်ချလက်ချ ယုံယုံကြည်ကြည် ပျော်ပါးနိုင်တယ်ပေါ့ခင်ဗျာ။
အမှန်တော့ အဲဒီ “အသစ်ကလေး” ဆိုတဲ့ ဖာလေးဟာ မြို့တကာနယ်တကာမှာ ဟိုဒင်း အသားမာတက်ခဲ့ပြီးတဲ့ အရိုးရင့်ဖာသယ်ပါပဲ။
ဝါရင့်ဖာသယ်က နောက်ဖာခန်းတစ်ခုကို ပြောင်းလာတော့ မျက်နှာသစ်ကလေးမို့ ဖာခေါင်းတွေက “အသစ်ကလေး”လို့ အမည်တပ်တာပါ။
အသစ်ကလေးကို ယုံမိတဲ့သူတွေနတ်သမီးလို့ထင်မိကြရင်တော့ ကတ်ကျေးစာမိပြီး အရင်းကနေ ဖြတ်ပစ်ဖို့သာ ကြံပေရော့။
“အသစ်ကလေး” ဆိုတဲ့ စကားကို ပြန်သတိရမိတာက ခုတလော ကျားဖြန့်နဲ့ ပတ်သက်ပြီး ဖာတန်းမီးလောင်နေတဲ့အချိန် “နိုင်မောင်ဇော်” ဆိုတဲ့ ငတိက အွန်လိုင်းမှာ သူ့ဆရာစောချစ်သူအကြောင်း ခဏခဏ ထွက်ရှင်းလျှောက်ဖာနေလို့ပါပဲ။
ဘာတဲ့။ သူ့ဆရာ ထွက်မပြေးပါဘူးတဲ့။ သူ့ဆရာက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊ ဘာသာရေးကိစ္စတွေ လုပ်နေလို့ အလုပ်များနေတာပါတဲ့။
ကျွန်တော်ကတော့ အွန်လိုင်းမှာ နိုင်မောင်ဇော့်မျက်နှာမြင်မိလေတိုင်း ဖာခန်းက ဖာခေါင်းတွေ မြူဆွယ်နေကျ “အသစ်ကလေး” ဆိုတဲ့ စကားလုံးကို ပြေးပြေးပြီး ကြားယောင်မိတာပါပဲ။
ဖာသယ်လက်သစ်ကလေး နိုင်မောင်ဇော့်စကားကို ယုံမိတဲ့သူတွေ အရင်းကနေ ကတ်ကျေးနဲ့ ဖြတ်ပစ်ဖို့သာ ပြင်ပေတော့ဗျာ။ ။
Hla Soewai
မင်းအောင်လှိုင် တို့ ရှိနေသရွေ့ အမေရိကန်၏ ငွေလိမ်ဂိုဏ်း စစ်ပွဲ အနိုင်ရဖို့ မရှိ
ဝါရှင် တန်သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဗင်နီဇွဲလား တွင် အစိုးရ ကို ပြောင်းပစ်နိုင်မှ ဖြစ်မည်ဟု တွက်ဆလာနေပြီ ဖြစ်သည်၊ ယခုလည်း မြန်မာ စစ်အုပ်စု မှ အား ပေး ကူညီ နေသည့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး တွင် အလားတူ စဉ်းစားရတော့မည် ဖြစ်သည်ဟု အေးရှား တိုင်းမ် စာစောင်တွင် ရေးသားထားသည်။
အရှေ့တောင်အာရှ တွင် အခြေစိုက်ထားသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ သည် တကမ္ဘာလုံး အတွက် အန္တရာယ် ကြီး ကျရောက်လာနေပြီ ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ၎င်းတို့ တနိုင်ငံထဲတွင်ပင် ၂၀၂၄ တနှစ်တည်းတွင် ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံး ခဲ့ရာမှ ယခုအခါ ၁၆ ဘီလီယံ အထိ ရောက်ရှိ လာနေပြီ ဖြစ်သည်ဟု သိရသည်။
