Allegations of DKBA–Junta Deep Relations

Padoh Mahn Sha’s Assassination: Old Wounds, New Relevance

My friend Ko Htin Linn Thant recently claimed that Padoh Mahn Sha Lah Phan (ဖဒိုမန်းရှာလံဖန်း) was a Christian from a Karen Christian village. He may well be right. I am not disputing this. What is notable, however, is that his daughter, Zoya Phan—so active in democracy and human rights work—has not publicly emphasized her father’s identity as a Christian leader.

Interfaith Tribute and Opposition Contradictions

In 2008, upon hearing of his assassination, I wrote a multi-religious prayer post for him in Burma Digest. I began with Christian prayers, followed by Buddhist, Jewish, Hindu, and Muslim prayers for the dead. The response was telling: many readers insisted he was Buddhist, and the Burma Digest editorial board ordered me not to write about religion at all.

The irony was striking. The editorial team—largely Shan expatriates in the UK, with Daw Khin Ma Ma Myo (now NUG Minister) as Burmese Editor—had even given me the role of English Editor. Yet every time I clicked the Administrator’s button, a full-page red warning appeared: “Do not write about religion.”

This was despite the fact that, in 2008, opposition circles were actively organizing multi-religious prayer campaigns, and Burma Digest itself had a dedicated “Buddhist Library” section. Faced with this contradiction, I stopped contributing.

My interfaith prayer post was entirely in line with the spirit Padoh Mahn Sha embodied—unity across faiths. The backlash I received revealed a deeper contradiction within Burmese opposition circles: publicly preaching pluralism, yet privately fearful of engaging with religious issues. This fragility reflected the political climate of that era, where Maha Bama dominance and Islamophobia quietly shaped discourse even in exile.

Responsibility for the Assassination

The assassination itself remains a wound with unresolved accountability.

  • Saw Chit Thu (DKBA Colonel, later BGF leader) bore command responsibility, as DKBA Battalion 999 and San Pyone were suspected of direct involvement.
  • MI General Khin Nyunt and alleged MI operative Monk Myaing Gyi Ngu were implicated in orchestrating the operation.
  • The middleman suspected of coordinating or ordering the assassination was General Mya Tun Oo, now a senior figure in the current Junta SAC.

Saw Chit Thu’s Continuing Role

Saw Chit Thu today remains a powerful figure. He is the chief protector of the notorious scam center at Shwe Kokko near the Thai border. While officially salaried as a border forces commander, he has also received awards from Junta Sr. General Min Aung Hlaing.

Without evidence, some attempted to link him directly to Min Aung Hlaing in order to drive a wedge between him and Trump. Regardless, his position illustrates the enduring entanglement of DKBA/BGF networks with the military regime.

Legacy and Relevance Today

The DKBA/BGF remains influential, with several of its leaders under U.S. sanctions. The legacy of Padoh Mahn Sha’s assassination continues to shape Karen resistance and highlights the unresolved contradictions within Burma’s opposition movements—between proclaimed pluralism and hidden sectarian anxieties, between calls for justice and the persistence of impunity.

Htin Linn Thant

ကျနော်တို့က ကရင်ရွာမှာနေခဲ့တာ တမြို့နယ်လုံးကရင်၈၀% ရှိတယ်

KNU ခေါင်းဆောင် ဖဒိုမန်းရှာလဖန်း (ဖဒိုမန်းရှာ )

ဟာ ကျနော်တို့ပန်းတနော် တောကျောင်းရွာသား ခရစ်ယာန် ၊ ဒီမြို့က ကရင်တော်လှန်ရေးသမားတွေအများကြီးမွေးဖွားရာမြို့ ပါ ရောဘတ်နေ၀င်း တို့

မြန်မာ့အသံကိုလောင်ချာနဲ့တီးသွားတဲ့ တွတ်ကီ ၊ လှအောင် ၊ ရစ်ချတ်တို့ဟာ ပန်းတနော်သားတွေ အခု KNU ထဲမှာရှိတဲ့ ဖဒိုမန်းမန်းဟာ ပြလင်းမိန်းမပြေးရွာသား အကုန်ခရစ်ယာန်တွေ ထွန်းပ ၊ ထွန်းပကူတို့ဆိပ်တို့စာဖြူစု တို့လဲ တော်လှန်ရေးသမားကရင်ခရစ်ယာန်တွေ အများကြီးရှိတဲ့နေရာ

ပုသိမ် ၊ မြောင်းမြ တို့လဲ စောဘဦးကြီးတို့ လင်းထင် တို့လဲခရစ်ယာန်တွေဘဲ တကယ့်ကရင့်ခေါင်းဆောင်မှန်သမျှခရစ်ယာန်ကရင်တွေများတယ် ဖဒိုမန်းရှာကိုလုပ်ကြံတာ စံပြုံး နဲ့ စောချစ်သူ ( ခေါ် )စံမြင့်ဘဲ သူကတကယ့် ကြိုးကိုင်ဆရာကြီး ဒီကောင်ကဗုဒ္ဓဘာသာကရင် ခင်ညွန့်ရဲ့တပည့်မြိုင်ကြီးငူရဲ့ တပည့်တွေ

ဗုဒ္ဓဘာသာကရင်တွေဟာ စစ်တပ်နဲ့ပေါင်းသွားတာများတယ် တစညပါတီထဲလဲ အများကြီး၀င်သွားတယ် စကစ မှာ၀န်ကြီး လုပ်သွားတဲ့ ဖဒိုမန်းငြိမ်းမောင်ဆိုတာ ပန်းတနော်ဆုတောင်းပြည့်သား မန်းမောင်မောင်ဥာဏ် ဆိုတာတစညပါတီမှာ CEC မှာတောင်ပါတဲ့အထိငဖါးကောင်တွေ ဒီလိုကရင်ဇာတ်ပျက်တွေဟာဗုဒ္ဓဘာသာကရင်တွေထဲကဘဲထွက်လာတာပါ စစ်တပ်နဲ့ ပလူးခဲ့တာ DKBA ဆိုတဲ့ဗုဒ္ဓဘာသာကရင်တွေဘဲ BGF ဆိုတာလဲ DKBA ဘဲ

အခုကျားဖြန့်ကို လုပ်တာလဲ DKBA BGF KNA အမည်ခံတဲ့ဗုဒ္ဓဘာသာကရင်အုပ်စုဘဲ

DKBA ပထမ KNU တပ်မဟာ ၅ ရဲ့လက်အောက်ပါ နောက်ပိုင်းခင်ညွန့်တို့စည်းရုံးမှုအောက်ရောက်သွားပြီး KNU ကခွဲထွက်ပါတယ် အပြန်အလှန်အားဖြင့်

