(A Migrant’s Reflection Through Song)
By Dr. Ko Ko Gyi Abdul Rahman
Even after nearly forty years in Malaysia, my heart still belongs to Burma—our beloved Myanmar. Though I have built a peaceful life here, I often feel the ache of separation that every migrant knows well. We, the sons and daughters of Myanmar scattered abroad, may have found new homes, but the scent of our motherland never fades from our hearts.
There is a beautiful Albanian song by Ilir Shaqiri, a Kosovar Albanian singer, that captures the emotions of exile, belonging, and rediscovery better than any other song I have known. My late brother Maung Maung once wrote a touching post about this very song as a birthday gift for me. His words still echo in my heart each time I listen to it.
The song tells a moving tale:
A Kosovar Albanian travels to Istanbul on a business trip and enters a poçari shop — a seller of clay vases. He asks to see the best vase, but as fate would have it, it slips from his hands and shatters into twenty-five pieces. The furious shopkeeper starts swearing in Turkish. Offended, the visitor swears back — this time in Albanian.
To his surprise, the shopkeeper’s anger melts away. Tears fill his eyes as he embraces the man and says,
“Swear on me again, please. I am also Albanian. Brother, swear on me in Albanian again. Albanian words cannot be bought here in the bazaar.”
As the other customers flee in confusion, the two men remain, locked in a brotherly embrace amid the fallen vases — a moment when exile and belonging meet, and the Sea of Marmara seems to tremble with emotion.
The story behind the song is rooted in painful history.
Many ethnic Albanians from Kosovo, Albania, and Bosnia were forced to flee to Turkey during the First and Second World Wars, and later during the Balkan conflicts of the 1990s. The Serbian government sought to eradicate those they derogatorily called “Turks” — referring to Muslim Albanians influenced by Ottoman rule. Between the wars, as many as 300,000 Albanians were driven from their homes to Turkey, and hundreds of thousands more after the Second World War. Under Slobodan Milosevic, another 2,000 Albanians were killed in Kosovo.
For those in exile, hearing their mother tongue — even in anger — can reopen old wounds and heal them at once. It is no wonder that the poçari wept when he heard his native language after so long.
As a migrant myself, I deeply relate to this story. Here in Malaysia, I often meet fellow Myanmar citizens from all walks of life — Buddhists, Christians, Hindus, and Muslims, of every ethnic background: Burman, Chin, Kachin, Karen, Rakhine, Shan, Mon, and Burmese Chinese or Indian. When they come to me as patients, I feel no difference among them. I am simply happy to see them, to speak in our shared tongue, and to help them with joy.
Though Muslims in Myanmar have long faced discrimination, I have come to realize that prejudice exists everywhere. What matters most is the heart we bring to others — and the home we build within it.
The song reminds me that wherever we are, we carry our homeland inside us.
“Find heart in your home, and you’ll have home in your heart.”
Patriotic Song Cover by Atreyee
Maung Maung
My Home Is In My Heart…………….
သီချင်းလေးတပုဒ်ရဲ့နံမယ်ပါ………….
သီချင်းလေးရဲ့နောက်ခံ…ဇာတ်လမ်းက……….
အာမေးနီယန်းလူမျိုးတစ်ယောက်ဟာ…..နိုင်ငံတကာကိုအလည်သွားရင်း…..
တူရကီနိုင်ငံကို…ရောက်လာပါတယ်…တဲ့….
တူရကီနိုင်ငံထဲမှာ…ကြည့်စရာရှု့စရာ…လည်ပတ်စရာတွေကို….လိုက်လံကြည့်ရှု့နေ ရင်း….အီစတန်ဘူလ်မြို့ထဲက…ကြွေထည်ပစ္စည်းအရောင်းဆိုင်တဆိုင်ကို…ရောက်သွား တယ်…တဲ့……
လက်ရာမြောက်လှတဲ့ကြွေထည်တွေကိုကြည့်ရှု့နေရင်း….တန်ဖိုးမသေးတဲ့…ကြွေထည် လဘက်ရည်…ကရားအိုးတလုံးကိုကိုင်တွယ်ကြည့်မိလိုက်သတဲ့…
ဆိုင်ရှင်က…သူ့ကို…ဂရုစိုက်ကိုင်တွယ်ဖို့ပြောနေတဲ့အတွက်…သတိထားကိုင်နေတဲ့ကြားက…လက်ထဲကချော်ထွက်သွားပြီး…လဘက်ရည်…ကရားအိုးဟာ…အစိတ်စိတ်အမွှာမွှာ…ကွဲသွားတယ်…တဲ့…..
