Endorphins, causes of release and effects Vs အိုမာခယမ်၏ ဆူဖီ တွေ တရားထိုင်ရင်လဲအင်ဒိုဖင်းထွက်ပါတယ်

Endorphins—our body’s natural “feel-good” chemicals—are released not only during trauma or pain, but also through many pleasurable and healthy activities. Their effects include pain relief, stress reduction, and mood elevation.

What Are Endorphins?

Endorphins (short for endogenous morphines) are peptide hormones produced by the brain and nervous system. They bind to opioid receptors, mimicking the effects of morphine to:

  • Relieve pain
  • Reduce stress
  • Enhance mood and pleasure
  • Promote a sense of well-being

Causes of Endorphin Release (Beyond Trauma or Pain)

Here are common and accessible ways people can stimulate endorphin production:

Physical Activity

  • Aerobic exercise (e.g., running, swimming, cycling) is the classic trigger—especially the “runner’s high” linked to beta-endorphins
  • Moderate walking or dancing also works if done consistently

Emotional and Social Triggers

  • Laughter—especially in social settings—can significantly boost endorphins
  • Positive social interactions, bonding, and acts of kindness

Sensory and Physical Pleasure

  • Massage therapy and acupuncture
  • Sexual activity and intimacy
  • Listening to music that evokes strong emotions

Food and Taste

  • Eating spicy foods (capsaicin stimulates pain receptors)
  • Dark chocolate and comfort foods—though effects may be mild

Environmental and Mindful Practices

  • Sunlight exposure (helps regulate mood and endorphin levels)
  • Meditation, deep breathing, and yoga
  • Cold exposure (e.g., cold showers) may also trigger release

Effects of Endorphin Release

When endorphins flood the system, they produce:

  • Natural pain relief (especially useful for chronic pain)
  • Euphoria and emotional uplift
  • Reduced anxiety and depression symptoms
  • Improved immune function and resilience
  • Better sleep and energy regulation

I just shared for GENERAL KNOWLEDGE only. But there are some scientific background in the following Suffi post.

Htin Linn Thant

ဆရာစိုင်းခမ်းလိပ်က အိုမာခယမ်ရဲ့ ရူဘာအီယသ် ကဗျာတွေကိုလှပတဲ့ တေးတွေဖွဲ့ပြီး အနုပညာနဲ့သူနိုင်သလောက်အေးချမ်းစေခဲ့ပါတယ်

အိုမာခယမ်ကရေးတယ်

စာတချို့ကိုဖတ်ဖို့

ငါ့၀ိဥာဥ်ကို

အာရုံလွန်နယ်မြေအတိုင်းလွှတ်လိုက်တယ်

သိပ်မကြာပါဘူး

ငါ့၀ိဥာဥ်ကငါ့ဆီပြန်လာပြီးပြောပြတယ်

နိဗ္ဗာန်နဲ့ငရဲဆိုတာ

ကျုပ်ကိုယ်တိုင်ပါဘဲတဲ့

လူတဦးသေဆုံးသွားခြင်း ကိုဆူဖီတွေကထောင်ကလွတ်ခြင်းလို့သဘောထားပါတယ် ။ဘာသာရေးဆရာတွေအားလုံး ရက်ဘိုင်တွေ အိုလမာတွေ ဟာဘုရားသခင်ကိုကြောက်ရမဲ့သူလို့ မှတ်ထားပြိးဘုရားသခင်ဆိုတာချစ်ရမဲ့သူဆိုတာကိုသူတို့မကြိုက်ကြဘူး ၊ဒီတော့ဘုရားသခင်ကို တင်စားပြီးပြောတာမှန်သမျှ သူတို့အကန်းအပင်းတွေလိုနားမလည်ကြပါဘူး ဆူဖီတွေဟာ စျာန်သမ္မာပတ်၀င်စားပြီးယစ်မူးနေတာက်ို စပျစ်ရည်တို့၀ိုင်တို့ မူးခြင်းနဲ့တင်စားပါတယ် ဒါကို ရူမီတို့အိုမာခယမ်တို့က အ ရက်သမားတွေပါကွာ လို့ဘဲတွေးတတ်ရင် တော့ အဲဒီလူရဲ့အဆင့်ဟာ အာရဗီနဲ့ဘာသာရေးကို ကေဂျီ အဆင့်ဘဲလို့သတ်မှတ်ရပါလိမ့်မယ် ၊ ပထမဆုံးပညာရပ်ဆိုင်ရာမပါမဖြစ်စကားလုံးတွေကိမပါမဖြစ်လောက်ဘဲပြောပါရစေ သာမာန် ပုဂ္ဂိုလ်များနားလည် စေချင်လို့ပါ ၊

