Disclaimer
This content originates from unverified social media posts and should be treated strictly as rumours. MMNN does not confirm the accuracy of these claims. Readers are advised to approach such narratives with caution, as they mix speculation, conspiracy-style allegations, and unverifiable details.
A recent social media post has been widely shared, alleging deep connections between Myanmar’s financial institutions, illicit networks, and foreign intelligence operations. The post uses strong metaphors, comparing corrupt elites to “cattle led to slaughter,” and claims that:
- Banking and Loans: Non-performing loans (NPLs) are rising as elites borrow without repayment. U.S. sanctions are said to have already weakened the Central Bank’s reserves.
- Illicit Funds: Allegations suggest that major sectors—gold, gems, rice, oil, agriculture, and urban development projects—are financed by money from the so‑called Kyar Phyant group, with links to Chinese intelligence and Hong Kong companies.
- Urban Projects: Construction schemes in Yangon, Mandalay, and Dala are described as fronts for laundering, often abandoned after selling plots.
- Foreign Influence: The post claims Chinese businesses dominate everyday commerce, while U.S. agencies have deployed a “Strike Force” in Thailand, including financial surveillance units. It speculates about targeted drone strikes against individuals, likening them to past operations against global militants.
- Military and Cronies: Myanmar’s armed forces and cronies are accused of relying on illicit funds to purchase weapons, with mutual dependence between financiers and armed groups.
- Geopolitical Rumours: The post mentions unconfirmed reports of a U.S. aircraft carrier in the Bay of Bengal, and suggests that only a handful of targeted eliminations—not a full military intervention—would be pursued.
Htin Linn Thant