ကမ္ဘာလှည့်…အာမေးနီးယန်းဟာ…အစိတ်စိတ်အမွှာမွှာကွဲထွက်သွားတဲ့…သူအင်မတန်. သဘောကျတဲ့…လဘက်ရည်ကရားလေးကို…နှမျောစွာနဲ့ကြည့်နေတုန်းမှာဘဲ…ဆိုင်ရှင် ဖြစ်သူက…ဒေါသတကြီး…နဲ့…သူ့ကိုအပြစ်တင်ပြီး…လဘက်ရည်…ကုရားဘိုးကို…လျှော် ကြေးတောင်းပါတော့တယ်…
အာမေးနီယန်းအမျိုးသားကလဲ…သူ့ကြောင့်လွတ်ကျသွားတာဖြစ်လို့…ဆိုင်ရှင်ပြောပုံဆိုပုံကို…မကြိုက်ပေမဲ့….ကျသင့်ငွေကို…ထုတ်ရှင်းပေးလိုက်ပါတယ်…တဲ့..
ဆိုင်ရှင်အမျိုးသားက…ကျသင့်ငွေရပြီးတာတောင်…ပါးစပ်ပိတ်မသွားဘဲ..သူကိုဒေါသ တကြီးနဲ့ဆက်လက်ဆူပြောနေတယ်…တဲ့….
တူရကီစကားကို…မတတ်ပေမဲ့…ခရီးသွား…အာမေးနီးယန်းဟာ…ဆိုင်ရှင်က…သူ့ကို… ဆဲဆိုနေတာကိုတော့…သတိပြုမိတယ်….
ဒါနဲ့တတ်သ၍…မှတ်သ၍…တူရကီဘာသာစကားနဲ့…သူ့ကိုမဆဲဖို့အကြောင်း…ကျသင့် ငွေကိုလဲ…ဆိုင်ရှင်ပြောတဲ့အတိုင်း…ပေးချေပြီးပြီဖြစ်တဲ့အကြောင်းပြန်ပြောလိုက်တယ်…တဲ့…
ဒေါသထွက်နေတဲ့ဆိုင်ရှင်က…သူပြေလည်ရာ…ပြေလည်ကြောင်းပြောနေတာကို… ဂရု မစိုက်ဘဲ…သူ့ကို…ဆိုင်ထဲက…ထွက်သွားဖို့…အမူအရာပြပြီး…ဆက်လက်အော်ဟစ်…ဆဲဆိုနေတော့…အာမေးနီးယန်းအမျိုးသားဟာ…စိတ်တိုသွားမိတယ်…တဲ့….
အဲ့ဒီအချိန်မှာ…အာမေးနီးယန်းအမျိုးသားဟာ….တူရကီဘာသာစကားလဲမတတ်တော့ သူတတ်တဲ့ဘာသာစကားဖြစ်တဲ့…အာမေးနီးယန်းဘာသာစကားနဲ့…အားရပါးရဆဲပြစ် လိုက်ပြီး…ဆိုင်ထဲကလှည့်ထွက်လာခဲ့တယ်…တဲ့….
သူ့ရဲ့…ဆဲသံကိုကြားလိုက်ရတဲ့ဆိုင်ရှင်ဟာ…ရုတ်တရက်…မှင်သက်မိသလိုဖြစ်သွားပြီး.. မျက်နှာအနေအထားပါပြောင်း…ချက်ချင်းပြုံးရွှင်သွားပြီး….သူ့နောက်ကိုချက်ချင်းလိုက် လာပြီး…သူ့လက်ကိုဆွဲလို့…ဆိုင်ထဲကို…ပြန်ဝင်ခဲ့ပါဦးလို့…ဇွတ်ဖိတ်ခေါ်သတဲ့….
