မွတ်စလင်အယောင်ဆောင်ပြီး ထိုင်းတောင်ပိုင်းကို ခိုးဝင်တဲ့ မြန်မာတွေ ဖမ်းခံရ

ဉာဏ်အလင်း

(မေ ၁၆)

မြန်မာနိုင်ငံသားတစ်ချို့ဟာ မွတ်စလင်အယောင်ဆောင်ပြီး ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်ကို ခိုးဝင်နေတုန်း ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့က (မေ ၁၅ရက်) ဖြစ်ပွားခဲ့တာပါ။ ကော့သောင်းကနေ ရနောင်းထဲဝင်ပြီး အဲဒီကတစ်ဆင့် ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီကို အသွား စစ်ဆေးရေးဂိတ်မှာ ဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ကားအရှေ့ခန်းက နှစ်ယောက်နဲ့ အနောက်ခန်းက ၅ ယောက်ကို ဖမ်းဆီးရမိပြီး၊ အမျိုးသားတွေက မွတ်စလင်ဘာသာရေးဆရာပုံစံတွေ ဝတ်ဆင်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စစ်ဆေးခဲ့တဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေထဲမှာ မွတ်စလင်တစ်ဦးပါတယ်လို့ ယူဆရပြီး အဲဒီတပ်ဖွဲ့ဝင်က အစ္စလာမ်ဘာသာတွေရဲ့ အလ္လာဟ်အရှင်မြတ်နဲ့ နောက်ဆုံးတမန်တော် မုဟမ္မဒ် (Peace be Upon) ကို သက်သေခံတဲ့ ကလေမာဟ် စာပိုဒ်ကို ရွတ်ဆိုင်ခိုင်းစဉ် ဖမ်းခံခဲ့ရသူတွေက ဆွံ့အနေတာကိုလည်း ရုပ်သံမှတ်တမ်းထဲမှာတွေ့ရပါတယ်။

ဖမ်းခံခဲ့ရတဲ့ကားရဲ့ ဒရိုင်ဘာဖြစ်သူ ပရီချာမေရဲ့အဆိုအရ သူတို့ဟာ ခရီးသွားရလွယ်ကူအောင် မွတ်စလင်လို ဝတ်ဆင်ထားတာဖြစ်ကြောင်း၊ ခိုးဝင်ဖို့အတွက် တစ်ဦးကို လမ်းစရိတ်ကျသင့်ငွေ ဘတ်ငွေ ၄၅၀၀ ကျသင့်ခဲ့ကြောင်း၊ ဖမ်းခံခဲ့ရသူအားလုံးဟာ မြန်မာနိုင်ငံသားများဖြစ်ကြပေမယ့် မွတ်စလင်တွေတော့မဟုတ်ကြောင်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် ဒီအမှုကို ရနောင်းရဲစခန်းက ဆက်လက်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ထိုင်းဘာသာနဲ့ဖော်ပြထားတဲ့ မူရင်းသတင်း Link

ဉာဏ်အလင်း ဘာသာပြန်သည်။

Spread the love

More From Author

မင်းတုန်းမင်းတရားကြီးက မက္ကာဟ်မြို့​တော်တွင် လှူဒါန်းခဲ့​သော ဧည့်ရိပ်သာကြီး

ဗမာအစိုးရ ကိုယ်တိုင် ရဲ့ လူမျိုးရေး ဘာသာရေး နိပ်ကွပ်မူ့များ (ဆောင်းပါးရှင်- ကျော်ဇေယျာဝင်း)

ဗီဒီယိုသတင်း

Myanmar Muslims News Network
Myanmar Muslims News Network
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?