ထိုမျှ အထိ ဖြစ်လာနေ၍ ကွန်ဂရက် နှင့် ထရမ့် အစိုးရသည် အလန့်တကြား ဖြစ်လာပြီး ထင်သာမြင်သာ သည့် အရေးယူ မှုများ ပြုလုပ်ရန် စတင်လာပြီ ဖြစ်သည်။ ရီပတ်ဘလီကင် အောက်လွှတ်တော် အမတ် ဂျက်ဖာဆန် ရှရိဗ် က “ပြည်ပ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ဖြိုဖျက်ရေး” ဥပဒ ကြမ်းကို တင်သွင်းလာသည်။ အထက်လွှတ်တော်တွင်လည်း ရီပတ်ဘလီကင် အမတ် “ငွေလိမ်ဂိုဏ်းများ ရပ်ဆိုင်းရေး” ဥပဒေကို တင်သွင်းလာသည်။
နိုဝင်ဘာ ၁၂ ရက် တွင် အမေရိကန် ရှေ့နေချုပ် ရုံးက Scam Center Strike Force (SCSF) ကို တရားဝင် ဖွဲ့စည်းလာခဲ့သည်။ ထိုအဖွဲ့သည် လုပ်နေကျ Task Force မျိုး မဟုတ်ဘဲ ပြတ်ပြတ်သားသား နှင့် လက်မြန်ခြေမြန် လုပ်မည့် အဖွဲ့မျိုး ဖြစ်သည်။
ထိုသို့ ရာဇဝတ်ဂိုဏ်း များ ထွက်ပေါ်လာရခြင်းသည်လည်း နာတာရှည်လာသော ဆင်းရဲမွဲတေမှု၊ အုပ်ချုပ်မှု အားနည်းခြင်း၊ လူကုန်ကူးမှုနှင့် တရားဥပဒေ စိုးမိုးမှု ပြိုလဲခြင်း အစရှိသည့် အရင်းခံ အကြောင်းတရားများ နက်ရှိုင်းစွာ တည်ရှိလာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ပထမပိုင်း တွင် တရုတ် ရာဇဝတ်ဂိုဏ်းများက ကာဆီနိုများ၊ အွန်လိုင်း လောင်းကစား ဝက်ဆိုက် များ မှ တဆင့် စတင်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာ တွင်တော့ အကျင့်ပျက် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု များ နှင့် စစ်အုပ်စုအကြား လက်ဝါးချင်း ရိုက်ပြီး အကာအကွယ် ပေးထားကာ အကျိုးအမြတ် ခွဲဝေယူရာမှ ရဲတင်းလာခြင်း ဖြစ်သည်။
ထို့သို့ လုပ်နေကြခြင်း ကို သက်သေ အထောက်အထားများက ဒု နှင့် ဒေး ရှိလာနေပြီ ဖြစ်သည်။ ရှမ်း မြောက် ဒေသရှိ လောက်ကိုင် နှင့် မိုင်းလား တွင် မူ စစ်တပ် လက်အောက်ခံ ကိုးကန့် နယ်ခြားစောင့် တပ်ဖွဲ့ ၏ အကာအကွယ် အောက်တွင် ကြီးထွားလာခြင်း ဖြစ်သည်။ စစ်အုပ်စု မှ ထိုလုပ်ရပ်များ ကို နှိမ်နှင်းရန် ငြင်းဆိုလာခြင်းကြောင့် တရုတ်၏ မီးစိမ်းပြမှုဖြင့် ၁၀၂၇ စစ်ဆင်ရေးကြီး ပေါ်ထွက်လာရခြင်း ဖြစ်သည်။
ထိုစစ်ဆင်ရေး မှ စစ်တပ် နှင့် ဆက်နွယ်နေသော ကိုးကန့် ခေါင်းဆောင် အများအပြား ဖမ်းဆီးခံခဲ့ရသည်။
ရှမ်းမြောက်ဒေသတွင် အဆိုပါ ဂိုဏ်းများ ပြိုလဲသွားခဲ့ခြင်းကြောင့် ကရင် နှင့် မွန်ပြည်နယ်များ အတွင်း ငွေလိမ်ဂိုဏ်းများ ခေါင်းထောင်ထလာခြင်းလည်း ဖြစ်သည်။ ထိုအထဲတွင် နာမည်ဆိုး ထွက်လာရသည်က ကရင် နယ်ခြားစောင့် တပ် ခေါင်းဆောင် စောချစ်သူ ကွပ်ကဲနေသည့် ရွှေကုက္ကိုလ် စခန်းပင် ဖြစ်သည်။ ၎င်းက မင်းအောင်လှိုင် စီစဉ်လာသည့် ရွေးကောက်ပွဲ ကို ထောက်ခံသွားမည် ဖြစ်သည်ဟု လူသိရှင်ကြား ပြောထားခဲ့သည်။ ၂၀၂၃ တွင် စောချစ်သူ အား မင်းအောင်လှိုင်မှ ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ် ချီးမြှင့်လာခြင်းကပင် ၎င်းတို့အချင်းချင်း