အာမေးနီးယန်းလဲ…ောကာင်တောင်တောင်နဲ့…ဒီလူဘာဖြစ်သွားတာပါလိမ့်…ဆိုပြီး… ဆိုင်ထဲပြန်ရောက်လာတယ်…တဲ့…
ဆိုင်ရှင်အမျိုးသားဟာ…ကောင်တာနားက…နီးစပ်ရာကြွေထည်ပစ္စည်းတခုကိုဆွဲယူပြီး…ခရီးသွား…အာမေးနီးယန်းလက်ထဲကိုလှမ်းပေးရင်းနဲ့….” နောက်ထပ်ကြိုက်သလောက်. ခွဲပြစ်လိုက်စမ်းပါဗျာ…အခုနက…ခင်ဗျားဆဲလိုက်သလို…အာမေးနီးယန်းလို…တစ်တစ်ခွခွ…တခွန်းလောက်ထပ်ဆဲစမ်းပါ…ကြားရတာ…အရသာရှိလွန်းလို့ပါ…ကျွန်တော်…တူရကီ…ရောက်နေတာ…အနှစ်..၂၀..ရှိနေပြီ…အာမေးနီးယန်းစကား…မကြားရတာလဲကြာပါပြီ…ခင်ဗျားဆဲသံကြားလိုက်တော့…ကျွန်တော်…ကိုယ့်အိမ်ပြန်ရောက်သွားသလို… ခံစားရလို့ပါ…ဆဲလိုက်စမ်းပါဗျာ….အားရပါးရဆဲလိုက်စမ်းပါ…..”….တဲ့ဗျာ….
ဒီအကြောင်းကို…နောက်ခံထားဖွဲ့ဆိုထားတဲ့…သီချင်းတဲ့ဗျာ….
ကျွန်တော်ရှာတာတော့…ဘယ်မှမတွေ့သေးပါဘူး…..
ဒီသီချင်းအကြောင်းပြောပြတဲ့သူက…ကျွန်တော့်အစ်ကိုကြီး…ဒေါက်တာကိုကိုကြီး…ဖြစ်ပါတယ်….။
ဒီအကြောင်းကိုပြောပြတော့…ကျွန်တော့်အစ်ကိုကြီး…မျက်ရည်တွေကျရင်းပြောပြခဲ့တာပါ….
ကျွန်တော့်အစ်ကိုကြီးဟာ…မြန်မာနိုင်ငံကနေ…ဆရာဝန်ဘွဲ့ရခဲ့တဲ့သူတယောက်ပါ…
သူ့ရဲ့ငယ်စဉ်…ကလေးဘဝကထဲက…ပညာရေးကို…အထူးတန်ဖိုးထား…ကြိုးစားခဲ့ သူတယောက်ပါ…ပညာသင်ဆုတွေအမြောက်အများအတန်းစဉ်အလိုက်…ရခဲ့သလို.. လူရည်ချွန်…ငါးကြိမ်ရခဲ့တဲ့သူပါ….အစ္စလာမ်ဘာသာဝင်တယောက်အနေနဲ့…မြန်မာ နိုင်ငံမှာ…လူရည်ချွန်ဆိုတဲ့အဆင့်…အရွေးချယ်ခံရဖို့ဆိုတာ…ဘယ်လောက်ခက်ခဲမယ် ဆိုတာခန့်မှန်းနိုင်ပါလိမ့်မယ်…ဒုတိယလူနဲ့…အပြတ်အသတ်…မကွာဘဲ…ရွေးချယ်ခံရဖို့ ဆိုတာတော်တော်ခဲခဲယဉ်းယဉ်းကြားက…ငါးကြိမ်အထိရခဲ့တာပါ….
ဆေးတက္ကသိုလ်ကိုလဲ…အစိုးရပညာသင်ဆုနဲ့…တက်ခဲ့တာပါ…ဆေးတက္ကသိုလ်က…ဘွဲ့ရပြီးပြီးခြင်း….မန္တလေးပြည်သူ့ဆေးရုံကြီး…ခွဲစိတ်ရုံ(၂)မှာ…လက်ထောက်ဆရာဝန် အဖြစ်နဲ့ရော…မန္တလေးဆေးတက္ကသိုလ်မှာ…သင်ကြားရေးတာဝန်ကိုပါ….တွဲပြီး…တာ ဝန်ထမ်းဆောင်ခဲ့တာပါ….