ပထမဆုံး အင်ဒိုဖင်း (Endorphin) ဆိုတဲ့လူရဲ့ခန္တာကိုယ်ထဲကပျော်ရွှင်မှု ကိုဖြစ်ပေါ်စေတဲ့ ဓါတ်တမျိုးလို့ဆိုရပါလိမ့်မယ် Endorphin ဆိုတာ Endogenous Morphine ၂မျိုးပေါင်းထားတာပါ

ဒါဟာ Pituitary gland ကနေထွက်လာတဲ့ဟော်မုန်း

ပါ အင်ဒိုဖင်းထွက်တဲ့အခြေအနေမျိုးဟာ ဘယ်လိုလဲဆိုတာ အများကြီးရှိတဲ့အထဲက ၀ိုင်တို့အရက်တို့သောက်ရင်အင်ဒိုဖင်းဓါတ်ထွက်သလို လိင်ဆက်ဆံရင်လဲအင်ဒိုဖင်းထွက်ပါတယ် ၊ ကခုန်ရင်လဲ အင်ဒိုဖင်းဓါတ်ထွက်သလို ဂီတနဲ့ နှစ်သက်ရာသီချင်းကိုနားထောင်ရင်လဲအင်ဒိုဖင်းဓါတ်ထွက်ပါတယ် ၊ တရားထိုင်ရင်လဲအင်ဒိုဖင်းထွက်ပါတယ် ၊

သမာဓိကြောင့်ဝေဒနာပျောက်သွားတယ် ဆိုတာ သမာဓိကိုသတိနဲ့ဖမ်းဆုပ်ထားလိုက်တဲ့အခါ သမာဓိအားကောင်းနေသူထဲက သွေးကိုစစ်ကြည့်လိုက်ရင်အင်ဒိုဖင်းဓါတ်တွေ အတော်များများထွက်နေတာကို တွေ့ရပါတယ် ဒါဟာဦးနှောက်က အင်ဒိုဖင်းကိုထုတ်ပေးနေတာကိုး ၊ ဒီတော့ဆူဖီတွေရဲ့ဇိကီရ် ( တရားထိုင်ခြင်း ) ကနေရလာတဲ့များပြားတဲ့အင်ဒိုဖင်းတွေဟာ ဂီတသံစဥ်တွေဖြစ်ပေါ်လာပြီး မော်လ၀ီအကတွေဖြစ်လာကြတာပါ ဒီသမာဓိအပေါ်မှာ ယစ်မူးနေခြင်းကိုဆူဖီတွေက၀ိုင်အရက်မူးခြင်းရဲ့အရသာနဲ့တင်စားပါတယ် ၊ အရက်မူးလာရင် လူဟာာပျော်ရွင်လာပြီး အာသွက်လာပါတယ် ငမူးတွေအာသွက်လာတာက အပြင်က သူသောက်တဲ့အရက်ကြောင့်ဖြစ်ပြီး ဆူဖီတွေ ဇကီးရ်မှာ အာသွက်လာတာ မအ်ရေဖသ် ရဲ့အတွင်းစကားကိုလူပိန်းတွေရှေ့နုတ်ကထွက်သွားတာဟာ ခန္နာကိုယ်တွင်းက သူ့ရဲ့သမာဓိအားကထွက်လာတဲ့ အင်ဒိုဖင်းကြောင့်ပါဘဲ