နက်ရှိူင်းစွာ ပါဝင် ပတ်သက်နေသည်ကို ပြဆိုနေသည့် ထပ်မံ ထွက်ပေါ်လာသော သက်သေ အထောက်အထား တခုလည်း ဖြစ်သည်။
စစ်အုပ်စု အာဏာမြဲနေသရွေ့ ငွေလိမ်ဂိုဏ်းများအား ပုံစံ တမျိုးမျိုး နှင့် အကာအကွယ် ပေးနေကြမည်သာ ဖြစ်သည်။ ၂၀၂၄ တွင် ထွက်ပေါ်လာသော အထင်ရှားဆုံး အထောက်အထား တခုသည်ကား ထိုင်းဖက်မှ အင်တာနက် လိုင်းများကို ဖြတ်တောက်လာသည့် အခါတွင် စစ်တပ်၏ Mytel မှ ချက်ခြင်းလို အစားထိုး ပေးလာခဲ့ခြင်း ဖြစ်သည်။
အမေရိကန် မှ ၎င်းတို့အား ထိန်းချုပ်ရန် ပစ်မှတ်ထား ဒဏ်ခတ် အရေးယူလာသည်။ သို့သော်လည်း အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့၊ ထို့အတွက် ယခုလို SCSF ဖွဲ့စည်းလာခြင်း အား မရှိမဖြစ် လိုအပ်ချက်တရပ် အဖြစ် ကြိုဆိုရမည် ဖြစ်သည်။
သုတေသန ပြုချက်များအရ ဒီမိုကရေစီ နည်းလမ်း ဖြင့် အုပ်ချုပ်နေသည့် ဖိလစ်ပိုင်သည် နှိမ်နှင်းရာတွင်အာဏာရှင် နိုင်ငံများ ဖြစ်သော မြန်မာ၊ လာအို၊ ကမ္ဘောဒီယား တို့ထက် ပိုမို ထိရောက်မှု ရှိသည်ကို တွေ့လာရသည်။
ဝါရှင်တန်သည် ဗင်နီဇွဲလားတွင် အုပ်ချုပ်ရေး အဖွဲ့ အပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေသလို မြန်မာ ရှိ ငွေလိမ်ဂိုဏ်းများကို အပြီးအပိုင် ဖျက်သိမ်းလိုပါက မြန်မာ စစ်အုပ်စု ကို အလားတူ လုပ်ရတော့မည် ဖြစ်သည်။
ထိုကဲ့သို့ အပြောင်းအလဲ လုပ်ရန် မြန်မာတွင် အစားထိုး နိုင်မည့် အစိုးရ အဖွဲ့ အသင့် ရှိနေပြီ ဖြစ်သည်။ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး ကြိုးစားနေသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၊ နေရာအနှံ့ စစ်အုပ်ချုပ်ရေး ကို လက်နက်ကိုင် တွန်းလှန်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ တို့ ဖြစ်သည်။
အဆိုပါ အင်အားစု များ သည် တဖြေးဖြေး နှင့် အောင်မြင်မှု များ ရရှိနေကြပြီ ဖြစ်သည်။
ယခုအခါ ၎င်းတို့အားလုံး အမေရိကန်၏ ပံ့ပိုးမှု ကို လိုအပ်နေသည်။ ကွန်ဂရက်သည် မြန်မာတို့၏ ဒီမိုကရေစီ အရေး အတွက် လိုအပ်သည်များ ပံ့ပိုးပေးရန် BURMA ACT ကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး ဖြစ်သည်။