ပညာရေးကို…ဦးစားပေးတဲ့သူဖြစ်တော့…လုပ်သက်၃နှစ်အရမှာ…ဘွဲ့လွန်ဆက်တက်ဖို့…လျှောက်ထားခဲ့ပါတယ်…ဘွဲ့လွန်လျှောက်ထားတဲ့ဆရာဝန်တွေဟာ…စာမေးပွဲဖြေကြ ရပါတယ်….စာနဲ့မေးခွန်းလွှာတွေဖြေရသလို…နှုတ်မေးခွန်းတွေကိုလဲ…ဖြေရပါတယ်…
မြန်မာပြည်တပြည်လုံးက…မေးခွန်းလွှာရေးဖြေသူတွေထဲမှ…ထိပ်ဆုံးဆယ်ယောက်ဝင် အောင်ဖြေနိုင်ခဲ့ပေမဲ့….နှုတ်ဖြေမှာ…အပယ်ခံခဲ့ရတာ…အကြိမ်ကြိမ်ပါ….
XXXXXXXXXXX….ကုလားမို့လို့…ဘွဲ့လွန်ဆက်တက်ခွင့်မပေးတာလို့သိခဲ့ရတယ်….
အဲ့ဒီမှာ…စိတ်နာပြီး…မြန်မာပြည်က…ထွက်လာခဲ့တာ…၁၉၈၅ခုနှစ်က…ထွက်လာခဲ့တာ ဆိုတော့…အခုဆို…၂၉နှစ်ရှိနေပြီ….မြန်မာပြည်ကို…လုံးဝပြန်မရောက်တော့တာ….
မလေးရှားကိုရောက်တော့လဲ…မိသားစုနဲ့…မလေးရှားမှာ…အခြေချဖို့ကြိုးစား…. အိမ်ဝယ်…ကားဝယ်…ဆေးခန်းဝယ်….သားသမီးတွေပညာသင်စရိတ်အတွက်…ရုန်း ကန်ရနဲ့…ပညာသင်ကြားခွင့်တော့…ဆက်မကြိုးစားနိုင်တော့ပါဘူး….
ဒါပေမဲ့…မလေးရှားနိုင်ငံမှာအောင်မြင်တဲ့…အထွေထွေရောဂါကု…ဆေးခန်းတခုနဲ့… မြန်မာနိုင်ငံက…ကျန်းမာရေးဝန်ကြီး..ခိုးဝှက်ရှာပြီးနေရတာထက်..အဆင့်အတန်း မြင့်မြင့်…နေရပါတယ်….
အလုပ်ကို…တန်ဖိုးထားတဲ့…ကျွန်တော့်အစ်ကိုကြီးဟာ…တနှစ်မှာ(၃၆၃)ရက်…ဆေး ခန်းကို…ကိုယ်တိုင်ထိုင်ပါတယ်…သူ့လူနာတွေကို…ဘယ်သူ..ကိုင်တွယ်ကြည့်ရှု…ကုသတာကိုမှ…သူစိတ်တိုင်းမကျပါဘူး….တနှစ်မှာ…(၂)ရက်ပဲ…ဆေးခန်းပိတ်ပါတယ်… ဒါကလဲ…သူဆေးခန်းဖွင့်ထားတဲ့…ကုန်တိုက်က…အစ်(၂)ရက်…ပိတ်ထားလို့ပါ…
အောင်မြင်တဲ့…ဆေးခန်းတခုကို…ပိုင်ဆိုင်ထားသလို…အခြားတဖက်မှာလဲ… နိုင်ငံတကာကသိတဲ့…လူ့အခွင့်အရေးလှုတ်ရှားသူတယောက်…အစ္စလာမ့်အခွင့်အရေးလှုတ်ရှားသူတယောက်အဖြစ်…ထင်ရှား…လူသိများသူတယောက်ပါ…လူ့အခွင့်အရေး ဖောက်ဖျက်မှု…အစ္စလာမ်ဘာသာဝင်တွေကို…ဖိနှိပ်မှုတွေကို…တွေ့လာရင်…မြန်မာ အစိုးရတင်မကပါဘူး…မလေးရှားအစိုးရအပါအဝင်…ဘယ်နိုင်ငံကအစိုးရကိုမဆို…ဘယ် အဖွဲ့ အစည်းကိုမဆို…မညှာတမ်း…ဝေဖန်ရေးသားလေ့ရှိသူပါ….
