အီရန်က အစ္စရေးကို ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်-အမေရိကန်က ဒုံးကြည်ကာကွယ်ရေးတွင် ပါဝင်ကူညီ-နိုင်ငံတကာဥပဒေအရ ပြစ်တင်ရှုတ်ချမူများရှိ

သောကြာနေ့ ညနေပိုင်း မှာ အီရန်ဖက်မှ အစ္စရေးနိုင်ငံအား ဒုံးကျည်များနဲ့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန်အရာရှိတစ်ဦးက Anadolu သတင်းဌာနအား “အစ္စရေးကို ဝင်ရောက်လာတဲ့ ဒုံးကျည်တွေကို ပစ်ချတဲ့ နေရာမှာ ကျွန်တော်တို့ ကူညီနေပါတယ်” လို့ ပြောခဲ့ပါတယ်။

Operation True Promise III အမည်ဖြင့် အစ္စရေးရဲ့ နေရာများစွာကို ပစ်မှတ်ထားခဲ့ပြီး Haaretz သတင်းအရ အနည်းဆုံး အစ္စရေး ဖက်မှ လူ ၄၀ ဒဏ်ရာရရှိခဲ့ကာ အခြေအနေဆိုးရွားသူ ၂ ဦး ပါဝင်ကြောင်းသိရပါတယ်။ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က အီရန်ဟာ “ဒုံးကျည် ၁၀၀ အောက်သာ ပစ်လွှတ်ခဲ့ပြီး” အများစုမှာ အစ္စရေးရဲ့ Iron Dome ကာကွယ်ရေးစနစ်နဲ့ ချေမှုန်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အစ္စရေးလေတပ်က အီရန်ရဲ့ နျူကလီးယားနှင့်ဒုံးကျည်စခန်းများကို ပစ်ခတ်ခဲ့ပြီးနောက် အီရန်ရဲ့ ပြင်းထန်သောတုံ့ပြန်မှုဖြစ်ပါတယ်။ အီရန်ဖက်မှ အဆင့်မြင့်စစ်ခေါင်းဆောင်များနှင့်သိပ္ပံပညာရှင်များ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အီရန်ရဲ့ Tasnim သတင်းဌာန အဆိုအရ အစ္စရေးလေယာဉ် ၂ စီးကို ပစ်ချခဲ့ပြီး အမျိုးသမီးလေယာဉ်မှူးတစ်ဦးကို အကျဉ်းချထားသည်ဟု ဆိုသော်လည်း အစ္စရေးဘက်က ဒီအချက်များကို “မဟုတ်မမှန်” ကြောင်း ငြင်းဆိုထားဆဲပါ။

နိုင်ငံတကာဥပဒေအရ ဝေဖန်မှုများ
အစ္စရေးရဲ့ သာမန် ပြည်သူများအား တိုက်ခိုက်မှုတွေကို ဥပဒေအရ ပြင်းထန်စွာဝေဖန်ခံနေရကြောင်း သိရပါတယ်။ အမေရိကန်ဗဟိုထောက်လှမ်းရေး (CIA) ရဲ့ အရာရှိဟောင်း Paul R. Pillar က “war crime ” ဟု သတ်မှတ်ခဲ့ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ” နိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းဖြစ်တယ် ” ဟု ရှုတ်ချခဲ့သည်။

ကုလသမဂ္ဂရဲ့ ဥပဒေပညာရှင် Ben Saul က အစ္စရေးရဲ့ လုပ်ရပ်များသည် UN Charter ကို ချိုးဖောက်သည်ဟု ဆိုကာ “စစ်ရေးကျူးလွန်မှု” အဖြစ် သတ်မှတ်နိုင်ကြောင်း သတိပေးခဲ့သည်။ International Commission of Jurists ကလည်း ဒီတိုက်ခိုက်မှုများသည် “ပြင်းထန်တဲ့ ဥပဒေချိုးဖောက်မှုများ” ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

နိုင်ငံတကာတုံ့ပြန်မှုများ

ပြင်သစ်သမ္မတ Emmanuel Macron က အစ္စရေးအား ကာကွယ်ရေးအရကူညီမည်ဟု ကတိပြုသော်လည်း တိုက်ခိုက်ရေးတွင် ပါဝင်မည်မဟုတ်ဘဲ ပဋိပက္ခမကျယ်ပြန့်စေရန် ထိန်းသိမ်းရန် တောင်းဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကလည်း အစ္စရေးရဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ကို အသိအမှတ်ပြုသော်လည်း တင်းမာမှုလျှော့ချရန်နှင့် သံတမန်နည်းလမ်းများကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

အသက်ဆုံးရှုံးမှုနှင့်နောက်ဆက်တွဲများ

အီရန်မီဒီယာများက အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၀၄ သေဆုံးပြီး ၃၇၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အမေရိကန်သမ္မတ Donald Trump က အီရန်အား တိုက်ခိုက်မှုရပ်တန့်ကာ နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်းဆိုခဲ့သည်။ အီရန်ခေါင်းဆောင် Ayatollah Ali Khamenei ကလည်း အီရန်စစ်သားများသေဆုံးမှုကို “ရာဇဝတ်မှု” ဟုသတ်မှတ်ကာ “ပြင်းထန်စွာအပြစ်ပေးမည်” ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရပါတယ်။

[ဓာတ်ပုံ – ၂၀၂၅၊ ဇွန် ၁၃ ရက်က အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန အနီးရှိ တယ်လ်အဗစ်တွင် အီရန် ဒုံးကျည်တိုက်ခိုက်မှု အပြီး မြင်တွေ့ရပုံ။ ဓာတ်ပုံ – ဆာအီးဒ် ကာက်/AA]

Spread the love

More From Author

အစ္စရေးမှ အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများနှင့် အခြားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ စတင်

အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုပြင်းထန် (၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်)