အမေရိကန်၊ မြန်မာ့ မြေရှား သတ္တုတူးဖော်ရေး အဆိုပြုချက်များ ဆွေးနွေး

ဝါရှင်တန်/ဘန်ကောက်၊ ဇူလိုင် ၂၈ (ရိုက်တာ) – အမေရိကန် ထရမ့်အစိုးရသည် မြန်မာနိုင်ငံရှိ ရှားပါးမြေရှား (rare earth) သတ္တု စျေးကွက် ကို ဗျူဟာမြောက် ပြိုင်ဘက် တရုတ်ထံမှ လွှဲပြောင်း၀ယ်ယူရန် ရည်ရွယ်ချက်ဖြင့် အမေရိကန် ရဲ့ မြန်မာဆိုင်ရာ နှိင်ငံခြားရေး မူဝါဒကို ပြောင်းလဲရန် အဆိုပြုချက်များကို ဆွေးနွေးနေကြောင်း သတင်း အရင်းအမြစ် ၄ ခုက ပြောသည်။

အဆုံးအဖြတ် သေခြာ မသိရသေးသော်လည်း၊ အကောင်အထည်ဖော်ဖို့ အခက်အခဲများ ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ အကယ်၍ ဤအဆိုများကို အကောင်အထည်ဖော်ပါက၊ အမေရိကန်သည် မြန်မာ့ ရှားပါးမြေရိုင်း သတ္တုအများစုကို ထိန်းချုပ်ထားသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် သဘောတူညီမှု ရယူရန် လိုအပ်မည်ဖြစ်သည်။

အဆိုပြုချက်များတွင် မြန်မာစစ်ကောင်စီနှင့် KIA အကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရန် ဆွေးနွေးခြင်း (သို့မဟုတ်) KIA နှင့် တိုက်ရိုက်အလုပ်လုပ်ရန် တို့ပါဝင်သည်။

ရှားပါးမြေရိုင်း၏ အရေးပါမှု
ရှားပါးမြေရိုင်းသတ္တုများကို စစ်လေယာဉ်များ၊ အဆင့်မြင့် လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ အမေရိကန်သည် ဤသတ္တုကို အနည်းငယ်သာ ထုတ်လုပ်ပြီး တရုတ်အပေါ် မှီခိုနေရသည်။ ကမ္ဘာ့ ရှားပါးမြေရိုင်း သန့်စင်စက်ရုံ ၉၀% ခန့်ကို တရုတ်က ပိုင်ဆိုင်ထားသည်။

စစ်ကောင်စီနှင့် ဆက်ဆံရေး ပြောင်းလဲမှု?
ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုများကြောင့် အမေရိကန်က စစ်ကောင်စီအား ပိတ်ဆို့ဒဏ်ခတ်ထားသော်လည်း၊ ယခုအခါ စစ်ကောင်စီပါတီဝင်အချို့အား ဒဏ်ခတ်မှုများ ရုပ်သိမ်းခဲ့သည်။ သို့သော် အမေရိကန်အရာရှိများက မြန်မာ့မူဝါဒ ပြောင်းလဲမှု မရှိဟု ငြင်း ဆိုနေဆဲဖြစ်သည်။

အဆိုပြုချက်များ

  • မြန်မာသို့ အမေရိကန်၏ ၄၀% အကောက်ခွန် ခြိမ်းခြောက်မှုကို လျှော့ချခြင်း
  • စစ်ကောင်စီပိတ်ဆို့မှုများ ရုပ်သိမ်းခြင်း
  • အိန္ဒိယနှင့် ပူးပေါင်း၍ ရှားပါးမြေရိုင်း သန့်စင်ခြင်း
  • ဤလုပ်ငန်းများအတွက် အထူးကိုယ်စားလှယ် ခန့်ထားခြင်း

KIA နှင့် ဆွေးနွေးမှုများ
အမေရိကန်အရာရှိများသည် KIA နှင့် သွယ်ဝိုက်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အရင်းနှီးသူများက ဆိုသည်။ KIA ထိန်းချုပ်ထားသော ကချင်ပြည်နယ်ရှိ သတ္တုတွင်းများမှ ရှားပါးမြေရိုင်းများကို တရုတ်သို့ တင်ပို့နေပြီး၊ အမေရိကန်က ဤသတ္တုများကို အိန္ဒိယမှတစ်ဆင့် ရယူရန် စီစဉ်နေသည်။

အခက်အခဲများ
ကချင်ပြည်နယ်သည် တောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဤစီမံကိန်းအတွက် ကြီးမားသော အဟန့်အတားများ ရှိသည်။ ကျွမ်းကျင်သူများက “တရုတ်နယ်စပ်နှင့် နီးသော ဤသတ္တုတွင်းများမှ ပစ္စည်းများကို အိန္ဒိယသို့ ပို့ရန် တစ်ခုတည်းသော လမ်းရှိပြီး တရုတ်က ဟန့်တားမည်” ဟု သုံးသပ်သည်။

စစ်ကောင်စီ၏ တုံ့ပြန်မှု
ထရမ့်က မြန်မာ့ဆိုင်ရာ အကောက်ခွန်များ မြှင့်တင်ရန် ခြိမ်းခြောက်သော စာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့ခဲ့သည်။ မင်းအောင်လှိုင်က ထရမ့်၏ “ခိုင်မာသော ခေါင်းဆောင်မှု” ကို ချီးကျူးကာ အကောက်ခွန်လျှော့ချရန်၊ ပိတ်ဆို့မှုများ ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

သို့သော် အမေရိကန်အရာရှိများက ပိတ်ဆို့မှုရုပ်သိမ်းခြင်းသည် ဗိုလ်ချုပ်မှူးကြီး၏ စာနှင့် မသက်ဆိုင်ဟု ငြင်းဆိုသည်။

(သတင်းအချက်အလက် – ထရီဗာ ဟန်နီကတ်၊ ဒေးဗစ် ဘရန်းစထရိုမ် (ဝါရှင်တန်)၊ ဒက်ဂျီယို ဂိုရှား၊ ပေါ်ပီ မက်ဖာဆင် (ဘန်ကောက်)၊ ရှီဗမ် ပါထယ်၊ နီဟာ အရိုရာ (နယူးဒေလီ))


Spread the love

More From Author

ရိုဟင်ဂျာမွတ်စလင်များကို ရခိုင်တပ်မတော် (AA) ၏ ဖိနှိပ်မှုများ

ဗီဒီယိုသတင်း

အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
21:54
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
Myanmar Muslims News Network
Myanmar Muslims News Network