သူကတော့…သူ့ဆေးခန်းကလွဲလို့…ဘယ်ကိုမှ…ထွက်လေ့မရှိပါဘူး…နိုင်ငံတကာက.. လူ့အခွင့်အရေးလှုတ်ရှားသူတွေ…ထင်ရှားတဲ့…လူ့အခွင့်အရေးဦးစားပေးတဲ့…ဂျာနယ် သမားတွေဟာ…သူ့ဆေးခန်းရဲ့…ဧည့်သည်တွေအဖြစ်…အမြဲဝင်ထွက်နေကြတာပါ…
အစ်ကိုကြီးဟာ…နှစ်ပေါင်းသုံးဆယ်နီးပါးကြာအောင်…မလေးရှားမှာ…နေထိုင်နေတာ တောင်…မြန်မာနိုင်ငံသားအဖြစ်ကို…ယနေ့တိုင်…မစွန့်လွှတ်သေးပါဘူး….
ဒီကနေ့ဟာ…ကျွန်တော့်အစ်ကိုကြီးအသက်…(၆၄)နှစ်ပြည့်တဲ့…မွေးနေ့ပါ…..။
အစ်ကိုကြီးရဲ့မွေးနေ့…အမှတ်တရအဖြစ်…အစ်ကိုကြီးရဲ့…အိမ်လွမ်းတဲ့အကြောင်းလေးကို…ရေးဖြစ်တာပါ…
ကျွန်တော့်အစ်ကိုကြီး…သူအင်မတန်ချစ်တဲ့…မြန်မာပြည်ကို…ပြန်နိုင်ဖို့ရာကတော့… လက်ရှိ…စစ်အစိုးရ…အပြီးတိုင်ချုပ်ငြိမ်းသွားမှဘဲ…ဖြစ်တော့မှာပါ….
မွေးနေ့မှာ….သာယာပျော်ရွှင်…စိတ်ချမ်းသာစွာနဲ့…ချစ်တဲ့မိသားစုနဲ့အတူ…’ အိမ် ‘ ကိုအမြန်ဆုံးပြန်နိုင်ပါစေ…စစ်အစိုးရ…အပြီးတိုင်ချုပ်ငြိမ်းပါစေလို့….ဆုတောင်းပေး လိုက်ပါတယ်…..
ညီငယ်…………
မောင်မောင်
ရွှေကရဝိက်
(၄-၄-၂၀၁၄)
Ye Swe Win is with Moe Moe Swe and Ko Ko Gyi.
