အိန္ဒိယက ပါကစ္စတန်အတွင်းပိုင်းကို ဒုံးကျည်တိုက်ခိုက် | ပါကစ္စတန်ဖက်က အိန္ဒိယ တိုက်လေယာဉ် ၅စီးကို ပစ်ချဟုဆို

အိန္ဒိယနိုင်ငံဖက်မှ ပါကစ္စတန်နိုင်ငံဖက်ကို ဒီ ဗုဒ္ဓဟူးနေ့ မနက်ခင်း က ဒုံးကျည်ဖြင့် စတင်တိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်ဘက်မှလည်း အိန္ဒိယလေတပ်ရဲ့ တိုက်လေယာဉ် ၅စီးကို ပစ်ချနှိင်ခဲ့တယ် လို့ သိရပါတ၊ယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ ဒီနှစ်နိုင်ငံအကြား ခုလိုစစ်ရေးအရ တိုက်ခိုက်မှုဖြစ်ပွားခြင်းဟာ ဒေသတွင်းတည်ငြိမ်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါတယ်။

အိန္ဒိယက မနက်ခင်းစောစောအချိန်မှာ ပါကစ္စတန်ရဲ့ ပန်ဂျာပြည်နယ်နဲ့ ပါကစ္စတန်ထိန်းချုပ် ကက်ရှ်မီးယားဒေသ ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပါကစ္စတန်ဘက်မှ လည်း အိန္ဒိယရဲ့ တိုက်ခိုက်မှုကို ပြန်လည်ခုခံသည့် အနေဖြင့် Rafale လေယာဉ် ၃စီး၊ MiG-29 တစ်စီး ၊SU-30 တစ်စီး အပါအဝင် စစ်လေယာဉ် ၅စီးနဲ့ ဒရုန်းတစ်စီးကို ပစ်ချနှိင်ခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့် ပါကစ္စတန်ဖက်က အရပ်သား ၃ဦး (ကလေးတစ်ဦးအပါအဝင်) သေဆုံးပြီး ၁၂ဦးကျော် ဒဏ်ရာရကြောင်း ပြောပါတယ်။

ဒီတိုက်ခိုက်မူ့ အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပတ်က ကက်ရှ်မီးယားမှာ ခရီးသွား ၂၆ဦး အကြမ်းဖက်သတ်ဖြတ်ခံရမှုကို အိန္ဒိယက ပါကစ္စတန်အပေါ် အပြစ်တင် စွတ်စွဲခဲ့ပြီး တင်းမာမူ့က စခဲ့တာပါ။

အိန္ဒိယဖက် ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရက ပြည်တွင်းဖိအားတွေကြောင့် ပြန်လည်တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အရေးပေါ်အစည်းအဝေးခေါ်ယူကာ နှစ်နိုင်ငံအကြား ပဋိပက္ခ မကျယ်ပြန့်စေရန် ဖြန်ဖြေရေးအတွက် ကြိုးပမ်းနေတယ်လို့ လည်းသိရပါတယ်။

Spread the love

More From Author

စစ်ကောင်စီက အပစ်ရပ်ဟု ပြောသော်လည်း ကော်သူးလေတွင် တိုက်ခိုက်မှုများ တိုးလုပ်နေ

ဂဠုန်ဦးစောကို တရားစီရင်ခဲ့သည့် အထူးခုံရုံး အဖွဲ့ဝင် သီရိပျံချီ ဦးစီဘူး (၁၈၉၈-၁၉၅၃)

ဗီဒီယိုသတင်း

Myanmar Muslims News Network
Myanmar Muslims News Network
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?