လေးစားအပ်ပါသော မြန်မာမွတ်စလင်မောင်နှမများခင်ဗျာ၊
ကျွန်တော်တို့ မြန်မာမွတ်စလင်သတင်းကွန်ရက် (Myanmar Muslims News Network) ကို ပီးခဲ့တဲ့ လ ကပဲ စခဲ့ပါတယ် ။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရှိ အစ္စလမ်ဘာသာဝင် အားလုံးအတွက် လွတ်လပ်စွာ ထုတ်ဖော်ရေးသားနှိင်မဲ့ အားကောင်းတဲ့ သတင်းမီဒီယာတစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ် ။ ဒီပလက်ဖောင်းမှာ ရိုဟင်ဂျာ၊ ကမန်၊ ပန်းသေး၊ ပသျှူး၊ ပသီ၊ ရှမ်းမွတ်စလင်၊ ဗမာ မွတ်စလင်၊ ကရင်မွတ်စလင် အပါအဝင် တစ်နိုင်ငံလုံးရှိ မွတ်စလင်အသိုင်းအဝိုင်းများအားလုံး ချိတ်ဆက်ပြီး ပိုမိုချစ်ခင်မူ့ ရဖို့နဲ့ ပိုမိုစည်းလုံးပြီး ကျွန်တော်တို့ ရဲ့ ရပိုင်ခွင့် ၊ သမိုင်းအမှန် နဲ့ ဆန္ဒ အမှန်တွေကို လွတ်လပ်စွာ ထုတ်ဖော် နိင်ဖို့ ရည်ရွယ်ထားပါတယ်။
ကျွန်တော်တို့ လက်ရှိ အစပိုင်း ရည်မှန်းချက်ကတော့ မြန်မာ အစ္စလမ် ဆိုင်ရာ အရေးကြီး သတင်း များ ၊ သမိုင်း အထောက်အထားများ ၊ အတွေး အမြင်များ၊ ဘာသာရေးဆိုင်ရာ အကြောင်းအရာများ နှင့် မြန်မာမွတ်စလင်တို့ အတွက် အရေးပါတဲ့ အနာဂတ် အခွင့်အလမ်းတွေ ကို ရှာဖွေ စုစည်း မျှဝေဖို့ ဆန္ဒ ရှိကြပါတယ်။
သို့ သော် ကျွန်တော်တို့ အနေနဲ့ လူအင်အား ဥာဏ် အင်အား စသဖြင့် အတွေ့အကြုံ လိုအပ်မူ့တွေ ကြောင့် Community တစ်ခုအနေဖြင့် လည်းကောင်း၊ လွတ်လပ်တဲ့ အသံတစ်ခုအနေဖြင့် သော်လည်းကောင်း ရပ်တည်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ယခုလို သိက္ခရှိ တဲ့ မြန်မာမွတ်စလ် မီဒီယာ တစ်ခုအဖြစ် အထမြောက်ဖို့ အရှိန်ယူနေဆဲ အရေးကြီးတဲ့ ကာလ မှာ ကျွန်တော်တို့နဲ့အတူ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ကြမဲ့ စေတနာ့ဝန်ထမ်း သတင်းထောက်တွေ၊ စာအရေးသားကောင်းသူတွေ ၊ အိုင်ဒီယာလစ် တွေ စသဖြင့် အထူးလိုအပ်နေပါတယ်။ ကျွန်တော်တို့ Myanmar Muslims News Network က volunteer သတင်းထောက်များ၊ အစ္စလမ် ဆိုင်ရာ ဆောင်းပါးများ ရေးသား နိင်သူ လက်သစ် လက်ဟောင်း စာရေးဆရာများ၊ ကျောင်းသားလူငယ်များ၊ အဖွဲ့ အစည်းများ မည်သူမဆို ပါဝင်ရေးသားကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
လိုအပ်ပါက မိမိကိုယ်ပိုင်ကလောင်အမည် (Pen Name) ဖြင့် လဲ ရေးသားနိုင်ပါတယ်။ညီနောင်တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များနဲ့ လုံခြုံရေးကို အထူးအလေးထား ကာကွယ်ပေးမည် ဖြစ်ကြောင်း အာမခံပါသည်။ကျွန်တော်တို့ ဂိုဏ်းဂဏ အယူအဆ အကွဲအလွဲတွေ နဲ့ လူမျိုးစု နာမည်တွေ ရှေ့တန်းတင်မှာ မဟုတ်ပဲ အီမာန်ရှင် ညီနောင်တစ်ယောက်စီတိုင်းရဲ့ အယူအဆ အတွေးအမြင် တွေကို အပြန်အလှန် လေးစား ဖလှယ် ပြီး ပိုအားကောင်းတဲ့ community တခုဖြစ်ဖို့ သာ အဓိက ထားပါတယ်။
မိတ်ဆွေတို့ရဲ့ ပါဝင်အားဖြည့်မူ့ ဟာ ကျွန်တော်တို့ ရဲ့ အနာဂတ်မျိုးဆက်သစ်တွေ အတွက် အသိပညာဗဟုသုတ များ ပိုမိုရရှိစေပြီး ၊ အစ္စလမ်အသိုင်းအဝိုင်း တစ်ခုနဲတစ်ခုကြား ခိုင်ခိုင်မာမာ ချိတ်ဆက်နိုင်ဖို့ ၊ ကျွန်တော်တို့ ရဲ့ သမိုင်းကို အနာဂတ်မျိုးဆက်သစ်တွေအတွက် ဆက်လက် ထိန်းသိမ်းဖို့ အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ် ။
မြန်မာမွတ်စလင်သတင်းကွန်ရက် (MMNN) ဟာ သတင်းမီဒီယာ တစ်ခုဆိုတာထက် ပိုပြီး ခောတ်အဆက်ဆက် က မြန်မာမွတ်စလင်တွေရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေ ၊ စိန်ခေါ်မှုတွေနဲ့ အိပ်မက်တွေကို မပျောက်ကွယ်သွားရအောင် မှတ်တမ်းတင် မဲ့ ခြေလှမ်း တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော် တို့ အတူတကွလက်တွဲပြီး ပိုမိုအားကောင်း တဲ့ အသိုင်းအ၀ိုင်းတစ်ခု ၊ သိက္ခာ အရှိန်အ၀ါ ရှိတဲ့ အသိုင်းအဝိုင်းတစ်ခု ထူထောင်ကြဖို့ အချိန်တန်ပါပြီ။အားလုံး ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။
ဆောင်းပါးများ၊ သတင်းအချက်အလက်များ ပေးပို့ ဖို့ နဲ့ ၊ စေတနာ့ဝန်ထမ်းလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်လိုသူများ အနေဖြင့် အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။
အီးမေးလ် – [email protected]
ဝက်ဘ်ဆိုဒ် – https://myanmarmuslim.news
ကျွန်တော်တို့ ရဲ့ အနာဂတ်ကို ကျွန်တော်တို့ လက်တွေ နဲ့ ကိုယ်တိုင် အတူတကွ ထုဆစ်ကြပါစို့။
ကျေးဇူးတင်စွာဖြင့်၊
အောင်ဆန်းဦး
မြန်မာမွတ်စလင်သတင်းကွန်ရက် (MMNN)
အီးမေးလ် – [email protected] | https://myanmarmuslim.news