ဒါဟာ သာမာန်ထက်လွန်ကဲတဲ့စွမ်းအားကိုရသွားတာပါ ဆူဖီတို့ဟာ ခန္နာကိုယ်အတွင်းကထွက်လာတဲ့စွမ်းအင်တွေကို ဘုရားရှင်ရဲ့စွမ်းအင်နဲ့ကူးလူးနေခြင်း အမှီသဟဲပြုနေခြင်းဖြစ်ပါတယ် မူလစွမ်းအင်ကနေထပ်တိုးစွမ်းအင်ကိုသူတို့ရသွားတာပါဘဲ

တခုသတိထားကြည့်ပါ အိမ်ထောင်သည်တွေလိင်ဆက်ဆံတံ့အခါ ပထမပိုင်းအရှက်နဲ့အကြောက် ရှိနေသေးလို့သိပ်လွတ်မထွက်သွားပေမဲ့ Orgasm

ဖြစ်ခါနီးနေ စိတ်ရောကိုယ်ပါသိစိတ်ရဲ့ထိန်းချုပ်ခြင်းကနေ လွတ်ထွက်သွားတတ်ကြပါတယ် ၊ဒါကအမျိုးသမီးရောအမျိုးသားပါဖြစ်တတ်ပါတယ် ဒီအချိန်မှာ နှစ်ဦးစလုံး ဟာစိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတတ်တာဟာ အင်ဒိုဖင်း ကြောင့်ပါ ဒီလိုအချိန်မျိုးမှာ ရှက်ရကောင်းမှန်းမသိတာမျိုးတွေ နုတ်ကလွှတ်ကနဲထွက်သွားတတ်ပါတယ် ဥပမာပေးရတာသိပ်မလှပေမဲ့ ဒီဥပမာလိုပါဘဲ

ဆူဖီတွေရဲ့ရှားသီယသ် ဖြစ် ( စျာန်၀င်စားခြင်း )

နေချိန်မှာ ဆူဖီတို့ဟာ ငါဟာ ငါတည်း ၊ ငါသည်သာ ဘုရားရှင်တည်း ၊ အဖ ဘုရားရှင် တို့ဆိုပြီး လွှတ်ကနဲထွက်သွားတတ်ပါတယ် ၊ ဒါကိုဒီကောင်တော့ သူ့ကိုယ်သူဘုရားလို့ပြောနေပြီဘုရားသားလို့ပြောနေပြီဆိုပြီးအသတ်ခံရပါတော့တယ် အလ်ဂဇာလီ က ရှားသီယသ်အခြေအနေဟာအရှင့်အားစွဲလန်းလွန်းသောအခြေအနေမှာအလွန်အကျုးကြွေးကြော်ချက်လို့ဆိုပါတယ် ၊ ဆူဖီတွေဟာ လင်မယားတဏှာကိစ္စကြောင့်အင်ဒိုဖင်းအလွန်အကဲထွက်လာတာမဟုတ်ဘဲ သူတို့ဟာ ဘုရားရှင်ကို ချစ်လွန်းအားကြီးလို့ဖြစ်လာတဲ့ မိမိကိုယ်တွင်းအင်ဒိုဖင်းဓါတ်ထွက်လာမှုရဲ့ ရလဒ်ပါ ၊

ဒါကို အင်ဒိုဖင်းအကြောင်း ရှာဖတ်ရင်အသေးစိတ်တွေ့နိုင်ပါတယ် ဗုဒ္ဓဘာသာရဟန်းတော်တွေဖြစ်တဲ့ဦးဆန္တာဓိက တောင်ရေးထားပါတယ် နားလည်အောင်ဖတ်ပါ