တပ်ကုန်းရောက် ဘိတ်သူတစ်ယောက်ရေးထားတဲ့ ပို့စ်တစ်ခုကို သဘောကျလို့ရှယ်မိလိုက်တယ်။
ဘိတ်သူ/ဘိတ်သားတစ်ယောက်ယောက် ဘယ်သူများတပ်ကုန်းကို ရောက်လာမလဲလို့မျှော်တဲ့အကြောင်း။
နယ်လှည့်တရားထိုင်တဲ့ ကျင့်စဥ် ကျင့်တဲ့အဖွဲ့တွေ တပ်ကုန်းရောက်လာကြတိုင်း ဘိတ်သားတွေ ပါမပါစုံစမ်းပြီး ပါရင် မုန့်တွေလုပ်ပြီးပို့ပေးတာတွေ၊ အိမ်ကိုဖိတ်ပြီး လက်ဖက်ရည်တိုက်တဲ့အကြောင်းတွေ။
အမျိုးတော်တော် မတော်တော်၊ သိသိ မသိသိ ဘိတ်သားဆိုတာနဲ့ နှုတ်ဆက် စကားပြောချင် (အဓိက ဘိတ်စကားပြောချင်လို့) ကိုယ်မွေးကတည်းကပြောလာတဲ့ ဘာသာစကားနဲ့ ပြောစရာ စကားပြောဖော် မရှိတဲ့သူ ကိုယ့်နယ်သားတစ်ယောက်တွေ့လိုက်ရရင် ပျော်ရွှင်တဲ့ ခံစားမှုကို ကိုယ်ချင်းစာပြီး ရှယ်လိုက်တာ
ဒီ comment မန့်သွားတဲ့ ဒေါက်တာဦးကိုကိုကြီးလည်း ၈၈ မတိုင်မီကတည်းက မလေးရှားကိုထွက်သွားနေတာ။ သူနဲ့ စကားပြောရင် သို့မဟုတ် သူ့ပို့စ်တွေ ဖတ်ရင် သူ့ရဲ့ အိမ်လွမ်းဝေဒနာကို မြင်ရတယ်။ အထူးသဖြင့် သူက ဇာတိစွဲသိပ်ကြီးကြတဲ့ မန္တလေးကဖြစ်တယ်။ မန္တလေးကို သိပ်ပြန်ချင်ရှာတာ။
အဲဒါနဲ့ ဇာတိမြေကိုလွှမ်းတဲ့အကြောင်း စပ်ဆိုထားတဲ့ ဟင်ဒီသီချင်းတစ်ပုဒ်ကို သတိရမိတယ်။ အရင်တုန်းကလည်း ဒီသီချင်းကို ရှယ်ဖူးတယ်။ ခုတော့ သီချင်းရဲ့ အဓိပ္ပါယ်ကို တတ်သလောက်လေး ဘာသာပြန်ပြီး ရေးပြလိုက်တယ်။ ဟင်ဒီ အူရဒူသီချင်းတွေကို ကျွန်တော် တော်ရုံ ဘာသာမပြန်ရဲဘူး။ မြန်မာလို ပြည့်ပြည့်ဝဝ ဘာသာပြန်ရေးဖို့ ခက်တယ်။ မြန်မာလို ထပ်တူညီ အသုံးအနှုန်းရှာသုံးရင်လည်း အဓိပ္ပါယ်မှာပေါ့သွားပြီး အဓိပ္ပါယ်ဦးစားပေးရေးရင်လည်း ခံစားမှုကို ပေါ်အောင် ရေးလို့မရဘူး၊ (ဒါက ဘယ်ဘာသာမဆို ဘာသာပြန်တဲ့သူတိုင်းရဲ့ အခက်အခဲဖြစ်မယ်)
သီချင်းနာမည်က “အို ချစ်သော အမိမြေ” တဲ့
အို ငါ့ရဲ့ ချစ်သောအမိမြေ
အို ငါစွန့်ခဲ့ရသော ဥယျာဥ် ရေ
ငါ့ နှလုံးကို သင့်အတွက် ပူဇော်ပါ၏ (စတေးပါ၏)
(အို အမိမြေရေ)
သင်သာလျင် ငါ့ရဲ့ အလိုဆန္ဒ
သင်သာလျင် ငါ့ရဲ့ ဂုဏ်ပြုရာ
သင်သာလျင် ငါ့ရဲ့ဘဝပါ (ငါ့ရဲ့အသက်ပါ)
နင့်ရဲ့ ရင်ပြင် ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့လေတွေကို ငါအလေးပြုအရိုအသေပေးပါတယ်