အ သမ္မာအာဇီ၀နဲ့မချမ်းသာချင်ကြနဲ့အသေဆိုးနဲ့သေတတ်တယ် လူမြင်လို့မကောင်းအောင်လက်ထိပ်နောက်ပြန်ခတ်ပြီး နွားသတ်ရုံပို့မဲ့နွားတကောင်လိုခေါ်သွားတာတွေ့ကြလား ၊ ဗမာပြည်က ကောင်တွေကလူနပ်ချမ်းသာလုပ်နေကြတာ ဘဏ်ပေါင်နဲ့ပိုက်ဆံတွေချေး ဘဏ်ကိုပြန်မဆပ် NPL တွေဖြစ် အခုပြသနာတော့စပြီ ဗမာပြည်က စကစတက်လာကထဲက အမေရိကန် Sanctions တွေကြောင့် အတော်ထိသွားပြီ ဒါတောင်ကျန်တဲ့သူတွေကိုဆက်တိုက်လိုက်ပိတ်တာ နောက်ဆုံးဗဟိုဘဏ်မှာ အရံငွေခမ်းတော့မဲ့အထိဖြစ်သွားတယ် ၊ ဒီတော့ ပြောရပါအုံးမယ် ဘဏ်ေတွဘာ့ကြောင့်ဖွင့်ကြလဲသိလား ငွေခ၀ါချဖို့ဖွင့်တာ သက်သေကရိုးမဘဲ ကျားဖြန့်ဟာ နေရာတိုင်းမှာ ရင်းနှီးမှုတွေရှိတယ် ရွှေလောက စိန်လောက ဆန် ဆီ ဗမာနိုင်ငံရဲ့ စီးပွားရေးအားလုံးကျားဖြန့်ငွေတွေနဲ့သွားနေတာ နောက်ဆုံးစိုက်ပျိုးရေးလောကအထိပါတယ် ၊ ဒီငွေတွေဟာ ဘဏ်တွေမှာအကုန်ရှိတယ် ရန်ကုန်က ပရောဂျက်ကြီးတွေမှန်သမျှကျားဖြန့်ငွေတွေနဲ့လည်ပတ်နေတာ
ကျားဖြန့်ရဲ့အစက တရုပ်ထောက်လှမ်းရေးဘဲ ဒါဟာ မြန်မာပြည်ကိုသေနတ်တချက်မဖေါက်ဘဲသိမ်းတဲ့နည်းဘဲ ဆောက်လုပ်ရေးမှာဘာကွန်ဒိုညာကွန်ဒို ရန်ကုန်မြို့သစ်စီမံကိန်း မန္တလေးမြို့သစ်စီမံကိန်း အားလုံးဟာ ကျားဖြန့်ပိုက်ဆံတွေဘဲ ရိုးမသိန်းဝေဟာ မြန်မာပြည်ဖွားဟောင်ကောင်တရုပ် ရှင်းကျစ်ကျန်း ဟာ လဲဟောင်ကောင်မှာကုမ္ပဏီဖွင့်ထားတဲ့ကောင် ဒီတော့အဆက်အသွယ်ရှိပြီပေါ့ ကျားဖြန့်အုပ်စုက ဗမာစစ်တပ်ဟာ စောက်နုံတွေမှန်းအကုန်သိတယ် ခင်ဗျားတို့လဲသတိမပြုမိဘူး နေရာတိုင်းမှာတရုပ်တွေကြီးစိုးနေကထဲက သတိထားသင့်တာ
ကျနော်အစောကြီးကထဲကရေးတယ် နေရာတိုင်းတရုပ်တွေချည့်ဘဲနော် လဘက်ရည်ဆိုင် စားသောက်ဆိုင်ကြီးတွေအားလုံး သူတို့၀င်ထားပြီးပြီ ဒီလောက်ဆင်းရဲစုတ်ပြတ်နေတဲ့တိုင်းပြည်မှာ ရွှေဆိုင်တွေကတိုင်းပြည်နဲ့မတန်ဘူး ဒါကိုနားမလည်ကြဘူး တရုပ်ဘောပြေးမနေတာမြင်မကောင်းဘူးဟစကစဟာ sanctions မိကထဲကကျားဖြန့်ငွေတွေနဲ့လည်ပတ်နေတာ ၊ ရှင်ကျစ်ကျန်း ဟာ အသက်၂၀ လောက်ကထဲက ကမ္ဘာပတ်နေပြီ မင်းအောင်လှိုင်ကဖုန်ရှုနေတုံး ခင်ဗျားတို့ကြည့်လိုက် သက်သက်ခိုင်ရဲ့ယောင်္ကျား ( ယောင်္ကျားဘဲထားလိုက်ပါတော့) တို့ဟာတရုပ်တွေ ဗမာပြည်ကလုပ်ငန်းကြီးလုပ်တဲ့ကောင်တွေတရုပ်ကျားဖြန့်အုပ်စုနဲ့တကောင်မှမကင်းဘူး ကားလောက အိမ်ခြံမြေလောက အကုန်ဘဲ ရိုးရိုးလေးလုပ်သွားတာ ဖုန်းဆိုးမြေကိုအသကုန်လိုက်၀ယ်တယ် မတန့်တဆေးပေး၀ယ်တယ် အဲဒီမှာ အိမ်ယာစီမံကိန်းလုပ်မယ်ဆိုပြီးတပ်ကစောက်ပေါတွေကိုပုံစံငယ်လေးတွေပြ ပြီး ၊ မြေကွက်တွေရောင်းစား ပြီးလဲပြီးရော အကြောင်းတခုခုပြပြီးလုပြီး ရပ်လိုက်ရော ၀ယ်သူတွေကတော့ကားသွားပြီ
အခုဒလမြို့သစ်စီမံကိန်းတဲ့ တံတားတခုဆောက်ပြလိုက်တယ် ဒလက နေ့ချင်းညချင်းစျေးခုန်တက်သွားတယ် တံတားကဟန်ပြ အခုကျားဖြန့်လစ်သွားပြီ ဘာစီမံကိန်းမှဖြစ်မလာနိုင်တော့ဘူး မိန်းမောမနေကြနဲ့ အစိုးရက မက်လုံးတွေပေးပြ ကျားဖြန့်အုပ်စုနဲ့ပေါင်းလိမ် လုပ်စားနေကြတာ ၊