ဗိုလ်ချုပ်စောလားဖွယ် (ခေါ်) ဗိုလ်နုတ်ခမ်းမွှေးတ်ို့

မူးယစ်ဆေး၀ါးထုတ်လုပ်မှုနဲ့ဖြန့်ချီမှုကို လုပ်ပြီးကြွယ်၀လာတာကိုဆက်ခံတာပါ စောလားဖွယ်တို့အိန္ဒုက ဗိုလ်မှုးကျော်ဟိန်း ကလိုအပ်တဲ့ကုန်ကြမ်းကိုထောက်ပံ့ပါတယ် မူးယစ်စိတ်ကြွစေတဲ့ Methamphetamine ထုတ်လုပ်ရာမှာအဓိက ကုန်ကြမ်းဆေး၀ါးဖြစ်တဲ့ Ketamine နဲ့အခြားဓါတု ဆေးတွေပါ ၊ ဒီကိစ္စကို အမေရိကန် DEA ကထိုင်းမူးယစ်တာ၀န်ရှိသူတွေက သိသွားတဲ့နောက် စောလားဖွယ် ( ဗိုလ်နုတ်ခမ်းမွှေး ) ကို၀ရမ်းထုတ်ပါတယ် ၊ အဲဒီနောက်စောလားဖွယ်လဲ လည်ချောင်းးကင်ဆာရောဂါနဲ့သေ ၊ သူ့တပည့်အ၀ယ်တော် ဗိုလ်မှုးလဲသေ သွားတော့ စံမြင့် (ခေါ်)ချစ်သူတို့အုပ်စုက ကိုးကန့်အုပ်စုရဲ့လက်ခွဲတွေဖြစ်တဲ့ မူးယစ်ဆေး၀ါး အမွေကို ဆက်ခံပြီး ထိုင်းကတဆင့်အမေရိကအထိပို့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေပါတိုးချဲ့စစ်အုပ်စုနဲ့ပင်းလုပ်နေခဲ့ကြတာပါ ကိုးကန့် က ကျားဖြန့်ကိစ္စကို ၀င်တီးပြီးတရုပ်က ပယ် ၊မြီ ၊ ဝေ ၊ လျို

အုပ်စုတွေကိုအကုန်ဖမ်း ပြီး မြီ မိသားစုကို သေဒဏ်စစီရင်လိုက်ပါတယ်

သေဒဏ်ပေးလိုက်တဲ့နေ့မှာ မြီကျိန်းကျိန်းဆိုတဲ့အမျိုးသမီး လေးဟာ ခေါင်းလည်ထွက်သွားပြီးငိုက်ကျသွားသလို နောက်တယောက်ကလဲငိုပါတယ် ၊ မနေ့ကတော့ဆေးထိုးသေဒဏ်ပေးပြီး

သားတ​ေယာက်ပုံကို ထုတ်ပြပါတယ် မျက်လုံးတွေကပွင့်နေပြီး ညာဘက်နုတ်ခမ်းစွန်းကညိုမည်းပြီးသွေးအန်ထားပုံရပါတယ် အသက်တော့မရှိတော့ပါဘူး မြီကျိန်းကျိန်းကိုလဲသတ်ပြီးပုံရပါတယ် ပယ်ဆောက်ချင်တို့ကိုတော့စစ်လို့မပြီးသေးဘူးလို့သိရပါတယ် ၊သံဝေဂရစရာ ကတော့ အမေရိကန်ဒေါ်လာဘီလျံနဲ့ချီ ချမ်းသာသူတွေ အာဏာ ရှိသူတွေ လက်ညိုးညွှန်ရာရေဖြစ်သူတွေ ထရေးဒါးဟော်တယ်မျိုးအလုံး၁၀၀ လောက်ပိုင်သူတွေ သီရိသုဓ္ဓမဟာဇောတဓရဘွဲ့ရသူတွေ ဟာအခန်းလေးတခုမှာလူနည်းနည်းလေးနဲ့ ဆေးထိုးအသတ်ခံရတာဟာ အင်မတန်ဆိုး၀ါးတယ်ဆိုတာစံမြင့် (@ ) ချစ်သူတို့သိနေပါပြီတရုပ်ပြည်မှာဆေးထိုးအသတ်ခံရမှာကိုအတော်သေးပါနေပါပြီ ရှင်းကျစ်ကျန်းလဲ မကြာခင် ထိုင်းကလွှဲပေးပြီးဆေးထိုးသတ်မှာပါ

US UK တရုပ် ထိုင်းကိုးရီးယား တကမ္ဘာလုံးကိုဒုက္ခပေးနေတဲ့ ဒီအုပ်စုကိုဖြိုရင် အဘအပါအ၀င်သားမြေးတွေ တရုပ်ပြည်ဘဲပို့ခံရမလား ICC ဘဲရောက်မလား မြန်မာထောင်ထဲမှာဘဲတရုပ်အရာရှိတွေရဲ့ရှေ့ကြိုးပေးခံရမလား စောင့်ကြည့်ပါ အာဆီယံဆွေးနွေးပွဲက အဖြေတခုထွက်လာမှာပါ ၊ မြန်မာနိုင်ငံမှာ ချမ်းသာသူတွေလို့မိတ်ဆွေတို့အထင်တကြီး သူတို့ကိုမင်္ဂလာဆောင်တို့အလှူတို့ သွားသွားဖိတ်သူတွေ သူတို့လာရင် ဟိုတယ်အပေါက်၀နားက နေ အပြေးကလေးကြိုပြီးတွေ့တယ်မဟုတ်လား ငါက သူနဲ့ဘယ်လိုရင်းနှီးတာ လို့ပြချင်ကြွားချင်တဲ့သူတွေကိုတခုသတိပေးချင်ပါတယ် မိတ်တွေတို့ဖါးနေတဲ့သူတွေဟာ သူခိုးတွေပါ

သူတို့ကိုတချိန်ကကြိုခဲ့သူတွေသူတို့ထောင်ထဲလဲလဲ၀င်ရောထောင်၀င်စာသွားပို့ဘူးသလား တွေ့ပြီးအားပေးစကားသွားပြောသလား ဇေကမ္ဘာခင်ရွှေကြီးရောသူ့သားရော အဖမ်းခံရချိန်မှာ ပုလင်းတူဘူးဆို့ခရိုနီတွေတောင်သွားတွေ့လား ၊တွေ့လ်ို့မရပါဘူးဆင်ခြေမပေးနဲ့သူ့အိမ်တောင်ဘသူမှမသွားဘူး

မနေ့ကပယ်အိမ်တော်ရဲ့ အရှင်သခင်ပယ်ဆောက်ချိန်ကတော့သေသွားပြီလို့သိရပါတယ်

တပြိုင်နက်မှာဘဲ ထိုင်းတွေဟာဘယ်လောက်ဖိအားကိုရင်ဆိုင်နေရလဲမသိပါဘူး ရှင်းကျစ်ကျန်းကို ထိုင်းကမနေ့က ညနေပိုင်းမှာတရုပ်ကိုပြန်ပို့လိုသလို ထိုင်းက ရှင်းကျစ်ကျန်းကိုဖမ်းထားပြီး တရုပ်ပြည်ကိုလွှဲမပေးဘဲ ထိုင်းထောင်ထဲမှာ ဇိမ်ကျကျထားပေးထားပုံရပါတယ် တရုပ်ဟာသူအလိုအရှိဆုံးရာဇ၀တ်ကောင်ကိုမပေးရင် တစုံတခုကိုထိုင်းကိုလုပ်တော့မယ်ဆိုတာသိသာလာတဲ့နောက်ထိုင်းဟာ အခြေခံဥပဒေခုံရုံးကိကိုအကြောင်းပြအချိန်ဆွဲလို့မရတော့ဘူးဆိုတာသဘောပေါက်လာပါတယ် ဒါကြောင့်ရှင်ကျစ်ကျန်းကို ပေးမှရမယ်ဆိုတာသဘောပေါက်လာပါတယ် ၊ ဒါကြောင့်မနေ့ကဘဲ တရုပ်ပြည်ကိုလက်ထိပ်နောက်ပြန်ခတ်ပို့လိုက်ပါပြီ ၊ ဒီကိစ္စဟာ အင်မတန်ရှုပ်ထွေးပါတယ် ထိုင်းရဲ့Law enforcement အဖွဲ့အစည်းထဲက အရာရှိကြီးတွေအပါအ၀င် နိုင်ငံရေးသမားတွေဟာ သိက္ခာမဲ့ပါတယ် ထွန်းမင်းလတ်လို မအလနဲ့ပတ်သက်ပြီးမူးယစ်ဆေး၀ါး ငွေကြေးခ၀ါချထားတာတွေလုပ်ထားတဲ့ သူကိုလွှတ်ပေးလိုက်တာကိုကြည့်ပါ

အမေရိကန် DEA နဲ့ CIA ဟာ ထိုင်းမြန်မာနယ်စပ်ကရော တရုပ်မြန်မာနယ်စပ်ကရော အက်ဖတမင်းတွေ ဖင်တာနိုင်းတွေ ICE တွေ ဝင်နေတယ်ဆိုတာ ဘိုင်ဒင်လက်ထက်က အမေရိကန် CIA ညွန်ချုပ်ဝီလျံဘန်းစ် ကိုယ်တိုင် တရုပ်ပြည်ကိုသွားသတင်းပေးထားပြီးတဲ့နောက် ပိုင်း ၁၀၂၇ စစ်ဆင်ရေးဖြစ်လာတာပါ

ထရမ့်ပ်တက်လာတဲ့အချိန်မှာ စစ်ဆင်ရေးဟာ မာလိပါး ( ကိုးကန့်ဒေသ ) မှာအတော်လေးရှင်းလင်းနေပါပြီ ဒါပေမဲ့ ရှင်းမရတာကထိုင်းမြန်မာနယ်စပ်ပါ ၊ DKBA နဲ့ BGF ဟာ ကျားဖြန့်ကိစ္စမာဖီးယားတွေကို ဌားပြီး ကောင်းကောင်းကြီး စားကွက်ကြီးဖြစ်င်္ပြီးထိန်းမနိုင်သိမ်းမရ ဖြစ်နေပါပြီ ၊ ရွှေကုက္ကိုတို့ KK Park တို့ဆိုတာ ရွာအဆင့်မဟုတ်တော့ဘဲ ဧရာ၀တီတိုင်းမြို့တော်ပုသိမ်ထက်တောင်ခမ်းနားပါတယ်

အမှန်တော့ ကြွက်စုတ်ဘ၀ထဲကရှင်းပစ်ရမှာက်ိုဂေါ်ဇီလာဘ၀ရောက်သွားတော့မှလုပ်မရပါဘူးစောချစ်သူဟာ ဖျံမှဖျံအကြီးစားပါခွကစားနေတာပါ KNU ကနေ DKBA ကိုထွက်တယ် ၊ ပြီးတော့ သူက ဖဒိုမန်းရှာလိုအရည်အချင်းရှိတဲ့ခေါင်းဆောင်ကို လူယုတ်မာ စစ်အုပ်စုနဲ့ပေါင်းပြီး လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် စောချစ်သူဟာ အရည်အချင်းရှိတဲ့ကရင်ခေါင်းဆောင်ကိုသတ်ပြီး တက်လာတဲ့ ကရင့်သစ္စာဖောက် ဗုဒ္ဓဘာသာကရင် တွေပါ ကျနော်တို့ပန်းတနော်မှာ လဲ ကရင်လူမျိုးရေးသစ္စာဖောက်တွေအများကြီး ပါ တစညထဲအမြီးဆွဲသွားတဲ့လောက်တွေ အများကြီးရှိသွားခဲ့ပါတယ် သတ္တ်ိအရှိဆုံးရွာတွေကျတာ့ ဂုံမင်း ပြလင်း စစ်ကိုင်း မိန်းမပြေး ကတော့သတ္တိခဲတွေပါ ထူးခြားတာက ဖဒိုမန်းရှာရဲ့ဇာတိတောကျောင်းကျေးရွာပါ တခြားရွာတွေလဲရှိပါတယ် ထွန်းပ ထွန်းပကူတို့ဆိပ် ၀ါးဘိုးစု အကုန်ကရင် တော်လှန်ရေးသမားတွေထွက်ပါတယ်

ဒါပေမဲ့အံ့သြစရာက ၁၉၉၀ ရွေးကောက်ပွဲတုံးက ပန်းတနော်မှာ တစည တွေအားကောင်းပါတယ် ဘာလို့လဲဆိုတော့စောချစ်သူတို့လို ကရင်သာကူးတွေများသွားလို့ပါ အဲတော့ခရစ်ယာန်ကရင်များကတော့ သတ္တိရှိပါတယ် ကျားဖြန့်ဆီကမယူပါဘူး

DKBA ဟာ MI ခင်ညွန့်ရဲ့သပ်လျိုပြီး စောလားဖွယ်တို့ စောချစ်သူတို့ဟာမူးယစ်ဆေး၀ါးလုပ်တယ်ဆိုတာ DEA ကအခိုင်အမာသ်ိပါတယ် ဒါကြောင့်စောလားဖွယ်ကိုထိုင်းက၀ရမ်းထုတ်တော့စောလားဖွယ်ကန့်လန့်ကာနောက်ရောက်သွားပါတယ်၊ အခုအမေရိကန် ပိတ်ဆို့တဲ့လူတွေထဲက စိုင်းကျော်လှ ၊ သောစတီး ၊စောသိန်း၀င်း ၊ စောဆန်းအောင် တို့ပါလာပါတယ် ဒီလူတွေဟာ တရုပ်က ကိုင်မလား အမေရိကကဘဲကိုင်တွယ်မလား ၊ အခုအမေရိက က Scam Center Strike Force ကိုဖွဲ့စည်းလိုက်ပါတယ် ၊ ဒါဟာ အမေရိကန်ပြည်ထောင်စု ဒီအဖွဲ့ဟာ အမေရိကန် DOJ တရားရေးဌာန ရဲ့လက်အောက် ကအဖွဲ​့ဖြစ်တဲ့အတွက် ATF တို့ FBI တို့ DEA တို့ ပါလာပါပြီ၊ ဒါပေမဲ့ USSS ဆိုတာ အမိမြေလုံခြုံရေး၀န်ကြီးဌာန ၊ Dept of Homeland Security နဲ့ Dept of Treasury လက်အောက်ကအဖွဲ့ပါ ဒါကအရေးအကြီးဆုံးကိစ္စပါ ၊ ဘာကြောင့်လဲဆိုတော့ အမျိုးသားလုံခြုံရေးကိစ္စပါလာတာပါ ၊ အတင်း၀င်ဖမ်းတာမျိုး ဆိုတာထက် ငွေကြေးဆိုင်ရာအလွှဲအပြောင်းထောက်လှမ်းရေးသတင်းအချက်အလက်

တွေကိုအဆင့်အမြင့်ဆုံးနည်းပညာပစ္စည်းတွေနဲ့ထိုင်င်းထောက်လှမ်းရေးနဲ့ရဲတွေကို သတင့်အချက်အလက်ျတွပေးပြီးဖမ်းခိုင်းမှာပါ ၊ ပြီးရင် ရက်ရက်စက်စက်က်ိုင်တွယ် တတ်တဲ့တရုပ်ကိုလွှဲပါလိမ့်မယ် တရုပ်နိုင်ငံသားအများစုဖြစ်လို့ တရုပ် ကို အရေးယူခိုင်းမှမှာပါ အခု DKBA တို့ BGF တို့သွေးပျက်သွားကြပါပြီ အခုတောင်ကျနော်တို့ဆီမှာငြုပ်သီးဘဲရှိတယ်တွေဘာတွေဖြစ်ကုန်ပြီ စံမြင့် @ ချစ်သူလဲ တရုပ်ထောင်လားအမေရိကန်ထောင်လား သောကပွေနေလောက်ပါပြီ

