တရုတ် က အသစ် တီထွင်လိုက်တဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသတ်ဖောက်ခွဲ

တရုတ်နိုင်ငံ China State Shipbuilding Corporation (CSSC) လက်အောက် 705 Research Institute မှ သုတေသနပြုတီထွင်ထားသော ဟိုက်ဒရိုဂျင်ဗုံးအသစ်ကို စမ်းသပ်ပေါက်ခွဲခဲ့ပါတယ်၊ ဒီဗုံးဟာ အဏုမြူဓာတ်ပြုမှုမပါဘဲ အလွန်မြင့်မားသောအပူချိန် (၁၀၀၀°C ကျော်) ရှိတဲံ့ မီးလုံးကြီး ဖြစ်ပေါ်လာကြောင်း သိရသည်။

South China Morning Post ရဲ့ ဖော်ပြချက်အရ၊ ဒီစမ်းသပ်မှုမှာ မဂ္ဂနီစီယမ် ဟိုက်ဒရိုက် (magnesium hydride) ဟုခေါ်သော အခဲဒြပ်စင်ကို အသုံးပြုကာ ဟိုက်ဒရိုဂျင်ကို သိပ်သည်းစွာသိုလှောင်ထားနိုင်ပြီး သာမန်လေဖိအားဖြင့်သိုလှောင်သည့်နည်းစနစ်ထက် ပိုထိရောက်တယ်လို့ ဆိုပါတယ်။

စမ်းသပ်မှုတွင် ၂ ကီလိုဂရမ် အလေးချိန်ရှိသော ဗုံးငယ်ကို ပေါက်ကွဲစေခဲ့ရာ အဖြူရောင် အလွန်ပူပြင်းသည့် မီးလုံးကြီး ဖြစ်ပေါ်လာပြီး ၂ စက္ကန့်ကျော် (TNT ဗုံးတူအရွယ်ထက် ၁၅ ဆပိုကြာ) ၁၀၀၀°C အထက် အပူချိန်ရှိသည့် မီးလှိုင်းကို ဖြစ်ပေါ်စေခဲ့သည်။

ဒီတီထွင်မှုဟာ စစ်ရေးနှင့် စွမ်းအင်နည်းပညာ ကဏ္ဍတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ အနာဂတ်တွင် စွမ်းအင်သိုလှောင်မှု၊ ပေါက်ကွဲမှုနည်းပညာနှင့် စစ်လက်နက်များ တိုးတက်ရာတွင် အထောက်အကူပြုမည်ဟု မျှော်လင့်ရပါတယ်။

Spread the love

More From Author

မြန်မာမွတ်စ်လင်မ်အကူအညီပေးရေး အဖွဲ့ (MMAID) မှ ငလျင်ဒုက္ခသည်များအား အရေးပေါ်ကူညီမှုများ ဆောင်ရွက်

ရုရှားကုမ္ပဏီ Rosatom က ပြည်သူများ ငလျင်ဒဏ် သင့်နေသော်လည်း အဏုမြူစက်ရုံ တည်ဆောက်ရေး ဆက်လုပ်သွားမယ်ဟု ဆို

ဗီဒီယိုသတင်း

Myanmar Muslims News Network
Myanmar Muslims News Network
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
11:21
ဒေါ် နယ် ထရမ့် နဲ့ အီလွန်မာဒ် အပြန်အလှန် တိုက်ခိုက်
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာစစ်လေယာဉ်များ ကိုယ့်စခန်းကို မှားယွင်းဗုံးကျဲ ၊ စစ်သား ၃၀ သေဆုံး
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
21:46
မြန်မာမူစလင်များအပေါ် နှိပ်စက်ခွဲခြားမှု သမိုင်း
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?
ရိုဟင်ဂျာတွေက တိုင်းရင်းသားဖြစ်ခွင့်ရှိသလား...?