ထိုအချိန်က ငွေလိမ်ဂိုဏ်းများ အရေးသည် ယခုလို အုတ်အော်သောင်းနင်း ဖြစ်မလာသေး၍ ဥပဒေတွင် ထိုအရေးကို ဖြေရှင်းရန် ထည့်သွင်းထားခြင်း မရှိပေ။ ထို့အတွက် အထက်တွင် ဖေါ်ပြသည့် ဥပဒေကြမ်းများ အဆိုပြုလာရခြင်း ဖြစ်သည်။ BURMA ACT တွင် ပါရှိသည့် လူအသက်အန္တရာယ် မပေးနိုင်သည့် အကူအညီ များ ဆိုသည်က ထိုစဉ်ကငွေလိမ်ဂိုဏ်းများသည် နယ်စပ်ဖြတ်ကျော်ပြီး အမေရိကန် လုံခြုံရေးကို ခြိမ်းခြောက်လာသည့် အနေအထားဟု ထည့်သွင်းစဉ်းစားရန် မလိုသေး၍ ဖြစ် သော်လည်း လက်ရှိ အနေအထား နှင့် မလျော်ညီတော့ပေ။
အဆိုပါ ဂိုဏ်းများသည် လူကုန်ကူးခြင်း၊ ငွေများ ခဝါချခြင်း၊ လက်နက် မှောင်ခို ကုန်ကူးခြင်း အစရှိသည် တို့ အကုန် လုပ်ကိုင်နေကြသူ များ ဖြစ်သည်။
၎င်းတို့ကြောင့် ဒေသတခုလုံး မတည်မငြိမ် ဖြစ်လာပြီး အမေရိကန် အကျိုးစီးပွားကို ထိခိုက်လာနေပြီ ဖြစ်သည်။
ထိုအနေအထားသည် အမေရိကန် မှ အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ရန် စဉ်းစားပြီး တဖက်သပ် အရေးယူရန် ဆုံးဖြတ်ထားသည့် ဗင်နီဇွဲလား နှင့် အတော်များများ တူနေသည်။ အမေရိကန်သည် ၎င်းတို့ အကျိုးစီးပွား ကို တိုက်ရိုက် ထိခိုက်လာလျင် အရေးယူ ရန် လက်မနှေး၊ ယခု မြန်မာ သည်လည်း ထိုသို့ ထိခိုက်အောင် လုပ်လာပြီ ဖြစ်သည်။
ထိရောက်စွာ လုပ်နိုင်ဖို့ ဤလုပ်ငန်းများကို အမှန်တကယ် ဖြစ်မြောက်အောင် လုပ်ဆောင်သူများဖြစ်သော အကျင့်ပျက် အရာရှိများ၊ ရာဇဝတ်မှုကျူးလွန်သော စစ်ဘုရင်များနှင့် မြန်မာ့ စစ်အစိုးရတစ်ရပ်လုံး တို့ကို ပစ်မှတ်ထား နိုင်မှ ဖြစ်မည်။
အမေရိကန်ပြည်ထောင်စု၊ ဒေသတွင်း အစိုးရများ
နှင့် နိုင်ငံတကာ မိတ်ဖက်များအကြား ဟန်ချက်ညီညီ သံတမန်ရေး ဖိအားပေးမှု၊ ထောက်လှမ်းရေး အချက်အလက်များ မျှဝေမှု နှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တို့ လိုအပ်မည်ဖြစ်သည်။
အဆိုပါ ဂိုဏ်းအဖွဲ့များသည် ကမ္ဘာတစ်ဝန်းရှိ လူများကို အမြတ်ထုတ် အနိုင်ကျင့်နေကြ၍ နိုင်ငံတိုင်းက ၎င်းတို့ကို လိမ်လည်သူများအဖြစ် စစ်ကြေညာပြီး ကမ္ဘာလုံးဆိုင်ရာ စစ်ပွဲသစ် အဖြစ် သဘောထားသင့်သည်။ ထိုစစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုသည် ခေတ်မမီတော့သော BURMA အက်ဥပဒေမှ အခွင့်အာဏာများကို ပြန်လည်ပြင်ဆင်ပြီး ၎င်း၏ လက်ထဲတွင်ရှိသော ကိရိယာတိုင်းကို အသုံးပြုသင့်သည် ဟူ၍ ဖြစ်သည်။
ပြည်သူတို့၏ တရားသော စစ် မုချအောင်ရမည်!!!