အမေရိကန်အစိုးရအနေနဲ့ သူတို့ဘယ်နေရာမှာဘဲခလှုပ်ရှားနေပါစေ ဒီဆိုင်ဘာရာဇ၀တ်ကောင်တွေကိုဖမ်းဆီးဖို့နဲ့အမေရိကန်မိသားစုတွေကိုသူတို့ရဲ့အမြတ်ထုတ်မှုတွေကနေကာကွယ်ဖို့ရှိသမျှလုပ်နိုင်စွမ်းတွေကိုဆက်လက်အသုံးပြုသွားပါမယ်

John K Hurley

US အကြမ်းဘက်မှုနှင့်ဘဏ္ဏာရေးဆိုင်ရာဌာနအတွင်း၀န်

ရှင်းပါတယ် ၊ ချစ်သူတို့ချောင်ပိတ်သွားပါပြီ ၊ ဆိတ်လစိလုပ်ပြီးမြ၀တီ တကြောလူပါး၀ပြနေတာ လစါရပါတော့မယ် စောချစ်သူတို့အုပ်စု ၀ရမ်းအကပ်ခံရမယ်ဆိုတာသေချာတယ်လို့ပြောပါရစေ

Lwin Oo

၂၀၂၄ ဧပရယ်တင်ခဲ့တဲ့ပို့စ်ကိုပြန်လည်ဖေါ်ပြလိုက်ပါတယ်။

“ကျားဖျံအရှုတ်တော်ပုံ”

ကရင်ပြည်နယ်မှာအခုဖြစ်ပွားနေတဲ့အသေအကျေစစ်ပွဲများဟာတိုင်းပြည်အနာဂတ်ကံကြမ္မာနဲ့အနည်းနဲ့အများဆက်စပ်နေပါတယ်။မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးတန်ဘိုးဟာ ၂၀၂၃ ကအမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံကျော် (သန်းပေါင်းလေးထောင်ခြောက်ရာကျော်)ရှိလို့မက်လောက်စရာပါ။

မြဝတီ – မဲဆောက်နယ်စပ်ကုန်သွယ်ရေးတန်ဘိုးဟာမူဆယ် – ရွှေလီ (တရုတ်) နယ်စပ်ကုန်သွယ်ရေးလိုအသက်တမျှအရေးကြီးပါတယ်။ဒါကြောင့်သက်ဆိုင်ရာတပ်များဟာထိုင်းနယ်စပ်မြဝတီမြို့ထိမ်းချုပ်နိုင်ဖို့မီးကုန်ယမ်းကုန်သက်စွန့်ဆင်နွဲနေကြတာပါ။

ထိုင်းနယ်စပ်မြဝတီမြို့ကိုထိမ်းချုပ်နိုင်ဖို့အဓိကဇတ်ကောင်တဦးက KNA (Kayan National Army , ကရင်အမျိုးသားစစ်တပ်) တဖြစ်လဲ ကရင် BGF (Border Guard Forces)နယ်ခြားစောင့်တပ်တပ်မှုးဗိုလ်မှူးကြီးစောချစ်သူဖြစ်ပါတယ်။

ဗိုလ်စောချစ်သူဟာနယ်ခြားစောင့်တပ်ဖွဲ့ BGF မှာအထွေအထွေအတွင်းရေမှူးအဖြစ်ဆောင်ရွက်ခဲ့တယ်။၁၉၉၄ မှာ KNU အဖွဲ့ကခွဲထွက်လာတဲ့ဗိုလ်ချုပ်စောလားဘွယ်(ဗိုလ်နူတ်ခမ်းမွှေး)ရဲ့DKBA တပ်ဖွဲ့တပ်ရင်း ၉၉၉ မှာဗိုလ်စောချစ်သူကဗိုလ်မှုးချုပ်အဆင့်နဲ့ဗျုဟာမှုးလုပ်ခဲ့တယ်။KNU ကခွဲထွက်လာတဲ့ DKBA (ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာစစ်တပ်)ဟာမြန်မာစစ်တပ်နဲ့မဟာမိတ်ဖြစ်တယ်။KNU မှာခရစ်ယန်ဘာသာတပ်ဖွဲ့ဝင်များတယ်

ဗိုလ်စောချစ်သူဟာ DKBA တပ်ဖွဲ့မှဩဇာကြီးတပ်မှုးတယောက်ဖြစ်ခဲ့တယ်။သစ်လုပ်ငန်းနဲ့မော်တော်ကားရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်ကြီးဗိုလ်စောချစ်သူကိုဘိန်းကုန်သွယ်မှုနဲ့ပတ်သက်ပြီးစွတ်စွဲချက်များအရင်ကရှိခဲ့ဖူးတယ်။

၂၀၁၀ မှာ DKBA တပ်မှုးဗိုလ်စောချစ်သူဟာမြန်မာစစ်တပ်ဖွဲ့စည်းတဲ့ကရင်နယ်ခြားစောင့်တပ် (BGF)ကိုလက်ခံခဲ့ပြီးလက်အောက်ခံတပ်ရင်းများနဲ့အတူလှုပ်ရှားခဲ့တယ်။ကျန် DKBA တပ်ရင်းများကနယ်ခြားစောင့်တပ် (BGF) ကိုလက်မခံပဲသီးခြားရပ်တည်ကြတယ်။

နယ်ခြားစောင့်တပ် (BGF) ကဖွဲ့စည်းခဲ့တဲ့ “ချစ်လင်းမြိုင်” ကုမ္ပဏီဟာဗိုလ်စောချစ်သူကတည်ထောင်သူနဲ့ဥက္ကဌတဦးဖြစ်တယ်။ “ချစ်လင်းမြိုင်” ကုမ္ပဏီဟာကရင်ပြည်နယ်မှာအကျိုးအမြတ်များတဲ့စီးပွားရေးလုပ်ငန်းပါမစ်များကိုတာဝန်ခံထုတ်ပေးခဲ့ပြီးမြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုစီးပွားရေးကိုလုပ်ကိုင်ခဲ့တယ်။

နယ်ခြားစောင့်တပ် (BFG) တပ်မှုးဗိုလ်စောချစ်သူဟာဟောင်ကောင်မှတ်ပုံတင်တရုတ်ကုမ္ပဏီ “Yatai Int’l Holding Co” နဲ့အကျိုးတူပူးပေါင်းပြီးကရင်ပြည်နယ်ရွှေကုက္ကိုလ်အထူးဒေသမှာ “Yatai မြို့သစ်တည်ဆောက်ရေးစီမံကိန်း” ကိုခွင့်ပြုချက်ချပေးခဲ့တယ်။မက်လောက်စရာတန်ဘိုးကြီးမားလှတဲ့တည်ဆောက်ရေးလုပ်ပိုင်ခွင့်အတွက်တရုတ် – ကမ္ဘောဒီယားကပြားလုပ်ငန်းရှင်က BGF ဗိုလ်စောချစ်သူကိုအမေရိကန်ဒေါ်လာသုံးသိန်းလက်ဆောင်ပေးအပ်ခဲ့တယ်သတင်းထွက်ခဲ့တယ်။ BGF တပ်မှုးတဦးဖြစ်တဲ့ဗိုလ်စောချစ်သူဟာတရုတ်ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့အဆက်အသွယ်ကောင်းကောင်းရှိတယ်။

၂၀၂၀ ခုနှစ်အရပ်သားအစိုးရလက်ထက်မှာကရင်ပြည်နယ်ရွှေကုက္ကိုလ်အထူးဒေသက “Yantai မြို့သစ်ဆောက်လုပ်ရေး” လုပ်ငန်းခွင်ကိုစီစစ်ခဲ့သေးတယ်။၂၀၂၁ မှာဗိုလ်စောချစ်သူ၊ဗိုလ်မုတ်သုံအပါအဝင်ထိပ်ပိုင်း BGF တပ်မှူးများကိုနယ်ခြားစောင့်တပ် (BGF) မှအနားယူဖို့မြန်မာစစ်တပ်ကတွန်းအားပေးခဲ့တယ်။

ဒါကြောင့်တပ်ရင်း ၁၀၂၂ တပ်မှုးဗိုလ်မုတ်သုံအပါအဝင်တပ်ရင်း ၁၃ ရင်းဟာနယ်ခြားစောင့်တပ်မှနူတ်ထွက်အနားယူခဲ့ကြတယ်။နယ်ခြားစောင့်တပ်ဖွဲ့မှနူတ်ထွက်အနားယူဖို့မြန်မာစစ်တပ်တိုက်တွန်းမှုကိုဗိုလ်စောချစ်သူငြင်းဆန်ခဲ့တယ်။

၂၀၂၁ ဖေဖေါ်ဝါရီမြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးကရင်ပြည်နယ်ရွှေကုက္ကိုလ်အထူးဒေသ “Yatai မြို့သစ်စီမံကိန်း” ကိုပြန်လည်အသက်သွင်းလုပ်ကိုင်ခဲ့တယ်။ ၂၀၂၂ မှာမြန်မာစစ်ကောင်စီက BGF တပ်မှုးဗိုလ်စောချစ်သူကိုသီရိပျံချီဘွဲ့ နေပြည်တော်မှာပေးအပ်ချီးမြှင့်ခဲ့တယ်။

၂၀၂၃ ခုနှစ်မှာအင်္ဂလန်နိုင်ငံက BGF နယ်ခြားစောင့်တပ်ဖွဲ့မှူးဗိုလ်စောချစ်သူကိုလူကုန်ကူးမှု၊ရွှေကုက္ကိုလ်အထူးဒေသလောင်းကစားဝိုင်းများနဲ့ Online Scam ငွေလိမ်လည်မှုနဲ့ပတ်သက်ပြီးပိတ်ဆို့အရေးယူခဲ့တယ်။ဒါပေမယ့်ကရင်ပြည်နယ်ရွှေကုက္ကိုလ်အထူးဒေသမှာ Online Scam ငွေလိမ်ဂိုဏ်းမရှိဘူးဗိုလ်စောချစ်သူငြင်းဆန်ခဲ့တယ်။အကယ်လို့ငွေလိမ်ဂိုဏ်မိရင်ချက်ခြင်းအရေးယူနှင်ထုတ်မယ်သူပြောခဲ့တယ်။

၂၀၂၄ ဇန်နဝါရီမှာနယ်ခြားစောင့်တပ်များဟာမြန်မာစစ်တပ်လစာရိက္ခာအကူအညီမယူတော့ဘူးဗိုလ်စောချစ်သူကမြန်မာဒုတပ်ချုပ်ဗိုလ်စိုးဝင်းကိုပြည်နယ်မြို့တော်ဘားအံ့မှာပြောကြားခဲ့တာသတင်းများမှာပါရှိခဲ့တယ်။

ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF)ဟာမိမိဘာသာလွတ်လွတ်လပ်လပ်ရပ်တည်လိုပြီးကရင်တိုင်းရင်းသားအချင်းချင်းပြန်မသတ်ချင်ဘူးဗိုလ်စောချစ်သူကဒုတပ်ချုပ်ကိုပြောပြခဲ့တယ်။

“နယ်ခြားစောင့်တပ်ဆိုတာတဖက်နိုင်ငံကျုးကျော်တာကိုခုခံတွန်းလှန်ရမှာ…အခုတော့နယ်ခြားစောင့်တပ်သက်တမ်း ၁၃ နှစ်အတွင်းကိုယ့်ကရင်လူမျိုးအခြင်းခြင်းပဲပြန်တိုက်နေရတယ်” ဗိုလ်စောချစ်သူမချိတင်ကဲပြောခဲ့တယ်။ဒါပေမယ့်သူ့ဆုံးဖြတ်ချက်ကိုမြန်မာစစ်တပ်ကလက်မခံရင်ဘယ်လိုလုပ်မလဲ BBC သတင်း ထောက်ကဗိုလ်စောချစ်သူကိုမေးကြည့်တော့။

“ပြည်တွင်းစစ်နှစ်ပေါင်း ၇၀ ကျော်ပြီဆိုတာမြန်မာစစ်တပ်လက်မခံနိုင်သေးဘူး….အခြေအနေအရတုန့်ပြန်လာခဲ့ရင်ကျွန်တော်တို့လည်းလက်နက်ကိုင်ထားတဲ့သူတွေချည်းပဲ…ဒါထူးထူးခြား

ခြားပြောစရာမလိုဘူး” ချက်ခြင်းပြန်ဖြေခဲ့တယ်။

“မြန်မာနဲ့ထိုင်းစစ်တပ်ပေါင်းပြီးရွှေကုက္ကိုလ် KK Park မှာရှိတယ်စွတ်စွဲထားတဲ့ Online Scam ငွေလိမ်ဂိုဏ်းကိုအတင်းဝင်ဖမ်းရင်ကောဘယ်လိုလုပ်မလဲ” BBC သတင်းထောက်မေးတော့။

“မြန်မာစစ်တပ်ဖြစ်ဖြစ်ထိုင်းစစ်တပ်ဖြစ်ဖြစ်ကျနော်တို့နဲ့မညှိနိူင်းပဲရွှေကုက္ကိုလ်အထူးဒေသထဲအတင်းဝင်လာရင်ပြန်လုပ်ရမှာပဲ” ယတိပြတ်ပြန်ဖြေခဲ့တယ်။

၂၀၂၃ ဖေဖေါ်ဝါရီမှာဗိုလ်စောချစ်ဟာကရင်နယ်ခြားစောင့်တပ် BGF ကိုမြန်မာစစ်တပ်နဲ့ကင်းလွတ်တဲ့ “ကရင်အမျိုးသားစစ်တပ်” (KNA) အဖြစ်အမည်ပြောင်းလဲခဲ့တယ်။ KNA ဟာကရင်ပြည်နယ်မှာဖြစ်နေတဲ့မြန်မာစစ်တပ်နဲ့အခြားတိုင်းရင်းသားလက်နက်ကိုင်များတိုက်ပွဲများမှာဘယ်ဘက်မှမပါ “ကြား” နေမယ်ပြောခဲ့တယ်။

ထိုင်း – မြန်မာနယ်ခြားမှာရှိတဲ့ဗိုလ်စောချစ်သူလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃၀၀ ကျော်ခြေကုပ်ယူထားတဲ့စခန်းများကိုမြန်မာစစ်တပ်နဲ့လဲလှယ်အစားထိုးခဲ့တယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာဗိုလ်စောချစ်သူရဲ့ KNA တပ်ရင်း ၁၃ ရင်းတပ်ဖွဲ့ဝင်အင်အား ၇၂၀၀ ကျော်ရှိတယ်။KNA အင်အားအများစုကထိုင်းနယ်စပ်မြဝတီမြို့နဲ့ရွှေကုက္ကိုလ်အထူးစီးပွားရေးဇုံမှာအခြေပြုထားကြတယ်။

