အမေရိကန်က အီရန်နျူကလီးယားစက်ရုံ ၃ ခုကို ဗုံးကြဲတိုက်ခိုက် ပြီး အစ္စရေး အီရန် စစ်ထဲ ဝင်ရောက်

သမ္မတ ထရမ့်က စနေနေ့မှာ အမေရိကန်ဟာ အီရန်ရဲ့ နျူကလီးယားစက်ရုံ ၃ ခုကို B2 ဗုံးကျဲ တိုက်လေယဥ် များဖြင့် တိုက်ခိုက်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အထူးသဖြင့် တောင်ထဲမှာ တည်ဆောက်ထားတဲ့ Fordow စက်ရုံလည်း ပါဝင်ကြောင်းသိရပါတယ်။

“အီရန်ရဲ့ နျူကလီးယားစက်ရုံ ၃ ခုဖြစ်တဲ့ ဖို့ဒိုး၊ နတန်ဇ်နဲ့ အစ္စဖာဟန်တို့ကို အောင်မြင်စွာ တိုက်ခိုက်ပြီးစီးသွားပါပြီ” လို့ ထရမ့်က Truth Social မှာ ရေးသားထားတာတွေ့ရပါတယ်။

“လေယာဉ်အားလုံးဟာ အီရန် လေပိုင်နက်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ အဓိက ပစ်မှတ်ဖြစ်တဲ့ ဖို့ဒိုးစက်ရုံပေါ်ကို ဗုံးအပြည့်နဲ့ ချပေးလိုက်ပါပြီ။ လေယာဉ်အားလုံး ဘေးကင်းစွာ ပြန်လာနေကြပါပြီ” လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ရဲရင့်တဲ့ အမေရိကန်စစ်သားတွေကို ဂုဏ်ပြုပါတယ်။ ဒီလို လုပ်ဆောင်နိုင်တဲ့ တခြားစစ်တပ် ကမ္ဘပေါ် မှာ မရှိပါဘူး။ အခုအချိန်ဟာ ငြိမ်းချမ်းရေးအတွက် စတင်ဖို့ အချိန်ဖြစ်ပါတယ်!” လို့ သူ့ရဲ့ True Social မှာ ရေးထားတာတွေ့ရပါတယ် ။

Spread the love

More From Author

အစ္စရေး-မြန်မာ ဆက်ဆံရေး သမိုင်းကြောင်း: စစ်အစိုးရများနှင့် လက်နက်ရောင်းဝယ်ရေး

အိန္ဒိယရှိ ရိုဟင်ဂျာ ဒုက္ခသည်များအား ဥပဒေမဲ့ဖမ်းဆီးခြင်းနှင့် အတင်းအဓမ္မ ပြန်ပို့ခံရခြင်း

ဗီဒီယိုသတင်း

Myanmar Muslims News Network
Myanmar Muslims News Network
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?