Report of the Special Rapporteur on the situation of human
rights in Myanmar
MP U Shwe Maung
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ သောမါစ်အင်ဒရူးမှ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းမည့် အစီရင်ခံစာကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်မှာ ကြိုတင်ထုတ်ပြန်လိုက်ပါတယ်။
ရိုဟင်ဂျာနှင့် ရခိုင်အရပ်သားတွေပေါ် အကြမ်းဖက်မှုဆိုတဲ့ခေါင်းစဉ်နှင့် အပိုဒ် (၅၁) မှ (၇၁) ထိ ရေးသားထားပါတယ်။ အရေးကြီးတဲ့ အချက်အလက်တစ်ချို့ကို အနှစ်ချုပ် ဘာသာပြန်ပေးလိုက်ပါတယ်။
၁။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ် မှာ ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့် ဘင်္ဂလားဒေရှ့် ဒုက္ခသည် စခန်းများသို့ ရောက်ရှိ
၂။ ရခိုင်တွေလဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတာရှိ
၃။ ၂၀၂၄ မေလတွင် စစ်တွေအနီးရှိ ဗျိုင်းဖြူရွာတွင် ရခိုင်ရွာသား ၉၀ ခန့်ကို စစ်သားတွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ မသတ်ခင် အမျိုးသမီးတွေက်ု အုပ်စုဖွဲ့ မုဒိန်းကျင့်
၄။ ၂၀၂၅ ဇန္နဝါရီလတွင် ရမ်းဗြဲကျွန်းကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သား ၄၀ ခန့်သေဆုံး
၅။ စစ်အစိုးရ တပ်ဖွဲ့ဝင်များက ဘူးသီးတောင်ရှိ ရခိုင်ရွာနှင့် ရပ်ကွက်များကို မီးရှို့၊ စစ်သားများက အရပ်သားများကို လူသားဒိုင်းအဖြစ်သုံး
၆။ အာရ်ကန်အာမီကို တိုက်ခိုက်ရန်အတွက် စစ်အစိုးရတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ လူကြီးနှင့် လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်း
၇။ အာရ်ကန်အာမီကလဲ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်
၈။ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံရွာတွင် ရိုဟင်ဂျာအရပ်သား အများအပြားကို ၂၀၂၄ ခုနှစ် မေလတွင် အာရ်ကန်အာမီ စစ်သားများက သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက အစီရင်ခံ
၉။ ၂၀၂၄ ခုနှစ် မေလတွင် စစ်အစိုးရတပ်ဖွဲ့ဝင်များ ထွက်ပြေးပြီး နောက်ပိုင်း အာရ်ကန်အာမီက ဘူးသီးတောင်မြို့ရှိ ရိုဟင်ဂျာရပ်ကွက်များကို မီးရှို့ဖျက်ဆီး
၁၀။ ဂြိုလ်တုဓါတ်ပုံများအရ ဘူးသီးတောင်မြို့ရဲ့ အစိတ်အပိုင်းများစွာကို အာရ်ကန်အာမီမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အတည်ပြု
၁၁။ ရိုဟင်ဂျာများ ထွက်ပြေးနေစဉ် အာရ်ကန်အာမီ စစ်သားများက သေနတ်တွေနဲ့ ပစ်ကြောင်း၊ အိမ်ထဲတွင် လူများရှိနေစဉ် အိမ်များကို မီးရှို့ကြောင်း နှင့် ရာပေါင်းများစွာသော လူသေအလောင်းများကို တွေ့ရှိခဲ့ကြောင်း ရိုဟင်အရပ်သားများက အထူးအစီရင်ခံစာ တင်သွင်းသူကိုပြော
၁၂။ ၂၀၂၄ ခုနှစ် ဇွန်လတွင် အာရ်ကန်အာမီက အရပ်သားများ မောင်တောမြို့မှ ထွက်ခွါပေးရန် အမိန့်ထုတ်၊ ရိုဟင်ဂျာများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြာင်း၊မြေပြင်မှ တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေများကပြော
၁၃။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အာရ်ကန်အာမီက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် နတ်မြစ်ကမ်းခြေတွင် ရိုဟင်ဂျာ အရပ်သား ၁၀၀ ကျော် သေဆုံး၊ ထိုတိုက်ခိုက်မှုများတွင် အသိမိတ်ဆွေနှင့် မိသားစုဝင်များ ဆုံးရှုံးခဲ့သော ရိုဟင်ဂျာများစွာက အစီရင်ခံစာ တင်သွင်းသူကိုပြောပြ
၁၄။ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် အစီရင်ခံစာတင်သွင်းသူက ဘင်္ဂလားရ်ှေ့ ဒုက္ခသည်စခန်းသို့ အသစ်ရောက်လာသူများနှင့် စကားပြောခဲ့၊ အာရ်ကန်အာမီ ဖမ်းဆီးသွားခဲ့သော မိသားစုဝင်များ၊ ရွာသားများ ဘယ်နေရာမှာရှိတယ်ဆိုတာနဲ့ သူတို့ရဲ့အခြေအနေကို မသိရကြောင်း ရိုဟင်ဂျာ အများအပြားက အစီရင်ခံစာ တင်သွင်းသူကို ပြောပြခဲ့၊ အာရ်ကန်အာမီ ဖမ်းဆီးထားရာမှ လွတ်မြောက်လာသူ ရိုဟင်ဂျာအမျိုးသားများက ရက်ရက်စက်စက် ညှင်းပန်းနှိက်စက်မှုများ၊ ခေါင်းဖြတ်ကွပ်မျက်မှုများကို ရှင်းပြ
၁၅။ အာရ်ကန်အာမီ အရာရှိများသည် ရိုဟင်ဂျာအရပ်သားများကို အာရ်ကန်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွါသွာရန် ခြိမ်းခြောက်ခြင်း (သို့) အတင်းအကျပ် မောင်းထုတ်ခြင်းများပြလုပ်ဟု တင်ပြမှုများရှိ၊ ထွက်ခွါခွင့်ရဖို့လည်း အခကြေးငွေများ အတင်းအားဓမ္မတောင်း၊ ပြန်ဝင်လာသူ ရိုဟင်ဂျာအချို့ကိုလည်း ဖမ်းဆီးထိမ်းသိမ်း
၁၆။ အာရ်ကန်ပြည်နယ်တွင် ကျန်ရှိနေသော ရိုဟင်ဂျာများကိုလည်း အာရ်ကန်အာမီမှ သွားလာမှုများ ကန့်သတ်၊ ခရီးသွားလက်မှတ်အတွက် ငွေပေးရ၊ ငါးဖမ်းခြင်း စိုက်ပျိုးခြင်းများကို တားမြစ်
၁၇။ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုများကြောင့် ရိုဟင်ဂျာဒုက္ခသည် ၁၅၀,၀၀၀ ခန့် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရ
၁၈။ အစီရင်ခံစာ တင်သွင်းသူမှ ဗိုလ်ချုပ် ထွန်းမြတ်နိုင် အပါအဝင် အာရ်ကန်အာမီ ခေါင်းဆောင်ပိုင်းနှင့် အကြိမ်များစွာ စကားပြောဖြစ်၊ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ချိုးဖောက်မှုများအတွက် အာရ်ကန်အာမီ တာဝန်ရှိမှုကို ပြင်းပြင်းထန်ထန် ငြင်း
၁၉။ ထန်းရှောက်ခန် အစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် စွပ်စွဲခြင်းခံထားရသော လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အစီရင်ခံစာ တင်သွင်းသူအား ဖိတ်ကြား