“မြန်မာစစ်တပ်လစာရိက္ခာကူညီထောက်ပံ့မှုကိုဆက်ယူနေမယ်ဆိုရင်မြန်မာစစ်တပ်ပေးအပ်တဲ့တာဝန်ဝတ္တရားကိုကျေပွန်အောင်ဆောင်ရွက်ပေးရတော့မယ်…မြန်မာစစ်တပ်လမ်းညွှန်မှုအတိုင်းဆောင်ရွက်ရမယ်….ဒါပေမယ့်ကျနော်ကရင်လူမျိုးအခြင်းခြင်းမသတ်ချင်တော့ဘူး…ကရင်အခြင်းခြင်းသတ်ခဲ့ကြတာနှစ်ပေါင်း ၃၀ ကျော်ပြီလေ” ဗိုလ်စောချစ်သူပြောခဲ့တယ်။

KNA အဖြစ်ပြောင်းလဲခဲ့တဲ့ယခင်နယ်ခြားစောင့်တပ် (BGF) ဆုံးဖြတ်ချက်ကို KNLA (PC) အထွေထွေအတွင်းရေးမှုးဗိုလ်စောကျော်ညွှန့်က “ ဒီဆောင်ရွက်ချက်ဟာကရင်ပြည်နယ်နဲ့ကရင်လူမျိုးတို့အတွက်အကျိုးရှိတယ်” မှတ်ချက်ပေးခဲ့တယ်။

မြန်မာထိုင်းနယ်စပ်ကုန်သွယ်ရေးမှာဒေသ ၇ နှစ်ခုရှိတယ်။တာချီလိတ် – မယ်ဆိုင်, မြဝတီ – မဲဆောက်,ထားဝယ် – ထီးခီး, ကော့သောင်း- ရနှောင်း, မြိတ် – နတ်အိမ်တောင်၊မယ်စဲ့(ကယား)နဲ့မောတောင်မှာရှိကြတယ်။

၂၀၂၃ ခုနှစ်မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးတန်ဘိုးအမေရိကန်ဒေါ်လာ ၄.၆ ဘီလီယံရှိပြီးမြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတန်ဘိုးအမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံရှိခဲ့တယ်။ဒါကြောင့်မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာတန်ဘိုးအများဆုံးရှိတဲ့မြဝတီ – မဲဆောက်လမ်းပိုင်းကမြဝတီကိုဝိုင်းလုနေကြတာပါ။

4 K ခေါ်တဲ့အဓိကကရင်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့ဟာလေးလတကြိမ်တွေ့ဆုံကြပြီးကရင်အခြင်းခြင်းပြန်မတိုက်ရေး ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်ပုံမှန်ဆွေးနွေးမှုရှိကြတယ်။ဒါကြောင့်ကရင်ပြည်နယ်မှာအစစ်အမှန်ငြိမ်းချမ်းရေးအတွက်အပြောင်းအလဲများရှိလာနိုင်တယ်။ကောင်းသောပြောင်းလဲခြင်းများဖြစ်မယ်ယုံကြည်တယ်။

မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုထိမ်းချုပ်နိုင်ဖို့နှစ်ဘက်တပ်များအပြင်းအထန်တိုက်ခိုက်နေကြတဲ့ကြားမှာ KNA တပ်မှုးဗိုလ်စောချစ်သူဟာအဓိကဇတ်ကောင်တဦးဖြစ်တယ်။မြန်မာစစ်တပ်အပြင်စီနီယာညီအကိုတော် KNU,DKBA နဲ့ပါပြန်ပေါင်းထုတ်ဖို့အစီအစဉ်ရှိဟန်မတူဘူး။မြန်မာစစ်တပ်‌က BGF ဗိုလ်စောချစ်သူကိုထောက်ပံ့ခဲ့တဲ့လက်နက်ခဲယမ်းများပြန်အပ်ဖို့တောင်းဆိုထားတဲ့သတင်းတွေ့တယ်။

ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ကြာအင်းစံပြကျေးရွာမှာမွေးဖွားခဲ့တဲ့ KNA တပ်မှုးဗိုလ်စောချစ်သူရဲ့မဟာမိတ်ရွေးချယ်မှုနဲ့နည်းဗျုဟာအပြောင်းအလဲများဟာမြဝတီမြို့ကံကြမ္မာနဲ့ကရင်ပြည်နယ်အတွင်းကစစ်ပွဲရလဒ်ကိုတနည်းတဖုံပြောင်းလဲစေနိုင်ပါလိ့မ်မယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU, Kayen National Union) ကို ၁၉၄၇ ခုနှစ်မှာတည်ထောင်ခဲ့လို့ KNU အဖွဲ့ဟာမြန်မာနိုင်ငံမှာသက်တမ်းရှည်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (EAO, Ethnic Armed Organization)တဖွဲ့ဖြစ်တယ်။

ယခင် DKBA ဗျုဟာမှူး ဗမက စောချစ်သူ

လွင်ဦး(ရန်ကင်း)

#lwinooyankin

Hla Soewai

အမေရိကန် ၏ Burma Team စစ်ဆင်ရေး စပြီ

Burma Team ဟု ဆိုကာ အသစ် ဖွဲ့စည်း လာ‌ သောမြန်မာ ရှိ ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး အဖွဲ့ Scam Center Strike Force (SCFF) သည် မြန်မာနိုင်ငံ အတွင်း ရှိ အဆိုပါ အဖွဲ့များ၏ လုပ်ငန်းများကို အခြား ဌာနများ နှင့် ပူးပေါင်း၍ စတင် အရေးယူ ဆောင်ရွက်နေပြီဟု အမေရိကန် တရားရေး ဝန်ကြီးဌာန မှ ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။

မြန်မာ နိုင်ငံ အတွင်းရှိ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အက်ဖ်ဘီအိုင် အေးဂျင့်များ ထိုင်းနိုင်ငံ သို့ စတင် ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဝါရှင်တန်ရှိ ကိုလံဘီယာ ခရိုင် ရှေ့နေရုံးမှ ကြေညာချက် ထုတ်ပြန်သည်။

Burma Team ကို ဦးဆောင်မည့် အဆိုပါ ရှေ့နေရုံး၏ အကြီးအကဲ ဂျီးနင်း ပီရို (ပုံတွင်ရှူ) မှ ဦးဆောင်မည် ဖြစ်ပြီး တရားရေး ဝန်ကြီးဌာန ၏ ရာဇဝတ်မှု များဆိုင်ရာ လုပ်ငန်း ရုံးခွဲ၊ အက်ဖ်ဘီအိုင် နှင့် Secret Service မှ အေးဂျင့် များ ပါဝင်လာသည်။

အဆိုပါ တိုက်ခိုက်ရေးအဖွဲ့သည် ထိပ်တန်း လိမ်လည်မှုစင်တာများကို ပိတ်ဆို့အရေးယူခြင်း၊ သိမ်းဆည်းခြင်းနှင့် ပုဂ္ဂိုလ်များအား ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းတို့ဖြင့် အမေရိကန် အခြေခံအဆောက်အအုံ များကို လိမ်လည်သူများ သုံးစွဲနေမှုအား ကာကွယ်ရန်၊ နှင့် အများပြည်သူများအား ပညာပေးခြင်းနှင့် နစ်နာကြေးပေးခြင်းတို့ဖြင့် ယင်းလိမ်လည်ခံရသည့် အမေရိကန် များကို ထောက်ပံ့ ကာကွယ်ရန်အတွက် “အစိုးရတွင်ရှိသည့် ရရှိနိုင်သော ကိရိယာအားလုံး” ကို အသုံးပြုသွားမည်ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ပီရို မှ Burma Team SCSF ဖွဲ့စည်းခဲ့မှု နှင့် စပ်

လျင်း၍ ပြောကြားရာတွင် “လိမ်လည်မှုစင်တာများဖြင့် သာမန် အမေရိကန်ပြည်သူများ မျိုးရိုးစင်ဆက် စုဆောင်းထားသော ကြွယ်ဝချမ်းသာမှုများ တရုတ် ရာဇဝတ်ဂိုဏ်းများ၏ အိတ်ကပ်များထဲသို့ လွှဲပြောင်းရောက်ရှိ‌ နေသည်။ ကျွန်မတို့ ရုံး အနေဖြင့် နိုင်ငံခြားသား တရားခံများကို စွဲချက်တင်ရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် အခွင့်အာဏာရှိသည်” ဟု ဆိုသည်။

ယခုအခါ SCSF သည် အပြည့်အဝ လည်ပတ် လှုပ်ရှားလာနေပြီ ဖြစ်သည်ဟု လည်း ပြောသွားခဲ့သည်။

SCSF အဖွဲ့ဝင်များသည် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီယား တွင် လှုပ်ရှားနေကြသော တရုတ် ရာဇဝတ်ဂိုဏ်း များ အပြင် အဓိက ပါဝင်နေသည့် ခေါင်းဆောင်များကို ဖေါ်ထုတ် ရှာဖွေသွားပြီး တရားစွဲဆိုနိုင်ရန် အဓိက ဦးစားပေး လုပ်ဆောင်နေကြပြီ ဖြစ်သည်။

Burma Team သည် မြဝတီရှိ DKBA ထိန်းချုပ်ထားရာ တိုက်ချန် ဌာန ၏ ဝက်ဆိုက် ကို ချုပ်ကိုင်နိုင်လိုက်ပြီဟု သိရသည်။ ထို့ပြင် နေရာ အတိအကျ ဖေါ်ပြထားခြင်း မရှိသည့် မြန်မာနိုင်ငံရှိ နောက်ထပ် လိမ်လည်မှုစင်တာတစ်ခု၏ ဂြိုဟ်တုချိတ်စက်များ (satellite terminals) ကို သိမ်းဆည်းရန်အတွက်လည်း ဖမ်းဝရမ်းများ တောင်းခံလျက်ရှိသည်ဟု ဆိုသည်။

ဘန်ကောက်တွင် ရောက်ရှိ နေသော အက်ဖ်ဘီအိုင် အေးဂျင့်များသည် ထိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ နှင့် အတူ အထိုင် ချပြီး BGF များ အကာအကွယ် ပေးထားသည့် KK Park ရှိ စခန်းများကို တိုက်ဖျက်သွားမည် ဖြစ်သည်။

ဖေဖေါ်ဝါရီလ အတွင်းက ထိုင်း အထူး စုံစမ်းရေး ဌာနမှ BGF ခေါင်းဆောင် စောချစ်သူအား ဖမ်းဝရမ်း ထုတ်ပေးရန် တရားရေးဌာန သို့ လျှောက်ထားခဲ့ပြီး ဖြစ်သည်။

အမေရိကန် မှ DKBA အား အရေးယူ ဒဏ်ခတ်ရန် ကြေညာပြီးလျင် ပြီးချင်း စစ်အုပ်စုမှ မြဝတီရှိ ၎င်းတို့ပိုင် ကာဆီနိုအား လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိသွားသည် ဟု သိရသည်။

ဒဏ်ခတ်ခံရမည့် စာရင်းထဲ ပါဝင်နေသည့် DKBA ခေါင်းဆောင် လေးဦး ထဲမှ တဦး ဖြစ်သူ စောစိန်ဝင်းမှ ၎င်းတို့ အဖွဲ့မှ ခေါင်းဆောင် အချို့ အွန်လိုင် ငွေလိမ် ဂိုဏ်းများ ကို ဦးဆောင်လုပ်ကိုင်နေသည်ဟု ဝန်ခံလာခဲ့သည်။

ယခု အရေး တွင် အမေရိကန် တို့ အုံ နှင့် ကျင်း နှင့် ပါဝင် လာခြင်း ဖြစ်သည်။

ထိုင်း ရှိ ကမ္ဘာတဝှမ်း လိမ် လည်မှု တိုက်ဖျက်ရေး မဟာမိတ် များ အဖွဲ့၏ ထုတ်ပြန်ချက်အရ ထိုင်း နိုင်ငံသား ဆယ်ဦး လျင် ခြောက်ဦး နှုန်း အလိမ်ခံခဲ့ရပြီး ၂၀၂၄ တနှစ်တည်း တွင် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၁၀ ဘီလီယံ အလိမ်ခံခဲ့ရသည်ဟု သိရသည်။

စောချစ်သူ ၏ ပါတနာ ဖြစ်သူ ရှီ ကျစ်ကျန်း အား ထိုင်းမှ တရုတ် သို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်၍ KK Park နှင့် ပတ်သက်သည့် အရေးပါသော သတင်းအချက်အလက်များ တရုတ်တို့ ရရှိ‌ တော့မည် ဖြစ်သည်။ အမေရိကန်သည်လည်း ဒေါ်လာ ၁၀ ဘီလီယံ ခန့် ဆုံးရှုံးထား၍ ၎င်းတို့ အစိုးရမှလည်း အရေးယူ ရန် လှုပ်ရှားမှ ဖြစ်ပေတော့မည်ဟု ယူဆလာခြင်းလည်း ဖြစ်သည်။

ရှီ ကျစ်ကျန်းသည် ဘီဂျင်းဆီသို့၊ စောချစ်သူသည် ဝါရှင်တန် ဆီသို့လော ဟူသော မေးခွန်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

James Shwe

How US Action Against Scam Centers Helps the Revolution

လိမ်လည်စင်တာများကို အမေရိကန်၏ အရေးယူမှုက တော်လှန်ရေးကို ဘယ်လိုအထောက်အကူပြုသလဲ

The United States has started taking strong action against the large scam centers in Myanmar. This is a very important development for our revolution. It directly weakens the junta and strengthens our fight for freedom.

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံရှိ ကြားထဖြန့်လိမ်လည်စင်တာများကို ပြင်းထန်စွာ အရေးယူဆောင်ရွက်လျက်ရှိသည်။ ဤအရာသည် ကျွန်ုပ်တို့၏တော်လှန်ရေးအတွက် အလွန်အရေးကြီးသော ဖြစ်ပေါ်တိုးတက်မှုတစ်ခုဖြစ်သည်။ ၎င်းသည် စစ်အုပ်စုကို တိုက်ရိုက်အားနည်းစေပြီး ကျွန်ုပ်တို့၏လွတ်လပ်ရေးအတွက် တိုက်ပွဲကို အားကောင်းစေသည်။

It Cuts Off Money to the Junta

၎င်းသည် စစ်အုပ်စု၏ ဘဏ္ဍာငွေကို ဖြတ်တောက်သည်

Many scam centers are protected by the junta and their allied militias. In return, these criminals give a lot of money to the junta. This money is used to buy bullets, bombs, and supplies to fight against the people and the resistance. When the US puts sanctions on these scam centers, it freezes their bank accounts and makes it very hard for them to send money to the junta. This is like cutting off the fuel to their war machine.

