အိန္ဒိယနဲ့ ပါကစ္စတန် အပစ်ရပ်စဲရေး သဘောတူညီ ကြောင်း အမေရိကန်သမ္မတ ဒရမ့် ကြေငြာ

အမေရိကန်ရဲ့ ကြားဝင်ဆွေးနွေးပေးမူ့နဲ့ အိန္ဒိယ ပါကစ္စတန် နှစ်နှိင်ငံကြား စစ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့မှာ Truth Social လူမှုကွန်ရက်ပေါ်ကနေ ကြေညာခဲ့ပါတယ်။။

“အမေရိကန်က ကြားဝင်ဆွေးနွေးပေးပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြည့်အဝ ချက်ချင်းစစ်ရပ်စဲရေးကို သဘောတူညီခဲ့တယ် ။ ဥာဏ်သုံးပြီး အခြေခံကျကျ ဆုံးဖြတ်ချက်ချနိင်တဲ့ အတွက် နှစ်နိုင်ငံလုံးကို ချီးကျူးပါတယ်” ဟု ထရမ့်က ရေးသားခဲ့ပါတယ်။။

ဒါပေမဲ့ ကြေညာချက်ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရဲ့ အဓိကမြို့ကြီးတွေမှာ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။။ Srinagar နဲ့ Jammu မြို့များမှာ ပေါက်ကွဲသံများကြားရပြီး ညအချိန် ဒုံးကျည်များနဲ့ အလင်းတန်းများ မြင်တွေ့ရကြောင်း ဒေသခံများ၊ အစိုးရအရာရှိများနဲ့ Reuters ရဲ့ မျက်မြင်သက်သေများက ပြောကြားခဲ့ပါတယ်

ပါကစ္စတန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဒီစစ်ရပ်စဲရေး သဘေားတူညီချက်ဟာ “ချက်ချင်း အကျိုး သက်ရောက်ပါမယ်” ဟု အတည်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယစံတော်ချိန် ညနေ ၅ နာရီ (GMT 1130) တွင် စတင်မည်ဟု ဆိုသည်။

ဒါပေမဲ့ #IndiaFightsPropaganda ဟာရှ်တက်ခ်နဲ့ အိန္ဒိယအစိုးရရဲ့ လူမှုကွန်ရက်ပို့စ်တွေမှာတော့ ဒီစစ်ရပ်စဲမှုဟာ “နှစ်နိုင်ငံတိုက်ရိုက်ညှိနှိုင်းခဲ့ခြင်း” ဖြစ်ကြောင်း ဖော်ပြထားပြီး အမေရိကန်ရဲ့ ပါဝင်မှုကို ဖော်ပြခြင်းမရှိခဲ့ပေ။

Spread the love

More From Author

ဂဠုန်ဦးစောကို တရားစီရင်ခဲ့သည့် အထူးခုံရုံး အဖွဲ့ဝင် သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃)

မြန်မာမွတ်စလင်သတင်းကွန်ရက် (MMNN) မှ volunteer သတင်း ထောက်များနှင့် ၊ အစ္စလမ် အာဘော် ဆောင်းပါး ရှင်များ အားဖိတ်ခေါ်ခြင်း

ဗီဒီယိုသတင်း

အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အမေရိကန် ပါလာရင် အီရန်ဖက်က ဘယ်နှိင်ငံတွေ ကူညီမလဲ ? ( MMNN သုံးသပ်ချက် )
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
21:54
အစ္စလာမ်ဘာသာဝင် ဖြစ်တာ ကြောင့် တိုင်းရင်းသားလို့မသတ်မှတ်တာလား ?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
Myanmar Muslims News Network
Myanmar Muslims News Network