ဒါကြောင့်အိုမာခယမ် ရဲ့ကဗျာတပုဒ်ကိုဖတ်ပါ

အိုအချစ်ရယ်

မင်းနဲ့ငါ” သူ” နဲ့အတူ

စည်းလွတ်၀ါးလွတ်ပူးပေါင်းနိုင်အောင်

အားလုံးတွေကိုထဲ့ရေးထားတဲ့

သည်ဖွဲ့စည်းပုံစည်းမျဥ်းစာတမ်းကြီးတုံ့ကနဲရပ်သွားတဲ့အထိဆွဲထားနိုင်ပါ့မလား

ဒါမှမဟုတ်

နှလုံးသားရဲ့တောင့်တမှုနဲ့

နီးစပ်သည်ထက်နီးစပ်အောင်

ဒါကိုဘဲပုံစံအသစ်သွန်းလောင်းကြရအောင်လားတဲ့

မွတ်စလင်မိတ်ဆွေတွေမင်းနဲ့ငါက ဘသူလဲ

သူကဘသူလဲ စဥ်းစားပါ

နမာဇ် ဖတ်နေရုံ အီမာန်၇ ချက်ကိုယုံကြည်လိုက်ရုံံကျင့်သုံးလိုက်ရုံနဲ့အလ္လာ့ကိုသိလိမ့်မယ်လို့ဘယ်တော့မှ မစဥ်းစားလိုက်ပါနဲ့ စင်္ကြာ၀ဠာရဲ့ဖြစ်တည်ပုံ ကိုမသိဘဲနဲ့ အလ္လာဟူအက္ကဘရ်လို့ပါးစပ်ဖျားကမအော်ပါနဲ့ တကယ်မှမသိဘဲနော်

အစ်လမေ့သဆောင်၀ုဖ် ဆူဖီဓမ္မကိုနားမလည်သူများကျော်သွားနိုင်ပါတယ်

အိုအရှင် ရယ်

ကြယ်ကလေးတွေတောက်ပနေတုံး

လူတွေကတော့မျက်လုံးမှိတ်ကုန်ကြပါပြီ

ဘုရင်မင်းမြတ်တွေလည်း အဆောင်တံခါးတွေပိတ်လို့

ချစ်ရသူတိုင်းလဲချစ်သူကိုယ်စီနဲ့အတူ

ရှိနေကြပါပြီ

အကျွန့်မှာလဲ အရှင်နဲ့အတူရှိနေပြီပေါ့ ၊

🌺🌺ရာဘီယာဘဆရီ သခင်မ 🌺🌺

ရာဘီယာဟာ ဘုရားရှင်ကိုသူ့ချစ်သူလို့ကဗျာဖွဲ့တိုင်း ဘုရားရှင်နဲ့သူသမီးရည်းစားလို့ထင်ကြရင်တော့ နှာတွေးတွေးတဲ့ နှာဘူးတွေဘဲဖြစ်ပါလိမ့်မယ်

သခင်ယေရှုဟာ သူဟာ သားတော်လို့ပြောတိုင်း လူ့ဘ၀ကလူတွေလိုအဖေအရင်းလို့ပြောတာလို့ထင်ရင်တော့ ဆူဖီ အတွေးအခေါ်ဒဿန ကိုနကန်းတလုံးနားမလည်ကြသေးပါဘူး

ဂျုးတွေရဲ့သမ္မာကျမ်းစာဟောင်း ရှောလမုံသိီချင်းမှာလဲ ဒီလိုအဖွဲ့အနွဲ့မျိုးတွေတွေ့ရပါတယ် ရှောလမုန်ဟာ ချစ်ကဗျာတွေ ဖွဲ့နေတာပေမဲ့သူ့ချစ်သူဟာ ဘုရားသခင်ကိုပြောတာကိုနားလည်ပါ

အဆုံးမဲ့ချစ်ခြင်း ဟာ လိင်စိတ်ရှိတဲ့သူလိင်ရှိတဲ့သူတွေနဲ့လားလားမှမအပ်စပ်ပါဘူး

READ ALSO: Sufism

Share This Post

More From Author

A Rare Window for Peace — Beyond Love or Hate, Toward Justice and Humanity

No to military rule: Asean stakeholders call Myanmar elections a threat to regional stability