လိမ်လည်စင်တာအများအပြားကို စစ်အုပ်စုနှင့် ၎င်းတို့၏မဟာမိတ် ပြည်သူ့စစ်များက ကာကွယ်ပေးထားသည်။ အပြန်အလှန်အားဖြင့်၊ ဤရာဇ၀တ်ကောင်များသည် စစ်အုပ်စုထံသို့ ငွေအမြောက်အမြားပေးသည်။ ဤငွေကို ပြည်သူနှင့် တော်လှန်ရေးကို တိုက်ခိုက်ရန်အတွက် ကျည်ဆန်များ၊ ဗုံးများနှင့် ထောက်ပံ့ရေးပစ္စည်းများ ဝယ်ယူရန် အသုံးပြုသည်။ အမေရိကန်က ဤလိမ်လည်စင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သောအခါ၊ ၎င်းတို့၏ဘဏ်အကောင့်များကို ထိန်းချုပ်လိုက်ပြီး စစ်အုပ်စုထံ ငွေပို့ရန် အလွန်ခက်ခဲစေသည်။ ၎င်းသည် သူတို့၏စစ်စက်ယန္တရားအတွက် လောင်စာဆီကို ဖြတ်တောက်ခြင်းနှင့်တူသည်။

It Weakens the Junta’s Allies

၎င်းသည် စစ်အုပ်စု၏ မဟာမိတ်များကို အားနည်းစေသည်

The junta does not control the entire country. They rely on militias and Border Guard Forces (BGFs) in places like Karen State to help them. Many of these armed groups make their money from protecting scam centers. When the scam centers lose money, these militias also lose money. They become weaker, and their soldiers may not want to fight anymore. This creates division and weakness in the junta’s network of allies, which is a great opportunity for our revolutionary forces.

စစ်အုပ်စုသည် တနိုင်ငံလုံးကို မထိန်းချုပ်နိုင်ပါ။ ကရင်ပြည်နယ်ကဲ့သို့သော နေရာများတွင် ၎င်းတို့ကိုကူညီရန် ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ (BGFs) ကို အားကိုးကြသည်။ ဤလက်နက်ကိုင်အုပ်စုအများအပြားသည် လိမ်လည်စင်တာများကို ကာကွယ်ခြင်းဖြင့် ငွေရှာကြသည်။ လိမ်လည်စင်တာများ ငွေဆုံးရှုံးသောအခါ၊ ဤပြည်သူ့စစ်များလည်း ငွေဆုံးရှုံးသည်။ သူတို့သည် အားနည်းလာပြီး သူတို့၏စစ်သားများသည် ဆက်လက်တိုက်ခိုက်လိုတော့မည်မဟုတ်ပေ။ ၎င်းသည် စစ်အုပ်စု၏မဟာမိတ်ကွန်ရက်တွင် ကွဲပြားခြင်းနှင့် အားနည်းခြင်းကို ဖြစ်စေသည်၊ ၎င်းသည် ကျွန်ုပ်တို့၏တော်လှန်ရေးတပ်ဖွဲ့များအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သည်။

It Exposes the Junta as a Criminal Organization

၎င်းသည် စစ်အုပ်စုကို ရာဇဝတ်အဖွဲ့အစည်းတစ်ခုအဖြစ် ဖော်ထုတ်သည်

For years, the junta has tried to present itself as a real government. But its deep connection to the scam industry—which involves human trafficking and global crime—shows the world its true nature. The US actions highlight that the junta is not a government, but a criminal organization that profits from the suffering of others. This destroys their legitimacy and makes it harder for other countries to support them. It also strengthens the moral authority of our revolution.

နှစ်ပေါင်းများစွာ၊ စစ်အုပ်စုသည် မိမိကိုယ်ကို အစစ်အမှန်အစိုးရအဖြစ် တင်ပြရန် ကြိုးစားခဲ့သည်။ သို့သော် လူကုန်ကူးမှုနှင့် ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုများ ပါဝင်သော လိမ်လည်လုပ်ငန်းနှင့် ၎င်း၏နက်ရှိုင်းသောဆက်နွယ်မှုက ကမ္ဘာကို ၎င်း၏အမှန်တကယ်သဘောသဘာဝကို ပြသသည်။ အမေရိကန်၏ အရေးယူဆောင်ရွက်ချက်များက စစ်အုပ်စုသည် အစိုးရမဟုတ်ဘဲ၊ အခြားသူများ၏ဒုက္ခမှ အကျိုးအမြတ်ရရှိသော ရာဇဝတ်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း မီးမောင်းထိုးပြသည်။ ၎င်းသည် သူတို့၏တရားဝင်မှုကို ဖျက်ဆီးပြီး အခြားနိုင်ငံများက ၎င်းတို့ကိုထောက်ခံရန် ပိုမိုခက်ခဲစေသည်။ ၎င်းသည် ကျွန်ုပ်တို့၏တော်လှန်ရေး၏ကိုယ်ကျင့်တရားဆိုင်ရာ အခွင့်အာဏာကိုလည်း အားကောင်းစေသည်။

What This Means for the Future of the Revolution

တော်လှန်ရေး၏ အနာဂတ်အတွက် ဤအရာက ဘာကိုဆိုလိုသနည်း

The US crackdown on scam centers creates a new frontline in our fight. It weakens our enemy financially and politically. For our revolutionary forces and leaders, this is a chance to push harder. For the people of Myanmar and our friends abroad, it is a time to increase our support, share the truth about the junta’s crimes, and work together to build a new, free, and just Myanmar. The fight is not over, but this new development gives us a powerful advantage.

လိမ်လည်စင်တာများအပေါ် အမေရိကန်၏ နှိမ်နင်းမှုသည် ကျွန်ုပ်တို့၏တိုက်ပွဲတွင် ရှေ့တန်းအသစ်တစ်ခုကို ဖန်တီးပေးသည်။ ၎င်းသည် ကျွန်ုပ်တို့၏ရန်သူကို ဘဏ္ဍာရေးနှင့် နိုင်ငံရေးအရ အားနည်းစေသည်။ ကျွန်ုပ်တို့၏တော်လှန်ရေးတပ်ဖွဲ့များနှင့် ခေါင်းဆောင်များအတွက်၊ ဤအရာသည် ပိုမိုတွန်းအားပေးရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။ မြန်မာပြည်သူများနှင့် နိုင်ငံရပ်ခြားရှိ ကျွန်ုပ်တို့၏မိတ်ဆွေများအတွက်၊ ကျွန်ုပ်တို့၏ထောက်ခံမှုကို တိုးမြှင့်ရန်၊ စစ်အုပ်စု၏ရာဇဝတ်မှုများအကြောင်း အမှန်တရားကို မျှဝေရန်နှင့် လွတ်လပ်ပြီး တရားမျှတသောမြန်မာနိုင်ငံကို အတူတကွတည်ဆောက်ရန် အချိန်ဖြစ်သည်။

Share This Post

More From Author

Treasury Sanctions Burma Armed Group and Companies Linked to Organized Crime Targeting Americans

Satire on Myanmar Journalists wearing Islamophobic dark sunglasses