အခုအမေရိကန်ကထိုင်းကိုရောက်နေတာ Task Force မဟုတ်ဘူးနော် Strike Force ဒီစကားလုံးကပြင်းထန်တယ် အပီအပြင်ကျွေးမယ် ကျွေးမယ်ဆိုလို့စစ်၀င်တိုက်မှာမဟုတ်ဘူးနော် ၊အမေရိကန်က အခုစစ်၀င်မတိုက်တော့ဘူး သူတို့လိုချင်တဲ့သူကို ဒရုန်းသုံးပြီး Missile နဲ့အပြတ်ရှင်းမှာ ၊ ဒါမျိုးဘင်လာဒင်တို့အိုင်မန်ဇ၀ါဟီရီတို့ကိုရှင်းပစ်ပြီးပြီ ၊ အခုဆို ရှင်းကျစ်ကျန်း ကို တရားရုံးက ၉ လအတွင်းပို့ခိုင်းတာ ၉ရက်တောင်မကြာဘူးပို့ပစ်လိုက်ပြီ ၊ သေဒဏ်ချပြီးရင်ဥပဒေအရ ရက်ပေါင်း၆၀ အယူခံခွင့်ပေးရတယ် အခုတော့ ရက်ပိုင်းအတွင်းရှင်းပစ်တယ် ၊ ဒါဟာ တရုပ်တို့ကသူတို့ထောက်လှမ်းရေးရဲ့ plan တွေကိုသိမှာစိုးလို့ဘဲ ဒါပေမဲ့အမေရိကန်အခုဖွဲ့လိုက်တာက SCSF နော် ဒီအဖွဲ့မှာ ထောက်လှမ်းရေးအေဂျင်စီပေါင်းစုံပါတယ် FBI တခုထဲမဟုတ်ဘူး
ကြောက်စရာအကောင်းဆုံးက အမိမြေလုံခြုံရေး၀န်င်္ကြီးဌာန က ငွေကြေးဆိုင်ရာထောက်လှမ်းရေးအဖဖွဲ့ပါလာတာဟာ ဗမာပြည်ရဲ့ကြီးကြီးပိုင်းတွေထိုင်းရဲ့ကြီးကြီးပိုင်းတွေရဲ့အချက်အလက်တွေကို အသေးစိတ်ကိုင်တွယ်ဖို့ ထိုင်းကိုရောက်လာတာပါ
အရင်က မအလတို့မိသားစုနဲ့ ပတ်သက်ဘူးသူတွေ
ငွေကြေးယှက်နွယ်ခဲ့ဘူးသူတွေ အကုန်သူတို့အချက်အလက်တွေရပြီးနေပါပြီ ဒါကိုအတည်ပြုဖိုုမယ် ဘယ်လိုကိုင်တွယ်မလဲဆိုတာ NSC မှာ CIA နဲ့NSA ကိုအစီရင်ခံဖို့ပါဘဲ အဓိက စကစက လက်နက်တွေဗုံးတွေ၀ယ်ဖို့ပိုက်ဆံကိုကျားဖြန့်လုပ်ငန်းတွေဆီကရပြီး စကစက ကျားဖြန့်အုပ်စုကိုအကာအကွယ်ပေးနေရပါတယ် ၊ ဒါဟာ က်ိုးကန့်ကျားဖြန့် ကရင်ကျားဖြန့်တွေနဲ့ စကစတို့ အပြန်အလှန်အမှီသဟဲပြုနေခြင်းပါဘဲ ၊ ရှင်ကျစ်ကျန်းတို့ မြီကျိန်းကျိန်းတို့ဟာအသက်ငယ်ငယ်လေးတွေနဲ့ထိပ်တန်းသူဌေးကြီးတွေဖြစ်လာတာဟာလူရည်လည်ပညာတတ်လို့ပါ ၊ တရုပ်ဟာ အမေရိကန် ဗဟိုဘဏ်ကိုမဖြတ်ဘဲ တရုပ်ရဲ့အကြီးဆုံးဘဏ် ICBC ကဆင့်ပံ့ပိုးနိုင်အောင်ကြိုးစားျနပါတယ်လို့ရှောင်တာနဲလ်ကဖွင့်ချထားပြီး ICBC ကိုဖြတ်တောက်ဖို့အမေရိကန်ကိုအကြံပြုထားပါတယ်
အခု Strike force ရောက်လာချိန်မှာဘဲ အမေရိကန်လေယာာဥ်တင်သင်္ဘော USS George Washington
ဟာ Bay of Bengal ကိုရောက်နေပြီလို့သိရပါတယ်
ဒီသတင်းကတော့ US NAVY က တရား၀င်အသိမပေးတဲ့အတွက် အတည်ပြုလို့မရပေမဲ့ ဖြစ်နိုင်ချေများပါတယ် ဒါပေမဲ့ကရင်ပြည်နယ်မြ၀တီတ၀ိုက်မှာကျားဖြန့်အုပ်စုတွေ မီးလောင်သလိုဟိုပြေးဒီပြေးလုပ်နေကထဲက အခြေအနေမဟန်တော့ဘူးဆိုတာတွက်လို့ရပါတယ် ဆရာကြီးလဲဖါးအံကိုပြေး ကျားဖြန့်ကိုအမျိုးသားရေးတာ၀န်နဲ့ရှင်းမယ်လို့ပြောလိုပြောနေတာတွေဟာ အအန္တရာယ်အကြီးကြီးရှိနေပြီဆိုတာတွက်လို့ရပါတယ် တရုပ်ကတော့ဖမ်းပြီးဆေးထိုးသတ်တာ အမေရိကန်ကတော့ ဒရုန်းနဲ့ဘ Hellfire missile နဲ့တီးလိုက်လို့ကတော့ ချစ်သူရဲ့အလောင်းဆိုတာကျောက်စိမ်းလက်စွပ်လေးကြည့်ပြီး Identify လုပ်ရလိမ့်မယ် ချစ်သူတို့အုပ်စုရဲ့နီးရာဓါးကအမေရိကန်နဲ့ထိုင်း မအလကတော့အမေရိကန်နဲ့တရုပ်ကြားညပ်သွားပါပြီ ၊ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေထဲက ငွေကြေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့ဆိုတာ ဒေါ်လာ တဒေါ်လာလွှဲရင်တောင်ထောက်လှမ်းနိုင်ပါတယ် ၊
ဗမာပြည်မှာဆို BSI လိုအဖွဲ့ဆိုပါစို့ ၊ ငွေကြေးကိစ္စအဓိကလိုက်တာပါ ၊ စစစ ဆိုတာ တောင်သွားလျှော့မတွက်ပါနဲ့ ခင်ဗျားကိုခေါ်မစစ်ခင်ထဲက ခင်ဗျားအကောင့်ထဲ အကုန်ကြည့်ပြီးသလိုပတ်သက်သူတွေရဲ့အချက်အလက်ကိုလဲအကုန်ရပြပါပြီ ဒါဗမာပြည်က စသုံးလုံးနော် ဟိုက အမေရိကန်ထောက်လှမ်းရေး အဆင့်အမြင့်ဆုံး ကရိယာတွေ ဂြိုလ်တုကနေ တည်နေရာရှာတာတွေ လူနှစ်ယောက်တွေ့တာဘယ်အချိန်ဆိုတာ ၁၉၇၃ ထဲကသိတာ ၁၉၇၃ အီဂျစ်အစ္စရေး စစ်ပွဲမှာ အီဂျစ်ဗိုလ်ချုပ်နဲ့အစ္စရေးဗိုလ်ချုပ်အပစ်ရပ်တဲ့အချိန်လက်ဆွဲနုတ်ဆက်တာ သူတို့လက်ပတ်နာရီကအချိန်ကိုဂြိုလ်တုကရိုက်ခဲ့နိုင်တာ က်ိုကြည့်ပါ နှစ်ပေါင်း၅၀ ကတောင်ဂြိုလ်တုဓါတ်ပုံတွေရိုက်နိုင်ရင်အခုကအေးဆေးပါ
DKBA BGF ကိုးကန့် သေဒဏ်ပေးခံရတဲ့လူတွေရဲ့ဘဏ်ငွေစာရင်းတွေနေပြည်တော်က ဘသူ့ဆီဘယ်လောက်ပို့သလဲဆိုတာတွေ အကုန်သူတို့သိင်္ပြီးနေပါပြီ ၊ ဘန်ကောက်မှာ ဗိုလ်ချုပ်ဟောင်းတွေသူတို့လူတွေအားလုံး နေတဲ့နေရာတွေသာမန်လူတွေတောင်သိရင် CIA လင်ဂလေ ကကောင်တွေမသိဘဲနေမလား ၊ မှတ်ထားပါ သတင်းအချက်အလက်အတိအကျအကုန်ရထားပြီးသွားပြီ ဒါTask Force မဟုတ်တော့ဘူး Strike Force ဆိုတာ ဗျင်းဖို့မြေပြင်အထိဆင်းလာတာ ပစ်မှတ်ရှာပေးမယ် ဆော်ခိုင်းမယ် ဒါကြောင့်ဇော်မဲလုံးကပြောတာ အမေရိကန်မှာလျို့၀ှက်ချက်ရှိတယ်လို့ပြောတာ ၊ ဟုတ်တယ် ပြေးတော့သူငယ်ချင်း ပြေးထား လွတ်အောင်သာပြေး မြန်မာပြည်ထဲကစီးပွားရေးနဲ့ပတ်သက်ပြီးပေါင်းစားပင်းစာတဲ့သူခိုးခရိုနီတွေလဲ ဘယ်ထောင်ထဲ၀င်ရမလဲစဥ်းစားထား
ဘဏ်တွေသတိထား ခင်ဗျားတို့ကိုခြောက်နေတာမဟုတ်ဘူးနော် Dept of Treasury ပါနေတယ်နော်
ဗမာပြည်မှာ မအလတကောင်ထဲကို missile နဲ့ရှင်းလိုက်တာနဲ့ပြီးပြီ ဒါမှမဟုတ်စောချစ်သူကိုရှင်းလိုက်မအလတို့တသိုက်လုံးလစ်ပြီ မပူနဲ့ အမေရိကန်၀င်လာရင်တရုပ်ထိပ်တိုက်မလုပ်ရဲဘူး ၊ ဒါကမ္ဘာ့ ဆိုက်ဘာငွေကြေးလိမ်လည်ရာဇ၀တ်မှုနော် နိုင်ငံရေးမဟုတ်ဘူး ရုန်းလို့မရဘူး ဒါကြောင့်မအလတို့ပြာနေတာ
နိဂုံးချုပ်ရရင် အမေရိကန်တပ်ကြီးမလာပါဘူး ၅ ကောင်လောက်ရှင်းလိုက်ရင်ပွဲပြတ်ပါတယ်
လေယာဥ်တင်တစီးဘဲလိုပါတယ်
ဆာယိုနာရား ပါ အဘရေ စောစောလစ်ရင်မှီပါတယ် သေချာတာက ခင်ဗျားရဲ့ရွေးကောက်ပွဲဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး