British Medical Journal: Hajj နှင့် ဟဂျ်ကာလ ၅ ရက်တာ အကျဉ်းချုံး

ဟဂျ်ကာလ ၅ ရက်တာ အကျဉ်းချုံး

Eaindray Ko Ko 

ဟဂျ်ကာလ ၅ ရက်တာ အကျဉ်းချုံး▪️

ရေမိုးချိုးပါ။

အဲဟ်ရာမ်ပတ်ပြီး နဖိလ် ၂ ရကအသ်ဖတ်ပါ။

ပြီးနောက် ဟဂျ်ရဲ့ နီယသ်လုပ်ပါ။

မိနာ သွားဖို့ အဆင်သင့် ပြင်ပါ။

1️⃣ ဟဂျ်ပထမနေ့

မီနာ၌ တစ်နေကုန်နေရမည်။

နမားဇ်တိုင်းကို ဂျမာအသ်နဲ့ဖတ်ပါ။

အားလပ်ချိန် သိလာဝသ်၊ ဇိကိရ်၊ ဒုအာတို့၌ ရှိနေပါ။

ညပိုင်းတွင် အရဖားသ်ကွင်းပြင်သို့ သွားရန် ပြင်ဆင်ပါ။

2️⃣ ဟဂျ် ဒုတိယနေ့

(အရဖဟ်နေ့)

ဖဂျရ်နမားဇ် စလာမ်လှည့်အပြီးတွင် သက်ဗီးရ် စတင် ဆိုရတော့မည်။

မနက်ပိုင်းတွင် အရဖားသ်ကွင်းပြင်တွင် အနားယူပါ။

မွန်းမတည့်ခင် ဝူဇူလုပ်ကာ ဆိုင်းငံ့ရန် အဆင်သင့်ပြင်ပါ။

မွန်းလွဲပြီးနောက် အရဖားသ်ကွင်းပြင်၏ ဆိုင်းငံ့ချိန် စတင်ပါပြီ။

ဇိုဟိုရ်နမားဇ်ဖတ်ပါ။

ပြီးနောက် ဒုအာထဲမှာ နစ်မွန်းနေပါ။

အဆွရ်အချိန် အဆွရ်ဖတ်ပါ။

ပြီးနောက် မွဇ်ဒလိဖဟ်သို့ သွားရန်ပြင်ဆင်ပါ။

နေဝင်ပြီးနောက်ကားများ မွဇ်ဒလိဖဟ်သို့ ထွက်ခွါပါမည်။

မွဇ်ဒလိဖဟ်ရောက်မှသာ အိရှာအချိန်တွင် မဂ်ရိဗ်နှင့်အိရှာတို့ကို ပေါင်းဖတ်ပါ။

ပြီးနောက် ရှိုင်သွာန်ခဲပေါက်ရန် ခဲ စုဆောင်းပါ။

မွဇ်ဒလိဖဟ်၌ အိဗာဒသ်လုပ်ရင်း ညတာကို ကုန်ဆုံးပါ။ အိပ်စက်အနားယူလိုကလည်း ယူနိုင်သည်။

3️⃣ ဟဂျ် တတိယနေ့

ဆွဗ်ဟေဆွာဒိက်နောက်ပိုင်း မွဇ်ဒလိဖဟ်၌ ခေတ္တမျှ ဆိုင်းငံ့ရန် အရေးကြီးသည်။

မွဖ်ဒလိဖဟ်တွင် ဖဂျရ်နမားဇ်ဖတ်ပါ။

ဖဂျရ်ပြီး ခေတ္တမျှထိုင်ပါ။

ပြီးနောက် ရှိုင်သွာန်ခဲပေါက်ရန် ဂျမရားသ်သို့ သွားဖို့ ပြင်ဆင်ပါ။

ဂျမရားသ်သို့ရောက်သည့်အခါ ရှိုင်သွာန်မှတ်တိုင်အကြီးကို ခဲ ၇ လုံးပေါက်ပါ။

ပြီးနောက် မက္ကာဟ်ရှိ ဟိုတယ်သို့ ပြန်လာပါ။

ကုရ်ဘာနီ ပြီးသည်ဟု သိရှိရမှ ကတုံးတုံး/ ဆံပင်ဖြတ်၍ အဲဟ်ရာမ် ချွတ်ပါ။

သွဝါဖေဇိယာရသ်လုပ်ပါ။ ပြီးနောက် ဟဂျ်ရဲ့စအီကို ပြုလုပ်ပါ။

4️⃣ ဟဂျ် စတုတ္ထနေ့

နေ့လယ် ဇိုဟိုရ်ပြီးနောက် ဂျမရားသ်သို့သွာ၍ မှတ်တိုင် ၃ တိုင်လုံးကို ခဲပေါက်ပါ။

ပြီးနောက် မိနာပြန်၍ အိပ်ပါ။

5️⃣ ဟဂျ် ပဉ္စမနေ့

နေ့လယ် ဇိုဟိုရ်ပြီးနောက် ဂျမရားသ်သို့သွာ၍ မှတ်တိုင် ၃ တိုင်လုံးကို ခဲပေါက်ပါ။

ပြီးနောက် မက္ကာဟ် ပြန်ပါ။

(ဤတွင် ဟဂျ် ၅ ရက်တာ ပြီးပါပြီ)

တင်ပြသူ – မွဖ်သီ မုဟမ္မဒ် နူရွလ္လာဟ် BE (Civil)

Mufti Muhammad Nurullah

Share This Post

More From Author

Mongol (Tartar) conquests had a significant impact on the spread of Islam across Asia

Hajj explained: Your simple guide to Islam’s annual pilgrimage