နင့်နာမည်ကို တသ လိုက်တဲ့ ဘယ်နှုတ်ခမ်းကို မဆို ငါအမြတ်တနိုး နမ်းပါ့မယ်
အားလုံးထက် အလှဆုံး နံနက်ခင်းက နင့်ရဲ့ နံနက်ခင်းပါ
အားလုံးထက် အတောက်ပဆုံး ညနေခင်းက နင့်ရဲ့ ညနေခင်းပါ
ငါ့ နှလုံးကို သင့်အတွက် ပူဇော်ပါ၏ (စတေးပါ၏)
(အို အမိမြေရေ)
သင်သာလျင် ငါ့ရဲ့ အလိုဆန္ဒ
သင်သာလျင် ငါ့ရဲ့ ဂုဏ်ပြုရာ
သင်သာလျင် ငါ့ရဲ့ဘဝပါ (ငါ့ရဲ့အသက်ပါ)
တခါတလေမှာ အမိမြေက
ငါ့မိခင်ရဲ့ နှလုံးသားဖြစ်ပြီး ငါ့ရင်မှာကပ်ဖက်တွယ်မိတယ်။
တခါတလေတော့လည်း အမိမြေက
ငါ့အချစ်ဆုံးသမီးလေးဖြစ်ပြီး ချစ်သမီးကိုသတိရသလို သတိရနေတယ်။
အမိမြေကို သတိရရင် တဖျတ်ဖျတ်ခံစားရပါတယ်။
ငါ့ နှလုံးကို သင့်အတွက် ပူဇော်ပါ၏ (စတေးပါ၏)
အမိမြေရေ အသင့်ရဲ့မြေပြင်ကို စွန့်ပြီး
အဝေးကြီးမှာ ငါရောက်နေရတယ်။
သင့်ရဲ့ အမြုတေ အနှစ်သာရတွေကို တိုင်တည်ပြီး ကျိန်ပြောပါတယ်။
ငါ့ရဲ့ ဆန္ဒ အစစ်အမှန်က လေ
ငါ့ကို မွေးဖွားခဲ့တဲ့နေရာမှာပဲ ငါ့ဘဝရဲ့ နောက်ဆုံးထွက်သက်ကိုရှူချင်တာပါ။
ငါ့ နှလုံးကို သင့်အတွက် ပူဇော်ပါ၏ (စတေးပါ၏)
(အို အမိမြေရေ)
သင်သာလျင် ငါ့ရဲ့ အလိုဆန္ဒ
သင်သာလျင် ငါ့ရဲ့ ဂုဏ်ပြုရာ
သင်သာလျင် ငါ့ရဲ့ဘဝပါ (ငါ့ရဲ့အသက်ပါ)
အို ငါ့ရဲ့ ချစ်သောအမိမြေ
အို ငါစွန့်ခဲ့ရသော ဥယျာဥ် ရေ
ငါ့ နှလုံးကို သင့်အတွက် ပူဇော်ပါ၏ (စတေးပါ၏)
ဒါက တပ်ကုန်းရောက်ဘိတ်သူရဲ့ ဘိတ်အလွမ်းပို့စ်
https://m.facebook.com/story.php?story_fbid=2663874523967106&id=100010337524392
တိုင်းပြည်စွန့်ခွာပြီး ရေခြားမြေခြားကို သွားရောက်အခြေချတဲ့သူတွေ တော်တော်များတယ်။ ပြည်တွင်းမှာ နေထိုင် လုပ်ကိုင်စားသောက်လို့ အဆင်မပြေလို့ နိုင်ငံတကာထွက်ပြီး အလုပ်လုပ်ကြသူတွေ၊ မိသားစုလိုက်အပြီးပြောင်းရွှေ့အခြေချသွားသူတွေရှိတယ်။
၈၈ တဝိုက်ဆီက သွားခဲ့ကြတဲ့သူတွေ တချို့တွေ မြန်မာပြည်ကိုပြန်လာလည်ချင်ကြလွန်းလို့ တိုင်းပြည်မှာ နိုင်ငံရေး အခြေအနေအပြောင်းအလဲဖြစ်ပြီးပြန်လာခွင့်ရဖို့ စောင့်နေကြတယ်။
မတော်တဆ ကျွန်တော်တို့တွေ အဲဒီလိုရောက်သွားရင်လည်း အဲဒီလိုပဲ ပြန်ချင်နေမယ်ထင်တယ်။
အသက်ငယ်ငယ်နဲ့ မိဘနဲ့အတူ နိုင်ငံခြားရောက်သွားတဲ့ကလေးတွေတော့ သိပ်ကံကောင်းကြတယ်။ သူတို့မှာ အမိမြေလွမ်းစိတ် ပြန်ချင်စိတ်ဆိုတဲ့ ကျိန်စာ မရှိကြဘူး။