မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ဝေဖန်သူနှင့် ဆန္ဒပြသူများအား ထောင်ဒဏ်ချမှတ်ရန် ဥပဒေသစ်ပြဋ္ဌာန်း

မြန်မာစစ်ကောင်စီက ရွေးကောက်ပွဲကို ဝေဖန်ခြင်း သို့မဟုတ် ဆန္ဒပြခြင်းများပြုလုပ်ပါက ထောင်ဒဏ်ချမှတ်သည့် ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီအာဏာရလာကာ ဘက်ပေါင်းစုံပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ယခုနှစ်ကုန်မှာ ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေပြီး ၎င်းကို ငြိမ်းချမ်းရေးလမ်းစဟု ပြောဆိုနေသည်။

သို့သော် စစ်တပ်က ဖယ်ရှားခံခဲ့ရသည့် ဒီမိုကရေစီ အမတ်များအပါအဝင် အတိုက်အခံအုပ်စုများနှင့် အပြည်ပြည်ဆိုင်ရာ စောင့်ကြည့်သူများက ဤရွေးကောက်ပွဲသည် စစ်ကောင်စီက အာဏာကို တရားဝင်ဖြစ်အောင် ကြံစည်ခြင်းသာ ဖြစ်သည်ဟု ဝေဖန်ထားသည်။

အစိုးရသတင်းစာ Global New Light of Myanmar မှာ “အမျိုးသားဒီမိုကရေစီရွေးကောက်ပွဲများ အား အနှောင့်အယှက်ဖြစ်စေခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့မှ ကာကွယ်ရေး ဥပဒေ” ကို အင်္ဂါနေ့က ပြဋ္ဌာန်းလိုက်ကြောင်း ဖော်ပြထားသည်။

ဤဥပဒေ (၁၄ မျက်နှာ) မှာ “ရွေးကောက်ပွဲဖြစ်စဉ်ကို နှောင့်ယှက်ရန် မိန့်ခွန်းပြောခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် ကြေညာစာတမ်းများ ဖြန့်ဝေခြင်း” များကို တားမြစ်ထားကြောင်း သိရသည်။

ထိုသို့ပြုလုပ်သူများအား ၃ နှစ်မှ ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ပြီး အဖွဲ့လိုက်ပြုလုပ်ပါက ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ချိန်းခြောက်ထားသည်။

ထို့အပြင် မဲရွေးစာရွက်များနှင့် မဲပေးစခန်းများကို ဖျက်ဆီးခြင်း၊ မဲဆန္ဒရှင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲဝန်ထမ်းများအား ခြိမ်းခြောက်ခြင်း (သို့) ထိခိုက်အောင်ပြုလုပ်ခြင်းတို့ကိုလည်း တားမြစ်ထားကာ အများဆုံး နှစ် ၂၀ အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။
ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ကြိုးပမ်းမှုတွင် လူသေဆုံးသည့်ထိဖြစ်ခဲ့ပါက “ပြစ်မှုမှာ ပါဝင်သူအားလုံးအား သေဒဏ်ထိ အပြစ်ပေးနိုင်သည်” ဟု ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံ၏ နယ်မြေအများအပြားကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်း မရှိပါ။ယာယီရလဒ်များအရ နိုင်ငံ၏ လူဦးရေ ၅၁ သန်းအနက် လက်နက်ကိုင် အဖွဲ့များထိန်းချူပ်ထားသော နယ်မြေမှ လူ ၁၉ သန်းခန့်ထံမှ အချက်အလက်များ စုဆောင်းနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဤရွေးကောက်ပွဲအစီအစဉ်ကို “လှည့်ဖြားမှု” တစ်ခုအဖြစ် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ပယ်ချသင့်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စစ်ကောင်စီဟာ “တရားဝင် အရပ်သားအစိုးရအဖြစ် ပြသရန် ရွေးကောက်ပွဲလုပ်ဖို့ အတင်း ကြံစည်နေသည်” ဟု ဝေဖန်ခဲ့ကြောင်း သိရသည်။

Spread the love

More From Author

အမေရိကန်က မြန်မာစစ်ကောင်စီမဟာမိတ်များအပေါ် ဒဏ်ခတ်အရေးယူမှုများ တိတ်တဆိတ် ရုပ်သိမ်း

ရိုဟင်ဂျာမွတ်စလင်များကို ရခိုင်တပ်မတော် (AA) ၏ ဖိနှိပ်မှုများ

ဗီဒီယိုသတင်း

အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
21:54
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
Myanmar Muslims News Network
Myanmar Muslims News Network